[ Unicode ]
သွားချင်တဲ့ဆီကို သွားပါကိုကိို
ဆွဲမထားဘဲ လွှတ်ပေးမှာမလို့
တစ်ခုတော့ကတိပေးပါ ။
ဘယ်ကိုပဲ ထွက်သွားထွက်သွား
အချိန်တန်ရင် ခရီးဆုံးမှာ
မောင့်ရင်ခွင်ကို အရောက်ပြန်လာပေးဖို့ ။
___________________
" ဂျောက်... "
မီးခလုတ်ဖွင့်သံနဲ့အတူ မှောင်နေတဲ့အခန်းကို ဝင်လာသည့် လျှပ်စစ်မီးရောင်စူးစူးကြောင့် ဆိုဖာဘေးမှာ ဒူးတုပ်ထိုင်နေတဲ့ လက်ယာ မြင်လွှာတို့ပြာသွားရသည် ။ မျက်လုံးကြွက်သားတို့ကို ကျင့်သားရအောင် ခနလောက်အလုပ်ပေးပြီးမှ မီးဖွင့်လိုက်တဲ့လက်သည်ကို လှမ်းကြည့်လိုက်တော့..
" ဟင်.. ကိုကို! "
အာမေဋိတ်သံထွက်လာပေမဲ့ ရီဝေဝေမျက်လုံးတွေနဲ့ ငေးကြည့်နေရုံမှအပ လက်နှစ်ဖက်ကို ဒူးပေါ်ယှက်ထားမြဲ ။
ပြီးတော့ မျက်လုံးကို မှိတ်ချပစ်လိုက်သည် ။
တစ်စက္ကန့် ... နှစ်စက္ကန့်
မြင်လွှာကိုပြန်ဖွင့်လိုက်သည်။
မြင်နေရတဲ့ပုံရိပ်က ပျောက်မသွားသည့်အပြင် ပိုပြီးထင်ရှားလာသည်။
" ကိုကို... "
ဒီတစ်ခါတော့ မတ်တပ်ရပ်ကာ အနားကို ခြေတစ်လှမ်းချင်းတိုးသွားလိုက်သည်။ ပြီးတော့ ပုခုံးစွန်းနှစ်ဖက်ကိုလက်နဲ့ထိလိုက်၏။
" တကယ်ပဲ ကိုကိုအစစ်လား "
မယုံကြည်နိုင်ခြင်း များစွာနဲ့ မေးခွန်းတွေက ထိုကဲ့သို့ ။ မျက်စိရှေ့က ပုံရိပ်စစ်လေးကို မရှိတော့တဲ့ရက်တွေမှာ မြင်တွေ့နေခဲ့ရတဲ့ ပုံရိပ်ယောင်တွေအဖြစ် ထင်မှတ်မှားနေဆဲပါပဲ ။
အတန်ကြာမှ ဖြူလွလွကိုယ်ငယ်လေးက စကားဆိုလာသည်။
" အင်း ငါပဲ လက်ယာမောင်.. "
တစ်ခါမှမကြားဖူးတဲ့လေသံ၊ တောင့်တင်းနေတဲ့ ကိုယ်ဟန်နဲ့ နှုတ်ခမ်းနှစ်လွှာကြားက ပွင့်အံလာတဲ့စကားတွေက ပတ်သက်မှုမရှိခဲ့ဖူးတဲ့သူတွေလို သူစိမ်းဆန်ဆန် အေးတိအေးစက် ။
ဝဲဘက်ရင်အုံမှာ ကပြောင်းကသောင်း တအုံနွေးနွေးဖြစ်သွားလေရဲ့။ ပြန်ဆုံဖြစ်ခဲ့ကြရင်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပြောစရာစကားတွေအများကြီးစဉ်းစားထားပေမဲ့ တကယ်တမ်းကျတော့ အာစေးထည့်ခံထားရသလို တစ်လုံးမှ ထွက်မလာခဲ့ပေ ။
အသိစိတ်မဲ့စွာ သူရပ်နေမိဆဲ ။ ဒီလူသားဟာ သူ့ရှေ့မှောက်မှာ တကယ်ပဲ ရှိနေသလားဆိုတာ ဆန်းစစ်နေခြင်းသည် ဉီးနှောက်အတွင်း စည်းချက်ကျကျလုပ်ဆောင်နေသည်။
သွေးတွေပြောင်းပြန်စီးသွားသလို အချိန်အကြာကြီးရပ်နေပြီးမှ ပထမဆုံးလုပ်လိုက်တဲ့ အပြုအမူက ဒူးနှစ်ဖက်ကို ကြမ်းပြင်မှာ ထောက်ချပစ်လိုက်ခြင်း ။
" မောင်..တောင်းပန်ပါတယ်.. "
ရိပ်ရောင် မြင်နေရတဲ့အနေအထားကို ခနတာမျှ မှင်သက်သွားရသည် ။ ဟိုအရင်ကာလတွေက ရိပ်ရောင်ကို သက်ရှိလူလို့တောင် သဘောမထားခဲ့တဲ့သူက အခု သူ့ရှေ့မှာ ဒူးထောက်ပြီး တောင်းပန်နေတာလား။
နှုတ်ခမ်းနှစ်လွှာကို ခပ်မဲ့မဲ့တွန့်ချိုးပစ်လိုက်သည်။
" မင်းဆီက တောင်းပန်တယ်ဆိုတဲ့စကားကို ကြားရဖို့ ငါပြန်လာတာမဟုတ်ဘူး "
စကားလုံးတွေတိုင်းက နားထဲကို သံရည်ပူတွေလို ဝင်လာရပါသည် ။ ဒူးထောက်နေရာကနေ မော့ကြည့်လိုက်တော့ မမြင်ဖူးတဲ့ အငွေ့အသက်တွေနဲ့ ထိုလူသားဟာ သူ့ကို ရွံရှာစက်ဆုပ်စွာကြည့်ဆဲ ။
" မောင်ကတော့ ကိုကို မကျေနပ်မချင်း တောင်းပန်ဖို့အသင့်ပဲ "
နှစ်ယောက်ကြားမှာ ပြောစရာစကား မဲ့သွားပြန်သည် ။ အခြေအနေတွေဟာ အရင်လို.. မဟုတ်ဘူး..အရင်ကထက်တောင် ပိုဆိုးနေသလိုပင်။
အခု သူတို့နှစ်ယောက်အနေအထားသည် တစ်ယောက်က မတ်တပ်ရပ်လျက်၊ ကျန်တစ်ယောက်က ဒူးထောက်ကာ မော့ကြည့်လျက် ။
ရိပ်ရောင်..လက်ယာရဲ့ မျက်လုံးတွေကို စေ့စေ့ကြည့်လိုက်သည် ။ သူလိုချင်တဲ့ အဖြေတစ်ခုကို မျက်လုံးထဲမှာ ရှာနေခြင်း ။
" မင်းကို တကယ်ပဲ ခွင့်လွှတ်စေချင်လား "
မျက်လုံးအရောင်တို့လက်ခနဲဖြစ်သွားကာ ခေါင်းတဆတ်ဆတ်ငြိမ့်လာသူ။ ရှည်လျားရှုပ်ပွနေတဲ့ ဆံပင်တွေနဲ့ အနံ့အသက်တို့စူးဝါးလှသည့် အခန်း။ အသက်ဝိဉာဉ်ကင်းမဲ့နေသူလို ရီဝေဝေအပြုအမူတွေ။
ဒီကောင်လေးက ရိပ်ရောင်ကြောင့် သူနဲ့မလိုက်ဖက်တဲ့ပုံစံကို ပြောင်းသွားရတာလား။ ဆက်ဆံရေးတွေ နဂိုလိုပြန်ဖြစ်နိုင်မှာလား။ ဟင့်အင်း..မယုံရဲဘူး ။ ငါ မင်းကိုမယုံချင်ဘူး။ မင်းကိုယ်တိုင် မကြုံမချင်း ငါခံခဲ့ရတဲ့ ခံစားချက်တွေကို မင်းဘယ်တော့မှ နားလည်မှာမဟုတ်ဘူး မောင်။
အငြှိုးကြီးလှတဲ့ စိတ်နဲ့ လျော်ညီစွာ နှုတ်ကဆိုမိတဲ့စကားက...
" အရင်လိုပဲနေပါ၊ အရင်အတိုင်းပဲ ငါ့ကိုဆက်မုန်းနေလိုက် ၊ ဘေးနားမှာထားပြီး ငါခံခဲ့ရသလို မင်းခံစားရအောင် လုပ်ပေးမှာမလို့ "
" ကိုကို.."
" ငါ မနက်ဖြန်ကစပြီး ဒီကိုပြန်လာမယ် ၊ အားလုံးပုံမှန်ဖြစ်နေဖို့ မျှော်လင့်ပါတယ် "
ဒုတိယအကြိမ် စူးစူးစိုက်စိုက်ကြည့်ကာ စကားဆို၍ လှည့်ထွက်သွားသော ကျောပြင်ငယ်လေး။
ရင်တစ်ခုလုံး ဗလောင်ဆူနေကာ ဘာစကားမှပြောမထွက်နိုင်တော့သည်မှာ အတိုင်းထက်အလွန်ပျော်ရွှင်ခြင်းကြောင့်လား။
အလွမ်းရဲ့နောက်ကွယ်မှာ အချစ်ရှိသည်။ သက်ဆိုင်သူကြောင့် ရခဲ့တဲ့ အလွမ်းဝေဒနာသည် ကိုက်သောဆေးနဲ့တွေ့က အမြစ်ပြတ်၏။
သူ့လုပ်ရပ်တွေအတွက်
တစ်ဖန်ပြန်ပြီး ဝဋ်လည်ရမည်ဆိုရင်တောင်မှ
ထိုဝဋ်ကြွေးကို ပေးသူသည်
ကိုကိုဖြစ်နေသရွေ့
ကျေကျေနပ်နပ် လည်စင်းပြီး
သူခံယူဖို့ အသင့်ပင် ။
______________________
" ကုမ္ပဏီကို ကျွန်တော် ပြန်လုပ်ချင်တယ် ဖေဖေ "
ဆိုင်းမဆင့်ဗုံမဆင့် အိမ်ရောက်လာပြီး ဆိုလိုက်တဲ့ လက်ယာရဲ့စကားကြောင့် ဉီးစိုးမောင် အလွန်ဝမ်းသာသွားရသည်။ တစ်နှစ်လုံးနေမှ သားဆီက "ဖေဖေ"ခေါ်သံကို ကြားရပြီး တစ်ဆက်တည်း တာဝန်ယူမည့်အကြောင်းကိုပါ ကြားနေရ၏။
" နဂိုကတည်းက ကုမ္ပဏီက သားအပိုင်ပါပဲ၊ ဖေဖေလည်း အသက်ကြီးပြီ၊ သားနဲ့ပဲ အကုန်စိတ်ချလက်ချလွှဲလိုက်တော့မယ် "
" ကျွန်တော့်ကို စိတ်ချပါ ဖေဖေ၊ ဖေဖေစိတ်ပျက်အောင် ကျွန်တော်မလုပ်ပါဘူးလို့ ကတိပေးပါတယ်"
ဒေါ်မေသက်မှာတော့ လူကောင်းအတိပြန်ဖြစ်နေတဲ့သားကိုကြည့်ကာ ကြည်နူးမှုနဲ့ မျက်ရည်များပင်ဝဲနေသည်။ ဒါတွေအားလုံးက ရိပ်ရောင်ကြောင့်ဖြစ်မယ်ဆိုတာ သူမလည်း ခန့်မှန်းမိပါ၏။ တစ်နှစ်နီးပါး စိတ်မနှံ့သူလိုဖြစ်ခဲ့ရတဲ့ သူမသားလေးက အခုတော့ လူကောင်းအသွင်ဖြစ်နေပြီ ။
" သား အိမ်ကို ပြန်လာခဲ့ပါ့လား "
" ဟင့်အင်း မေမေ၊ ကျွန်တော်တိုက်ခန်းမှာပဲနေမယ်၊ ကိုကိုရှိနေသရွေ့ ကျွန်တော် အဲ့က တစ်ဝါးမှခွာမှာမဟုတ်ဘူး "
" လက်ယာ...ရိပ်ရောင်လေးကို စိတ်ပျက်အောင်ထပ်မလုပ်တော့ပါဘူးလို့ သား ကတိပေးနိုင်မလား "
" ကျွန်တော့်အသက်ထက်ပိုပြီး သူ့ကိုချစ်မိနေတာမလို့ အဲ့ဒီကတိကို တစ်ဘဝလုံးနဲ့ပုံအောပြီး ပေးပါတယ် မေမေ "
ဒေါ်မေသက်တင်မက ဉီးစိုးမောင်ပင် ကျေနပ်စွာပြုံးလိုက်ကြသည်။ ဒီကလေးနှစ်ယောက် သံယောဇဉ်ဘယ်လောက်ကြီးလဲ သူတို့အသိဆုံးပင်။ အတ္တလေးတွေသာ ခြားမနေခဲ့ကြတော့ရင်...
ဒီကတိကို ကျွန်တော် အသက်တည်သရွေ့ စောင့်ထိန်းသွားမယ် ကိုကို ။ အပြောထက် အလုပ်နဲ့ သက်သေပြပေးမှာမလို့ ကျွန်တော့်အချစ်တွေကို နောက်ဆုံးအနေနဲ့ ယုံကြည်ပေးပြီး ခံစားကြည့်ပေးပါ ။
_____________________
အဖေ့အိမ်ကပြန်လာပြီးကတည်းက လက်ယာ ဗျာတွေများနေသည်။ ဆံပင်ညှပ်ဆိုင်ဝင်ရသည်။ တစ်နှစ်လုံးဖွထားတဲ့ အရှုပ်အယှက်တွေကိုရှင်းရသည်။ မှိုတက်နေတဲ့ ပေါင်မုန့်ထုပ်တွေကို လွှင့်ပစ်ရ၏။
ပြီးတော့ ပြတင်းပေါက်တွေဖွင့်ကာ စိုထိုင်းထိုင်းအနံ့အသက်တွေကို နေရောင်အကူအညီနဲ့ မောင်းထုတ်ရသည်။
မနက်ဖြန် ကိုကိုပြန်လာရင် အရာအားလုံးကို စိတ်တိုင်းကျဖြစ်နေစေချင်တာမလို့ အရင်က သူ့အကြိုက် ကိုကိုတပ်ထားခဲ့တဲ့ ခန်းဆီးအနီရောင်တွေကို ဖြုတ်ကာ အပြာနုရောင်နဲ့ လဲလိုက်သည်။
ဒါတင်မကျေနပ်သေး။လက်ထပ်ပြီးကတည်းက သုံးလာသည့် အကောင်းအတိုင်း ရှိနေတဲ့ မွေ့ယာကိုပါ မာသည်ဟုထင်ကာ centreသွား၍ အသစ်ဝယ်ပြီးလဲသည်။
ဟင်းချက်ရတာသဘောကျတဲ့ ကိုကို့အတွက် မဝယ်တတ်ဝယ်တတ်နဲ့ ပန်းကန်တွေအိုးတွေပါ ဝယ်ချလာသေး၏။
အခုပဲ ကိုကို့ကို ပြေးတွေ့လိုက်ချင်ပေမဲ့ မနက်ဖြန်လာခဲ့မယ်လို့ ကိုကိုကိုယ်တိုင်ပြောသွားသည်ပဲ။ လက်ယာ..မနေနိုင်မထိုင်နိုင် သွားတွေ့ရင် ကိုကို ကြိုက်ပါ့မလား။ စိတ်ကွက်ကာပဲ ဆူလေမလား။
ကိုကို လက်ယာကို ပြောသွားတဲ့စကားတွေနဲ့ အမူအယာသည် အညှိုးကြီးသူတစ်ယောက်လိုဖြစ်နေတာကို လက်ယာ သတိထားမိပါသည်။ အင်းလေ....လက်ယာလည်း ပြောင်းလဲခဲ့သလို ကိုကိုလည်း ပြောင်းလဲပေမပေါ့ ။
တစ်နှစ်လုံးစောင့်လာခဲ့သူမို့ တစ်ရက်လောက်တော့သူသည်းခံပါဉီးမည်။
အချစ်ဆိုတာ ဘာမှန်းမသိခဲ့ပါဘူး။
သေချာပြန်ပြီးဆန်းစစ်ကြည့်လိုက်တော့ နှလုံးသားက ရွေးချယ်ပြီးသားလူဟာ သူ့အချစ်ဖြစ်နေခဲ့လေရဲ့ ။
________________
တီးတောင်........
တံခါးဝကအသံကြောင့် အိပ်နေရာကနေ ချက်ချင်းပင်ခေါင်းထောင်သွားရသည်။ မနေ့ညက တော်တော်လေးစိတ်လှုပ်ရှားနေတာနဲ့ မိုးလင်းခါနီးမှ မှေးခနဲအိပ်ပျော်သွားရ၏။
ချက်ချင်းကုတင်ပေါ်က ပြေးဆင်းကာ တံခါးကိုဖွင့်လိုက်သည် ။
Luggage အိတ်ကိုလက်ကဆွဲလျက် ရပ်နေသူသည် ကိုကို။ သို့သော် ကိုကို့ဘေးမှာ ပါလာတဲ့တစ်ယောက်ကို မြင်သည့်အချိန်တွင်တော့ လက်ယာရဲ့ မျက်ခုံးနှစ်ဖက်သည် သူ့အလိိုလို တွန့်ချိုးသွားရပါသည်။ အပူရုပ်ကို လီဆယ်ကာ ပြုံးလိုက်ရင်း...
" ကိုကိုလာပြီလား၊ ပေး ပေး မောင့်ကို အိတ်ပေး "
ဆွဲဖက်ပြီးရင်ခွင်ထဲထည့်ပစ်လိုက်ချင်ပေမဲ့ အပြုံးအရယ်မရှိ ရုပ်တည်နေတဲ့ ကိုကို့ကြောင့် လက်ထဲက အိတ်ကို လှမ်းယူရင်းသာ အိမ်ထဲဝင်လိုက်၏။ ကိုကိုက ဆိုဖာပေါ်မှာဝင်ထိုင်ရင်း...
" စိုင်း.. လာလေ "
အိမ်ပေါက်ဝမှာရပ်နေတဲ့သူကို ခေါ်တဲ့အသံသည် မနေ့က လက်ယာကို ပြောခဲ့တဲ့လေသံနဲ့ လားလားမျှမသက်ဆိုင် ။ ပြီးတော့ အကြည့်တွေ၊ လက်ယာပဲ ဆွဲတွေးမိလို့လားမသိ။ အကြည့်တွေက လိုတာထက်ပို နွေးထွေးနေသလို။ သဝန်တိုစရာကောင်းလောက်တဲ့အထိ သွားတက်ဖြူဖြူလေးကိုရော ဘာလို့များ ဖောဖောသီသီပေးနေလေသလဲ ။
စိုင်းညိုသွေးက ဖိနပ်ချွတ်ကာ ဝင်လာပြီး ကိုကို့ဘေးမှာဝင်ထိုင်လိုက်သည်ကြောင့် မသိမသာပင် နင်သွားရသည်။
" ကိုကို ဘာလို့ password ရိုက် ဝင်မလာတာလဲ "
ကိုကိုထွက်သွားကတည်းက နှစ်ယောက်ရဲ့လက်ထပ်မင်္ဂလာနေ့ကို ထားထားသည့် password သည် ယခုထိပင် မပြောင်းလဲသေးဆိုတာ သိစေချင်၍ တမင်ဉာဏ်ဆင်ကာ မေးမိပါသည် ။
" ...မင်းကိုယ်တိုင်ဖွင့်ပေးတာကို လိုချင်လို့ "
လက်ယာကိုမကြည့်ဘဲ ခပ်ပြတ်ပြတ်ပြန်ဖြေပေမဲ့ ကိုကို့အဖြေစကားကြောင့် ပြုံးမိလေသလား။ စိတ်ထဲမှာတော့ လှိုက်ခနဲ ကြည်နူးသွားရ၏။
" ကိုကို ရေသောက်ဉီးမလား "
" တော်ပြီ ငါမသောက်တော့ဘူး၊ စိုင်း... ရေဆာသလား "
" ဟုတ် အကို၊ ရေလေးတစ်ခွက်လောက် "
စကားအဆုံးမှာပင် လက်ယာ ရေထယူပေးဖို့ ပြင်လိုက်ပေမဲ့ ပိုမြန်တဲ့ ကိုကိုက ထ,ကာ မီးဖိုချောင်ထဲဝင်နှင့်လေပြီ။ ဘာကြောင့်မှန်းမသိ..ကိုကိုနဲ့သူ့ကြား လေထုက စိမ်းသထက်စိမ်းနေပါသည်။
မျက်နှာချင်းဆိုင် ထိုင်နေတဲ့သူကို မျက်မှောင်စု၍ အကဲခတ်သလို ကြည့်လိုက်သည်။ သို့သော် ထိုသူကား တစ်စက်မှမဖြုံ။ ပေစောင်းစောင်းပင် ပြန်ကြည့်နေသေး၏။ မသိရင် အခုချက်ချင်းပဲ လက်ဝှေ့ကွင်းထဲ သတ်ကြတော့မည့် နပန်းသမားတွေလို ။
" အဟမ်း.. "
လက်ယာဘက်က စ၍ လုပ်ချောင်းဆိုးကာ စကားစဖို့ ပြင်သည်။
" မင်းက ဘယ်လိုလုပ် ကိုကို့ဘေးရောက်နေတာလဲ၊ ပြီးတော့ ဘာလို့ ဒီလောက်တောင်ရင်းနှီးနေတာလဲ၊ ကိုကိုကရော ဘာလို့မင်းကို စိုင်း လို့ ခေါ်နေတာလဲ၊ နောက်ဆုံးတစ်ခုက ဒီအိမ်ထဲကို ငါမခေါ်ဘဲနဲ့ ဘာလို့လိုက်ဝင်လာတာလဲ"
ပါးစပ်မစေ့ဘဲ တရစပ် စက်သေနတ်ပစ်နေတဲ့ သူ့ရှေ့က လူကို စိုင်းညိုသွေး အမြင်မကြည်ချင်တော့ပါ။ မသိရင် သူကပဲ အကို့ကို ပြန်ပေးဆွဲထားသလိုလို ။ လူတွေက ရှိတုန်းကတော့ တန်ဖိုးမထားကြဘဲ အခုမှလာပြီး ပိုင်ဆိုင်ကြောင်းတွေ မဏ္ဍပ်တိုင်တက်ပြချင်နေသည်။
" ကျွန်တော် ခင်ဗျားမေးတာတွေ ဘာတစ်ခုမှ မသိဘူး ဉီးလေး "
" ဘာ!! မင်း!! "
ခံပြင်းရခက်စွာ ရှူးရှူးရှားရှား ပြန်ရန်လုပ်ဖို့ပြင်နေစဉ်...
" လက်ယာမောင်! ကိုယ့်အိမ်ကို လာတဲ့ဧည့်သည်ကို အဲ့လိုဆက်ဆံစရာလား ၊ စိုင်း.. သူ့အစား အကိုတောင်းပန်ပါတယ်နော် "
လက်ယာဘက်ကိုလှည့်အော်ကာ ယူလာတဲ့ရေခွက်ကို စိုင်းညိုသွေးဆီပေးရင်း ဆိုနေပြန်တဲ့ ကိုကိုဟာ အရှေ့ဘက်နဲ့အနောက်ဘက်လို မျက်နှာအနေအထားက တခြားစီပါပဲ။
" မဟုတ်ဘူး ကိုကို..သူက "
" တော်ပြီ..လက်ယာမောင် ငါမင်းဆီက ဘာစကားမှမကြားချင်ဘူး "
ငရဲမီးနဲ့ မျက်နှာကိုအပက်ခံလိုက်ရသလိုပင်။ တစ်သက်လုံး "လက်ယာ".."မောင်"ဟုသာ ညင်ညင်သာသာခေါ်ခဲ့တဲ့ ကိုကိုသည် အခုတော့ သူစိမ်းတစ်ယောက်ရှေ့မှာပင် နာမည်အပြည့်အစုံတပ်ကာ လက်ယာကို သူပုန်ထနေသည်။
" ငါအပြင်သွားလိုက်ဉီးမယ် ၊ ညမိုးချုပ်မှ ပြန်ရောက်ဖြစ်မယ် "
ခွင့်တောင်းခြင်းမဟုတ်သည့် အသိပေးတယ်ဆိုရုံစကားဆိုကာ ချက်ချင်းထထွက်သည်။ မဟုတ်ဘူးလေ ၊ အခုမှ ပြန်တွေ့ရတာကို ရှောင်ပြေးဉီးမလို့လား ။
လက်ယာ အပြေးထလိုက်ရင်း လက်ကိုဆွဲကာ...
" ကိုကို ပြန်လာမယ်မလား "
တိုးတိုးဖျဖျမေးမိတော့...
" ဟက်!ဘာလဲ ငါပြန်မလာတော့ရော မင်းက စောင့်နေမှာမလို့လား "
လှည့်ကြည့်လိုက်တဲ့ မျက်ဝန်းတွေသည် သရော်ဟန်အပြည့် ။
" အင်း ၊ မောင် စောင့်နေမယ် ကိုကို၊ ကိုကို ပြန်မလာမချင်း မောင်စောင့်နေမယ် "
ဆွဲထားတဲ့လက်ကောက်ဝတ်သေးသေးလေးကို လွှတ်ပေးလိုက်သည်။ ဖြူလွလွကိုယ်လေးက ချက်ချင်းမျက်စိရှေ့က ပျောက်ကွယ်သွား၏။
သွားချင်တဲ့ဆီကို သွားပါကိုကိို
ဆွဲမထားဘဲ လွှတ်ပေးမှာမလို့
တစ်ခုတော့ကတိပေးပါ ။
ဘယ်ကိုပဲ ထွက်သွားထွက်သွား
အချိန်တန်ရင် ခရီးဆုံးမှာ
မောင့်ရင်ခွင်ကို အရောက်ပြန်လာပေးဖို့ ။
_____________________
Han Nay Ter 👶👴💚
[ Zawgyi]
သြားခ်င္တဲ့ဆီကို သြားပါကိုကိို
ဆြဲမထားဘဲ လႊတ္ေပးမွာမလို႔
တစ္ခုေတာ့ကတိေပးပါ ။
ဘယ္ကိုပဲ ထြက္သြားထြက္သြား
အခ်ိန္တန္ရင္ ခရီးဆုံးမွာ
ေမာင့္ရင္ခြင္ကို အေရာက္ျပန္လာေပးဖို႔ ။
___________________
" ေဂ်ာက္... "
မီးခလုတ္ဖြင့္သံနဲ႔အတူ ေမွာင္ေနတဲ့အခန္းကို ဝင္လာသည့္ လွ်ပ္စစ္မီးေရာင္စူးစူးေၾကာင့္ ဆိုဖာေဘးမွာ ဒူးတုပ္ထိုင္ေနတဲ့ လက္ယာ ျမင္လႊာတို႔ျပာသြားရသည္ ။ မ်က္လုံးႂကြက္သားတို႔ကို က်င့္သားရေအာင္ ခနေလာက္အလုပ္ေပးၿပီးမွ မီးဖြင့္လိုက္တဲ့လက္သည္ကို လွမ္းၾကည့္လိုက္ေတာ့..
" ဟင္.. ကိုကို! "
အာေမဋိတ္သံထြက္လာေပမဲ့ ရီေဝေဝမ်က္လုံးေတြနဲ႔ ေငးၾကည့္ေန႐ုံမွအပ လက္ႏွစ္ဖက္ကို ဒူးေပၚယွက္ထားၿမဲ ။
ၿပီးေတာ့ မ်က္လုံးကို မွိတ္ခ်ပစ္လိုက္သည္ ။
တစ္စကၠန္႔ ... ႏွစ္စကၠန္႔
ျမင္လႊာကိုျပန္ဖြင့္လိုက္သည္။
ျမင္ေနရတဲ့ပုံရိပ္က ေပ်ာက္မသြားသည့္အျပင္ ပိုၿပီးထင္ရွားလာသည္။
" ကိုကို... "
ဒီတစ္ခါေတာ့ မတ္တပ္ရပ္ကာ အနားကို ေျခတစ္လွမ္းခ်င္းတိုးသြားလိုက္သည္။ ၿပီးေတာ့ ပုခုံးစြန္းႏွစ္ဖက္ကိုလက္နဲ႔ထိလိုက္၏။
" တကယ္ပဲ ကိုကိုအစစ္လား "
မယုံၾကည္ႏိုင္ျခင္း မ်ားစြာနဲ႔ ေမးခြန္းေတြက ထိုကဲ့သို႔ ။ မ်က္စိေရွ႕က ပုံရိပ္စစ္ေလးကို မရွိေတာ့တဲ့ရက္ေတြမွာ ျမင္ေတြ႕ေနခဲ့ရတဲ့ ပုံရိပ္ေယာင္ေတြအျဖစ္ ထင္မွတ္မွားေနဆဲပါပဲ ။
အတန္ၾကာမွ ျဖဴလြလြကိုယ္ငယ္ေလးက စကားဆိုလာသည္။
" အင္း ငါပဲ လက္ယာေမာင္.. "
တစ္ခါမွမၾကားဖူးတဲ့ေလသံ၊ ေတာင့္တင္းေနတဲ့ ကိုယ္ဟန္နဲ႔ ႏႈတ္ခမ္းႏွစ္လႊာၾကားက ပြင့္အံလာတဲ့စကားေတြက ပတ္သက္မႈမရွိခဲ့ဖူးတဲ့သူေတြလို သူစိမ္းဆန္ဆန္ ေအးတိေအးစက္ ။
ဝဲဘက္ရင္အုံမွာ ကေျပာင္းကေသာင္း တအုံေႏြးေႏြးျဖစ္သြားေလရဲ႕။ ျပန္ဆုံျဖစ္ခဲ့ၾကရင္ဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ ေျပာစရာစကားေတြအမ်ားႀကီးစဥ္းစားထားေပမဲ့ တကယ္တမ္းက်ေတာ့ အာေစးထည့္ခံထားရသလို တစ္လုံးမွ ထြက္မလာခဲ့ေပ ။
အသိစိတ္မဲ့စြာ သူရပ္ေနမိဆဲ ။ ဒီလူသားဟာ သူ႔ေရွ႕ေမွာက္မွာ တကယ္ပဲ ရွိေနသလားဆိုတာ ဆန္းစစ္ေနျခင္းသည္ ဉီးေႏွာက္အတြင္း စည္းခ်က္က်က်လုပ္ေဆာင္ေနသည္။
ေသြးေတြေျပာင္းျပန္စီးသြားသလို အခ်ိန္အၾကာႀကီးရပ္ေနၿပီးမွ ပထမဆုံးလုပ္လိုက္တဲ့ အျပဳအမူက ဒူးႏွစ္ဖက္ကို ၾကမ္းျပင္မွာ ေထာက္ခ်ပစ္လိုက္ျခင္း ။
" ေမာင္..ေတာင္းပန္ပါတယ္.. "
ရိပ္ေရာင္ ျမင္ေနရတဲ့အေနအထားကို ခနတာမွ် မွင္သက္သြားရသည္ ။ ဟိုအရင္ကာလေတြက ရိပ္ေရာင္ကို သက္ရွိလူလို႔ေတာင္ သေဘာမထားခဲ့တဲ့သူက အခု သူ႔ေရွ႕မွာ ဒူးေထာက္ၿပီး ေတာင္းပန္ေနတာလား။
ႏႈတ္ခမ္းႏွစ္လႊာကို ခပ္မဲ့မဲ့တြန္႔ခ်ိဳးပစ္လိုက္သည္။
" မင္းဆီက ေတာင္းပန္တယ္ဆိုတဲ့စကားကို ၾကားရဖို႔ ငါျပန္လာတာမဟုတ္ဘူး "
စကားလုံးေတြတိုင္းက နားထဲကို သံရည္ပူေတြလို ဝင္လာရပါသည္ ။ ဒူးေထာက္ေနရာကေန ေမာ့ၾကည့္လိုက္ေတာ့ မျမင္ဖူးတဲ့ အေငြ႕အသက္ေတြနဲ႔ ထိုလူသားဟာ သူ႔ကို ႐ြံရွာစက္ဆုပ္စြာၾကည့္ဆဲ ။
" ေမာင္ကေတာ့ ကိုကို မေက်နပ္မခ်င္း ေတာင္းပန္ဖို႔အသင့္ပဲ "
ႏွစ္ေယာက္ၾကားမွာ ေျပာစရာစကား မဲ့သြားျပန္သည္ ။ အေျခအေနေတြဟာ အရင္လို.. မဟုတ္ဘူး..အရင္ကထက္ေတာင္ ပိုဆိုးေနသလိုပင္။
အခု သူတို႔ႏွစ္ေယာက္အေနအထားသည္ တစ္ေယာက္က မတ္တပ္ရပ္လ်က္၊ က်န္တစ္ေယာက္က ဒူးေထာက္ကာ ေမာ့ၾကည့္လ်က္ ။
ရိပ္ေရာင္..လက္ယာရဲ႕ မ်က္လုံးေတြကို ေစ့ေစ့ၾကည့္လိုက္သည္ ။ သူလိုခ်င္တဲ့ အေျဖတစ္ခုကို မ်က္လုံးထဲမွာ ရွာေနျခင္း ။
" မင္းကို တကယ္ပဲ ခြင့္လႊတ္ေစခ်င္လား "
မ်က္လုံးအေရာင္တို႔လက္ခနဲျဖစ္သြားကာ ေခါင္းတဆတ္ဆတ္ၿငိမ့္လာသူ။ ရွည္လ်ားရႈပ္ပြေနတဲ့ ဆံပင္ေတြနဲ႔ အနံ႔အသက္တို႔စူးဝါးလွသည့္ အခန္း။ အသက္ဝိဉာဥ္ကင္းမဲ့ေနသူလို ရီေဝေဝအျပဳအမူေတြ။
ဒီေကာင္ေလးက ရိပ္ေရာင္ေၾကာင့္ သူနဲ႔မလိုက္ဖက္တဲ့ပုံစံကို ေျပာင္းသြားရတာလား။ ဆက္ဆံေရးေတြ နဂိုလိုျပန္ျဖစ္ႏိုင္မွာလား။ ဟင့္အင္း..မယုံရဲဘူး ။ ငါ မင္းကိုမယုံခ်င္ဘူး။ မင္းကိုယ္တိုင္ မႀကဳံမခ်င္း ငါခံခဲ့ရတဲ့ ခံစားခ်က္ေတြကို မင္းဘယ္ေတာ့မွ နားလည္မွာမဟုတ္ဘူး ေမာင္။
အျငႇိဳးႀကီးလွတဲ့ စိတ္နဲ႔ ေလ်ာ္ညီစြာ ႏႈတ္ကဆိုမိတဲ့စကားက...
" အရင္လိုပဲေနပါ၊ အရင္အတိုင္းပဲ ငါ့ကိုဆက္မုန္းေနလိုက္ ၊ ေဘးနားမွာထားၿပီး ငါခံခဲ့ရသလို မင္းခံစားရေအာင္ လုပ္ေပးမွာမလို႔ "
" ကိုကို.."
" ငါ မနက္ျဖန္ကစၿပီး ဒီကိုျပန္လာမယ္ ၊ အားလုံးပုံမွန္ျဖစ္ေနဖို႔ ေမွ်ာ္လင့္ပါတယ္ "
ဒုတိယအႀကိမ္ စူးစူးစိုက္စိုက္ၾကည့္ကာ စကားဆို၍ လွည့္ထြက္သြားေသာ ေက်ာျပင္ငယ္ေလး။
ရင္တစ္ခုလုံး ဗေလာင္ဆူေနကာ ဘာစကားမွေျပာမထြက္ႏိုင္ေတာ့သည္မွာ အတိုင္းထက္အလြန္ေပ်ာ္႐ႊင္ျခင္းေၾကာင့္လား။
အလြမ္းရဲ႕ေနာက္ကြယ္မွာ အခ်စ္ရွိသည္။ သက္ဆိုင္သူေၾကာင့္ ရခဲ့တဲ့ အလြမ္းေဝဒနာသည္ ကိုက္ေသာေဆးနဲ႔ေတြ႕က အျမစ္ျပတ္၏။
သူ႔လုပ္ရပ္ေတြအတြက္
တစ္ဖန္ျပန္ၿပီး ဝဋ္လည္ရမည္ဆိုရင္ေတာင္မွ
ထိုဝဋ္ေႂကြးကို ေပးသူသည္
ကိုကိုျဖစ္ေနသေ႐ြ႕
ေက်ေက်နပ္နပ္ လည္စင္းၿပီး
သူခံယူဖို႔ အသင့္ပင္ ။
______________________
" ကုမၸဏီကို ကြၽန္ေတာ္ ျပန္လုပ္ခ်င္တယ္ ေဖေဖ "
ဆိုင္းမဆင့္ဗုံမဆင့္ အိမ္ေရာက္လာၿပီး ဆိုလိုက္တဲ့ လက္ယာရဲ႕စကားေၾကာင့္ ဉီးစိုးေမာင္ အလြန္ဝမ္းသာသြားရသည္။ တစ္ႏွစ္လုံးေနမွ သားဆီက "ေဖေဖ"ေခၚသံကို ၾကားရၿပီး တစ္ဆက္တည္း တာဝန္ယူမည့္အေၾကာင္းကိုပါ ၾကားေနရ၏။
" နဂိုကတည္းက ကုမၸဏီက သားအပိုင္ပါပဲ၊ ေဖေဖလည္း အသက္ႀကီးၿပီ၊ သားနဲ႔ပဲ အကုန္စိတ္ခ်လက္ခ်လႊဲလိုက္ေတာ့မယ္ "
" ကြၽန္ေတာ့္ကို စိတ္ခ်ပါ ေဖေဖ၊ ေဖေဖစိတ္ပ်က္ေအာင္ ကြၽန္ေတာ္မလုပ္ပါဘူးလို႔ ကတိေပးပါတယ္"
ေဒၚေမသက္မွာေတာ့ လူေကာင္းအတိျပန္ျဖစ္ေနတဲ့သားကိုၾကည့္ကာ ၾကည္ႏူးမႈနဲ႔ မ်က္ရည္မ်ားပင္ဝဲေနသည္။ ဒါေတြအားလုံးက ရိပ္ေရာင္ေၾကာင့္ျဖစ္မယ္ဆိုတာ သူမလည္း ခန္႔မွန္းမိပါ၏။ တစ္ႏွစ္နီးပါး စိတ္မႏွံ႔သူလိုျဖစ္ခဲ့ရတဲ့ သူမသားေလးက အခုေတာ့ လူေကာင္းအသြင္ျဖစ္ေနၿပီ ။
" သား အိမ္ကို ျပန္လာခဲ့ပါ့လား "
" ဟင့္အင္း ေမေမ၊ ကြၽန္ေတာ္တိုက္ခန္းမွာပဲေနမယ္၊ ကိုကိုရွိေနသေ႐ြ႕ ကြၽန္ေတာ္ အဲ့က တစ္ဝါးမွခြာမွာမဟုတ္ဘူး "
" လက္ယာ...ရိပ္ေရာင္ေလးကို စိတ္ပ်က္ေအာင္ထပ္မလုပ္ေတာ့ပါဘူးလို႔ သား ကတိေပးႏိုင္မလား "
" ကြၽန္ေတာ့္အသက္ထက္ပိုၿပီး သူ႔ကိုခ်စ္မိေနတာမလို႔ အဲ့ဒီကတိကို တစ္ဘဝလုံးနဲ႔ပုံေအာၿပီး ေပးပါတယ္ ေမေမ "
ေဒၚေမသက္တင္မက ဉီးစိုးေမာင္ပင္ ေက်နပ္စြာၿပဳံးလိုက္ၾကသည္။ ဒီကေလးႏွစ္ေယာက္ သံေယာဇဥ္ဘယ္ေလာက္ႀကီးလဲ သူတို႔အသိဆုံးပင္။ အတၱေလးေတြသာ ျခားမေနခဲ့ၾကေတာ့ရင္...
ဒီကတိကို ကြၽန္ေတာ္ အသက္တည္သေ႐ြ႕ ေစာင့္ထိန္းသြားမယ္ ကိုကို ။ အေျပာထက္ အလုပ္နဲ႔ သက္ေသျပေပးမွာမလို႔ ကြၽန္ေတာ့္အခ်စ္ေတြကို ေနာက္ဆုံးအေနနဲ႔ ယုံၾကည္ေပးၿပီး ခံစားၾကည့္ေပးပါ ။
_____________________
အေဖ့အိမ္ကျပန္လာၿပီးကတည္းက လက္ယာ ဗ်ာေတြမ်ားေနသည္။ ဆံပင္ညႇပ္ဆိုင္ဝင္ရသည္။ တစ္ႏွစ္လုံးဖြထားတဲ့ အရႈပ္အယွက္ေတြကိုရွင္းရသည္။ မႈိတက္ေနတဲ့ ေပါင္မုန္႔ထုပ္ေတြကို လႊင့္ပစ္ရ၏။
ၿပီးေတာ့ ျပတင္းေပါက္ေတြဖြင့္ကာ စိုထိုင္းထိုင္းအနံ႔အသက္ေတြကို ေနေရာင္အကူအညီနဲ႔ ေမာင္းထုတ္ရသည္။
မနက္ျဖန္ ကိုကိုျပန္လာရင္ အရာအားလုံးကို စိတ္တိုင္းက်ျဖစ္ေနေစခ်င္တာမလို႔ အရင္က သူ႔အႀကိဳက္ ကိုကိုတပ္ထားခဲ့တဲ့ ခန္းဆီးအနီေရာင္ေတြကို ျဖဳတ္ကာ အျပာႏုေရာင္နဲ႔ လဲလိုက္သည္။
ဒါတင္မေက်နပ္ေသး။လက္ထပ္ၿပီးကတည္းက သုံးလာသည့္ အေကာင္းအတိုင္း ရွိေနတဲ့ ေမြ႕ယာကိုပါ မာသည္ဟုထင္ကာ centreသြား၍ အသစ္ဝယ္ၿပီးလဲသည္။
ဟင္းခ်က္ရတာသေဘာက်တဲ့ ကိုကို႔အတြက္ မဝယ္တတ္ဝယ္တတ္နဲ႔ ပန္းကန္ေတြအိုးေတြပါ ဝယ္ခ်လာေသး၏။
အခုပဲ ကိုကို႔ကို ေျပးေတြ႕လိုက္ခ်င္ေပမဲ့ မနက္ျဖန္လာခဲ့မယ္လို႔ ကိုကိုကိုယ္တိုင္ေျပာသြားသည္ပဲ။ လက္ယာ..မေနႏိုင္မထိုင္ႏိုင္ သြားေတြ႕ရင္ ကိုကို ႀကိဳက္ပါ့မလား။ စိတ္ကြက္ကာပဲ ဆူေလမလား။
ကိုကို လက္ယာကို ေျပာသြားတဲ့စကားေတြနဲ႔ အမူအယာသည္ အညႇိဳးႀကီးသူတစ္ေယာက္လိုျဖစ္ေနတာကို လက္ယာ သတိထားမိပါသည္။ အင္းေလ....လက္ယာလည္း ေျပာင္းလဲခဲ့သလို ကိုကိုလည္း ေျပာင္းလဲေပမေပါ့ ။
တစ္ႏွစ္လုံးေစာင့္လာခဲ့သူမို႔ တစ္ရက္ေလာက္ေတာ့သူသည္းခံပါဉီးမည္။
အခ်စ္ဆိုတာ ဘာမွန္းမသိခဲ့ပါဘူး။
ေသခ်ာျပန္ၿပီးဆန္းစစ္ၾကည့္လိုက္ေတာ့ ႏွလုံးသားက ေ႐ြးခ်ယ္ၿပီးသားလူဟာ သူ႔အခ်စ္ျဖစ္ေနခဲ့ေလရဲ႕ ။
________________
တီးေတာင္........
တံခါးဝကအသံေၾကာင့္ အိပ္ေနရာကေန ခ်က္ခ်င္းပင္ေခါင္းေထာင္သြားရသည္။ မေန႔ညက ေတာ္ေတာ္ေလးစိတ္လႈပ္ရွားေနတာနဲ႔ မိုးလင္းခါနီးမွ ေမွးခနဲအိပ္ေပ်ာ္သြားရ၏။
ခ်က္ခ်င္းကုတင္ေပၚက ေျပးဆင္းကာ တံခါးကိုဖြင့္လိုက္သည္ ။
Luggage အိတ္ကိုလက္ကဆြဲလ်က္ ရပ္ေနသူသည္ ကိုကို။ သို႔ေသာ္ ကိုကို႔ေဘးမွာ ပါလာတဲ့တစ္ေယာက္ကို ျမင္သည့္အခ်ိန္တြင္ေတာ့ လက္ယာရဲ႕ မ်က္ခုံးႏွစ္ဖက္သည္ သူ႔အလိိုလို တြန္႔ခ်ိဳးသြားရပါသည္။ အပူ႐ုပ္ကို လီဆယ္ကာ ၿပဳံးလိုက္ရင္း...
" ကိုကိုလာၿပီလား၊ ေပး ေပး ေမာင့္ကို အိတ္ေပး "
ဆြဲဖက္ၿပီးရင္ခြင္ထဲထည့္ပစ္လိုက္ခ်င္ေပမဲ့ အၿပဳံးအရယ္မရွိ ႐ုပ္တည္ေနတဲ့ ကိုကို႔ေၾကာင့္ လက္ထဲက အိတ္ကို လွမ္းယူရင္းသာ အိမ္ထဲဝင္လိုက္၏။ ကိုကိုက ဆိုဖာေပၚမွာဝင္ထိုင္ရင္း...
" စိုင္း.. လာေလ "
အိမ္ေပါက္ဝမွာရပ္ေနတဲ့သူကို ေခၚတဲ့အသံသည္ မေန႔က လက္ယာကို ေျပာခဲ့တဲ့ေလသံနဲ႔ လားလားမွ်မသက္ဆိုင္ ။ ၿပီးေတာ့ အၾကည့္ေတြ၊ လက္ယာပဲ ဆြဲေတြးမိလို႔လားမသိ။ အၾကည့္ေတြက လိုတာထက္ပို ေႏြးေထြးေနသလို။ သဝန္တိုစရာေကာင္းေလာက္တဲ့အထိ သြားတက္ျဖဴျဖဴေလးကိုေရာ ဘာလို႔မ်ား ေဖာေဖာသီသီေပးေနေလသလဲ ။
စိုင္းညိဳေသြးက ဖိနပ္ခြၽတ္ကာ ဝင္လာၿပီး ကိုကို႔ေဘးမွာဝင္ထိုင္လိုက္သည္ေၾကာင့္ မသိမသာပင္ နင္သြားရသည္။
" ကိုကို ဘာလို႔ password ႐ိုက္ ဝင္မလာတာလဲ "
ကိုကိုထြက္သြားကတည္းက ႏွစ္ေယာက္ရဲ႕လက္ထပ္မဂၤလာေန႔ကို ထားထားသည့္ password သည္ ယခုထိပင္ မေျပာင္းလဲေသးဆိုတာ သိေစခ်င္၍ တမင္ဉာဏ္ဆင္ကာ ေမးမိပါသည္ ။
" ...မင္းကိုယ္တိုင္ဖြင့္ေပးတာကို လိုခ်င္လို႔ "
လက္ယာကိုမၾကည့္ဘဲ ခပ္ျပတ္ျပတ္ျပန္ေျဖေပမဲ့ ကိုကို႔အေျဖစကားေၾကာင့္ ၿပဳံးမိေလသလား။ စိတ္ထဲမွာေတာ့ လႈိက္ခနဲ ၾကည္ႏူးသြားရ၏။
" ကိုကို ေရေသာက္ဉီးမလား "
" ေတာ္ၿပီ ငါမေသာက္ေတာ့ဘူး၊ စိုင္း... ေရဆာသလား "
" ဟုတ္ အကို၊ ေရေလးတစ္ခြက္ေလာက္ "
စကားအဆုံးမွာပင္ လက္ယာ ေရထယူေပးဖို႔ ျပင္လိုက္ေပမဲ့ ပိုျမန္တဲ့ ကိုကိုက ထ,ကာ မီးဖိုေခ်ာင္ထဲဝင္ႏွင့္ေလၿပီ။ ဘာေၾကာင့္မွန္းမသိ..ကိုကိုနဲ႔သူ႔ၾကား ေလထုက စိမ္းသထက္စိမ္းေနပါသည္။
မ်က္ႏွာခ်င္းဆိုင္ ထိုင္ေနတဲ့သူကို မ်က္ေမွာင္စု၍ အကဲခတ္သလို ၾကည့္လိုက္သည္။ သို႔ေသာ္ ထိုသူကား တစ္စက္မွမၿဖဳံ။ ေပေစာင္းေစာင္းပင္ ျပန္ၾကည့္ေနေသး၏။ မသိရင္ အခုခ်က္ခ်င္းပဲ လက္ေဝွ႔ကြင္းထဲ သတ္ၾကေတာ့မည့္ နပန္းသမားေတြလို ။
" အဟမ္း.. "
လက္ယာဘက္က စ၍ လုပ္ေခ်ာင္းဆိုးကာ စကားစဖို႔ ျပင္သည္။
" မင္းက ဘယ္လိုလုပ္ ကိုကို႔ေဘးေရာက္ေနတာလဲ၊ ၿပီးေတာ့ ဘာလို႔ ဒီေလာက္ေတာင္ရင္းႏွီးေနတာလဲ၊ ကိုကိုကေရာ ဘာလို႔မင္းကို စိုင္း လို႔ ေခၚေနတာလဲ၊ ေနာက္ဆုံးတစ္ခုက ဒီအိမ္ထဲကို ငါမေခၚဘဲနဲ႔ ဘာလို႔လိုက္ဝင္လာတာလဲ"
ပါးစပ္မေစ့ဘဲ တရစပ္ စက္ေသနတ္ပစ္ေနတဲ့ သူ႔ေရွ႕က လူကို စိုင္းညိဳေသြး အျမင္မၾကည္ခ်င္ေတာ့ပါ။ မသိရင္ သူကပဲ အကို႔ကို ျပန္ေပးဆြဲထားသလိုလို ။ လူေတြက ရွိတုန္းကေတာ့ တန္ဖိုးမထားၾကဘဲ အခုမွလာၿပီး ပိုင္ဆိုင္ေၾကာင္းေတြ မ႑ပ္တိုင္တက္ျပခ်င္ေနသည္။
" ကြၽန္ေတာ္ ခင္ဗ်ားေမးတာေတြ ဘာတစ္ခုမွ မသိဘူး ဉီးေလး "
" ဘာ!! မင္း!! "
ခံျပင္းရခက္စြာ ရႉးရႉးရွားရွား ျပန္ရန္လုပ္ဖို႔ျပင္ေနစဥ္...
" လက္ယာေမာင္! ကိုယ့္အိမ္ကို လာတဲ့ဧည့္သည္ကို အဲ့လိုဆက္ဆံစရာလား ၊ စိုင္း.. သူ႔အစား အကိုေတာင္းပန္ပါတယ္ေနာ္ "
လက္ယာဘက္ကိုလွည့္ေအာ္ကာ ယူလာတဲ့ေရခြက္ကို စိုင္းညိဳေသြးဆီေပးရင္း ဆိုေနျပန္တဲ့ ကိုကိုဟာ အေရွ႕ဘက္နဲ႔အေနာက္ဘက္လို မ်က္ႏွာအေနအထားက တျခားစီပါပဲ။
" မဟုတ္ဘူး ကိုကို..သူက "
" ေတာ္ၿပီ..လက္ယာေမာင္ ငါမင္းဆီက ဘာစကားမွမၾကားခ်င္ဘူး "
ငရဲမီးနဲ႔ မ်က္ႏွာကိုအပက္ခံလိုက္ရသလိုပင္။ တစ္သက္လုံး "လက္ယာ".."ေမာင္"ဟုသာ ညင္ညင္သာသာေခၚခဲ့တဲ့ ကိုကိုသည္ အခုေတာ့ သူစိမ္းတစ္ေယာက္ေရွ႕မွာပင္ နာမည္အျပည့္အစုံတပ္ကာ လက္ယာကို သူပုန္ထေနသည္။
" ငါအျပင္သြားလိုက္ဉီးမယ္ ၊ ညမိုးခ်ဳပ္မွ ျပန္ေရာက္ျဖစ္မယ္ "
ခြင့္ေတာင္းျခင္းမဟုတ္သည့္ အသိေပးတယ္ဆို႐ုံစကားဆိုကာ ခ်က္ခ်င္းထထြက္သည္။ မဟုတ္ဘူးေလ ၊ အခုမွ ျပန္ေတြ႕ရတာကို ေရွာင္ေျပးဉီးမလို႔လား ။
လက္ယာ အေျပးထလိုက္ရင္း လက္ကိုဆြဲကာ...
" ကိုကို ျပန္လာမယ္မလား "
တိုးတိုးဖ်ဖ်ေမးမိေတာ့...
" ဟက္!ဘာလဲ ငါျပန္မလာေတာ့ေရာ မင္းက ေစာင့္ေနမွာမလို႔လား "
လွည့္ၾကည့္လိုက္တဲ့ မ်က္ဝန္းေတြသည္ သေရာ္ဟန္အျပည့္ ။
" အင္း ၊ ေမာင္ ေစာင့္ေနမယ္ ကိုကို၊ ကိုကို ျပန္မလာမခ်င္း ေမာင္ေစာင့္ေနမယ္ "
ဆြဲထားတဲ့လက္ေကာက္ဝတ္ေသးေသးေလးကို လႊတ္ေပးလိုက္သည္။ ျဖဴလြလြကိုယ္ေလးက ခ်က္ခ်င္းမ်က္စိေရွ႕က ေပ်ာက္ကြယ္သြား၏။
သြားခ်င္တဲ့ဆီကို သြားပါကိုကိို
ဆြဲမထားဘဲ လႊတ္ေပးမွာမလို႔
တစ္ခုေတာ့ကတိေပးပါ ။
ဘယ္ကိုပဲ ထြက္သြားထြက္သြား
အခ်ိန္တန္ရင္ ခရီးဆုံးမွာ
ေမာင့္ရင္ခြင္ကို အေရာက္ျပန္လာေပးဖို႔ ။
_____________________
Han Nay Ter 👶👴💚