๐Ÿ…’๏ธŽ๐Ÿ…ก๏ธŽ๐Ÿ…˜๏ธŽ๐Ÿ…œ๏ธŽ๐Ÿ…˜๏ธŽ๐Ÿ…๏ธŽ๐Ÿ…๏ธŽ๐Ÿ…›๏ธŽ ๐Ÿ”ฅ๐Ÿ”ž...
By ShweYaminEain0805
287K 17.6K 1.2K
๐ˆ ๐ค๐ง๐จ๐ฐ ๐ญ๐ก๐ข๐ฌ ๐ข๐ฌ ๐œ๐ซ๐š๐ณ๐ฒ ๐ฃ๐จ๐›, ๐›๐ฎ๐ญ ๐ˆ ๐ฐ๐ข๐ฅ๐ฅ ๐ง๐ž๐ฏ๐ž๐ซ ๐ซ๐ž๐ ๐ซ๐ž๐ญ ๐ข๐ญ. ๐๐ž๐œ๐š๐ฎ๐ฌ๐ž... More
1
2
3
4 [ ๐Ÿ”ฅ ]
5
6
7
8 [ ๐Ÿ”ฅ ]
9[ ๐Ÿ”ฅ ]
10
11
12 [๐Ÿ”ฅ]
13
14
15 [๐Ÿ”ฅ]
16
17
18
20
21 [๐Ÿ”ฅ]
22
23
24
25 [Final]
19
4.9K 502 51
By ShweYaminEain0805
Unicode
"ကျွန်တော်က ဘားမှမဖြစ်ချင်ပါဘူးဗျာ... ကျန့်များဖြစ်ချင်မလားလို့"
"ဒီနေ့တစ်ရက်တော့ နားရအောင် ခရီးလည်းပန်းလာတဲ့ အပြင် ဟိုဘက်တွေမှာ ဖိုးဖိုးတို့ရှိသေးတယ်လေ"
"ဖိုးဖိုးတို့က အိမ်တစ်လုံးသက်သက်လေ"
"ပြောတော့ ဝက်ပေါက်ကဘားမှမဖြစ်ချင်ပါဘူးဆို"
"အေးလေ အခုက ဘာပြောနေလို့လဲ"
"ဟာ.... အိမ်တစ်လုံးနဲ့ သက်သက်နေတာတွေဘာတွေတောင်ပြောနေပြီး"
"မသိဘူးဗျာ....  သွား လှဲနေတော့မယ် ပင်ပန်းနေပြီ"
"ကိုလဲ လိုက်မှာပေါ့... လာ "
၂ ယောက်အတူတူ အနားယူဖို့အတွက် အခန်းထဲဝင်သွားကြတယ်။ ဒီညတော့ သေချာပေါက် ကောင်းကောင်းအနားယူဖြစ်မှာပါ။ရာဇဝတ်သားဖြစ်တဲ့ ကျန့်ကလည်း သူ့ရဲဝက်ပေါက်ကို နှစ်သိမ့်ပေးရင်းပေါ့...။
မနက်ခင်းအစမှာ စိတ်ကြည်တယ် မကြည်ဘူးဆိုတာ ကိုယ့်ဘေးမှာရှိတဲ့သူနဲ့ဘဲသက်ဆိုင်တယ်။
"ကျန့်..."
"အင်း......."
"ထတော့လေဗျာ"
"ဝါး...... အစောကြီးဘဲရှိသေးတယ်လေကွာ"
"မစောတော့ဘူး ၈ နာရီထိုးနေပြီ"
"ဝက်ပေါက်က အစောကြီးနိုးနေတာလား"
"အင်း အစောကြီးထပြီး morning kiss ပေးမလို့"
"ပေး...ပေး"
ရှောင်းကျန့် နှုတ်ခမ်းဆူပြီး ဝမ်ရိပေါ်နားသွားလိုက်တယ်။
"နိုး.....နိုး...ကျွန်တော်လည်း ကျန့်လိုဘဲ ကျန့်မသိအောင် ခိုးပေးပြီးပြီ"
"Aww.... ဒါကြောင့် အစောကြီးထတာလား"
"ဒါပေါ့ "
"ကိုကရော ပြန်မပေးရတော့ဘူးလား"
"ခဏလေး ကျွန်တော်ပြောအုံးမယ်"
"ဘာပြောမို့လဲ"
"ကျွန်တော် တို့ စစတွေ့ချင်းက တစ်ယောက်နဲ့တစ်ယောက် ရိုင်းရိုင်းစိုင်းစိုင်းပြောခဲ့ကြတာတွေမှတ်မိလား"
"မှတ်မိတာပေါ့ဗျာ....ပြောထားတဲ့စကားတွေကအစမှတ်မိတယ်"
"ကျွန်တော် ကျန့်ကိုလေ ပထမဆုံးအတူနေပြီးတဲ့အချိန်မှာထဲက စပြီးသဘောကျတာသိလား"
"အင်းသိတယ်... ကိုရော ဘယ်အချိန်မှာ သဘောကျတာလဲ သိလား"
"ဘယ်သိမှာလဲ ကျွန်တော်က ကျန့်မှမဟုတ်တာ"
"စကိတ်ကွင်းအကျယ်ကြီးထဲမှာ ညဘက်ကြီး တစ်ယောက်ထဲ စကိတ်စီးနေတဲ့ ဟော့ဒီက သတ္တိလေးကို အဲ့မှာဘဲ မြင်မြင်ချင်း ချစ်မသွားတာဗျာ"
"လူလိမ်ကြီး လျှောက်ပြောမနေနဲ့"
"ဟာ... ကိုက ဘာကိုလိမ်ရမှာလဲ။ အမှန်အတိုင်းပြောပြနေတာကို"
"ဒါဆို သက်သက်ဂွင်ဆင်ပြီး ပိုက်ဆံအိတ်ကြီး ချန်ချထားခဲ့တာပေါ့ ဟုတ်လား"
"ပေါက်ကရ.... ကိုက တကယ်တော့ စကိတ်ကွင်းကို လာတယ်ဆိုတာ....."
"ဆက်ပြောလေ ကျန့်ရဲ့"
"ဟို... ကို ပိုက်ဆံလုမို့"
"အဲ့ဒါနဲ့... "
"ကိုက လုဖို့ စကိတ်ကွင်းထဲကို ဝင်လာပေမဲ့ ဝက်ပေါက်ကိုတွေ့ပြီး ဝက်ပေါက်ရဲ့လုံးဖောင်းနေတဲ့ ဒီပါး နှစ်ဖက်ကြောင့် အူတွေယားပြီး မလုရက်တော့ဘူးလေ။ အဲ့မှာလှည့်ပြန်သွားတာ ပိုက်ဆံအိတ်ကျ ကျန်ခဲ့မှန်း ကို သိတောင်မသိဘူး"
"ဒါဆို ကျန့်က အရင် ကျွန်တော့်ကို ကြိုက်တာပေါ့....မိုက်တယ် မိုက်တယ်"
"မဟုတ်ဘူး"
"ဟမ်... အမျိုးမျိုးမပြောနဲ့နော် "
"အင်းလေ ကိုက အရင်ကြိုက်တာမဟုတ်ဘူး အရင်ချစ်ခဲ့တာ"
"ဟာ......ကျန့်ကလည်း"
ရှက်သွားတိုင်း ရှောင်းကျန့်ရင်ခွင်ထဲကို အတင်းတိုးဝင်တတ်တာဟာ ဝက်ပေါက်ရဲ့ အကျင့်တစ်ခုလိုတောင်ဖြစ်နေပြီ။
"ကယ် ကယ် ထ မျက်နှာသွားသစ်မယ်"
"သွားတိုက်တံတွေရော"
"အိတ်ထဲမှာပေါ့ ဝက်ပေါက်ရဲ့"
ရှောင်းကျန့် အိတ်ထဲကနေ သွားတိုက်တံ ၂ ချောင်းယူလာပြီး ဝမ်ရိပေါ်နဲ့အတူရေချိုးခန်းထဲဝင်လိုက်တယ်။
"ဝက်ပေါက်"
"ဗျာ"
"သွားတိုက်တံကိုကြည့် ဘာအရောင်လဲ"
"အနီရောင်နဲ့ အစိမ်းရောင်လေ ကျန့်ရဲ့ ဘာဖြစ်လို့လဲ"
"အနီရောင် နဲ့ အစိမ်းရောင် က ဘာကိုကိုယ်စားပြုလဲ"
"ကျန့်ကလဲဗျာ... ငယ်ငယ်ကသင်ထားတာတွေ ကျွန်တော်ဘယ်လိုမှတ်မိတော့မှာလဲ"
"အရိုးရှင်းဆုံးစဥ်းစားကြည့်"
"ပြီးရော.... အနီရောင်က ရဲရင့်ခြင်းကို ကိုယ်စားပြုပြီး အစိမ်းရောင်က စိမ်းလန်းခြင်းကို ကိုယ်စားပြုတယ် ဟုတ်လား"
"ဟင့်အင်း မှားတယ်"
"ဒါဆို ကျန့်ဘဲပြောပြလိုက်တော့"
"အနီရောင်က ရှောင်ရှောင်းကျန့်ကို ကိုယ်စားပြုပြီး အစိမ်းရောင်က ဝမ်ရိပေါ်ကို ကိုယ်စားပြုတယ်"
"ဟာဗျာ.... ကျန့်က လူလည်ကြီး
ဒါနဲ့နေပါအုံး ဘာလို့ အဲ့အရောင်တွေလည်း"
"ဝက်ပေါက် အဲ့နေ့က စီးလာတာတဲ့ စကိတ်က အစိမ်းရောင်ဖြစ်ပြီး ကိုစီးလာတဲ့ဆိုင်ကယ်ကအနီရောင်မို့.... "
"အခုအဲ့ဆိုင်ကယ်ရော"
"ဝက်ပေါက်ရဲ့ စကိတ်ရော"
"အဲ့နေ့ပြီး နောက်တစ်နေ့ကျတော့ ကျန့်ဆွဲခေါ်သွားလို့ စကိတ်ကျန်ခဲ့တယ်လေ စကိတ်ကွင်းမှာ"
"ကို့ ဆိုင်ကယ်လည်း ကိစ္စတစ်ချို့ကြောင့်ပျက်ဆီးသွားတယ်...။
ဒါကြောင့် ကိုတို့ ၂ ယောက်တွေ့ဆုံနိုင်ဖို့ အရောက်ပို့ပေးခဲ့တဲ့ အဲ့ဒီ့စကိတ်လေးနဲ့ ဆိုင်ကယ်လေးရဲ့ အရောင်ကို ဘယ်တော့မှမမေ့အောင်ဆိုပြီး ကိုယ်စားပြုအရောင်လို့သတ်မှတ်လိုက်ရုံဘဲ"
"ချစ်တတ်လိုက်တာ ကျန့်ရာ"
"ဝက်ပေါက် ကိုမို့လို့ပါ"
" ကျန့်သာ အခုချိန် ကျွန်တော်နဲ့ မဆုံရသေးဘူးဆို ဘယ်သူနဲ့တွဲနေလောက်မလဲ"
"မရှိဘူး"
"ဘာကိုလဲ.... အစမရှိ အဆုံးမရှိနဲ့လုပ်ပြီ"
"အင်းလေ ဝက်ပေါက်နဲ့မှမတွေ့ဖြစ်ရင် ကိုက တစ်ယောက်တည်းဘဲ ဖြစ်နေအုံးမှာ"
"ထားပါတော့ ထားပါတော့။ အခုမြန်မြန်လုပ် သွားကြမယ်ပြီးရင်"
"ဝက်ပေါက်က ဘယ်သွားမှာလဲ"
"ကျန့်ခေါ်သွားမဲ့နေရာပေါ့"
အချစ်နဲ့စစ်မှာမတရားတာမရှိဘူး... ။
ဒီကလေးကတောင် သူ့မျက်နှာ တစ်ကမ္ဘာထင်ပြီး ဒီအထိလိုက်လာတာ....။ ရှောင်းကျန့် ဝမ်ရိပေါ်ကို အတားအဆီးမရှိ လွတ်လပ်ခွင့်ပေးပြီး သူ့လက်ထဲမှာ ပျော်အောင်ထားဖို့ကိုဘဲ တွေးလိုက်တယ်။
ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီးတာနဲ့ တည်းခိုခဲ့တဲ့အိမ်ကဖိုးဖိုးကို ဝင်နှုတ်ဆက်ပြီး ဆိုင်ကယ် တစ်စီးနဲ့ နှစ်ယောက်သား ခရီးဆက်ရပြန်တယ်။
"ကျန့်... အခုဘယ်ကိုဆက်သွားကြမလဲ"
"ဒီနေရာနဲ့ မလှမ်းမကမ်းမှာ မြို့ပြတစ်ခုရှိတယ် အဲ့မှာနေဖို့ စီစဥ်ကြမယ်။ ကိုတို့ ဒီလို ဆိုင်ကယ်နဲ့ဘဲ ကမ္ဘာပတ်နေလို့မရဘူးလေ"
၁ နာရီကျော်ကျော်လောက် ဆိုင်ကယ်မောင်းပြီးတဲ့အခါ ရှောင်းကျန့်ပြောတဲ့နေရာကိုရောက်လာခဲ့တယ် ။
အရမ်းခေါင်တဲ့နေရာလည်းမဟုတ်သလို လူတွေအများကြီးနဲ့ စိတ်ရှုပ်စရာ ကောင်းတဲ့မြို့ကြီးလည်းမဟုတ်ဘူး။ ဘာနေနေ ဒီနေရာလေးက အနည်းနဲ့အများတော့ လုံခြုံလိမ့်မယ်လို့ ဝမ်ရိပေါ်တွေးမိသည်။
"လာ ဝက်ပေါက် ကိုတို့ အခြေအနေ တစ်ချက်လျှောက်ကြည့်ရအောင်"
"ကျွန်တော်တို့ ဘယ်မှာနေကြမလဲကျန့်"
"ဒါကြောင့်မို့ ကိုတို့ အခြေအနေသွားကြည့်ကြမယ်လို့ပြောတာပေါ့။ ကိုမသိမမြင်ဘူးတဲ့ အရပ်သစ်တစ်ခုမှာ ခြေချဖို့ဆိုတာ မလွယ်ဘူး ဝက်ပေါက် အထူးသဖြင့် ကိုတို့လိုလူတွေ"
"ကျွန်တော် နားလည်ပါတယ် ကျန့်ရဲ့ အခုက..."
"သွားရင်းနဲ့မှစကားပြောကြမယ်လာ"
အခြားဆိုင်ကယ်တွေရပ်ထားတဲ့ လမ်းမဘေးလေးမှာဘဲ ရှောင်းကျန့်ဆိုင်ကယ်ကိုထားခဲ့ပြီး ဝမ်ရိပေါ်လက်ကိုဆွဲကာ မြို့ထဲကိုလမ်းလျှောက်ကြည့်လိုက်တယ်။
"ကိုတို့ ချောင် ကျတဲ့နေရာမျိုးကိုရှာရမယ်"
"ဟုတ် "
"ဝက်ပေါက် "
"ဗျာ "
"အဆင်ပြေရဲ့လား"
"ပြေပါတယ် ဘာလို့လဲ"
"ဝက်ပေါက်ကိုကြည့်ရတာ ပင်ပန်းတဲ့ပုံပေါက်နေလို့"
"မဟုတ်ပါဘူး ကျန့် စိတ်ထင်တာနေမှာပါ"
"အင်းအင်း ဒါဆိုပြီးရော နားချင်ရင်ပြောနော်"
"ဟုတ်"
လမ်းလျှောက်ရကျိုးနပ်သွားတယ်။ သူတို့မျှော်လင့်ထားတဲ့ ချောင်ကျတဲ့နေရာမျိုးမှာ အငှားအိမ်တစ်လုံး  သွားတွေ့ကြတယ်။ အချိန်ဆွဲမနေဘဲ အဲ့အိမ်ကိုဘဲတစ်ခါတည်းငှားပြီး အဲ့နေရာမှာဘဲနေဖို့ ၂ ယောက်လုံးဆုံးဖြတ်ချက်ချလိုက်တယ်။
"ကျန့်"
"ပြောလေ ဝက်ပေါက်"
"ကျွန်တော်တို့ ငွေလိုရင်ရော"
"ရှာရမှာပေါ့"
"ဘယ်လိုရှာမှာလဲ အလုပ်ကရော လုပ်လို့ရပါ့မလား ကျန့်ကိုလူတွေက..."
"ကို လုပ်နေကျအလုပ်ဘဲလုပ်မှာပေါ့ ဝက်ပေါက်ရဲ့"
"ဒါဆို ကျွန်တော်ပါ အဲ့အလုပ်လုပ်မယ်"
"ဝက်ပေါက်သဘောဗျာ....  ဝက်ပေါက်ကပါ ဒါကို လိုက်လုပ်ချင်တဲ့ဆန္ဒရှိရင် ကိုကမပိတ်ပင်တော့ဘူး"
"အင်း လုပ်မယ်.... ။ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ကိုယ်ပွားလေးမို့ ရှောင်းကျန့်လုပ်သမျှအကုန်လိုက်လုပ်မှာ"
"ဟုတ်ပြီဗျာ.... ဒါကြောင့်မို့လဲဒီပေါက်စကို ချစ်ပြီးရင်း ချစ်မိနေတာ ထင်တယ်"
________________________________
ဒါကတော့ကြွားတာပါ....
ဒီ fic လေးကိုဖတ်ပေးတဲ့ ငယ်လေးတစ်ယောက်က ကျန့်နဲ့ ဝက်ပေါက်အတွက်ဆိုပြီး အပ်ပေးထားတဲ့ fan art လေးပါ တစ်ကယ်ချစ်စရာ ပုစုခရု လေးတွေပါဘဲ ✨
ချစ်ပေးကြတဲ့တစ်ယောက်ချင်းစီကိုကျေးဇူးတင်ပါတယ် ❤
                                 Reader is essential
                                 🍀Pouk Se Lone🍀
Zawgyi
"ကိုလဲ လိုက်မှာပေါ့... လာ "
"ကျန့်..."
"အင်း......."
"ထတော့လေဗျာ"
"ပေး...ပေး"
"ဒါပေါ့ "
"ဘာပြောမို့လဲ"
"ဆက်ပြောလေ ကျန့်ရဲ့"
"ဟို... ကို ပိုက်ဆံလုမို့"
"အဲ့ဒါနဲ့... "
"မဟုတ်ဘူး"
"ဟာ......ကျန့်ကလည်း"
"သွားတိုက်တံတွေရော"
"ဝက်ပေါက်"
"ဗျာ"
"ဟင့်အင်း မှားတယ်"
"အခုအဲ့ဆိုင်ကယ်ရော"
"ဝက်ပေါက်ရဲ့ စကိတ်ရော"
"မရှိဘူး"
"ဟုတ် "
"ဝက်ပေါက် "
"ဗျာ "
"အဆင်ပြေရဲ့လား"
"ပြေပါတယ် ဘာလို့လဲ"
"ဟုတ်"
"ကျန့်"
"ပြောလေ ဝက်ပေါက်"
"ရှာရမှာပေါ့"
________________________________
ဒါကတော့ကြွားတာပါ....
                                 Reader is essential
                                 🍀Pouk Se Lone🍀
Continue Reading
You'll Also Like
233K 42.4K 54
เถฉเทš เถ…เถธเทŠเถธเท”.... เถฑเท เถ‹เถฑเทŠเถฑเท™เถบเท’ เถšเทเถฏเท’เถฝเท’เถšเทŠเถšเท’เถปเทšเถฑเทŠ โค (เถดเถปเท’เถฑเถญ เถ…เถฑเทŠเถญเถปเทŠเถœเถญเถบเถšเท’...)
411K 83.2K 91
เถ…เถœเทŠเถฑเท’.... เถฑเถธเถง เถ…เถœเทŠเถฑเท’...เถ’ เถ‹เถฑเทเถง... เถธเถง เถฏเทเถฑเท™เถฑเท€เท เท€เท™เถฝเทเท€เถšเถง เถธเทš เถดเถดเท”เท€เท™ เทƒเท“เถญเถฝ.... เถ…เถœเทŠเถฑเท’..... เท„เท’เถญเท”เท€เท™ เถดเท’เถ เทŠเถ เท™เถฑ เถœเท’เถฑเทŠเถฏเถป.... เถ’เถญเทŠ เถ‡เถญเท”เถฝเท™ เถญเท’เถถเท”เถฑเท™เถธ... เถ‹เถญเท”เถปเถฑ เถ†เถฝเถบ.... เถ…เถœเทŠเถฑเท’...
29.1K 6.5K 38
tk sinhala
546K 107K 119
เถšเท€เท”เถปเท”เถญเทŠ เถฑเทเถญเท’เท€ เถ‹เถนเถธ เถ‹เถนเทš เท„เท’เถญ เทƒเถฑเทƒ เถœเถญเทŠ เถฏเท€เทƒเถง เถ’เท„เท’เถญ เถ’ เท„เทšเถญเท”เท€เถงเถธ เถšเท’เทƒเท’เถฏเท’เถฑ เถฑเทเท€เถญ เถฑเทœเท€เทเถงเท™เถฑเท” เถ‡เถญ.........!!