"ကျန့်ကော ဒီဆိုင်ကိုကြိုက်ရဲ့လား"
coffee တစ်ငုံသောက်လိုက်ပြီး ရှေ့ကလူသားရဲ့အမေးကို ထောက်ခံသည့်သဘောဖြင့်ခေါင်းညိတ်ပြလိုက်သည်။
ဒီအချိန်မှာ ဆိုင်ထဲပျံ့ လွှင့်လာတဲ့ အချစ်သီချင်းကလည်း ရှောင်ကျန့်ရဲ့သတိရမှုကို ပိုပြီးတော့ဆွေးမြေ့စေသည်။
"အွန်း...အားတယ်"
အားတယ်ဆိုသည့်စကားအဆုံး မျက်လုံးလေးမှိတ်သည်အထိ ပျော်ရွှင်စွာရယ်ပြလာသည်က ကျားဝေဆိုသည့်လူငယ်လေးရယ်ပါလေ...။
ရယ်လိုက်ရင် ပေါ်လာသည့်သွားတက်ကလေးက မျက်နှာသေးသေးလေးနဲ့လိုက်ဖက်လွန်းလှသည်...မျက်ရစ်မရှိမပါဘဲနဲ့ စွဲညို့အားကောင်းတဲ့မျက်ဝန်းအစုံကလည်း တစ်မူထူးခြားလွန်းလှသည်...ပန်းနုရောင်နှုတ်ခမ်းဖူးဖူးလေးနဲ့ နှာတံစင်းစင်းလေးတွေကလည်း ကောင်မလေးတွေရဲ့ အသည်းစွဲလို့ ဆိုရင်လည်းမမှား....
အရည်ကလည်းရှည်သည့်အပြင် အဆီအပိုအလိုမရှိ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ကလည်း တစ်မျိုးလေးကြည့်ကောင်းနေပြန်သည်...
သိုပေမဲ့ ထိုလူငယ်လေးရဲ့ဂရုစိုက်မှုတွေရတိုင်း သူတစ်ယောက်ယောက်ကို သတိရမိသည်....
အဲ့ဒီလူကိုမုန်းလို့ဆိုပြီး လမ်းခွဲခဲ့တာလည်းသူဘဲ...
နောက်ဆုံးမှာ လွမ်းပြီးနာကျရင်ရတာလည်း သူပါဘဲ....
နာကျင်ရတယ်...ချစ်ပါရက်နဲ့ မချစ်ဘူးလို့ ကိုယ့်ကိုကိုယ်လိမ်နေရတာဟာ...အရမ်းကိုနာကျင်ရတယ်...။
ပြောလည်းပြော နဖူးပေါ်ကျရောက်လာသည့်လက်အစုံ ကြောင့် သူတစ်စုံတစ်ယောက်ကို သတိရမိသွားပြန်ပြီ....
"ကောဘာမှမဖြစ်ပါဘူးကွာ ဒီအတိုင်းလေးအလုပ်အကြောင်းတွေးမိသွားလို့"
ကျားဝေစကားအဆုံး ရှောင်ကျန့်နွေးထွေးစွာပြုံးလိုက်မိသည်။
သို့ပေမဲ့ သူ့နှလုံးသားက တစ်စုံတစ်ယောက်ရဲ့လက်ထဲ ကြွေမွသွားခဲ့ပြီ....ပြန်လည်ရှင်သန်ဖို့ရာလမ်းစတောင်ရှိပါ့မလား....နောက်တစ်ဖန်ပြန်ချစ်ဖို့အတွက်နဲ့လေ.....
တောင်းပန်စကားဆိုတော့ ကျားဝေ ဘာအတွက်လဲဟူသော အကြည့်ဖြင့်စိုးရိမ်မျက်ဝန်းဖြင့်ပြန်ကြည့်လာသည်...။
"ပြောလေ ကော...ဘာအတွက်လဲ"
"မင်းလိုချင်တဲ့အဖြေမျိုး ကောပြန်မပေးနိုင်လို့် တောင်းပန်ပါတယ်"
"ဒါများ ကျန့်ကောရယ် တောင်းပန်ဖို့မလိုပါဘူး ကျွန်တော်သာကျန့်ကောကိုတောင်းပန်ရမှာပါ ကျန့်ကောမချစ်မှန်းသိသိရက်နဲ့ ကျန့်ကောအနားမှာဘဲတွယ်ကပ်နေတာလေ ကျန့်ကောခုလိုကျွန်တော်ကို နွေးနွေးထွေးထွေးပြန်ဆက်ဆံပေးတာနဲ့တင် ကျေးဇူးတင်လွန်းလှပါပြီ နောက်ဆိုမတောင်းပန်နဲ့တော့နော် ကျွန်တော့်အတွက်လည်းစိတ်မကောင်းမဖြစ်ပါနဲ့ ဒီအခြေအနေနဲ့တင်ကျွန်တော်က ကျေနပ်နေတာမို့ ကျွန်တော့်အတွက်စိတ်မပူပါနဲ့ ကျန့်ကောသာစိတ်သက်သာသလိုနေ..ဟုတ်ပြီလား"
အပြင်မှာ ဘာမှမဖြစ်သလိုပြုံးပြနေပေမဲ့ ရင်ထဲမှာ အလွမ်းမိုးတွေ ဘယ်လောက်ထိရွာနေလဲဆိုတာ သူသိသည်....
"ကျန့်ကော ဒီနေ့ကျွန်တောနဲ့လျှောက်လည်မလား"
"coffee သောက်ပြီးရင်သွားကြတာပေါ့"
သူစကားဆုံးသည်နှင့် coffeeကိုတစ်ကျိုက်တည်းမော့သောက်လိုက်တဲ့ ကျားဝေကြောင့် ရှောင်ကျန့် မျက်လုံးအစုံဝိုင်းစက်သွားရသည်။
"ဖြည်းဖြည်းသောက်လေ ကျားဝေရဲ့ သီးနေမှဖြင့်"
ကျားဝေ စကားအဆုံး ရှောင်ကျန့်ခေါင်းခါရုံမှတစ်ပါးမတတ်နိုင်...
"ကျန့်ကောသဘော"
သူခေါင်းညိတ်ပြလိုက်ပြီး coffee ကိုသာဆက်သောက်နေလိုက်သည်။
"ကျားဝေ...နင်ကျားဝေမလား...ငါroseလေ နင်မမှတ်မိဘူးလား"
coffee သောက်နေစဉ် ကောင်မလေးတစ်ယောက်သူ့ကိုယ်သူလာမိတ်ဆက်သောကြောင့် သူမော့ကြည့်လိုက်သည်။သူမျက်လုံးအစုံ ထပ်ပြီးဝိုင်းစက်သွားရပြန်ပြီ....။
ဆက်ကြည့်နေရင် ငိုမိမလားမသိတော့တာမို့ ခေါင်းငုံ့ ကာcoffee ကိုသာဆက်သောက်နေလိုက်သည်။
"မှတ်မိတယ်မလား ကျားဝေ"
"လဒ တွေ့တာနဲ့ဖဲ့ပြီ ဒါနဲ့ငါဒီဝိုင်းမှာဘဲထိုင်တော့မယ် ရတယ်မလား"
"ထိုင်လေး...ရတာပေါ့...ဆန့်နေတာဘဲဟာ"
သူဆိုသည့်လူမှာလေ တစ်ခြားသူနဲ့ဆိုတည်ငြိမ်သလောက် ရိပေါ်နဲ့ဆိုလျှင် အားနည်းလွန်းလှသည့် ယုန်ဖြူငယ်လေးတစ်ကောင်လိုပင်....
"ကျားဝေ ငါ့ကိုမိတ်ဆက်ပေးဦလေ "
"..အဟွတ်...အဟွတ်.."
တည့်တိုးကြီးပြောချလိုက်သော ကျားဝေကြောင့် သူကော်ဖီသောက်နေရင်းသီးသွားရသည်။
သူကော်ဖီသီးသွားမှ ကျားဝေက ပျာယာခတ်စွာဖြင့်....
စကားဝိုင်းကာ သူနဲ့ဘာမှမဆိုင်သည့်အတိုင်း..
"ငါလား...ဟိုမှာလေ မင်းရှေ့မှာအေးစက်စက်နဲ့ထိုင်နေတဲ့လူသားက ငါ့ခင်ပွန်းလောင်းဘဲ...နာမည်က ဝမ်ရိပေါ်တဲ့"
ကြားလိုက်ရသည့်စကားကြောင့် သူ့နှလုံးသားတစ်ခုလုံးဖျစ်ညှစ်ခံရလိုက်သလို...
ကိုယ့်မှာတော့ ခုထိ သူ့ကိုတိတ်တဆိတ်မျှော်လင့်နေမိသေးတာ...ကိုယ့်ရင်ခွင်ဆီ ဘယ်တော့မှပြန်မလာနိုင်တော့မှန်းသိသိရက်နဲ့...သူပြန်လာဖို့ ခုထိဆုတောင်းမိတုန်း....
ချစ်လွန်းလို့  ရက်စက်လိုက်တာလို့မပြောရက်ခဲ့ပေမဲ့ ရက်စက်လိုက်တာကွာလို့ အတ္တကြီးကြီးနဲ့သူ့မျက်ကိုကြည့်ပြီး အော်ပြောမိချင်သည်။
"ဟုတ်တာပေါ့...သဲ"
ရိပေါ်ရဲ့ထောက်ခံသည့်စကားအဆုံး ရှောင်းကျန့်ခေါင်းငုံ့သထက်ပိုပြီးတော့ ငုံ့လိုက်သည်။
ရစ်ဝဲလာသည့်မျက်ဝန်းစတို့ကို တစ်ခြားသူမြင်လို့်မဖြစ်ဘူးမလား....
သူနဲ့ပတ်သက်တဲ့ခံစားချက်တွေ ခုထိဘာလို့မပြတ်မသားဖြစ်နေရတာလဲ...တစ်ကယ်ဘဲ ကိုယ့်ကိုကိုယ် မုန်းမိတယ်...
"နောက်မှပေါ့...ကောခုမှသတိရတယ် ဒီနေ့အလုပ်ကိစ္စအတွက်ကောတစ်ယောက်နဲ့ချိန်းထားတယ် သွားတွေ့ရဦးမယ် အချိန်လည်းသိပ်မရှိတော့ဘူးဆိုတော့ ကောသွားလိုက်ဦးမယ်"
"ရပါတယ်ကွာ သူငယ်ချင်းနဲ့ပြန်တွေ့တုန်း စကားကိုအေးအေးဆေးဆေးသာပြော ကောသွားတော့မယ်"
စကားကိုအဆက်ဖြတ်ကာ ဆိုင်ထဲမှမြန်မြန်ထွက်လာခဲ့သည်။
လူတစ်ယောက်ကိုချစ်မိရင် ကိုယ့်ရဲ့ဖြစ်တည်မှုပျောက်ဆုံးတတ်တယ်ဆိုတာ သိပ်မှန်တဲ့စကားဘဲ...
ကိုယ့်ရဲ့ဖြစ်တည်မှုကိုမေ့ပြီး သူ့တစ်မျက်နှာကိုဘဲကြည့်ပြီး ချစ်လို့နောက်ဆုံးရတဲ့ရလဒ်က ဒီလိုမျိုးလား...
"ရိပေါ်"
"ငိုနေတာလား"
"ကိုကိုအိမ်ပြန်မယ်မို့လား ကျွန်တော်လိုက်ပို့် ပေးမယ်"
အဲ့သည်လိုအော်ဟစ်ပြီးပြောလိုက်ချင်ပေမဲ့ မပြောရက်ဘူး....
"Taxiနဲ့ပြန်လိုက်မယ်...လာတုန်းကသူများနဲ့လာတာဆိုတော့...."
အမိန့်ဆန်သော စကားနဲ့အတူ ရုတ်တရက်ပွေ့ချီခံလိုက်ရသော ရှောင်းကျန့်...
အံ့သြမှုနဲ့အတူ သူ့လူသားကိုမော့ကြည့်လိုက်သည်။
........................❤💚❤........................
Unicode
"ကျန့်ကော ဒီဆိုင်ကိုသဘောကျရဲ့လား"
coffee တစ်ငုံသောက်လိုက်ပြီး ရှေ့ကလူသားရဲ့အမေးကို ထောက်ခံသည့်သဘောဖြင့် ခေါင်းညိတ်လိုက်သည်။
ဟုတ်တော့လည်းဟုတ်သည်လေ...။
love coffee ဆိုသည့်အမည်နှင့်အညီဆိုင်၏အပြင်အဆင်ကလည်း ပနံသင့်စွာလှပလွန်းသည်။
ချိတ်ဆွဲထားသည့်အနီရောင်အသည်းပုံလေးတွေကလည်း လှပညီညာစွာတွဲလောင်းကျလျက်....။ပန်းအိုးပေါ်တွင်အနီရောင်နှင်းဆီပန်းတစ်ပွင့်သာထိုးထားသောကြောင့် မျက်စိထဲရှင်းသလိုတစ်မျိုးလေးလည်းကဗျာဆန်လွန်းလှသည်။
ဆိုင်နံရံ၏colourကိုလည်း pink colour သုံးထားသည်။
ကြည့်ရတာစိတ်ကို တစ်မျိုးလေးလည်းနူးညံ့စေသည်။
"coffeeရောသောက်လို့ကောင်းလား"
"အွန်း...ခါးမယောင်ယောင်နဲ့ချိုစိမ့်စိမ့်လေး သောက်လို့ကောင်းတယ်"
"တော်သေးတာပေါ့...ကျန့်ကောကြိုက်လို့"
ရှေ့ကလူသားကထိုစကားဆိုပြီးသည်နှင့် ရှောင်းကျန့်တစ်စုံတစ်ယောက်ကိုသတိရမိသွားရသည်။
ဒီအချိန်မှာ ဆိုင်ထဲပျံ့လွှင့်လာတဲ့ အချစ်သီချင်းကလည်း ရှောင်းကျန့်ရဲ့သတိရမှုကိုပိုပြီးတော့ဆွေးမြေ့စေသည်။
"ကျန့်ကော..ဒီနေ့အားတယ်မလား"
"အွန်း...အားတယ်"
"ဟီး....ပျော်လိုက်တာကျန့်ကောနဲ့လျှောက်လည်ရတော့မယ်"
အားတယ်ဆိုသည့်စကားအဆုံး မျက်လုံးလေးမှိတ်သည်အထိ ပျော်ရွှင်စွာရယ်ပြလာသည့်သူက ကျားဝေဆိုသည့်လူငယ်လေးရယ်ပါလေ....။
ရယ်လိုက်ရင်ပေါ်လာသည့်သွားတက်ကလေးက မျက်နှာသေးသေးလေးနဲ့လိုက်ဖက်လွန်းလှသည်....မျက်ရစ်မရှိပါဘဲနဲ့ စွဲညို့အားကောင်းတဲ့မျက်ဝန်းအစုံကလည်း တစ်မူထူးခြားလွန်းလှသည်....ပန်းနုရောင်နှုတ်ခမ်းဖူးဖူးလေးနဲ့နှာတံစင်းစင်းလေးတွေကလည်း စွဲဆောင်မှုရှိလွန်းလှသောကြောင့် ကောင်မလေးတွေရဲ့ အသည်းစွဲလို့ ဆိုရင်လည်းမမှား....
အရပ်ကလည်းရှည်သည့်အပြင် အဆီအပိုအလိုမရှိပိနိပိနိပါးပါး ခန်ဓာကိုကလည်း တစ်မျိုးလေးကြည့်ကောင်းနေပြန်သည်....
ထိုသို့ချောမောပြည့်စုံမှုနဲ့ပြည့်စုံတဲ့လူငယ်လေးက သူ့ကိုချစ်တယ်တဲ့....
သူ့ကိုလိုက်နေတာလည်း ဒီနေ့နဲ့ဆို3လပြည့်ပြီ...သူ့ကိုဂရုတစ်စိုက်ရှိလွန်းလှသလို သူ့မျက်နှာတစ်ချက်တောင်အညိုးမခံတဲ့လူမျိုး...
အသက်ကသူ့ထက်8နှစ်ငယ်ပေမဲ့ သူ့အတွက်ဆိုလူကြီးတစ်ယောက်လို စိတ်ပူပေးတတ်တဲ့လူငယ်လေး....
သို့ပေမဲ့ ထိုလူငယ်လေးရဲ့ဂရုစိုက်မှုတွေရတိုင်း သူ့တစ်ယောက်ယောက်ကိုသတိရမိသည်...အဲ့ဒီလူကိုမုန်းလို့ဆိုပြီးလမ်းခွဲ့ခဲ့တာလည်း သူဘဲ...နောက်ဆုံးမှာ လွမ်းပြီးနာကျင်ရတာလည်း သူပါဘဲ....သူဆိုတဲ့အတွေးလေးနဲ့တင် ခုထိရင်ဘတ်ကအောင့်တက်နေတုန်း...နာကျင်ရတယ်...ချစ်ပါရက်နဲ့ မချစ်ဘူးလို့ကိုယ့်ကိုယ်ကို လိမ်နေရတာဟာ...အရမ်းကိုနာကျင်ရတယ်...ဒါကို တစ်စုံတစ်ယောက်က သိလေမလား.....။
"ကျန့်ကော...ဘာဖြစ်လို့လဲ မျက်နှာလည်းမကောင်းဘူး တစ်ခုခုဖြစ်လို့လား"
ပြောလည်းပြော...နဖူးပေါ်ကျရောက်လာသည့်လက်အစုံကြောင့် သူတစ်စုံတစ်ယောက်ကိုသတိရမိသွားပြန်သည်။
"ကိုယ်လည်းမပူပါဘူး ခေါင်းကိုက်လို့များလားဟင် ကျွန်တော်နှိပ်ပေးရမလား"
"ကောဘာမှမဖြစ်ပါဘူးကွာ ဒီအတိုင်လေးအလုပ်အကြောင်းတွေးမိသွားလို့"
ထိုသို့ပြောတော့မှ ကျားဝေကထိုင်ခုံပေါ်ပြန်ထိုင်လိုက်ပြီး...
"ကျန့်ကောကလည်းပိတ်ရက်မှာ အလုပ်အကြောင်းတွေးမနေပါနဲ့ ခေါင်းကိုက်တာဘဲအဖတ်တင်တယ် စိတ်လွတ်ကိုယ်လွတ်သာနေ ဟုတ်ပြီလား"
ကျားဝေစကားအဆုံး ရှောင်းကျန့်
နွေးထွေးစွာပြုံးလိုက်မိသည်။
ဒီကလေးက သူ့အပေါ်အဲ့သလောက်တောင် လေးနက်နေသလား...
သို့ပေမဲ့ သူ့နှလုံးသားက တစ်စုံတစ်ယောက်ရဲ့လက်ထဲကြေမွသွားခဲ့ပြီ...ပြန်လည်ရှင်သန်ဖို့ရာလမ်းစတောင်ရှိပါ့မလား...နောက်တစ်ဖန်ပြန်ချစ်ဖို့အတွက်နဲ့လေ....
"ကျားဝေ...ကောတောင်းပန်ပါတယ်"
တောင်းပန်စကားဆိုတော့ ကျားဝေကဘာအတွက်လဲဟူသောအကြည့်ဖြင့်ကြည့်လာသည်။
သူကတောင်းပန်တာလေ...ဒီကလေးရဲ့အကြည့်ကသူ့ကိုစိုးရိမ်နေတဲ့အကြည့်မျိုး....
သူ့ဆီကအဖြေမရမှာစိုးလို့မဟုတ်ဘဲ သူတစ်ခုခုများဖြစ်နေတာလားဆိုပြီး စိုးရိမ်နေတဲ့အကြည့်မျိုး...
ဒီကလေးကချစ်ပြလေ....သူဒီကလေးကိုအားနာစိတ်ပိုရလေပါဘဲ...။
"ပြောလေ ကော...ဘာအတွက်လဲ"
"မင်းလိုချင်တဲ့အဖြေမျိုး ကောပြန်မပေးနိုင်လို့ တောင်းပန်ပါတယ်"
"ဒါများ ကျန့်ကောရယ် တောင်းပန်ဖို့မလိုပါဘူး ကျွန်တော်သာကျန့်ကောကိုတောင်းပန်ရမှာပါ ကျန့်ကောမချစ်မှန်းသိသိရက်နဲ့ ကျန့်ကောအနားမှာဘဲတွယ်ကပ်နေတာလေ ကျန့်ကောအခုလိုကျွန်တော့်ကို နွေးနွေးထွေးထွေး ပြန်ဆက်ဆံပေးတာနဲ့တင်ကျေးဇူးတင်လွန်းလှပါပြီ နောက်ဆိုမတောင်းပန်နဲ့တော့နော် ကျွန်တော့်အတွက်လည်းစိတ်မကောင်းမဖြစ်ပါနဲ့ ဒီအခြေအနေနဲ့တင် ကျွန်တော်ကကျေနပ်နေတာမို့ ကျွန်တော့်အတွက်စိတ်မပူပါနဲ့ ကျန့်ကောသာစိတ်သက်သာသလိုနေ...ဟုတ်ပြီလား"
သွားတက်လေးတွေပေါ်အောင်ရယ်ပြပြီး သူ့ကိုပြန်နှိမ့်သိပ်ပေးပုံက တစ်ကယ့်ကိုဘာမှမခံစားရသည့်အတိုင်း....
သို့ပေမဲ့ ထိုကလေးရဲ့ရင်ထဲမှာတော့ သေချာပေါက်နာကျင်ရလိမ့်မည်...သူသိသည်...
သူလည်းလူတစ်ယောက်ကို နက်နက်ရှိုင်းရှိုင်းချစ်ခဲ့ဖူးသည်မဟုတ်လား...
အပြင်မှာဘာမှမဖြစ်သလိုပြုံးပြနေပမဲ့ရင်ထဲမှာ အလွမ်းမိုးတွေ ဘယ်လောက်ထိရွာနေလဲဆိုတာသူသိသည်....။
"ကျန့်ကော ဒီနေ့ကျွန်တော်နဲ့လျှောက်လည်မလား"
"Coffee သောက်ပြီးရင်သွားကြတာပေါ့"
သူစကားဆုံးသည်နှင့် Coffeeကိုတစ်ကျိုက်တည်းမော့သောက်လိုက်တဲ့ ကျားဝေကြောင့် ရှောင်းကျန့်မျက်လုံးအစုံဝိုင်းစက်သွားရသည်။
"ဖြည်းဖြည်းသောက်လေ ကျားဝေ သီးနေမှဖြင့်"
ထိုသို့ပြောလိုက်တော့ သွားဖြီးကာရယ်ပြလာသည်။
"ကျန့်ကောနဲ့အမြန်ဆုံးလျှောက်လည်ရအောင်လို့"
ကျားဝေစကားအဆုံး ရှောင်းကျန့်ခေါင်းခါရုံမှတစ်ပါးမတတ်နိုင်....
တတ်လည်းတတ်နိုင်တဲ့ကလေး...
"ငါကတော့ အေးအေးဆေးဆေးဘဲသောက်မှာနော်"
"ကျန့်ကောသဘော"
သူခေါင်းညိတ်ပြလိုက်ပြီး Coffeeကိုသာဆက်သောက်နေလိုက်သည်။
"ကျားဝေ...နင်ကျားဝေမလား...ငါRoseလေ နင်မမှတ်မိဘူးလား"
Coffeeသောက်နေစဥ် ကောင်မလေးတစ်ယောက်သူ့ကိုယ်သူလာမိတ်ဆက်သောကြောင့် သူမော့ကြည့်လိုက်သည်။သူ့မျက်လုံးအစုံထပ်ပြီးဝိုင်းစက်သွားရပြန်ပြီ...။
Rose ဆိုတဲ့ ကောင်မလေးရဲ့ဘေးကလူက ဝမ်ရိပေါ်...။
ရင်ခုန်သံတွေ ဒိုင်းခနဲ...
ခြေဖျားတွေလက်ဖျားတွေ အေးစက်လာသလိုလို
ချွေးဘဲပျံလာသလိုလို ခံစားရသည့်ခံစားမှုကမသက်သာ...
ထိုမျက်ဝန်း....ထိုအေးစက်စက်အကြည့်မျိုး...
ခုထိတိုင်မပြောင်းလဲသေး...
ဆက်ကြည့်နေရင် ငိုမိမလားမသိတော့တာမို့ ခေါင်းငုံ့ကာ Coffeeကိုသာဆက်သောက်နေလိုက်သည်။
"မှတ်မိတယ်မလား ကျားဝေ"
"မမှတ်မိဘဲနေစရာလား နင့်ရုပ်ကခွေးကိုက်စားသွားရင်တောင် ငါမှတ်မိနိုင်တယ်"
"လဒ တွေ့တာနဲ့ဖဲ့ပြီး ဒါနဲ့ငါဒီဝိုင်းမှာဘဲထိုင်တော့မယ် ရတယ်မလား"
"ထိုင်လေ....ရတာပေါ့...ဆန့်နေတာဘဲဟာ"
ကျားဝေစကားဆုံးသည်နှင့် သူမကျားဝေဘေးတွင်ထိုင်လိုက်သည်။
"ကိုကို သဲတို့ဒီဝိုင်းမှာထိုင်ကြရအောင်နော်"
ရိပေါ်ကိုမော့ကြည့်ကာပြောလိုက်တော့ ရိပေါ်လည်း သူ့ဘေးတွင်ဝင်ထိုင်လိုက်သည်။
သူ့ရင်ခုန်သံတွေ မြန်ဆန်သထက်မြန်ဆန်လာရသလို လူကလည်းအသက်ရှူမဝသလို....
သူ့ဆိုသည့်လူမှာလေ တစ်ခြားသူနဲ့ဆိုတည်ငြိမ်သလောက် ရိပေါ်နဲ့ဆိုလျှင် အားနည်းလွန်းလှသည့် ယူန်ဖြူငယ်လေးတစ်ကောင်လိုပင်...။
"ကျားဝေ...ငါ့ကိုမိတ်ဆက်ပေးဦးလေ"
သူမစကားဆုံးတော့ ကျားဝေက ဂုဏ်ယူစွာပြုံးလိုက်ကာ...
"နာမည်က ရှောင်းကျန့်တဲ့ ချောတယ်မလား...ခု ငါသူ့ကိုလိုက်နေတာ"
"..အဟွတ်...အဟွတ်..."
တည့်တိုးကြီးပြောချလိုက်သော ကျားဝေကြောင့် သူ Coffee သောက်နေရင်းသီးသွားရသည်။
သူ Coffee သီးသွားမှ ကျားဝေက ပျာယာခတ်စွာဖြင့်...
"ကျန့်ကော ရရဲ့လား...sorry..ကျွန်တော်ကကြွားချင်ဇောနဲ့ကျန့်ကောရှက်နေမှာကိုမေ့သွားတယ်"
"ရတယ်...ရတယ်...ကောဘာမှမဖြစ်ဘူး"
"တော်သေးတာပေါ့ ကျန့်ကောသာတစ်ခုခုဖြစ်သွားရင် ကျွန်တော်သာရင်ကျိုးရမှာ"
ကျားဝေစကားကြောင့် သူရိပေါ်
ကိုမသိမသာလေးခိုးကြည့်လိုက်သည်။
ရေခဲလူသားလေးက ဖုန်းကိုသာအေးဆေးစွာထိုင်ကြည့်နေသည်။
စကားဝိုင်းက သူနဲ့ဘာမှမဆိုင်သည့်အတိုင်း....
သူချစ်ရတဲ့လူသားလေးက ဟိုအရင်ကအတိုင်းဘဲ မပြောင်းလဲ...ဘာကိုမှဂရုမစိုက်တတ်သည့်လူမျိုး...
"wow...ငါနိုင်ငံခြားမှာ ကျောင်းသွားတက်တဲ့အတောအတွင်း နင်ကချစ်တတ်သွားပြီကိုး...မထင်ရဘူးနော်"
"ကျန့်ကောနဲ့တွေ့မှ ချစ်တတ်သွားတာပါကွာ ဒါနဲ့နင်ရော"
"ငါလား ဟိုမှာလေ မင်းရှေ့မှာ အေးစက်စက်ထိုင်နေတဲ့လူသားက ငါ့ခင်ပွန်းလောင်းဘဲ နာမည်ကဝမ်ရိပေါ်တဲ့"
ကြားလိုက်ရသည့်စကားကြောင့် သူ့နှလုံးသားတစ်ခုလုံးဖျစ်ညှစ်ခံလိုက်ရသလို....
ခင်ပွန်းလောင်းတဲ့ သူ့မှာဆိုင်သူတောင်ရှိနေပြီကိုး....
ကိုယ့်မှာတော့ ခုထိသူ့ကိုတိတ်တစ်ဆိတ်မျှော်လင့်နေမိသေးတာ...ကိုယ့်ရင်ခွင်ဆီ ဘယ်တော့မှပြန်မလာနိုင်မှန်းသိသိရက်နဲ့...သူပြန်လာဖို့ခုထိဆုတောင်းမိနေတုန်း...
ချစ်လွန်းလို့ ရက်စက်လိုက်တာလို့ မပြောရက်ခဲ့ပေမဲ့ ရက်စက်လိုက်တာကွာလို့ အတ်တကြီးကြီးနဲ့သူ့မျက်နှာကိုကြည့်ပြီး အော်ပြောချင်မိသည်။
"wow...ခင်ပွန်းလောင်းတောင်ရှိပြီကိုး...သိပ်သွက်တယ်နော်"
"ငါဆိုတာ Roseဘဲလေ ဒီလောက်တော့ရှိမှာပေါ့ ဟုတ်တယ်မလား ကိုကို"
"ဟုတ်တာပေါ့...သဲ"
ရိပေါ်ရဲ့ထောက်ခံသည့်စကားအဆုံး ရှောင်းကျန့် ခေါင်းငုံသထက်ပိုပြီးတော့ငုံ့လိုက်သည်။
ရစ်ဝဲလာသည့် မျက်ရည်စတွေကို.တစ်ခြားသူမြင်လို့မဖြစ်ဘူးမလား...
သူတောင်မှ ကိုယ်နဲ့မဆိုင်သလိုနေနိုင်တာဘဲ...ကိုယ့်ရှေ့မှာတစ်ခြားတစ်ယောက်ကိုသဲလို့ ခေါ်နိုင်သေးတာဘဲ....
သူနဲ့ပတ်သက်တဲ့ခံစားချက်တွေ ခုထိဘာလို့မပြတ်မသားဖြစ်နေရတာလဲ...တစ်ကယ်ဘဲ ကိုယ့်ကိုယ်ကို မုန်းမိတယ်....။
မျက်ဝန်းအိမ်နားက မျက်ရည်စတို့ကို မသိမသာသုတ်လိုက်ရင်း...
"ကျားဝေ...ကောပြန်တော့မယ်"
ထိုသို့ပြောလိုက်တော့ ကျားဝေကအံ့သြသွားဟန်ဖြင့်....
"ခုဘဲပြန်တော့မလို့လား...ကျွန်တော်နဲ့လျှောက်မလည်တော့ဘူးလား"
"နောက်မှပေါ့...ကောအခုမှသတိရတယ်...ဒီနေ့အလုပ်ကိစ်စအတွက် ကောတစ်ယောက်နဲ့ချိန်းထားတယ် သွားတွေ့ရဦးမယ် အချိန်လည်းသိပ်မရှိတော့ဘူးဆိုတော့ ကောသွားလိုက်ဦးမယ်"
"ကျွန်တော်လိုက်ပို့ပေးမယ်လေ"
"ရပါတယ်ကွာ သူငယ်ချင်းနဲ့ပြန်တွေ့တုန်းလေးစကားအေးအေးဆေးဆေးသာပြော ကောသွားတော့မယ်"
စကားအဆက်ဖြတ်ကာ ဆိုင်ထဲမှမြန်မြန်ထွက်လာခဲ့သည်။
အပြင်သို့ရောက်တော့ ထိန်းထားသည့်မျက်ရည်စတို့က ပါးပြင်ပေါ် ကျဖြစ်အောင်ကျသေးသည်။
လူတစ်ယောက်ကိုချစ်မိရင် ကိုယ့်ရဲ့ဖြစ်တည်မှုက ပျောက်ဆုံးတတ်တယ်ဆိုတာသိပ်မှန်တဲ့စကားဘဲ...
ကိုယ့်ရဲ့ဖြစ်တည်မှုကိုမေ့ပြီး သူ့တစ်မျက်နှာကိုဘဲကြည့်ပြီး ချစ်လို့ရလာတဲ့နောက်ဆုံးရလဒ်က ဒီလိုမျိုးလား...။
"ကိုကိုအိမ်ပြန်မယ်မို့လား"
ခေါင်းငိုက်စိုက်ကျကာ အတွေးထဲနစ်မျောနေတုန်း ရင်းနှီးတဲ့အသံကြောင့် မော့ကြည့်လိုက်သည်။
"ရိပေါ်"
မြတ်နိုးရတဲ့အမည်နာမ်မလေးကို တီးတိုးစွာရွတ်ဆိုရင်း ချစ်ရသူလေးကိုငေးကြည့်နေမိသည်။
သူ့လူသားက ခုထိချောမောတုန်းဘဲ...
အကြည့်တွေလည်းခုထိစူးရှတုန်းဘဲ...
နှာတံလုံးလုံးလေးကလည်း ခုထိအသည်းယားဖွယ်ကောင်းတုန်းဘဲ...
နှုတ်ခမ်းဖူးဖူးလေးကလည်း ခုထိ နမ်းရှိုက်ချင်ဖွယ်ရာကောင်းတုန်းဘဲ...
အသားအရည်ကလည်း ကြည်လင်တောက်ပလွန်းလို့ ခုထိအားကျချင်စဖွယ်ကောင်းတုန်းဘဲ...
"ငိုနေတာလား"
မေးခွန်းနှင့်အတူ သူ့ပါးပြင်ပေါ်ကစိုနေသည့်အရာကို စင်အောင်သုတ်ပေးလိုက်သည့် သူ့လူသားရယ်ပါလေ...။
"ကိုကိုအိမ်ပြန်မယ်မို့လား ကျွန်တော်လိုက်ပို့ပေးမယ်"
လိုက်ပို့ပေးမယ်တဲ့...ပြီးတော့ သူ့ကိုခေါ်တဲ့နာမ်စားကလည်းကိုကိုတဲ့...
ဒါဘာသဘောလဲ ဝမ်ရိပေါ် ငါ့ကိုလှောင်ချင်တာလား ဒါမှမဟုတ် ငါ့ကိုသနားနေတာလား...
အဲ့သလိုအော်ဟစ်ပြီးပြောင်ချင်ပေမဲ့ မပြောရက်ဘူး...ချစ်လွန်းလို့ အရှုံးဆိုတဲ့အရာကိုကိုယ်ဘဲခံယူလိုက်မယ်...။
"ရပါတယ်..ငါ့ဘာသာငါပြန်လိုက်မယ် မင်းမှာက သူမပါလာတယ်မလား တော်ကြာလိုက်ရှာနေဦးမယ်"
"ကိုကိုဘာနဲ့ပြန်မှာလဲ"
သူ့စကားကိုဂရုမစိုက်စွာ မေးခွန်းပြန်ထုတ်လာသည့်သူ့လူသားက မုန်းဖို့ကောင်းပေမဲ့ ခုထိချစ်ဖို့ကောင်းနေတုန်းဘဲ...
"Taxiနဲ့ပြန်လိုက်မယ်...လာတုန်းကကျားဝေနဲ့လာတာဆိုတော့..."
"ကျွန်တော်လိုက်ပို့ပေးမယ် မငြင်းနဲ့ကျွန်တော်မကြိုက်ဘူး"
အမိန့်ဆန်သောစကားနဲ့အတူ ရုတ်တစ်ရက် ပွေ့ချီခံလိုက်ရသော ရှောင်းကျန့်...
အံသြမှုနဲ့အတူ သူ့လူသားကိုမော့ကြည့်လိုက်သည်။
"ဝမ်ရိပေါ် မင်းဘာလုပ်မလို့လဲ"
"တိတ်တိတ်နေ အိမ်ရောက်မှစကားပြောမယ်"
သူ့စကားတစ်ခွန်းဆိုတစ်ခွန်း အမြဲနားထောင်လာသည့်ကိုယ်က အကျင့်ပါပြီထင်ပါရဲ့...သူကတိတ်ဆိုရင် ကိုယ်ကလည်းတိတ်ဖို့အဆင်သင့်ပါဘဲ...။
ကြောက်လွန်းလို့တော့မဟုတ်ဘူး...ချစ်လွန်းလို့...ချစ်လွန်းလို့...ဒါကိုမင်းမြင်တတ်ရင်ကောင်းမယ် ဝမ်ရိပေါ်...။
.......................❤💚❤..........................
ကဲ...ကဲ...2ပိုင်းထဲသာရှိတဲ့ one shot ficလေးလာပါပြီး...အသစ်...အသစ်နော်...