မနေ့ကအဖြစ်အပျက်ဖြစ်ပြီးနောက်ပိုင်း သူဂျောင်ကုကို မျက်စိရှေ့မှ လုံးဝအပျောက်မခံနိုင်တော့ပါ။
အခုဆိုလျှင် ဂျောင်ကုက စာတွေကိုကောင်းကောင်းရေးတတ်အပြင်
ပုံတွေပါမထင်ရင်မထင်သလို
ဆွဲနေသေးသည်။
မျက်စိရှေ့မှ တကုတ်ကုတ်
စာရေးနေသော ဂျောင်ကုသည်
မနေ့ကကြောက်စရာကောင်းသော
အကောင်ကြီးအဖြစ်
ပြောင်းသွားသည်မှာ
ယုံဖွယ်ရာ တစက်ကလေးမှမရှိ။
''ဂျောင်ကု...''
စာရေးနေရင်းမော့ကြည့်သည်..။
''မင်းဗိုက်ဆာပြီလား
ထမင်းစားတော့မလား...''
မဖြေဘဲ ထရပ်ပြီး
မီးဖိုချောင်အခန်းထဲသို့ ဝင်သွားသည်။
'ဘာဖြစ်လို့ပါလိမ့်'ဆိုပြီး လိုက်ကြည့်တော့ ကျွန်တော့်အတွက်ရော
သူ့အတွက်ပါ ထမင်းခူးနေလေသည်..။
ဒီလိုမျိုးအလိုက်သိတတ်တဲ့ဂျောင်ကုက ဝံပုလွေဆိုတာကိုသာ လူတွေ
သိသွားရင် ဘယ်လောက်တောင်
အမုန်းခံလိုက်ရမလည်း..။
စားပွဲတွင်ထိုင်ကာ ဂျောင်ကု
ယူလာမည့်ထမင်းပန်းကန်ကိုသာ
စောင့်နေမိသည်။
အချိန်အနည်းငယ်ကြာသည့်အခါ ဟင်းပါတစ်ခါတည်းပုံထားပြီးသား ထမင်းပန်းကန်ကို
ကျွန်တော့်ရှေ့ချပေးသည်..။
ပြီးမှ သူကလည်းမျက်နှာချင်းဆိုင်တွင် ဝင်ထိုင်သည်..။
ဂျောင်ကုကိုလူတွေမုန်းသွားမှာကို ကျွန်တော်မလိုလားဘူး..။
ဒီလိုမျိုး ဘာမှမသိတဲ့ဂျောင်ကုကို
လူတွေအကုန်လုံးက ဝိုင်းချစ်ပြီး
ကူညီပေးစေချင်တာ..။သူသာ ဝံပုလွေမှန်းသိသွားလို့ ရွာကလူတွေက
ဒီရွာကနေနှင်ထုတ်ရင်
ဘယ်လိုလုပ်မလည်း။
ဘာမှမသိတဲ့ငါ့ရဲ့ဂျောင်ကုက
ရွာအပြင်မှာဘယ်လိုမျိုးနေမှာလည်း။
အတွေးနဲ့တင်ကို
ရင်ထဲမှာတစ်မျိုးကြီး။
စိတ်မကောင်းဖြစ်မိခြင်းနှင့်အတူ တစ်ဖက်မှလည်း ဂူဒုံဂျူဆိုသည့်လူကို အမှုန့်ကြိတ်ချင်မိသည်..။
ထမင်းကို အခုထိ လုံးဝမထိဘဲ အတွေးပေါင်းစုံဖြင့်
ယောက်ယက်ခတ်နေသည့်
ကျွန်တော့်ကို ဂျောင်ကုက
မြင်သွားသည်ထင် သူ့ပန်းကန်ထဲမှ အသားတုံးကို ကျွန်တော့်ပန်းကန်ထဲထည့်ပေးသည်..။ဂျောင်ကုက ကျွန်တော်ထမင်းမစားတာသည်မှာ ပန်းကန်ထဲတွင်
အသားတုံးသိပ်မပါလို့ဟု ထင်နေပုံ..။
သူ့ရဲ့အပြုအမူကြောင့်
ဝဲလာသော မျက်ရည်များကို မျက်တောင်တဖျက်ဖျက်ခတ်ကာ
ပုတ်ထုတ်မိသည်..။
သူထည့်ပေးော အသားတုံးကို
တူဖြင့်ညှပ်ကာ သူ့ပန်းကန်ထဲသို့
ပြန်ထည့်ပေးလိုက်ပြီး သူ့ခေါင်းကို အကြောင်းအရင်းမရှိဘဲ
ညင်ညင်သာသာလေးပွတ်ပေးကာ..
''မင်းကဝံပုလွေဆိုတော့
အသားကြိုက်မှာပေါ့ မင်းပဲစားပါ..''
ကျွန်တော်ဝန်ခံပါတယ်
ဂျောင်ကုနဲ့မခွဲနိုင်တော့ဘူး..။
My Wolf
''အကိုထယ်ယောင်း
အကိုထယ်ယောင်း''
အိမ်ထဲသို့ အမောတကော
ပြေးဝင်လာသော တူးတူး..။
''ဘာ..ဘာဖြစ်လို့လည်း..''
''သမီးအမေက သမီးကိုမေးတယ်
အကိုဂျောင်ကုက ဝံပုလွေလားတဲ့..''
''ဟုတ်...ဟုတ်လား..''
''အဲ့ဒါအကိုထယ်ယောင်းကိုလည်း
လာမေးမလို့ထင်တယ် လမ်းမှာ
အဒေါ်ကြီးတွေကို တွေ့ခဲ့လို့..''
''ဟင်..အဲ့အဒေါ်ကြီးတွေက
ငါ့ဆီလာမလို့လား..''
''ဟုတ်တယ် အကိုဂျောင်ကုအကြောင်း လာမေးမလို့နေမှာပေါ့..''
တူးတူးစကားကြောင့်
ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ..။
စကားကို လိမ့်ပတ်လည်အောင်
ပြောနိုင်ဖို့အတွက် စိတ်ကိုသာ
တည်တည်ငြိမ်ငြိမ်ထားနေရသည်..။
''ဒေါက်..ဒေါက်..''
''ထယ်ယောင်းရေ သားအထဲထဲမှာ
ရှိလား အဒေါ်တို့ဝင်လာချင်လို့..''
''ရှိ..ရှိပါတယ်''
အသက်ကိုခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီးတံခါးကိုဖွင့်ပေးလိုက်သည်..။
တံခါးရှေ့တွင် ရပ်နေသည်က
အဒေါ်ကြီးသုံးယောက်...။
''ထယ်ယောင်းအမေက
ဆိုးလ်ကို သွားနေတယ်ဆို..''
ထိုအန်တီကြီးက အိမ်ထဲသို့
မျက်စိကစားရင်းမေးသည်..။
''ဟုတ်ကဲ့...''
''သြော် အဒေါ်တို့က သားစားရတာအဆင်မပြေမှာဆိုးလို့ အိမ်ကအစားအသောက်တွေယူလာတာ..''
''သြော် ဟုတ်ကဲ့ ကျေးဇူးပါ....''
အိမ်တစ်အိမ်လုံးကို ဝေ့ဝိုက်ကြည့်ကာ မျက်စိကစားနေသော
အဒေါ်ကြီးသုံးယောက်
လိုက်ရှာနေသည့်အရာကို ကျွန်တော်ကောင်းကောင်းကြီးသိတာပေါ့..။
''ဂျောင်ကုရေ ငါ့ကို ကူသယ်ပေးပါဦး''
ဂျောင်ကုဆိုသည့်နာမည်ကြားသည်နှင့် ထိုအဒေါ်ကြီးတို့၏ မျက်လုံးများမှာ
တဖျက်ဖျက်လက်သွားသည်..။
''ဟဲ့ဘယ်နားက
ဝံပုလွေနဲ့တူနေလို့လည်း..''
''လူစစ်စစ်ကြီးပါဟယ်..''
''ဒါပေမဲ့ အဲ့ကောင်လေးက စကားမပြောတတ်ဘူးတဲ့..''
သူတို့ရဲ့ တီးတိုးပြောသံတွေကို
ကြားပေမဲ့ လျစ်လျူရှုထားလိုက်သည်။
''ဂျောင်ကု ဒါတွေကို
မီးဖိုချောင်ထဲ ယူသွားလိုက်
ငါသူတို့နဲ့ စကားပြောလိုက်ဦးမယ်..''
ဂျောင်ကုထွက်သွားသည်နှင့်
''အဒေါ်တို့ ပေးစရာရှိတာပေးပြီးပြီ
ဆိုတော့လေ ပြန်လို့ရပါပြီခင်ဗျ...''
''ခုနကောင်လေးက
စကားမပြောတတ်ဘူးမဟုတ်လား..''
''မပြောတတ်တာမဟုတ်ပါဘူး
မပြောတာပါ။
ဘာဖြစ်လို့လည်းမသိဘူး''
''အဲ့ကောင်လေးက သမန်းဝံပုလွေဆို ဟုတ်လား ညကျရင်
ဝံပုလွေဘာတွေပြောင်းသွားတာကို မင်းမြင်ဖူးလား''
''ဒီလောက်လူစစ်စစ်ကြီးက
ဝံပုလွေဖြစ်မလား အဒေါ်ရယ်..''
''ဒါပေမဲ့လည်း လူလေးရယ်
မင်းမတွေ့ဖူးပေမဲ့ တခြားလူတွေက တွေ့ဖူးတယ်လို့
ပြောနေကြတာပါရော..''
''အဒေါ်တို့က ဟင်းလာပေးတာလား လာစပ်စုတာလားခင်ဗျ..''
ထယ်ယောင်း၏တဲ့တိုးစကားကို
ကြားတော့ အရှေ့မှ
အဒေါ်ကြီးသုံးယောက်လုံး
မျက်စိမျက်နှာပျက်သွားသည်..။
ထို့နောက် ပျာပျာသလဲနှင့်..
''အဲ့..အဲ့လိုမဟုတ်ပါဘူး
အဒေါ်တို့သွားတော့မယ်လေ..''
''ဟုတ်ကဲ့ ကောင်းကောင်းပြန်ပါ..''
သူတို့ထွက်သွားသည်နှင့် ထယ်ယောင်းမှာ ဒေါသကိုမချုပ်တီးနိုင်တော့သဖြင့် နံရံကိုပိတ်ထိုးပစ်သည်..။
နောက်တစ်ချက်ထိုးမည်ကြံသည့်အခါ ဂျောင်ကုက လက်ကိုဆွဲထားပြီး
သူ့ရင်ဘတ်ထဲသို့ ကျွန်တော့်ကို
ဆွဲသွင်းလိုက်ပြီး ကျောပြင်ကို
ခပ်ဖွဖွပုတ်ပေးသည်..။
လူတွေများ
ကြောက်စရာကောင်းလိုက်တာ။
တချို့လူတွေက လက်နဲ့လည်းမသတ်၊ သတ်ဖို့အတွက် လက်နက်လည်း
မသုံးဘဲ ပါးစပ်ကိုပဲ အသုံးပြုကြသည်။
အဲ့ဒီပါးစပ်က
ထွက်လာတဲ့စကားတွေကြောင့်
သေသွားရတဲ့ဘဝတွေအများကြီးပဲ..။
အခုလည်း ဂျောင်ကုအကြောင်းကို အတင်းအဖျင်းပြောဖို့
လာစပ်စုနေကြတာ..။
ကျွန်တော့်ကို အုပ်မိုးထားသော
ရင်ခွင်ပိုင်ရှင်ကို မော့ကြည့်တော့
ထုံးစံအတိုင်းနှာခေါင်းလေးရှုံ့ပြီး
ပြုံးပြသည်...။
ဘာမှမသိတဲ့ အဖြူထည်လူသားရဲ့ နှာခေါင်းလုံးလုံးလေးကိုမနာအောင် ဆွဲညှစ်လိုက်သည်..။
ငါပဲ မင်းအစားအမုန်းခံလိုက်ချင်တယ် ဂျောင်ကုရယ်..။
====
ဂူဒုံဂျူမှာ ဂျောင်ကုဆိုတဲ့ကောင်ဟာ ဝံပုလွေဖြစ်တဲ့အကြောင်း၊
သူ့ကိုသတ်ဖို့ကြံစည်ခဲ့တဲ့အကြောင်းကို သူ့အား လူနာလာမေးသူများအား အရူးတစ်ယောက်လို
ပြောပြနေပါသော်လည်း
ယုံကြည်ပေးသည့်လူလည်း ရှိသလို၊
မယုံကြည်သည့်လူလည်းရှိသည်..။
''ဒုံဂျူ မင်းအဆင်ပြေရဲ့လား..''
''နည်းနည်းတော့ ပြေပါတယ်''
''ကျောရောအောင့်နေသေးလား..''
''အောင့်တော့အောင့်သေးတယ်
ဟာဗျာတွေးမိတိုင်း အဲ့ဒီအကောင်ကို သတ်ပစ်ချင်တယ်''
''အဲ့ဒီတုန်းက ဆရာဘာလို့
ကျွန်တော်တို့နှစ်ယောက်ကို
မခေါ်သွားတာလည်း''
သူငယ်ချင်းလိုမျိုး၊တပည့်တွေလိုမျိုး ပေါင်းလာခဲ့သော ငယ်ဖော်များက မကျေမချမ်းဝင်ပြောသည်..။
''အဲ့ကောင်က ဝံပုလွေဆိုရင် ဝံပုလွေဖမ်းတဲ့လူတွေဆီမှာအပ်လိုက်ရင်ရော''
အဖေဖြစ်သူ၏
အကြံပေးစကားကြောင့် ဂူဒုံဂျူ
ထခုန်မတက်ဝမ်းသာမိသွားသည်..။
''ဟာ..သားမစဥ်းစားမိဘူးဗျာ..
ဒါနဲ့အဲ့လူတွေကို
ဘယ်မှာသွားရှာရမလည်း''
''အရင်တုန်းက ရွာကို သမန်းဝံပုလွေတစ်ကောင်ဝင်လာတယ်လို့
ပြောတုန်းက သူတို့က
ဟိုးအနောက်ဘက်လျိုကြီးထဲမှာ
နေတယ်လို့တော့ပြောတယ်''
''အဲ့ဒီအကောင်ကို
သူတို့လက်ထဲအပ်ရင်
ဘာဆက်ဖြစ်မှာလည်း..''
'' သတ်ပစ်ရင် သတ်ပစ်
မသတ်ပစ်ရင် သေချာပေါက်
ခိုင်းစားမှာပေါ့..''
''အဲ့ဒါဆို ကျွန်တော်တို့သုံးယောက် မနက်ဖြန်မနက်တင်
သွားရှာတော့မယ်..''
Bacca
6.12.2020
မေန႔ကအျဖစ္အပ်က္ျဖစ္ၿပီးေနာက္ပိုင္း သူေဂ်ာင္ကုကို မ်က္စိေရွ႕မွ လုံးဝအေပ်ာက္မခံႏိုင္ေတာ့ပါ။
အခုဆိုလွ်င္ ေဂ်ာင္ကုက စာေတြကိုေကာင္းေကာင္းေရးတတ္အျပင္
ပုံေတြပါမထင္ရင္မထင္သလို
ဆြဲေနေသးသည္။
မ်က္စိေရွ႕မွ တကုတ္ကုတ္
စာေရးေနေသာ ေဂ်ာင္ကုသည္
မေန႔ကေၾကာက္စရာေကာင္းေသာ
အေကာင္ႀကီးအျဖစ္
ေျပာင္းသြားသည္မွာ
ယုံဖြယ္ရာ တစက္ကေလးမွမရွိ။
''ေဂ်ာင္ကု...''
စာေရးေနရင္းေမာ့ၾကည့္သည္..။
''မင္းဗိုက္ဆာၿပီလား
ထမင္းစားေတာ့မလား...''
မေျဖဘဲ ထရပ္ၿပီး
မီးဖိုေခ်ာင္အခန္းထဲသို႔ ဝင္သြားသည္။
'ဘာျဖစ္လို႔ပါလိမ့္'ဆိုၿပီး လိုက္ၾကည့္ေတာ့ ကြၽန္ေတာ့္အတြက္ေရာ
သူ႔အတြက္ပါ ထမင္းခူးေနေလသည္..။
ဒီလိုမ်ိဳးအလိုက္သိတတ္တဲ့ေဂ်ာင္ကုက ဝံပုေလြဆိုတာကိုသာ လူေတြ
သိသြားရင္ ဘယ္ေလာက္ေတာင္
အမုန္းခံလိုက္ရမလည္း..။
စားပြဲတြင္ထိုင္ကာ ေဂ်ာင္ကု
ယူလာမည့္ထမင္းပန္းကန္ကိုသာ
ေစာင့္ေနမိသည္။
အခ်ိန္အနည္းငယ္ၾကာသည့္အခါ ဟင္းပါတစ္ခါတည္းပုံထားၿပီးသား ထမင္းပန္းကန္ကို
ကြၽန္ေတာ့္ေရွ႕ခ်ေပးသည္..။
ၿပီးမွ သူကလည္းမ်က္ႏွာခ်င္းဆိုင္တြင္ ဝင္ထိုင္သည္..။
ေဂ်ာင္ကုကိုလူေတြမုန္းသြားမွာကို ကြၽန္ေတာ္မလိုလားဘူး..။
ဒီလိုမ်ိဳး ဘာမွမသိတဲ့ေဂ်ာင္ကုကို
လူေတြအကုန္လုံးက ဝိုင္းခ်စ္ၿပီး
ကူညီေပးေစခ်င္တာ..။သူသာ ဝံပုေလြမွန္းသိသြားလို႔ ႐ြာကလူေတြက
ဒီ႐ြာကေနႏွင္ထုတ္ရင္
ဘယ္လိုလုပ္မလည္း။
ဘာမွမသိတဲ့ငါ့ရဲ႕ေဂ်ာင္ကုက
႐ြာအျပင္မွာဘယ္လိုမ်ိဳးေနမွာလည္း။
အေတြးနဲ႔တင္ကို
ရင္ထဲမွာတစ္မ်ိဳးႀကီး။
စိတ္မေကာင္းျဖစ္မိျခင္းႏွင့္အတူ တစ္ဖက္မွလည္း ဂူဒုံဂ်ဴဆိုသည့္လူကို အမႈန္႔ႀကိတ္ခ်င္မိသည္..။
ထမင္းကို အခုထိ လုံးဝမထိဘဲ အေတြးေပါင္းစုံျဖင့္
ေယာက္ယက္ခတ္ေနသည့္
ကြၽန္ေတာ့္ကို ေဂ်ာင္ကုက
ျမင္သြားသည္ထင္ သူ႔ပန္းကန္ထဲမွ အသားတုံးကို ကြၽန္ေတာ့္ပန္းကန္ထဲထည့္ေပးသည္..။ေဂ်ာင္ကုက ကြၽန္ေတာ္ထမင္းမစားတာသည္မွာ ပန္းကန္ထဲတြင္
အသားတုံးသိပ္မပါလို႔ဟု ထင္ေနပုံ..။
သူ႔ရဲ႕အျပဳအမူေၾကာင့္
ဝဲလာေသာ မ်က္ရည္မ်ားကို မ်က္ေတာင္တဖ်က္ဖ်က္ခတ္ကာ
ပုတ္ထုတ္မိသည္..။
သူထည့္ေပးော အသားတုံးကို
တူျဖင့္ညႇပ္ကာ သူ႔ပန္းကန္ထဲသို႔
ျပန္ထည့္ေပးလိုက္ၿပီး သူ႔ေခါင္းကို အေၾကာင္းအရင္းမရွိဘဲ
ညင္ညင္သာသာေလးပြတ္ေပးကာ..
''မင္းကဝံပုေလြဆိုေတာ့
အသားႀကိဳက္မွာေပါ့ မင္းပဲစားပါ..''
ကြၽန္ေတာ္ဝန္ခံပါတယ္
ေဂ်ာင္ကုနဲ႔မခြဲႏိုင္ေတာ့ဘူး..။
My Wolf
''အကိုထယ္ေယာင္း
အကိုထယ္ေယာင္း''
အိမ္ထဲသို႔ အေမာတေကာ
ေျပးဝင္လာေသာ တူးတူး..။
''ဘာ..ဘာျဖစ္လို႔လည္း..''
''သမီးအေမက သမီးကိုေမးတယ္
အကိုေဂ်ာင္ကုက ဝံပုေလြလားတဲ့..''
''ဟုတ္...ဟုတ္လား..''
''အဲ့ဒါအကိုထယ္ေယာင္းကိုလည္း
လာေမးမလို႔ထင္တယ္ လမ္းမွာ
အေဒၚႀကီးေတြကို ေတြ႕ခဲ့လို႔..''
''ဟင္..အဲ့အေဒၚႀကီးေတြက
ငါ့ဆီလာမလို႔လား..''
''ဟုတ္တယ္ အကိုေဂ်ာင္ကုအေၾကာင္း လာေမးမလို႔ေနမွာေပါ့..''
တူးတူးစကားေၾကာင့္
ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိ..။
စကားကို လိမ့္ပတ္လည္ေအာင္
ေျပာႏိုင္ဖို႔အတြက္ စိတ္ကိုသာ
တည္တည္ၿငိမ္ၿငိမ္ထားေနရသည္..။
''ေဒါက္..ေဒါက္..''
''ထယ္ေယာင္းေရ သားအထဲထဲမွာ
ရွိလား အေဒၚတို႔ဝင္လာခ်င္လို႔..''
''ရွိ..ရွိပါတယ္''
အသက္ကိုခပ္ျပင္းျပင္းရႉရႈိက္လိုက္ၿပီးတံခါးကိုဖြင့္ေပးလိုက္သည္..။
တံခါးေရွ႕တြင္ ရပ္ေနသည္က
အေဒၚႀကီးသုံးေယာက္...။
''ထယ္ေယာင္းအေမက
ဆိုးလ္ကို သြားေနတယ္ဆို..''
ထိုအန္တီႀကီးက အိမ္ထဲသို႔
မ်က္စိကစားရင္းေမးသည္..။
''ဟုတ္ကဲ့...''
''ေၾသာ္ အေဒၚတို႔က သားစားရတာအဆင္မေျပမွာဆိုးလို႔ အိမ္ကအစားအေသာက္ေတြယူလာတာ..''
''ေၾသာ္ ဟုတ္ကဲ့ ေက်းဇူးပါ....''
အိမ္တစ္အိမ္လုံးကို ေဝ့ဝိုက္ၾကည့္ကာ မ်က္စိကစားေနေသာ
အေဒၚႀကီးသုံးေယာက္
လိုက္ရွာေနသည့္အရာကို ကြၽန္ေတာ္ေကာင္းေကာင္းႀကီးသိတာေပါ့..။
''ေဂ်ာင္ကုေရ ငါ့ကို ကူသယ္ေပးပါဦး''
ေဂ်ာင္ကုဆိုသည့္နာမည္ၾကားသည္ႏွင့္ ထိုအေဒၚႀကီးတို႔၏ မ်က္လုံးမ်ားမွာ
တဖ်က္ဖ်က္လက္သြားသည္..။
''ဟဲ့ဘယ္နားက
ဝံပုေလြနဲ႔တူေနလို႔လည္း..''
''လူစစ္စစ္ႀကီးပါဟယ္..''
''ဒါေပမဲ့ အဲ့ေကာင္ေလးက စကားမေျပာတတ္ဘူးတဲ့..''
သူတို႔ရဲ႕ တီးတိုးေျပာသံေတြကို
ၾကားေပမဲ့ လ်စ္လ်ဴရႈထားလိုက္သည္။
''ေဂ်ာင္ကု ဒါေတြကို
မီးဖိုေခ်ာင္ထဲ ယူသြားလိုက္
ငါသူတို႔နဲ႔ စကားေျပာလိုက္ဦးမယ္..''
ေဂ်ာင္ကုထြက္သြားသည္ႏွင့္
''အေဒၚတို႔ ေပးစရာရွိတာေပးၿပီးၿပီ
ဆိုေတာ့ေလ ျပန္လို႔ရပါၿပီခင္ဗ်...''
''ခုနေကာင္ေလးက
စကားမေျပာတတ္ဘူးမဟုတ္လား..''
''မေျပာတတ္တာမဟုတ္ပါဘူး
မေျပာတာပါ။
ဘာျဖစ္လို႔လည္းမသိဘူး''
''အဲ့ေကာင္ေလးက သမန္းဝံပုေလြဆို ဟုတ္လား ညက်ရင္
ဝံပုေလြဘာေတြေျပာင္းသြားတာကို မင္းျမင္ဖူးလား''
''ဒီေလာက္လူစစ္စစ္ႀကီးက
ဝံပုေလြျဖစ္မလား အေဒၚရယ္..''
''ဒါေပမဲ့လည္း လူေလးရယ္
မင္းမေတြ႕ဖူးေပမဲ့ တျခားလူေတြက ေတြ႕ဖူးတယ္လို႔
ေျပာေနၾကတာပါေရာ..''
''အေဒၚတို႔က ဟင္းလာေပးတာလား လာစပ္စုတာလားခင္ဗ်..''
ထယ္ေယာင္း၏တဲ့တိုးစကားကို
ၾကားေတာ့ အေရွ႕မွ
အေဒၚႀကီးသုံးေယာက္လုံး
မ်က္စိမ်က္ႏွာပ်က္သြားသည္..။
ထို႔ေနာက္ ပ်ာပ်ာသလဲႏွင့္..
''အဲ့..အဲ့လိုမဟုတ္ပါဘူး
အေဒၚတို႔သြားေတာ့မယ္ေလ..''
''ဟုတ္ကဲ့ ေကာင္းေကာင္းျပန္ပါ..''
သူတို႔ထြက္သြားသည္ႏွင့္ ထယ္ေယာင္းမွာ ေဒါသကိုမခ်ဳပ္တီးႏိုင္ေတာ့သျဖင့္ နံရံကိုပိတ္ထိုးပစ္သည္..။
ေနာက္တစ္ခ်က္ထိုးမည္ႀကံသည့္အခါ ေဂ်ာင္ကုက လက္ကိုဆြဲထားၿပီး
သူ႔ရင္ဘတ္ထဲသို႔ ကြၽန္ေတာ့္ကို
ဆြဲသြင္းလိုက္ၿပီး ေက်ာျပင္ကို
ခပ္ဖြဖြပုတ္ေပးသည္..။
လူေတြမ်ား
ေၾကာက္စရာေကာင္းလိုက္တာ။
တခ်ိဳ႕လူေတြက လက္နဲ႔လည္းမသတ္၊ သတ္ဖို႔အတြက္ လက္နက္လည္း
မသုံးဘဲ ပါးစပ္ကိုပဲ အသုံးျပဳၾကသည္။
အဲ့ဒီပါးစပ္က
ထြက္လာတဲ့စကားေတြေၾကာင့္
ေသသြားရတဲ့ဘဝေတြအမ်ားႀကီးပဲ..။
အခုလည္း ေဂ်ာင္ကုအေၾကာင္းကို အတင္းအဖ်င္းေျပာဖို႔
လာစပ္စုေနၾကတာ..။
ကြၽန္ေတာ့္ကို အုပ္မိုးထားေသာ
ရင္ခြင္ပိုင္ရွင္ကို ေမာ့ၾကည့္ေတာ့
ထုံးစံအတိုင္းႏွာေခါင္းေလးရႈံ႕ၿပီး
ၿပဳံးျပသည္...။
ဘာမွမသိတဲ့ အျဖဴထည္လူသားရဲ႕ ႏွာေခါင္းလုံးလုံးေလးကိုမနာေအာင္ ဆြဲညႇစ္လိုက္သည္..။
ငါပဲ မင္းအစားအမုန္းခံလိုက္ခ်င္တယ္ ေဂ်ာင္ကုရယ္..။
====
ဂူဒုံဂ်ဴမွာ ေဂ်ာင္ကုဆိုတဲ့ေကာင္ဟာ ဝံပုေလြျဖစ္တဲ့အေၾကာင္း၊
သူ႔ကိုသတ္ဖို႔ႀကံစည္ခဲ့တဲ့အေၾကာင္းကို သူ႔အား လူနာလာေမးသူမ်ားအား အ႐ူးတစ္ေယာက္လို
ေျပာျပေနပါေသာ္လည္း
ယုံၾကည္ေပးသည့္လူလည္း ရွိသလို၊
မယုံၾကည္သည့္လူလည္းရွိသည္..။
''ဒုံဂ်ဴ မင္းအဆင္ေျပရဲ႕လား..''
''နည္းနည္းေတာ့ ေျပပါတယ္''
''ေက်ာေရာေအာင့္ေနေသးလား..''
''ေအာင့္ေတာ့ေအာင့္ေသးတယ္
ဟာဗ်ာေတြးမိတိုင္း အဲ့ဒီအေကာင္ကို သတ္ပစ္ခ်င္တယ္''
''အဲ့ဒီတုန္းက ဆရာဘာလို႔
ကြၽန္ေတာ္တို႔ႏွစ္ေယာက္ကို
မေခၚသြားတာလည္း''
သူငယ္ခ်င္းလိုမ်ိဳး၊တပည့္ေတြလိုမ်ိဳး ေပါင္းလာခဲ့ေသာ ငယ္ေဖာ္မ်ားက မေက်မခ်မ္းဝင္ေျပာသည္..။
''အဲ့ေကာင္က ဝံပုေလြဆိုရင္ ဝံပုေလြဖမ္းတဲ့လူေတြဆီမွာအပ္လိုက္ရင္ေရာ''
အေဖျဖစ္သူ၏
အႀကံေပးစကားေၾကာင့္ ဂူဒုံဂ်ဴ
ထခုန္မတက္ဝမ္းသာမိသြားသည္..။
''ဟာ..သားမစဥ္းစားမိဘူးဗ်ာ..
ဒါနဲ႔အဲ့လူေတြကို
ဘယ္မွာသြားရွာရမလည္း''
''အရင္တုန္းက ႐ြာကို သမန္းဝံပုေလြတစ္ေကာင္ဝင္လာတယ္လို႔
ေျပာတုန္းက သူတို႔က
ဟိုးအေနာက္ဘက္လ်ိဳႀကီးထဲမွာ
ေနတယ္လို႔ေတာ့ေျပာတယ္''
''အဲ့ဒီအေကာင္ကို
သူတို႔လက္ထဲအပ္ရင္
ဘာဆက္ျဖစ္မွာလည္း..''
'' သတ္ပစ္ရင္ သတ္ပစ္
မသတ္ပစ္ရင္ ေသခ်ာေပါက္
ခိုင္းစားမွာေပါ့..''
''အဲ့ဒါဆို ကြၽန္ေတာ္တို႔သုံးေယာက္ မနက္ျဖန္မနက္တင္
သြားရွာေတာ့မယ္..''
Bacca
6.12.2020