Unicode
ကျွင်းကျီမြို့မှာ အန်းမိသားစုပိုင် အဆောက်အဦ မရှိပါပေ။
အတိတ်တစ်ခါက အန်းချန်ဖူသည် သူ့ရဲ့ လုပ်ငန်းများကို ကျွင်းကျီမြို့၌ တိုးချဲ့ရန် တကယ့်ကို ဆန္ဒရှိနေခဲ့သည်။ သို့သော် သူက ငွေအမြောက်အမြား သုံး၍ လမ်းကြောင်းဖောက်သည့်အခါ၌ လွှမ်းမိုးနိုင်စွမ်းရှိသော အရာရှိမင်းတစ်ဦးက သူ့ကို ပြောခဲ့သည်မှာ ကျွင်းကျီမြို့က ခက်ခဲရှုပ်ထွေးပြီး အပြောင်းအလဲ မြန်တတ်ကြောင်း၊ ခဏမျှ သတိလက်လွတ် ဖြစ်သွားသည်နှင့် မွဲပြာကျသွားနိုင်ကြောင်း ဖြစ်ပေသည်။
အန်းမိသားစုမှာ အန်းယွမ်စီရင်စုတွင် မြေရှင်ကြီးပင် ဖြစ်သော်လည်း တာ့ယာတိုင်းပြည်တစ်ခုလုံးနှင့် ခြုံကြည့်လိုက်ပါမူ တတိယအဆင့် စီးပွားရေးလုပ်ငန်းရှင်များသာ ဖြစ်သည်။ ကျွင်းကျီမြို့မှ အရေးပါအရာရောက်သော လူများအတွက်တော့ သေးငယ်သည့် စီရင်စုလေးကို နင်းခြေပစ်ဖို့ရန်မှာ ပုရွက်ဆိတ်တစ်ကောင်ကို တက်နင်းလိုက်သကဲ့သို့ လွယ်ကူလေသည်။ ထိုကတည်းက အန်းချန်ဖူမှာ ဤအကြောင်းကို လုံးဝမှ မစဥ်းစားရဲတော့ပါပေ။ သူက အန်းယွမ်စီရင်စု၌သာနေပြီး မြေပိုင်ရှင် ဟူသောနာမည်ကိုသာ ယူထားလေသည်။
ဒီခရီးတွင် အန်းကျီယန်က အစေခံများအပါအဝင် လူ ၁၅ယောက်သာ ခေါ်လာခဲ့သည်။ ဤမျှများပြားသော သူများအတွက် တည်းခိုခန်းငှားရန် မဖြစ်နိုင်ပေ။ ကျွင်းကျီမြို့နှင့် အန်းယွမ်စီရင်စုကြားရှိ စျေးနှုန်းမှာ အလွန်ပင် ကွာခြားလှသည်။ တစ်လတာနေထိုင်ဖို့ရာအတွက်ပင် များပြားလှသည့် ငွေကြေးများ လိုအပ်ပေသည်။ အန်းမိသားစုတွင် ပိုက်ဆံရှိသည် ဆိုလျှင်တောင်မှ သူတို့မှာ ထိုကဲ့သို့ မဖြုန်းတီးလိုက်သင့်ပါပေ။
ကျွင်းကျီမြို့တွင် သူတို့မည်မျှကြာကြာ နေရမည်ကို မသိသည်မို့ အန်းကျီယန်က အိမ်တော်ဝန်း တစ်ခု ငှားရန် ဆုံးဖြတ်လိုက်သည်။ လူတစ်ချို့ကို ပိုက်ဆံနည်းနည်းပေးကာ ရှာခိုင်းလိုက်လေ၏။ နေထိုင်ဖို့နေရာမှာ ဇိမ်ခံပစ္စည်းများ မပါရှိသလို စည်ကားသိုက်မြိုက်သည့်နေရာ မဟုတ်သော်ငြား အခန်းအရေအတွက် အတော်လေးပါရှိလေပြီး လူအယောက်နှစ်ဆယ်မျှ ကောင်းမွန်စွာ နေထိုင်နိုင်ပေသည်။ သူက ထိုနေရာကို တစ်လသာ ငှားရမ်းလိုက်ပြီး ငွေတုံးတစ်ရာ ကျသင့်လေသည်။
နောက်တစ်နေ့တွင် လူတိုင်းက အိမ်တော်ဝန်းထဲသို့ ရွှေ့လိုက်ကြသည်။ ထိုသို့ ရွှေ့ပြောင်းလိုက်ရသောကြောင့် လူတိုင်းပင် အလွန်မောပန်းနေကြ၏။ ညဘက်သို့ ရောက်လာသည်မို့ အိမ်တော်တစ်ခုလုံး တိတ်ဆိတ်လျက် ရှိနေကြသည်။ အများစုမှာ အိပ်နေကြပြီ ဖြစ်၏။
အန်းကျီယန်က ပြတင်းပေါက်နား လမ်းလေးထက်တွင် ရပ်ကာ အပြင်ဘက်ရှိ ကြည်လင်လှသော ရေကန်ကို စိုက်ကြည့်နေလေသည်။ လရောင်ခြည်ပက်ဖြန်းမှုအောက်မှ လှိုင်းလုံးလေးများမှာ တလက်လက်နှင့် အလင်းရောင် မှိန်ပျပျကို ထုတ်လွှတ်၍နေသည်။ ရေမျက်နှာပြင်ထက်တွင်မူ ကြာရွက်အနည်းအကျဥ်းက ဟိုတစ်စ ဒီတစ်စ...။ တစ်ယောက်ထဲ...အလွန်အမင်း ညို့မှိုင်းလှသည့် ပုံရိပ်ကို ရောင်ပြန်စေကာ...သူက ရေအိုင်ထဲမှ လမင်း၏ ပြောင်းလဲမှုအဖုံဖုံကို ကြည့်နေလေ၏။ ခဏမျှအကြာ၌ သူ့အကြည့်ကို ရုတ်သိမ်းလိုက်လေသည်။
ထိုအခိုက် ညင်သာသည့် တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာ၏။ ချိုးလန်က ဆီပုလင်းငယ်လေးကို ယူလာပြီး ဆီမီးအိမ်ထဲသို့ အနည်းငယ် ဖြည့်လိုက်သည်။
"သခင်လေး...အရမ်း နောက်ကျနေပြီ။ အိပ်သင့်နေပါပြီရှင်"
"ကျွန်တော် သိပြီ။ မင်း အရင်ဆုံး အနားယူလိုက်ပါ"
ထို့နောက် အန်းကျီယန်က အိပ်ခန်းထဲသို့ ဝင်သွားလိုက်သည်။
ချိုးလန်က နားလည်ပါကြောင်း အသံပြုလိုက်ပြီး အခန်းထဲမှ ထွက်သွားတော့၏။ မကြာမီမှာပင် သူမ၏မီးအိမ်မှ အလင်းရောင်မှာ ပျောက်ကွယ်သွားတော့သည်။
အန်းကျီယန် သူ့အကျ်ီရင်ဘတ်ထဲမှ အမွှေးအိတ်ကို ထုတ်လိုက်သည်။ ယင်းမှာ အရင်သခင်ကြီး ချန်ရစ်ခဲ့သည့်အရာပင် ဖြစ်၏။ အရင်သခင်ကြီးက စကားလုံးနည်းနည်းမျှနှင့် ထားသွားချင်ခဲ့ခြင်းကို ပြန်စဥ်းစားလိုက်မိပြီး ၊ အန်းကျီယန်က အမွှေးနံ့သာအိတ်ကို ဖွင့်လိုက်ချိန်မှာတော့ အထဲတွင် လက်ထပ်ပွဲနှင့် ပတ်သတ်သည့် သတင်းအချက်အလက် စာရွက်အပိုင်းအစလေးကို တွေ့လိုက်ရ၏။ ယင်းမှာ နာမည်တစ်ခုမျှသာ ဖြစ်ပေသည်။
ဖူဖုန်းကျန့်...။ ယင်းမှာ အရင်သခင်ကြီး၏ သွေးသောက်ညီအစ်ကို ဖြစ်လာခဲ့သည့် ဝိညာဥ်ကြင်ဖော် သူငယ်ချင်း၏နာမည် ဖြစ်သည်။
[T/N - အိုင်တော့ မ ship ပဲကို မနေနိုင်တော့ဘူးဟေ့! ပထမဆုံး ဘာမပြောပဲ ကျောက်စိမ်းဆွဲပြားတစ်ခြမ်းကို ပေးတယ်...နောက်မှ အနာဂတ်ချွေးမအတွက် ဘာညာနဲ့ လျှောချပစ်တယ်ရော်...အခုလည်း Soul Mateတွေပါတဲ့...xD လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်နော် 🌚🖤]
အန်းကျီယန်က ထိုအရာကို မြင်ပြီးသော် ဘာစဥ်းစားရမည်ပင်မသိ ဖြစ်သွားသည်။ တစ်ဖက်လူ၏ နောက်ခံက ဘာဖြစ်ပါသလဲ? သူတို့ ဘာအလုပ်မျိုး လုပ်ပါသလဲ?သူတို့မိသားစုက ဘယ်လိုလူမျိုးတွေလဲ? သူ့တွင် ထိုအကြောင်းနှင့် ပတ်သတ်ပြီး ဘာသတင်းအချက်အလက်မှ မရှိပါချေ။ မထင်မှတ်ထားပါဘဲနှင့် တစ်ဖက်လူ၏ မိသားစုနှင့် လက်ထပ်ကြောင်းလမ်းလိုက်သည်ဆိုတော့... အရင်သခင်ကြီးက စာတွေအရမ်းလေ့လာလွန်းပြီး ဂေါက်သွားတာလား? မဟုတ်ရင် သူက ဘာလို့ ဒီလို အဓိပ္ပာယ်မရှိတာမျိုးကို လုပ်မှာတဲ့လဲ? သူ့ကို ကျေးဇူးတင်ရမည်။ အခုတော့ အန်းကျီယန် ခေါင်းကိုက်နေရလေပြီ။
နောက်တစ်နေ့ မနက်တွင် အချို့အရာများကို ဂရုစိုက်လိုက်ကာ အန်းကျီယန် အစေခံဖြစ်သည့် ချိုးလန်ကို ခေါ်ကာ အပြင်သို့ ထွက်လာခဲ့လိုက်၏။
တစ်ဖက်လူက ကျွင်းကျီမြို့တွင် အမှန်တကယ် အရေးပါသည့်သူ ဖြစ်ပါက သူနှင့် ပတ်သတ်သည့် သတင်းများရရှိရန် သိပ်ပြီး မကြာသင့်ပါပေ။ ဒါက ကိစ္စကြီး မဟုတ်လျှင်ပင်၊ တစ်ဖက်လူက တကယ့်ကို စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်သာဆိုလျှင်ပင်၊ သူတို့အနေဖြင့် စုံစမ်းမေးမြန်းဖို့အတွက် အချိန်များများ သုံးလိုက်လျှင် တစ်ခုခုတော့ သိလိုက်ရသင့်သည် မဟုတ်ပါလား။
သို့သော်လည်း အန်းကျီယန်က များစွာ မျှော်လင့်မထားပါပေ။ ဘာပဲဖြစ်ဖြစ် ဆယ်နှစ်ပင် ကြာသွားခဲ့ပြီ မဟုတ်ပါလော။
သတင်းစုံစမ်းဖို့အတွက် အကောင်းဆုံးနေရာများမှာ စားသောက်ဆိုင်နှင့် အပျော်မယ်ဂေဟာ ဖြစ်သည်။ သို့သော် သူတို့အတွက် အပျော်မယ်ဂေဟာက မသင့်တော်သည်မို့ 'ဆန်းချွမ်'ဟု အမည်ရသည့် စားသောက်ဆိုင်သို့ သွားလိုက်ကြ၏။ ယင်းမှာ အကြီးဆုံး အကောင်းဆုံး စားသောက်ဆိုင်မဟုတ်သော်ငြား လူအများအပြားဝင်ထွက်သွားလာသည့် နေရာ ဖြစ်သည်။ ဆိုင်တံခါးဝ၌ ရပ်လိုက်ရုံနှင့် အထဲမှ ကျယ်လောင်သည့် ဆူညံသံများကို ကြားရပေမည်။
"ကဲ...ငါတို့ အထဲကိုဝင်ပြီး တစ်ချက်လောက်ကြည့်ကြတာပေါ့"
တုန့်ဆိုင်းခြင်းမရှိဘဲ အန်းကျီယန်က စားသောက်ဆိုင်ထဲသို့ဝင်ကာ အထဲထိ ဦးဆောင်သွားလေ၏။
သခင်လေး ဘာလုပ်ချင်သည်ကို ချိုးလန် နားမလည်ပါပေ။ သူမက သူ့နောက်မှ လိုက်ရုံသာ တတ်နိုင်ပေသည်။ ဤအချိန်၌ ဆုကျီက လိုက်မလာနိုင်သောကြောင့်သာ မဟုတ်ပါလျှင် သခင်လေးနောက်မှ လိုက်ပါရမည့်သူမှာ ဆုကျီသာ ဖြစ်သည်။
"ဆရာ....ဟောခန်းထဲမှာ ဒါမှမဟုတ် ကိုယ်ပိုင်ခန်းထဲမှာ စားချင်ပါသလားခင်ဗျာ?"
စားပွဲထိုးက အန်းကျီယန်ဆီမှ မြင့်မြတ်တော်ဝင်သော အငွေ့အသက်ကို ခံစားမိသည်မို့ အလျင်အမြန်ပင် ရောက်ချလာတော့သည်။
"ကိုယ်ပိုင်ခန်း ပေးပါ"
ဟောခန်းမှာ အလွန်တရာ ဆူညံလွန်းလှသည်။ လူတိုင်း တက်တက်ကြွကြွပြောဆိုနေသည့် စကားဝိုင်းကြား၌သာဆို သတင်းရရန် ပိုပြီး လွယ်ကူသော်ငြား သူတို့ ဘာလုပ်နေသည်ကို တခြားသူများသိသွားလျှင် ကောင်းကွက်မရှိပါပေ။
"နားလည်ပါပြီ...ကျွန်တော့်နောက်က လိုက်ခဲ့ပါ ဆရာ"
သူတို့သုံးယောက်လုံး ဒုတိယထပ်သို့ တက်လိုက်ကြသည်။ စားပွဲထိုးက ပထမထပ် လှေကားအချိုးမှ ပထမဆုံးအခန်းကို ရွေးချယ်ပေးလိုက်၏။ နီညိုရောင်ပြတင်းတံခါးကို ဖွင့်လိုက်သည်နှင့် အောက်ထပ်သို့ လှမ်းမြင်ရပြီး လူသုံးယောက်၊ ငါးယောက်အုပ်စုများက ကျွမ်းကျီမြို့၏ နောက်ဆုံးပေါ် အတင်းအဖျင်းများကို ပြောဆိုနေသည်အား ကြည့်နိုင်ပေသည်။
စားပွဲထိုးက အလျှင်အမြန်ပင် သူတို့ဆီကို လက်ဖက်ရည်ပူအိုးတစ်အိုး လာချပေးလေသည်။
[T/N - MLဆိုတဲ့ ဘဲကြီးရေ... နောက်သုံးခန်းမှ ပေါ်မလာရင် ယန်ယန့်ကို OCပြီဗျို့ 🌚 ]
Zawgyi
အပိုင္း (၂၁) - ဖူဖုန္းက်န့္
ကြၽင္းက်ီၿမိဳ႕မွာ အန္းမိသားစုပိုင္ အေဆာက္အဦ မရွိပါေပ။
အတိတ္တစ္ခါက အန္းခ်န္ဖူသည္ သူ႕ရဲ႕ လုပ္ငန္းမ်ားကို ကြၽင္းက်ီၿမိဳ႕၌ တိုးခ်ဲ့ရန္ တကယ့္ကို ဆႏၵရွိေနခဲ့သည္။ သို႔ေသာ္ သူက ေငြအေျမာက္အျမား သုံး၍ လမ္းေၾကာင္းေဖာက္သည့္အခါ၌ လႊမ္းမိုးနိုင္စြမ္းရွိေသာ အရာရွိမင္းတစ္ဦးက သူ႕ကို ေျပာခဲ့သည္မွာ ကြၽင္းက်ီၿမိဳ႕က ခက္ခဲရႈပ္ေထြးၿပီး အေျပာင္းအလဲ ျမန္တတ္ေၾကာင္း၊ ခဏမွ် သတိလက္လြတ္ ျဖစ္သြားသည္ႏွင့္ မြဲျပာက်သြားနိုင္ေၾကာင္း ျဖစ္ေပသည္။
အန္းမိသားစုမွာ အန္းယြမ္စီရင္စုတြင္ ေျမရွင္ႀကီးပင္ ျဖစ္ေသာ္လည္း တာ့ယာတိုင္းျပည္တစ္ခုလုံးႏွင့္ ၿခဳံၾကည့္လိုက္ပါမူ တတိယအဆင့္ စီးပြားေရးလုပ္ငန္းရွင္မ်ားသာ ျဖစ္သည္။ ကြၽင္းက်ီၿမိဳ႕မွ အေရးပါအရာေရာက္ေသာ လူမ်ားအတြက္ေတာ့ ေသးငယ္သည့္ စီရင္စုေလးကို နင္းေျခပစ္ဖို႔ရန္မွာ ပု႐ြက္ဆိတ္တစ္ေကာင္ကို တက္နင္းလိုက္သကဲ့သို႔ လြယ္ကူေလသည္။ ထိုကတည္းက အန္းခ်န္ဖူမွာ ဤအေၾကာင္းကို လုံးဝမွ မစဥ္းစားရဲေတာ့ပါေပ။ သူက အန္းယြမ္စီရင္စု၌သာေနၿပီး ေျမပိုင္ရွင္ ဟူေသာနာမည္ကိုသာ ယူထားေလသည္။
ဒီခရီးတြင္ အန္းက်ီယန္က အေစခံမ်ားအပါအဝင္ လူ ၁၅ေယာက္သာ ေခၚလာခဲ့သည္။ ဤမွ်မ်ားျပားေသာ သူမ်ားအတြက္ တည္းခိုခန္းငွားရန္ မျဖစ္နိုင္ေပ။ ကြၽင္းက်ီၿမိဳ႕ႏွင့္ အန္းယြမ္စီရင္စုၾကားရွိ ေစ်းႏႈန္းမွာ အလြန္ပင္ ကြာျခားလွသည္။ တစ္လတာေနထိုင္ဖို႔ရာအတြက္ပင္ မ်ားျပားလွသည့္ ေငြေၾကးမ်ား လိုအပ္ေပသည္။ အန္းမိသားစုတြင္ ပိုက္ဆံရွိသည္ ဆိုလွ်င္ေတာင္မွ သူတို႔မွာ ထိုကဲ့သို႔ မျဖဳန္းတီးလိုက္သင့္ပါေပ။
ကြၽင္းက်ီၿမိဳ႕တြင္ သူတို႔မည္မွ်ၾကာၾကာ ေနရမည္ကို မသိသည္မို႔ အန္းက်ီယန္က အိမ္ေတာ္ဝန္း တစ္ခု ငွားရန္ ဆုံးျဖတ္လိုက္သည္။ လူတစ္ခ်ိဳ႕ကို ပိုက္ဆံနည္းနည္းေပးကာ ရွာခိုင္းလိုက္ေလ၏။ ေနထိုင္ဖို႔ေနရာမွာ ဇိမ္ခံပစၥည္းမ်ား မပါရွိသလို စည္ကားသိုက္ၿမိဳက္သည့္ေနရာ မဟုတ္ေသာ္ျငား အခန္းအေရအတြက္ အေတာ္ေလးပါရွိေလၿပီး လူအေယာက္ႏွစ္ဆယ္မွ် ေကာင္းမြန္စြာ ေနထိုင္နိုင္ေပသည္။ သူက ထိုေနရာကို တစ္လသာ ငွားရမ္းလိုက္ၿပီး ေငြတုံးတစ္ရာ က်သင့္ေလသည္။
ေနာက္တစ္ေန႕တြင္ လူတိုင္းက အိမ္ေတာ္ဝန္းထဲသို႔ ေ႐ႊ႕လိုက္ၾကသည္။ ထိုသို႔ ေ႐ႊ႕ေျပာင္းလိုက္ရေသာေၾကာင့္ လူတိုင္းပင္ အလြန္ေမာပန္းေနၾက၏။ ညဘက္သို႔ ေရာက္လာသည္မို႔ အိမ္ေတာ္တစ္ခုလုံး တိတ္ဆိတ္လ်က္ ရွိေနၾကသည္။ အမ်ားစုမွာ အိပ္ေနၾကၿပီ ျဖစ္၏။
အန္းက်ီယန္က ျပတင္းေပါက္နား လမ္းေလးထက္တြင္ ရပ္ကာ အျပင္ဘက္ရွိ ၾကည္လင္လွေသာ ေရကန္ကို စိုက္ၾကည့္ေနေလသည္။ လေရာင္ျခည္ပက္ျဖန္းမႈေအာက္မွ လွိုင္းလုံးေလးမ်ားမွာ တလက္လက္ႏွင့္ အလင္းေရာင္ မွိန္ပ်ပ်ကိဳ ထုတ္လႊတ္၍ေနသည္။ ေရမ်က္ႏွာျပင္ထက္တြင္မူ ၾကာ႐ြက္အနည္းအက်ဥ္းက ဟိုတစ္စ ဒီတစ္စ...။ တစ္ေယာက္ထဲ...အလြန္အမင္း ညို႔မွိုင္းလွသည့္ ပုံရိပ္ကို ေရာင္ျပန္ေစကာ...သူက ေရအိုင္ထဲမွ လမင္း၏ ေျပာင္းလဲမႈအဖုံဖုံကို ၾကည့္ေနေလ၏။ ခဏမွ်အၾကာ၌ သူ႕အၾကည့္ကို ႐ုတ္သိမ္းလိုက္ေလသည္။
ထိုအခိုက္ ညင္သာသည့္ တံခါးေခါက္သံတစ္ခု ထြက္ေပၚလာ၏။ ခ်ိဳးလန္က ဆီပုလင္းငယ္ေလးကို ယူလာၿပီး ဆီမီးအိမ္ထဲသို႔ အနည္းငယ္ ျဖည့္လိုက္သည္။
"သခင္ေလး...အရမ္း ေနာက္က်ေနၿပီ။ အိပ္သင့္ေနပါၿပီရွင္"
"ကြၽန္ေတာ္ သိၿပီ။ မင္း အရင္ဆုံး အနားယူလိုက္ပါ"
ထို႔ေနာက္ အန္းက်ီယန္က အိပ္ခန္းထဲသို႔ ဝင္သြားလိုက္သည္။
ခ်ိဳးလန္က နားလည္ပါေၾကာင္း အသံျပဳလိုက္ၿပီး အခန္းထဲမွ ထြက္သြားေတာ့၏။ မၾကာမီမွာပင္ သူမ၏မီးအိမ္မွ အလင္းေရာင္မွာ ေပ်ာက္ကြယ္သြားေတာ့သည္။
အန္းက်ီယန္ သူ့အကျ်ီရင်ဘတ်ထဲမှ အေမႊးအိတ္ကို ထုတ္လိုက္သည္။ ယင္းမွာ အရင္သခင္ႀကီး ခ်န္ရစ္ခဲ့သည့္အရာပင္ ျဖစ္၏။ အရင္သခင္ႀကီးက စကားလုံးနည္းနည္းမွ်ႏွင့္ ထားသြားခ်င္ခဲ့ျခင္းကို ျပန္စဥ္းစားလိုက္မိၿပီး ၊ အန္းက်ီယန္က အေမႊးနံ႕သာအိတ္ကို ဖြင့္လိုက္ခ်ိန္မွာေတာ့ အထဲတြင္ လက္ထပ္ပြဲႏွင့္ ပတ္သတ္သည့္ သတင္းအခ်က္အလက္ စာ႐ြက္အပိုင္းအစေလးကို ေတြ႕လိုက္ရ၏။ ယင္းမွာ နာမည္တစ္ခုမွ်သာ ျဖစ္ေပသည္။
ဖူဖုန္းက်န့္...။ ယင္းမွာ အရင္သခင္ႀကီး၏ ေသြးေသာက္ညီအစ္ကို ျဖစ္လာခဲ့သည့္ ဝိညာဥ္ၾကင္ေဖာ္ သူငယ္ခ်င္း၏နာမည္ ျဖစ္သည္။
[T/N - အိုင္ေတာ့ မ ship ပဲကို မေနနိုင္ေတာ့ဘူးေဟ့! ပထမဆုံး ဘာမေျပာပဲ ေက်ာက္စိမ္းဆြဲျပားတစ္ျခမ္းကို ေပးတယ္...ေနာက္မွ အနာဂတ္ေခြၽးမအတြက္ ဘာညာနဲ႕ ေလွ်ာခ်ပစ္တယ္ေရာ္...အခုလည္း Soul Mateေတြပါတဲ့...xD လြတ္လပ္စြာ သေဘာထားကြဲလြဲနိုင္ပါသည္ေနာ္ ]
အန္းက်ီယန္က ထိုအရာကို ျမင္ၿပီးေသာ္ ဘာစဥ္းစားရမည္ပင္မသိ ျဖစ္သြားသည္။ တစ္ဖက္လူ၏ ေနာက္ခံက ဘာျဖစ္ပါသလဲ? သူတို႔ ဘာအလုပ္မ်ိဳး လုပ္ပါသလဲ?သူတို႔မိသားစုက ဘယ္လိုလူမ်ိဳးေတြလဲ? သူ႕တြင္ ထိုအေၾကာင္းႏွင့္ ပတ္သတ္ၿပီး ဘာသတင္းအခ်က္အလက္မွ မရွိပါေခ်။ မထင္မွတ္ထားပါဘဲႏွင့္ တစ္ဖက္လူ၏ မိသားစုႏွင့္ လက္ထပ္ေၾကာင္းလမ္းလိုက္သည္ဆိုေတာ့... အရင္သခင္ႀကီးက စာေတြအရမ္းေလ့လာလြန္းၿပီး ေဂါက္သြားတာလား? မဟုတ္ရင္ သူက ဘာလို႔ ဒီလို အဓိပၸာယ္မရွိတာမ်ိဳးကို လုပ္မွာတဲ့လဲ? သူ႕ကို ေက်းဇူးတင္ရမည္။ အခုေတာ့ အန္းက်ီယန္ ေခါင္းကိုက္ေနရေလၿပီ။
ေနာက္တစ္ေန႕ မနက္တြင္ အခ်ိဳ႕အရာမ်ားကို ဂ႐ုစိုက္လိုက္ကာ အန္းက်ီယန္ အေစခံျဖစ္သည့္ ခ်ိဳးလန္ကို ေခၚကာ အျပင္သို႔ ထြက္လာခဲ့လိုက္၏။
တစ္ဖက္လူက ကြၽင္းက်ီၿမိဳ႕တြင္ အမွန္တကယ္ အေရးပါသည့္သူ ျဖစ္ပါက သူႏွင့္ ပတ္သတ္သည့္ သတင္းမ်ားရရွိရန္ သိပ္ၿပီး မၾကာသင့္ပါေပ။ ဒါက ကိစၥႀကီး မဟုတ္လွ်င္ပင္၊ တစ္ဖက္လူက တကယ့္ကို စီးပြားေရးလုပ္ငန္းရွင္ တစ္ေယာက္သာဆိုလွ်င္ပင္၊ သူတို႔အေနျဖင့္ စုံစမ္းေမးျမန္းဖို႔အတြက္ အခ်ိန္မ်ားမ်ား သုံးလိုက္လွ်င္ တစ္ခုခုေတာ့ သိလိုက္ရသင့္သည္ မဟုတ္ပါလား။
သို႔ေသာ္လည္း အန္းက်ီယန္က မ်ားစြာ ေမွ်ာ္လင့္မထားပါေပ။ ဘာပဲျဖစ္ျဖစ္ ဆယ္ႏွစ္ပင္ ၾကာသြားခဲ့ၿပီ မဟုတ္ပါေလာ။
သတင္းစုံစမ္းဖို႔အတြက္ အေကာင္းဆုံးေနရာမ်ားမွာ စားေသာက္ဆိုင္ႏွင့္ အေပ်ာ္မယ္ေဂဟာ ျဖစ္သည္။ သို႔ေသာ္ သူတို႔အတြက္ အေပ်ာ္မယ္ေဂဟာက မသင့္ေတာ္သည္မို႔ 'ဆန္းခြၽမ္'ဟု အမည္ရသည့္ စားေသာက္ဆိုင္သို႔ သြားလိုက္ၾက၏။ ယင္းမွာ အႀကီးဆုံး အေကာင္းဆုံး စားေသာက္ဆိုင္မဟုတ္ေသာ္ျငား လူအမ်ားအျပားဝင္ထြက္သြားလာသည့္ ေနရာ ျဖစ္သည္။ ဆိုင္တံခါးဝ၌ ရပ္လိုက္႐ုံႏွင့္ အထဲမွ က်ယ္ေလာင္သည့္ ဆူညံသံမ်ားကို ၾကားရေပမည္။
"ကဲ...ငါတို႔ အထဲကိုဝင္ၿပီး တစ္ခ်က္ေလာက္ၾကည့္ၾကတာေပါ့"
တုန့္ဆိုင္းျခင္းမရွိဘဲ အန္းက်ီယန္က စားေသာက္ဆိုင္ထဲသို႔ဝင္ကာ အထဲထိ ဦးေဆာင္သြားေလ၏။
သခင္ေလး ဘာလုပ္ခ်င္သည္ကို ခ်ိဳးလန္ နားမလည္ပါေပ။ သူမက သူ႕ေနာက္မွ လိုက္႐ုံသာ တတ္နိုင္ေပသည္။ ဤအခ်ိန္၌ ဆုက်ီက လိုက္မလာနိုင္ေသာေၾကာင့္သာ မဟုတ္ပါလွ်င္ သခင္ေလးေနာက္မွ လိုက္ပါရမည့္သူမွာ ဆုက်ီသာ ျဖစ္သည္။
"ဆရာ....ေဟာခန္းထဲမွာ ဒါမွမဟုတ္ ကိုယ္ပိုင္ခန္းထဲမွာ စားခ်င္ပါသလားခင္ဗ်ာ?"
စားပြဲထိုးက အန္းက်ီယန္ဆီမွ ျမင့္ျမတ္ေတာ္ဝင္ေသာ အေငြ႕အသက္ကို ခံစားမိသည္မို႔ အလ်င္အျမန္ပင္ ေရာက္ခ်လာေတာ့သည္။
"ကိုယ္ပိုင္ခန္း ေပးပါ"
ေဟာခန္းမွာ အလြန္တရာ ဆူညံလြန္းလွသည္။ လူတိုင္း တက္တက္ႂကြႂကြေျပာဆိုေနသည့္ စကားဝိုင္းၾကား၌သာဆို သတင္းရရန္ ပိုၿပီး လြယ္ကူေသာ္ျငား သူတို႔ ဘာလုပ္ေနသည္ကို တျခားသူမ်ားသိသြားလွ်င္ ေကာင္းကြက္မရွိပါေပ။
"နားလည္ပါၿပီ...ကြၽန္ေတာ့္ေနာက္က လိုက္ခဲ့ပါ ဆရာ"
သူတို႔သုံးေယာက္လုံး ဒုတိယထပ္သို႔ တက္လိုက္ၾကသည္။ စားပြဲထိုးက ပထမထပ္ ေလွကားအခ်ိဳးမွ ပထမဆုံးအခန္းကို ေ႐ြးခ်ယ္ေပးလိုက္၏။ နီညိုေရာင္ျပတင္းတံခါးကို ဖြင့္လိုက္သည္ႏွင့္ ေအာက္ထပ္သို႔ လွမ္းျမင္ရၿပီး လူသုံးေယာက္၊ ငါးေယာက္အုပ္စုမ်ားက ကြၽမ္းက်ီၿမိဳ႕၏ ေနာက္ဆုံးေပၚ အတင္းအဖ်င္းမ်ားကို ေျပာဆိုေနသည္အား ၾကည့္နိုင္ေပသည္။
စားပြဲထိုးက အလွ်င္အျမန္ပင္ သူတို႔ဆီကို လက္ဖက္ရည္ပူအိုးတစ္အိုး လာခ်ေပးေလသည္။
[T/N - MLဆိုတဲ့ ဘဲႀကီးေရ... ေနာက္သုံးခန္းမွ ေပၚမလာရင္ ယန္ယန့္ကို OCၿပီဗ်ိဳ႕ ]