(Unicode)
2020 ခုနှစ်၊ မတ်လ 24 ရက်။
ချောင်းသာဆေးရုံမှာ မနေချင်ဟု ငြင်းဆိုလာသော ညီညီ့ကြောင့် ရန်ကုန်ကို ပြန်ခေါ်လာရသည်။ အန်ကယ်လ်ဖြိုးကလည်း ရန်ကုန်တွင်ပို၍ ကုသင့်သည်ဟုဆိုသည်။ ညီညီ့အခြေအနေက သက်သာလိုက် မသက်သာလိုက်ဖြစ်နေသည်။ တစ်ခါတလေ မောပြီး သတိလစ်သွားတတ်သည်။ အန်ကယ်လ်ဖြိုးကတော့ သူ့ကို စိတ်လျှော့ထားဖို့မှာသည်။ ယူကြုံးမရဖြစ်စွာ ညီညီ့အနား နေ့နေ့ညညနေရင်း ကိုယ့်ကိုယ်ကိုယ် အသုံးမကျသူဟူ၍ အပြစ်တင်ရေရွတ်နေမိသည်။ ညီညီ့ကျန်းမာရေးအခြေအနေကို ပိုဆိုးစေသည်မှာ ချောင်းသာကိုလိုက်ရန် သူခွင့်ပြုလိုက်၍ဟု ယုံကြည်အပြစ်တင်နေမိသည်။
"ကိုကြီး"
"အာ...ငယ်လေး"
အခန်းထဲ ဝင်လာသော ငယ်လေးက မျက်နှာမကောင်း။ ညီညီ့ဘေးသို့အရင်သွားကာ ဆံပင်တချို့ကို တစ်ချက်သပ်တင်ပေးပြီးနောက် သူနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်သည်။
"ကိုကြီး အစားရော ပုံမှန်စားရဲ့လား၊ လူမမာက ကိုကြီးလို့တောင် ထင်ချင်စရာဖြစ်နေပြီ"
ငယ်လေးက သူ့ထက်စာလျှင် သံယောဇဥ်အနှောင်အဖွဲ့တွေကို ဖြတ်တောက်နိုင်သူဖြစ်သည်။ ကျန်းမာရေးအရ သာသနာ့ဘောင်မဝင်ခဲ့သော်လည်း ငယ်လေးက ဘာသာရေးလိုက်စားသည်။
"စားနိုင်သလောက်တော့ စားပါတယ် ငယ်လေးရယ်"
"အင်း...ကိုကြီးပါ လဲသွားလို့မရဘူးနော်၊ ဒါနဲ့ ဟိုကလေးလေးရော အဆင်ပြေရဲ့လား "
ကောင်လေးကို မေးမှန်းသူသိလိုက်ပါသည်။ ခေါင်းညိတ်ပြလိုက်မိသည်။ ကတိပေးထားခဲ့သော်လည်း တကယ်တမ်းတော့ ကောင်လေးနှင့် တစ်နေ့တစ်ခါဖုန်းပြောချိန်ကိုတောင် ဆယ့်ငါးမိနစ်ထက်ပိုမပေးနိုင်ခဲ့။ သုံးရက်တစ်ခါလောက်တွေ့ဖိုလည်း ကောင်လေးက တောင်းဆိုထားသော်လည်း ယခုအချိန်ထိ သူအချိန်မပေးနိုင်သေး။ မောဟိုက်လွန်းစွာ သက်ပြင်းသာချမိသည်။
"ငယ်လေး ရောက်နေတာလား"
"အာ ညီညီ နိုးပြီလား"
ညီညီက သူ့ကို ခေါင်းညိတ်ပြပြီး ငယ်လေးကို ပြုံးပြသည်။ သည်နေ့တစ်နေ့တော့ ညီညီလန်းလန်းဆန်းဆန်းရှိနေသည်ဟု ထင်ရသည်။
ထိုနေ့ညနေက မောင်နှမသုံးယောက် ဆေးရုံအခန်းလေးထဲ၌ ညနေစာ အတူတူလက်ဆုံစားဖြစ်ခဲ့သည်။ သူတို့မောင်နှမသုံးယောက် ယခုလို လက်ဆုံမစားဖြစ်သည်မှာလည်း ကြာပြီမဟုတ်လား။
"ကိုကို ငယ်လေးကို လိုက်ပို့လိုက်ပါဦး"
"ညီညီ တစ်ယောက်တည်း ဖြစ်ပါ့မလား"
"ဖြစ်ပါတယ်၊ သွားပါ ကိုကိုရယ်၊ ငယ်လေးက Taxi နဲ့လာရတာမဟုတ်လား၊ တစ်ခုခုဆို အရေးပေါ်ခလုတ်ကို ညီညီနှိပ်တတ်ပါတယ်"
ညနေလည်းစောင်းနေပြီဖြစ်သဖြင့် ငယ်လေးအား တစ်ယောက်တည်းပြန်လွှတ်ဖို့လည်း စိတ်မချသောကြောင့် သူမငြင်းခဲ့မိ။
************************************
ကိုကိုနှင့် ငယ်လေးထွက်သွားချိန် လရိပ်ရောင် ကုတင်ခေါင်းရင်းကို မှီရင်း ခပ်လျှောလျှောလေးထိုင်လိုက်သည်။ ထို့နောက် Laptopကို ယူ၍ ယနေ့ည ဇာတ်သိမ်းပိုင်းအား update လုပ်ဖို့ ပြင်လိုက်သည်။ စာကအသင့်ရေးပြီးဖြစ်၍ စာစစ်ဖို့သာ လိုတော့သည်။
ထို့နောက် ကျေးဇူးတင်လွှာကိုပါ တစ်ခါတည်း စာစစ်လိုက်သည်။ ဒါက Jayy ဆိုသည့် လူသားတစ်ယောက်ကို ချစ်ပေးသောသူအားလုံးအတွက် နောက်ဆုံး နှုတ်ဆက်စာလည်း ဖြစ်မည်ထင်သည်။
လက်ဖမိုးပေါ်သို့ ပေါက်ခနဲကျသွားသော မျက်ရည်တစ်စက်ကို ကြည့်ရင်း သူဟက်ဟက်ပက်ပက်ရယ်မောလိုက်မိသည်။ ခံနိုင်ရည်ရှိမည် ထင်ထားခဲ့သော်လည်း သူ့ရင်တစ်ခုလုံး ပေါက်ကွဲမတက် နာကျင်နေသည်။
တကယ်ကို တစ်ဘဝလုံးစာအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။
ထိုစဥ် မီးမထွန်းထားမိသော အခန်းငယ်ထဲ စားပွဲပေါ်မှ လင်းလက်လာသော အရာတစ်ခု။ ကိုကို့၏ဖုန်းပင်။ ကိုကို ဖုန်းယူဖို့ မေ့သွားတာပဲ။ အသံပိတ်ထားသော်လည်း ဖုန်းမျက်နှာပြင်ပေါ်မှ အမည်လေးတစ်ခုကတော့ အမှောင်ထဲဝယ် လင်းလက်နေသည်။
အလိုက်မသိသော လက်တို့က ဖုန်းကို ယူ၍ အစိမ်းရောင်လေးကို နှိပ်လိုက်မိသည်။
"ဟဲလို စီနီယာ..."
"....."
"ဟဲလို..."
"အင်း ပြော ကောင်လေး"
"ဘာလုပ်နေတာလဲ၊ ဒီနေ့ည update လုပ်ရမှာနော်၊ မေ့နေမှာစိုးလို့ အဟီး"
"အင်း ကိုယ်လုပ်နေတယ်၊ ကောင်လေးကရော ဖတ်ဖို့ အဆင်သင့်ဖြစ်နေပြီလား"
"ဖြစ်ပြီပေါ့၊ ငိုရမှာစိုးလို့ တစ်ရှူးလိပ်တောင် ဆောင်ထားပြီးပြီ"
"ဟင့်အင်း၊ မငိုရပါဘူး၊ မငိုနဲ့...ကောင်လေး"
"စီနီယာ မရက်စက်ရင် မငိုပါဘူး"
"အင်း...မရက်စက်ဘူး...မငိုနဲ့"
"ဒါနဲ့ စီနီယာ၊ သုံးရက်တစ်ခါတွေ့မယ်ဆို၊ ကျွန်တော်လွမ်းနေပြီ"
သူခေတ္တ နှုတ်ဆိတ်သွားမိသည်။ ထိုနောက် ဖြစ်နိင်မည်မဖြစ်နိုင်မည် မကျိန်းသေသော ဆုံးဖြတ်ချက် တစ်ခုကို ချမိရင်း...။
"အင်း...မနက်ဖြန် တွေ့မယ်လေ"
"တကယ်လား စီနီယာ..."
ပျော်သွားမှန်းသိသာသော အသံလေးကြောင့် သူပြုံးလိုက်မိသည်။
"အင်း...မနက်ဖြန် ၈ နာရီ၊ Te Adoro ဆိုင်မှာ စောင့်နေပေး"
"အဲ့ဆိုင်က ဘယ်နားမှာလဲ"
"ကိုယ်လိပ်စာပို့လိုက်မယ်လေ"
"ဟုတ်"
"အင်း ဒါနဲ့ ကောင်လေး ညနေစာစားပြီးပြီလား"
"စားပြီးပြီ၊ စီနီယာရော"
"ကိုယ်လည်း စားပြီးပြီ"
"ဟုတ်"
"၈နာရီထိုးတော့မယ်၊ ကိုယ် update လုပ်ရဦးမှာမိုလို့ အခုဖုန်းချလိုက်တော့မယ်နော် ကောင်လေး"
"ဟုတ်...ဟုတ်၊ ကျွန်တော် Jayy account ထဲထိ ဝင်စောင့်နေမယ် "
"ဟုတ်ပါပြီကွာ၊ အာ့ဆို ဒါပဲနော်"
"ဟုတ်"
ဖုန်းချပြီးချိန် ဖုန်းကို ခပ်တင်းတင်းဆုပ်ကိုင်၍ မျက်လုံးတို့ကို မှိတ်ကာ သက်ပြင်းမောကို ချမိသည်။
************************************
2020 ခုနှစ်၊ မတ်လ 25 ရက်။
စီနီယာချိန်းသည့် ဆိုင်လေး၏အပြင်အဆင်က အရမ်းလှသည်။ တကယ်ကို စုံတွဲတွေ date သင့်သည့် ဆိုင်မျိုး။ တစ်ဆိုင်လုံး အပြာနုရောင်များ ယှက်သန်းနေသည်က ကဗျာဆန်လှသည်။ သည်လိုဆိုတော့လည်း စီနီယာက မဆိုးပါဘူး။
ခါတိုင်းလို တမှူးကို အိမ်အထိ လာမခေါ်ဘဲ ဆိုင်ကို တန်းလာခိုင်း၍တော့ နည်းနည်းအံ့ဩမိသည်။ သို့သော် ဘယ်လိုပဲဖြစ်ဖြစ် တွေ့ရရုံနှင့်ပင် ကျေနပ်ပါပြီ။ ညက စီနီယာက မငိုနဲ့ဆိုသော်လည်း စီနီယာ့ ကျေးဇူးတင်လွှာဖတ်ပြီး အကြောင်းပြချက်မရှိ မျက်ရည်ကျခဲ့ရသေး၏။
စီနီယာ မလာခင် ဆိုင်လေးနှင့်လိုက်ဖက်အောင် ကော်ဖီပူပူလေးတစ်ခွက်ကို အရင်မှာလိုက်သည်။ တမှူးက တွေ့ချင်စိတ်များလွန်းနေ၍ ထွက်လာတာ စောသွားသည်။ ၈ နာရီထိုးဖို့က နာရီဝက်နီးပါး လိုသေး၏။ ထို့ကြောင့် ဖုန်းကို ထုတ်ပြီး ဟိုဟိုသည်သည်ကြည့်နေလိုက်သည်။ ထို့နောက် ၈ နာရီ ကွက်တိတွင် တမှူးဖုန်းထဲသို့ စာလေးတစ်စောင်ဝင်လာသည်။ စီနီယာက Jayy ဖုန်းနံပါတ်ဖြင့် စာပို့ခြင်းပင်။
'ယုန်ပေါက်,Te Adoro'တဲ့။
Te Adoro က ယခုဆိုင်ရဲ့ နာမည်ပဲ။ ဘာအဓိပ္ပါယ်မှန်း တမှူး မသိ။ ထို့ကြောင့် google ဖွင့်ကာ ရိုက်ရှာလိုက်သည်။
"ဟာဗျာ..."
တမှူး အားရပါးရပြုံးမိသွားသည်။
Te Adoro က စပိန်ဘာသာစကားဖြစ်ပြီး အဓိပ္ပါယ်က I Adore You တဲ့။
************************************
Te Adoro ဆိုင်လေး၏ အပြင်ဖက် ထောင့်တစ်နေရာတွင် Mask တပ်ထားသော လူတစ်ယောက်သည် နံရံကို မှီ၍ မတ်တပ်ရပ်နေသည်။ တဟွပ်ဟွပ်ဆိုးနေသောချောင်းနှင့် အသက်ရှူမဝမောဟိုက်နေဟန်ရှိတာတောင် ထိုသူက Mask ကို မချွတ်ခဲ့။
***********************************
ကိုယ်တောင်းပန်ပါတယ် ယုန်ပေါက်ရယ်...။ ကိုယ်မလာနိုင်တော့ဘူး...။
လရိပ်ရောင် မည်မျှပင် စိတ်ကို တင်းခံကြိုးစားစေကာမူ ပုံမှန်လူလို ဟန်ဆောင်၍ မရ။ မောဟိုက်နေမှုကြောင့် ယုန်ပေါက်အရှေ့သူသွားဖို့ အဆင်မပြေနိုင်။ ဆိုင်မှန်များကြားမှ မြင်နေရသော ကောင်လေးကိုသာ ငေးစိုက်ကြည့်နေမိသည်။ ထို့နောက် ရင်ထဲမှ ဆန္ဒတစ်ခုအရ စာတချို့ရိုက်ကာ ပို့လိုက်မိသည်။ သူပို့လိုက်သော စာလေးကို ဖတ်ပြီး အသည်းအသန် ဖုန်းနဲ့အလုပ်ရှုပ်သွားပြီးနောက် သဘောတကျ ပြုံးလိုက်သော ယုန်ပေါက်ကြောင့် သူလည်း ခပ်ယဲ့ယဲ့ လိုက်ပြုံးမိသည်။ မျက်ဝန်းဝိုင်းဝိုင်းလေးတွေက ပျော်နေမှန်းသိသာသည်။ ကိုကို့အနားမှာဆို ယုန်ပေါက်အမြဲအဲ့လို ပြုံးနေနိုင်မှာပါ။ သူယုံပါသည်။
ဆိုင်အပြင်ဘက်သို့ မကြာခဏကြည့်နေသော ယုန်ပေါက်ကြောင့် နံရံကို မှီကွယ်ကာ ရပ်နေလိုက်မိသည်။
အသက်ရှူကြပ်မောဟိုက်မှုက ပို၍ ပြင်းထန်လာကာ သူ့ကို မတ်တပ်ရပ်ဖို့ပင် အနိုင်နိုင်ဖြစ်လာစေသည်။ ဦးနှောက်ထဲသို့ ဝင်လာသော အရေးပေါ် အသိပေးမှုနှင့်အတူ ယုန်ပေါက်ကို နောက်ဆုံး တစ်ချက်ကြည့်၍ သူနေရာမှ လှည့်ထွက်ဖို့ပြင်မိသည်။
သို့သော် သူ့ခြေထောက်များက ခြေလှမ်းတစ်လှမ်းတောင် လှမ်းနိုင်စွမ်းမရှိခင် ယိမ်းယိုင်သွားသည်။ မြင်ကွင်းများကလည်း ဝေဝါးမှုန်မှိုင်း သွားသည်။ ဒါက တကယ်ပဲ နောက်ဆုံးထင်ပါရဲ့။
သို့သော် သူ့အတွေးမဆုံးခင်မှာပင် မြင်ကွင်းက ကြည်ကြည်လင်လင်ပြန်ဖြစ်လာပြန်သည်။ လုံးဝကို ကြည်လင်ပြတ်သားစွာ...။ အင်း...သူ ယုန်ပေါက်ကို ကျောခိုင်းထားပါရက်နှင့် ယုန်ပေါက်ကို သူမြင်နေရသည်။ သူမြတ်နိုးသော မျက်ဝန်းဝိုင်းများက သူ့ကို ပြုံးကြည့်နေသည်။ ပြီးတော့ ယုန်ပေါက်နားမှာ နောက်ထပ် လူတစ်ယောက်ရှိနေသည်။ ထိုသူက...အင်း...ငယ်လေး...။ ငယ်လေးက သူ့ကို ပြုံးပြနေသည်။ သူလည်း ပြန်ပြုံးပြလိုက်သည်။ ထို့နောက် ငယ်လေး နံဘေးတွင်.....။
"ကိုကို..."
သူနှုတ်မှ အသံထွက် ရေရွတ်လိုက်မိသည်။ မိုက်ခနဲဖြစ်သွားသောခေါင်းနှင့်အတူ အသိစိတ်တို့က သူ့ခန္ဓာကိုယ်ထံ ပြန်ကပ်လာသည်။ မြင်နေရသော ကြည်လင်ပြတ်သားသည့် ပုံရိပ်များ ပျောက်ကွယ်သွားကာ ဝိုးတဝါး ပုံရိပ်များ ပြန်ပေါ်လာသည်။ ကိုကို...ဟုတ်ပါရဲ့...။ သူ ကိုကို့ဆီ ဖုန်းဆက်ရမည်...။
ဖုန်းထဲမှ ဖုန်းနံပါတ်တွေက သေချာမမြင်ရတော့။ သို့သော် အနည်းငယ်မျှသော ဖုန်းနံပါတ်တို့အထဲ သူ ကိုကို့ ဖုန်းကိုတော့ မှန်အောင်ခေါ်နိုင်ခဲ့သည်။
"Te Adoro..."
ထိုတစ်လုံးကိုသာ ပြောနိုင်ရင်း သူနံရံကိုမှီကာ ထိုင်ချလိုက်မိသည်။ လူရှင်းနေသော လမ်းမထက်ဝယ် သူ့အရှေ့မှ ခွေးတစ်ကောင်ကိုတော့ ဝိုးတဝါး လှမ်းမြင်လိုက်ရသည်။ မျက်လုံးတို့ကို မှေးမှိတ်ရင်း တစ်ချက် တစ်ချက် လွတ်သွားသော အသိစိတ်ကို ထိန်းနေမိသည်။
သူ ကိုကို့ကို စောင့်ရမည်...။ ကိုကိုက သူရှိရာသို့ ကျိန်းသေပေါက် ရောက်လာမှာဖြစ်သည်။ ကိုကိုက သူ့အတွက်ဆို ဘယ်လောက်ဝေးဝေး ရောက်အောင်လာမည့်တစ်ဦးတည်းသောသူလေ။
သိပ်မကြာ...။ နားထဲ၌ ကားတစ်စီးထိုးစိုက်လာသံကို ကြားရသည်။
သူပြောသားပဲ...။ ကိုကို လာမှာပါဆို။
မျက်လုံးတို့ကို အားယူဖွင့်ကြည့်ချိန် သူ့ထံသို့ ပြေးလာသော လူရိပ်တစ်ရိပ်။ တစ်နည်းအားဖြင့် သူ့ကိုယ်ပွား...။
"ညီညီ"
သူ မျက်လုံးတို့ကို စိတ်ချလက်ချ ပြန်မှိတ်လိုက်တော့သည်။
************************************
8:45 AM.
တမှူး စိတ်ထဲ မတင်မကျဖြစ်လာသည်။ စီနီယာ ဘာလို့ နောက်ကျနေရတာလဲ။ လေးငါးမိနစ်ခန့်နောက်ကျလျှင် တမှူး ဖြေသာသေး၏။ ယခုက တစ်နာရီနီးပါး ရှိနေပြီ။ တမှူး ဖုန်းခေါ်သော်လည်း ဖုန်းမကိုင်။ ကားမောင်းနေတာ ဖြစ်မှာပါဟု ဖြည့်တွေးပေးခဲ့ကာ စာသာပို့လိုက်သည်။
တရွေ့ရွေ့ ကုန်ဆုံးသွားသော နာရီလက်တံတို့ကို ကြည့်၍ တမှူး ငိုချင်လာသည်။ စီနီယာက တမှူးကို အလေးမထားဘူးဟု တွေးမိကာ ဝမ်းနည်းလာမိသည်။
ဘေးရှိ စုံတွဲတချို့ ထသွားထပြန်လုပ်နေပေမယ့် တမှူးကတော့ နေရာမှတင် ထိုင်ဆဲပင်။ ဆက်မသောက်ဖြစ်တော့သည် ကော်ဖီခွက်လေးကလည်း အေးစက်စက်...။
ဘယ်ဆီရောက်သွားလဲ...တိမ်စိုင်လိုပဲ လွင့်ပြယ်....နာကျင်စရာ အတိတ်တစ်ခုရယ်...အဝေးမှာ ထင်ကျန်ဆဲ...
အိမ်ပြန်ချိန်ရောက်ခဲ့...ပြန်မလာတော့မှန်းသိတယ်...အမြင်တွေဝေဝါးဆဲပါ...အခု ငါမျှော်နေတယ်...
ဆိုင်ထဲ လွင့်ပျံလာသော သီချင်းသံက ဆွေးဆွေးမြှေ့မြှေ့ ။ တမှူး မျက်ဝန်းတို့၌ မျက်ရည်တို့ ဝေ့သီလာသည်။ ရင်ထဲ၌ တင်းကြပ်မှုတို့ ခံစားလာရသည်။ တဖြည်းဖြည်း ဆက်လက်ရွေ့လျားနေသော နာရီလက်တံတို့ကို ထပ်မရွေ့တော့ဖို့ တောင်းဆိုချင်မိသည်။ စီနီယာက တမှူးကို ချစ်သူဖြစ်ပြီးနောက်ပိုင်း တကယ်အလေးမထားတော့ဘူးပဲ။
ထိန်းထားသည့်ကြားမှ ဝေ့သီလာသော မျက်ရည်တစ်စက်က ပါးပေါ်သို့ လိမ့်ဆင်းကျလာသည်။
ထိုစဥ်....။
လိပ်ပြာတစ်ကောင်...။
ဘယ်ကပျံသန်းလာမှန်းမသိသော အပြာရောင် လိပ်ပြာလေးတစ်ကောင်သည် တမှူးပါးပြင်ကို တောင်ပံဖြင့် ထိခတ်သည်အထိ တဖျပ်ဖျပ် ပျံသန်းရင်း တမှူးလက်ဖမိုးပေါ်တွင် လာရောက် ခိုနားသည်။
တမှူး၏ မျက်ရည်စက်လေးဟာ ထိုလိပ်ပြာလေး၏ တောင်ပံတွင် စိုစွတ်သွားစေသည်။
တမှူး အငိုတိတ်ကာ ထိုလိပ်ပြာလေးအား တအံ့တဩ ငေးကြည့်မိသွားသည်။ လိပ်ပြာလေးက တမှူး လက်ပေါ်တွင် အကြောက်အလန့်မရှိ နားနေခြင်းပင်။ ထို့ပြင် လိပ်ပြာလေးက ငြိမ်ငြိမ်မနေ။ သူ့ ခြေလက်များဖြင့် တမှူးလက်ကို ကုတ်ခြစ်နေသည်။ တမှူး တဖြည်းဖြည်း အသည်ယားလာကာ မအောင့်နိုင်တော့ဘဲ ရယ်မိသွားသည်။ တမှူး ရယ်တော့ လိပ်ပြာလေးက ရုတ်တရတ် ထပျံသွား၏။
ဟင်...။ တမှူး ရယ်လို့ လန့်သွားတာလား။
သို့သော် ထိုသို့မဟုတ်ပါ။ လိပ်ပြာလေးက တမှူး ပုခုံးပေါ်သို့ ပြောင်း၍ ခိုနားလိုက်ခြင်းပင်။ လုံးဝကို တမှူးနှင့် ယဥ်ပါးကျွမ်းဝင်စွာ။
တမှူး ပထမတအံ့တဩ လိုက်ကြည့်နေမိပြီးမှ သဘောတကျ ပြုံးလိုက်မိကာ လိပ်ပြာလေးအား စကားစပြောလိုက်သည်။
"မင်းက လူယဥ်နေတာလား ဟမ်၊ ပြီးတော့ ဘယ်ကဘယ်လို မျက်စိလည် လမ်းမှားပြီးရောက်လာတာလဲ"
လိပ်ပြာလေးက တမှူး ပုခုံးပေါ်ငြိမ်သက်နေသည်။ တမှူးပြောတာတွေများ နားထောင်နေတာလား။
"မင်းက ဆိုင်ရွေးတော်သားပဲ၊ မင်းနဲ့ တကယ်လိုက်ဖက်တဲ့ဆိုင်ကို မင်းရွေးထားတာပဲ"
လိပ်ပြာလေးက ငြိမ်သက်ဆဲ။
"မင်းသိလား...ငါ့ချစ်သူက လူဆိုးကြီး၊ ငါကို ချိန်းတုန်းက ချိန်းထားပြီး အခုထိရောက်မလာဘူး၊ သူ့ကို ငါဘယ်လို အပြစ်ပေးရမလဲဟင်"
လိပ်ပြာလေးက တောင်ပံနှစ်ချက် ခတ်ပြသည်။ တမှူး နားမလည်သော်လည်း တမှူးကို ထောက်ခံသည်ဟုပင် မှတ်ယူလိုက်မိသည်။
"မင်းပြောကြည့်ကွာ၊ သူလာမှာ မဟုတ်လားဟင်၊ သူလာမှာပါနော်"
လိပ်ပြာလေးက တောင်ပံနှစ်ချက် ထပ်ခတ်ပြန်သည်။ တော်တော်ထူးဆန်းတဲ့ လိပ်ပြာလေးဟု တွေးမိရင်း တမှူး စိတ်တို့ အနည်းငယ်ပေါ့ပါးသွားသည်။ ထို့နောက် တရွေ့ရွေ့ကုန်ဆုံးသွားသော အချိန်တို့ကို ဥပေက္ခာပြုရင်း တမှူးပြောသမျှ တောင်ပံခတ်ပြသော လိပ်ပြာလေးနှင့်သာ စကားတို့ပြောနေခဲ့မိသည်။
************************************
"သေဆုံးချိန် ၈ နာရီ ၄၉ မိနစ်"
အန်ကယ်လ်ဖြိုးထံမှ အတည်ပြုသံထွက်လာပြီးနောက် သူခုံပေါ်သို့ အရုပ်ကြိုးပျက် ထိုင်ချလိုက်မိသည်။
သူဂရုမစိုက်ခဲ့မိတာ...။ ညီညီ ဆေးရုံက ခိုးထွက်တာကိုတောင် မသိလိုက်နိုင်သည်အထိ သူ နမော်နမဲ့နိုင်ခဲ့တာ။ ကိုကိုကိုယ်တိုင် ဝယ်ကျွေးသော ကိတ်တစ်ခုခုစားချင်တယ်ဆိုသော ညီညီ့စကားကို ယုံခဲ့တဲ့အထိ သူမိုက်ခဲ့တာ။ ယခုတော့ ညီညီက သူဝယ်လာသည့်ကိတ်ကို ထတောင်မကြည့်ဘူးလေ။
ကြိုသိနေသော ကိစ္စဖြစ်တာတောင် ရင်မဆိုင်နိုင်ဆုံးအရာက ခွဲခွာခြင်းတရားပင်ဖြစ်မည်ထင်သည်။
ယဲ့ယဲ့မျှသော ရှင်သန်မှုဖြစ်လျှင်တောင် အနားမှာ ရှိနေသေးသည်ဟူသော အသိတရားဖြင့် ဖြေသိမ့်နိုင်ခဲ့သေးသည်။
ငိုချလိုက်ရမည်ကို မငိုနိုင်သောအဖြစ်က ရင်ထဲတင်းကြပ်နေလွန်း၍လား...။ မျက်မြင်ဖြစ်ပေမယ့် မယုံနိုင်သည့် အမှန်တရားတစ်ခုလို။
ကိုယ်ငွေ့ဖြင့်နွေးထွေးဆဲ ညီညီ့လက်ဖဝါးတို့ကို နောက်ဆုံးအကြိမ်အဖြစ် ဆုပ်ကိုင်လိုက်သည်။ အန်ကယ်လ်ဖြိုးက အလိုက်တသိအခန်းထဲမှ ထွက်သွားသည်။
ပါးစောင်များကျဥ်တက်လာသည်အထိ အံကိုတင်းတင်းကြိတ်မိသည်။ ညီညီက သူ့ကြောင့် တစ်ပါးသူတွေငိုမှာ သိပ်စိုးရိမ်တာလေ။
ညီညီ့လက်တို့ကို ဆုပ်ကိုင်ကာ ပါးထက်ကပ်ရင်း အတွေးပေါင်းစုံတို့ကို ခေါင်းထဲမှ ခေတ္တ ဖယ်ထုတ်လိုက်သည်။ ညီညီ့အတွက် သူခဏလောက်တော့ ငြိမ်သက်နေသင့်သည် မဟုတ်ပါလား။ ငြိမ်သက်နေခြင်းမှလွဲ၍ တခြား သူမတတ်နိုင်တော့ပြီလေ။
သိပ်မကြာ...။
ပွင့်ဟသွားသော တံခါးမှ ငယ်လေးနှင့် ခန့်မင်းသူက ရှေ့ဆင့်နောက်ဆင့်ဝင်လာသည်။ အန်ကယ်လ်ဖြိုး ဖုန်းဆက်အကြောင်းကြားပေးခဲ့သည်နှင့်တူ၏။ ညီညီ့ နောက်ဆုံးခရီးအတွက် ရှိနေမည့်သူက လက်ချိုးရေခဲ့လျှင် လက်တစ်ဖက်ပြည့်ဖို့ လက်တစ်ချောင်းသာလိုအပ်လေသည်။ ထိုလက်တစ်ချောင်း မပြည့်ခဲ့ဖို့လည်း ညီညီက အစွမ်းကုန်ကြိုးစားသွားခဲ့သည်လေ။ အခန်းလေးက ခေတ္တမျှ အသံတချို့ထွက်ခဲ့ပြီးနောက် တဖန်ပြန်လည် တိတ်ဆိတ်သွားပြန်သည်။ ညီညီက တိတ်တိတ်ဆိတ်ဆိတ်နေရတာကို ကြိုက်တယ်လေ။
***********************************
အားလုံးကို ကျေးဇူးတင်လျက်
Sakura Rain🌸
(Zawgyi)
2020 ခုႏွစ္၊ မတ္လ 24 ရက္။
ေခ်ာင္းသာေဆး႐ုံမွာ မေနခ်င္ဟု ျငင္းဆိုလာေသာ ညီညီ့ေၾကာင့္ ရန္ကုန္ကို ျပန္ေခၚလာရသည္။ အန္ကယ္လ္ၿဖိဳးကလည္း ရန္ကုန္တြင္ပို၍ ကုသင့္သည္ဟုဆိုသည္။ ညီညီ့အေျခအေနက သက္သာလိုက္ မသက္သာလိုက္ျဖစ္ေနသည္။ တစ္ခါတေလ ေမာၿပီး သတိလစ္သြားတတ္သည္။ အန္ကယ္လ္ၿဖိဳးကေတာ့ သူ႕ကို စိတ္ေလွ်ာ့ထားဖို႔မွာသည္။ ယူၾကဳံးမရျဖစ္စြာ ညီညီ့အနား ေန႔ေန႔ညညေနရင္း ကိုယ့္ကိုယ္ကိုယ္ အသုံးမက်သူဟူ၍ အျပစ္တင္ေရ႐ြတ္ေနမိသည္။ ညီညီ့က်န္းမာေရးအေျခအေနကို ပိုဆိုးေစသည္မွာ ေခ်ာင္းသာကိုလိုက္ရန္ သူခြင့္ျပဳလိုက္၍ဟု ယုံၾကည္အျပစ္တင္ေနမိသည္။
"ကိုႀကီး"
"အာ...ငယ္ေလး"
အခန္းထဲ ဝင္လာေသာ ငယ္ေလးက မ်က္ႏွာမေကာင္း။ ညီညီ့ေဘးသို႔အရင္သြားကာ ဆံပင္တခ်ိဳ႕ကို တစ္ခ်က္သပ္တင္ေပးၿပီးေနာက္ သူႏွင့္ မ်က္ႏွာခ်င္းဆိုင္တြင္ ဝင္ထိုင္သည္။
"ကိုႀကီး အစားေရာ ပုံမွန္စားရဲ႕လား၊ လူမမာက ကိုႀကီးလို႔ေတာင္ ထင္ခ်င္စရာျဖစ္ေနၿပီ"
ငယ္ေလးက သူ႕ထက္စာလွ်င္ သံေယာဇဥ္အေႏွာင္အဖြဲ႕ေတြကို ျဖတ္ေတာက္ႏိုင္သူျဖစ္သည္။ က်န္းမာေရးအရ သာသနာ့ေဘာင္မဝင္ခဲ့ေသာ္လည္း ငယ္ေလးက ဘာသာေရးလိုက္စားသည္။
"စားႏိုင္သေလာက္ေတာ့ စားပါတယ္ ငယ္ေလးရယ္"
"အင္း...ကိုႀကီးပါ လဲသြားလို႔မရဘူးေနာ္၊ ဒါနဲ႔ ဟိုကေလးေလးေရာ အဆင္ေျပရဲ႕လား "
ေကာင္ေလးကို ေမးမွန္းသူသိလိုက္ပါသည္။ ေခါင္းညိတ္ျပလိုက္မိသည္။ ကတိေပးထားခဲ့ေသာ္လည္း တကယ္တမ္းေတာ့ ေကာင္ေလးႏွင့္ တစ္ေန႔တစ္ခါဖုန္းေျပာခ်ိန္ကိုေတာင္ ဆယ့္ငါးမိနစ္ထက္ပိုမေပးႏိုင္ခဲ့။ သုံးရက္တစ္ခါေလာက္ေတြ႕ဖိုလည္း ေကာင္ေလးက ေတာင္းဆိုထားေသာ္လည္း ယခုအခ်ိန္ထိ သူအခ်ိန္မေပးႏိုင္ေသး။ ေမာဟိုက္လြန္းစြာ သက္ျပင္းသာခ်မိသည္။
"ငယ္ေလး ေရာက္ေနတာလား"
"အာ ညီညီ ႏိုးၿပီလား"
ညီညီက သူ႕ကို ေခါင္းညိတ္ျပၿပီး ငယ္ေလးကို ျပဳံးျပသည္။ သည္ေန႔တစ္ေန႔ေတာ့ ညီညီလန္းလန္းဆန္းဆန္း႐ွိေနသည္ဟု ထင္ရသည္။
ထိုေန႔ညေနက ေမာင္ႏွမသုံးေယာက္ ေဆး႐ုံအခန္းေလးထဲ၌ ညေနစာ အတူတူလက္ဆုံစားျဖစ္ခဲ့သည္။ သူတို႔ေမာင္ႏွမသုံးေယာက္ ယခုလို လက္ဆုံမစားျဖစ္သည္မွာလည္း ၾကာၿပီမဟုတ္လား။
"ကိုကို ငယ္ေလးကို လိုက္ပို႔လိုက္ပါဦး"
"ညီညီ တစ္ေယာက္တည္း ျဖစ္ပါ့မလား"
"ျဖစ္ပါတယ္၊ သြားပါ ကိုကိုရယ္၊ ငယ္ေလးက Taxi နဲ႔လာရတာမဟုတ္လား၊ တစ္ခုခုဆို အေရးေပၚခလုတ္ကို ညီညီႏွိပ္တတ္ပါတယ္"
ညေနလည္းေစာင္းေနၿပီျဖစ္သျဖင့္ ငယ္ေလးအား တစ္ေယာက္တည္းျပန္လႊတ္ဖို႔လည္း စိတ္မခ်ေသာေၾကာင့္ သူမျငင္းခဲ့မိ။
************************************
ကိုကိုႏွင့္ ငယ္ေလးထြက္သြားခ်ိန္ လရိပ္ေရာင္ ကုတင္ေခါင္းရင္းကို မွီရင္း ခပ္ေလွ်ာေလွ်ာေလးထိုင္လိုက္သည္။ ထို႔ေနာက္ Laptopကို ယူ၍ ယေန႔ည ဇာတ္သိမ္းပိုင္းအား update လုပ္ဖို႔ ျပင္လိုက္သည္။ စာကအသင့္ေရးၿပီးျဖစ္၍ စာစစ္ဖို႔သာ လိုေတာ့သည္။
ထို႔ေနာက္ ေက်းဇူးတင္လႊာကိုပါ တစ္ခါတည္း စာစစ္လိုက္သည္။ ဒါက Jayy ဆိုသည့္ လူသားတစ္ေယာက္ကို ခ်စ္ေပးေသာသူအားလုံးအတြက္ ေနာက္ဆုံး ႏႈတ္ဆက္စာလည္း ျဖစ္မည္ထင္သည္။
လက္ဖမိုးေပၚသို႔ ေပါက္ခနဲက်သြားေသာ မ်က္ရည္တစ္စက္ကို ၾကည့္ရင္း သူဟက္ဟက္ပက္ပက္ရယ္ေမာလိုက္မိသည္။ ခံႏိုင္ရည္႐ွိမည္ ထင္ထားခဲ့ေသာ္လည္း သူ႕ရင္တစ္ခုလုံး ေပါက္ကြဲမတက္ နာက်င္ေနသည္။
တကယ္ကို တစ္ဘဝလုံးစာအတြက္ အားလုံးကို ေက်းဇူးတင္ပါတယ္။
ထိုစဥ္ မီးမထြန္းထားမိေသာ အခန္းငယ္ထဲ စားပြဲေပၚမွ လင္းလက္လာေသာ အရာတစ္ခု။ ကိုကို႔၏ဖုန္းပင္။ ကိုကို ဖုန္းယူဖို႔ ေမ့သြားတာပဲ။ အသံပိတ္ထားေသာ္လည္း ဖုန္းမ်က္ႏွာျပင္ေပၚမွ အမည္ေလးတစ္ခုကေတာ့ အေမွာင္ထဲဝယ္ လင္းလက္ေနသည္။
အလိုက္မသိေသာ လက္တို႔က ဖုန္းကို ယူ၍ အစိမ္းေရာင္ေလးကို ႏွိပ္လိုက္မိသည္။
"ဟဲလို စီနီယာ..."
"....."
"ဟဲလို..."
"အင္း ေျပာ ေကာင္ေလး"
"ဘာလုပ္ေနတာလဲ၊ ဒီေန႔ည update လုပ္ရမွာေနာ္၊ ေမ့ေနမွာစိုးလို႔ အဟီး"
"အင္း ကိုယ္လုပ္ေနတယ္၊ ေကာင္ေလးကေရာ ဖတ္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလား"
"ျဖစ္ၿပီေပါ့၊ ငိုရမွာစိုးလို႔ တစ္႐ွဴးလိပ္ေတာင္ ေဆာင္ထားၿပီးၿပီ"
"ဟင့္အင္း၊ မငိုရပါဘူး၊ မငိုနဲ႔...ေကာင္ေလး"
"စီနီယာ မရက္စက္ရင္ မငိုပါဘူး"
"အင္း...မရက္စက္ဘူး...မငိုနဲ႔"
"ဒါနဲ႔ စီနီယာ၊ သုံးရက္တစ္ခါေတြ႕မယ္ဆို၊ ကြၽန္ေတာ္လြမ္းေနၿပီ"
သူေခတၱ ႏႈတ္ဆိတ္သြားမိသည္။ ထိုေနာက္ ျဖစ္နိင္မည္မျဖစ္ႏိုင္မည္ မက်ိန္းေသေသာ ဆုံးျဖတ္ခ်က္ တစ္ခုကို ခ်မိရင္း...။
"အင္း...မနက္ျဖန္ ေတြ႕မယ္ေလ"
"တကယ္လား စီနီယာ..."
ေပ်ာ္သြားမွန္းသိသာေသာ အသံေလးေၾကာင့္ သူျပဳံးလိုက္မိသည္။
"အင္း...မနက္ျဖန္ ၈ နာရီ၊ Te Adoro ဆိုင္မွာ ေစာင့္ေနေပး"
"အဲ့ဆိုင္က ဘယ္နားမွာလဲ"
"ကိုယ္လိပ္စာပို႔လိုက္မယ္ေလ"
"ဟုတ္"
"အင္း ဒါနဲ႔ ေကာင္ေလး ညေနစာစားၿပီးၿပီလား"
"စားၿပီးၿပီ၊ စီနီယာေရာ"
"ကိုယ္လည္း စားၿပီးၿပီ"
"ဟုတ္"
"၈နာရီထိုးေတာ့မယ္၊ ကိုယ္ update လုပ္ရဦးမွာမိုလို႔ အခုဖုန္းခ်လိုက္ေတာ့မယ္ေနာ္ ေကာင္ေလး"
"ဟုတ္...ဟုတ္၊ ကြၽန္ေတာ္ Jayy account ထဲထိ ဝင္ေစာင့္ေနမယ္ "
"ဟုတ္ပါၿပီကြာ၊ အာ့ဆို ဒါပဲေနာ္"
"ဟုတ္"
ဖုန္းခ်ၿပီးခ်ိန္ ဖုန္းကို ခပ္တင္းတင္းဆုပ္ကိုင္၍ မ်က္လုံးတို႔ကို မွိတ္ကာ သက္ျပင္းေမာကို ခ်မိသည္။
************************************
2020 ခုႏွစ္၊ မတ္လ 25 ရက္။
စီနီယာခ်ိန္းသည့္ ဆိုင္ေလး၏အျပင္အဆင္က အရမ္းလွသည္။ တကယ္ကို စုံတြဲေတြ date သင့္သည့္ ဆိုင္မ်ိဳး။ တစ္ဆိုင္လုံး အျပာႏုေရာင္မ်ား ယွက္သန္းေနသည္က ကဗ်ာဆန္လွသည္။ သည္လိုဆိုေတာ့လည္း စီနီယာက မဆိုးပါဘူး။
ခါတိုင္းလို တမႉးကို အိမ္အထိ လာမေခၚဘဲ ဆိုင္ကို တန္းလာခိုင္း၍ေတာ့ နည္းနည္းအံ့ဩမိသည္။ သို႔ေသာ္ ဘယ္လိုပဲျဖစ္ျဖစ္ ေတြ႕ရ႐ုံႏွင့္ပင္ ေက်နပ္ပါၿပီ။ ညက စီနီယာက မငိုနဲ႔ဆိုေသာ္လည္း စီနီယာ့ ေက်းဇူးတင္လႊာဖတ္ၿပီး အေၾကာင္းျပခ်က္မ႐ွိ မ်က္ရည္က်ခဲ့ရေသး၏။
စီနီယာ မလာခင္ ဆိုင္ေလးႏွင့္လိုက္ဖက္ေအာင္ ေကာ္ဖီပူပူေလးတစ္ခြက္ကို အရင္မွာလိုက္သည္။ တမႉးက ေတြ႕ခ်င္စိတ္မ်ားလြန္းေန၍ ထြက္လာတာ ေစာသြားသည္။ ၈ နာရီထိုးဖို႔က နာရီဝက္နီးပါး လိုေသး၏။ ထို႔ေၾကာင့္ ဖုန္းကို ထုတ္ၿပီး ဟိုဟိုသည္သည္ၾကည့္ေနလိုက္သည္။ ထို႔ေနာက္ ၈ နာရီ ကြက္တိတြင္ တမႉးဖုန္းထဲသို႔ စာေလးတစ္ေစာင္ဝင္လာသည္။ စီနီယာက Jayy ဖုန္းနံပါတ္ျဖင့္ စာပို႔ျခင္းပင္။
'ယုန္ေပါက္,Te Adoro'တဲ့။
Te Adoro က ယခုဆိုင္ရဲ႕ နာမည္ပဲ။ ဘာအဓိပၸါယ္မွန္း တမႉး မသိ။ ထို႔ေၾကာင့္ google ဖြင့္ကာ ႐ိုက္႐ွာလိုက္သည္။
"ဟာဗ်ာ..."
တမႉး အားရပါးရျပဳံးမိသြားသည္။
Te Adoro က စပိန္ဘာသာစကားျဖစ္ၿပီး အဓိပၸါယ္က I Adore You တဲ့။
************************************
Te Adoro ဆိုင္ေလး၏ အျပင္ဖက္ ေထာင့္တစ္ေနရာတြင္ Mask တပ္ထားေသာ လူတစ္ေယာက္သည္ နံရံကို မွီ၍ မတ္တပ္ရပ္ေနသည္။ တဟြပ္ဟြပ္ဆိုးေနေသာေခ်ာင္းႏွင့္ အသက္႐ွဴမဝေမာဟိုက္ေနဟန္႐ွိတာေတာင္ ထိုသူက Mask ကို မခြၽတ္ခဲ့။
***********************************
ကိုယ္ေတာင္းပန္ပါတယ္ ယုန္ေပါက္ရယ္...။ ကိုယ္မလာႏိုင္ေတာ့ဘူး...။
လရိပ္ေရာင္ မည္မွ်ပင္ စိတ္ကို တင္းခံႀကိဳးစားေစကာမူ ပုံမွန္လူလို ဟန္ေဆာင္၍ မရ။ ေမာဟိုက္ေနမႈေၾကာင့္ ယုန္ေပါက္အေ႐ွ႕သူသြားဖို႔ အဆင္မေျပႏိုင္။ ဆိုင္မွန္မ်ားၾကားမွ ျမင္ေနရေသာ ေကာင္ေလးကိုသာ ေငးစိုက္ၾကည့္ေနမိသည္။ ထို႔ေနာက္ ရင္ထဲမွ ဆႏၵတစ္ခုအရ စာတခ်ိဳ႕႐ိုက္ကာ ပို႔လိုက္မိသည္။ သူပို႔လိုက္ေသာ စာေလးကို ဖတ္ၿပီး အသည္းအသန္ ဖုန္းနဲ႔အလုပ္႐ႈပ္သြားၿပီးေနာက္ သေဘာတက် ျပဳံးလိုက္ေသာ ယုန္ေပါက္ေၾကာင့္ သူလည္း ခပ္ယဲ့ယဲ့ လိုက္ျပဳံးမိသည္။ မ်က္ဝန္းဝိုင္းဝိုင္းေလးေတြက ေပ်ာ္ေနမွန္းသိသာသည္။ ကိုကို႔အနားမွာဆို ယုန္ေပါက္အၿမဲအဲ့လို ျပဳံးေနႏိုင္မွာပါ။ သူယုံပါသည္။
ဆိုင္အျပင္ဘက္သို႔ မၾကာခဏၾကည့္ေနေသာ ယုန္ေပါက္ေၾကာင့္ နံရံကို မွီကြယ္ကာ ရပ္ေနလိုက္မိသည္။
အသက္႐ွဴၾကပ္ေမာဟိုက္မႈက ပို၍ ျပင္းထန္လာကာ သူ႕ကို မတ္တပ္ရပ္ဖို႔ပင္ အႏိုင္ႏိုင္ျဖစ္လာေစသည္။ ဦးေႏွာက္ထဲသို႔ ဝင္လာေသာ အေရးေပၚ အသိေပးမႈႏွင့္အတူ ယုန္ေပါက္ကို ေနာက္ဆုံး တစ္ခ်က္ၾကည့္၍ သူေနရာမွ လွည့္ထြက္ဖို႔ျပင္မိသည္။
သို႔ေသာ္ သူ႕ေျခေထာက္မ်ားက ေျခလွမ္းတစ္လွမ္းေတာင္ လွမ္းႏိုင္စြမ္းမ႐ွိခင္ ယိမ္းယိုင္သြားသည္။ ျမင္ကြင္းမ်ားကလည္း ေဝဝါးမႈန္မိႈင္း သြားသည္။ ဒါက တကယ္ပဲ ေနာက္ဆုံးထင္ပါရဲ႕။
သို႔ေသာ္ သူ႕အေတြးမဆုံးခင္မွာပင္ ျမင္ကြင္းက ၾကည္ၾကည္လင္လင္ျပန္ျဖစ္လာျပန္သည္။ လုံးဝကို ၾကည္လင္ျပတ္သားစြာ...။ အင္း...သူ ယုန္ေပါက္ကို ေက်ာခိုင္းထားပါရက္ႏွင့္ ယုန္ေပါက္ကို သူျမင္ေနရသည္။ သူျမတ္ႏိုးေသာ မ်က္ဝန္းဝိုင္းမ်ားက သူ႕ကို ျပဳံးၾကည့္ေနသည္။ ၿပီးေတာ့ ယုန္ေပါက္နားမွာ ေနာက္ထပ္ လူတစ္ေယာက္႐ွိေနသည္။ ထိုသူက...အင္း...ငယ္ေလး...။ ငယ္ေလးက သူ႕ကို ျပဳံးျပေနသည္။ သူလည္း ျပန္ျပဳံးျပလိုက္သည္။ ထို႔ေနာက္ ငယ္ေလး နံေဘးတြင္.....။
"ကိုကို..."
သူႏႈတ္မွ အသံထြက္ ေရ႐ြတ္လိုက္မိသည္။ မိုက္ခနဲျဖစ္သြားေသာေခါင္းႏွင့္အတူ အသိစိတ္တို႔က သူ႕ခႏၶာကိုယ္ထံ ျပန္ကပ္လာသည္။ ျမင္ေနရေသာ ၾကည္လင္ျပတ္သားသည့္ ပုံရိပ္မ်ား ေပ်ာက္ကြယ္သြားကာ ဝိုးတဝါး ပုံရိပ္မ်ား ျပန္ေပၚလာသည္။ ကိုကို...ဟုတ္ပါရဲ႕...။ သူ ကိုကို႔ဆီ ဖုန္းဆက္ရမည္...။
ဖုန္းထဲမွ ဖုန္းနံပါတ္ေတြက ေသခ်ာမျမင္ရေတာ့။ သို႔ေသာ္ အနည္းငယ္မွ်ေသာ ဖုန္းနံပါတ္တို႔အထဲ သူ ကိုကို႔ ဖုန္းကိုေတာ့ မွန္ေအာင္ေခၚႏိုင္ခဲ့သည္။
"Te Adoro..."
ထိုတစ္လုံးကိုသာ ေျပာႏိုင္ရင္း သူနံရံကိုမွီကာ ထိုင္ခ်လိုက္မိသည္။ လူ႐ွင္းေနေသာ လမ္းမထက္ဝယ္ သူ႕အေ႐ွ႕မွ ေခြးတစ္ေကာင္ကိုေတာ့ ဝိုးတဝါး လွမ္းျမင္လိုက္ရသည္။ မ်က္လုံးတို႔ကို ေမွးမွိတ္ရင္း တစ္ခ်က္ တစ္ခ်က္ လြတ္သြားေသာ အသိစိတ္ကို ထိန္းေနမိသည္။
သူ ကိုကို႔ကို ေစာင့္ရမည္...။ ကိုကိုက သူ႐ွိရာသို႔ က်ိန္းေသေပါက္ ေရာက္လာမွာျဖစ္သည္။ ကိုကိုက သူ႕အတြက္ဆို ဘယ္ေလာက္ေဝးေဝး ေရာက္ေအာင္လာမည့္တစ္ဦးတည္းေသာသူေလ။
သိပ္မၾကာ...။ နားထဲ၌ ကားတစ္စီးထိုးစိုက္လာသံကို ၾကားရသည္။
သူေျပာသားပဲ...။ ကိုကို လာမွာပါဆို။
မ်က္လုံးတို႔ကို အားယူဖြင့္ၾကည့္ခ်ိန္ သူ႕ထံသို႔ ေျပးလာေသာ လူရိပ္တစ္ရိပ္။ တစ္နည္းအားျဖင့္ သူ႕ကိုယ္ပြား...။
"ညီညီ"
သူ မ်က္လုံးတို႔ကို စိတ္ခ်လက္ခ် ျပန္မွိတ္လိုက္ေတာ့သည္။
************************************
8:45 AM.
တမႉး စိတ္ထဲ မတင္မက်ျဖစ္လာသည္။ စီနီယာ ဘာလို႔ ေနာက္က်ေနရတာလဲ။ ေလးငါးမိနစ္ခန္႔ေနာက္က်လွ်င္ တမႉး ေျဖသာေသး၏။ ယခုက တစ္နာရီနီးပါး ႐ွိေနၿပီ။ တမႉး ဖုန္းေခၚေသာ္လည္း ဖုန္းမကိုင္။ ကားေမာင္းေနတာ ျဖစ္မွာပါဟု ျဖည့္ေတြးေပးခဲ့ကာ စာသာပို႔လိုက္သည္။
တေ႐ြ႕ေ႐ြ႕ ကုန္ဆုံးသြားေသာ နာရီလက္တံတို႔ကို ၾကည့္၍ တမႉး ငိုခ်င္လာသည္။ စီနီယာက တမႉးကို အေလးမထားဘူးဟု ေတြးမိကာ ဝမ္းနည္းလာမိသည္။
ေဘး႐ွိ စုံတြဲတခ်ိဳ႕ ထသြားထျပန္လုပ္ေနေပမယ့္ တမႉးကေတာ့ ေနရာမွတင္ ထိုင္ဆဲပင္။ ဆက္မေသာက္ျဖစ္ေတာ့သည္ ေကာ္ဖီခြက္ေလးကလည္း ေအးစက္စက္...။
ဘယ္ဆီေရာက္သြားလဲ...တိမ္စိုင္လိုပဲ လြင့္ျပယ္....နာက်င္စရာ အတိတ္တစ္ခုရယ္...အေဝးမွာ ထင္က်န္ဆဲ...
အိမ္ျပန္ခ်ိန္ေရာက္ခဲ့...ျပန္မလာေတာ့မွန္းသိတယ္...အျမင္ေတြေဝဝါးဆဲပါ...အခု ငါေမွ်ာ္ေနတယ္...
ဆိုင္ထဲ လြင့္ပ်ံလာေသာ သီခ်င္းသံက ေဆြးေဆြးေျမႇ႕ေျမႇ႕ ။ တမႉး မ်က္ဝန္းတို႔၌ မ်က္ရည္တို႔ ေဝ့သီလာသည္။ ရင္ထဲ၌ တင္းၾကပ္မႈတို႔ ခံစားလာရသည္။ တျဖည္းျဖည္း ဆက္လက္ေ႐ြ႕လ်ားေနေသာ နာရီလက္တံတို႔ကို ထပ္မေ႐ြ႕ေတာ့ဖို႔ ေတာင္းဆိုခ်င္မိသည္။ စီနီယာက တမႉးကို ခ်စ္သူျဖစ္ၿပီးေနာက္ပိုင္း တကယ္အေလးမထားေတာ့ဘူးပဲ။
ထိန္းထားသည့္ၾကားမွ ေဝ့သီလာေသာ မ်က္ရည္တစ္စက္က ပါးေပၚသို႔ လိမ့္ဆင္းက်လာသည္။
ထိုစဥ္....။
လိပ္ျပာတစ္ေကာင္...။
ဘယ္ကပ်ံသန္းလာမွန္းမသိေသာ အျပာေရာင္ လိပ္ျပာေလးတစ္ေကာင္သည္ တမႉးပါးျပင္ကို ေတာင္ပံျဖင့္ ထိခတ္သည္အထိ တဖ်ပ္ဖ်ပ္ ပ်ံသန္းရင္း တမႉးလက္ဖမိုးေပၚတြင္ လာေရာက္ ခိုနားသည္။
တမႉး၏ မ်က္ရည္စက္ေလးဟာ ထိုလိပ္ျပာေလး၏ ေတာင္ပံတြင္ စိုစြတ္သြားေစသည္။
တမႉး အငိုတိတ္ကာ ထိုလိပ္ျပာေလးအား တအံ့တဩ ေငးၾကည့္မိသြားသည္။ လိပ္ျပာေလးက တမႉး လက္ေပၚတြင္ အေၾကာက္အလန္႔မ႐ွိ နားေနျခင္းပင္။ ထို႔ျပင္ လိပ္ျပာေလးက ၿငိမ္ၿငိမ္မေန။ သူ႕ ေျခလက္မ်ားျဖင့္ တမႉးလက္ကို ကုတ္ျခစ္ေနသည္။ တမႉး တျဖည္းျဖည္း အသည္ယားလာကာ မေအာင့္ႏိုင္ေတာ့ဘဲ ရယ္မိသြားသည္။ တမႉး ရယ္ေတာ့ လိပ္ျပာေလးက ႐ုတ္တရတ္ ထပ်ံသြား၏။
ဟင္...။ တမႉး ရယ္လို႔ လန္႔သြားတာလား။
သို႔ေသာ္ ထိုသို႔မဟုတ္ပါ။ လိပ္ျပာေလးက တမႉး ပုခုံးေပၚသို႔ ေျပာင္း၍ ခိုနားလိုက္ျခင္းပင္။ လုံးဝကို တမႉးႏွင့္ ယဥ္ပါးကြၽမ္းဝင္စြာ။
တမႉး ပထမတအံ့တဩ လိုက္ၾကည့္ေနမိၿပီးမွ သေဘာတက် ျပဳံးလိုက္မိကာ လိပ္ျပာေလးအား စကားစေျပာလိုက္သည္။
"မင္းက လူယဥ္ေနတာလား ဟမ္၊ ၿပီးေတာ့ ဘယ္ကဘယ္လို မ်က္စိလည္ လမ္းမွားၿပီးေရာက္လာတာလဲ"
လိပ္ျပာေလးက တမႉး ပုခုံးေပၚၿငိမ္သက္ေနသည္။ တမႉးေျပာတာေတြမ်ား နားေထာင္ေနတာလား။
"မင္းက ဆိုင္ေ႐ြးေတာ္သားပဲ၊ မင္းနဲ႔ တကယ္လိုက္ဖက္တဲ့ဆိုင္ကို မင္းေ႐ြးထားတာပဲ"
လိပ္ျပာေလးက ၿငိမ္သက္ဆဲ။
"မင္းသိလား...ငါ့ခ်စ္သူက လူဆိုးႀကီး၊ ငါကို ခ်ိန္းတုန္းက ခ်ိန္းထားၿပီး အခုထိေရာက္မလာဘူး၊ သူ႕ကို ငါဘယ္လို အျပစ္ေပးရမလဲဟင္"
လိပ္ျပာေလးက ေတာင္ပံႏွစ္ခ်က္ ခတ္ျပသည္။ တမႉး နားမလည္ေသာ္လည္း တမႉးကို ေထာက္ခံသည္ဟုပင္ မွတ္ယူလိုက္မိသည္။
"မင္းေျပာၾကည့္ကြာ၊ သူလာမွာ မဟုတ္လားဟင္၊ သူလာမွာပါေနာ္"
လိပ္ျပာေလးက ေတာင္ပံႏွစ္ခ်က္ ထပ္ခတ္ျပန္သည္။ ေတာ္ေတာ္ထူးဆန္းတဲ့ လိပ္ျပာေလးဟု ေတြးမိရင္း တမႉး စိတ္တို႔ အနည္းငယ္ေပါ့ပါးသြားသည္။ ထို႔ေနာက္ တေ႐ြ႕ေ႐ြ႕ကုန္ဆုံးသြားေသာ အခ်ိန္တို႔ကို ဥေပကၡာျပဳရင္း တမႉးေျပာသမွ် ေတာင္ပံခတ္ျပေသာ လိပ္ျပာေလးႏွင့္သာ စကားတို႔ေျပာေနခဲ့မိသည္။
************************************
"ေသဆုံးခ်ိန္ ၈ နာရီ ၄၉ မိနစ္"
အန္ကယ္လ္ၿဖိဳးထံမွ အတည္ျပဳသံထြက္လာၿပီးေနာက္ သူခုံေပၚသို႔ အ႐ုပ္ႀကိဳးပ်က္ ထိုင္ခ်လိုက္မိသည္။
သူဂ႐ုမစိုက္ခဲ့မိတာ...။ ညီညီ ေဆး႐ုံက ခိုးထြက္တာကိုေတာင္ မသိလိုက္ႏိုင္သည္အထိ သူ နေမာ္နမဲ့ႏိုင္ခဲ့တာ။ ကိုကိုကိုယ္တိုင္ ဝယ္ေကြၽးေသာ ကိတ္တစ္ခုခုစားခ်င္တယ္ဆိုေသာ ညီညီ့စကားကို ယုံခဲ့တဲ့အထိ သူမိုက္ခဲ့တာ။ ယခုေတာ့ ညီညီက သူဝယ္လာသည့္ကိတ္ကို ထေတာင္မၾကည့္ဘူးေလ။
ႀကိဳသိေနေသာ ကိစၥျဖစ္တာေတာင္ ရင္မဆိုင္ႏိုင္ဆုံးအရာက ခြဲခြာျခင္းတရားပင္ျဖစ္မည္ထင္သည္။
ယဲ့ယဲ့မွ်ေသာ ႐ွင္သန္မႈျဖစ္လွ်င္ေတာင္ အနားမွာ ႐ွိေနေသးသည္ဟူေသာ အသိတရားျဖင့္ ေျဖသိမ့္ႏိုင္ခဲ့ေသးသည္။
ငိုခ်လိုက္ရမည္ကို မငိုႏိုင္ေသာအျဖစ္က ရင္ထဲတင္းၾကပ္ေနလြန္း၍လား...။ မ်က္ျမင္ျဖစ္ေပမယ့္ မယုံႏိုင္သည့္ အမွန္တရားတစ္ခုလို။
ကိုယ္ေငြ႕ျဖင့္ေႏြးေထြးဆဲ ညီညီ့လက္ဖဝါးတို႔ကို ေနာက္ဆုံးအႀကိမ္အျဖစ္ ဆုပ္ကိုင္လိုက္သည္။ အန္ကယ္လ္ၿဖိဳးက အလိုက္တသိအခန္းထဲမွ ထြက္သြားသည္။
ပါးေစာင္မ်ားက်ဥ္တက္လာသည္အထိ အံကိုတင္းတင္းႀကိတ္မိသည္။ ညီညီက သူ႕ေၾကာင့္ တစ္ပါးသူေတြငိုမွာ သိပ္စိုးရိမ္တာေလ။
ညီညီ့လက္တို႔ကို ဆုပ္ကိုင္ကာ ပါးထက္ကပ္ရင္း အေတြးေပါင္းစုံတို႔ကို ေခါင္းထဲမွ ေခတၱ ဖယ္ထုတ္လိုက္သည္။ ညီညီ့အတြက္ သူခဏေလာက္ေတာ့ ၿငိမ္သက္ေနသင့္သည္ မဟုတ္ပါလား။ ၿငိမ္သက္ေနျခင္းမွလြဲ၍ တျခား သူမတတ္ႏိုင္ေတာ့ၿပီေလ။
သိပ္မၾကာ...။
ပြင့္ဟသြားေသာ တံခါးမွ ငယ္ေလးႏွင့္ ခန္႔မင္းသူက ေ႐ွ႕ဆင့္ေနာက္ဆင့္ဝင္လာသည္။ အန္ကယ္လ္ၿဖိဳး ဖုန္းဆက္အေၾကာင္းၾကားေပးခဲ့သည္ႏွင့္တူ၏။ ညီညီ့ ေနာက္ဆုံးခရီးအတြက္ ႐ွိေနမည့္သူက လက္ခ်ိဳးေရခဲ့လွ်င္ လက္တစ္ဖက္ျပည့္ဖို႔ လက္တစ္ေခ်ာင္းသာလိုအပ္ေလသည္။ ထိုလက္တစ္ေခ်ာင္း မျပည့္ခဲ့ဖို႔လည္း ညီညီက အစြမ္းကုန္ႀကိဳးစားသြားခဲ့သည္ေလ။ အခန္းေလးက ေခတၱမွ် အသံတခ်ိဳ႕ထြက္ခဲ့ၿပီးေနာက္ တဖန္ျပန္လည္ တိတ္ဆိတ္သြားျပန္သည္။ ညီညီက တိတ္တိတ္ဆိတ္ဆိတ္ေနရတာကို ႀကိဳက္တယ္ေလ။
***********************************
အားလုံးကို ေက်းဇူးတင္လ်က္
Sakura Rain🌸