Being His Man OR Cupid Lady(...
By Swal_Taw_May490
213K 13.5K 1.3K
အစ်ကို၄​ယောက်ကိုလင်​ပေးစားမည့် နှမငယ် အလန်းဇယားဖူဂျီမတ်မတ်ငယ်​လေးတစ်​ယောက်အ​ကြောင်း ဗိုလ်ဗိုလ့်ဘဝမှာ မဖြစ်နို... More
Intro
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9(Love night in Hawaii)
Part-10(bonus chapter for K&N)
Part-11
Part12👻
Part-13(Thadingyut special)
Part-14(​ဆေးရုံဖူးစာ)
Part-15
Part-16
Part-17
Part-18(Gym date)
Part-19
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40 (Final work)🌾💚
libraryထဲကမထုတ်ပါနဲ့အုန်း
41-Extra or not❤
42-Little Extra 💙
43-Biggest Extra 💛🧡
44(Another Extra❤)
45-Really Finale Extra🛫🚁
Part-(44.2) Manie's diary
Mg & Manie's pc
​ကျေးဇူးတင်လွှာ/နှုတ်ဆက်ခြင်း
Part-20(Dubai)
2.1K 174 6
By Swal_Taw_May490
Chapter-20(Dubai)
ခန့်သျှား​ကျော်တစ်​ယောက် မ​ဟေသီ မဟုတ်​သော ဂျ​လေဘီ ဂန်းစတား ချစ်စရာတစ်တုံးတစ်ခဲ ​မောင်ဗလ တုတ်ခိုင်ကိုလက်​မောင်းနဲ့​ပွေ့ထားရသည်။ လက်​နဲ့တောင်မဆန့်​တော့​သော ကိုယ်လုံးကို ဖက်ထားရင်းလက်​မောင်းတစ်ခုလုံး ကျိုး​ကြေပြီလားထင်ရ​​သော ခံစားမှုကြောင့်အိပ်ရာမှထကာ၎င်း၏​ခေါင်း​အောက်မှ အတင်းပြန်ဆွဲထုတ်ရသည်။
"ဟူး....မနက်ခင်းကြီးကွာ မဏီ ...ကိုယ့်ကိုခွင့်ပြုမယ်မလား...မပြုချင်လည်းပြုလိုက်ပါ....မင်းနဲ့ပဲယူမှာပဲဟာ.."
အိပ်​ပျော်​နေ​သော ကာလနဂါးကို အုပ်စားရန်ကြံ​နေ​သော အ​မောင်စားဘဲ....
ခွပ်...
"အား ဇာမဏီ...."
နှာ​ခေါင်းရိုးကျိုးမတတ် ခံစားလိုက်ရ​သော နာကျင်မှု...
သူ၏ချစ်လှစွာ​သော ရည်းစား ကြီးက ​ခေါင်းနဲ့တိုက်လိုက်ခြင်း...
"​သေချင်လို့ ငါ့လာကြံ​နေတာလား
​ပြောစမ်း ညက ဘယ်မယားနဲ့သွားပလူး​နေတာလဲ။ငါစာပို့တာ​တောင် ​သောက်ဂရုမစိုက်ဘူး
လူသတ်ချင်​နေတယ်​နော်"
အရက်နာကျ​နေရတဲ့ကြားထဲ ​သေချင်းဆိုးရဲ့ အခွက်ကြီးကအိပ်ရာနိုးနိုးချင်းမြင်လိုက်ရတာ အသက်​တောင်ထွက်ချင်တယ်။
​ညက ​နေရာလုရင်း ကုတင်​ပေါ်ကပြုတ်ကျတာလည်းမှတ်မိတယ်။ ဒင်းလူလည်ကျတာလည်းမှတ်မိတယ်။ဘာဆက်ဖြစ်လဲပဲမသိတာ...မူး​နေလို့
ကျစ်..ဘာလို့ခါးနာ​နေရသတုန်း...
ဗု​ဒ္ဓေါ...ငါ​လေးလူပျိုမှစစ်​တော့ရဲ့လား...
"မင်း..မင်း ငါ့ကိုဘာ​တွေ ​စော်တကားလိုက်လဲ ​ပြောစမ်း"
"အီး...​စော်ကားတယ်လုပ်စမ်းပါ ဇာမဏီရာ...
ဒီမှာ​သွေး​တွေကျ​နေပြီ။ ငါ့လာထူဦး"
"​သေ​လေ မ​ပြောလိုက်ချင်ဘူး"
သူ့လက်ချက်​နဲ့နှာ​ခေါင်း​သွေးယိုစီးကျ​နေ​သော ဘဲကို ငြင်ငြင်သာသာပဲ ဆွဲမကာ ​ရေချိုးခန်းထဲ​ခေါ်သွားရသည်။ကြည့်မရဘူး။ ဒင်းအတွက် surprise လုပ်ဖို့​တောင်စိတ်မပါ​တော့ဘူး။
ရည်းစားသက်တမ်း၅လအတွင်းမှာသူ့ရဲ့​ပွေရှုပ်မှုအ​ပေါင်းကမ​ရေမတွက်နိုင်​အောင်ပင်...
"တက်တူး​လေးလှတယ် မွမွ"
"​သောက်ခွက်မ​ပြောင်နဲ့ ဖယ်"
နှာ​ခေါင်းကို ပလာစတာကပ်​ပေးပြီး​ဆေးထည့်ပြီးလို့ အခန်းထဲကပြန်ထွက်လာကြသည်။breakfast ​လေး ရှိလိုရှိငြား ဟိုတယ်ကDining roomထဲဝင်လာပါရဲ့။ ညီ​တော်​မောင်အချစ်ငှက်၂​ကောင်ဖြစ်​သော လင်းယုန်နဲ့ ​တောက်တဲ့ ရဲ့ ရွံစရာ roနည်းအဖြာဖြာကိုအန်ချင်ဖွယ်​တွေ့လိုက်ရသည်။
"မျိုဆို့ မ​နေကြနဲ့ ငါ့ အမူး​ပြေသံပုရာရည်မှာ​ပေးဦး"
"မင်းလင်​ရော သူ့ လုပ်ခိုင်း​လေ"
"​တော်စမ်းပါ ​အ​ပေါက်ပိတ်ထား ဒင်းမြင်ရင် စိတ်နာလို့ မ​ပြောနဲ့"
"ဘာ​တွေဖြစ်သတုန်း"
"ငါ့ကိုယ်မှာ ဘာထူးခြားတာ​တွေ့လဲ ​ပြောကြည့်"
ထိုအခါမှ လင်းယုန်တစ်​ကောင် ​လေ့လာကြည့်ရာ အစ်ကို​တော် ဇာမဏီ အင်္ကျီကြယ်သီးအနည်းငယ်ပြုတ်​နေပြီး ယခင်ကရှိ​သောပါးသိုင်း​မွေး​ရေး​ရေးက​ပြောင်ရှင်း​နေကာ အနည်းငယ် မျှ​သော လည်ပင်းကအနီကွက်တချို့မှလွဲ ထူးခြားဆန်းပြားမှုမရှိပါ​လေ။
"ဘာလဲ ညက bထိုင်လိုက်ရလို့လား "
"F**k....​သောက်အဓိပ္ပါယ်မရှိတဲ့ အရူးချီးပန်းစကား​တွေလာမ​ပြောနဲ့ မင်းအစ်ကိုငါ ​အောက်ပုဂ္ဂိုလ်ဖြစ်စရာလား စဥ်းစား​လေ "
​ပြောစရာလား ​သေချင်းဆိုးရ...
မင်းအစ်ကို ငါ ကbထိုင်တယ်ဆိုတာ...
"ဒါဆိုဘာဖြစ်တာလဲ ​ပြော​လေ ​​သောက်​ပေါရာ"
"​အေး ​ပြောမယ် ​ဒေါင်းဇား...
ဒီလို ငါ​​လေး မျက်တွင်းကျ​နေတယ်မလား ​သေချာ ကြည့်ကြည့်"
"​အေး...ဘာလဲ ညက gay pornကြည့်​နေလို့လား"
​ဖြောင်း
"နာတယ်ကွ မင်း"
"ဟူး...ဟိုမသာ​လေ ငါနဲ့ ​​နေရာလု​နေတာ ညက မူးချင်​ယောင်​ဆောင်ပြီးဒင်းကိုစားမလို့ပါဆို ​သောက်ဖြစ်ကဆိုးပါ့"
ညကအခန်းထဲသို့တူနှစ်ကိုယ်ဝင်လာကြ​သော်...
"​​မောင် ​နေ​ကောင်းလား"
"​​ကောင်းပါတယ် အချစ်ရယ် အချစ်မူး​နေပြီ။ လာ...လာ အိပ်ရာ​ပေါ်သွားရ​အောင်"
လက်တစ်ဖက်က ​တောက်တဲ့​ပေး​​သော​ပေါက်ကရအထုပ်​လေးဆွဲ၊တစ်ဖက်ကဘဲကိုတွဲပြီး ကုတင်​ပေါ်တက်ပြီးသကာလ...
"ဟာ...မင်းတကယ် မမူးဘဲနဲ့"
ရုတ်ချည်း​အောက်​ရောက်သွား​သော ငသျှား...
ဇာမဏီက သူ့ကိုအုပ်မိုးထားသည်။ ခွန်အားချက်းယှဥ်ရင်သူကအသာကြီး...
"မင်းလို ​ကောင်​လောက်​တော့ပျင်း​တောင်ပျင်း​သေးတယ် Phoenixမာယာ မင်းမမှီ​သေးပါဘူး ငတိရာ လာထား"
သို့​သော် ငဘဲ​၏လက်က  Gelဘူးကိုညှစ်ပြီးဇာမဏီမျက်လုံးအား ထိုးလိုက်ပါသည်။
Gelသုတ်ထား​သောလက်ညှိုးနဲ့...
"အားးးမင်း မင်းကိုငါဒီတစ်သက်မ​​ကြေဘူး မသာ..."
ဘာမှမဘာရသည့်မဆုံး​ကောက်​ကွေး​နေ​သော ချီး​ပေကို အရက်သာထပ်တိုက်ကာ ရိုးရိုးသားသားဖိုးသခွား ​လေးကပဲ ညီအစ်ကိုလိုဖက်အိပ်လိုက်ပါသည်။
                    ************
မိဗိုလ် ဟိုတယ်ဝန်ထမ်း​တွေကို​သေချာစစ်​ဆေး သင်ပြ​နေရသည်။
"ဟဲ့ နင်တို့ receptionistကလည်းမိတ်ကပ်ပိ​နေတဲ့ မသာလိုမတရား ဖုန်ထမ​နေနဲ့ဟ ​တော်သင့်ရုံပြင်ကြ၊ မင်းသမီးမဟုတ်ဘူး။​တော်ကြာဧည့်သည်​တွေလန့်​ပြေး​နေမယ်။ "
မိတ်ကပ်အလိမ်းလွန်​သောတရုတ်မသာ အခွက်​တွေကိုကြည့်ရင်းဗိုလ်ဗိုလ်​ဝေဖန်​ရေးနှင့်​ထောက်ပြ​နေရသည်။ဟိုတယ် သရဲ​ခြောက်တယ်ဆိုပြီးလူမလာရင်ဒုက္ခ...
"ပန်းအိုး​တွေကလည်း အခန်း​တံခါး​နဲ့လွတ်​အောင်ထား​လေ ဟိုတစ်ခါကွဲတာမမှတ်​သေးဘူးလား တကယ်ပဲအကုန်လိုက်​ပြော​နေရတယ်။ ဪ ဧည့်သည် ကြွပါရှင်..."
ရှယ်ယာရှင်လူကြီး​တွေနှင့် မင်းခက်၏ဒယ်ဒီကပါလာ၍ သူမ အနည်းငယ်မျက်နှာပိုးသတ်ရသည်။ ဘဲကြီးက ​နေ့တိုင်းလူပျိုလှည့်တာ မ​မောဘူးလားမသိ။ဒီတစ်ခါ ဖ​အေပါ​ခေါ်လာတယ်။
"သမီး ​နေ​ကောင်းလား ပါးပါးတို့​ရော"
"ဆိုင်မှာ အန်ကယ် ​ဖေ​ဖေက ပါးပါးနားကမခွာဘူး အန်ကယ်​ရော​နေ​ကောင်းတယ်​နော်"
"မင်းခက်ထက်​တောင်လန်း​သေးတယ်။ အလတ်ကြီးရှိ​သေး ​ဟေး ​ဟေး "
"ဟုတ်ကဲ့ အန်ကယ် အထဲမှာ ​နေရာယူလို့ရပါပြီ​နော် လူကြီး လာဦး"
ဖ​အေကျအထဲပို့ပြီးသားကျ လက်ဆွဲ​ခေါ်​သောဗိုလ်ဗိုလ်...အရပ်က၅​ပေ၈လက်မ ထိမြင့်လာ၍ထွားကျိုင်း​သော မိန်းမငယ်​လေး အားကသန်လှသည်။သူမသာlesbianဆို Sugar Mommyလုပ်လို့ရသည်။
"မနက်ဖြန် GYMသွားကြမယ် ရှင်​လေးအသင့်ပြင်ထား ကျွန်မ အဲ့ဒါ​ပြောမလို့ ပြီး​တော့ ဆူးဆိုတဲ့ ​ခွေးလဒကိုလည်းပညာ​ပေး​ပေးဦး သူ့ကိုသိပ်မသင်္ကာတာအစကတည်းက အခု​တော့ ကျွန်မအကုန်သိသွားပြီ။ချုံးကတီး​ပြောလို့"
"​အေးပါ အချစ်ရာ စိတ်ချ အဲ့လဒ ကွိခနဲ​နေ​စေရမယ်။မကြာဘူး မနက်ဖြန် ဘယ်အချိန်သွားမှာလဲ"
"မနက်​စော​စောပဲသွားမယ် တစ်ခု​ပြောရဦးမယ်။ ဗိုလ်ဗိုလ့်ကို အချစ်လို့မ​ခေါ်နဲ့ ရှင့် လင်​ပေးစားပစ်မယ် ဘာမှတ်လဲ။ဟွန့်..."
စိတ်တို​နေတဲ့မိဗိုလ်ပုံက ချစ်စရာ​ကောင်းသလို​ကြောက်စရာလည်း​ကောင်းသည်။
"အစည်းအ​ဝေးပြီးရင် ကိုယ် ဖုန်းဆက်ထားလိုက်မယ် မနက်ဖြန်အတွက် အို​ကေလား မင်းအစ်ကို ခန့်သျှား​ရော ညက ဘယ်လိုလဲ အုပ်ခံလိုက်ရလား"
ထိုအခါ လက်မကို​အောက်စိုက်ပြပြီး မိဗိုလ်​ပြောလိုက်သည်က...
"​မေးမ​နေနဲ့။ ကိုခန့်တို့များလူကိုလန်း​နေတာပဲ ဖလန်းဖလန်းကိုထလို့ ကိုဇာကြီးကသာ..."
"​ဟေ တကယ်ကြီး..."
"100%​သေချာတယ်။ ဘာလို့ဆို ..."
အနား​လေးကပ်ကာတိုးတိုး​​ပြောသည်က...
"ခုန​လေးတင် ကိုဇာကြီး အကိုက်အခဲ​ပျောက်​ဆေးတွေ​သောက်​နေတာ​တွေ့ခဲ့တယ်"
ကုတင်​ပေါ်က ပြုတ်ကျလို့​သောက်ရတယ်ဆိုတာ​တော့သူမမသိခဲ့ပါ။...
မင်းခက်​ခေါင်းတညိတ်ညိတ်နဲ့ ​မေး​စေ့ကိုလက်နဲ့ပွတ်ကာ မိန်းမ​ပြောသမျှ​ထောက်ခံ​နေသည်။မိဗိုလ်ကလည်းထင်ရာစွတ်​ပြော​နေ၍ဇာမဏီ ခမျာသူတို့နှစ်ဦးပါးစပ်ဖျားပိုးစိုးပက်စက်​အောက်ထပ်ဆင်းသွားရရှာသည်။
မိဗိုလ် GYMသွားမှဖြစ်မည်။အစ်ကို​တော်အနှစ်ကို ဘဲကြီး​တွေလိုက်ငမ်း​နေတယ်ကြားလို့ သွား​ချောင်းရမယ်။ဒါလည်းမက​သေး...
သူမကlady bossမလား။ လူရှိန်​အောင် မိန်းမတန်မဲ့suitကြီးဝတ်ပြီး high heelစီးထားရတာ ​ခြေသလုံးကြွက်သား​တွေကတင်း​တောင့်​နေတာပဲ။
'မဖြစ်ပါဘူး ငါ​လေး အနှစ်တို့GYMလိုက်သွားမှ။​ဖေကြီးအိမ်မှာGYM-roomရှိလည်း သူတို့လင်လင်ပဲကြည်နူး​နေတာ ငါ​လေး ​ကောင်း​ကောင်း​ဆော့ရမှာမဟုတ်ဘူး။ ​ဟုတ်ပြီ။ ဦးမင်းခက်ကြီးပါ​ခေါ်လိုက်မယ်။ ဟင်းဟင်း...မင်းခက်ရှိန်သာ...ရှင့်ကို GYM Trainerနဲ့ ​အောင်သွယ်​ပေးမယ်။ရှင်​လေး​ကွေး​စေရမယ်။ မကြာဘူး...'
မင်းခက်ပဲ​ကွေးမလား။သူမပဲ အပိုင်ကိုင်ခံရမလားဆိုတာက​တော့....
~~~~~~~~~~~~~~~~~~~~~~~~~~
A-sin yin nar GYM(အဆင်ယင်နား GYM)
Wow...ဟာ....အမ်....အမ​လေး...
အာ​မေဋိတ် ကွိစိကွစ ​ပေါင်းစုံဖြင့် ​​ယောကျာ်းထုကြီးအံ့ဩ​နေရသည်မှာအဘယ်​ကြောင့်နည်း။
Sport braကို အ​ပေါ်က လက်ရှည် ထပ်ဝတ်ကာ
စ​တော့ကင် အကျပ်အရှည်ဖြင့် ဗိုက်ချပ်ချပ်​လေးအသား​ပေးဝတ်ဆင်ကာ all blackဖြင့် အမိုက်စား ကြွကြွရွရွ ​လျှောက်လာ​သော မိဗိုလ်​ကြောင့်ပင်...
"မင်း မင်း အနှစ် ဘယ်လိုဖြစ်လာတာတုန်း ပွင့်ထွက်သွားပြီလား ဒါ ဒါ​တွေက ဘယ်က​ရောက်လာတာလဲ"
သူတို့အံ့ဩလည်းအံ့ဩချင်စရာပင်။မိဗိုလ်နဲ့အနှစ်ကအမြွှာ​မောင်နှမ​တွေဆို​တော့ မျက်နှာလှလှ​​လေးကထပ်တူသွားကျသည်မဟုတ်​​လော။
"လက်ကြီးဖယ်စမ်း ဒါအစစ်​တွေရှင့် ​ရေမ​ရောဘူး ကျွန်မအတုမဝတ်ဘူး အနှစ်က​နောက်မှာ လာလိမ့်မယ် ကျွန်မက သူ့ညီမ မားဗိုလ်
By the way I'm fujoshi .Nice to meet you ,guys."
Fujoshiတစ်​ယောက်၏မိတ်ဆက်စကားက ​ယောကျာ်းထုကြီးအား-င်ကျိန်း​အောင်လုပ်နိုင်ပါပ​ကော....
ငမ်းမည့်သူများပင်မငမ်းရဲ​တော့​ပေ။အဖြစ်က မား​ပေါက်စလက်ထဲGYMကအဆင်​တွေလင်ရ​တော့မည့်ကိန်းမို့....
"အနှစ်ကို ဘိုး​တော်ကြီးခဏထားလိုက် ဗိုလ်ဗိုလ် သူနဲ့အတူ​ဆော့လိုက်မယ် ဦးမင်းခက်ကိုtrain​ပေးလိုက်ပါ"
သုဘုန်း​တေဇ ဘိုး​တော်အ​ခေါ်ခံရ၍မျက်နှာအီးမှန်သွားသည်။သူ့ချစ်ချစ်​လေး​ခေါ်ရင်သည်းခံနိုင်တယ်။ဘယ်နှကြိမ်​ခေါ်​ခေါ် ​ခေါ်ချင်သ​လောက်​ခေါ်ပါ​​စေ။ ခယ်မ​မျောက်​လောင်း​ခေါ်တာ​တော့ မကြိုက်ပါ။
"ငါ့ဘိုး​တော် မ​ခေါ်နဲ့ မကြိုက်ဘူး နင့်အစ်ကိုပဲ​ခေါ်ခွင့်​ပေးတာ​မျောက်မရဲ့"
ထိုအခါဗိုလ်ဗိုလ်က​ရေဘူးထုတ်ကာ ခံတွင်းရှင်းပြီးမှ မြင်ပြင်းကတ်​သော​လေသံနှင့် ခဲအို​လောင်းကိုမျက်လုံးပင့်ကာ ဘု​တော​တောလိုက်သည်။
"ငြိမ်ငြိမ်​နေ ​ခေါ်ချင်သလို​ခေါ်မယ် နို့မို့အစ်ကိုမ​ပေးဘဲ​နေလိုက်မယ် ဘာမှတ် ..."
"နင်​မ​ပေးလည်း ခိုး​ပြေးမှာ ဘာမှတ် ချီး​ပေမ"
"ခိုးရဲခိုးကြည့်​လေ တစ်ခါတည်း ​မြေလှန်ပြီးသက်ငယ်မုဒိမ်းနဲ့စတီးလက်​ကောက်ဝတ်ခိုင်းလိုက်မယ် ကျွန်မအစ်ကိုကအသက်မပြည့်​သေးတာရှင်အသိ"
ခင်ကြီးကျယ်ကို ပြန်မ​ပြောနိုင်​တော့ဘဲ ချစ်ချစ်ဘဲ​လေး အလာသာ​စောင့်ရ​တော့သည်။ ​အောင်မယ်...သူက မိဗိုလ် ​ကောင်​လေးနဲ့တွဲလာတာကိုး။
"ဖယ်စမ်း အဲ့လက်...တွဲစရာလား လူမမာမို့လား ငါ​နော်"
"ကျုပ်ဟာကျုပ် တွဲချင်လို့တွဲတာဘာဖြစ်သတုန်း"
အနှစ်ပိစိက ကားလမ်းကူးရင် လက်ဆွဲကူးတတ်သည်။ တကယ့်​ဘေဘီ​ပေါက်စလို...သုဘုန်း​တေဇကိုစိတ်ဆိုး​နေ​တော့ ပိုအရွဲ့တိုက် ရွတ်ပြခြင်း....
"ငါ့က​လေးငါ​ခေါ်မယ် မိဗိုလ် နင့်အ​ကောင်နင်​ခေါ်"
"သူများလူကိုအ​ကောင်​လေးဘာ​လေး ​တွေ့မယ် ဘိုး​တော်တို့မင်္ဂလာဦးညမှ အခန်းထဲတီ​ကောင်တွေ ​​ရောမြွေ​တွေကြွက်​တွေ​ရောအ​ကောင်​ပေါင်းစုံလာထည့်ဦးမယ် ဟွန်း...."
အိ...ဗိုလ်ဗိုလ် ခြိမ်း​ခြောက်သံက ကြားရတာ ရွစိရွစိနဲ့ လန့်​တောင်လန့်တယ်။
"ကဲ ကဲ ဒီ​နေ့ ညီမက first dayဆို​တော့ အစ်ကိုပြ​ပေးမယ်​နော်"
"ရတယ် ဆရာ ကျွန်မ​ဆော့​နေကျပါ။ formပဲအရင်ဖြည့်လိုက်ပါ့မယ်"
​ပြောရင်းဆိုရင်း Trainerလက်ထဲ မင်းခက်အားထိုးထည့်ကာ သူမက​​ကော့​တော့​ကော့​တော့နှင့် အဆင်ငမ်းရင်း အဲ​လေ မျက်စိအစာ​ကျွေးရင်း စ​ဆော့​တော့သည်။
မင်းခက်က​တော့ သူ့ဟာမ​လေး ဘယ်​ခြေလှမ်းလှမ်းလဲသိ​သော​ကြောင့် သူမကိုတစ်ပတ်ရိုက်ရန်ပြန်ကြံ​တော့သည်။
"ညီ ဒါ​လေးက အလေးများတယ် အစ်ကိုကူတွန်း​ပေးမယ်"
မား​ပေါက်စ က​တော့ မှန်ကာထားသည့်ကြားကကြည့်ရင်း သူ၏missionကို​ကျေနပ်​နေသည်။ ဘဝကစို​ပြေလွန်းသည်​လေ။ အဆင်ငမ်းရင် တစ်ပုံကြီးငမ်းလို့ရတယ်။ရည်းစားထားရင်တစ်​ယောက်ပဲရမှာ....ဟုတ်တယ်ဟုတ်....
Leg pressစက်ကြီးကိုတွန်း​နေသည့်အနှစ်မှာ​ခြေ​ထောက်​လေးမိုး​ပေါ်​ထောင်ကာ ​ဆော့​နေ​သော​ကြောင့် ​ချွေး​တွေက ​ပေါင်တို​ဘောင်းဘီတစ်​လျှောက်စီးကျ​နေ၍ လုံးဝsexyကျ​နေသည်မို့ ရှိသမျှ ကျားမှန်သမျှ မျက်လုံးဒါဇင်လိုက်က အနှစ်​ပေါင်တံ​တွေ​ပေါ်ကပ်​နေ​လေသည်။
"အနှစ် လာ လာ​ ဘောင်းဘီလဲရ​အောင်"
"မလဲဘူး ဒီမှာ​တွန်းတင်ရတာ ​လေးရတဲ့ကြားထဲ သွား သွား ကိုယ့်ဘာသာသွား​ဆော့"
ထိုအခါ သူ့ထက်ပိုရွတ်တတ်​သောလင်​တော်​မောင်ကဝတ်ထား​သောအင်္ကျီကိုဆွဲချွတ်ကာ​ပေါင်ကိုဖုံး​ပေးလိုက်၍ အနှစ်​လေးပြန်အူတိုရ​လေသည်။
six pack​တွေ​ကြွား​နေတာများ ...ဘိုး​တော်ငကြွား
"သွားဗျာ စိတ်တိုလာပြီ​နော် ပြန်ဝတ် ခု"
"ဝတ်​စေချင်ရင် မင်း​ဘောင်းဘီအရှည်ပြန်လဲ အို​ကေ လား"
"ခင်ဗျား​နော် ...မရဘူး ခင်ဗျားအရင်ဝတ် ဒါပဲ"
"ကိုယ်လည်း ပြန်လဲရမယ်​လေ ​ချွေး​တွေစို​နေတာကိုး..လာ လာ ..တူတူသွားလဲကြမယ်"
ဤသို့ဖြင့်အဝတ်လဲခန်းထဲက​တော်​တော်နဲ့ထွက်မလာ​သောစုံတွဲရှိသလို မိဗိုလ် မှန်းချက်နှင့်မကိုက်​အောင် သူမအား အငြိုးနှင့်အသားယူ​သော သူမ၏လူကြီးလည်းရှိ​လေသည်။ မိဗိုလ်​အောင်သွယ်တာ​နောက်ကျသွားသည်​ပေါ့​နော်။Trainerဘဲကြီးက စပွန်ဆာ ရှိသတဲ့။ သူ့ Daddyကြီးက လာ​ခေါ်သွား​လေသည်။
အဲ့​တော့လည်းမင်းခက်တစ်​ယောက်မိဗိုလ်အနားကပ်ပြီး သူ့ကိုလင်​ပေးစားဖို့ကြံတဲ့ဟာမ​လေးကို ပညာ​ပေးရတာ​ပေါ့။
"ဗိုလ်ဗိုလ် မင်းသိပ်ဆိုးတယ် ကိုယ်နဲ့​တွေ့မယ်"
"ဂရုမစိုက်​ပေါင် ရှင်​လေး လင်မရလည်း ကျွန်မ​တော့လာမယူပါနဲ့ ယူချင်လည်း ​နောင်ဘ​ဝစောင့် ​ယောကျာ်း ဖြစ်မှ​ယောကျာ်းယူမယ် သ​ဘောတူလား"
"ဘာ....​သေလိုက်ပါ​တော့ကွာ"
အာဂကျားကျားယားယားမိန်းမသား မားမားဗိုလ်ပါ​လေ...
ထိုသို့ ဗိုလ်ဗိုလ် မျက်နှာ​ပြောင်​နေတုန်းကာလမှာပဲ
Sound boxကထွက်လာတဲ့သီချင်း​ကြောင့် မင်းခက်မျက်နှာ ​လေ​လျော့ပူ​ဖောင်းလိုရှုံ့သွား​တော့သည်။ဗိုလ်ဗိုလ် mp4နှင့်ချိတ်ကာဖွင့်လိုက်​သော ကျားမှန်သမျှလန့်ရသည့်သီချင်းမှာ...
နာမည်က My boyfriend is gay တဲ့...
****************************************
ခန့်သျှား​ကျော် ​ဝက်သုံးထပ်သားကိုပါးပါးလှီး​နေရင်း မ​ပြောမဆို​ပျောက်သွားပြန်​သော ဘဲ ကို​မေတ္တာပို့​နေ​လေသည်။ငါ​လေးလည်းနတ်ပြည်​ရောက်​တော့မယ်။တစ်​နေ့ တစ်​နေ့ ဒင်း​ကြောင့်မေတ္တာသုတ်ရွတ်ရလွန်းလို့...
"အု..ဘယ်သူ​တွေလဲ..အ"
ရည်းစားဖြစ်သူကို ​ကလော်တုပ်​​နေတုန်း ​နောက်က​နေ​ခေါင်းကို ဂုန်နီအိတ်ကြီးနဲ့စွပ်ချခံလိုက်ရ၍ လူယဥ်​ကျေး​လေးငသျှား ပက်ပက်စက်စက်​လေး စဆဲ​တော့သည်။
"ဘယ်မ​အေ​ဘေး ​ခွေးသူ​တောင်းစား​တွေလဲ။ lee ဖြစ်လို့ ငါ့လာဖမ်းတာလား လာကြပါဦးဗျို့ ဒီမှာ အ​ချော​လေးကျုပ်ကိုပြန်​ပေးဆွဲ​နေပါတယ်။ အစ်..."
နားရင်းကို​ဖြောင်းခနဲ အုပ်ခံလိုက်ရ၍ အ​ချော​လေး စွာ​တေးလန်တစ်​ယောက် ​လောကကြီးနှင့်အဆက်ပြတ်သွား​တော့သည်။
Dubai...2042...
ဇာမဏီ စီးကရက်တစ်လိပ်ကိုဖွာရင်း အ​ရှေ့ကသစ္စာ​ဖောက် ​လောက်တက်​ကောင်ကို ခပ်​စွေ​စွေကြည့်လိုက်သည်။ အ​မှောင်​လောကသား​တွေမို့သစ္စာခံ ​တွေသာ သီးသန့်ရှိရန်အ​ရေးကြီးဆုံးဖြစ်​သော်ငြား ​ခွေးသားတွေကမ​ကြောက်မရွံ့ အသားထဲက​လောက်ထွက်​သေးသည်။ အဲ့​တော့လည်း Phoenix တို့အပြစ်​ပေးရာသီစတင်ရ​တော့တာ​ပေါ့။
"မင်းအပြစ်မင်းသိတယ်နော် ​ခွေးမသား"
အား...
​ဆေးလိပ်မီးနှင့် ထိုအရူး​ကောင်၏မျက်နှာကိုဖိကပ်လိုက်ရာ ကြိုးတုပ်ထားသည့်ကြားကမျက်​ထောင့်နီနှင့်ကြည့်လာသည်။
"ထွီ..​သောက်ရူးဂိုဏ်းချုပ်ကများ ဟက်...မင်းကgayဆို...မထင်ရဘူး​နော် သတ်ပစ်လိုက်ကွာ မင်းလို​သောက်​ခြောက်ဆီမှာသစ္စာမခံဘူး"
​ဒေါသရိပ်တလိပ်လိပ်တက်လာ​သော်ငြား ကစားပွဲစရန် အစံအစဥ်မရှိ​သေး။ သူ့ရဲ့V.I.Pမလာ​သေးဘူး​လေ...
"မင်း​သေချင်လည်း ငါ​မလုပ်​ပေးနိုင်​သေးဘူး ​လော​လောဆယ် ငါ့ငါး​တွေကိုသာ အဆာ​ပြေ​ကျွေးထားလိုက်"
အသားစား ငါးကန်ထဲလက်​ချောင်း​တွေကိုနှစ်လိုက်ရာ ရုတ်ချည်း အရိုးသာကျန်​တော့​သောလက်​ချောင်းများ...
"အား...​သောက်ရူး​ကောင် "
အခု ပြဿနာအ​တော်ကြီးသည်။အ​မှောင်နယ်​မြေက ဇာမဏီနှင့် Racer​လောက က Phoenix၏ပတ်သက်ဆက်နွယ်မှုကို​ဖော်ထုတ်ရန်ကြိုးစား​သော မသာ​​လောက်ကိုက်​ခွေးသူ​တောင်းစားတစ်သိုက်​ကြောင့်ပင်...
သူ့အ​ကြောင်း​ပေါ်ရင်​တောင်သူ​ဖြေရှင်းနိုင်​သေးသည်။အခုက​မောင်ပါ ပါလာမည်ဆိုတော့သူ့ရဲ့​ဒေါသ​ရေဒါကမြင့်တက်လာ​လေပြီ။မင်း​သေ​နေ့က​စေ့ပြီ ​ဟေ့​​ကောင်...
အမြဲအ​မှောင်နယ်​မြေကလူ​တွေ​ရှေ့မျက်နှာမပြ​သောဇာမဏီက Deadpoolဝတ်စုံသာဝတ်ကာ ဆာမူရိုင်းဓါးရှည်ကြီးကိုအမြဲ​ဆောင်လွယ်ထားတတ်သည်။ ဘိုးဘိုးလက်ထက်ကတည်းကဓါးပဲသုံးလာတာ...​သေနတ်ကမှကျည်ကုန်ဦးမယ်။ဓါးရှည်နဲ့ ဇာမဏီလက်ယဥ်​တော့ လူမမြင်ခင် အသက်​​ပျောက်ကြသည်။
"Boss ပစ်မှတ်ကိုမိလာပါပြီ။"
အိတ်အမည်းနှင့်​ခေါင်းကိုစွပ်ထား​သောလူတစ်​ယောက်ကို တပည့်​တစ်​ယောက်က မ ကာခုံ​ပေါ်တင်သွားသည်မို့ ​ခေါင်းစွပ်ဆွဲချွတ်ကာ မျက်လုံးမှာစည်းထား​သောပုဝါကိုမဖယ်ဘဲ ပါးစပ်မှာကပ်ထား​သောတိတ်ကိုသာဆွဲခွာပစ်လိုက်ပြီးနမ်းရှိုက်လိုက်သည်။
ခွပ်
"အ..​မောင် ငါပါကွ"
"ဟင်...မဏီ"
ကြားလို့မှ​ကောင်းကြ​သေးရဲ့လား။ကိုယ့်ဘဲကိုယ်ပြန်​ပေးဆွဲလာရတယ်လို့။သက်သက်သာသာ​ခေါ်လာရင်ဘယ်သူကတရားစွဲမှာစိုးလို့တုန်း...
"ရှူး တိုးတိုး ​မောင် ငါကိစ္စရှိလို့မင်းကို​ခေါ်ခိုင်းလိုက်တာ ပင်ပန်းသွားလား"
မပင်ပန်းဘူး ​သေနာ​လေး​ရေ။ခရီး​ဆောင်အိတ်ကြီးထဲမှာကြပ်ညပ်သိပ်ပြီးထည့်လာခံရတာ ဂုန်နီအိတ်ကြီးကစွပ်လိုက်​သေး။ငါ​လေးငါးပိငါးချဥ်သိပ်သလို သိပ်ထည့်လာတာ
​လေယာဥ်​ပေါ်မှာနာရီ၂၀​ကျော်လောက်​သေမလိုမွန်းကြပ်လာတာ ငါ​လေး​သေရင်မင်းကိုသရဲလာ​ခြောက်မှာ...ငလူး​လေး...
"မ​သေရုံတမယ်ပဲ ​ခွေး​လေး"
တပည့်​ကျော်ကတုံးတသိုက်မှာတအံ့တဩ ဖြစ်ကြရ​လေသည်။သူတို့သခင်ကြီးကိုဒီလို​ပြောရဲတာ ဘယ်သူပါလိမ့်။ဟို​သေနာသစ္စာ​ဖောက်​လောက်ကိုက်က​တော့လက်တစ်ဖက်အသားမရှိ​တော့​ပေ။ဒီတစ်​ယောက်လည်းဘယ်လိုလာမလဲမသိ။
"ဟိုက်"
ပါးပိတ်ရိုက်ဖို့​နေ​နေသာသာ ခုံ​ပေါ်က အဖြူ​ကောင်အားဖွဖွရွရွ​လေးမထိရက်သလို ချီ​ပွေ့လိုက်​သောသူတို့boss​ကြောင့်တပည့်​ကျော်တစ်သိုက် ပါးစပ်အ​ဟောင်းသားဖြစ်ကြရသည်။
ဪ သိပြီ။သူတို့ရဲ့ဂိုဏ်းချုပ်ကတော်ဖြစ်မယ့်အဆင်​လေး​နေမယ်။ဒါ​ကြောင့်ကိုး...
"​မောင် မျက်လုံးဖွင့်ကြည့်လိုက်"
သူ့​ရှေ့ကမြင်ကွင်းကသိပ်​တော့မသားနား​ပေ။ကျယ်ဝန်း​သော ​မြေ​အောက်ခန်းဆို​သော်ငြားအလွန်ခမ်းနားလှသည့်အပြင်အဆင်​တွေ​ကြောင့် ကာစီနိုအလားပင်ထင်ရသည်။ Dubaiစတိုင် Golden-floorတစ်ခုလုံး​ကြောင့်မျက်စိပင်ကျိန်းမတက်ပင်။ တစ်ခုစိတ်မ​ကောင်းစရာက ​ရွှေ​ရောင်​တောက်​နေတဲ့ကြမ်းပြင်မှာလူ​သွေး​တွေကမနည်းမ​နောပင်။
​ဝေါင်း...
"အမ​လေးသောက်ပလုတ်တုပ်"
ဟိန်းထွက်လာ​သော​အော်သံကြီး​ကြောင့်နတ်ဆိုးများလားလှည့်ကြည့်မိ​တော့တွေ့ရတာက...
ကျားသစ်တစ်​ကောင်...​ရွှေ​ရောင်ကြမ်းခင်းကြီးနှင့်လိုက်ဖက်စွာ​ရွှေ​ရောင်အ​မွေး​တွေနှင့်အနက်​ရောင်အစက်အ​ပြောက်​တွေကြားမှာ ​သွေးစ​တွေ​ပေ​နေတဲ့ပါးစပ်ကအစအရိုင်းဆန်​သော်ငြားရက်စက်စွာလှပလွန်းသည်။
"ငါ့သား ​မောင့်သားပဲ​ပေါ့ နှုတ်ဆက်လိုက်ဦး"
ကျားသစ်ကြီးကဇာမဏီ့အနားလာကာ ​ခြေဖဝါးအား​ခေါင်းနှင့်တိုး​ဝှေ့ကာပွတ်သပ်ချွဲ​နေသည်မှာတစ်မျိုးကြည့်လို့​ကောင်းသလို​ကြောက်စရာလည်း​ကောင်းသည်။
"​မောင် လက်​ပေး My son , this your PaPa !Look!"
ခန့်သျှား​ကျော်လက်ကိုလျှာဖြင့်သပ်​နေ​သောကျားသစ်ကြီးက​ကြောင်​လေးတစ်​ကောင်လိုယဥ်ပါးလွန်း​နေသည်။သူ​တောင်ကြည့်ရင်းချစ်လာမိသလို...
သို့သော်ထိုအ​တွေးတို့ကသူ့လင်ပါးပြင်ကိုထိုကျားသစ်စုတ်လျှာနှင့်လျက်လိုက်သည့်အချိန်မှာကွယ်​ပျောက်သွားသည်။
"မဏီ..​မောင့်ဆီလာ"
"မဏီ..."
"​ဘာ..ဘယ်လို​ခေါ်လိုက်တာ!!!"
"မဏီလို့ ...အဖျားစွတ်​ခေါ်တာ ကိုယ့်​ယောကျာ်းမို့..."
ဇာမဏီ့မျက်ခုံးထူ​တွေ​တောင်ပင့်တက်သွားရတယ်။စိတ်ချင်းပဲဆက်​နေသလား။​ယောကျာ်းလို့သုံးသွားတယ်​ပေါ့...Play boyကြီးက​လေ...
သူ့အရပ်ထက်နှစ်လက်မ​လောက်ပိုရှည်​သောဇာမဏီ့ကိုယ်ကို အတင်းကျုံးဖက်​နေ​သောအူတိုငသျှား...
"ခဏ နေဦး ​မောင် ငါမင်းကို​ခေါ်ခိုင်းလိုက်တာအ​ကြောင်းရှိတယ်။ ဒီမြင်ကွင်းကိုတစ်သက်တာမှတ်သွားပါ​မောင်"
​​ပြောနေရင်းတန်းလန်း သူ့အ​ကောင်ကြီးကိုဆွဲ​ခေါ်သွားသည်။ဇာမဏီ ဘာသာစကားတစ်မျိုးဖြင့် အမိန့်ပေးလိုက်သည်နှင့် အခန်း​ထောင့်ကကြိုးတုပ်ခံထားရ​သောသွေးစက်လက်နှင့်လက်အရိုး​ပြိုင်းပြိုင်းထ​နေသည့်လူဆီ​ရွေ့လျားသွားသည်။
"​မောင် ငါ မင်းဟင်းချက်ပြိုင်ပွဲဆီလာတုန်းကမှတ်မိလားမင်းငါးခုတ်တာ ကိုယ့်ကိုယ်​ပေါ်ကို​တောင်ငါးမျက်စိ​တွေလာလာစင်တယ်​လေ အဟင်း အခုလည်း​သွေးထွက်သံယိုနည်းနည်းလေးပါမယ်​ မောင်.. ကြည့်ရဲတယ်ဟုတ်..."
ခန့်သျှား​ကျော်​ကြောင်​တောင်​တောင်​လေး​ခေါင်းညိတ်ပြလိုက်သည်။သူ့လင်ရူးများသွားသလား။အရူးစိတ်ချမ်းသာ​အောင်အလိုက်သင့်​နေပေးမှ...
ကြိုးဖြေ​ပေးလိုက်သည်နှင့်သူ၏တပည့်​တွေက​မြေ​အောက်ခန်း​လှေကားထစ်​ပေါ်​ရွေ့​ပြောင်းကြသည်။ကျားသစ်ကြီးနှင့်ထိုသူကလိုက်တမ်း​ပြေးတမ်း​ဆော့ကစား​နေလေသည်။
၂နာရီ​လောက်လိုက်တမ်း​ပြေးတမ်း​သွေး​ပူ​လေ့ကျင့်ခန်းလုပ်ပြီးနောက် ပျင်းလာ​သောဇာမဏီ့သား​တော်​မောင်က​လောက်ကိုက်ကောင် ​ခြေ​ထောက်ကိုဖမ်းဟပ်လိုက်တယ်။ ​ဟို​ကောင်သွေးစက်တန်းလန်းနဲ့​ပြေးတယ်။ အစွယ်​တွေနဲ့လှမ်းကုတ်လိုက်သည်မှာ ​ကျောပြင်တစ်ခုလုံးစုတ်ပြတ်သပ်သွား​လေသည်။တစ်ကိုယ်လုံးကို တတိတိဖဲ့ကိုက်ဝါး​နေ​သောဇာမဏီ့သား​တော်​မောင်ကိုကြည့်ရင်းငယ်သံပါ​အောင်​အော်မိသည်ကငသျှား....
​နောက်ဆုံး​ခေါင်းပြတ်ကြီးကို​ဘောလုံးတစ်လုံးလိုပုတ်​ဆော့ကာ အထဲကဦး​နှောက်​တွေထွက်ကျလာသည့်အထိ​ဆော့လို့ဝမှပါးစပ်ထဲမျိုသွင်းလိုက်​သော​ကြောင့်မျက်လုံးနှစ်လုံးကခုန်ထွက်လာပြီးခန့်သျှား​ကျော်ရင်ဘတ်​ပေါ်လာတင်၍ ဘဲကြီးလည်ပင်း​ပြေးဖက်ရသည်။
"အား...ဇာမဏီ...မင်းရူး​နေလား ဘာလို့ ငါ့​ကိုလူသတ်ပွဲပြတာလဲ။နှလုံးရပ်ပြီး ငါ့​သေ​စေချင်လို့လားဟမ်"
ထိုအခါ စုတ်သပ်လိုက်ပြီးဇာမဏီ ​မောင့်မျက်နှာ​လေးကိုလက်နဲ့အုပ်ကိုင်လိုက်သည်။​သွေးတွေကနှုတ်ခမ်းစပ်ကယိုစီးကျလို့ တိတ်နဲ့ကပ်ထားတာဆွဲခွာလိုက်မိလို့ထင်ပါရဲ့။​ပေါက်ပြဲနေ​သောဖူးအိအိနှုတ်ခမ်းကိုစုပ်ယူလိုက်ပြီး လက်တစ်ဖက်က​မောင့်လက်ဖမိုးကိုကိုင်ကာတစ်ဖက်ကအင်္ကျီအတွင်းမှ​ရွှေ​ရောင်လက်​နေ​သောအရာတစ်ခုကိုထုတ်ယူလိုက်သည်။
"မင်း မဟုတ်မှလွဲ​ရော..."
လက်စွပ်လို့ထင်ထားသည်မှာတက်တက်စင်လွဲ...
သူ့အ​ကောင်ကြီးအတွက်လည်ပတ်ကြိုး
​ရွှေအစစ်ဖြင့်ပြုလုပ်ထား၍မျက်စိပင်ကျိန်းသည်။
သူ့လင်​ဘောစိမှန်းသိ​သော်ငြား ဒီ​ကောင်ဘာကိစ္စအခုမှထုတ်ထုတ်ကြွား​နေရသနည်း။
"​မောင် ​မောင့်ကိုအခုလို​ခေါ်လာတာ ငါရဲ့ရပ်တည်မှုပုံစံအစစ်ကိုပြချင်လို့ပဲ။​သွေး​ရောင်ဖုံးလွှမ်း​နေတဲ့ငါ့လိုလူရဲ့ဘဝထဲကိုဝင်လာမယ် မဝင်လာဘူးဆိုတာ မင်းပဲဆုံးဖြတ်ပါ ​မောင်"
​တွေ​ဝေခြင်းမရှိဘဲ ခန့်သျှား​ခေါင်းညိတ်လိုက်သည်။သူစ​ပြောရမယ်ထင်​သောproposeကိုသူ့​ကောင်​လေးဘက်မှစတင်လာခဲ့သည်မဟုတ်လား။
*မင်းဖြစ်​နေရင်ပြီးပါပြီ။ကိုယ့်အတွက်ပြည့်စုံပါတယ်။*
"As you like! bae"
"အဟားဟား ​ပျော်လိုက်တာ ​မောင်ရာ...အား...​ပျော်လွန်းလို့ဟိုဒင်း​တောင်​အောင့်တယ်။"
"ဘယ်ဒင်းလဲ မဏီ"
ထိုအခါနားနားတိုးတိုး​​လေးကပ်​ပြောလိုက်သည်က
'ဗိုက်' တဲ့​လေ...
ချွဲပိုခေါင်းကိုလက်သီးနဲ့သာထုလိုက်​တော့သည်။ထူးထူးဆန်းဆန်းလူသတ်ပွဲနဲ့proposeလုပ်​သော အရူး​ကောင်ပါ​လေ...
လက်စွပ်အစားကျားသစ်အတွက်လည်ပတ်ကြီး
ကျားသစ်ကို​မွေးစားထား​သော​မောင်မင်းကြီးသားလင်လင်​ကြောင့်ကျားသစ်အ​ဖေဖြစ်ရမည့်ကိန်း
လင်လည်းရသားလည်းရသည့်ကိန်း​ပေါ့...ငသျှားတို့ကံ​ကောင်းချက်...
ဤသို့ဖြင့် Dubaiမှာပဲတစ်ခါတည်းလက်ထပ်လိုက်ကြသည်။
​မျှော်စင်​ပေါ်မှာ​ဆောင်​သောပထမဆုံးgay couple...
နိုင်ငံခြားသား​တွေမို့ အခွန်​ဆောင်ရတာနှင့်မကာမိ။ မြို့ခံ​တွေအတွက်လည်းစား​သောက်ဖွယ်ရာများအလျှံပယ်ဧည့်ခံ​သေးသည်။ပါးပါးပိစိကမျက်ရည်တစမ်းစမ်း...သူ့သားအကြီး​ကောင်​လေးလင်ရသွားပြန်ပါပ​ကောလား...
Eagleကသူ့မယား​လေးလက်ဆွဲကာပွဲလာသည်မှာ ပလက်တီနမ်suitနှင့် ပပဝတီလို​ပြောင်လင်းထွက်​နေသည်။
အနှစ်တို့ဘိုး​တော်ပါမကျန်လိုက်လာသည့်အပြင်​မျောက်​မျောက်၏သတ်​ဖော်သတ်ဖက် ​ဆေးရုံဆင်းကာစ ကာလနာ ရည်းစားဆိုး​လေး David Sueပါ လိုက်လာ​လေသည်။
င​မျောက်ကဘာ​ပြောတယ်မှတ်လဲ။သူ့ဘဲ မပါရင်သူမလိုက်ဘူးတဲ့လေ။​သောက်ကျိုးနည်း ညီ​တော်​မောင်။အစ်ကိုwedding​တောင် ဘဲကမသွားနဲ့ဆိုမလာဘဲ​နေမယ့်ပုံ။
သူတို့အတွက်ဝတ်ပြု​ပေးတာကမိဗိုလ်....
"You may kiss your bridegroom"
အနမ်းခန်း​ရောက်​တော့ ခန့်သျှားကျော်အကြိုက်ပဲ​လေ။လုံးဝမလွှတ်​တော့လို့ ဇာမဏီ့ခမျာ ရှိုးပဲ့ရ​လေသည်။
မောင်ကတအားနမ်းလွန်းတယ်။မနက်လည်းနမ်း ညလည်းနမ်း...ကြာ​​တော့ဇာမဏီ့နှုတ်ခမ်း​တွေ​တောင်ရှိ​သေးရဲ့လားစမ်းကြည့်ရတဲ့အထိပဲ။ တော်ကြာ မ​တော်လို့​မောင့်ဗိုက်ထဲ​ရောက်သွားမှဖြင့်....
စင်မြင့်​ပေါ်ကဆင်းလာပြီးညီ​တော်​မောင်ဆီသွားကာ​ရင်ဖွင့်ရ​သေး​သောသတို့သားအသစ်စက်စက်​လေး
ဇာမဏီ:" ငါနမ်းခံရလွန်းလို့ ငါ့နှုတ်ခမ်းကြီးပါး​တော့မယ် ကြည့်​ပေး..."
Eagle: "မပါးတဲ့အပြင် ​ယောင်​တောင်​ယောင်​နေ​သေးတယ် သတိထား ​သွေးစို့​နေတယ် ရွချက်..."
ခန့်သျှား: "မင်း ငါ့​ယောကျာ်း နှုတ်ခမ်းမကိုင်နဲ့..."
ဇာမဏီ: "ညီအစ်ကို​တွေ​လေ"
ခန့်သျှား: " ညီဖြစ်​နေလည်းမရဘူး မင်းနှုတ်ခမ်း ကိုယ်ကလွဲရင် ဘယ်သူမှကိုင်တာမကြိုက်ဘူး"
Eagle : "စောက်ဖြစ်သည်းမ​နေနဲ့ မင်းလင်က ငါ့အစ်ကိုအရင်း မင်းကငါ့​ယောက်ဖ ပိတ်လုပ်ထည့်လိုက်လို့ ဇာမဏီ မုဆိုးဖိုဖြစ်​နေမယ်။ကြပ်ကြပ်သတိထား"
စုံတွဲ၂တွဲရန်သတ်​နေသည်ကို မိဗိုလ်က မှတ်တမ်းတင်​နေပါ​လေသည်။
ညစာစားပွဲ၌ဂုဏ်ပြုစကား​လေးဝိုင်းဖွဲ့​ပြောကြရာ မားမား​ပေါက်စလေးကထိပ်ဆုံးက...
"ကွန်ကရက်ကျူ​လေးရှင်းပါရှင်
ဒီလင်နဲ့ ဒီလင် အိုအောင်မင်းအောင် ပေါင်းကြပါစေ။တစ်ခါတလေ ဖူးစာရေးနတ်က အလုပ်လုပ်တယ်။ဂုဏ်ယူပါတယ်။ ကိုခန့်  ကိုကြီး​နောက်ဆုံး စွံသွားပြီ။ဒီအကိုနဲ့ ဒီအကို သက်ဆုံးတိုင်ပေါင်းကြရပါစေ​နော်။ ဆုမွန်ကောင်းတောင်းပေးပါတယ်။"
"​ပေးတဲ့ဆုနဲ့ပြည့်ပါ​စေဗျို့"
မင်္ဂလာပွဲမှာရှမ်ပိန်ခွက်ချင်းတိုက်သံ​တွေက ထပ်လို့...
ပွဲပြီး​တော့ဆင်ရိုင်း​တွေစီးကာမြို့ပတ်ကြသည်။မင်္ဂလာပွဲကုန်ကျစရိတ်ကအ​မေရိကန်​ဒေါ်လာ၅သန်းဝန်းကျင်ရှိ​လေသည်။​ရွှေစင်​တွေရဲ့​​ပြောင်လက်ခြင်း​ကြောင့်မျက်စိကျိန်းစက်မှုက မိဗိုလ်တို့ဇာမဏီ့ကိုယ်ပိုင်​လေယာဥ်နဲ့ကြိုလို့လာ​တော့အိမ်ထဲ​တောင်မ​ရောက်​သေးဘူး။ခြံဝန်းနဲ့တင်အ​တော်ဖြုံသွားသည်။သံပန်းတံခါး​တွေကအစ​ရွှေသား​တွေနှင့်ပြုလုပ်ထားသည်။ဘဲကြီးချမ်းသာချက်ကလက်ဖျားခါတယ်။​ရေပြင်​ပေါ်ဖြတ်၍မှန်တံတား​ခင်းဆောက်ထား​သောစား​သောက်ဆိုင်မှာညစာစားပွဲကျင်းပကြသည်။လှပ​သောsunset viewကမင်္ဂလာ​မောင်နှံအတွက် လိုက်ဖက်​နေသည်။​ကောင်းချီး​ပေး​သောမိန်းမပျိုကမူ လိုက်မလာနိုင်​သော သူမ၏မ​တော်ရ​သေးသည့်ရည်းစား​လောင်းကိုကျိန်ဆဲကာလက်သည်းကိုက်အားကျ​​နေရသည်။မင်းခက်ရှိန်သာတစ်​ယောက်အင်တာဗျူး​ဖြေရမည့်ရက်နှင့်တိုက်​နေ၍မလာနိုင်​ပေ။scolarshipအတွက်ကြိုးပမ်း​နေ​သောစာဂျပိုး​လေး...
မင်္ဂလာဦးညကိုသာစိတ်ဝင်စား​သောဗိုလ်ဗိုလ်ကလျှို့ဝှက်ကင်မရာနှင့်အသံဖမ်းစက်​ကောင်း​ကောင်းကိုခဲအို​ပေး​သောမုန့်ဖိုးထဲမှနုတ်ကာဝယ်ပြီးပြီဖြစ်သည်။
ဆင်စီး​နေ​သောအစ်ကို​တော်နှင့်​ဘေးနားကဝိုင်ခွက်ကိုင်ကာ​ပျော်မြူး​နေ​သောခဲအိုအသစ်စက်စက်ကိုကြည့်ပြီးသူမအကြံနှင့်သူမဟုတ်​နေ​တော့​လေသည်။
ညကျ​​ချောင်းရချည်​သေးရဲ့။မိဗိုလ်အစ်ကိုသာTopဆို ငါ​လေးထီ​ပေါက်မှာ​သေချာတယ်။
သူမထီထိုးဖို့​မေ့သွားတာကို​တော့သူမ သတိမထားမိခဲ့ပါ။
တစ်ဖက်မှာလည်းမြန်မာနိုင်ငံမှာကျန်ခဲ့​သောထိုင်ဝမ်သားတစ်​ယောက်မှာ ကျားနာတစ်​ကောင်လို အသည်းထိခိုက်၍လက်တုံ့ပြန်ရန်စီစဥ်​နေ​လေသည်။သူ၏ဖခင် ချုံးရီလင်းဆိုသည့်ဘိုး​တော်ကြီးလာ​ခေါ်သွားမှမပြန်ချင့်ပြန်ချင်ဖြင့်ပြန်သွားရရှာသည်။
ဇာမဏီ့ကိုချစ်မိ​သော ထိုင်ဝမ်ဖရဲသီးတစ်လုံး၏နိဂုံး...
နိဂုံးချုပ်ခြင်းသို့​ရောက်လျှင် ဇာတ်လမ်းအသစ်ကပြန်စကြသည်မဟုတ်​လော...
နိဒါန်းအစပြုရန်ကြိုးပမ်း​နေသည့်လူတစ်​ယောက်လည်းရှိ​ပေသည်။
********************************
အထူးသတိပြုရန်- ကျားသစ်သည် သား​ကောင်ကို ဖမ်းမိလည်းချက်ချင်းမစားတတ်ပါဘူး။ အချိန်ကြာကြာ​​စောင့်ဆိုင်းကစားပြီးမှ သည်းခံပြီး သင့်​တော့်တဲ့အချိန်မှစား​သောက်တတ်ပါတယ်။ ဒါ​ကြောင့် သူ့အတွက်သား​ကောင်ကိုဇာမဏီ​​ကျွေးတာ​တောင်ချက်ချင်းမစားဘဲ ​​မောပန်းတဲ့အထိ​စောင့်ပြီးမှသတ်စားတာပါ။
တချို့နိုင်ငံ​တွေမှာကျားသစ်ကိုသည်းခံခြင်းရဲ့ပြယုပ်လို့သတ်မှတ်ကြပါတယ်
ဗဟုသုတအဖြစ်မှတ်ထားပါရန်
Leg press machine
Chapter-20(Dubai)
ခွပ်...
"အား ဇာမဏီ...."
လူသတ်ချင်​နေတယ်​နော်"
ဒီမှာ​သွေး​တွေကျ​နေပြီ။ ငါ့လာထူဦး"
"တက်တူး​လေးလှတယ် မွမွ"
"ဘာ​တွေဖြစ်သတုန်း"
"​အေး ​ပြောမယ် ​ဒေါင်းဇား...
ဖြောင်း
"နာတယ်ကွ မင်း"
"​​မောင် ​နေ​ကောင်းလား"
"ဟာ...မင်းတကယ် မမူးဘဲနဲ့"
                    ************
"​ဟေ တကယ်ကြီး..."
"100%​သေချာတယ်။ ဘာလို့ဆို ..."
~~~~~~~~~~~~~~~~~~~~~~~~~~
Wow...ဟာ....အမ်....အမ​လေး...