[ Unicode ]
မောင့်မွေးနေ့ရောက်တိုင်း ဘုရားသွားမယ်
သောကြာထောင့်မှာ ပန်းလှူမယ်
ပြီးရင် တိုးတိုးလေးဆုတောင်းမယ်
နောင်ဖြစ်လေရာ ဘဝဆက်တိုင်း
ဒုတိယလူဖြစ်ခြင်းမှ ကင်းဝေးပါရစေ...။
____________________
ဒီနေ့က သူများတွေအတွက်တော့ company ပိတ်ရက် ။
ရိပ်ရောင်အတွက်တော့ ပြက္ခဒိန်မှာလည်း မှတ်မထား၊ Diary ထဲလည်း ရေးချမထားပါဘဲ နှလုံးသားက အမြဲမှတ်မိနေတဲ့ နေ့စွဲလေး ။
ဒီနေ့က မောင့်ရဲ့ 24နှစ်ပြည့်မွေးနေ့ပင် ။
မောင် ဆိုတဲ့လူသားလေး ရိပ်ရောင် ဘေးနားမှာရှိခဲ့တာ 24နှစ်တောင်ကုန်လွန်ခဲ့ပြီ ။
ဆေးရုံပုခက်ထဲက ကလေးလေးကို ဖေဖေတို့နဲ့ သွားကြည့်ခဲ့တာအမှတ်ရမိ၏။ အဲ့ဒီတုန်းက 5နှစ်သားကလေး ရိပ်ရောင်မဲ့က ညီလေးတစ်ယောက်ရပြီဆိုပြီး သူငယ်ချင်းတွေကိုလိုက်ကြွားခဲ့တာ..။ ဘယ်သူထင်မလဲ ။ အဲ့ဒီကလေးလေးကို အသည်းနင့်အောင် ချစ်မိသွားလိမ့်မယ်လို့ ။
ဝတ်နေကျပုံစံနဲ့ ကွဲထွက်စွာ လည်ကတုံးအဖြူရောင်နှင့် မနှစ်ကမောင့်မွေးနေ့မှာ ဆင်တူဝတ်ခဲ့တဲ့ ပုဆိုးအပြာရင့်လေးကိုထုတ်လိုက်သည် ။ဒီတစ်နေ့တော့ မောင့်ရဲ့ဘေးနားမှာရှိဖို့အခွင့်မသာပေမဲ့ မောင့်အငွေ့အသက်လေး ရချင်သေးတာမလို့ ရိပ်ရောင်အလုပ်စဝင်ရတုန်းက မောင်ဝယ်ပေးထားတဲ့ Rolexနာရီလေးကို ပတ်လိုက်၏ ။
မနက်စာကို ဘုရားဘေးနားက စားနေကျ ခေါက်ဆွဲဆိုင်မှာစားမည်ဟုကြံရွယ်ကာ ရိပ်ရောင်နဲ့မောင့်ရဲ့မွေးနေ့ရောက်တိုင်း သွားနေကျဘုရားသို့ ထွက်ခဲ့သည် ။ ဘုရားမှာ မောင်နဲ့တွေ့ပါစေလို့လည်း ဆုတောင်းရင်းပေါ့... ။
" ညီမ ၊ သပြေပန်းနှစ်စည်းပေးပါ "
ကလေးမလေးကသွက်လက်စွာပင် ရိပ်ရောင်ထုတ်ပေးတဲ့ ထောင်တန်ကိုလှမ်းယူကာ သပြေပန်းနှစ်စည်းပေးရင်း လက်တစ်ဖက်က လွယ်အိတ်အဟောင်းလေးထဲက အကြွေတန်ကိုနှိုက်ရှာသည် ။
" ဟယ် ကိိုကိုချောချော ၊ တစ်ယောက်တည်းလား ၊ ဟို ဘုဆတ်ဆတ်နဲ့ ကိုကိုမောင်ရော မပါဘူးလား "
အကြွေတန်ကိုပေးရင်း ကလေးမလေးက ရိပ်ရောင်တစ်ယောက်တည်းလာသည်ကို မြင်ကာ အံ့သြသင့်နေသေးသည် ။ ရိပ်ရောင်တို့နှစ်ယောက် ဘုရားလာတိုင်း ဒီကလေးမလေးဆီကပန်းဝယ်ဖြစ်၍ အတော်လေးပင် ရင်းနှီးနေကြပြီ ။ ရိပ်ရောင်ခေါ်သလို ကလေးမက မောင့်ကို ကိုကိုမောင်ဟုခေါ်သည်။ ထိုသို့ခေါ်တိုင်းလည်း မောင်က ဘုဆတ်ဆတ်နဲ့ ကြည့်မြဲ ။ သူ့ကို "ကိုကိုတစ်ယောက်တည်း "မောင် " ခေါ်ခွင့်ရှိတယ်"လို့ ကလေးမကို ကတ်ကတ်လန်အောင်ရန်တွေ့တုန်းက ရိပ်ရောင်မှာ ငိုရခက်ရယ်ရခက်ပင် ။
ပြန်တွေးကြည့်လိုက်ရင် ချစ်ခြင်းမေတ္တာတွေမြစ်ဖျားခံရာသည် မောင့်ဂရုစိုက်မှုတွေကိုအကမ်းတက်ခြင်းလား.....။
" အင်း သူမအားလို့၊ အကြွေပြန်မအမ်းတော့နဲ့၊ ဟိုပန်းကုံးတွေအကုန်ယူလိုက်မယ် "
အကြွေတန်ကိုပြန်ပေးရင်း စံပယ်ပန်းကုံးတွေကို တစ်ဖက်ကယူလိုက်သည် ။
" မီးငယ် စောနကတောင် ကိုကိုမောင်နဲ့တူတဲ့တစ်ယောက်ကိုတွေ့မိသေး၊ မမတစ်ယောက်နဲ့မို့ မဟုတ်လောက်ဘူးထင်နေတာ "
ကလေးမလေးသည် ပုဆိုးစုတ်နဲ့ ပန်းတို့ကို ရေစွတ်ကာ ဖောက်သည်ချနေလေ၏။သူ့မှာသာ ထိုစကားကြောင့် အယောင်ယောင်အမှားမှား...။
" ဟင်.. ဟုတ်လား၊ ဟိုလေ ဘေးက ကောင်မလေးက ဆံပင်ရွှေရောင်နဲ့လား "
မဟုတ်ပါစေနဲ့ဟုဆုတောင်းနေမိသော်လည်း ...
" ဟုတ်တယ် ဟုတ်တယ်၊ ဆံပင်ရွှေရောင်လေးနဲ့၊ အဲ့ဒီမမက ချစ်စရာလေး၊ မီးငယ် အဝေးကကြည့်တာတောင် အသားလေးကဖွေးဆွတ်နေရော "
ကလေးမက သဘောရိုးနဲ့ပြောပါသော်လည်း ရိပ်ရောင်မှာ စကားတို့ကိုအာရုံမစိုက်နိုင်တော့ ။ မောင့်ကိုတွေ့လေဉီးမလားဟု ဘုရားဘေးဝန်းကျင်ကိုသာ မျက်လုံးဝေ့ရှာနေမိသည် ။ ရင်ပြင်တော်မှာ လူသိပ်မများသော်လည်း ရိပ်ရောင်ချစ်တဲ့မောင့်ကိုတော့ အရိပ်ပင်မတွေ့ ။ မောင်မဟုတ်လောက်ပါဘူး...မောင်က သူ့မွေးနေ့တိုင်း ဘေးနားမှာကိုကို့ကိုပဲရှိစေမယ်လို့ ကတိပေးထားတာလေ..။
မောင့်ကတိစကားကို ယုံကြည်စိတ်ထားကာ ဆက်မရှာတော့ဘဲ သောကြာထောင့်မှာပန်းလှူသည် ။ ပြီးတော့ တိုးတိုးလေးဆုတောင်းသည်။
နောင်ဖြစ်လေရာဘဝဆက်တိုင်း ဒုတိယလူဖြစ်ခြင်းမှ ကင်းဝေးပါရစေ...။
နေ့နာမ်စင်ပေါ်မှာတော့ သပြေပန်းလေး လေးခက်သည် ပန်းအိုးထက်တွင် အညွန့်တလူလူ.. ။
" ဉီးလေး ရှမ်းခေါက်ဆွဲနှစ်ပွဲ.. "
ဆိုင်ရှင်တရုတ်ကြီးကို ရှမ်းနှစ်ပွဲမှာမိပြီးမှ လက်ရှိကိုအမှတ်ရသည် ။ အကျင့်ရနေတဲ့ပါးစပ်က နဂိုလို ထင်တုန်းပင်...။ အင်းလေ.. အကျင့်ဆိုတာမျိုးက လွယ်လွယ်နဲ့ဖျောက်လို့ရသည်မဟုတ်ပါဘဲ။
သာယာတဲ့မနက်ခင်းလေးနဲ့ ဆန့်ကျင်စွာ ရှမ်းခေါက်ဆွဲနှစ်ပွဲဘေးချပြီး ဘာမှမစားဘဲ စားပွဲပေါ် လက်ထောက်ထိုင်မှိုင်နေတဲ့ ကောင်လေးတစ်ယောက်ကို ဆုတောင်းပြည့် ဘုရားဘေးက တရုတ်ကြီး ရှမ်းခေါက်ဆွဲဆိုင်မှာ သင်တို့တွေ့မိပါရဲ့လား....။
_________________
" ကျစ်!ကဗျာ ၊ ကိုယ်မရဘူးလို့ပြောနေတယ်လေ "
" ဘာလို့လဲ ၊ ကို့မွေးနေ့မှာ ကဗျာ့အတွက် ဒါလေးတစ်ခုတောင် လိုက်လျောမပေးနိုင်ဘူးလား "
လက်ယာမွေးနေ့မလို့ အတူတူဘုရားသွားချင်ပါရဲ့ဆိုလို့ လိုက်ပို့ပေးပြီးအပြန် ၊ တိုက်ခန်းကို လိုက်လည်ချင်ပါသည်ဟု ဂျီကျနေခြင်းပင် ။
" ကဗျာ!ကိုယ့်ကို အကြပ်ရိုက်အောင် မလုပ်နဲ့ကွာ၊တခြား ကဗျာဘာဖြစ်ချင်လဲပြော၊ ကိုယ်အကုန်လုပ်ပေးမယ် "
" ကဗျာဖြစ်ချင်တာကို ပြောပြီးပြီလေ၊ ကို့တိုက်ခန်းကို လိုက်ခဲ့မယ်လို့ "
လက်ယာ တကယ်စဉ်းစားရကြပ်ပါသည်။ ဒီနေ့ ပိတ်ရက်မလို့ အိမ်မှာသေချာပေါက် ရိပ်ရောင်ရှိလိမ့်မည် ။ တိုက်ခန်းကိုအလည်ခေါ်တာက အကြောင်းမဟုတ်၊ မတော်လို့ စိတ်ဆိုးပြီး လက်ယာမိဘတွေကိုသွားတိုင်မှ လက်ယာရော ကဗျာရော ဒုက္ခရောက်လိမ့်မည် ။
တစ်ဖက်ကအားနာရိပ်သန်းတဲ့ စိတ်လေးကိုတော့ ကိုယ်တိုင်ပဲ လျစ်လျူရှုထားလိုက်သည် ။
" ဘာလဲ၊ မရဘူးလား၊ ရတယ်လေ အဲ့ဒါဆိုလည်း ဒီမှာပဲ လမ်းခွဲကြတာပေါ့ "
ပြောပြောဆိုဆိုကားပေါ်က ဆင်းသွားသော ကဗျာချို ။ လက်ယာလည်း အမြန်ပြေးလိုက်ရင်း...
" အဲ့လိုတော့မလုပ်ပါနဲ့ကွာ ၊ ကဗျာမရှိရင် ကိုယ်သေလိမ့်မယ်၊ ကဗျာလိုက်ချင်တယ်ဆိုရင် လိုက်ခဲ့နော်"
မတတ်နိုင်..။ ကဗျာသူ့ကိုလမ်းမခွဲဖို့နည်းသည် ကဗျာ့ဆန္ဒကိုလိုက်လျောခြင်းသာရှိသည် ။ နောင်ခါလာနောင်ခါမှ မီးစင်ကြည့်ကရုံသာ ။
___________________
ဂျောက်..
" မောင် ၊ ပြန်လာပြီလား၊ ငါ မီးဖိုချောင်ထဲမှာ.."
တံခါးဖွင့်သံကြောင့် ယောင်းမကို လက်ကကိုင်လျက် ခါးမှာapronစီးကာ မီးဖိုခန်းထဲကပြေးထွက်လာတဲ့ ရိပ်ရောင် ၊ မောင့် လက်မောင်းတစ်ဖက်ကိုတွဲကာ ခနဲ့တဲ့တဲ့ပြုံးကြည့်နေသော ကဗျာချို့ကိုမြင်တော့ ခြေလှမ်းတွေရပ်ကာ ဆွံ့အသွားရသည် ။
" Oh!ဟင်းချက်နေတာလား မွှေးနေတာပဲ "
သူ့အိမ်သူ့ယာလိုပင် ပြောကာ ကဗျာချိုသည် ရိပ်ရောင်ကိုကျော်ပြီး မီးဖိုခန်းထဲတန်းဝင်သွား၏။ မောင်ကလည်း လိုက်ဝင်သွား၍ ရိပ်ရောင် နောက်က အပြေးလေးလိုက်ရသည် ။
စားပွဲပေါ်က များပြားလှတဲ့ဟင်းခွက်တွေကိုကြည့်ကာ မောင်က အဓိပ္ပါယ်ပါသောမျက်ဝန်းတွေနဲ့ ရိပ်ရောင်ကို မလုံသလို လှမ်းကြည့်သည်။
ဟုတ်တယ် မောင်...ဒီနေ့က မောင့်မွေးနေ့မလို့ မောင်ကြိုက်တတ်တာတွေကို ငါကိုယ်တိုင်ချက်ထားတာလေ.....။
ဇွန်းတပ်မထားတဲ့ ပြည်ကြီးငါးဟင်းခွက်ကို ကဗျာချိုက လက်နဲ့နှိုက်ကာ ပါးစပ်ထဲသွပ်ရင်း..
" ဝိုးး ကောင်းလိုက်တာ၊ အရမ်းမိုက်၊ ရိပ်ရောင်မဲ့က ဟင်းချက်လည်းတော်တာပဲနော်၊ ရိပ်ရောင်မဲ့နဲ့ရမယ့် မိန်းကလေးတော့ အရမ်းကံကောင်းမှာ "
ရွဲ့ပြောတဲ့စကားတွေမှန်းသိသော်လည်း ရိပ်ရောင်ပြန်မပြောချင်ပါ။ အထူးသဖြင့် မောင့်ရှေ့မှာ မိန်းကလေးတစ်ယောက်နဲ့ ဖက် ရန်ဖြစ်၍ အထင်သေးမခံချင်။
" ကို! ရေအရင်သွားချိုးလေ၊ ကဗျာ ထမင်းပြင်ရင်း စောင့်နေမယ် "
" အင်း "
မောင် သည် ကဗျာချို့စကားကို ခေါင်းငြိမ့်ထောက်ခံကာ ရိပ်ရောင်ကိုတစ်စက်လေးမှ လှည့်မကြည့်ခဲ့ပြန်ပါပေ.....။ မသိရင် ရိပ်ရောင်က ဘေးလူဖြစ်ပြီးတော့ မောင်နဲ့ ကဗျာချိုနဲ့က ညားခါစလင်မယားတွေလိုပဲ ။
" ဟေး!ဘာရပ်လုပ်နေတာလဲ ၊ ထမင်းလာခူး "
ကဗျာချိုက ခုံပေါ်မှာ ဟန်ပါပါ ခြေချိတ်ထိုင်ကာ ဟင်းခွက်တွေကိုလက်နဲ့နှိုက်ရင်း ရိပ်ရောင်ကို အမိန့်ဆန်ဆန် ပြောလာ၏။
အဲ့ဟင်းတွေက မောင့်ကိုအရင်ဆုံးစားစေချင်လို့ ငါချက်ထားခဲ့တာတွေလေ....။
ဝမ်းနည်းစိတ်ကိုဖုံး၊သန်မာချင်ယောင်ဆောင်ရပါမည် ။ ရိပ်ရောင် အဓိကဖြစ်စေချင်တဲ့ဆန္ဒက ရိပ်ရောင်ချက်ထားတဲ့ဟင်းတွေကို မောင်စားဖို့ပဲလေ ။တော်ပြီလေ..ဒီလောက်ပဲပေါ့။ ဘာတွေများထပ်ပြီး မျှော်လင့်နေဉီးမှာလဲ အရူးကောင်ရယ် ။
ချက်လက်စဟင်းကို လက်စသတ်ကာ ထမင်းခူးလိုက်သည် ။
" ဟင်းးးး ထမင်းတွေကလည်း ပျော့စိနေတာပဲ "
" ဟုတ်တယ် မောင်က ထမင်းပျော့ပျော့ပဲစားတတ်တာလေ "
ခူးပေးထားတဲ့ပန်းကန်ထဲကထမင်းတွေကို ခက်ရင်းနဲ့ဆွရင်း မျက်လုံးဝင့်ကာ ကဗျာချိုကထိုးစစ်ဆင်၏။ သို့သော် ရိပ်ရောင်ရဲ့စကားကြောင့် ကဗျာချို မတင်မကျဖြစ်သွားရသည် ။ ရိပ်ရောင်ကတော့ စိတ်ထဲကပဲ ကျေနပ်မိပါသည် ။
မောင့်အကြောင်းတွေကို ငါ့ထက်ပိုပြီး ဘယ်သူကများ သိနိုင်မှာတဲ့လဲ မောင်...။
" ဒါလေးထည့်စား ကို! မုန်လာဉနီက မျက်လုံးအားကောင်းစေတယ်၊ ကိုက အလုပ်တွေအများကြီးလုပ်ရတော့ များများစားပေး "
မောင်က မုန်လာဉနီမကြိုက်ဘူးလို့ ရိပ်ရောင်မတားရသေးခင် ကဗျာချိုသည် ပါးစပ်ကလည်းချွဲချွဲနွဲ့နွဲ့ဆိုရင်း လက်ကလည်း မုန်လာဉသုပ်ကို ဇွန်းနဲ့ ယူကာ ပန်းကန်ထဲထည့်ပေး၏။ မောင့်မျက်နှာကို စာအုပ်တစ်အုပ်လိုဖတ်နေတဲ့ ရိပ်ရောင်အတွက် မောင် အနည်းငယ်မဲ့သွားတာကို မြင်ရသည် ။
ခါးကိုအနည်းငယ်ကုန်းကာ မျက်နှာချင်းဆိုင် မောင့်ပန်းကန်က ဟင်းကို ခက်ရင်းနဲ့ပြန်ယူ၍ ရိပ်ရောင်ပန်းကန်ထဲထည့်မည်အလုပ်...
" ဒါ ဘာလုပ်တာလဲ "
မောင်က ဇွန်းနဲ့ပြန်ဟန့်လိုက်တာကြောင့် ခက်ရင်းကိုင်နေတဲ့လက်သည် လေထဲမှာတန့်သွားသလို ရိပ်ရောင်သည်လည်း ပြန်မထိုင်မိသေး...။
ရိပ်ရောင် ကြည့်တော့ စိမ်းစိမ်းဝါးဝါးကြည့်နေတဲ့ မောင့်မျက်လုံးတွေ..။
" ဟို မောင် မကြိုက်ဘူးလေ "
လေပြေအေးလေးနဲ့ ရှင်းပြဖို့ကြိုးစားသော်လည်း အရာမထင်ပါချေ ။
ကဗျာချိုကတော့ ဝင်မပါဘဲ လက်ယာဘာပြန်ပြောမလဲသာ စောင့်ကြည့်နေသည်။ ဒီနေရာမှာ မေတ္တာရှင်မ ပုံစံဖမ်းဖို့သည်လည်း မာယာများလှတဲ့သူမအတွက် မခက်ပါချေ ။
" အရင်ကမကြိုက်ပေမဲ့ အခုကြိုက်နိုင်တယ်လေ၊ အထူးသဖြင့် ချစ်သူလေးကကျွေးရင်.. သေဆေးတောင် စားရဲရမှာပေါ့ "
မောင်သည် ကဗျာချို့ကို ရွှန်းရွှန်းစားစား တစ်ချက်စောင်းကြည့်ကာ စကားဆိုလေ၏။ ရိပ်ရောင် အရုပ်ကြိုးပြတ်သာထိုင်ချမိသည် ။
ကြည့်ပါဉီး...။
ငါသိပ်ချစ်တဲ့မောင်က စကားတွေတတ်နေလိုက်တာ ။
ငါ့အတွက်ဆို အမုန်းစကားတွေပဲ ထွက်တတ်တဲ့ မောင်ကလေ ။
မျက်ရည်မကျအောင် ထမင်းလုတ်ကိုသာကြိုးစား၍စားပါသော်လည်း မြိုမကျ ။ မောင့်စကားတွေက နားထဲမှာ တဝဲလည်လည် ။
" တောက်!!ကျက်သရေတုံးအောင် ထမင်းဝိုင်းမှာ လာငိုနေတယ်!ထ ကဗျာ၊ အပြင်မှာပဲ စားကြတာပေါ့ "
" မောင် ခန..."
မျက်ရည်တို့ကို လက်ခုံနဲ့နာနာသုတ်၍ ရိပ်ရောင်လှမ်းတားသော်လည်း ကဗျာချို့လက်ကိုဆွဲကာ ထွက်သွားတဲ့မောင့်ခြေလှမ်းတွေကိုမမှီတော့ ။
မျက်ရည်တွေကြားက ကဗျာချို့ရဲ့ သရော်ဟန်မျက်ဝန်းတွေကို မြင်လိုက်ရသည်တွင် ရိပ်ရောင်ကမ္ဘာပျက်၏ ။
ဂျိန်း...!!
သွားပြီ...။
ငါ့မှာ ဘာမှမကျန်တော့ဘူး...။
အရှက်တရားလည်း မကျန်တော့သလို
ရှိနေခဲ့တဲ့ သိက္ခာတွေကလည်း
မိန်းမတစ်ယောက်ရဲ့ရှေ့မှောက်မှာ
မောင် ကိုယ်တိုင် ချေဖျက်လို့ ကြေပျက်ခဲ့ရပြီ..။
တစ်ဖက်တည်းကငြိခဲ့တဲ့ ကြိုးတွေကို
မောင့်ဘက်က စပြီးဖြတ်ချပစ်မှတော့
ငါ့မှာ တွယ်ငြိစရာအကြောင်းပြချက်လေး ရှိပါလေတော့မလား မောင်...။
တစ်ခါတလေတော့ ငါလည်း စိတ်ရှိတိုင်းလုပ်လိုက်ချင်တယ် ။
မောင့် ကို ငါဝမ်းနည်းကြောင်းသိအောင် အော်ပြောလိုက်ချင်တယ် ။
ငါ့ကိုထားမသွားဖို့ ကတိတွေထပ်တလဲလဲတောင်းချင်တယ်..။
တီတီတာတာချိုချိုသာသာပြောလို့
ငါ့ဘေးနားမှာ တမင်ဂရုစိုက်ပေးမှုတွေ မလိုပါဘူးမောင်...။
ငါလိုချင်တာက...
ငါလိုချင်တဲ့တစ်ခုတည်းသောအရာက...
မင်းဆီက မေတ္တာ...။
ထိုဆောင့်ပိတ်သွားတဲ့တံခါးချပ်လေးနောက်ကွယ် လဲကျသွားတဲ့ ကောင်ငယ်လေးတစ်ယောက်ရှိတယ်ဆိုတာသာ သိခဲ့မယ်ဆိုရင်......။
အင်း...သူလိုချင်တဲ့မေတ္တာတရားလေးများ ပေးခဲ့လေမလား....။
_______________
Han Nay Ter 👶👴💚
[ Zawgyi]
ေမာင့္ေမြးေန႔ေရာက္တိုင္း ဘုရားသြားမယ္
ေသာၾကာေထာင့္မွာ ပန္းလႉမယ္
ၿပီးရင္ တိုးတိုးေလးဆုေတာင္းမယ္
ေနာင္ျဖစ္ေလရာ ဘဝဆက္တိုင္း
ဒုတိယလူျဖစ္ျခင္းမွ ကင္းေဝးပါရေစ...။
____________________
ဒီေန႔က သူမ်ားေတြအတြက္ေတာ့ company ပိတ္ရက္ ။
ရိပ္ေရာင္အတြက္ေတာ့ ျပကၡဒိန္မွာလည္း မွတ္မထား၊ Diary ထဲလည္း ေရးခ်မထားပါဘဲ ႏွလုံးသားက အၿမဲမွတ္မိေနတဲ့ ေန႔စြဲေလး ။
ဒီေန႔က ေမာင့္ရဲ႕ 24ႏွစ္ျပည့္ေမြးေန႔ပင္ ။
ေမာင္ ဆိုတဲ့လူသားေလး ရိပ္ေရာင္ ေဘးနားမွာရွိခဲ့တာ 24ႏွစ္ေတာင္ကုန္လြန္ခဲ့ၿပီ ။
ေဆး႐ုံပုခက္ထဲက ကေလးေလးကို ေဖေဖတို႔နဲ႔ သြားၾကည့္ခဲ့တာအမွတ္ရမိ၏။ အဲ့ဒီတုန္းက 5ႏွစ္သားကေလး ရိပ္ေရာင္မဲ့က ညီေလးတစ္ေယာက္ရၿပီဆိုၿပီး သူငယ္ခ်င္းေတြကိုလိုက္ႂကြားခဲ့တာ..။ ဘယ္သူထင္မလဲ ။ အဲ့ဒီကေလးေလးကို အသည္းနင့္ေအာင္ ခ်စ္မိသြားလိမ့္မယ္လို႔ ။
ဝတ္ေနက်ပုံစံနဲ႔ ကြဲထြက္စြာ လည္ကတုံးအျဖဴေရာင္ႏွင့္ မႏွစ္ကေမာင့္ေမြးေန႔မွာ ဆင္တူဝတ္ခဲ့တဲ့ ပုဆိုးအျပာရင့္ေလးကိုထုတ္လိုက္သည္ ။ဒီတစ္ေန႔ေတာ့ ေမာင့္ရဲ႕ေဘးနားမွာရွိဖို႔အခြင့္မသာေပမဲ့ ေမာင့္အေငြ႕အသက္ေလး ရခ်င္ေသးတာမလို႔ ရိပ္ေရာင္အလုပ္စဝင္ရတုန္းက ေမာင္ဝယ္ေပးထားတဲ့ Rolexနာရီေလးကို ပတ္လိုက္၏ ။
မနက္စာကို ဘုရားေဘးနားက စားေနက် ေခါက္ဆြဲဆိုင္မွာစားမည္ဟုႀကံ႐ြယ္ကာ ရိပ္ေရာင္နဲ႔ေမာင့္ရဲ႕ေမြးေန႔ေရာက္တိုင္း သြားေနက်ဘုရားသို႔ ထြက္ခဲ့သည္ ။ ဘုရားမွာ ေမာင္နဲ႔ေတြ႕ပါေစလို႔လည္း ဆုေတာင္းရင္းေပါ့... ။
" ညီမ ၊ သေျပပန္းႏွစ္စည္းေပးပါ "
ကေလးမေလးကသြက္လက္စြာပင္ ရိပ္ေရာင္ထုတ္ေပးတဲ့ ေထာင္တန္ကိုလွမ္းယူကာ သေျပပန္းႏွစ္စည္းေပးရင္း လက္တစ္ဖက္က လြယ္အိတ္အေဟာင္းေလးထဲက အေႂကြတန္ကိုႏႈိက္ရွာသည္ ။
" ဟယ္ ကိိုကိုေခ်ာေခ်ာ ၊ တစ္ေယာက္တည္းလား ၊ ဟို ဘုဆတ္ဆတ္နဲ႔ ကိုကိုေမာင္ေရာ မပါဘူးလား "
အေႂကြတန္ကိုေပးရင္း ကေလးမေလးက ရိပ္ေရာင္တစ္ေယာက္တည္းလာသည္ကို ျမင္ကာ အံ့ၾသသင့္ေနေသးသည္ ။ ရိပ္ေရာင္တို႔ႏွစ္ေယာက္ ဘုရားလာတိုင္း ဒီကေလးမေလးဆီကပန္းဝယ္ျဖစ္၍ အေတာ္ေလးပင္ ရင္းႏွီးေနၾကၿပီ ။ ရိပ္ေရာင္ေခၚသလို ကေလးမက ေမာင့္ကို ကိုကိုေမာင္ဟုေခၚသည္။ ထိုသို႔ေခၚတိုင္းလည္း ေမာင္က ဘုဆတ္ဆတ္နဲ႔ ၾကည့္ၿမဲ ။ သူ႔ကို "ကိုကိုတစ္ေယာက္တည္း "ေမာင္ " ေခၚခြင့္ရွိတယ္"လို႔ ကေလးမကို ကတ္ကတ္လန္ေအာင္ရန္ေတြ႕တုန္းက ရိပ္ေရာင္မွာ ငိုရခက္ရယ္ရခက္ပင္ ။
ျပန္ေတြးၾကည့္လိုက္ရင္ ခ်စ္ျခင္းေမတၱာေတြျမစ္ဖ်ားခံရာသည္ ေမာင့္ဂ႐ုစိုက္မႈေတြကိုအကမ္းတက္ျခင္းလား.....။
" အင္း သူမအားလို႔၊ အေႂကြျပန္မအမ္းေတာ့နဲ႔၊ ဟိုပန္းကုံးေတြအကုန္ယူလိုက္မယ္ "
အေႂကြတန္ကိုျပန္ေပးရင္း စံပယ္ပန္းကုံးေတြကို တစ္ဖက္ကယူလိုက္သည္ ။
" မီးငယ္ ေစာနကေတာင္ ကိုကိုေမာင္နဲ႔တူတဲ့တစ္ေယာက္ကိုေတြ႕မိေသး၊ မမတစ္ေယာက္နဲ႔မို႔ မဟုတ္ေလာက္ဘူးထင္ေနတာ "
ကေလးမေလးသည္ ပုဆိုးစုတ္နဲ႔ ပန္းတို႔ကို ေရစြတ္ကာ ေဖာက္သည္ခ်ေနေလ၏။သူ႔မွာသာ ထိုစကားေၾကာင့္ အေယာင္ေယာင္အမွားမွား...။
" ဟင္.. ဟုတ္လား၊ ဟိုေလ ေဘးက ေကာင္မေလးက ဆံပင္ေ႐ႊေရာင္နဲ႔လား "
မဟုတ္ပါေစနဲ႔ဟုဆုေတာင္းေနမိေသာ္လည္း ...
" ဟုတ္တယ္ ဟုတ္တယ္၊ ဆံပင္ေ႐ႊေရာင္ေလးနဲ႔၊ အဲ့ဒီမမက ခ်စ္စရာေလး၊ မီးငယ္ အေဝးကၾကည့္တာေတာင္ အသားေလးကေဖြးဆြတ္ေနေရာ "
ကေလးမက သေဘာ႐ိုးနဲ႔ေျပာပါေသာ္လည္း ရိပ္ေရာင္မွာ စကားတို႔ကိုအာ႐ုံမစိုက္ႏိုင္ေတာ့ ။ ေမာင့္ကိုေတြ႕ေလဉီးမလားဟု ဘုရားေဘးဝန္းက်င္ကိုသာ မ်က္လုံးေဝ့ရွာေနမိသည္ ။ ရင္ျပင္ေတာ္မွာ လူသိပ္မမ်ားေသာ္လည္း ရိပ္ေရာင္ခ်စ္တဲ့ေမာင့္ကိုေတာ့ အရိပ္ပင္မေတြ႕ ။ ေမာင္မဟုတ္ေလာက္ပါဘူး...ေမာင္က သူ႔ေမြးေန႔တိုင္း ေဘးနားမွာကိုကို႔ကိုပဲရွိေစမယ္လို႔ ကတိေပးထားတာေလ..။
ေမာင့္ကတိစကားကို ယုံၾကည္စိတ္ထားကာ ဆက္မရွာေတာ့ဘဲ ေသာၾကာေထာင့္မွာပန္းလႉသည္ ။ ၿပီးေတာ့ တိုးတိုးေလးဆုေတာင္းသည္။
ေနာင္ျဖစ္ေလရာဘဝဆက္တိုင္း ဒုတိယလူျဖစ္ျခင္းမွ ကင္းေဝးပါရေစ...။
ေန႔နာမ္စင္ေပၚမွာေတာ့ သေျပပန္းေလး ေလးခက္သည္ ပန္းအိုးထက္တြင္ အၫြန္႔တလူလူ.. ။
" ဉီးေလး ရွမ္းေခါက္ဆြဲႏွစ္ပြဲ.. "
ဆိုင္ရွင္တ႐ုတ္ႀကီးကို ရွမ္းႏွစ္ပြဲမွာမိၿပီးမွ လက္ရွိကိုအမွတ္ရသည္ ။ အက်င့္ရေနတဲ့ပါးစပ္က နဂိုလို ထင္တုန္းပင္...။ အင္းေလ.. အက်င့္ဆိုတာမ်ိဳးက လြယ္လြယ္နဲ႔ေဖ်ာက္လို႔ရသည္မဟုတ္ပါဘဲ။
သာယာတဲ့မနက္ခင္းေလးနဲ႔ ဆန္႔က်င္စြာ ရွမ္းေခါက္ဆြဲႏွစ္ပြဲေဘးခ်ၿပီး ဘာမွမစားဘဲ စားပြဲေပၚ လက္ေထာက္ထိုင္မႈိင္ေနတဲ့ ေကာင္ေလးတစ္ေယာက္ကို ဆုေတာင္းျပည့္ ဘုရားေဘးက တ႐ုတ္ႀကီး ရွမ္းေခါက္ဆြဲဆိုင္မွာ သင္တို႔ေတြ႕မိပါရဲ႕လား....။
_________________
" က်စ္!ကဗ်ာ ၊ ကိုယ္မရဘူးလို႔ေျပာေနတယ္ေလ "
" ဘာလို႔လဲ ၊ ကို႔ေမြးေန႔မွာ ကဗ်ာ့အတြက္ ဒါေလးတစ္ခုေတာင္ လိုက္ေလ်ာမေပးႏိုင္ဘူးလား "
လက္ယာေမြးေန႔မလို႔ အတူတူဘုရားသြားခ်င္ပါရဲ႕ဆိုလို႔ လိုက္ပို႔ေပးၿပီးအျပန္ ၊ တိုက္ခန္းကို လိုက္လည္ခ်င္ပါသည္ဟု ဂ်ီက်ေနျခင္းပင္ ။
" ကဗ်ာ!ကိုယ့္ကို အၾကပ္႐ိုက္ေအာင္ မလုပ္နဲ႔ကြာ၊တျခား ကဗ်ာဘာျဖစ္ခ်င္လဲေျပာ၊ ကိုယ္အကုန္လုပ္ေပးမယ္ "
" ကဗ်ာျဖစ္ခ်င္တာကို ေျပာၿပီးၿပီေလ၊ ကို႔တိုက္ခန္းကို လိုက္ခဲ့မယ္လို႔ "
လက္ယာ တကယ္စဥ္းစားရၾကပ္ပါသည္။ ဒီေန႔ ပိတ္ရက္မလို႔ အိမ္မွာေသခ်ာေပါက္ ရိပ္ေရာင္ရွိလိမ့္မည္ ။ တိုက္ခန္းကိုအလည္ေခၚတာက အေၾကာင္းမဟုတ္၊ မေတာ္လို႔ စိတ္ဆိုးၿပီး လက္ယာမိဘေတြကိုသြားတိုင္မွ လက္ယာေရာ ကဗ်ာေရာ ဒုကၡေရာက္လိမ့္မည္ ။
တစ္ဖက္ကအားနာရိပ္သန္းတဲ့ စိတ္ေလးကိုေတာ့ ကိုယ္တိုင္ပဲ လ်စ္လ်ဴရႈထားလိုက္သည္ ။
" ဘာလဲ၊ မရဘူးလား၊ ရတယ္ေလ အဲ့ဒါဆိုလည္း ဒီမွာပဲ လမ္းခြဲၾကတာေပါ့ "
ေျပာေျပာဆိုဆိုကားေပၚက ဆင္းသြားေသာ ကဗ်ာခ်ိဳ ။ လက္ယာလည္း အျမန္ေျပးလိုက္ရင္း...
" အဲ့လိုေတာ့မလုပ္ပါနဲ႔ကြာ ၊ ကဗ်ာမရွိရင္ ကိုယ္ေသလိမ့္မယ္၊ ကဗ်ာလိုက္ခ်င္တယ္ဆိုရင္ လိုက္ခဲ့ေနာ္"
မတတ္ႏိုင္..။ ကဗ်ာသူ႔ကိုလမ္းမခြဲဖို႔နည္းသည္ ကဗ်ာ့ဆႏၵကိုလိုက္ေလ်ာျခင္းသာရွိသည္ ။ ေနာင္ခါလာေနာင္ခါမွ မီးစင္ၾကည့္က႐ုံသာ ။
___________________
ေဂ်ာက္..
" ေမာင္ ၊ ျပန္လာၿပီလား၊ ငါ မီးဖိုေခ်ာင္ထဲမွာ.."
တံခါးဖြင့္သံေၾကာင့္ ေယာင္းမကို လက္ကကိုင္လ်က္ ခါးမွာapronစီးကာ မီးဖိုခန္းထဲကေျပးထြက္လာတဲ့ ရိပ္ေရာင္ ၊ ေမာင့္ လက္ေမာင္းတစ္ဖက္ကိုတြဲကာ ခနဲ႔တဲ့တဲ့ၿပဳံးၾကည့္ေနေသာ ကဗ်ာခ်ိဳ႕ကိုျမင္ေတာ့ ေျခလွမ္းေတြရပ္ကာ ဆြံ႕အသြားရသည္ ။
" Oh!ဟင္းခ်က္ေနတာလား ေမႊးေနတာပဲ "
သူ႔အိမ္သူ႔ယာလိုပင္ ေျပာကာ ကဗ်ာခ်ိဳသည္ ရိပ္ေရာင္ကိုေက်ာ္ၿပီး မီးဖိုခန္းထဲတန္းဝင္သြား၏။ ေမာင္ကလည္း လိုက္ဝင္သြား၍ ရိပ္ေရာင္ ေနာက္က အေျပးေလးလိုက္ရသည္ ။
စားပြဲေပၚက မ်ားျပားလွတဲ့ဟင္းခြက္ေတြကိုၾကည့္ကာ ေမာင္က အဓိပၸါယ္ပါေသာမ်က္ဝန္းေတြနဲ႔ ရိပ္ေရာင္ကို မလုံသလို လွမ္းၾကည့္သည္။
ဟုတ္တယ္ ေမာင္...ဒီေန႔က ေမာင့္ေမြးေန႔မလို႔ ေမာင္ႀကိဳက္တတ္တာေတြကို ငါကိုယ္တိုင္ခ်က္ထားတာေလ.....။
ဇြန္းတပ္မထားတဲ့ ျပည္ႀကီးငါးဟင္းခြက္ကို ကဗ်ာခ်ိဳက လက္နဲ႔ႏႈိက္ကာ ပါးစပ္ထဲသြပ္ရင္း..
" ဝိုးး ေကာင္းလိုက္တာ၊ အရမ္းမိုက္၊ ရိပ္ေရာင္မဲ့က ဟင္းခ်က္လည္းေတာ္တာပဲေနာ္၊ ရိပ္ေရာင္မဲ့နဲ႔ရမယ့္ မိန္းကေလးေတာ့ အရမ္းကံေကာင္းမွာ "
႐ြဲ႕ေျပာတဲ့စကားေတြမွန္းသိေသာ္လည္း ရိပ္ေရာင္ျပန္မေျပာခ်င္ပါ။ အထူးသျဖင့္ ေမာင့္ေရွ႕မွာ မိန္းကေလးတစ္ေယာက္နဲ႔ ဖက္ ရန္ျဖစ္၍ အထင္ေသးမခံခ်င္။
" ကို! ေရအရင္သြားခ်ိဳးေလ၊ ကဗ်ာ ထမင္းျပင္ရင္း ေစာင့္ေနမယ္ "
" အင္း "
ေမာင္ သည္ ကဗ်ာခ်ိဳ႕စကားကို ေခါင္းၿငိမ့္ေထာက္ခံကာ ရိပ္ေရာင္ကိုတစ္စက္ေလးမွ လွည့္မၾကည့္ခဲ့ျပန္ပါေပ.....။ မသိရင္ ရိပ္ေရာင္က ေဘးလူျဖစ္ၿပီးေတာ့ ေမာင္နဲ႔ ကဗ်ာခ်ိဳနဲ႔က ညားခါစလင္မယားေတြလိုပဲ ။
" ေဟး!ဘာရပ္လုပ္ေနတာလဲ ၊ ထမင္းလာခူး "
ကဗ်ာခ်ိဳက ခုံေပၚမွာ ဟန္ပါပါ ေျခခ်ိတ္ထိုင္ကာ ဟင္းခြက္ေတြကိုလက္နဲ႔ႏႈိက္ရင္း ရိပ္ေရာင္ကို အမိန္႔ဆန္ဆန္ ေျပာလာ၏။
အဲ့ဟင္းေတြက ေမာင့္ကိုအရင္ဆုံးစားေစခ်င္လို႔ ငါခ်က္ထားခဲ့တာေတြေလ....။
ဝမ္းနည္းစိတ္ကိုဖုံး၊သန္မာခ်င္ေယာင္ေဆာင္ရပါမည္ ။ ရိပ္ေရာင္ အဓိကျဖစ္ေစခ်င္တဲ့ဆႏၵက ရိပ္ေရာင္ခ်က္ထားတဲ့ဟင္းေတြကို ေမာင္စားဖို႔ပဲေလ ။ေတာ္ၿပီေလ..ဒီေလာက္ပဲေပါ့။ ဘာေတြမ်ားထပ္ၿပီး ေမွ်ာ္လင့္ေနဉီးမွာလဲ အ႐ူးေကာင္ရယ္ ။
ခ်က္လက္စဟင္းကို လက္စသတ္ကာ ထမင္းခူးလိုက္သည္ ။
" ဟင္းးးး ထမင္းေတြကလည္း ေပ်ာ့စိေနတာပဲ "
" ဟုတ္တယ္ ေမာင္က ထမင္းေပ်ာ့ေပ်ာ့ပဲစားတတ္တာေလ "
ခူးေပးထားတဲ့ပန္းကန္ထဲကထမင္းေတြကို ခက္ရင္းနဲ႔ဆြရင္း မ်က္လုံးဝင့္ကာ ကဗ်ာခ်ိဳကထိုးစစ္ဆင္၏။ သို႔ေသာ္ ရိပ္ေရာင္ရဲ႕စကားေၾကာင့္ ကဗ်ာခ်ိဳ မတင္မက်ျဖစ္သြားရသည္ ။ ရိပ္ေရာင္ကေတာ့ စိတ္ထဲကပဲ ေက်နပ္မိပါသည္ ။
ေမာင့္အေၾကာင္းေတြကို ငါ့ထက္ပိုၿပီး ဘယ္သူကမ်ား သိႏိုင္မွာတဲ့လဲ ေမာင္...။
" ဒါေလးထည့္စား ကို! မုန္လာဉနီက မ်က္လုံးအားေကာင္းေစတယ္၊ ကိုက အလုပ္ေတြအမ်ားႀကီးလုပ္ရေတာ့ မ်ားမ်ားစားေပး "
ေမာင္က မုန္လာဉနီမႀကိဳက္ဘူးလို႔ ရိပ္ေရာင္မတားရေသးခင္ ကဗ်ာခ်ိဳသည္ ပါးစပ္ကလည္းခြၽဲခြၽဲႏြဲ႕ႏြဲ႕ဆိုရင္း လက္ကလည္း မုန္လာဉသုပ္ကို ဇြန္းနဲ႔ ယူကာ ပန္းကန္ထဲထည့္ေပး၏။ ေမာင့္မ်က္ႏွာကို စာအုပ္တစ္အုပ္လိုဖတ္ေနတဲ့ ရိပ္ေရာင္အတြက္ ေမာင္ အနည္းငယ္မဲ့သြားတာကို ျမင္ရသည္ ။
ခါးကိုအနည္းငယ္ကုန္းကာ မ်က္ႏွာခ်င္းဆိုင္ ေမာင့္ပန္းကန္က ဟင္းကို ခက္ရင္းနဲ႔ျပန္ယူ၍ ရိပ္ေရာင္ပန္းကန္ထဲထည့္မည္အလုပ္...
" ဒါ ဘာလုပ္တာလဲ "
ေမာင္က ဇြန္းနဲ႔ျပန္ဟန္႔လိုက္တာေၾကာင့္ ခက္ရင္းကိုင္ေနတဲ့လက္သည္ ေလထဲမွာတန္႔သြားသလို ရိပ္ေရာင္သည္လည္း ျပန္မထိုင္မိေသး...။
ရိပ္ေရာင္ ၾကည့္ေတာ့ စိမ္းစိမ္းဝါးဝါးၾကည့္ေနတဲ့ ေမာင့္မ်က္လုံးေတြ..။
" ဟို ေမာင္ မႀကိဳက္ဘူးေလ "
ေလေျပေအးေလးနဲ႔ ရွင္းျပဖို႔ႀကိဳးစားေသာ္လည္း အရာမထင္ပါေခ် ။
ကဗ်ာခ်ိဳကေတာ့ ဝင္မပါဘဲ လက္ယာဘာျပန္ေျပာမလဲသာ ေစာင့္ၾကည့္ေနသည္။ ဒီေနရာမွာ ေမတၱာရွင္မ ပုံစံဖမ္းဖို႔သည္လည္း မာယာမ်ားလွတဲ့သူမအတြက္ မခက္ပါေခ် ။
" အရင္ကမႀကိဳက္ေပမဲ့ အခုႀကိဳက္ႏိုင္တယ္ေလ၊ အထူးသျဖင့္ ခ်စ္သူေလးကေကြၽးရင္.. ေသေဆးေတာင္ စားရဲရမွာေပါ့ "
ေမာင္သည္ ကဗ်ာခ်ိဳ႕ကို ႐ႊန္း႐ႊန္းစားစား တစ္ခ်က္ေစာင္းၾကည့္ကာ စကားဆိုေလ၏။ ရိပ္ေရာင္ အ႐ုပ္ႀကိဳးျပတ္သာထိုင္ခ်မိသည္ ။
ၾကည့္ပါဉီး...။
ငါသိပ္ခ်စ္တဲ့ေမာင္က စကားေတြတတ္ေနလိုက္တာ ။
ငါ့အတြက္ဆို အမုန္းစကားေတြပဲ ထြက္တတ္တဲ့ ေမာင္ကေလ ။
မ်က္ရည္မက်ေအာင္ ထမင္းလုတ္ကိုသာႀကိဳးစား၍စားပါေသာ္လည္း ၿမိဳမက် ။ ေမာင့္စကားေတြက နားထဲမွာ တဝဲလည္လည္ ။
" ေတာက္!!က်က္သေရတုံးေအာင္ ထမင္းဝိုင္းမွာ လာငိုေနတယ္!ထ ကဗ်ာ၊ အျပင္မွာပဲ စားၾကတာေပါ့ "
" ေမာင္ ခန..."
မ်က္ရည္တို႔ကို လက္ခုံနဲ႔နာနာသုတ္၍ ရိပ္ေရာင္လွမ္းတားေသာ္လည္း ကဗ်ာခ်ိဳ႕လက္ကိုဆြဲကာ ထြက္သြားတဲ့ေမာင့္ေျခလွမ္းေတြကိုမမွီေတာ့ ။
မ်က္ရည္ေတြၾကားက ကဗ်ာခ်ိဳ႕ရဲ႕ သေရာ္ဟန္မ်က္ဝန္းေတြကို ျမင္လိုက္ရသည္တြင္ ရိပ္ေရာင္ကမာၻပ်က္၏ ။
ဂ်ိန္း...!!
သြားၿပီ...။
ငါ့မွာ ဘာမွမက်န္ေတာ့ဘူး...။
အရွက္တရားလည္း မက်န္ေတာ့သလို
ရွိေနခဲ့တဲ့ သိကၡာေတြကလည္း
မိန္းမတစ္ေယာက္ရဲ႕ေရွ႕ေမွာက္မွာ
ေမာင္ ကိုယ္တိုင္ ေခ်ဖ်က္လို႔ ေၾကပ်က္ခဲ့ရၿပီ..။
တစ္ဖက္တည္းကၿငိခဲ့တဲ့ ႀကိဳးေတြကို
ေမာင့္ဘက္က စၿပီးျဖတ္ခ်ပစ္မွေတာ့
ငါ့မွာ တြယ္ၿငိစရာအေၾကာင္းျပခ်က္ေလး ရွိပါေလေတာ့မလား ေမာင္...။
တစ္ခါတေလေတာ့ ငါလည္း စိတ္ရွိတိုင္းလုပ္လိုက္ခ်င္တယ္ ။
ေမာင့္ ကို ငါဝမ္းနည္းေၾကာင္းသိေအာင္ ေအာ္ေျပာလိုက္ခ်င္တယ္ ။
ငါ့ကိုထားမသြားဖို႔ ကတိေတြထပ္တလဲလဲေတာင္းခ်င္တယ္..။
တီတီတာတာခ်ိဳခ်ိဳသာသာေျပာလို႔
ငါ့ေဘးနားမွာ တမင္ဂ႐ုစိုက္ေပးမႈေတြ မလိုပါဘူးေမာင္...။
ငါလိုခ်င္တာက...
ငါလိုခ်င္တဲ့တစ္ခုတည္းေသာအရာက...
မင္းဆီက ေမတၱာ...။
ထိုေဆာင့္ပိတ္သြားတဲ့တံခါးခ်ပ္ေလးေနာက္ကြယ္ လဲက်သြားတဲ့ ေကာင္ငယ္ေလးတစ္ေယာက္ရွိတယ္ဆိုတာသာ သိခဲ့မယ္ဆိုရင္......။
အင္း...သူလိုခ်င္တဲ့ေမတၱာတရားေလးမ်ား ေပးခဲ့ေလမလား....။
_______________
Han Nay Ter 👶👴💚