Zawgyi
ထိုသတင္းကို ၾကားျပီးေနာက္ ပိုင္က်ီႏွင့္ လ်န္ေခ်ာင္သည္ ေဒါသထြက္လြန္းျပီး မူးေမ့သြားမလိုေတာင္ ျဖစ္သြားခဲ့သည္။ သို႕ေသာ္ သူတို႕ႏွင့္ ဆန္႕က်င္ဘက္အေနျဖင့္ က်န္းရြမ္သည္ ေအးေဆးလြန္းေနျပီး ဆန္ျပဳတ္ကို ေသာက္လက္စပင္မျပတ္ေခ်။ ထိုအျပဳအမူကိုျမင္ေသာအခါ ေရွာင္ယြမ္သည္
"သခင္မေလး.. တခုခုေတာ့ လုပ္ပါဦး.. သူတို႕က ေသခ်ာကိုေျပာေနၾကတာ.. သခင္မေလး တခုခုမစီစဥ္ထားရင္ သူတို႕က သခင္မေလးကို လူသတ္မွဳနဲ႕ ေသခ်ာေပါက္စြပ္စြဲလိမ့္မယ္"
ထိုစကားမ်ားသည္ သူမအား အလိမၼာနည္းျဖင့္ သတိေပးေနသလိုပင္။ က်န္းရြမ္သည္ ျပံုးလိုက္ျပီး
"ကိစၥမရွိပါဘူး ကမၻာၾကီးမွာ အျဖဴအမည္းဆိုတာ သတ္မွတ္ျပီးသားပါ၊ အမွန္အမွားဆိုတာလဲ အျမဲတမ္း သဲသဲကြဲကြဲရွိတာပဲ... ငါလုပ္ခဲ့တယ္ဆိုရင္ လုပ္ခဲ့တယ္ေပါ့.. ငါမလုပ္ခဲ့ဘူးဆိုရင္ မလုပ္ခဲ့ဘူးေပါ့.. ငါမလုပ္ခဲ့တ့ဲအေၾကာင္းကိစၥတစ္ခုကို ရဲမက္မကလို႕ ဘယ္သူျဖစ္ျဖစ္ ေၾကာက္ေနစရာအေၾကာင္းမရွိဘူးေလ"
ေရွာင္ယြမ္သည္ အံျကိတ္လိုက္ပီး ခက္ခဲေသာ ဆံုးျဖတ္ခ်က္ခ်လိုက္သည္
"သခင္မေလး.. ကြ်န္မရွင္းရွင္းပဲေျပာျပေတာ့မယ္.. ကြ်န္မ ဒီအိမ္ေတာ္ဝင္းထဲမွာ အလုပ္လုပ္ခဲ့တာ ႏွစ္ေတာ္ေတာ္ၾကာျပီ ဒါေၾကာင့္ ဒီလိုျဖစ္ရပ္မ်ိဳးကို ရင္းႏွီးျပီးသား.. တကယ္လို႕ အခုအေျခအေနကို လူသတ္မွဳလို႕စြပ္စြဲလိုက္ရင္ သခင္မေလး ဘယ္ေလာက္ပဲ ျဖဴစင္ပါေစ စြပ္စြဲခံရမွာပဲ.. ဒါေၾကာင့္ သခင္မေလးမွာ အၾကံဥာဏ္တစ္ခ်ိဳ႕မရွိေသးရင္ အရင္ထြက္ေျပးရင္ေရာဘယ္လိုလဲ.. ဒါမွမဟုတ္ သခင္ၾကီးကို အေၾကာင္းၾကားၾကည့္ပါလား"
ပိုင္က်ီသည္ ထိုစကားၾကားေတာ့ ေခါင္းညိမ့္လိုက္ျပီး "သူမေျပာတာမွန္တယ္.. သခင္မ အခုလူေတြက သခင္မကို ခက္ခဲေအာင္လုပ္မွာပဲ... အိမ္ေတာ္က သခင္ၾကီးကို အကူအညီလွမ္းေတာင္းရင္ေကာ?"
လ်န္ေခ်ာင္သည္လည္း ေခါင္းညိမ့္လိုက္ျပီး "ဟုတ္တယ္သခင္မ အလ်င္လိုေနပီ..."
က်န္းရြမ္သည္ သူတို႕သံုးေယာက္ကို ၾကည့္ကာ ေခါင္းခါလိုက္ျပီး
"မလိုဘူး.. ေရွာင္ယြမ္ အခုလိုလာေျပာေပးတာ ေက်းဇူးပါ.. ရဲမက္ေတြက ဒီဘက္ကိုလာေနျပီဆိုေတာ့ နင္ဒီမွာ ၾကာၾကာမေနသင့္ေတာ့ဘူး.. တကယ္လို႕သူတို႕က နင့္ကိုေတြ႕သြားရင္ ငါတို႕နဲ႕ပါ တစ္ဖြဲ႕ထဲလို႕ထင္သြားလိမ့္မယ္.. အနာဂတ္မွာ နင့္အကူအညီလိုခဲ့ရင္ ပိုင္က်ီ႕ကို လာရွာခိုင္းလိုက္ပါ့မယ္"
ေရွာင္ယြမ္သည္ ျပတင္းေပါက္ဖက္ကိုၾကည့္လိုက္ျပီး
"သခင္မေလး ကြ်န္မကို ယဥ္ေက်းစရာမလိုပါဘူး.. ကြ်န္မတို႕လို အေစခံေတြက သခင္မေျပာတာ နာခံရမွာပါ.. ဒါဆို ကြ်န္မသြားေတာ့မယ္.. တကယ္လို႕ ကြ်န္မအကူအညီလိုခဲ့ရင္ ဘာပဲျဖစ္ျဖစ္ေျပာပါ.. ကြ်န္မအကုန္ကူညီပါ့မယ္"
ေရွာင္ယြမ္ထြက္သြားျပီးေနာက္ က်န္းရြမ္သည္ စားပြဲကို လက္ျဖင့္ေခါက္လိုက္ျပီး
"ခဏေန ရံုးေတာ္က လူေတြလာရင္ ဘာအေၾကာင္းပဲရွိရွိ အိမ္ေတာ္က ဒီအေၾကာင္းမေပါက္ၾကားေစနဲ႕ သခင္ၾကီးကိုလဲ အေၾကာင္းမၾကားရဘူး"
ပိုင္က်ီက မေနနိုင္စြာျဖင့္
"ဘာျဖစ္လို႕လဲ.. သခင္မက သခင္ၾကီးရဲ႕ တရားဝင္ဇနီးကေမြးတဲ့ တရားဝင္တိသမီးေလ.. သခင္မ အခုအခ်ိန္မွာ သခင္ၾကီးအေပၚမာနမထားသင့္ဘူးေနာ္.. မိသားစုအခ်င္းခ်င္း မာနမထားသင့္ပါဘူး"
က်န္းရြမ္သည္ ေခါင္းခါလိုက္ျပီး
"ပိုင္က်ီ နင္က အရာရာတိုင္းကို ရိုးရိုးေလးေတြးေနတာပဲ.. တကယ္လို႕သာ ငါစြပ္စြဲခံရတယ္ဆိုျပီး သခင္ၾကီးကို အကူအညီေတာင္းရင္ အက်ိဳးအျမတ္ရမွာ ငါတို႕မဟုတ္ပဲ တျခားတေယာက္ျဖစ္သြားလိမ့္မယ္"
လ်န္ေခ်ာင္သည္ နားရွဳပ္သြားျပီး
"သခင္မ အဲ့တာ ဘာေျပာတာလဲဟင္"
က်န္းရြမ္သည္ သူမလက္လွလွေလးေတြကို ၾကည့္လိုက္ျပီး
"နားေထာင္ျကည့္... ငါ့ကို လူသတ္သမားလိုစြပ္စြဲပါျပီတဲ့... အေဖက ဘာလုပ္မလဲ? ငါစိုးရိမ္တာက အေဖက ငါ့နာမည္ကို တရားမွ်တမွဳမရွာေပးမွာကို မဟုတ္ဘူး တစံုတေယာက္က ဒီအေၾကာင္းေပၚမွာ အျမတ္ထုတ္သြားမွာကိုပဲ.. အခုအေျခအေနအတိုင္းဆို အိမ္ေတာ္ဝင္းထဲမွာရွိတဲ့လူေတြေရာ အျပင္လူေတြကပါ ငါ့ကို လူသတ္သမားလို႕ထင္ေနျပီး ရံုးေတာ္က ငါ့ကိုလာဖမ္းျကတယ္ဆိုတာ လ်ိဳ႕ဝွက္ခ်က္မဟုတ္ပဲ အကုန္သိေနၾကပီ... တကယ္လို႕ အေဖက ငါ့ကို ကူညီလိုက္ရင္ ငါက သခင္ၾကီး အားကိုးနဲ႕ လူသတ္တယ္ဆိုျပီး သတင္းပ်ံ႕သြားလိမ့္မယ္.. အဲ့ဒီအခါက်ရင္ ေသခ်ာေပါက္ ငါ့နာမည္ပ်က္ျပီေပါ့"
ပိုင္က်ီႏွင့္လ်န္ေခ်ာင္သည္ ထိုစကားမ်ားကို ၾကားျပီးေနာက္ ထိတ္လန္႕လြန္းျပီး ေခြ်းေအးမ်ားပင္ထြက္လာခဲ့သည္။ လ်န္ေခ်ာင္သည္ က်န္းရြမ္အား
"ကြ်န္မတို႕ သခင္ၾကီးကို အကူအညီေတာင္းလို႕မရဘူးဆိုမွေတာ့ ဘယ္လိုလုပ္ၾကမလဲ"
"အခုအေျခအေနက လမ္းဆံုးေနျပီဆိုေပမဲ့ အဆံုးသတ္မဟုတ္ေသးပါဘူး.. ေမြးဖြားလာရင္ ေသရမွာပဲေလ ဒါေပမဲ့ ေနာက္ဆံုးအဆံုးသတ္မွာ ဘယ္သူက အနိင္ရမလဲဆိုတာပဲ.. စိတ္မပူပါနဲ႕ ငါ့မွာ စဥ္းစားထားတာေတြရွိပါတယ္"
လ်န္ေခ်ာင္ႏွင့္ ပိုင္က်ီလည္း က်န္းရြမ္စကားၾကားမွသာ သက္သာရာရသြားျပီး
"သိပါျပီ သခင္မ ဒါဆိုလဲ ကြ်န္မတို႕ ဘာမွမျဖစ္သလို ေနလိုက္ပါ့မယ္"
က်န္းရြမ္သည္ သူမေဘးရွိစာအုပ္ထဲမွ စာရြက္တစ္ရြက္ကိုယူလိုက္ကာ လ်န္ေခ်ာင့္ကို ကမ္းေပးလိုက္သည္
"ဒီစာရြက္ကို သဘက္ခါက်ရင္ ခ်ိဳးရန္ကိုေပးလိုက္"
လ်န္ေခ်ာင္သည္ ေခါင္းညိမ့္လိုက္ပီး စာရြက္ကိုယူလိုက္သည္။သူမသည္ က်န္းရြမ္အတြက္ လက္ဖက္ရည္တစ္ခြက္အား ငွဲ႕ေပးလိုက္သည္။ က်န္းရြမ္သည္ ထိုခြက္အားေသာက္ဖို႕ အလ်င္မလိုပဲ သူမ၏အကၤ်ီလက္မ်ားကိုသာ တယုတယ ပြတ္သတ္ေနသည္။
က်န္းရြမ္အေစခံႏွစ္ေယာက္ေပးေသာအၾကံဥာဏ္ေတြကို က်န္းရြမ္မွပယ္ခ်လိုက္သည္။ သူမသိသည္ သူမအတြက္ ျမိဳ႕ေတာ္မွ သခင္ၾကီးကို တကူးတက စာေရးျပီးအကူအညီေတာင္းစရာေတာင္ မလိုေပ။ ဒီသတင္းသည္ ျမိဳ႕ေတာ္မွ အိမ္ေတာ္ကို ခ်က္ခ်င္းေရာက္သြားျပီမွန္းသူမသိသည္။ အေၾကာင္းကေတာ့ျမို႕ေတာ္မွ ရွရန္ ( ေခၚ) က်န္းဖူးရန္ရဲ႕သစၥာေတာ္ခံျဖစ္ေသာ က်န္းလန္မိသားစုမွ သူမအေၾကာင္းကို သံေတာ္ဦးတင္ျပီးမွာေသခ်ာသည္။ ရွရန္ႏွင့္ က်န္းစုစုသည္ သူမကို က်ဥ္းထဲက်ပ္ထဲေရာက္ေနျပီး ကံဆိုးေစဖို႕ကို မေစာင့္ႏိုင္ေတာ့မွာ ေတြးၾကည့္တာနဲ႕ သိႏိုင္သည္။ ဒီအခြင့္အေရးကို သူတို႕ေသခ်ာေပါက္လက္လႊတ္မွာ မဟုတ္ပဲ မီးထဲကိုေတာင္ ေလာင္စာထပ္ထည့္ေပးဦးမွာျဖစ္သည္။ သူမအေဖ က်န္းခြ်မ္ဆိုသည္မွာလဲ ေသခ်ာေပါက္ တရားမွ်တမွဳရွာေပးမွာမဟုတ္ပဲ ျပသနာကို ေသခ်ာေပါက္ျဖစ္ေစမွာပင္။ သူမ၏မေသခင္ဘဝမွသည္ ယခုလို ျပန္နိုးထျပီးခ်ိန္ထိ သူမ၏အေဖရင္းမွ သူမအား မ်က္လံုးစိမ္းမ်ားျဖင့္ ၾကည့္ကာ ေသြးေဆာင္ျဖားေယာင္းတဲ့မိန္းမအျဖစ္ သတ္မွတ္ခဲ့သည္ကို ဘယ္ေတာ့မွ မေမ့ေပ။ သူမသည္ နိင္ငံကို ေျဗာင္းဆန္ေအာင္လုပ္ျပီး ဘုရင့္သရဖူကို ျခိမ္းေခ်ာက္ခဲ့ရံုသာမက ဘုရင့္အသက္အႏၲရာယ္ကိုလဲ ရန္ရွာခဲ့သည့္ သမီးတစ္ေယာက္အျဖစ္ သူမအေဖသတ္မွတ္ခဲ့သည္။ က်န္းခြ်မ္စိတ္ထဲတြင္ တရားဝင္တိသမီး သူမသည္ သူ၏သမီးအရင္းမဟုတ္ပဲ က်န္းစုစုသာ သူ႕သမီးဟု မွတ္ယူထားသည္။
ဒါေၾကာင့္ သူမေသသြားလွ်င္ေတာင္ က်န္းခြ်မ္ဆီမွ အကူအညီေတာင္းခံမည္ မဟုတ္။ ျပီးေတာ့ ဒီကိစၥသာျပီးသြားလွ်င္ ရွရန္ႏွင့္ က်န္းစုစုတို႕ သားအမိအတြက္ သူမ လက္ေဆာင္ အၾကီးၾကီး ျပင္ထားသည္။ ထိုလက္ေဆာင္သည္ သူမအား ဒီအိမ္ကို ပို႕ေစေသာ သူတို႕ႏွစ္ေယာက္၏လုပ္ရပ္အတြက္ အဖိုးအခႏွင့္ သူမကို ဒီလို ညစ္ပစ္စုတ္ျပတ္ျပီး လူမဆန္တဲ့လူေတြနဲ႕ ငါးႏွစ္ၾကာေအာင္ေနခိုင္းတဲ့ တန္ဖိုး။ ထိုတန္ဖိုးမ်ားကို ရွရန္ႏွင့္ က်န္းစုစုတို႕ ေသခ်ာေပါက္ သူမကို ျပန္ေပးရမည္။
ျပဇာတ္က ဇာတ္လမ္းအတိုင္းဆက္သြားေနျပီး အဓိကဇာတ္ေဆာင္သာလွ်င္ ျကိုတင္ျပီး အစားထိုးထားႏွင့္ျပီးျဖစ္သည္။ က်န္းရြမ္သည္ အေတြးထဲနစ္ေနေသာအခ်ိန္တြင္ သူမ၏အိမ္အျပင္ဖက္မွ ဆူညံဆူညံအသံမ်ားထြက္ေပၚလာခဲ့သည္။ လ်န္ေခ်ာင္သည္ တံခါးထဖြင့္ဖို႕ၾကံတုန္းမွာပဲ အျပင္ဖက္မွ တံခါးကို အသံက်ယ္က်ယ္ျဖင့္ ေဆာင့္ကန္လိုက္ကာ ရဲမက္မ်ားဝင္လာခဲ့သည္။ သူတို႕၏ခါးတြင္လည္း ဓားမ်ားခ်ိတ္ထားကာ အမူအရာမ်ားသည္လည္း ခက္ထန္လ်က္ရွိသည္။ သူတို႕ထဲမွတစ္ေယာက္က အသံက်ယ္က်ယ္ျဖင့္
"က်န္းရြမ္ ဘယ္မွာလဲ"
ထိုစကားၾကားေတာ့ က်န္းရြမ္သည္ မတ္တပ္ရပ္လိုက္ျပီး ထိုလူကို အရိုအေသေပးလိုက္သည္။
ေခါင္းေဆာင္သည္ က်န္းရြမ္ဆိုေသာ မိန္းကေလးကို အကဲခတ္လိုက္ေတာ့ အံ့ျသသြားသည္။ က်န္းရြမ္သည္ ငယ္ရြယ္ကာ လွပေသာ မိန္းမငယ္ေလးျဖစ္ေနသည္။ သူသည္ အၾကည့္ကို ျပန္ရုတ္လိုက္ကာ ပံုမွန္ေလသံျဖင့္
"က်န္းမိန္းကေလး.. က်ူးေက်ာ္ဝင္ေရာက္လာလို႕ စိတ္မရွိပါနဲ႕.. ဒါေပမဲ့ တစံုတေယာက္က မိန္းကေလးက လူသတ္လိုက္တယ္ဆိုျပီး တိုင္ၾကားထားလို႕ပါ"
က်န္းရြမ္သည္ အံ့ျသေသာ ေလသံေလးျဖင့္
"ဟင္.. ဟုတ္လား.. စိတ္မရွိရင္ ဘယ္သူကေျပာတာလဲဆိုတာ သိခြင့္ရွိမလား"
က်န္းရြမ္၏အသံေလးသည္ ေပ်ာ့ေျပာင္းညင္သာလွကာ ၾကားရသူတိုင္းကို အလိုရွိရာ လုပ္ေပးေစခ်င္ေလာက္ေအာင္ျဖစ္သြားေစသည္။ ေခါင္းေဆာင္သည္လည္း သူသာ ဆူပူလိုက္ရင္ သူ႕အသံၾကီးက ထိုအသံေလးကို လႊမ္းသြားမွာစိုးရိမ္ကာ ပံုမွန္ထက္ အနည္းငယ္ေလသံေပ်ာ့ျဖင့္
"တိုင္ၾကားထားတဲ့သူက ဒီအိမ္ကို စီစဥ္ေနတဲ့သူရဲ႕သား ခ်န္းေက်ာင္ပါ"
သူ႕ရဲ႕စကားဆံုးသြားေတာ့ လ်န္ေခ်ာင္သည္ သူမ၏စိတ္ကို မထိန္းထားနိုင္ေတာ့ပဲ
"ကြ်န္မတို႕သခင္မက အရမ္းကိုစိတ္သေဘာထားနူးညံ့ျပီး သိမ္ေမြ႕တယ္... သူမက လူသတ္တယ္ဆိုတာ ဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ... ယုတ္မာတဲ့တစံုတေယာက္က လူသတ္မွဳက်ဴးလြန္ျပီး သခင္မအေပၚအျပစ္ပံုခ်တာ အသိသာျကီးကို"
ေခါင္းေဆာင္လဲ ထိုစကားေၾကာင့္ ခဏေတာ့ေတြေဝသြားသည္။ သူသည္ က်န္းရြမ္ကိုၾကည့္လိုက္ေတာ့ က်န္းရြမ္သည္ သူမ၏ႏွုတ္ခမ္းေလးမ်ားကိုေကာ့ညႊတ္ကာ သူ႕ကိုျပံဳးၾကည့္ေနတာကို ေတြ႕ရသည္။ သူမ၏ပံုစံေလးသည္ ျဖဴစင္လွကာ လူသတ္ဖို႕မေျပာႏွင့္ ဘာအေတြ႕အၾကံဳမွ ရွိပံုမေပၚေပ။ သို႕ေသာ္ သူ႕ရဲ႕သက္တမ္းအရ က်န္းရြမ္သည္ မျမင္နိုင္ေသာ အရွိန္အဝါတစ္မ်ိဳးရွိေနျပီး အရာရာကို ခ်ဳပ္ကိုင္နိုင္ေသာ ပံုစံမ်ိဳးလို႕ထင္ရျပန္သည္။ ျပီးေတာ့ သူမဆီမွညိွဳ႕ဓာတ္ကို ဘယ္သူမွခံနိုင္ရည္မရွိပဲ သူမညွိဳ႕ဓာတ္ေအာက္မွာ အရာအားလံုးပံုေပးမိမွာပင္။
က်န္းရြမ္သည္
"လ်န္ေခ်ာင္... ထပ္မေျပာနဲ႕ေတာ့.. ဒီလူၾကီးမင္းက အမွန္အမွားကို ေသခ်ာေအာင္ စစ္ေဆးလိမ့္မယ္.. ဒါေၾကာင့္ ငါတို႕က ေစာင့္ၾကည့္ရံုပဲေလ"
ဒီစကားေတြၾကားေတာ့ က်န္းရြမ္အေပၚ ေခါင္းေဆာင္ရဲ႕ အျမင္ေတြသည္ ပိုလို႕ပင္ေကာင္းလာခဲ့သည္။ သူသည္ ဘယ္ဘက္လက္ဝါးကိုျဖန္႕ကာ ညာဘက္လက္သီးေပၚမွာထပ္လိုက္ျပီး က်န္းရြမ္ကို အရိုအေသေပးလိုက္သည္
"မိန္းကေလးကို အေႏွာင့္အယွက္ျဖစ္ေစမိျပီ.. အျပင္ဖက္မွာလဲ စံုစမ္းမွဳေတြရွိပါတယ္.. မိန္းကေလး စိတ္မရွိရင္ အျပင္ဖက္ကိုထြက္လိုက္တာ ပိုအဆင္ေျပပါတယ္"
က်န္းရြမ္သည္ ဘာမွမေျပာေတာ့ပဲ လ်န္ေခ်ာင္ႏွင့္ပိုင္က်ီ အတူ အိမ္အျပင္သို႕ထြက္လာခဲ့သည္။
အိမ္အျပင္ေရာက္ေတာ့ သူမ၏အိမ္ပိစိေလးကို ရဲမက္မ်ားဝိုင္းထားသည္မွာ ေျခခ်စရာပင္မရွိေခ်။ ထိုထဲတြင္ က်န္းလန္ႏွင့္ ခ်န္းေက်ာင္လဲရွိသည္။ ခ်န္းေက်ာင္သည္ က်န္းရြမ္ကိုျမင္ေသာအခါ သူ႕မ်က္လံုးေတြသည္ အေရာင္လက္သြားသည္။
ခ်န္းေက်ာင္ပါးစပ္မွ ဘာမွမထြက္ရေသးရင္ လ်န္ေခ်ာင္သည္ ခ်န္းေက်ာင္ဆီသို႕အေျပးသြားကာ သူ႕မ်က္နွာကိုရိုက္ခ်လိုက္သည္။
"သတ္တုန္းက နင္သတ္ျပီး ဘာလို႕ ငါတို႕သခင္မကို လႊဲခ်ရတာလဲ...နင္က တကိုယ္ေကာင္းဆန္ျပီး ယုတ္မာတဲ့ မ်က္ႏွာႏွစ္ဖက္နဲ႕ေကာင္ပဲ"
က်န္းလန္သည္ ေအးစက္စြာရယ္လိုက္ျပီး
"ဘာေတြလာေျပာေနတာလဲ... လ်န္ေခ်ာင္.. ထမင္းကိုအကုန္စား စကားကိုအကုန္မေျပာနဲ႕... ဘာမွမဟုတ္ပဲ ငါတို႕ေက်ာင္အာကို မစြပ္စြဲနဲ႕.. မဟုတ္ရင္ နင္ငါ့အေၾကာင္းသိမယ္"
ခ်န္းေက်ာင္သည္ က်န္းရြမ္ကို သနားစရာပံုစံေလးနွင့္ၾကည့္ကာ
"သခင္မေလး.. ကြ်န္ေတာ္က တမင္တိုင္လိုက္တာမဟုတ္ပါဘူး... ကြ်န္ေတာ့္ရဲ႕ ေျဖာင့္မတ္တဲ့ အသိစိတ္က အမွန္တရားကို မ်က္ကြယ္မျပဳနိုင္လို႕ပါ.. သခင္မေလး ဒီကိစၥနဲ႕ပတ္သတ္ျပီး ကြ်န္ေတာ့္ကို ရန္ျငိဳးမထားဖို႕ ေမွ်ာ္လင့္ပါတယ္"
က်န္းရြမ္သည္ ျဖည္းညင္းစြာရယ္လိုက္ရင္း
"နင့္ရဲ႕ ေျဖာင့္မတ္တဲ့ အသိစိတ္.? ေသခ်ာတာေပါ့့ ငါနင့္ကို ေဗြမယူပါဘူး... လူတစ္ေယာက္က ေသျပီးသြားရင္ သူ႕ဝိဥာဥ္ကေတာ္ေတာ္နဲ႕မကြ်တ္ဘူးေလ.. အသတ္ခံရတဲ့ဝိဥာဥ္ဆိုပိုဆိုးေပါ့... အသတ္ခံရတဲ့ဝိဥာဥ္က သူ႕ကိုသတ္သြားတဲ့လူကို ေသခ်ာေပါက္ လက္တံု႕ျပန္မွာပဲ.. ငါကေတာ့ မသတ္တဲ့အတြက္ ေၾကာက္စရာမလိုဘူး.. ဒါေပမဲ့ငါသိခ်င္တာက.. လူသတ္သမားသာ နင္ျဖစ္ခဲ့ရင္ေရာ...?"
#3/12/2020
ဇာတ္လမ္းေလးကနည္းနည္းေတာ့ ရုပ္လံုးေပၚလာျပီေနာ္.. ဖတ္ရတာ အဆင္ေျပၾကရဲ႕လား
Unicode
ထိုသတင်းကို ကြားပြီးနောက် ပိုင်ကျီနှင့် လျန်ချောင်သည် ဒေါသထွက်လွန်းပြီး မူးမေ့သွားမလိုတောင် ဖြစ်သွားခဲ့သည်။ သို့သော် သူတို့နှင့် ဆန့်ကျင်ဘက်အနေဖြင့် ကျန်းရွမ်သည် အေးဆေးလွန်းနေပြီး ဆန်ပြုတ်ကို သောက်လက်စပင်မပြတ်ချေ။ ထိုအပြုအမူကိုမြင်သောအခါ ရှောင်ယွမ်သည်
"သခင်မလေး.. တခုခုတော့ လုပ်ပါဦး.. သူတို့က သေချာကိုပြောနေကြတာ.. သခင်မလေး တခုခုမစီစဉ်ထားရင် သူတို့က သခင်မလေးကို လူသတ်မှုနဲ့ သေချာပေါက်စွပ်စွဲလိမ့်မယ်"
ထိုစကားများသည် သူမအား အလိမ္မာနည်းဖြင့် သတိပေးနေသလိုပင်။ ကျန်းရွမ်သည် ပြုံးလိုက်ပြီး
"ကိစ္စမရှိပါဘူး ကမ္ဘာကြီးမှာ အဖြူအမည်းဆိုတာ သတ်မှတ်ပြီးသားပါ၊ အမှန်အမှားဆိုတာလဲ အမြဲတမ်း သဲသဲကွဲကွဲရှိတာပဲ... ငါလုပ်ခဲ့တယ်ဆိုရင် လုပ်ခဲ့တယ်ပေါ့.. ငါမလုပ်ခဲ့ဘူးဆိုရင် မလုပ်ခဲ့ဘူးပေါ့.. ငါမလုပ်ခဲ့တဲ့အကြောင်းကိစ္စတစ်ခုကို ရဲမက်မကလို့ ဘယ်သူဖြစ်ဖြစ် ကြောက်နေစရာအကြောင်းမရှိဘူးလေ"
ရှောင်ယွမ်သည် အံကြိတ်လိုက်ပီး ခက်ခဲသော ဆုံးဖြတ်ချက်ချလိုက်သည်
"သခင်မလေး.. ကျွန်မရှင်းရှင်းပဲပြောပြတော့မယ်.. ကျွန်မ ဒီအိမ်တော်ဝင်းထဲမှာ အလုပ်လုပ်ခဲ့တာ နှစ်တော်တော်ကြာပြီ ဒါကြောင့် ဒီလိုဖြစ်ရပ်မျိုးကို ရင်းနှီးပြီးသား.. တကယ်လို့ အခုအခြေအနေကို လူသတ်မှုလို့စွပ်စွဲလိုက်ရင် သခင်မလေး ဘယ်လောက်ပဲ ဖြူစင်ပါစေ စွပ်စွဲခံရမှာပဲ.. ဒါကြောင့် သခင်မလေးမှာ အကြံဉာဏ်တစ်ချို့မရှိသေးရင် အရင်ထွက်ပြေးရင်ရောဘယ်လိုလဲ.. ဒါမှမဟုတ် သခင်ကြီးကို အကြောင်းကြားကြည့်ပါလား"
ပိုင်ကျီသည် ထိုစကားကြားတော့ ခေါင်းညိမ့်လိုက်ပြီး "သူမပြောတာမှန်တယ်.. သခင်မ အခုလူတွေက သခင်မကို ခက်ခဲအောင်လုပ်မှာပဲ... အိမ်တော်က သခင်ကြီးကို အကူအညီလှမ်းတောင်းရင်ကော?"
လျန်ချောင်သည်လည်း ခေါင်းညိမ့်လိုက်ပြီး "ဟုတ်တယ်သခင်မ အလျင်လိုနေပီ..."
ကျန်းရွမ်သည် သူတို့သုံးယောက်ကို ကြည့်ကာ ခေါင်းခါလိုက်ပြီး
"မလိုဘူး.. ရှောင်ယွမ် အခုလိုလာပြောပေးတာ ကျေးဇူးပါ.. ရဲမက်တွေက ဒီဘက်ကိုလာနေပြီဆိုတော့ နင်ဒီမှာ ကြာကြာမနေသင့်တော့ဘူး.. တကယ်လို့သူတို့က နင့်ကိုတွေ့သွားရင် ငါတို့နဲ့ပါ တစ်ဖွဲ့ထဲလို့ထင်သွားလိမ့်မယ်.. အနာဂတ်မှာ နင့်အကူအညီလိုခဲ့ရင် ပိုင်ကျီ့ကို လာရှာခိုင်းလိုက်ပါ့မယ်"
ရှောင်ယွမ်သည် ပြတင်းပေါက်ဖက်ကိုကြည့်လိုက်ပြီး
"သခင်မလေး ကျွန်မကို ယဉ်ကျေးစရာမလိုပါဘူး.. ကျွန်မတို့လို အစေခံတွေက သခင်မပြောတာ နာခံရမှာပါ.. ဒါဆို ကျွန်မသွားတော့မယ်.. တကယ်လို့ ကျွန်မအကူအညီလိုခဲ့ရင် ဘာပဲဖြစ်ဖြစ်ပြောပါ.. ကျွန်မအကုန်ကူညီပါ့မယ်"
ရှောင်ယွမ်ထွက်သွားပြီးနောက် ကျန်းရွမ်သည် စားပွဲကို လက်ဖြင့်ခေါက်လိုက်ပြီး
"ခဏနေ ရုံးတော်က လူတွေလာရင် ဘာအကြောင်းပဲရှိရှိ အိမ်တော်က ဒီအကြောင်းမပေါက်ကြားစေနဲ့ သခင်ကြီးကိုလဲ အကြောင်းမကြားရဘူး"
ပိုင်ကျီက မနေနိုင်စွာဖြင့်
"ဘာဖြစ်လို့လဲ.. သခင်မက သခင်ကြီးရဲ့ တရားဝင်ဇနီးကမွေးတဲ့ တရားဝင်တိသမီးလေ.. သခင်မ အခုအချိန်မှာ သခင်ကြီးအပေါ်မာနမထားသင့်ဘူးနော်.. မိသားစုအချင်းချင်း မာနမထားသင့်ပါဘူး"
ကျန်းရွမ်သည် ခေါင်းခါလိုက်ပြီး
"ပိုင်ကျီ နင်က အရာရာတိုင်းကို ရိုးရိုးလေးတွေးနေတာပဲ.. တကယ်လို့သာ ငါစွပ်စွဲခံရတယ်ဆိုပြီး သခင်ကြီးကို အကူအညီတောင်းရင် အကျိုးအမြတ်ရမှာ ငါတို့မဟုတ်ပဲ တခြားတယောက်ဖြစ်သွားလိမ့်မယ်"
လျန်ချောင်သည် နားရှုပ်သွားပြီး
"သခင်မ အဲ့တာ ဘာပြောတာလဲဟင်"
ကျန်းရွမ်သည် သူမလက်လှလှလေးတွေကို ကြည့်လိုက်ပြီး
"နားထောင်ကြည့်... ငါ့ကို လူသတ်သမားလိုစွပ်စွဲပါပြီတဲ့... အဖေက ဘာလုပ်မလဲ? ငါစိုးရိမ်တာက အဖေက ငါ့နာမည်ကို တရားမျှတမှုမရှာပေးမှာကို မဟုတ်ဘူး တစုံတယောက်က ဒီအကြောင်းပေါ်မှာ အမြတ်ထုတ်သွားမှာကိုပဲ.. အခုအခြေအနေအတိုင်းဆို အိမ်တော်ဝင်းထဲမှာရှိတဲ့လူတွေရော အပြင်လူတွေကပါ ငါ့ကို လူသတ်သမားလို့ထင်နေပြီး ရုံးတော်က ငါ့ကိုလာဖမ်းကြတယ်ဆိုတာ လျို့ဝှက်ချက်မဟုတ်ပဲ အကုန်သိနေကြပီ... တကယ်လို့ အဖေက ငါ့ကို ကူညီလိုက်ရင် ငါက သခင်ကြီး အားကိုးနဲ့ လူသတ်တယ်ဆိုပြီး သတင်းပျံ့သွားလိမ့်မယ်.. အဲ့ဒီအခါကျရင် သေချာပေါက် ငါ့နာမည်ပျက်ပြီပေါ့"
ပိုင်ကျီနှင့်လျန်ချောင်သည် ထိုစကားများကို ကြားပြီးနောက် ထိတ်လန့်လွန်းပြီး ချွေးအေးများပင်ထွက်လာခဲ့သည်။ လျန်ချောင်သည် ကျန်းရွမ်အား
"ကျွန်မတို့ သခင်ကြီးကို အကူအညီတောင်းလို့မရဘူးဆိုမှတော့ ဘယ်လိုလုပ်ကြမလဲ"
"အခုအခြေအနေက လမ်းဆုံးနေပြီဆိုပေမဲ့ အဆုံးသတ်မဟုတ်သေးပါဘူး.. မွေးဖွားလာရင် သေရမှာပဲလေ ဒါပေမဲ့ နောက်ဆုံးအဆုံးသတ်မှာ ဘယ်သူက အနိင်ရမလဲဆိုတာပဲ.. စိတ်မပူပါနဲ့ ငါ့မှာ စဉ်းစားထားတာတွေရှိပါတယ်"
လျန်ချောင်နှင့် ပိုင်ကျီလည်း ကျန်းရွမ်စကားကြားမှသာ သက်သာရာရသွားပြီး
"သိပါပြီ သခင်မ ဒါဆိုလဲ ကျွန်မတို့ ဘာမှမဖြစ်သလို နေလိုက်ပါ့မယ်"
ကျန်းရွမ်သည် သူမဘေးရှိစာအုပ်ထဲမှ စာရွက်တစ်ရွက်ကိုယူလိုက်ကာ လျန်ချောင့်ကို ကမ်းပေးလိုက်သည်
"ဒီစာရွက်ကို သဘက်ခါကျရင် ချိုးရန်ကိုပေးလိုက်"
လျန်ချောင်သည် ခေါင်းညိမ့်လိုက်ပီး စာရွက်ကိုယူလိုက်သည်။သူမသည် ကျန်းရွမ်အတွက် လက်ဖက်ရည်တစ်ခွက်အား ငှဲ့ပေးလိုက်သည်။ ကျန်းရွမ်သည် ထိုခွက်အားသောက်ဖို့ အလျင်မလိုပဲ သူမ၏အင်္ကျီလက်များကိုသာ တယုတယ ပွတ်သတ်နေသည်။
ကျန်းရွမ်အစေခံနှစ်ယောက်ပေးသောအကြံဉာဏ်တွေကို ကျန်းရွမ်မှပယ်ချလိုက်သည်။ သူမသိသည် သူမအတွက် မြို့တော်မှ သခင်ကြီးကို တကူးတက စာရေးပြီးအကူအညီတောင်းစရာတောင် မလိုပေ။ ဒီသတင်းသည် မြို့တော်မှ အိမ်တော်ကို ချက်ချင်းရောက်သွားပြီမှန်းသူမသိသည်။ အကြောင်းကတော့မြို့တော်မှ ရှရန် ( ခေါ်) ကျန်းဖူးရန်ရဲ့သစ္စာတော်ခံဖြစ်သော ကျန်းလန်မိသားစုမှ သူမအကြောင်းကို သံတော်ဦးတင်ပြီးမှာသေချာသည်။ ရှရန်နှင့် ကျန်းစုစုသည် သူမကို ကျဉ်းထဲကျပ်ထဲရောက်နေပြီး ကံဆိုးစေဖို့ကို မစောင့်နိုင်တော့မှာ တွေးကြည့်တာနဲ့ သိနိုင်သည်။ ဒီအခွင့်အရေးကို သူတို့သေချာပေါက်လက်လွှတ်မှာ မဟုတ်ပဲ မီးထဲကိုတောင် လောင်စာထပ်ထည့်ပေးဦးမှာဖြစ်သည်။ သူမအဖေ ကျန်းချွမ်ဆိုသည်မှာလဲ သေချာပေါက် တရားမျှတမှုရှာပေးမှာမဟုတ်ပဲ ပြသနာကို သေချာပေါက်ဖြစ်စေမှာပင်။ သူမ၏မသေခင်ဘဝမှသည် ယခုလို ပြန်နိုးထပြီးချိန်ထိ သူမ၏အဖေရင်းမှ သူမအား မျက်လုံးစိမ်းများဖြင့် ကြည့်ကာ သွေးဆောင်ဖြားယောင်းတဲ့မိန်းမအဖြစ် သတ်မှတ်ခဲ့သည်ကို ဘယ်တော့မှ မမေ့ပေ။ သူမသည် နိင်ငံကို ဗြောင်းဆန်အောင်လုပ်ပြီး ဘုရင့်သရဖူကို ခြိမ်းချောက်ခဲ့ရုံသာမက ဘုရင့်အသက်အန္တရာယ်ကိုလဲ ရန်ရှာခဲ့သည့် သမီးတစ်ယောက်အဖြစ် သူမအဖေသတ်မှတ်ခဲ့သည်။ ကျန်းချွမ်စိတ်ထဲတွင် တရားဝင်တိသမီး သူမသည် သူ၏သမီးအရင်းမဟုတ်ပဲ ကျန်းစုစုသာ သူ့သမီးဟု မှတ်ယူထားသည်။
ဒါကြောင့် သူမသေသွားလျှင်တောင် ကျန်းချွမ်ဆီမှ အကူအညီတောင်းခံမည် မဟုတ်။ ပြီးတော့ ဒီကိစ္စသာပြီးသွားလျှင် ရှရန်နှင့် ကျန်းစုစုတို့ သားအမိအတွက် သူမ လက်ဆောင် အကြီးကြီး ပြင်ထားသည်။ ထိုလက်ဆောင်သည် သူမအား ဒီအိမ်ကို ပို့စေသော သူတို့နှစ်ယောက်၏လုပ်ရပ်အတွက် အဖိုးအခနှင့် သူမကို ဒီလို ညစ်ပစ်စုတ်ပြတ်ပြီး လူမဆန်တဲ့လူတွေနဲ့ ငါးနှစ်ကြာအောင်နေခိုင်းတဲ့ တန်ဖိုး။ ထိုတန်ဖိုးများကို ရှရန်နှင့် ကျန်းစုစုတို့ သေချာပေါက် သူမကို ပြန်ပေးရမည်။
ပြဇာတ်က ဇာတ်လမ်းအတိုင်းဆက်သွားနေပြီး အဓိကဇာတ်ဆောင်သာလျှင် ကြိုတင်ပြီး အစားထိုးထားနှင့်ပြီးဖြစ်သည်။ ကျန်းရွမ်သည် အတွေးထဲနစ်နေသောအချိန်တွင် သူမ၏အိမ်အပြင်ဖက်မှ ဆူညံဆူညံအသံများထွက်ပေါ်လာခဲ့သည်။ လျန်ချောင်သည် တံခါးထဖွင့်ဖို့ကြံတုန်းမှာပဲ အပြင်ဖက်မှ တံခါးကို အသံကျယ်ကျယ်ဖြင့် ဆောင့်ကန်လိုက်ကာ ရဲမက်များဝင်လာခဲ့သည်။ သူတို့၏ခါးတွင်လည်း ဓားများချိတ်ထားကာ အမူအရာများသည်လည်း ခက်ထန်လျက်ရှိသည်။ သူတို့ထဲမှတစ်ယောက်က အသံကျယ်ကျယ်ဖြင့်
"ကျန်းရွမ် ဘယ်မှာလဲ"
ထိုစကားကြားတော့ ကျန်းရွမ်သည် မတ်တပ်ရပ်လိုက်ပြီး ထိုလူကို အရိုအသေပေးလိုက်သည်။
ခေါင်းဆောင်သည် ကျန်းရွမ်ဆိုသော မိန်းကလေးကို အကဲခတ်လိုက်တော့ အံ့သြသွားသည်။ ကျန်းရွမ်သည် ငယ်ရွယ်ကာ လှပသော မိန်းမငယ်လေးဖြစ်နေသည်။ သူသည် အကြည့်ကို ပြန်ရုတ်လိုက်ကာ ပုံမှန်လေသံဖြင့်
"ကျန်းမိန်းကလေး.. ကျူးကျော်ဝင်ရောက်လာလို့ စိတ်မရှိပါနဲ့.. ဒါပေမဲ့ တစုံတယောက်က မိန်းကလေးက လူသတ်လိုက်တယ်ဆိုပြီး တိုင်ကြားထားလို့ပါ"
ကျန်းရွမ်သည် အံ့သြသော လေသံလေးဖြင့်
"ဟင်.. ဟုတ်လား.. စိတ်မရှိရင် ဘယ်သူကပြောတာလဲဆိုတာ သိခွင့်ရှိမလား"
ကျန်းရွမ်၏အသံလေးသည် ပျော့ပြောင်းညင်သာလှကာ ကြားရသူတိုင်းကို အလိုရှိရာ လုပ်ပေးစေချင်လောက်အောင်ဖြစ်သွားစေသည်။ ခေါင်းဆောင်သည်လည်း သူသာ ဆူပူလိုက်ရင် သူ့အသံကြီးက ထိုအသံလေးကို လွှမ်းသွားမှာစိုးရိမ်ကာ ပုံမှန်ထက် အနည်းငယ်လေသံပျော့ဖြင့်
"တိုင်ကြားထားတဲ့သူက ဒီအိမ်ကို စီစဉ်နေတဲ့သူရဲ့သား ချန်းကျောင်ပါ"
သူ့ရဲ့စကားဆုံးသွားတော့ လျန်ချောင်သည် သူမ၏စိတ်ကို မထိန်းထားနိုင်တော့ပဲ
"ကျွန်မတို့သခင်မက အရမ်းကိုစိတ်သဘောထားနူးညံ့ပြီး သိမ်မွေ့တယ်... သူမက လူသတ်တယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ယုတ်မာတဲ့တစုံတယောက်က လူသတ်မှုကျူးလွန်ပြီး သခင်မအပေါ်အပြစ်ပုံချတာ အသိသာကြီးကို"
ခေါင်းဆောင်လဲ ထိုစကားကြောင့် ခဏတော့တွေဝေသွားသည်။ သူသည် ကျန်းရွမ်ကိုကြည့်လိုက်တော့ ကျန်းရွမ်သည် သူမ၏နှုတ်ခမ်းလေးများကိုကော့ညွှတ်ကာ သူ့ကိုပြုံးကြည့်နေတာကို တွေ့ရသည်။ သူမ၏ပုံစံလေးသည် ဖြူစင်လှကာ လူသတ်ဖို့မပြောနှင့် ဘာအတွေ့အကြုံမှ ရှိပုံမပေါ်ပေ။ သို့သော် သူ့ရဲ့သက်တမ်းအရ ကျန်းရွမ်သည် မမြင်နိုင်သော အရှိန်အဝါတစ်မျိုးရှိနေပြီး အရာရာကို ချုပ်ကိုင်နိုင်သော ပုံစံမျိုးလို့ထင်ရပြန်သည်။ ပြီးတော့ သူမဆီမှညှို့ဓာတ်ကို ဘယ်သူမှခံနိုင်ရည်မရှိပဲ သူမညှို့ဓာတ်အောက်မှာ အရာအားလုံးပုံပေးမိမှာပင်။
ကျန်းရွမ်သည်
"လျန်ချောင်... ထပ်မပြောနဲ့တော့.. ဒီလူကြီးမင်းက အမှန်အမှားကို သေချာအောင် စစ်ဆေးလိမ့်မယ်.. ဒါကြောင့် ငါတို့က စောင့်ကြည့်ရုံပဲလေ"
ဒီစကားတွေကြားတော့ ကျန်းရွမ်အပေါ် ခေါင်းဆောင်ရဲ့ အမြင်တွေသည် ပိုလို့ပင်ကောင်းလာခဲ့သည်။ သူသည် ဘယ်ဘက်လက်ဝါးကိုဖြန့်ကာ ညာဘက်လက်သီးပေါ်မှာထပ်လိုက်ပြီး ကျန်းရွမ်ကို အရိုအသေပေးလိုက်သည်
"မိန်းကလေးကို အနှောင့်အယှက်ဖြစ်စေမိပြီ.. အပြင်ဖက်မှာလဲ စုံစမ်းမှုတွေရှိပါတယ်.. မိန်းကလေး စိတ်မရှိရင် အပြင်ဖက်ကိုထွက်လိုက်တာ ပိုအဆင်ပြေပါတယ်"
ကျန်းရွမ်သည် ဘာမှမပြောတော့ပဲ လျန်ချောင်နှင့်ပိုင်ကျီ အတူ အိမ်အပြင်သို့ထွက်လာခဲ့သည်။
အိမ်အပြင်ရောက်တော့ သူမ၏အိမ်ပိစိလေးကို ရဲမက်များဝိုင်းထားသည်မှာ ခြေချစရာပင်မရှိချေ။ ထိုထဲတွင် ကျန်းလန်နှင့် ချန်းကျောင်လဲရှိသည်။ ချန်းကျောင်သည် ကျန်းရွမ်ကိုမြင်သောအခါ သူ့မျက်လုံးတွေသည် အရောင်လက်သွားသည်။
ချန်းကျောင်ပါးစပ်မှ ဘာမှမထွက်ရသေးရင် လျန်ချောင်သည် ချန်းကျောင်ဆီသို့အပြေးသွားကာ သူ့မျက်နှာကိုရိုက်ချလိုက်သည်။
"သတ်တုန်းက နင်သတ်ပြီး ဘာလို့ ငါတို့သခင်မကို လွှဲချရတာလဲ...နင်က တကိုယ်ကောင်းဆန်ပြီး ယုတ်မာတဲ့ မျက်နှာနှစ်ဖက်နဲ့ကောင်ပဲ"
ကျန်းလန်သည် အေးစက်စွာရယ်လိုက်ပြီး
"ဘာတွေလာပြောနေတာလဲ... လျန်ချောင်.. ထမင်းကိုအကုန်စား စကားကိုအကုန်မပြောနဲ့... ဘာမှမဟုတ်ပဲ ငါတို့ကျောင်အာကို မစွပ်စွဲနဲ့.. မဟုတ်ရင် နင်ငါ့အကြောင်းသိမယ်"
ချန်းကျောင်သည် ကျန်းရွမ်ကို သနားစရာပုံစံလေးနှင့်ကြည့်ကာ
"သခင်မလေး.. ကျွန်တော်က တမင်တိုင်လိုက်တာမဟုတ်ပါဘူး... ကျွန်တော့်ရဲ့ ဖြောင့်မတ်တဲ့ အသိစိတ်က အမှန်တရားကို မျက်ကွယ်မပြုနိုင်လို့ပါ.. သခင်မလေး ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျွန်တော့်ကို ရန်ငြိုးမထားဖို့ မျှော်လင့်ပါတယ်"
ကျန်းရွမ်သည် ဖြည်းညင်းစွာရယ်လိုက်ရင်း
"နင့်ရဲ့ ဖြောင့်မတ်တဲ့ အသိစိတ်.? သေချာတာပေါ့ ငါနင့်ကို ဗွေမယူပါဘူး... လူတစ်ယောက်က သေပြီးသွားရင် သူ့ဝိဉာဉ်ကတော်တော်နဲ့မကျွတ်ဘူးလေ.. အသတ်ခံရတဲ့ဝိဉာဉ်ဆိုပိုဆိုးပေါ့... အသတ်ခံရတဲ့ဝိဉာဉ်က သူ့ကိုသတ်သွားတဲ့လူကို သေချာပေါက် လက်တုံ့ပြန်မှာပဲ.. ငါကတော့ မသတ်တဲ့အတွက် ကြောက်စရာမလိုဘူး.. ဒါပေမဲ့ငါသိချင်တာက.. လူသတ်သမားသာ နင်ဖြစ်ခဲ့ရင်ရော...?"
#3/12/2020
ဇာတ်လမ်းလေးကနည်းနည်းတော့ ရုပ်လုံးပေါ်လာပြီနော်.. ဖတ်ရတာ အဆင်ပြေကြရဲ့လား