You are Mine (Complete)

By MiniWonnie_9394

715 52 10

မင်းကိုဒီအတိုင်းလွယ်လွယ်နဲ့လွှတ်ပေးမယ်လို့ထင်နေတာလား Lee Minhyuk × Chae Hyungwon More

(2)
(3)
(4)
(5)
(6)
(7)
(8)
(9)
(10)
(11) Final

(1)

146 6 0
By MiniWonnie_9394

တရွေ့ရွေ့စီးဆင်းနေတဲ့ကန်ရေပြင်ကိုငြိမ်သက်စွာရပ်ကြည့်နေတဲ့ ကောင်လေးတစ်ယောက်...

ရင်ထဲမှာ‌ေတာ့ဘယ်လောက်ဘယ်လောက်တောင်ပူလောင်နေလဲမသိ မျက်၀န်းလှလှလေးထဲမှာအရည်ကြည်လေးတွေဝေ့ဝဲနေပေသည်...

"ငါရောက်ပြီ hyungwon"

နောက်ကနေခပ်ရှရှအသံလေးကြားလိုက်ပေမဲ့ ချက်ချင်းလှည့်မကြည့်ရဲ

ဘာလို့အဲ့လောက်တောင်စိတ်လှုပ်ရှားနေပါလိမ့်...

"ဘာလို့အစောကြီးရောက်နေတာလဲ ထူးထူးဆန်းဆန်း"

ရွတ်နောက်နောက်ပြောလာသူ့ကို အပြ‌ံုးတစ်ခုနဲ့သာတုံ့ပြန်မိသည်။

"အရေးတကြီး ပြောစရာရှိတယ်ဆို ဘာများလဲ ရင်တွေခုန်နေလို့ ညကအိပ်တောင်မပျော်ဘူး"

မပြုံးပါနဲ့ ကျေးဇူးပြုပြီး အဲ့လိုမပြုံးပြပါနဲ့ မင်းအဲ့လိုပြံုးနေရင်ငါဘယ်လိုပြောထွက္မှာလဲ minhyukရယ်...

ဘေးချင်းကပ်လာရပ်ပြီး မျက်နှာကိုစိုက်ကြည့်လာတော့ ချက်ချင်းမျက်နှာကိုလွှဲလိုက္မိတယ်

တစ်ခုခုခံစားမိလို့ထင်ပါတယ် ခုနကတက်ကြွနေတဲ့ သူက ချက်ချင်းငြိမ်ကျသွားတယ်

"ဟင်းး...."

သက်ပြင်းရှည်ခုချလိုက်တော့ စိတ်ပူတဲ့မျက်လုံးတွေနဲ့ကွျန်တော့ကိုကြည့်နေခဲ့တာ

အတန်ကြာတိတ်ဆိတ်ငြိမ်သက်သွားပြီးတဲ့နောက္မှာ...

"ငါတို့ဒီမှာပဲအဆုံးသတ်ကြရအောင်"

"ဘာ!!! ဘာပြောလိုက်တယ်hyungwon"

"လမ်းခွဲကြရအောင်လို့"

"မင်းငါ့ကိုလာနောက်နေတာလား"

"ဒါနောက်စရာကိစ္စမဟုတ်ဘူးလေ"

"hyungwon...?"

"ငါတကယ်ပြောနေတာ"

"ဘာလို့လဲ!!! ဘာလို့လမ်းခွဲရမှာလဲ!!!"

"ငါ..ငါအိမ်ကပေးစားတဲ့မိန်းကလေးနဲ့လက်ထက်ရတော့မယ်"

"ဘာ!!!!"

"ငါလဲအဆုံးထိငြင်းပါသေးတယ်minhyukရယ် ဒါ..ဒါပေမဲ့ ငါ့အမေကျန်းမာရေးကြောင့် ငါလဲလက်လျော့ပေးလိုက်ရတာပါ"

အိမ်မက္တစ်ခုလို့ပါပဲ လွန်ခဲ့တဲ့ ၃ရက်လောက်တုန်းက လက်ထက်ဖို့အထိပြောခဲ့ စနောက်ခဲ့ကြပြီး သူငယ်ချင်းအလုပ်တစ်ခုအတွက်ကူညီဖို့ ၂ရက်လောက် ခရီးလေးထွက်လိုက်တာ

ပြန်လာတော့ ဒီလိုမျိုးဖြစ်သွားတာလား

သရုပ်ဆောင်တော်တဲ့ hyungwonက သူ့ကိုစနောက်နေတာများလား...

နောက်နေတာပဲဖြစ်ပေးပါ...

"ဘာလို့ချက်ချင်းကြီးလဲ!!! ပြီးတော့မင်းကရောဘာလို့လွယ်လွယ်နဲ့အရှုံးပေးလိုက်ရတာလဲ ဟမ်!!! မင်း မင်းငါ့အတွက်နည်းနည်းလေးမှမစဉ္းစားဘူးလား ငါ့ဘက်ကိုနည်းနည်းလေးမှမကြည့်ဘူးလား"

"ငါလဲအများကြီးအခက်တွေ့ခဲ့တာပါ ငါအခုလိုလုပ်လိုက်လို့ငါအဆင်ပြေတယ်လို့မင်းထင်လို့လား ဒါပေမဲ့ငါ့အမေကနှလုံးရောဂါနဲ့ကွ"

"ဟက် မင်းကမင်းအမေအတွက်နဲ့ငါ့ကိုလမ်းခွဲမယ်ဟုတ်လား အဲ့တာဆို မိဘတွေနဲ့အဆက်ဖြတ်ပြီးငါရမယ့်အမွေတွေအကုန်လုံးကိုစွန့်လွှတ်ပြီး မင်းကိုရွေးချယ်ခဲ့တဲ့ငါကရော ဟမ် အဲ့တော့ငါကစောက်ရူးလားလို့!!!!"

"ငါမှအဲ့လောက္မစွန့်စားရဲတာ"

"ဘာပြောလိုက်တယ် ဘာပြောလိုက်တယ်hyungwon မစွန့်စားရဲဘူးဟုတ်လား မင်းပြောခဲ့တာတွေမင်းမေ့သွားပြီလား ငါနဲ့ပဲတသက်လုံးနေမှာဆို ငါ့ကိုပဲတသက်လုံးချစ်သွားမှာဆို ဘာတွေပဲဖြစ်လာဖြစ်လာငါ့ဘက္မှာပဲရှိမှာဆို အဆုံးထိငါ့ကိုပဲရွေးချယ်မှာဆို မင်းပြောခဲ့တာလေ မင်းပါးစပ်ကမင်းကိုယ်တိုင်ပြောခဲ့တာလေ!!!"

"ငါ...ငါတောင်းပန်ပါတယ်minhyuk ငါလဲဘယ်လိုမှမတက်နိုင်တော့လို့ပါ ငါလည်းအရမ်းမွန်းကြပ်နေပြီ ငါ့ကိုလွှတ်ပေးလိုက်ပါတော့"

"လွှတ်ပေးရမယ်ဟုတ်လား မင်းကွာ မင်းမို့လို့ဒီလိုမျိုးပြောထွက်တယ် ငါမင်းကိုဘယ်လောက်ချစ်လဲမင်းမသိဘူးလား ငါဘယ်လိုစိတ်နဲ့မင်းကိုလက်လွှတ်ပေးလိုက်ရမှာလဲ ငါမင်းကိုတခြားသူလက်ထဲထည့်ပေးရမယ်လို့စဉ်းတောင်မစဉ်းစားခဲ့ဖူးဘူး"

"...."

သူငိုနေခဲ့တယ် မယုံနိုင်စရာပဲ ဟုတ်ပါတယ် minhyukနဲ့ကျွန်တော်ချစ်သူဖြစ်လာတဲ့သတ်တမ်းတစ်လျှောက် minhyukငိုတာကျွန်တော်ပထမဆုံးြမင်ဖူးြခင်းပါ သူကကျွန်တော့ရှေ့မှာဆိုအမြဲပြုံးနေခဲ့တာလေ

"Hyungwonငါ‌ေတာင်းပန်ပါတယ်ကွာ ငါ့ကိုထားမသွားပါနဲ့ ငါမင်းကိုမလွှတ်ပေးနိုင်ဘူး ငါမင်းကိုအရမ်းချစ်တယ် ငါ့ကိုထားမသွားပါနဲ့"

hyungwonရဲ့လက်လေးတွေကို လက်နှစ်ဖက်နဲ့ဆုပ်ကိုင်ပြီး ငိုယိုတောင်းပန်နေတဲ့ minhyukမှာ လုံး၀ကိုသွေးရူးသွေးတန်း...

"minhyuk ah..."

"ငါတို့...ငါတို့ခိုးပြေးကြမယ်လေ ငါတို့လူတွေနဲ့ဝေးတဲ့နေရာမှာသွားနေကြမယ် နော်hyungwon "

"အဲ့လိုလုပ်လို့မရဘူးလေ ငါတို့၂ယောက်ရဲ့ရှေ့ရေးကရှိသေးတယ် ပြီးတော့ငါ့မိသားစုနဲ့ငါမခွဲနိုင်ဘူး"

"အဲ့တာဆိုငါ့ကိုကျခွဲနိုင်တယ်ပေါ့ ငါ့ကိုကျထားခဲ့နိုင်တယ်ပေါ့ ဟုတ်လား"

"...."

"ဟုတ်လားလို့ ငါမေးနေတယ်လေ!!!!!!"

Hyungwonရဲ့လက္မောင်းနှစ်ဖက်ကိုကိုင်ကာအတင်းဆွဲလှုပ်ပြီးမေးနေတဲ့minhyuk
hyungwonကတော့ဘာမှပြန်မဖြေနိုင်ပဲ ကြောက်ရွံ့မှုအံ့ဩမှုတွေနဲ့သာminhyukကိုကြည့်နေခဲ့တယ်
minhyukကသူ့အပေါ်တစ်ခါမှအဲ့လိုကြမ်းတမ်းတဲ့ပုံစံနဲ့မဆက်ဆံဖူးတာ

"မေးနေတယ်‌ ‌ေြဖလေ!!!"

"ဟုတ်တယ် ငါ့ဘ၀မှာငါ့အမေကပထမပဲ ငါ့အမေစိတ်ချမ်းသာဖို့အရေးကြီးတယ် ပြီးတော့ငါ့အမေကလည်းငါကောင်းဖို့အတွက်ပဲစဉ်းစားခဲ့တာ ငါ့အမေရွေးချယ်မှုက ငါရွေးချယ်မှုပဲ ရပြီလား!!!"

"ဟက် ဟုတ်ပြီလေ မင်းလဲမင်းစိတ်တိုင်းကျလုပ်တော့ ငါလဲငါစိတ်တိုင်းကျလုပ်ရမှာပဲ"

"အေး ကြိုက်တာသာလုပ် ငါ့ဘက်ကတော့ဇာတ်လမ်းကပြီးပြီ ငါသွားတော့မယ်"

ပြောချင်တာပြောပြီးသာထွက်လာရပေမဲ့hyungwonကတုန်လှုပ်နေခဲ့တယ်
သူထွက္မလာခင်minhyukသူ့ကိုပြောခဲ့တဲ့စကားကြောင့်ပေါ့

"ငါမင်းကိုဘယ်တော့မှလက္မလွှတ်ဘူးhyungwon မင်းကငါ့အပိုင်ပဲ"

hyungwon‌ေရှ့မှာဆိုအမြဲတမ်းပြုံးနေပြီး hyungwonအပေါ်မှာအမြဲနူးညံတဲ့ကောင်လေးက နီရဲနေတဲ့မျက်လုံးတွေနဲ့hyungwonကိုစိုက်ကြည့်နေခဲ့တာ
minhyukရဲ့အခုပုံစံကအရမ်းကိုကြောက်စရာကောင်းတယ်

အမြဲတမ်းသူ့အ‌ေပါ်အလိုလိုက်ပြီး နားလည်ပေးတက်တော့ ဒီကိစ္စကိုလည်းminhyukနားလည်ပေးလောက္မှာပါဆိုပြီးhyungwonကခပ်‌ေပါ့ပေါ့တွေးခဲ့တာ အချစ်ကြီးရင်အမျက်ကြီးတယ်ဆိုတဲ့စကားကိုလည်း hyungwonမေ့သွားခဲ့တယ်ထင်ပါတယ်....

~~~~~~~~~~~~~~~~~~~~~ဆက်ရန်

ပထမဦးဆုံးရေးတဲ့ficလေးမို့လို့အမှားပါခဲ့ရင် ခွင့်လွှတ်ပေးကြပါနော်
တစ်ခါမရေးဖူးဘူးဆို‌တော့အေရးအသားကတော့ညံ့ပါတယ် စိတ်ကူးထဲပေါ်လာတဲ့ဇာတ်လမ်းလေးကိုဒီအတိုင်းရေးလိုက်တာဆိုတော့

ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်~

Continue Reading

You'll Also Like

Icon By ★

Romance

7.2K 400 7
G a y! Only Lesbian/Gay couple
40K 2.8K 35
« ហឹក អ្ហឹក ៗ ខ្ញុំមិនចង់បានបែបនិងទេ ខ្ញុំចង់ឲ្យប៉ាស្រឡាញ់ខ្ញុំក្នុងនាមស្នេហាមិនមែនរវាងប៉ាកូន » « រវាងយើងទៅមិនរួចទេជុងគុក ប៉ាមិនបានគិតលើឯងលើសពីចំណងប៉...