မောင့် အလိုကျ [Completed]

By Rei-Han

1.2M 85.6K 7.5K

[This fiction is written with both Unicode and Zawgyi] More

Intro
Part 1
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 00
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Final - Part ❤
Nay Ter's Note
HNY-Special Part
Announcement!
Order!

Part 2

47.4K 4.1K 364
By Rei-Han

[ Unicode ]

တစ်လောကလုံးကလူတွေ
ဘယ်လိုပဲလက်ညှိုးထိုးကြပါစေ။
အဲ့ဒီသူဟာ မောင် မဖြစ်သရွေ့
ငါ့အတွက် အဆင်ပြေတယ်...။
အကယ်၍များ....
သူတို့အပုတ်ချတဲ့လူဟာ
မောင် ဖြစ်နေခဲ့ရင်တော့...
ဖြစ်သင့်တာ ငါပါလို့
ငါ့ကိုပဲ အပြစ်ပြောကြပါလို့..
ပျော်ပျော်ကြီးစတေးခံပစ်ဉီးမယ်...။
________________________


ပြတင်းမှန်ကိုဖြတ်ကာ မျက်လုံးကိုလာထိုးတဲ့ စူးရှရှနေရောင်ကြောင့် လေးပင်နေသေးတဲ့မြင်လွှာတို့ကို ပွင့်ဖို့ အလုပ်ပေးရသည် ။

" ကျစ်! "

ကိုက်ခဲနေတဲ့နားထင်ကို လက်မနဲ့အသာဖိပြီး ရောက်နေတဲ့အရပ်ကိုလေ့လာလိုက်တော့ အဖြူရောင်မျက်နှာကျက်၊ တွဲကျနေတဲ့မီးဆိုင်းနဲ့ မှန်ကိုတစွန်းတစ်စ ကာထားတဲ့လိုက်ကာရှည် ။

တဖြေးဖြေးချင်းစဉ်းစားမှ မနေ့ညက ရိပ်ရောင်နဲ့ ရန်ဖြစ်ခဲ့တာကိုသတိရသည်။ ညဉ့်နက်ပိုင်းအထိ သုပိုင်တို့နဲ့အသောက်လွန်ကာ အိမ်မပြန်ချင်သော လက်ယာကို သုပိုင်တို့ကပဲ ဟိုတယ်ကိုပို့ခဲ့ဟန်တူ၏။

ဘေးစားပွဲပေါ်က ဖုန်းကိုယူကာ Power ဖွင့်လိုက်တော့ "ကိုကို"ဆိုတဲ့ Contact Name နဲ့ Missed call ပေါင်းများစွာသည် ဆီးကြိုလျက် ။ နောက်ဆုံး Call logအရ မနက်မိုးလင်းပိုင်းအထိ ဖုန်းဆက်တိုက်ခေါ်ခဲ့ပုံပဲ။ စိတ်ရှုပ်စွာနဲ့ Contact Name ဖျက်ပြီးမှ တစ်ခါတည်း Block ပစ်လိုက်သည်။

နာရီကိုကြည့်တော့ ရှစ်နာရီထိုးလုပြီမို့ ဖုန်းကိုချကာ ရေချိုးခန်းထဲဝင်ရသည်။ မနေ့ညက အဝတ်ဟောင်းတွေကိုပဲပြန်ဝတ်ပြီး ကားသော့ဆွဲကာ ထွက်ခဲ့တော့ ဉီးတည်မိရာနေရာက တိုက်ခန်းသို့ ။

အလွတ်ရနေတဲ့ Password ကို ရိုက်ကာ အခန်းထဲဝင်ခဲ့၏ ။ ထင်ထားသည်နှင့် ကွဲပြားစွာ ရနေကျအငွေ့အသက်တို့မရှိ၍ အခန်းကတိတ်ဆိတ်နေသယောင်...။

" ဟက်!အခုမှ အစပဲရှိသေးတာလေ၊ ကိုကိုက ကြောက်ပြီးပြေးသွားပြီလား "

အသက်မပါလှတဲ့ခြောက်ကပ်ကပ်ရယ်သံက အလုံခန်းအတွင်းဝယ် ပဲ့တင်ထွက်နေသည် ။ ကုတင်ပေါ်မှာ တင်ထားတဲ့ အနောက်တိုင်းဝတ်စုံဆီအကြည့်ရောက်မိတော့ ထူထဲလှတဲ့ မျက်ခုံးနှစ်ဖက်က ထိလုမတတ်ချိုးကျသွားသည်။ ဘာလဲ!! ဝတ်ဖို့ဝတ်စုံကို ထုတ်ပေးထားခဲ့သေးတာလား!!ရိပ်ရောင်ထုတ်ပေးခဲ့တဲ့ အဖြူရောင်အင်္ကျီလက်ရှည်နဲ့ အနက်ရောင်ကုတ်သည် ကြက်သွေးရောင်နက်ခ်တိုင်နှင့် ပနံသင့်စွာ။

အင်္ကျီတို့ကိုယူ၍ လုံး​ချေကာ ကြမ်းပြင်​ပေါ်ပစ်ပေါက်လိုက်သည်။

" အမှတ်မရှိလိုက်တာ! "

ဗီဒိုထဲက Suit တစ်စုံအသစ်ထုတ်ကာ ဝတ်ပြီး လက်ယာ မီးဖိုချောင်ထဲထွက်ခဲ့သည်။ မနက်စာကို ဝဝ စားပြီးမှ company သွားတတ်တာ လက်ယာအကျင့်ပင်..။ခါတိုင်းဆို ရိပ်ရောင်နဲ့မတွေ့ချင်၍ အစောကြီးထကာ မနက်စာကို အပြင်မှာစားတတ်ပေမဲ့ ဒီနေ့တော့ အိမ်မှာလက်ယာသာရှိတာမလို့ အဆင်ပြေသည်။ အုပ်ဆောင်းနဲ့အုပ်ထားတဲ့ ထမင်းကြော်ပန်းကန်ကိုလျစ်လျူရှုပြီး ပေါင်မုန့်ထုပ်ကိုဖောက်၍ ပေါင်မုန့်နှစ်ချပ်ကိုကြက်ဉနဲ့ကြော်ကာ ကော်ဖီဖျော်လိုက်သည် ။ သောက်နေကျ ကော်ဖီခါးခါးဟာ ဒီနေ့မှ အရသာမရှိသလိုဖြစ်နေတာ အဘယ်ကြောင့်နည်း ...။

_________________

" လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ... "

အကြိမ်ကြိမ်ခေါ်ပါသော်လည်း လူကြီးမင်းနဲ့သာတိုးနေသည်မို့ ဒေါသထွက်စွာ ဖုန်းကို နံရံဆီပစ်ပေါက်လိုက်၏ ။

" အား!!!! "

စိတ်ရှိလက်ရှိအော်အပြီး နှလုံးသားကတဆစ်ဆစ်နာကျင်လာ၍ ဆေးပုလင်းကိုဖွင့်ကာ အပြားဖြူဖြူတို့ကိုသောက်ရပြန်သည်။

" ရိပ်ရောင် ဘာဖြစ်နေတာလဲ "

ဖြစ်စဉ်အစအဆုံးကို ဆိုဖာပေါ်ကကြည့်နေရာမှ မနေနိုင်တော့တဲ့အဆုံး ဇေသုတ ရိပ်ရောင်အနားရောက်လာသည်။

" လက်ယာမောင်နဲ့ ရန်ဖြစ်လာပြန်တာလား "

ဘာဖြစ်နေလဲဆိုတာ ဖွင့်မပြောပါဘဲ တန်းသိသူသည် ချစ်လှစွာသော သူငယ်ချင်း.. ။

ရိပ်ရောင် တစ်ယောက်ယောက်ကိုရင်ဖွင့်ချင်နေတာမလို့ ချက်ချင်းပဲ ဇေသုတကို ခေါင်းငြိမ့်ပြလိုက်သည် ။

" မနေ့က..မနေ့က မောင်က ငါ့ကို ကွာရှင်းပေးတဲ့ ၊ အခု..သူ..သူ ငါ့ဖုန်းကို မကိုင်တော့ဘူး..၊ ဇေသု မောင်..မောင် ငါ့ကိုတကယ်မုန်းသွားတာလားဟင် "

ပြောရင်းနဲ့ပုခုံးတသိမ့်သိမ့်တုန်ကာ ငိုနေတဲ့ရိပ်ရောင်ကို ဇေသုတ ပွေ့ဖက်လျက်ပုခုံးကိုခပ်ဖွဖွပုတ်ပေးလိုက်သည် ။ ဒီအချိန်မှာ ရိပ်ရောင်လိုနေတာ နှစ်သိမ့်မှုပေမလို့.. ။

" ငါ..ငါ..ဘာလုပ်ရမလဲဟင်..ငါ မောင့်ကို အဆုံးရှုံးမခံနိုင်ဘူး... "

" ရိပ်ရောင် မင်း လက်ယာကိုချစ်တယ်မလား "

မျက်ရည်ဝိုင်းလျက် တုံ့ဆိုင်းခြင်းမရှိ ခေါင်းငြိမ့်ပြသူ ။

" အင်း ချစ်ခြင်းမေတ္တာမှန်ရင်ရောင်ပြန်ဟပ်တယ်တဲ့၊ မင်း လက်ယာကိုချစ်သလို တနေ့နေ့ကျ လက်ယာလည်းမင်းကိုပြန်ချစ်လာမှာပါ၊ အဲ့ဒါကို မင်းယုံထား "

" တကယ်လား..မောင် ငါ့ကို တစ်နေ့နေ့ကျ ပြန်ချစ်လာမှာလား "

မျှော်လင့်ချက်တို့နဲ့မေးခွန်းသည် တလက်လက်။

" တကယ်ပေါ့ကွ ၊ ငါက အချစ်ဂုရုကြီးပါ ၊ ငါ့ကိုယုံထားလိုက် "

ငိုရလွန်း၍ရဲနေတဲ့မျက်ခွံမို့မို့သည် အရောင်ပြယ်စပြုကာ မုန့်ရလို့အငိုတိတ်သွားတဲ့ကလေးလိုမျိုး ကြည်လင်လာသည်။

" ကဲ ငိုလို့ဝပြီဆိုရင် မျက်နှာသွားသစ်၊ နေ့လယ် K Center မှာ JE က ဉီးစိုင်းလင်းနဲ့တွေ့ဖို့ရှိတယ်၊ ဒီဖားမျက်လုံးကြီးတွေနဲ့သွားတွေ့ရင် မင်းကို Silver Groupက CEOရိပ်ရောင်မဲ့ပါလို့ ဘယ်သူမှယုံမှာမဟုတ်ဘူး "

" ဇေသုတ မင်းဟာလေ. .."

မှီရာကျောပြင်ကို တဘုန်းဘုန်းလှမ်းရိုက်သော်လည်း ဇေသုတဟာ " တဟားဟား "အော်ရယ်ရင်း အပြုံးမပျက် ။

ဒါပေမဲ့ ဘယ်သူသိနိုင်မှာလဲ ။ အဲ့ဒီမျက်ဝန်းထဲမှာလည်း ဝမ်းနည်းခြင်းတွေကိန်းအောင်းနေမယ်ဆိုတာ ။

" ဟားဟားးစတာပါကွာ အဲ့လိုလေးပြုံးနေမှပေါ့၊ငိုတာက မင်းကိုရုပ်ဆိုးစေတယ်၊ ဒါဆို ငါသွားပြီ ၊ ဖိုင်အချို့လက်စသတ်စရာကျန်သေးလို့ "

အငိုတိတ်ကာ သွားတက်ကလေးပေါ်အောင်ပြုံးပြနေတဲ့ရိပ်ရောင်ကိုကျောခိုင်းကာ ဇေသုတထွက်လာခဲ့သည် ။

မင်းပျော်နေတယ်ဆိုရင် ကိုယ်ကျေနပ်ပါတယ် ရိပ်ရောင်..။ မမှီတဲ့ပန်းလေးမလို့ လှမ်းဆွတ်ဖို့တောင်မကြိုးစားတော့ပါဘူး...။ မင်းက ပင်မြင့်ထက်မှာပဲ စံထားသင့်တဲ့ ပန်းလေးတစ်ပွင့် ။

စစ်မှန်တဲ့ချစ်ခြင်းတရားတွေကရောင်ပြန်ဟပ်တယ်တဲ့ ။
မေတ္တာသိပ်စစ်ပါတဲ့ ငါ့အချစ်တွေက လွဲရင်ပေါ့။

__________________

ကဗျာ့ကိုရုပ်ရှင်ပြဖို့ လက်ယာ ရုံးချိန်စောစောဆင်းလာသည် ။ company ပိုင်ရှင်က လက်ယာရဲ့ဖခင်မလို့ လက်ယာစိတ်တိုင်းကျ လုပ်ချင်သလိုလုပ်လည်း အပြစ်ပြောရဲသူမရှိ ။တကယ်ဆို လက်ယာကျောင်းပြီးတာ နှစ်နှစ်ပင်ပြည့်လုပြီ ။ အခုထိ ဖခင်ဆီကယုံကြည်မှုမရသေး ။ ဒုဉက္ကဌ အနေနဲ့သာ အလုပ်လုပ်နေရသည် ။ ဒါကလည်း မိဘလောင်းရိပ်အောက်က ရုန်းမထွက်နိုင်သေးတဲ့အကြောင်းရင်းတစ်ခု ။

" ကို ၊ ကဗျာ ကြက်ကြော်စားချင်သေးတယ် "

" အင် ​ကြက်ကြော်လား "

နာရီကိုကြည့်တော့ ရုပ်ရှင်ပြချိန်ကလည်း အတော်လေးလိုနေသေးသည်မို့ ဆိုင်ထိုင်၍အဆင်ပြေသေးသည်။

" အဲ့ဒါဆို ဟိုဘက်ကဆိုင်မှာသွားစားမယ်လေ "

" ယေးးး ဒါမှ တို့ကိုကိုကွ "

ချစ်ရသူမျက်နှာလေး ပြုံးရွှင်သွားတော့လည်း လက်ယာ ကျေနပ်ရပါသည်။

ချောင်ကျကျစားပွဲဝိုင်းမှာ နေရာယူကာ ကဗျာ့ကိုထိုင်စေပြီး ကြက်ကြော်ထအယူ...

လက်ယာတို့ဝိုင်းဘက်ကိုကျောပေးကာ မျက်နှာချင်းဆိုင်က လူနှစ်ယောက်နဲ့ရယ်မောနေတဲ့ရိပ်ရောင် ။ အသားညိုညိုလူငယ်ရဲ့ မျက်လုံးက ရယ်လိုက်ရင်မျက်လုံးလေးတွေမှေးပြီးသွားတက်ကလေးပေါ်လာတဲ့ ရိပ်​ရောင်ထံတွင်သာ ။

အခြေအနေက မြွေမြွေချင်းခြေမြင်သည်မဆိုသာသော်လည်း ထိုအကြည့်တွေကို လက်ယာသိသည်။ ဒေါသထွက်သည်လား ၊ မနှစ်မြို့သည်လား ၊ မွန်းကြပ်လာတဲ့စိတ်အစုံနဲ့အတူ အကြံတစ်ခုလက်ခနဲပေါ်လာကာ မဲ့ပြုံးတစ်ချက်ပြုံး၍ ထိုဝိုင်းဆီ ဉီးတည်လိုက်သည်။

" ကိုကို "

ကြားဖူးနေကျအသံနဲ့အတူ ရင်းနှီးနေတဲ့ ခြေထောက်ဖွေးဖွေးတစ်စုံဘေးနားမှာလာရပ်လေတော့ ရိပ်ရောင် မယုံနိုင်စွာ မော့ကြည့်လိုက်သည်။ မောင်မှမောင်အစစ်ပင်။ ကြက်ကြော်ဗန်းကိုကိုင်ကာ ရိပ်ရောင်ကိုပြုံးပြီး ကြည့်နေသည်။

" ကိုကို ဘာတွေငေးနေတာလဲ၊ မောင် ထိုင်မယ်နော် "

မောင် ဟုတ်ရဲ့လားဟု နှစ်ခါပြန်မေးယူရလောက်အောင် နူးညံ့တဲ့အသံနဲ့ လွတ်နေတဲ့ရိပ်ရောင်ဘေးကခုံတွင်ဝင်ထိုင်သည် ။ ကိုကိုနဲ့ မောင် ဆိုတဲ့အသုံးအနှုန်းကြောင့် ရှေ့ကလူကြီးက အခြေအနေကိုအကဲခတ်မိသော်လည်း လူငယ်မှာတော့ ပြူးတူးပြဲတဲကြည့်နေသည် ။

" လက်.ယာ.. "

" ဟမ် ဘာလက်ယာလဲ၊ ခေါ်နေကျအတိုင်းပဲခေါ် "

ဘုရားရေ!!နှုတ်ခမ်းဆူဟန် စိတ်ကောက်ပြနေတာ ရိပ်ရောင်သိတဲ့မောင်မှဟုတ်ရဲ့လား!!

" အာ ဒီကဉီးလေးတို့က ကိုကို့အသိတွေထင်တယ်၊ တွေ့ရတာဝမ်းသာပါတယ်နော်၊ ကျွန်တော် က ရိပ်ရောင်မဲ့ရဲ့တရားဝင်ခင်ပွန်း လက်ယာမောင်ပါ"

" ဟုတ်ကဲ့ ကျွန်တော်က JE groupက ဉီးစိုင်းလင်းပါ၊ ဒီဘက်က ကျွန်တော့်ရဲ့သား စိုင်းညိုသွေး "

လူကြီးနဲ့ပြုံးပြနှုတ်ဆက်နေတဲ့မောင့်ကို ရိပ်ရောင် အံ့သြတကြီးငေးကြည့်နေမိသည် ။ စိုင်းညိုသွေးမှာတော့ အသက်မတိမ်းမယိမ်းလူငယ်ဆီက "ဉီးလေး"အခေါ်ခံရ၍ မျက်နှာပျက်နေတာသိသိသာသာ ။

" ဟို..မောင် ဒီကိုဘာကိစ္စ.."

" အော် မောင် ကဗျာ့ကိုရုပ်ရှင်လိုက်ပြတာလေ "

" ကဗျာ?? "

အသံထွက်လာတာ ရှေ့က စိုင်းညိုသွေးဆီကဖြစ်သည် ။ လက်ယာလိုချင်တဲ့ အကွက်ထဲဝင်လာပြီမလို့ ဟန်ပါပါပြုံးကာ..

" ဟုတ်တယ် ကဗျာဆိုတာ ကိုယ့်ချစ်သူ​လေ၊ ဟိုးဘက်ဝိုင်းက ဆံပင်ရွှေရောင်နဲ့တစ်ယောက်"

ကျောပေးထိုင်နေသော ကဗျာ့ထံညွှန်ပြလိုက်တော့ လူငယ်က ကရုဏာသက်ဖွယ်မျက်လုံးတွေနဲ့ ရိပ်ရောင်ကိုကြည့်ကာ..

" ဟို..ကိုရိပ်ရောင်မဲ့ကရော ဒါတွေကို သိလား "

" သား!! "

အဖေဖြစ်သူဉီးစိုင်းလင်းကတော့ သူ့သားကိုလှမ်းတားရှာသည် ။ သို့သော် လူငယ်ရဲ့ပုံက မသိရမချင်းမေးမည့်ပုံ ။

လက်ယာ ဘေးနားက သူထံတစ်ချက်ကြည့်လိုက်သည် ။ သိက္ခာအချခံလိုက်ရ၍ထင်....ဖြူဖွေးတဲ့အသားလေးတွေပင် နီကာ လက်သီးကျစ်ကျစ်ဆုပ်ထားသည် ။ လက်ယာ.. လက်သီးဆုပ်ကိုအတင်းဖြည်ချကာ လက်ချောင်းတွေကို နာနာ ဆုပ်ကိုင်လိုက်တော့ အားငယ်နေတဲ့မျက်လုံးနဲ့မော့ကြည့်လာသည် ။ ရုန်းနေတဲ့လက်ချောင်းနုနုတွေကို အားအကုန်ထည့်၍ဆုပ်ကိုင်ပြီး ..

" ကိုကိုက အကုန်သိပါတယ်၊ ကိုကိုက ကျွန်တော့် ကိုသိပ်ချစ်တာလေ၊ ဒါကြောင့်လည်း အကုန်လုံးကိုခွင့်ပြုပေးထားတာ "

လူငယ်က "ဟုတ်ရဲ့လား"ဆိုတဲ့ အကြည့်နဲ့ ရိပ်ရောင်ကို အတည်ပြုချက်တောင်းနေသယောင် ။ရိပ်ရောင် ခေါင်းမဖော်မိ ။ ငိုချင်စိတ်ကို အောင့်ကာ မျက်ရည်မကျဖို့ထိန်းနေရသည် ။

မောင် ငါ့ကို မုန်းတယ်ဆိုရင် ငါ့အသားနာအောင်နှိပ်စက်တောင် ကြိတ်ခံမယ့်သူပါ မောင်...။
ဒါပေမဲ့ အခု မောင် ဖျက်ဆီးလိုက်တာက ငါ့ရဲ့သိက္ခာတွေ ။

ရုန်းထွက်လို့မရလောက်အောင် နာကျင်လောက်တဲ့အထိ ရိပ်ရောင်ရဲ့လက်ချောင်းတွေကိုဆုပ်ကိုင်ပြီးမှ မောင်က လွှတ်ပေးလာသည် ။

" ဒါဆို ကျွန်တော့်ကိုခွင့်ပြုပါဉီးနော် ၊ ရုပ်ရှင်ပြချိန် နီးပြီမလို့ပါ ၊ ကိုကို မောင်သွားပြီနော် ၊ ညမှတွေ့ကြတာပေါ့...အိပ် ယာ ပေါ် မှာ ဟက်! "

နောက်ဆုံးလက်နက်အဖြစ် စကားလုံးတို့ကို တစ်လုံးချင်းခနဲ့တဲ့တဲ့ပြောကာ ထွက်သွားတဲ့မောင်...။ ရှေ့ကလူနှစ်ယောက်ရဲ့အကြည့်က ရိပ်ရောင်ကို နေစရာမရှိအောင် သိမ်ငယ်စေသည် ။

" မောင်ရင့်ခင်ပွန်းက ငယ်ငယ်လေးနဲ့ တော်တော်ရိုင်းတယ်နော်၊မိဘက မဆုံးမဘူးထင်တယ် "

တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တဲ့ဉီးစိုင်းလင်းရဲ့ စကားသည် ရိပ်ရောင်ရဲ့ စိမ်းစိမ်းတောက်တောက်အကြည့်အောက်မှာပျောက်ရှကုန်သည်။

နှုတ်ကထွက်လာတဲ့စကားတို့က မာဆတ်ဆတ်။

" ဒီမှာ!ခင်ဗျား မောင့်အကြောင်းကို သေချာမသိရင် မောင့်ကိုမစော်ကားပါနဲ့၊ မောင်က ခင်ဗျားပါးစပ်က ပြောချင်တိုင်းပြောလို့ရတဲ့သူမဟုတ်ဘူး ၊ ဒီနေ့တော့ ဒီလောက်ပါပဲ၊ ကျွန်တော် စကားပြောဖို့အဆင်မပြေသေးလို့ နောက်နေ့မှပဲ ဒီprojectကို ဆွေးနွေးဖို့ ကျွန်တော့်လူတစ်ယောက်ကို ပြန်ဆက်သွယ်ခိုင်းလိုက်ပါ့မယ်၊ကျွန်တော့်ကို ခွင့်ပြုပါဉီး "

ရိပ်ရောင် ခြေကိုခိုင်ခိုင်ရပ်ကာ ကားပါကင်ဆီကိုအမြန်ပြန်ဆင်းလာရသည် ။ ကားစတီရာတိုင်ကို ခေါင်းအပ်ကာ တင်းခံထားသမျှကို လွှတ်ချလိုက်၏။

တစ်လောကလုံးကလူတွေ
ဘယ်လိုပဲလက်ညှိုးထိုးကြပါစေ။
အဲ့ဒီသူဟာ မောင် မဖြစ်သရွေ့
ငါ့အတွက် အဆင်ပြေတယ်...။
အကယ်၍များ....
သူတို့အပုတ်ချတဲ့လူဟာ
မောင် ဖြစ်နေခဲ့ရင်တော့...
ဖြစ်သင့်တာ ငါပါလို့
ငါ့ကိုပဲ အပြစ်ပြောကြပါလို့..
ပျော်ပျော်ကြီးစတေးခံပစ်ဉီးမယ်...။

တစ်ဖက်တွင်တော့ ယတိပြတ်ပြောကာလှည့်ထွက်သွားတဲ့ ကျောပြင်ငယ်လေးကို ငေးမောကြည့်နေတဲ့ ကောင်ကလေး...။

" ပိုင်သူရှိပေမဲ့ အကိုနဲ့တော့ဆိုင်ချင်သေးတာမို့ ကျွန်တော့်ကို ကြိုးစားခွင့်ပြုမယ်မလား အကို "

ချစ်ခြင်းတရားကသိပ်ဆန်းကြယ်တယ်။
ဘယ်သူ့ကိုတော့ချစ်လိုက်ပါ
ဘယ်သူ့ကိုတော့မချစ်ပါနဲ့လို့
ကျုပ်တို့ ခင်ဗျားတို့တွေ တားလို့မှမရကြတာ..။
လောကဇာတ်ခုံမှာ တချို့သူတွေဟာ
မဖြစ်ချင်ပါဘဲ အရန်လူလည်းဖြစ်ခဲ့ကြရရဲ့..။

_________________

Han Nay Ter 👶👴💚

[ Zawgyi]

ျပတင္းမွန္ကိုျဖတ္ကာ မ်က္လုံးကိုလာထိုးတဲ့ စူးရွရွေနေရာင္ေၾကာင့္ ေလးပင္ေနေသးတဲ့ျမင္လႊာတို႔ကို ပြင့္ဖို႔ အလုပ္ေပးရသည္ ။

" က်စ္! "

ကိုက္ခဲေနတဲ့နားထင္ကို လက္မနဲ႔အသာဖိၿပီး ေရာက္ေနတဲ့အရပ္ကိုေလ့လာလိုက္ေတာ့ အျဖဴေရာင္မ်က္ႏွာက်က္၊ တြဲက်ေနတဲ့မီးဆိုင္းနဲ႔ မွန္ကိုတစြန္းတစ္စ ကာထားတဲ့လိုက္ကာရွည္ ။

တေျဖးေျဖးခ်င္းစဥ္းစားမွ မေန႔ညက ရိပ္ေရာင္နဲ႔ ရန္ျဖစ္ခဲ့တာကိုသတိရသည္။ ညဥ့္နက္ပိုင္းအထိ သုပိုင္တို႔နဲ႔အေသာက္လြန္ကာ အိမ္မျပန္ခ်င္ေသာ လက္ယာကို သုပိုင္တို႔ကပဲ ဟိုတယ္ကိုပို႔ခဲ့ဟန္တူ၏။

ေဘးစားပြဲေပၚက ဖုန္းကိုယူကာ Power ဖြင့္လိုက္ေတာ့ "ကိုကို"ဆိုတဲ့ Contact Name နဲ႔ Missed call ေပါင္းမ်ားစြာသည္ ဆီးႀကိဳလ်က္ ။ ေနာက္ဆုံး Call logအရ မနက္မိုးလင္းပိုင္းအထိ ဖုန္းဆက္တိုက္ေခၚခဲ့ပုံပဲ။ စိတ္ရႈပ္စြာနဲ႔ Contact Name ဖ်က္ၿပီးမွ တစ္ခါတည္း Block ပစ္လိုက္သည္။

နာရီကိုၾကည့္ေတာ့ ရွစ္နာရီထိုးလုၿပီမို႔ ဖုန္းကိုခ်ကာ ေရခ်ိဳးခန္းထဲဝင္ရသည္။ မေန႔ညက အဝတ္ေဟာင္းေတြကိုပဲျပန္ဝတ္ၿပီး ကားေသာ့ဆြဲကာ ထြက္ခဲ့ေတာ့ ဉီးတည္မိရာေနရာက တိုက္ခန္းသို႔ ။

အလြတ္ရေနတဲ့ Password ကို ႐ိုက္ကာ အခန္းထဲဝင္ခဲ့၏ ။ ထင္ထားသည္ႏွင့္ ကြဲျပားစြာ ရေနက်အေငြ႕အသက္တို႔မရွိ၍ အခန္းကတိတ္ဆိတ္ေနသေယာင္...။

" ဟက္!အခုမွ အစပဲရွိေသးတာေလ၊ ကိုကိုက ေၾကာက္ၿပီးေျပးသြားၿပီလား "

အသက္မပါလွတဲ့ေျခာက္ကပ္ကပ္ရယ္သံက အလုံခန္းအတြင္းဝယ္ ပဲ့တင္ထြက္ေနသည္ ။ ကုတင္ေပၚမွာ တင္ထားတဲ့ အေနာက္တိုင္းဝတ္စုံဆီအၾကည့္ေရာက္မိေတာ့ ထူထဲလွတဲ့ မ်က္ခုံးႏွစ္ဖက္က ထိလုမတတ္ခ်ိဳးက်သြားသည္။ ဘာလဲ!! ဝတ္ဖို႔ဝတ္စုံကို ထုတ္ေပးထားခဲ့ေသးတာလား!!ရိပ္ေရာင္ထုတ္ေပးခဲ့တဲ့ အျဖဴေရာင္အက်..လက္ရွည္နဲ႔ အနက္ေရာင္ကုတ္သည္ ၾကက္ေသြးေရာင္နက္ခ္တိုင္ႏွင့္ ပနံသင့္စြာ။

အက်..တို႔ကိုယူ၍ လုံး​ေခ်ကာ ၾကမ္းျပင္​ေပၚပစ္ေပါက္လိုက္သည္။

" အမွတ္မရွိလိုက္တာ! "

ဗီဒိုထဲက Suit တစ္စုံအသစ္ထုတ္ကာ ဝတ္ၿပီး လက္ယာ မီးဖိုေခ်ာင္ထဲထြက္ခဲ့သည္။ မနက္စာကို ဝဝ စားၿပီးမွ company သြားတတ္တာ လက္ယာအက်င့္ပင္..။ခါတိုင္းဆို ရိပ္ေရာင္နဲ႔မေတြ႕ခ်င္၍ အေစာႀကီးထကာ မနက္စာကို အျပင္မွာစားတတ္ေပမဲ့ ဒီေန႔ေတာ့ အိမ္မွာလက္ယာသာရွိတာမလို႔ အဆင္ေျပသည္။ အုပ္ေဆာင္းနဲ႔အုပ္ထားတဲ့ ထမင္းေၾကာ္ပန္းကန္ကိုလ်စ္လ်ဴရႈၿပီး ေပါင္မုန္႔ထုပ္ကိုေဖာက္၍ ေပါင္မုန္႔ႏွစ္ခ်ပ္ကိုၾကက္ဉနဲ႔ေၾကာ္ကာ ေကာ္ဖီေဖ်ာ္လိုက္သည္ ။ ေသာက္ေနက် ေကာ္ဖီခါးခါးဟာ ဒီေန႔မွ အရသာမရွိသလိုျဖစ္ေနတာ အဘယ္ေၾကာင့္နည္း ...။

_________________

" လူႀကီးမင္းေခၚဆိုေသာ တယ္လီဖုန္းမွာ... "

အႀကိမ္ႀကိမ္ေခၚပါေသာ္လည္း လူႀကီးမင္းနဲ႔သာတိုးေနသည္မို႔ ေဒါသထြက္စြာ ဖုန္းကို နံရံဆီပစ္ေပါက္လိုက္၏ ။

" အား!!!! "

စိတ္ရွိလက္ရွိေအာ္အၿပီး ႏွလုံးသားကတဆစ္ဆစ္နာက်င္လာ၍ ေဆးပုလင္းကိုဖြင့္ကာ အျပားျဖဴျဖဴတို႔ကိုေသာက္ရျပန္သည္။

" ရိပ္ေရာင္ ဘာျဖစ္ေနတာလဲ "

ျဖစ္စဥ္အစအဆုံးကို ဆိုဖာေပၚကၾကည့္ေနရာမွ မေနႏိုင္ေတာ့တဲ့အဆုံး ေဇသုတ ရိပ္ေရာင္အနားေရာက္လာသည္။

" လက္ယာေမာင္နဲ႔ ရန္ျဖစ္လာျပန္တာလား "

ဘာျဖစ္ေနလဲဆိုတာ ဖြင့္မေျပာပါဘဲ တန္းသိသူသည္ ခ်စ္လွစြာေသာ သူငယ္ခ်င္း.. ။

ရိပ္ေရာင္ တစ္ေယာက္ေယာက္ကိုရင္ဖြင့္ခ်င္ေနတာမလို႔ ခ်က္ခ်င္းပဲ ေဇသုတကို ေခါင္းၿငိမ့္ျပလိုက္သည္ ။

" မေန႔က..မေန႔က ေမာင္က ငါ့ကို ကြာရွင္းေပးတဲ့ ၊ အခု..သူ..သူ ငါ့ဖုန္းကို မကိုင္ေတာ့ဘူး..၊ ေဇသု ေမာင္..ေမာင္ ငါ့ကိုတကယ္မုန္းသြားတာလားဟင္ "

ေျပာရင္းနဲ႔ပုခုံးတသိမ့္သိမ့္တုန္ကာ ငိုေနတဲ့ရိပ္ေရာင္ကို ေဇသုတ ေပြ႕ဖက္လ်က္ပုခုံးကိုခပ္ဖြဖြပုတ္ေပးလိုက္သည္ ။ ဒီအခ်ိန္မွာ ရိပ္ေရာင္လိုေနတာ ႏွစ္သိမ့္မႈေပမလို႔.. ။

" ငါ..ငါ..ဘာလုပ္ရမလဲဟင္..ငါ ေမာင့္ကို အဆုံးရႈံးမခံႏိုင္ဘူး... "

" ရိပ္ေရာင္ မင္း လက္ယာကိုခ်စ္တယ္မလား "

မ်က္ရည္ဝိုင္းလ်က္ တုံ႔ဆိုင္းျခင္းမရွိ ေခါင္းၿငိမ့္ျပသူ ။

" အင္း ခ်စ္ျခင္းေမတၱာမွန္ရင္ေရာင္ျပန္ဟပ္တယ္တဲ့၊ မင္း လက္ယာကိုခ်စ္သလို တေန႔ေန႔က် လက္ယာလည္းမင္းကိုျပန္ခ်စ္လာမွာပါ၊ အဲ့ဒါကို မင္းယုံထား "

" တကယ္လား..ေမာင္ ငါ့ကို တစ္ေန႔ေန႔က် ျပန္ခ်စ္လာမွာလား "

ေမွ်ာ္လင့္ခ်က္တို႔နဲ႔ေမးခြန္းသည္ တလက္လက္။

" တကယ္ေပါ့ကြ ၊ ငါက အခ်စ္ဂု႐ုႀကီးပါ ၊ ငါ့ကိုယုံထားလိုက္ "

ငိုရလြန္း၍ရဲေနတဲ့မ်က္ခြံမို႔မို႔သည္ အေရာင္ျပယ္စျပဳကာ မုန္႔ရလို႔အငိုတိတ္သြားတဲ့ကေလးလိုမ်ိဳး ၾကည္လင္လာသည္။

" ကဲ ငိုလို႔ဝၿပီဆိုရင္ မ်က္ႏွာသြားသစ္၊ ေန႔လယ္ K Center မွာ JE က ဉီးစိုင္းလင္းနဲ႔ေတြ႕ဖို႔ရွိတယ္၊ ဒီဖားမ်က္လုံးႀကီးေတြနဲ႔သြားေတြ႕ရင္ မင္းကို Silver Groupက CEOရိပ္ေရာင္မဲ့ပါလို႔ ဘယ္သူမွယုံမွာမဟုတ္ဘူး "

" ေဇသုတ မင္းဟာေလ. .."

မွီရာေက်ာျပင္ကို တဘုန္းဘုန္းလွမ္း႐ိုက္ေသာ္လည္း ေဇသုတဟာ " တဟားဟား "ေအာ္ရယ္ရင္း အၿပဳံးမပ်က္ ။

ဒါေပမဲ့ ဘယ္သူသိႏိုင္မွာလဲ ။ အဲ့ဒီမ်က္ဝန္းထဲမွာလည္း ဝမ္းနည္းျခင္းေတြကိန္းေအာင္းေနမယ္ဆိုတာ ။

" ဟားဟားးစတာပါကြာ အဲ့လိုေလးၿပဳံးေနမွေပါ့၊ငိုတာက မင္းကို႐ုပ္ဆိုးေစတယ္၊ ဒါဆို ငါသြားၿပီ ၊ ဖိုင္အခ်ိဳ႕လက္စသတ္စရာက်န္ေသးလို႔ "

အငိုတိတ္ကာ သြားတက္ကေလးေပၚေအာင္ၿပဳံးျပေနတဲ့ရိပ္ေရာင္ကိုေက်ာခိုင္းကာ ေဇသုတထြက္လာခဲ့သည္ ။

မင္းေပ်ာ္ေနတယ္ဆိုရင္ ကိုယ္ေက်နပ္ပါတယ္ ရိပ္ေရာင္..။ မမွီတဲ့ပန္းေလးမလို႔ လွမ္းဆြတ္ဖို႔ေတာင္မႀကိဳးစားေတာ့ပါဘူး...။ မင္းက ပင္ျမင့္ထက္မွာပဲ စံထားသင့္တဲ့ ပန္းေလးတစ္ပြင့္ ။

စစ္မွန္တဲ့ခ်စ္ျခင္းတရားေတြကေရာင္ျပန္ဟပ္တယ္တဲ့ ။
ေမတၱာသိပ္စစ္ပါတဲ့ ငါ့အခ်စ္ေတြက လြဲရင္ေပါ့။

__________________

ကဗ်ာ့ကို႐ုပ္ရွင္ျပဖို႔ လက္ယာ ႐ုံးခ်ိန္ေစာေစာဆင္းလာသည္ ။ company ပိုင္ရွင္က လက္ယာရဲ႕ဖခင္မလို႔ လက္ယာစိတ္တိုင္းက် လုပ္ခ်င္သလိုလုပ္လည္း အျပစ္ေျပာရဲသူမရွိ ။တကယ္ဆို လက္ယာေက်ာင္းၿပီးတာ ႏွစ္ႏွစ္ပင္ျပည့္လုၿပီ ။ အခုထိ ဖခင္ဆီကယုံၾကည္မႈမရေသး ။ ဒုဉကၠဌ အေနနဲ႔သာ အလုပ္လုပ္ေနရသည္ ။ ဒါကလည္း မိဘေလာင္းရိပ္ေအာက္က ႐ုန္းမထြက္ႏိုင္ေသးတဲ့အေၾကာင္းရင္းတစ္ခု ။

" ကို ၊ ကဗ်ာ ၾကက္ေၾကာ္စားခ်င္ေသးတယ္ "

" အင္ ​ၾကက္ေၾကာ္လား "

နာရီကိုၾကည့္ေတာ့ ႐ုပ္ရွင္ျပခ်ိန္ကလည္း အေတာ္ေလးလိုေနေသးသည္မို႔ ဆိုင္ထိုင္၍အဆင္ေျပေသးသည္။

" အဲ့ဒါဆို ဟိုဘက္ကဆိုင္မွာသြားစားမယ္ေလ "

" ေယးးး ဒါမွ တို႔ကိုကိုကြ "

ခ်စ္ရသူမ်က္ႏွာေလး ၿပဳံး႐ႊင္သြားေတာ့လည္း လက္ယာ ေက်နပ္ရပါသည္။

ေခ်ာင္က်က်စားပြဲဝိုင္းမွာ ေနရာယူကာ ကဗ်ာ့ကိုထိုင္ေစၿပီး ၾကက္ေၾကာ္ထအယူ...

လက္ယာတို႔ဝိုင္းဘက္ကိုေက်ာေပးကာ မ်က္ႏွာခ်င္းဆိုင္က လူႏွစ္ေယာက္နဲ႔ရယ္ေမာေနတဲ့ရိပ္ေရာင္ ။ အသားညိဳညိဳလူငယ္ရဲ႕ မ်က္လုံးက ရယ္လိုက္ရင္မ်က္လုံးေလးေတြေမွးၿပီးသြားတက္ကေလးေပၚလာတဲ့ ရိပ္​ေရာင္ထံတြင္သာ ။

အေျခအေနက ေႁမြေႁမြခ်င္းေျချမင္သည္မဆိုသာေသာ္လည္း ထိုအၾကည့္ေတြကို လက္ယာသိသည္။ ေဒါသထြက္သည္လား ၊ မႏွစ္ၿမိဳ႕သည္လား ၊ မြန္းၾကပ္လာတဲ့စိတ္အစုံနဲ႔အတူ အႀကံတစ္ခုလက္ခနဲေပၚလာကာ မဲ့ၿပဳံးတစ္ခ်က္ၿပဳံး၍ ထိုဝိုင္းဆီ ဉီးတည္လိုက္သည္။

" ကိုကို "

ၾကားဖူးေနက်အသံနဲ႔အတူ ရင္းႏွီးေနတဲ့ ေျခေထာက္ေဖြးေဖြးတစ္စုံေဘးနားမွာလာရပ္ေလေတာ့ ရိပ္ေရာင္ မယုံႏိုင္စြာ ေမာ့ၾကည့္လိုက္သည္။ ေမာင္မွေမာင္အစစ္ပင္။ ၾကက္ေၾကာ္ဗန္းကိုကိုင္ကာ ရိပ္ေရာင္ကိုၿပဳံးၿပီး ၾကည့္ေနသည္။

" ကိုကို ဘာေတြေငးေနတာလဲ၊ ေမာင္ ထိုင္မယ္ေနာ္ "

ေမာင္ ဟုတ္ရဲ႕လားဟု ႏွစ္ခါျပန္ေမးယူရေလာက္ေအာင္ ႏူးညံ့တဲ့အသံနဲ႔ လြတ္ေနတဲ့ရိပ္ေရာင္ေဘးကခုံတြင္ဝင္ထိုင္သည္ ။ ကိုကိုနဲ႔ ေမာင္ ဆိုတဲ့အသုံးအႏႈန္းေၾကာင့္ ေရွ႕ကလူႀကီးက အေျခအေနကိုအကဲခတ္မိေသာ္လည္း လူငယ္မွာေတာ့ ျပဴးတူးၿပဲတဲၾကည့္ေနသည္ ။

" လက္.ယာ.. "

" ဟမ္ ဘာလက္ယာလဲ၊ ေခၚေနက်အတိုင္းပဲေခၚ "

ဘုရားေရ!!ႏႈတ္ခမ္းဆူဟန္ စိတ္ေကာက္ျပေနတာ ရိပ္ေရာင္သိတဲ့ေမာင္မွဟုတ္ရဲ႕လား!!

" အာ ဒီကဉီးေလးတို႔က ကိုကို႔အသိေတြထင္တယ္၊ ေတြ႕ရတာဝမ္းသာပါတယ္ေနာ္၊ က်ေနာ္က ရိပ္ေရာင္မဲ့ရဲ႕တရားဝင္ခင္ပြန္း လက္ယာေမာင္ပါ"

" ဟုတ္ကဲ့ က်ေနာ္က JE groupက ဉီးစိုင္းလင္းပါ၊ ဒီဘက္က က်ေနာ့္ရဲ႕သား စိုင္းညိဳေသြး "

လူႀကီးနဲ႔ၿပဳံးျပႏႈတ္ဆက္ေနတဲ့ေမာင့္ကို ရိပ္ေရာင္ အံ့ၾသတႀကီးေငးၾကည့္ေနမိသည္ ။ စိုင္းညိဳေသြးမွာေတာ့ အသက္မတိမ္းမယိမ္းလူငယ္ဆီက "ဉီးေလး"အေခၚခံရ၍ မ်က္ႏွာပ်က္ေနတာသိသိသာသာ ။

" ဟို..ေမာင္ ဒီကိုဘာကိစၥ.."

" ေအာ္ ေမာင္ ကဗ်ာ့ကို႐ုပ္ရွင္လိုက္ျပတာေလ "

" ကဗ်ာ?? "

အသံထြက္လာတာ ေရွ႕က စိုင္းညိဳေသြးဆီကျဖစ္သည္ ။ လက္ယာလိုခ်င္တဲ့ အကြက္ထဲဝင္လာၿပီမလို႔ ဟန္ပါပါၿပဳံးကာ..

" ဟုတ္တယ္ ကဗ်ာဆိုတာ ကိုယ့္ခ်စ္သူ​ေလ၊ ဟိုးဘက္ဝိုင္းက ဆံပင္ေ႐ႊေရာင္နဲ႔တစ္ေယာက္"

ေက်ာေပးထိုင္ေနေသာ ကဗ်ာ့ထံၫႊန္ျပလိုက္ေတာ့ လူငယ္က က႐ုဏာသက္ဖြယ္မ်က္လုံးေတြနဲ႔ ရိပ္ေရာင္ကိုၾကည့္ကာ..

" ဟို..ကိုရိပ္ေရာင္မဲ့ကေရာ ဒါေတြကို သိလား "

" သား!! "

အေဖျဖစ္သူဉီးစိုင္းလင္းကေတာ့ သူ႔သားကိုလွမ္းတားရွာသည္ ။ သို႔ေသာ္ လူငယ္ရဲ႕ပုံက မသိရမခ်င္းေမးမည့္ပုံ ။

လက္ယာ ေဘးနားက သူထံတစ္ခ်က္ၾကည့္လိုက္သည္ ။ သိကၡာအခ်ခံလိုက္ရ၍ထင္....ျဖဴေဖြးတဲ့အသားေလးေတြပင္ နီကာ လက္သီးက်စ္က်စ္ဆုပ္ထားသည္ ။ လက္ယာ.. လက္သီးဆုပ္ကိုအတင္းျဖည္ခ်ကာ လက္ေခ်ာင္းေတြကို နာနာ ဆုပ္ကိုင္လိုက္ေတာ့ အားငယ္ေနတဲ့မ်က္လုံးနဲ႔ေမာ့ၾကည့္လာသည္ ။ ႐ုန္းေနတဲ့လက္ေခ်ာင္းႏုႏုေတြကို အားအကုန္ထည့္၍ဆုပ္ကိုင္ၿပီး ..

" ကိုကိုက အကုန္သိပါတယ္၊ ကိုကိုက က်ေနာ့္ကိုသိပ္ခ်စ္တာေလ၊ ဒါေၾကာင့္လည္း အကုန္လုံးကိုခြင့္ျပဳေပးထားတာ "

လူငယ္က "ဟုတ္ရဲ႕လား"ဆိုတဲ့ အၾကည့္နဲ႔ ရိပ္ေရာင္ကို အတည္ျပဳခ်က္ေတာင္းေနသေယာင္ ။ရိပ္ေရာင္ ေခါင္းမေဖာ္မိ ။ ငိုခ်င္စိတ္ကို ေအာင့္ကာ မ်က္ရည္မက်ဖို႔ထိန္းေနရသည္ ။

ေမာင္ ငါ့ကို မုန္းတယ္ဆိုရင္ ငါ့အသားနာေအာင္ႏွိပ္စက္ေတာင္ ႀကိတ္ခံမယ့္သူပါ ေမာင္...။
ဒါေပမဲ့ အခု ေမာင္ ဖ်က္ဆီးလိုက္တာက ငါ့ရဲ႕သိကၡာေတြ ။

႐ုန္းထြက္လို႔မရေလာက္ေအာင္ နာက်င္ေလာက္တဲ့အထိ ရိပ္ေရာင္ရဲ႕လက္ေခ်ာင္းေတြကိုဆုပ္ကိုင္ၿပီးမွ ေမာင္က လႊတ္ေပးလာသည္ ။

" ဒါဆို က်ေနာ့္ကိုခြင့္ျပဳပါဉီးေနာ္ ၊ ႐ုပ္ရွင္ျပခ်ိန္ နီးၿပီမလို႔ပါ ၊ ကိုကို ေမာင္သြားၿပီေနာ္ ၊ ညမွေတြ႕ၾကတာေပါ့...အိပ္ ယာ ေပၚ မွာ ဟက္! "

ေနာက္ဆုံးလက္နက္အျဖစ္ စကားလုံးတို႔ကို တစ္လုံးခ်င္းခနဲ႔တဲ့တဲ့ေျပာကာ ထြက္သြားတဲ့ေမာင္...။ ေရွ႕ကလူႏွစ္ေယာက္ရဲ႕အၾကည့္က ရိပ္ေရာင္ကို ေနစရာမရွိေအာင္ သိမ္ငယ္ေစသည္ ။

" ေမာင္ရင့္ခင္ပြန္းက ငယ္ငယ္ေလးနဲ႔ ေတာ္ေတာ္႐ိုင္းတယ္ေနာ္၊မိဘက မဆုံးမဘူးထင္တယ္ "

တိတ္ဆိတ္မႈကိုၿဖိဳခြင္းလိုက္တဲ့ဉီးစိုင္းလင္းရဲ႕ စကားသည္ ရိပ္ေရာင္ရဲ႕ စိမ္းစိမ္းေတာက္ေတာက္အၾကည့္ေအာက္မွာေပ်ာက္ရွကုန္သည္။

ႏႈတ္ကထြက္လာတဲ့စကားတို႔က မာဆတ္ဆတ္။

" ဒီမွာ!ခင္ဗ်ား ေမာင့္အေၾကာင္းကို ေသခ်ာမသိရင္ ေမာင့္ကိုမေစာ္ကားပါနဲ႔၊ ေမာင္က ခင္ဗ်ားပါးစပ္က ေျပာခ်င္တိုင္းေျပာလို႔ရတဲ့သူမဟုတ္ဘူး ၊ ဒီေန႔ေတာ့ ဒီေလာက္ပါပဲ၊ က်ေနာ္ စကားေျပာဖို႔အဆင္မေျပေသးလို႔ ေနာက္ေန႔မွပဲ ဒီprojectကို ေဆြးေႏြးဖို႔ က်ေနာ့္လူတစ္ေယာက္ကို ျပန္ဆက္သြယ္ခိုင္းလိုက္ပါ့မယ္၊က်ေနာ့္ကို ခြင့္ျပဳပါဉီး "

ရိပ္ေရာင္ ေျခကိုခိုင္ခိုင္ရပ္ကာ ကားပါကင္ဆီကိုအျမန္ျပန္ဆင္းလာရသည္ ။ ကားစတီရာတိုင္ကို ေခါင္းအပ္ကာ တင္းခံထားသမွ်ကို လႊတ္ခ်လိုက္၏။

တစ္ေလာကလုံးကလူေတြ
ဘယ္လိုပဲလက္ညႇိဳးထိုးၾကပါေစ။
အဲ့ဒီသူဟာ ေမာင္ မျဖစ္သေ႐ြ႕
ငါ့အတြက္ အဆင္ေျပတယ္...။
အကယ္၍မ်ား....
သူတို႔အပုတ္ခ်တဲ့လူဟာ
ေမာင္ ျဖစ္ေနခဲ့ရင္ေတာ့...
ျဖစ္သင့္တာ ငါပါလို႔
ငါ့ကိုပဲ အျပစ္ေျပာၾကပါလို႔..
ေပ်ာ္ေပ်ာ္ႀကီးစေတးခံပစ္ဉီးမယ္...။

တစ္ဖက္တြင္ေတာ့ ယတိျပတ္ေျပာကာလွည့္ထြက္သြားတဲ့ ေက်ာျပင္ငယ္ေလးကို ေငးေမာၾကည့္ေနတဲ့ ေကာင္ကေလး...။

" ပိုင္သူရွိေပမဲ့ အကိုနဲ႔ေတာ့ဆိုင္ခ်င္ေသးတာမို႔ က်ေနာ့္ကို ႀကိဳးစားခြင့္ျပဳမယ္မလား အကို "

ခ်စ္ျခင္းတရားကသိပ္ဆန္းၾကယ္တယ္။
ဘယ္သူ႔ကိုေတာ့ခ်စ္လိုက္ပါ
ဘယ္သူ႔ကိုေတာ့မခ်စ္ပါနဲ႔လို႔
က်ဳပ္တို႔ ခင္ဗ်ားတို႔ေတြ တားလို႔မွမရၾကတာ..။
ေလာကဇာတ္ခုံမွာ တခ်ိဳ႕သူေတြဟာ
မျဖစ္ခ်င္ပါဘဲ အရန္လူလည္းျဖစ္ခဲ့ၾကရရဲ႕..။

_________________

Han Nay Ter 👶👴💚

Continue Reading

You'll Also Like

779K 50.9K 25
လွန်းဂုဏ်ရှိန် 💛 နိုရာ ကိုယ်ချစ်နေရသူက ပွေလွန်းရှုပ်လွန်းသူဖြစ်နေသည့်အခါ မိမိကိုချစ်မြတ်နိုးလာနိုင်ပါ့မလား ..... ဤဇာတ်လမ်း၌ပါဝင်သော ဇာတ်ကောင်နှင့်ဇာ...
617K 45K 38
ဒီတစ်ခါပြန်ဆုံရင်တော့ လက်မလွှတ်ပေးတော့ဘူး အသဲငယ် မင်းက ကိုကို့ရဲ့ဇနီးလေးပဲ ဖြစ်စေရမယ် ဒီတစ္ခါျပန္ဆုံရင္ေတာ့ လက္မလႊတ္ေပးေတာ့ဘူး အသဲငယ္ မင္းက ကိုကိ...
3M 261K 48
!အမွန္ေတာ့ မင္းက က္ုိယ္အၿမဲတမ္း အမွတ္တရ သိမ္းထားခ်င္မိတဲ့ အစိမ္းေရာင္ ေပ်ာ္႐ႊင္ျခင္းေလးပါ... Oct9.2021 !အ...