[ Unicode ]
ငါက ယောကျာ်းတန်မဲ့ ငိုနေလို့
အရှက်မရှိတာမဟုတ်ဘူး မောင် ။
မောင့် ကို သိပ်ချစ်မိလွန်းလို့
အရှက်တရားကိုတောင် ငါမေ့နေတာ...။
_______________
ရာသီဉတုက လေပြေတိုးရင်တောင် ကြက်သီးထလောက်တဲ့အထိအေးပေမယ့် အထပ်ဆယ့်လေးထပ်ရှိ အစည်းအဝေးခန်းမကလူတွေမှာတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ချွေးစေးတွေထွက်နေကြသည်။ မည်သူမှလည်း စကားတစ်ခွန်းမျှမဆိုရဲ ။
ဒုန်း!!!!!
စားပွဲခုံပေါ်ရိုက်ချလိုက်တဲ့ လက်သံပြင်းပြင်းနဲ့အတူ ငိုက်မျဉ်းနေကြတဲ့သူတစ်ချို့ ခါးတွေမတ်ကာ ခေါင်းထောင်လိုထောင် ၊ အယောင်ယောင်အမှားမှားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုကြည့်တွေ ဖြစ်ကုန်ကြသည် ။
" ဒီကိစ္စကို ခင်ဗျားတို့ဘယ်လိုဖြေရှင်းချက်ပေးမလဲ "
ရိပ်ရောင်မဲ့ သူ့ရှေ့ကလူတွေအကုန်လုံးကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ဘယ်သူမှတာဝန်ခံပြီး ဖြေရှင်းချက်ပေးမလာသလို တိုင်ပင်ထားကြသလားထင်ရလောက်အောင် တညီတညွတ်တည်း ခေါင်းတွေအောက်ငုံ့ထားကြ၏ ။
ကုမ္ပဏီရဲ့ နှစ်ချုပ်စာရင်းမှာ ငွေသိန်းရာဂဏန်းနီးနီးလိုနေတာ ဘယ်သူမှမသိကြဘူးလား။ တကယ်ဆို "ကျနော်တို့ အမှားပါ "လို့ အေးအေးဆေးဆေးတောင်းပန်လိုက်ရင် ခွင့်လွှတ်ပေးနိုင်ပါသည်။ အခုတော့ အပြုအမူတွေက ရိပ်ရောင်ကို ပိုပြီးဒေါသထွက်စေရုံသာ ။
Ring Ring Ring !!!!!
" ကျစ် !"
တီးလုံးသံကြောင့် စုတ်တစ်ချက်သပ်ပြီး အနှောင့်အယှက်ပေးနေတဲ့ စားပွဲပေါ်က ဖုန်းကိုကောက်ယူ၊ screen ကို ကြည့်လိုက်တော့ "Mg" ဆိုသည့် contact Name ကြောင့် နီမြန်းနေသည့်မျက်နှာသည် လျှင်မြန်စွာ နူးညံ့ခြင်းအသွင်ကိုဆောင်သည် ။
" Hello မောင်.."
စောနကနဲ့မတူ ။ ကြည်လင်လှတဲ့အသံကြောင့် ခေါင်းငုံ့ထားသူတွေ ပြူးတူးပြဲတဲမော့ကြည့်ကြသည်။ခုချိန် စားပွဲအလယ်က ဖုန်းပြောနေသူ "ရိပ်ရောင်မဲ့"သည် Silver Group ရဲ့ CEO လို့ပြောရင် မည်သူယုံမည်နည်း ။
" အင်း မောင် ငါပြန်လာ... "
တူ..တူ...တူ
ပြန်ဖြေသံကိုနားမထောင်ကာ ဖုန်းချသွားသူကြောင့် ရိပ်ရောင် သက်ပြင်းတစ်ချက်ချလိုက်သည်။ ပြုံးနေတဲ့မျက်နှာသည် ချက်ချင်းပင် သွေးရောင်လွှမ်းစပြုသည် ။ လေးညှို့ပုံသဏ္ဍာန်ပိပိရိရိနှုတ်ခမ်းသားတို့ တင်းတည်သွားသည်နှင့်တစ်ဆက်တည်း ထိုလူသားအပေါ် မထွက်ရက်တဲ့ ဒေါသများသည် ရှေ့တူရှုမှာ မျက်နှာငယ်လေးတွေနဲ့ ထိုင်နေတဲ့ သူတွေဆီသို့ ။
" ဒီစာရင်းကို မနက်ဖြန်အပြီး ပြန်လုပ်ပါ၊ မနက်ဖြန် ငါရုံးလာတဲ့အချိန်ထိမပြီးသေးရင် ငွေစာရင်းကသူတွေအကုန် ပြုတ်ပြီမှတ် "
ပြတ်သားလှစွာတဲ့စကားတွေကိုဆိုကာ အစည်းအဝေးခန်းမက ထွက်ခဲ့သည် ။ အားတင်းထားရတဲ့စိတ်ကို လျှော့ပစ်လိုက်တော့ ခြေအစုံက ယိုင်နဲ့လာသည် ။
" ရိပ်ရောင် ရလား "
ကြမ်းပြင်ပေါ်ခွေခနဲပြိုမကျခင်မှာပဲ လာဖေးမပေးသူ ။
ဘေးဘက်ကလာတွဲတဲ့ ဇေသုတကို ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည် ။ ဒီ company မှာ သူ့ကို "ရိပ်ရောင်"လို့ ခေါ်ရဲသူက အတွင်းရေးမှူးတစ်ဖြစ်လည်း ရိပ်ရောင်သူငယ်ချင်း ဇေသုတတစ်ယောက်သာရှိသည်။ ပြိုလဲချင်နေတဲ့ခန္ဓာကိုယ်ကို ရုံးခန်းထဲရောက်တဲ့အထိ ဇေသုတက ကူညီထိန်းပေးထားရသည်။
" ရိပ်ရောင် ရော့ ဆေးသောက်လိုက် "
ဆိုဖာပေါ်မှာ ကျောမှီချလျက် ဇေသုတကမ်းလာတဲ့ဆေးပြားဖြူဖြူတွေကို ရေနဲ့တစ်ကျိုက်တည်းမြိုချပစ်လိုက်မှ လှုပ်ခါနေတဲ့နှလုံးတစ်စုံသည် တဖြည်းဖြည်းငြိမ်ကျလာသည်။
" မောနေသေးလား "
" ဟင့်အင်း သက်သာသွားပါပြီ "
" ခုနက လက်ယာဖုန်းဆက်တာလား "
အတွင်းသိအစင်းသိတွေမလို့ လိမ်ညာဖြေစရာလည်း အကြောင်းမရှိပါ ။ သို့သော် မောင့် နာမည်ကြားတာနဲ့ အားပျော့တတ်တာ ရိပ်ရောင်ရဲ့ အရိုးစွဲနေတဲ့ အကျင့်ပေလား ။ ဒုတိယမ္ပိအကြိမ် သက်ပြင်းဖျော့ဖျော့က်ိိုချလိုက်ပြီး...
" အင်း ၊ ဟုတ်တယ် ၊ ညနေကျရင် အန်တီမေက ထမင်းစားဖို့ခေါ်လို့တဲ့ "
" မင်း အဆင်ပြေပါ့မလား "
ဇေသုတအသံက ရိပ်ရောင်ကို တကယ်စိုးရိမ်နေဟန်။ မပီမပြင် တစ်ချက်ပြုံးပြရင်း...
" အင်း စိတ်မပူနဲ့ ၊ အဆင်ပြေမှာပါ "
လျော့လျော့ရဲရဲစကားသံနဲ့အတူ နောက်မှီကို ခေါင်းလှဲချပြီး မျက်လုံးတို့ကို ခေတ္တအနားပေးလိုက်၏ ။
အတွေးတွေကတော့ မပြီးဆုံးနိုင်တဲ့ ယာဉ်ကြောလို ဝဲလို့ပါပဲ ။
တကယ်လည်း အဆင်ပြေမှာပါ ။ မောင် ဆိုတာ ကွယ်ရာမှာ ရိပ်ရောင်ကိုဘယ်လိုပဲဒုက္ခပေးပေး နှစ်ဖက်မိဘတွေရှေ့ရောက်ရင်တော့ သားလိမ္မာ၊သမက်အလိမ္မာမဟုတ်လား ။ ညနေကျရင် မောင့်ဆီက ဟန်ဆောင်ဂရုစိုက်မှုတွေကိုရဉီးမည်ကြောင့် နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်မိသည် ။ မောင့်စိတ်ရင်းမဟုတ်ဘဲ ဟန်ဆောင်ခြင်းပဲပြောပြော ရိပ်ရောင် ကတော့ မောင့်ဆီကဂရုစိုက်မှုတွေကို လိုချင်လွန်းလှပါ၏ ။
ထိုလူသားငယ်နဲ့ပတ်သက်လျှင် သူ့အချစ်က ဝဋ်ကြွေးတစ်ခုလို ဤမျှအထိရူးသည် ။
_____________
ကော်ဖီပူပူကို မှုတ်သောက်ရင်း လက်မှာပတ်ထားတဲ့ နာရီကိုတကြည့်ကြည့်ဖြစ်နေတဲ့ "လက်ယာမောင်" ။
တစ်ချက်တစ်ချက် ကဗျာချို ပြောနေသည်ကိုလည်း နားထောင်နေဟန် ခေါင်းငြိမ့်ပြရသေးသည်။ ငါးနာရီပင် ခွဲတော့မည်။ မေမေက ထမင်းစားလာခိုင်း၍ တိုက်ခန်းမှာစောင့်နေပြီးမှ အိမ်ကိုအတူတူသွားဖို့ ရိပ်ရောင်မဲ့ကိုနေ့လည်ကဖုန်းဆက်ထားသည်။ တစ်သီးတစ်ခြားစီသွားလို့ဖြစ်သော်လည်း လက်ယာတို့ရဲ့ အိမ်ထောင်ရေးအမှန်ကို မေမေတို့သိမည်စိုး၍ပင် ။
" ကို! ကဗျာမေးနေတာ ကြားလား "
" ဟမ် "
" ကဗျာမေးနေတာကြားလားလို့ "
အလိုမကျဟန်မျက်နှာနဲ့အတူ မျက်မှောင်တို့စုကျုတ်ထားသူ ။
" ဟို ကဗျာဘာမေးလိုက်တာလဲ၊ ကိုယ် အလုပ်ထဲအာရုံရောက်နေလို့မကြားလိုက်မိဘူး "
ကို့စိတ်က အလုပ်ထဲကိုရောက်နေတာဟုတ်ရဲ့လားလို့ကဗျာချိုမေးလိုက်ချင်ပါသည်။သို့သော်လည်း ရစ်ရင်စိတ်မရှည်တတ်တဲ့ ကို့အကျင့်ကိုကဗျာသိသည် ။ ကိုနဲ့ရန်ဖြစ်ရမှာကို ကဗျာမလိုလားပါ ။ တွန့်ချိုးနေတဲ့ မျက်မှောင်တို့ကို ကိုယ်တိုင်ဖြေလျော့ကာပဲ ဟန်ဆောင်အပြုံးပါးကို ချိတ်ဆွဲလျက်...
" ပြီးရင် ကဗျာ့ကို ရုပ်ရှင်လိုက်ပြပါလားလို့ နော် ၊ ကို လိုက်ပြနော် "
လက်ဖမိုးကိုဆွဲကိုင်ပြီး အချိုသာဆုံးချွဲပေမဲ့လည်း သူမကြိုးစားမှုကအရာမထင်ပါ ။
" ဟိုလေ ကိုယ် ဒီနေ့ မေမေ့ဆီသွားရမှာမလို့ ၊ ပိတ်ရက်မှလိုက်ပြမယ်လေ"
သူမကိုပြောနေတဲ့ ကို့စကားတို့က အယောင်ယောင်အမှားမှား ။
" ဘာလဲ ဟို ရိပ်ရောင်မဲ့ရောလား "
ဆွဲကိုင်ထားတဲ့လက်ဖမိုးကို ဖယ်ခွာကာ အသံတိတ်သွားတဲ့ချစ်ရသူ ။ တစ်ဉီးတည်းသော ချစ်သူလေးကို လက်ယာ စိတ်မကောင်းမဖြစ်စေချင်ပါ ။ အနည်းငယ်ခါးကုန်း၍ မေးဖျားလေးကို ဆွဲယူကာ နှုတ်ခမ်းတို့ကိုဖိကပ်စေလျက် တစ်ချက်နမ်းလိုက်ပြီးမှ...
" ဒီမှာ ကဗျာ ကိုယ့်ကိုကြည့် "
မော့ကြည့်လာတဲ့ မျက်ဝန်းတို့က eye contact အညိုရောင်ကြောင့် တစ်မျိုးတစ်ဖုံကြည့်ကောင်းနေသည် ။
ရုတ်တရက်ခေါင်းထဲဝင်လာတဲ့ အပြာရောင်မျက်လုံးနဲ့ သွားတက်ကောင်လေးကို သတိရပြီးကာမှ ချက်ချင်း အတွေးထဲက မောင်းထုတ်ပစ်လိုက်ရ၏ ။
" ကိုယ်က ကဗျာ့တစ်ယောက်တည်းကိုပဲချစ်တာ၊ ကဗျာ့တစ်ယောက်တည်းကိုပဲ မြတ်နိုးတာ အဲ့ဒါကို ကဗျာယုံတယ်မလား "
" အင်း "
ခေါင်းငြိမ့်လိုက်ပေမဲ့ သူမစိတ်ထဲ ယုံကြည်မှုအပြည့်အဝမရှိသည်ကိုတော့ သူမကိုယ်တိုင်သာသိပေလိမ့်မည် ။
လက်ယာ ကျေကျေနပ်နပ်တစ်ချက်ပြုံးရင်း..
" ကိုယ်က ကဗျာ့ကို တရားဝင်ဇနီးမယားတစ်ယောက်အနေနဲ့ တင့်တယ်စေချင်တာ ၊ အဲ့လိုဖြစ်ဖို့အတွက် အခက်အခဲတွေအားလုံးကို ကိုယ်ရင်ဆိုင်ရမယ်၊ ကိုယ်ရင်ဆိုင်ရမဲ့ သူတွေထဲမှာ ရိပ်ရောင်မဲ့က ထိပ်ဆုံးပဲ၊ သူ ကိုယ့်ကိုစိတ်ပျက်သွားအောင် ကိုယ်လုပ်မှဖြစ်မယ် ၊ သူကိုယ်တိုင် ကိုယ့်ကိုစွန့်ခွာသွားရင် မေမေတို့ ဖေဖေတို့လည်း ကိုယ့်ကိုဘာမှပြောနိုင်မှာမဟုတ်ဘူး ၊ အဲ့အချိန်ကျရင် ကဗျာနဲ့ကိုယ်နဲ့ကို အသိအမှတ်ပြုကိုပြုရလိမ့်မယ်၊ ရိပ်ရောင်မဲ့ဆ်ိုတာ ကိုယ့်အတွက်တော့ ရန်သူသာသာပဲမလို့ ကဗျာဘာမှစိတ်မပူနဲ့ ၊ ကိုယ်ပြောတာ ကဗျာနားလည်လား"
ကဗျာချိုက လက်ယာစကားတို့ကို သေချာစွာနားထောင်ပြီး တည်ငြိမ်ဟန်ပြုလျက် ပြုံးသည်။
ဆေးဆိုးထားတဲ့ ရွှေရောင်ဆံပင်ကို တစ်ချက်လှမ်းဖွပြီးမှ..
" ဒီလိုမှပေါ့ ၊ ကိုယ့်ချစ်သူလေးက လိမ္မာပါတယ် ၊ ကဲ ဒါဆို ကိုယ် သွားတော့မယ်နော် "
နှုတ်ဆက်ပြီး ကားသော့ယူကာ ကော်ဖီတောင်ကုန်အောင်မသောက်၊ အမြန်ပြေးထွက်သွားတဲ့ ကျောပြင်ကျယ်ကြီးကို ကဗျာချို.. မျက်စိအောက်ကပျောက်သည်အထိ လည်ပြန် ငေးကြည့်နေမိသည် ။
ကို့ ကို ကဗျာယုံချင်ပါတယ် ။ ဒါပေမဲ့ ကို့ရဲ့စိတ်ကိုတော့ ကဗျာမယုံရဲဘူး ။ ကို သိလား..။ကို အခုလည်း ကဗျာ့ကို ပြန်ပို့ဖို့မေ့သွားပြီဆိုတာ ။ ကို့ ပါးစပ်က မုန်းတယ်မုန်းတယ်အော်ပြောနေပေမယ့် ကို့အပြုအမူတွေနဲ့ ကို့မျက်လုံးတွေမှာ ရိပ်ရောင်မဲ့ဆိုတဲ့သူက လွှမ်းမိုးနေတာ ကဗျာမြင်နေရတယ် ။
အောက်နှုတ်ခမ်းကို နာနာတစ်ချက်ဖိကိုက်လိုက်တော့ ငန်ကျိကျိအရသာတို့သည် လျှာဖျားမှာစွဲထင်လာ၏ ။
" ကဗျာချိုဆိုတာ သူမ လိုလိုချင်ချင်ယူခဲ့တဲ့အရာတစ်ခုကို ဘယ်နည်းနဲ့မှ တစ်ပါးသူလက်ထဲ မထည့်တတ်တဲ့သူမျိုး... "
_______________
" သားတို့ အဆင်ပြေကြတယ်မလား "
လက်ယာ အမေ့မေးခွန်းကိုမဖြေမိ။ စားပွဲပေါ်က ရေခဲရေခွက်ကိုသာလက်ညှိုးထိုးပြလိုက်ချင်သည် ။ လက်ယာတို့အိမ်ထောင်ရေးက ဒီရေခဲရေလိုမျိုးပဲ အေးတိအေးစက်နဲ့ အရသာမရှိဘူး ။
" ဟုတ် အဆင်ပြေပါတယ် အန်တီမေ "
အခြေအနေကိုထိန်းကာ ရိပ်ရောင်ကပဲ ဝင်ဖြေလိုက်သည် ။ လက်ယာကတော့ တုံဏှိဘာဝေသာ ။ သူနဲ့မဆိုင်သလို ဝတ်ကျေတန်းကျေ ထိုင်၍သာနေ၏ ။
" အို သား ရိပ်ရောင် ဘယ်လိုခေါ်လိုက်တယ် "
" အာ ဟီးဟီး မေ့သွားလို့ အဆင်ပြေပါတယ် မေမေ "
" အင်း ဒီလိုမှပေါ့ "
" သား ဗိုက်ဆာနေပြီလား "
လက်ထဲကိုင်ထားတဲ့သတင်းစာကိုချလျက် စကားဝိုင်းထဲဝင်လာတဲ့ လက်ယာဖခင် ဉီးစိုးမောင် ။
" နဲနဲလေးတော့ ဆာနေပြီ ဖေဖေ "
" ဟားဟား သားကတော့ကွာ ဆာနေတာကို မပြောဘူး၊ ကဲ မေကြီး ထမင်းစားကြစို့လေ "
ဉီးစိုးမောင်က ဉီးဆောင်ကာ ထမင်းစားခန်းထဲဝင်သွားတော့ ရိပ်ရောင်နဲ့ဒေါ်မေသက်က လိုက်ဝင်သွားသည် ။ အဖြစ်မှန်သာလူတွေမသိရင် ရိပ်ရောင်မဲ့က ဒီအိမ်ရဲ့သားအရင်းတစ်ယောက်လို ။
အသားဖြူဖြူ ခပ်ဖျော့ဖျော့ကိုယ်လေးနဲ့ ရယ်လိုက်ရင်သွားတက်ကလေးတွေပေါ်လာတတ်သေးတာမလို့ အားလုံးရဲ့မျက်လုံးထဲမှာတော့ သူဟာအချစ်ခံလေး ။ လက်ယာလည်း တစ်ချိန်ကတော့ ထိုသွားတက်လေးတွေကိုသဘောကျခဲ့ဖူးသည်။ ပြုံးပြုံးရွှင်ရွှင် ကြင်နာတတ်တဲ့ ပါးလှစ်လှစ် ကောင်လေးကိုရောပေါ့။ ဒါပေမဲ့ အခုတော့ မဟုတ်။ လက်ယာ သိပ်ချစ်တဲ့ ကိုကိုဟာ လက်ယာစိတ်ထဲမှာ သေဆုံးသွားတာကြာခဲ့ပြီ။
ပြောရရင် လွန်ခဲ့တဲ့နှစ်ကပေါ့။
ငယ်ငယ်ကတည်းက တစ်ယောက်နဲ့တစ်ယောက်မျက်စိအောက်က အပျောက်မခံအောင်ချစ်ကြတဲ့ ရိပ်ရောင်နဲ့လက်ယာတို့ ညီအကိုကို နှစ်ဖက်မိဘတွေက လက်ထပ်ပေးမည်ပြုသည် ။ သဘောမတူရင် အမွေဖြတ်မယ်ဆိုတဲ့ ခြိမ်းခြောက်ခြင်းမမည်သော အာဏာဖြင့်ပင် ။ လက်ယာ အကြောက်အကန်ငြင်းခဲ့ပေမဲ့ အဲ့အချိန်မှာ ကိုကိုပြောခဲ့တဲ့တစ်ခွန်းတည်းသော စကားက...
" ငါမင်းကို ချစ်တယ် မောင်တဲ့ "
ယောကျာ်းအချင်းချင်း သဘောကျချစ်ကြိုက်လို့ရသလား ။ မျိုးတူတဲ့လူသားနှစ်ယောက်အိမ်ထောင်ရေးဟာ ပျော်ရွှင်စရာကောင်းလိမ့်မယ်လို့ မိဘတွေဘာကြောင့်တွေးခဲ့ကြသလဲ ။
နှစ်အိမ်ထောင်စု ပေါင်းစည်းရေးကြားမှာ မြေစာပင်ဖြစ်မှန်းမသိဖြစ်ခဲ့ရသည် ။
လက်ထပ်ပွဲကို သဘောတူခဲ့တဲ့ ကိုကို့ကို လက်ယာ သိပ်မုန်းပါသည် ။ ကိုယ့်ဘက်က အကိုအရင်းတစ်ယောက်လိုတွယ်တာနေခဲ့သမျှ သံယောဇဉ်တွေကို အရောင်ဆိုးပစ်ရက်သည်။
အဲ့ဒီနေ့ကစပြီး သိပ်ကိုရင်းနှီးလွန်းတဲ့ဆက်ဆံရေးတွေ ကျဲသွားခဲ့လိုက်တာ.....
" အတိတ်တွေက နာကျင်စရာကောင်းပေမဲ့
ပျော်ရွှင်စရာတွေဖန်တီးပေးခဲ့ဖူးတဲ့
ကိုကို့ကိုတော့ ကျွန်တော်လွမ်းပါတယ် "
__________________
" လက်ယာ သားကိုဟင်းထည့်ပေးလိုက်ဉီးလေ "
မေမေ့အပြောကြောင့် လက်ယာ ရိပ်ရောင်ကိုလှည့်ကြည့်လိုက်တော့ တွေတွေလေးကြည့်နေတဲ့မျက်လုံးတွေက "ရပါတယ်"ဟု ပြောနေသယောင် ။
အနီးဆုံးက ဟင်းပန်းကန်ဆီလက်လှမ်းကာ ဟင်းတို့ကိုဇွန်းနဲ့ခပ်၍ ထမင်းပန်းကန်ထဲထည့်ပေးလိုက်တော့ အံ့သြသွားတဲ့ပုံရိပ်လေး ။
ပန်းကန်ထဲရောက်လာတဲ့ ပုဇွန်နှစ်ကောင်ကြောင့် ရိပ်ရောင် တအံ့တသြမော့ကြည့်မိသည်။ မောင်က သူပုဇွန်နဲ့မတည့်တာ မသိဘူးလား..။
" စားလေ ကိုကို "
ပြုံးပြီးကြည့်ကာပြောနေတဲ့ မောင်..။ ပြီးတော့ မကြားရတာကြာပြီဖြစ်တဲ့နာမ်စားလေး ။ ခပ်ထေ့ထေ့မောင့်မျက်နှာမှာ တမင်လုပ်တဲ့အကျင့်ရိုင်းတို့ စိုးစိမှမမြင်မိတာ သူကပဲ သိပ်ချစ်လွန်းနေလို့လား ။
" မကြိုက်ဘူးလား "
အလိုမကျတဲ့လေသံနဲ့အတူ ကျူးကျော်လာတဲ့ခက်ရင်းတို့ကို စိတ်အလိုအလျောက် လုပ်မိတဲ့ လက်အစုံက တား၏ ။
" ဟင့်အင်း ၊ ငါ..ငါ ကြိုက်ပါတယ် "
တစ်လုပ်စာဟင်းကိုအသင့်ဖဲ့ပြီးတဲ့နောက် မျက်လုံးစုံမှိတ်၍ ဗိုက်ထဲအရောက်ပို့လိုက်သည်။
မောင် တမင်လုပ်သည်ဖြစ်စေ။
မရည်ရွယ်ဘဲ လုပ်သည်ဖြစ်စေ။
မောင်နဲ့ပတ်သတ်သမျှကို သူချစ်ပါသည် ။
__________________
အိမ်ရောက်ရောက်ချင်း ရိပ်ရောင် ဆေးဘူးကိုရှာရသည် ။ တစ်ကိုယ်လုံးက ယားယံကာ သေပစ်ချင်လောက်အောင် နာကျင်နေလျက် ။
အင်္ကျီ ချွတ်လိုက်တော့ ဗိုက်နဲ့ရင်ဘတ်ပေါ်မှာအကွက်တွေ ။ ပုဇွန်နဲ့မတည့်မှန်းသိရက်နဲ့ စားခဲ့တဲ့ ရိပ်ရောင်ရဲ့အပြစ်ပင် ။
ကိုယ်ရှေ့ကိုဆေးလိမ်းလို့ရပေမဲ့ နောက်ကျောပြင်ကိုလှမ်းတော့ လက်က မမှီ ။ မလိမ်းလို့လည်း မရ။ ကုန်းကုန်းကွကွဖြင့် အနေကြပ်လှသည် ။ ဒုက္ခရောက်နေချိန်မှာ ကူညီနိုင်မယ့် တစ်ဉီးတည်းသော ဘေးနားကလူသည်လည်း ကိုယ့်ကိုအမုန်းကြီးမုန်းနေလေတော့ကား...။
တံခါးလက်ကိုင်ဘုကို ကိုင်လျက် အခန်းထဲဝင်ရမှာ ချီတုံချတုံဖြစ်နေတဲ့ လက်ယာ ။ စောနက ကားမောင်းနေရင်း ဘေးဘက်မှာထိုင်နေတဲ့သူကိုကြည့်မိတော့ လည်ပင်းတစ်လျှောက်မှာ အနီကွက်တွေ ။
ကားပါကင်ထိုးပြီးပြီးချင်း အိမ်ပေါ်ပြေးတက်သွားပုံထောက် အခုချိန်ဆေးလိမ်းနေလောက်မည်။ တကယ်တော့ ကိိုကို ပုဇွန်နဲ့မတည့်တာ လက်ယာသိသည်။ ဒါပေမဲ့ ကိုကိုမုန်းအောင်၊ သူ့ကိုပစ်ခွာသွားအောင်လုပ်ရမှာ လက်ယာတာဝန်မို့ ။
စိတ်ကိုမာမာထား၍ အခန်းထဲဝင်တော့ နောက်ကျောပေးကာ အင်္ကျီချွတ်နဲ့ ကုတင်ပေါ်မှာ ဆေးလိမ်းနေတဲ့သူ ။ လက်တစ်ဖက်က ဆေးဘူးကိုကိုင်လျက် လက်တစ်ဖက်က ကျောနောက်ကို မမှီမကမ်းလှမ်းပွတ်နေသည်။
အရင်လိုဆို Allergic ထတိုင်း လက်ယာ ဆေးလိမ်းပေးနေကျဆိုပေမဲ့ အခုတော့မဟုတ်ဘူး ။ လက်ယာ သိပ်ချစ်တဲ့ ကိုကိုက လက်ယာစိတ်ထဲမှာ သေသွားတာကြာပြီ ။ ဒီလိုဖြစ်အောင်လည်း ကိုကိုကိုယ်တိုင်ပဲလုပ်ခဲ့တာ ။
" ဟက် ကျွေးတိုင်းလည်း စားလိုက်တာပဲလား "
ဆေးလိမ်းနေရာကနေ ရိပ်ရောင် နောက်ကိုလှည့်ကြည့်လိုက်တော့ တံခါးဘောင်ကိုမှီကာ ရပ်နေတဲ့ မောင် ။ ကုတင်ပေါ်က ဆင်းကာ ..
" မောင်..."
" တော်စမ်းပါ! ၊ ဘာ"မောင်"လဲ ၊ ကျွန်တော့်ကို မောင် လို့ခေါ်ခွင့်ရှိတဲ့သူက ကျွန်တော်ချစ်တဲ့ ကိုကိုတစ်ယောက်တည်းအတွက် ၊ ခင်ဗျားအတွက်မဟုတ်ဘူး ရိပ်ရောင်မဲ့ "
ဒေါသစွက်တဲ့ မောင့်အသံကြောင့် လှမ်းနေတဲ့ ခြေလှမ်းတို့ရပ်တန့်သွားရသည် ။ မစခင်ကတည်းက ကုန်ချင်နေတဲ့ စိတ်အင်အားတို့က မျက်ဝန်းအိမ်တွင် အရည်ကြည်တို့ကိုခိုအောင်းစေ၏ ။
" မောင် ငါ့ကို အဲ့သလောက်မုန်းလား "
" မုန်းတယ် "
တုံ့ဆိုင်းခြင်း အလျှင်းမရှိတဲ့ စကားသံအောက်တွင် နှလုံးသားတို့ အမွမွကြေရပါသည် ။ ခန္ဓာကိုယ်ရဲ့ မသိစိတ်အပိုင်းက သခင်မင်းသားငယ်အလိုကို နှုတ်ထွက်လေတော့ကား...
" မောင် ငါ့ကို မမုန်းအောင် ငါဘာလုပ်ပေးနိုင်မလဲ"
" ကွာရှင်းပေး "
ဒီထက်ပိုတောင့်ခံနိုင်ဖို့ ခွန်အားတို့အလျှင်းမရှိပြီ ။ ကိုယ်ကိုယ်တိုင် နန်းကျခံလို့ ကျေကျေနပ်နပ် အပ်နှင်းထားတဲ့ပလ္လင်နန်းထက်က မင်းကို ဘယ်စိတ်နဲ့များ ကိုယ့်ဝေးဝေးမှာ ထားနိုင်မှာတဲ့လဲ ။
" ဟုတ်တယ် ကွာရှင်းပေး၊ဟက် ဘာလဲ မလုပ်နိုင်ဘူးလား "
ခနဲ့မှန်းသိသည့် စကားတွေက ခံစားတတ်တဲ့သူအတွက် လူသတ်လက်နက်လို ။ ရိပ်ရောင် မောင့်အနားသွားကာ ယိုင်နဲ့ချင်နေတဲ့ခြေထောက်အစုံကိုထောက်ချပစ်လိုက်သည် ။
" မောင်...ငါ..ငါ တောင်းပန်ပါတယ်..မောင်ကျေနပ်တဲ့အထိ ငါတောင်းပန်ပါ့မယ်..အဲ့ဒါကြောင့် ကွာရှင်းဖို့တော့..မပြောပါနဲ့နော်.."
ခြေထောက်ကိုလာဖက်တဲ့ လက်ဖဝါးနုနုနှစ်ဖက်ကို လက်ယာ အားနဲ့ခွာချလိုက်တော့ မတွန်းလှန်နိုင်ရှာတဲ့ ခန္ဓာကိုယ်ယဲ့ယဲ့က ကြမ်းပြင်ပေါ်သို့ ခွေကျသည်။
" တောက်!! ယောကျာ်းတန်မဲ့ အရှက်မရှိလိုက်တာ "
ရွံရှာစက်ဆုပ်ဟန်တစ်ချက်ကြည့်ကာ အခန်းတံခါးကို ဆောင့်ပိတ်၍ ထွက်သွားသော မောင်..။ တစ်ဆက်တည်း ဧည့်ခန်းတံခါးပိတ်သံကိုပါ ကြားလိုက်ရသည်မို့ ဒီည မောင်ပြန်မလာတာ သေချာပါသည် ။ ခွေကျသွားတဲ့နေရာကနေ ထဖို့ရိပ်ရောင် မကြိုးစားမိ ။ လွတ်လပ်ခွင့်ပေးခံလိုက်ရတဲ့ တားမရ ဆီးမရတဲ့မျက်ရည်တွေနဲ့ ငိုကြွေးနေမိတာ အကြိမ်ကြိမ် ။
ငါက ယောကျ်ားတန်မဲ့ငိုနေလို့
အရှက်မရှိတာမဟုတ်ဘူးမောင်...။
မင်းကို သိပ်ချစ်မိလွန်းလို့
အရှက်တရားကိုတောင် ငါမေ့နေတာ...။
" အင်း..မနက်ကျရင်တော့ ကွာရှင်းဖို့ကိစ္စ မောင်မေ့သွားမှာပါ ၊ အခုက သွေးပူနေတုန်းမလို့.. ၊ ဟုတ်တယ် မောင် သွေးပူနေတုန်းမလို့ပါ "
စိတ်နဲ့ကိုယ်နဲ့မကပ်တဲ့လူကို
အရူးပါလို့ ခင်ဗျားတို့ခေါ်ရင်
နာမည်တစ်လုံးတည်းကိုသာ တနေတဲ့
အချစ်ရဲ့ကျေးကျွန်လေးကိုရော
ဘယ်လိုအမည်သမုတ်ကြမလဲ
ကျုပ် သိချင်စမ်းပါရဲ့ဗျာ...။
_________________
Han Nay Ter 👶👴💚
[ Zawgyi]
ရာသီဉတုက ေလေျပတိုးရင္ေတာင္ ၾကက္သီးထေလာက္တဲ့အထိေအးေပမယ့္ အထပ္ဆယ့္ေလးထပ္ရွိ အစည္းအေဝးခန္းမကလူေတြမွာေတာ့ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာ ေခြၽးေစးေတြထြက္ေနၾကသည္။ မည္သူမွလည္း စကားတစ္ခြန္းမွ်မဆိုရဲ ။
ဒုန္း!!!!!
စားပြဲခုံေပၚ႐ိုက္ခ်လိုက္တဲ့ လက္သံျပင္းျပင္းနဲ႔အတူ ငိုက္မ်ဥ္းေနၾကတဲ့သူတစ္ခ်ိဳ႕ ခါးေတြမတ္ကာ ေခါင္းေထာင္လိုေထာင္ ၊ အေယာင္ေယာင္အမွားမွားတစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုၾကည့္ေတြ ျဖစ္ကုန္ၾကသည္ ။
" ဒီကိစၥကို ခင္ဗ်ားတို႔ဘယ္လိုေျဖရွင္းခ်က္ေပးမလဲ "
ရိပ္ေရာင္မဲ့ သူ႔ေရွ႕ကလူေတြအကုန္လုံးကို တစ္ခ်က္ေဝ့ၾကည့္လိုက္သည္။ ဘယ္သူမွတာဝန္ခံၿပီး ေျဖရွင္းခ်က္ေပးမလာသလို တိုင္ပင္ထားၾကသလားထင္ရေလာက္ေအာင္ တညီတၫြတ္တည္း ေခါင္းေတြေအာက္ငုံ႔ထားၾက၏ ။
ကုမၸဏီရဲ႕ ႏွစ္ခ်ဳပ္စာရင္းမွာ ေငြသိန္းရာဂဏန္းနီးနီးလိုေနတာ ဘယ္သူမွမသိၾကဘူးလား။ တကယ္ဆို "က်ေနာ္တို႔ အမွားပါ "လို႔ ေအးေအးေဆးေဆးေတာင္းပန္လိုက္ရင္ ခြင့္လႊတ္ေပးႏိုင္ပါသည္။ အခုေတာ့ အျပဳအမူေတြက ရိပ္ေရာင္ကို ပိုၿပီးေဒါသထြက္ေစ႐ုံသာ ။
Ring Ring Ring !!!!!
" က်စ္ !"
တီးလုံးသံေၾကာင့္ စုတ္တစ္ခ်က္သပ္ၿပီး အေႏွာင့္အယွက္ေပးေနတဲ့ စားပြဲေပၚက ဖုန္းကိုေကာက္ယူ၊ screen ကို ၾကည့္လိုက္ေတာ့ "Mg" ဆိုသည့္ contact Name ေၾကာင့္ နီျမန္းေနသည့္မ်က္ႏွာသည္ လွ်င္ျမန္စြာ ႏူးညံ့ျခင္းအသြင္ကိုေဆာင္သည္ ။
" Hello ေမာင္.."
ေစာနကနဲ႔မတူ ။ ၾကည္လင္လွတဲ့အသံေၾကာင့္ ေခါင္းငုံ႔ထားသူေတြ ျပဴးတူးၿပဲတဲေမာ့ၾကည့္ၾကသည္။ခုခ်ိန္ စားပြဲအလယ္က ဖုန္းေျပာေနသူ "ရိပ္ေရာင္မဲ့"သည္ Silver Group ရဲ႕ CEO လို႔ေျပာရင္ မည္သူယုံမည္နည္း ။
" အင္း ေမာင္ ငါျပန္လာ... "
တူ..တူ...တူ
ျပန္ေျဖသံကိုနားမေထာင္ကာ ဖုန္းခ်သြားသူေၾကာင့္ ရိပ္ေရာင္ သက္ျပင္းတစ္ခ်က္ခ်လိုက္သည္။ ၿပဳံးေနတဲ့မ်က္ႏွာသည္ ခ်က္ခ်င္းပင္ ေသြးေရာင္လႊမ္းစျပဳသည္ ။ ေလးညႇိဳ႕ပုံသ႑ာန္ပိပိရိရိႏႈတ္ခမ္းသားတို႔ တင္းတည္သြားသည္ႏွင့္တစ္ဆက္တည္း ထိုလူသားအေပၚ မထြက္ရက္တဲ့ ေဒါသမ်ားသည္ ေရွ႕တူရႈမွာ မ်က္ႏွာငယ္ေလးေတြနဲ႔ ထိုင္ေနတဲ့ သူေတြဆီသို႔ ။
" ဒီစာရင္းကို မနက္ျဖန္အၿပီး ျပန္လုပ္ပါ၊ မနက္ျဖန္ ငါ႐ုံးလာတဲ့အခ်ိန္ထိမၿပီးေသးရင္ ေငြစာရင္းကသူေတြအကုန္ ျပဳတ္ၿပီမွတ္ "
ျပတ္သားလွစြာတဲ့စကားေတြကိုဆိုကာ အစည္းအေဝးခန္းမက ထြက္ခဲ့သည္ ။ အားတင္းထားရတဲ့စိတ္ကို ေလွ်ာ့ပစ္လိုက္ေတာ့ ေျခအစုံက ယိုင္နဲ႔လာသည္ ။
" ရိပ္ေရာင္ ရလား "
ၾကမ္းျပင္ေပၚေခြခနဲၿပိဳမက်ခင္မွာပဲ လာေဖးမေပးသူ ။
ေဘးဘက္ကလာတြဲတဲ့ ေဇသုတကို ေခါင္းတစ္ခ်က္ၿငိမ့္ျပလိုက္သည္ ။ ဒီ company မွာ သူ႔ကို "ရိပ္ေရာင္"လို႔ ေခၚရဲသူက အတြင္းေရးမႉးတစ္ျဖစ္လည္း ရိပ္ေရာင္သူငယ္ခ်င္း ေဇသုတတစ္ေယာက္သာရွိသည္။ ၿပိဳလဲခ်င္ေနတဲ့ခႏၶာကိုယ္ကို ႐ုံးခန္းထဲေရာက္တဲ့အထိ ေဇသုတက ကူညီထိန္းေပးထားရသည္။
" ရိပ္ေရာင္ ေရာ့ ေဆးေသာက္လိုက္ "
ဆိုဖာေပၚမွာ ေက်ာမွီခ်လ်က္ ေဇသုတကမ္းလာတဲ့ေဆးျပားျဖဴျဖဴေတြကို ေရနဲ႔တစ္က်ိဳက္တည္းၿမိဳခ်ပစ္လိုက္မွ လႈပ္ခါေနတဲ့ႏွလုံးတစ္စုံသည္ တျဖည္းျဖည္းၿငိမ္က်လာသည္။
" ေမာေနေသးလား "
" ဟင့္အင္း သက္သာသြားပါၿပီ "
" ခုနက လက္ယာဖုန္းဆက္တာလား "
အတြင္းသိအစင္းသိေတြမလို႔ လိမ္ညာေျဖစရာလည္း အေၾကာင္းမရွိပါ ။ သို႔ေသာ္ ေမာင့္ နာမည္ၾကားတာနဲ႔ အားေပ်ာ့တတ္တာ ရိပ္ေရာင္ရဲ႕ အ႐ိုးစြဲေနတဲ့ အက်င့္ေပလား ။ ဒုတိယမၸိအႀကိမ္ သက္ျပင္းေဖ်ာ့ေဖ်ာ့က္ိိုခ်လိုက္ၿပီး...
" အင္း ၊ ဟုတ္တယ္ ၊ ညေနက်ရင္ အန္တီေမက ထမင္းစားဖို႔ေခၚလို႔တဲ့ "
" မင္း အဆင္ေျပပါ့မလား "
ေဇသုတအသံက ရိပ္ေရာင္ကို တကယ္စိုးရိမ္ေနဟန္။ မပီမျပင္ တစ္ခ်က္ၿပဳံးျပရင္း...
" အင္း စိတ္မပူနဲ႔ ၊ အဆင္ေျပမွာပါ "
ေလ်ာ့ေလ်ာ့ရဲရဲစကားသံနဲ႔အတူ ေနာက္မွီကို ေခါင္းလွဲခ်ၿပီး မ်က္လုံးတို႔ကို ေခတၱအနားေပးလိုက္၏ ။
အေတြးေတြကေတာ့ မၿပီးဆုံးႏိုင္တဲ့ ယာဥ္ေၾကာလို ဝဲလို႔ပါပဲ ။
တကယ္လည္း အဆင္ေျပမွာပါ ။ ေမာင္ ဆိုတာ ကြယ္ရာမွာ ရိပ္ေရာင္ကိုဘယ္လိုပဲဒုကၡေပးေပး ႏွစ္ဖက္မိဘေတြေရွ႕ေရာက္ရင္ေတာ့ သားလိမၼာ၊သမက္အလိမၼာမဟုတ္လား ။ ညေနက်ရင္ ေမာင့္ဆီက ဟန္ေဆာင္ဂ႐ုစိုက္မႈေတြကိုရဉီးမည္ေၾကာင့္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ၿပဳံးလိုက္မိသည္ ။ ေမာင့္စိတ္ရင္းမဟုတ္ဘဲ ဟန္ေဆာင္ျခင္းပဲေျပာေျပာ ရိပ္ေရာင္ ကေတာ့ ေမာင့္ဆီကဂ႐ုစိုက္မႈေတြကို လိုခ်င္လြန္းလွပါ၏ ။
ထိုလူသားငယ္နဲ႔ပတ္သက္လွ်င္ သူ႔အခ်စ္က ဝဋ္ေႂကြးတစ္ခုလို ဤမွ်အထိ႐ူးသည္ ။
_____________
ေကာ္ဖီပူပူကို မႈတ္ေသာက္ရင္း လက္မွာပတ္ထားတဲ့ နာရီကိုတၾကည့္ၾကည့္ျဖစ္ေနတဲ့ "လက္ယာေမာင္" ။
တစ္ခ်က္တစ္ခ်က္ ကဗ်ာခ်ိဳ ေျပာေနသည္ကိုလည္း နားေထာင္ေနဟန္ ေခါင္းၿငိမ့္ျပရေသးသည္။ ငါးနာရီပင္ ခြဲေတာ့မည္။ ေမေမက ထမင္းစားလာခိုင္း၍ တိုက္ခန္းမွာေစာင့္ေနၿပီးမွ အိမ္ကိုအတူတူသြားဖို႔ ရိပ္ေရာင္မဲ့ကိုေန႔လည္ကဖုန္းဆက္ထားသည္။ တစ္သီးတစ္ျခားစီသြားလို႔ျဖစ္ေသာ္လည္း လက္ယာတို႔ရဲ႕ အိမ္ေထာင္ေရးအမွန္ကို ေမေမတို႔သိမည္စိုး၍ပင္ ။
" ကို! ကဗ်ာေမးေနတာ ၾကားလား "
" ဟမ္ "
" ကဗ်ာေမးေနတာၾကားလားလို႔ "
အလိုမက်ဟန္မ်က္ႏွာနဲ႔အတူ မ်က္ေမွာင္တို႔စုက်ဳတ္ထားသူ ။
" ဟို ကဗ်ာဘာေမးလိုက္တာလဲ၊ ကိုယ္ အလုပ္ထဲအာ႐ုံေရာက္ေနလို႔မၾကားလိုက္မိဘူး "
ကို႔စိတ္က အလုပ္ထဲကိုေရာက္ေနတာဟုတ္ရဲ႕လားလို႔ကဗ်ာခ်ိဳေမးလိုက္ခ်င္ပါသည္။သို႔ေသာ္လည္း ရစ္ရင္စိတ္မရွည္တတ္တဲ့ ကို႔အက်င့္ကိုကဗ်ာသိသည္ ။ ကိုနဲ႔ရန္ျဖစ္ရမွာကို ကဗ်ာမလိုလားပါ ။ တြန္႔ခ်ိဳးေနတဲ့ မ်က္ေမွာင္တို႔ကို ကိုယ္တိုင္ေျဖေလ်ာ့ကာပဲ ဟန္ေဆာင္အၿပဳံးပါးကို ခ်ိတ္ဆြဲလ်က္...
" ၿပီးရင္ ကဗ်ာ့ကို ႐ုပ္ရွင္လိုက္ျပပါလားလို႔ ေနာ္ ၊ ကို လိုက္ျပေနာ္ "
လက္ဖမိုးကိုဆြဲကိုင္ၿပီး အခ်ိဳသာဆုံးခြၽဲေပမဲ့လည္း သူမႀကိဳးစားမႈကအရာမထင္ပါ ။
" ဟိုေလ ကိုယ္ ဒီေန႔ ေမေမ့ဆီသြားရမွာမလို႔ ၊ ပိတ္ရက္မွလိုက္ျပမယ္ေလ"
သူမကိုေျပာေနတဲ့ ကို႔စကားတို႔က အေယာင္ေယာင္အမွားမွား ။
" ဘာလဲ ဟို ရိပ္ေရာင္မဲ့ေရာလား "
ဆြဲကိုင္ထားတဲ့လက္ဖမိုးကို ဖယ္ခြာကာ အသံတိတ္သြားတဲ့ခ်စ္ရသူ ။ တစ္ဉီးတည္းေသာ ခ်စ္သူေလးကို လက္ယာ စိတ္မေကာင္းမျဖစ္ေစခ်င္ပါ ။ အနည္းငယ္ခါးကုန္း၍ ေမးဖ်ားေလးကို ဆြဲယူကာ ႏႈတ္ခမ္းတို႔ကိုဖိကပ္ေစလ်က္ တစ္ခ်က္နမ္းလိုက္ၿပီးမွ...
" ဒီမွာ ကဗ်ာ ကိုယ့္ကိုၾကည့္ "
ေမာ့ၾကည့္လာတဲ့ မ်က္ဝန္းတို႔က eye contact အညိဳေရာင္ေၾကာင့္ တစ္မ်ိဳးတစ္ဖုံၾကည့္ေကာင္းေနသည္ ။
႐ုတ္တရက္ေခါင္းထဲဝင္လာတဲ့ အျပာေရာင္မ်က္လုံးနဲ႔ သြားတက္ေကာင္ေလးကို သတိရၿပီးကာမွ ခ်က္ခ်င္း အေတြးထဲက ေမာင္းထုတ္ပစ္လိုက္ရ၏ ။
" ကိုယ္က ကဗ်ာ့တစ္ေယာက္တည္းကိုပဲခ်စ္တာ၊ ကဗ်ာ့တစ္ေယာက္တည္းကိုပဲ ျမတ္ႏိုးတာ အဲ့ဒါကို ကဗ်ာယုံတယ္မလား "
" အင္း "
ေခါင္းၿငိမ့္လိုက္ေပမဲ့ သူမစိတ္ထဲ ယုံၾကည္မႈအျပည့္အဝမရွိသည္ကိုေတာ့ သူမကိုယ္တိုင္သာသိေပလိမ့္မည္ ။
လက္ယာ ေက်ေက်နပ္နပ္တစ္ခ်က္ၿပဳံးရင္း..
" ကိုယ္က ကဗ်ာ့ကို တရားဝင္ဇနီးမယားတစ္ေယာက္အေနနဲ႔ တင့္တယ္ေစခ်င္တာ ၊ အဲ့လိုျဖစ္ဖို႔အတြက္ အခက္အခဲေတြအားလုံးကို ကိုယ္ရင္ဆိုင္ရမယ္၊ ကိုယ္ရင္ဆိုင္ရမဲ့ သူေတြထဲမွာ ရိပ္ေရာင္မဲ့က ထိပ္ဆုံးပဲ၊ သူ ကိုယ့္ကိုစိတ္ပ်က္သြားေအာင္ ကိုယ္လုပ္မွျဖစ္မယ္ ၊ သူကိုယ္တိုင္ ကိုယ့္ကိုစြန္႔ခြာသြားရင္ ေမေမတို႔ ေဖေဖတို႔လည္း ကိုယ့္ကိုဘာမွေျပာႏိုင္မွာမဟုတ္ဘူး ၊ အဲ့အခ်ိန္က်ရင္ ကဗ်ာနဲ႔ကိုယ္နဲ႔ကို အသိအမွတ္ျပဳကိုျပဳရလိမ့္မယ္၊ ရိပ္ေရာင္မဲ့ဆ္ိုတာ ကိုယ့္အတြက္ေတာ့ ရန္သူသာသာပဲမလို႔ ကဗ်ာဘာမွစိတ္မပူနဲ႔ ၊ ကိုယ္ေျပာတာ ကဗ်ာနားလည္လား"
ကဗ်ာခ်ိဳက လက္ယာစကားတို႔ကို ေသခ်ာစြာနားေထာင္ၿပီး တည္ၿငိမ္ဟန္ျပဳလ်က္ ၿပဳံးသည္။
ေဆးဆိုးထားတဲ့ ေ႐ႊေရာင္ဆံပင္ကို တစ္ခ်က္လွမ္းဖြၿပီးမွ..
" ဒီလိုမွေပါ့ ၊ ကိုယ့္ခ်စ္သူေလးက လိမၼာပါတယ္ ၊ ကဲ ဒါဆို ကိုယ္ သြားေတာ့မယ္ေနာ္ "
ႏႈတ္ဆက္ၿပီး ကားေသာ့ယူကာ ေကာ္ဖီေတာင္ကုန္ေအာင္မေသာက္၊ အျမန္ေျပးထြက္သြားတဲ့ ေက်ာျပင္က်ယ္ႀကီးကို ကဗ်ာခ်ိဳ.. မ်က္စိေအာက္ကေပ်ာက္သည္အထိ လည္ျပန္ ေငးၾကည့္ေနမိသည္ ။
ကို႔ ကို ကဗ်ာယုံခ်င္ပါတယ္ ။ ဒါေပမဲ့ ကို႔ရဲ႕စိတ္ကိုေတာ့ ကဗ်ာမယုံရဲဘူး ။ ကို သိလား..။ကို အခုလည္း ကဗ်ာ့ကို ျပန္ပို႔ဖို႔ေမ့သြားၿပီဆိုတာ ။ ကို႔ ပါးစပ္က မုန္းတယ္မုန္းတယ္ေအာ္ေျပာေနေပမယ့္ ကို႔အျပဳအမူေတြနဲ႔ ကို႔မ်က္လုံးေတြမွာ ရိပ္ေရာင္မဲ့ဆိုတဲ့သူက လႊမ္းမိုးေနတာ ကဗ်ာျမင္ေနရတယ္ ။
ေအာက္ႏႈတ္ခမ္းကို နာနာတစ္ခ်က္ဖိကိုက္လိုက္ေတာ့ ငန္က်ိက်ိအရသာတို႔သည္ လွ်ာဖ်ားမွာစြဲထင္လာ၏ ။
" ကဗ်ာခ်ိဳဆိုတာ သူမ လိုလိုခ်င္ခ်င္ယူခဲ့တဲ့အရာတစ္ခုကို ဘယ္နည္းနဲ႔မွ တစ္ပါးသူလက္ထဲ မထည့္တတ္တဲ့သူမ်ိဳး... "
_______________
" သားတို႔ အဆင္ေျပၾကတယ္မလား "
လက္ယာ အေမ့ေမးခြန္းကိုမေျဖမိ။ စားပြဲေပၚက ေရခဲေရခြက္ကိုသာလက္ညႇိဳးထိုးျပလိုက္ခ်င္သည္ ။ လက္ယာတို႔အိမ္ေထာင္ေရးက ဒီေရခဲေရလိုမ်ိဳးပဲ ေအးတိေအးစက္နဲ႔ အရသာမရွိဘူး ။
" ဟုတ္ အဆင္ေျပပါတယ္ အန္တီေမ "
အေျခအေနကိုထိန္းကာ ရိပ္ေရာင္ကပဲ ဝင္ေျဖလိုက္သည္ ။ လက္ယာကေတာ့ တုံဏွိဘာေဝသာ ။ သူနဲ႔မဆိုင္သလို ဝတ္ေက်တန္းေက် ထိုင္၍သာေန၏ ။
" အို သား ရိပ္ေရာင္ ဘယ္လိုေခၚလိုက္တယ္ "
" အာ ဟီးဟီး ေမ့သြားလို႔ အဆင္ေျပပါတယ္ ေမေမ "
" အင္း ဒီလိုမွေပါ့ "
" သား ဗိုက္ဆာေနၿပီလား "
လက္ထဲကိုင္ထားတဲ့သတင္းစာကိုခ်လ်က္ စကားဝိုင္းထဲဝင္လာတဲ့ လက္ယာဖခင္ ဉီးစိုးေမာင္ ။
" နဲနဲေလးေတာ့ ဆာေနၿပီ ေဖေဖ "
" ဟားဟား သားကေတာ့ကြာ ဆာေနတာကို မေျပာဘူး၊ ကဲ ေမႀကီး ထမင္းစားၾကစို႔ေလ "
ဉီးစိုးေမာင္က ဉီးေဆာင္ကာ ထမင္းစားခန္းထဲဝင္သြားေတာ့ ရိပ္ေရာင္နဲ႔ေဒၚေမသက္က လိုက္ဝင္သြားသည္ ။ အျဖစ္မွန္သာလူေတြမသိရင္ ရိပ္ေရာင္မဲ့က ဒီအိမ္ရဲ႕သားအရင္းတစ္ေယာက္လို ။
အသားျဖဴျဖဴ ခပ္ေဖ်ာ့ေဖ်ာ့ကိုယ္ေလးနဲ႔ ရယ္လိုက္ရင္သြားတက္ကေလးေတြေပၚလာတတ္ေသးတာမလို႔ အားလုံးရဲ႕မ်က္လုံးထဲမွာေတာ့ သူဟာအခ်စ္ခံေလး ။ လက္ယာလည္း တစ္ခ်ိန္ကေတာ့ ထိုသြားတက္ေလးေတြကိုသေဘာက်ခဲ့ဖူးသည္။ ၿပဳံးၿပဳံး႐ႊင္႐ႊင္ ၾကင္နာတတ္တဲ့ ပါးလွစ္လွစ္ ေကာင္ေလးကိုေရာေပါ့။ ဒါေပမဲ့ အခုေတာ့ မဟုတ္။ လက္ယာ သိပ္ခ်စ္တဲ့ ကိုကိုဟာ လက္ယာစိတ္ထဲမွာ ေသဆုံးသြားတာၾကာခဲ့ၿပီ။
ေျပာရရင္ လြန္ခဲ့တဲ့ႏွစ္ကေပါ့။
ငယ္ငယ္ကတည္းက တစ္ေယာက္နဲ႔တစ္ေယာက္မ်က္စိေအာက္က အေပ်ာက္မခံေအာင္ခ်စ္ၾကတဲ့ ရိပ္ေရာင္နဲ႔လက္ယာတို႔ ညီအကိုကို ႏွစ္ဖက္မိဘေတြက လက္ထပ္ေပးမည္ျပဳသည္ ။ သေဘာမတူရင္ အေမြျဖတ္မယ္ဆိုတဲ့ ၿခိမ္းေျခာက္ျခင္းမမည္ေသာ အာဏာျဖင့္ပင္ ။ လက္ယာ အေၾကာက္အကန္ျငင္းခဲ့ေပမဲ့ အဲ့အခ်ိန္မွာ ကိုကိုေျပာခဲ့တဲ့တစ္ခြန္းတည္းေသာ စကားက...
" ငါမင္းကို ခ်စ္တယ္ ေမာင္တဲ့ "
ေယာက်ာ္းအခ်င္းခ်င္း သေဘာက်ခ်စ္ႀကိဳက္လို႔ရသလား ။ မ်ိဳးတူတဲ့လူသားႏွစ္ေယာက္အိမ္ေထာင္ေရးဟာ ေပ်ာ္႐ႊင္စရာေကာင္းလိမ့္မယ္လို႔ မိဘေတြဘာေၾကာင့္ေတြးခဲ့ၾကသလဲ ။
ႏွစ္အိမ္ေထာင္စု ေပါင္းစည္းေရးၾကားမွာ ေျမစာပင္ျဖစ္မွန္းမသိျဖစ္ခဲ့ရသည္ ။
လက္ထပ္ပြဲကို သေဘာတူခဲ့တဲ့ ကိုကို႔ကို လက္ယာ သိပ္မုန္းပါသည္ ။ ကိုယ့္ဘက္က အကိုအရင္းတစ္ေယာက္လိုတြယ္တာေနခဲ့သမွ် သံေယာဇဥ္ေတြကို အေရာင္ဆိုးပစ္ရက္သည္။
အဲ့ဒီေန႔ကစၿပီး သိပ္ကိုရင္းႏွီးလြန္းတဲ့ဆက္ဆံေရးေတြ က်ဲသြားခဲ့လိုက္တာ.....
" အတိတ္ေတြက နာက်င္စရာေကာင္းေပမဲ့
ေပ်ာ္႐ႊင္စရာေတြဖန္တီးေပးခဲ့ဖူးတဲ့
ကိုကို႔ကိုေတာ့ က်ေနာ္လြမ္းပါတယ္ "
__________________
" လက္ယာ သားကိုဟင္းထည့္ေပးလိုက္ဉီးေလ "
ေမေမ့အေျပာေၾကာင့္ လက္ယာ ရိပ္ေရာင္ကိုလွည့္ၾကည့္လိုက္ေတာ့ ေတြေတြေလးၾကည့္ေနတဲ့မ်က္လုံးေတြက "ရပါတယ္"ဟု ေျပာေနသေယာင္ ။
အနီးဆုံးက ဟင္းပန္းကန္ဆီလက္လွမ္းကာ ဟင္းတို႔ကိုဇြန္းနဲ႔ခပ္၍ ထမင္းပန္းကန္ထဲထည့္ေပးလိုက္ေတာ့ အံ့ၾသသြားတဲ့ပုံရိပ္ေလး ။
ပန္းကန္ထဲေရာက္လာတဲ့ ပုဇြန္ႏွစ္ေကာင္ေၾကာင့္ ရိပ္ေရာင္ တအံ့တၾသေမာ့ၾကည့္မိသည္။ ေမာင္က သူပုဇြန္နဲ႔မတည့္တာ မသိဘူးလား..။
" စားေလ ကိုကို "
ၿပဳံးၿပီးၾကည့္ကာေျပာေနတဲ့ ေမာင္..။ ၿပီးေတာ့ မၾကားရတာၾကာၿပီျဖစ္တဲ့နာမ္စားေလး ။ ခပ္ေထ့ေထ့ေမာင့္မ်က္ႏွာမွာ တမင္လုပ္တဲ့အက်င့္႐ိုင္းတို႔ စိုးစိမွမျမင္မိတာ သူကပဲ သိပ္ခ်စ္လြန္းေနလို႔လား ။
" မႀကိဳက္ဘူးလား "
အလိုမက်တဲ့ေလသံနဲ႔အတူ က်ဴးေက်ာ္လာတဲ့ခက္ရင္းတို႔ကို စိတ္အလိုအေလ်ာက္ လုပ္မိတဲ့ လက္အစုံက တား၏ ။
" ဟင့္အင္း ၊ ငါ..ငါ ႀကိဳက္ပါတယ္ "
တစ္လုပ္စာဟင္းကိုအသင့္ဖဲ့ၿပီးတဲ့ေနာက္ မ်က္လုံးစုံမွိတ္၍ ဗိုက္ထဲအေရာက္ပို႔လိုက္သည္။
ေမာင္ တမင္လုပ္သည္ျဖစ္ေစ။
မရည္႐ြယ္ဘဲ လုပ္သည္ျဖစ္ေစ။
ေမာင္နဲ႔ပတ္သတ္သမွ်ကို သူခ်စ္ပါသည္ ။
__________________
အိမ္ေရာက္ေရာက္ခ်င္း ရိပ္ေရာင္ ေဆးဘူးကိုရွာရသည္ ။ တစ္ကိုယ္လုံးက ယားယံကာ ေသပစ္ခ်င္ေလာက္ေအာင္ နာက်င္ေနလ်က္ ။
အက်..ခြၽတ္လိုက္ေတာ့ ဗိုက္နဲ႔ရင္ဘတ္ေပၚမွာအကြက္ေတြ ။ ပုဇြန္နဲ႔မတည့္မွန္းသိရက္နဲ႔ စားခဲ့တဲ့ ရိပ္ေရာင္ရဲ႕အျပစ္ပင္ ။
ကိုယ္ေရွ႕ကိုေဆးလိမ္းလို႔ရေပမဲ့ ေနာက္ေက်ာျပင္ကိုလွမ္းေတာ့ လက္က မမွီ ။ မလိမ္းလို႔လည္း မရ။ ကုန္းကုန္းကြကြျဖင့္ အေနၾကပ္လွသည္ ။ ဒုကၡေရာက္ေနခ်ိန္မွာ ကူညီႏိုင္မယ့္ တစ္ဉီးတည္းေသာ ေဘးနားကလူသည္လည္း ကိုယ့္ကိုအမုန္းႀကီးမုန္းေနေလေတာ့ကား...။
တံခါးလက္ကိုင္ဘုကို ကိုင္လ်က္ အခန္းထဲဝင္ရမွာ ခ်ီတုံခ်တုံျဖစ္ေနတဲ့ လက္ယာ ။ ေစာနက ကားေမာင္းေနရင္း ေဘးဘက္မွာထိုင္ေနတဲ့သူကိုၾကည့္မိေတာ့ လည္ပင္းတစ္ေလွ်ာက္မွာ အနီကြက္ေတြ ။
ကားပါကင္ထိုးၿပီးၿပီးခ်င္း အိမ္ေပၚေျပးတက္သြားပုံေထာက္ အခုခ်ိန္ေဆးလိမ္းေနေလာက္မည္။ တကယ္ေတာ့ ကိိုကို ပုဇြန္နဲ႔မတည့္တာ လက္ယာသိသည္။ ဒါေပမဲ့ ကိုကိုမုန္းေအာင္၊ သူ႔ကိုပစ္ခြာသြားေအာင္လုပ္ရမွာ လက္ယာတာဝန္မို႔ ။
စိတ္ကိုမာမာထား၍ အခန္းထဲဝင္ေတာ့ ေနာက္ေက်ာေပးကာ အက်..ခြၽတ္နဲ႔ ကုတင္ေပၚမွာ ေဆးလိမ္းေနတဲ့သူ ။ လက္တစ္ဖက္က ေဆးဘူးကိုကိုင္လ်က္ လက္တစ္ဖက္က ေက်ာေနာက္ကို မမွီမကမ္းလွမ္းပြတ္ေနသည္။
အရင္လိုဆို Allergic ထတိုင္း လက္ယာ ေဆးလိမ္းေပးေနက်ဆိုေပမဲ့ အခုေတာ့မဟုတ္ဘူး ။ လက္ယာ သိပ္ခ်စ္တဲ့ ကိုကိုက လက္ယာစိတ္ထဲမွာ ေသသြားတာၾကာၿပီ ။ ဒီလိုျဖစ္ေအာင္လည္း ကိုကိုကိုယ္တိုင္ပဲလုပ္ခဲ့တာ ။
" ဟက္ ေကြၽးတိုင္းလည္း စားလိုက္တာပဲလား "
ေဆးလိမ္းေနရာကေန ရိပ္ေရာင္ ေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့ တံခါးေဘာင္ကိုမွီကာ ရပ္ေနတဲ့ ေမာင္ ။ ကုတင္ေပၚက ဆင္းကာ ..
" ေမာင္..."
" ေတာ္စမ္းပါ! ၊ ဘာ"ေမာင္"လဲ ၊ က်ေနာ့္ကို ေမာင္ လို႔ေခၚခြင့္ရွိတဲ့သူက က်ေနာ္ခ်စ္တဲ့ ကိုကိုတစ္ေယာက္တည္းအတြက္ ၊ ခင္ဗ်ားအတြက္မဟုတ္ဘူး ရိပ္ေရာင္မဲ့ "
ေဒါသစြက္တဲ့ ေမာင့္အသံေၾကာင့္ လွမ္းေနတဲ့ ေျခလွမ္းတို႔ရပ္တန္႔သြားရသည္ ။ မစခင္ကတည္းက ကုန္ခ်င္ေနတဲ့ စိတ္အင္အားတို႔က မ်က္ဝန္းအိမ္တြင္ အရည္ၾကည္တို႔ကိုခိုေအာင္းေစ၏ ။
" ေမာင္ ငါ့ကို အဲ့သေလာက္မုန္းလား "
" မုန္းတယ္ "
တုံ႔ဆိုင္းျခင္း အလွ်င္းမရွိတဲ့ စကားသံေအာက္တြင္ ႏွလုံးသားတို႔ အမြမြေၾကရပါသည္ ။ ခႏၶာကိုယ္ရဲ႕ မသိစိတ္အပိုင္းက သခင္မင္းသားငယ္အလိုကို ႏႈတ္ထြက္ေလေတာ့ကား...
" ေမာင္ ငါ့ကို မမုန္းေအာင္ ငါဘာလုပ္ေပးႏိုင္မလဲ"
" ကြာရွင္းေပး "
ဒီထက္ပိုေတာင့္ခံႏိုင္ဖို႔ ခြန္အားတို႔အလွ်င္းမရွိၿပီ ။ ကိုယ္ကိုယ္တိုင္ နန္းက်ခံလို႔ ေက်ေက်နပ္နပ္ အပ္ႏွင္းထားတဲ့ပလႅင္နန္းထက္က မင္းကို ဘယ္စိတ္နဲ႔မ်ား ကိုယ့္ေဝးေဝးမွာ ထားႏိုင္မွာတဲ့လဲ ။
" ဟုတ္တယ္ ကြာရွင္းေပး၊ဟက္ ဘာလဲ မလုပ္ႏိုင္ဘူးလား "
ခနဲ႔မွန္းသိသည့္ စကားေတြက ခံစားတတ္တဲ့သူအတြက္ လူသတ္လက္နက္လို ။ ရိပ္ေရာင္ ေမာင့္အနားသြားကာ ယိုင္နဲ႔ခ်င္ေနတဲ့ေျခေထာက္အစုံကိုေထာက္ခ်ပစ္လိုက္သည္ ။
" ေမာင္...ငါ..ငါ ေတာင္းပန္ပါတယ္..ေမာင္ေက်နပ္တဲ့အထိ ငါေတာင္းပန္ပါ့မယ္..အဲ့ဒါေၾကာင့္ ကြာရွင္းဖို႔ေတာ့..မေျပာပါနဲ႔ေနာ္.."
ေျခေထာက္ကိုလာဖက္တဲ့ လက္ဖဝါးႏုႏုႏွစ္ဖက္ကို လက္ယာ အားနဲ႔ခြာခ်လိုက္ေတာ့ မတြန္းလွန္ႏိုင္ရွာတဲ့ ခႏၶာကိုယ္ယဲ့ယဲ့က ၾကမ္းျပင္ေပၚသို႔ ေခြက်သည္။
" ေတာက္!! ေယာက်ာ္းတန္မဲ့ အရွက္မရွိလိုက္တာ "
႐ြံရွာစက္ဆုပ္ဟန္တစ္ခ်က္ၾကည့္ကာ အခန္းတံခါးကို ေဆာင့္ပိတ္၍ ထြက္သြားေသာ ေမာင္..။ တစ္ဆက္တည္း ဧည့္ခန္းတံခါးပိတ္သံကိုပါ ၾကားလိုက္ရသည္မို႔ ဒီည ေမာင္ျပန္မလာတာ ေသခ်ာပါသည္ ။ ေခြက်သြားတဲ့ေနရာကေန ထဖို႔ရိပ္ေရာင္ မႀကိဳးစားမိ ။ လြတ္လပ္ခြင့္ေပးခံလိုက္ရတဲ့ တားမရ ဆီးမရတဲ့မ်က္ရည္ေတြနဲ႔ ငိုေႂကြးေနမိတာ အႀကိမ္ႀကိမ္ ။
ငါက ေယာက်္ားတန္မဲ့ငိုေနလို႔
အရွက္မရွိတာမဟုတ္ဘူးေမာင္...။
မင္းကို သိပ္ခ်စ္မိလြန္းလို႔
အရွက္တရားကိုေတာင္ ငါေမ့ေနတာ...။
" အင္း..မနက္က်ရင္ေတာ့ ကြာရွင္းဖို႔ကိစၥ ေမာင္ေမ့သြားမွာပါ ၊ အခုက ေသြးပူေနတုန္းမလို႔.. ၊ ဟုတ္တယ္ ေမာင္ ေသြးပူေနတုန္းမလို႔ပါ "
စိတ္နဲ႔ကိုယ္နဲ႔မကပ္တဲ့လူကို
အ႐ူးပါလို႔ ခင္ဗ်ားတို႔ေခၚရင္
နာမည္တစ္လုံးတည္းကိုသာ တေနတဲ့
အခ်စ္ရဲ႕ေက်းကြၽန္ေလးကိုေရာ
ဘယ္လိုအမည္သမုတ္ၾကမလဲ
က်ဳပ္ သိခ်င္စမ္းပါရဲ႕ဗ်ာ...။
_________________
Han Nay Ter 👶👴💚