Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေး...

By Neko_san_ZP

1.2M 117K 4.5K

Zawgyi/Unicode Started date: 25.oct.2020 End date: 26.dec.2023 လော့ကျန်းပေ့ x လော့ရှန်ဟွာ More

intro
ဇာတ်ကောင်မိတ်ဆက်(ဇာတ်ကောင်မိတ်ဆက်)
Chapter - 1 (System moon)
Chapter - 2(My Daddy)
Chapter - 3 (Plan - 1 )
Chapter - 4(ဟန်စုမင်)
Chapter - 5(ဒယ်ဒီဆီက နေ့လည်စာ)
Chapter -7 (တကယ် နင်းခံရမဲ့သူက ဘယ်သူလဲ)
Chapter - 8 (ဒယ်ဒီ ရောက်နေပြီ)
Chapter - 9 (ငါ့မှာ ဒယ်ဒီရှိတယ်)
Chapter - 10 (ဒယ်ဒီက ကမ္ဘာပေါ်မှာအချောဆုံး-1)
Chapter-11 (ဒယ်ဒီက ကမ္ဘာပေါ်မှာအချောဆုံး-2)
Chapter -12 (ဒယ်ဒီက ကမ္ဘာပေါ်မှာအချောဆုံး-3)
Chapter -13(ဒယ်ဒီက ငါ့မက်မွန်လေးကို ရိုက်ရဲတယ်!)
Chapter-14 (Lavender Rose meaning Love at first sight)
Chapter -15 (ဒယ်ဒီရန်မကြောက် ရေခဲမုန့်ထပ်စားရန်ကြံနေသည့်ရှန်လေး-1)
Chapter -16 (မင်းက ကိုယ့်အပိုင်ပဲ)
Chapter -17(လီရှန်းဟွာ???)
Chapter-18(hot dogလား ကိုယ်လား)
Chapter -19(ဒယ်ဒီ သိသွားပြီ ဟော်ရှ!)
Chapter -20 (ကျန်းယုဝေဆိုသည့် အန်တီကြီးရေ ဒယ်ဒီဘေးနားကနေ out!)
Chapter-21(ဒယ်ဒီက ထူးဆန်းတယ်)
Chapter -22(ဒယ်ဒီ ဒါဘာအခန်းကြီးလဲ)
Chapter-23(ဦး)
Chapter-24 (ကျန်းလင်းရှ)
Chapter -25(ငါ့ကို သူငယ်ချင်းလို့ကော သတ်မှတ်ခဲ့ရဲ့လား)
chapter-26(ရှအန်းထျန်း & ထန်းဟော်ရှ)
Chapter-27(ပင်လယ်ထဲကလက ပုံရိပ်ယောင်သက်သက်ပဲ)
Chapter - 28
Chapter -29(ဒယ်ဒီက နံပါတ်တစ်)
Chapter-30
Chapter-31(ကော့တင်းပါတီနောက်ကလှည့်ကွက်များ-1)
Chapter-32 (ကော့တေးပါတီနောက်ကလှည့်ကွက်များ-၂)
Chapter-33(ကော့တေးပါတီနောက်ကွယ်ကလှည့်ကွက်များ-3)
Chapter -34(ကလေးငယ်ကြောင့် ရူးတော့မယ်)
Chapter-35(ဖက် ဖက် ဖက် ဖက်)
Chapter -36(ဒယ်ဒီက ရှန်လေးကို ပိုချစ်တာပေါ့နော်)
Chapter-37(နောက်ကွယ်ကဖြစ်ရပ်များ-1)
Chapter -38(နောက်ကွယ်ကဖြစ်ရပ်များ-2)
Chapter -39(နောက်ကွယ်က လှည့်ကွက်များ-3)
Chapter -40(Unicode /Zawgyi)
Chapter -41(မင်းက ကိုယ့်အပိုင် ဟော်ရှ)
Chapter -42(ရှန်လေး စိတ်ကောက်ချင်ပေမယ့်...)
Chapter -43(ဒယ်ဒီက ရှန်လေးအပိုင်)
Chapter -44
Chapter -45
Chapter -46
Chapter -47
Chapter -48
Chapter -49
not update//
Chapter -50
Chapter -51
Chapter -52
Chapter -53
Chapter-54
Chapter-55
Chapter -56
Chapter -57
Chapter -58
Chapter -59
Chapter -60
Chapter -61
Chapter-62
Chapter-63
Chapter-64
Chapter-65
Hello Plz read
//Read//
Chapter -66
Chapter -67
Chapter -68
Chapter-69.1
Chapter-69.2
Chapter -70
Chapter -71
Chapter-72
Chapter-73
Chapter-74
Chapter-75
Chapter-76
Chapter-77
Chapter-78
Chapter-79
Chapter-80
Chapter-81
Chapter-82
Chapter-83
Chapter-84
Chapter-85
Chapter-86
Chapter-87
Chapter-88
Chapter-89
Chapter-90

Chapter -6 (ထန်းဟော်ရှ)

25.3K 2.6K 88
By Neko_san_ZP


Zawgyi

ထိုခဏလေးအတွင်းမှာ ဖြစ်ပျက်သွားသည့် အာဖြစ်အပျက်များနဲ့အတူ သူတို့ထင်သလို လော့ဟွာရှန် အရှက်ကွဲမည့်ကိစ္စမဟုတ်ခဲ့ပေ၊ဒီလူတွေက လော့ရှန်ဟွာဆီ နေ့လည်စာထမင်းဗူးလာပို့တယ်...၊ပြိးတော့ သလင်လေးလို့လည်း ခေါ်လိုက်သေးတယ်၊ဒါဘယ်လိုအခြေအနေကြီးလဲ??


"King of macarons!"







ထမင်းအပေါ်မှာ ထောပတ်သီးကို ပါးပါးလှီးထပ်ထားသည့် Dragon rollကို တူနဲ့ညှပ်ယူလိုက်ပြီး စားလိုက်သည်၊ sushiရဲ့တကယ့်အသက်က ထမင်းလို့ပဲ လော့ရှန်ဟွာထင်မိသည်၊သူစိတ်ထဲတွင် sushiထမင်းဟာ စားလို့အကောင်းဆုံးပဲ၊ဘာနဲ့ပဲ ဖြစ်ဖြစ်တကယ်ကို လိုက်ဖက်ညီလွန်းသည်၊ တစ်ခုပြီးတစ်ခု စားနေပြီး ဘေးနားရှိ ဖြစ်ပျက်နေသည့်မျက်နှာတွေကို သတိမထားမိချေ၊ သူစားလို့ ကုန်သွားမှ ကျေနပ်စွာလျှာလေးကို သပ်လိုက်ပြီး အသီး saladကို တစ်ဝက်ကျော်သည့်ကုန်အောင် စားသောက်သူဗိုက်လေးပင်နည်းနည်း ဖောင်းကားသွားသည်။





















------------
Chapter -7 မျှော်

Unicode

ထိုခဏလေးအတွင်းမှာ ဖြစ်ပျက်သွားသည့် အာဖြစ်အပျက်များနဲ့အတူ သူတို့ထင်သလို လော့ဟွာရှန် အရှက်ကွဲမည့်ကိစ္စမဟုတ်ခဲ့ပေ၊ဒီလူတွေက လော့ရှန်ဟွာဆီ နေ့လည်စာထမင်းဗူးလာပို့တယ်...၊ြပိးတော့ သလင်လေးလို့လည်း ခေါ်လိုက်သေးတယ်၊ဒါဘယ်လိုအခြေအနေကြီးလဲ??

ဟန်မင်စုဟာလည်း ထိုသို့ဖြစ်လာမည်ဟုမထင်ချေ၊သူလည်း အခြားသူတွေ တွေးသလိုမျိုးတွေးခဲ့တာကိုး၊အခုလိုမျိုး တကူးတက နေ့လည်စာလာပို့ခံရမယ်လို့ သူလုံးဝမတွေးခဲ့ပေ၊ပြီးတော့ macarons အချိုမုန့်ရဲ့ဘေးရှိ တံဆိပ်ကိုတွေ့လိုက်ရသည့်အချိန်မှာ အံ့အားသင့်သွားတော့သည်၊ သူတစ်ယောက်ထဲ မြင်သည်မဟုတ်ဘဲ အချိုမုန့်ကြိုက်သည့်ကျောင်းသူ၊ကျောင်းသားအချို့ဟာလည်း မြင်သွားပြီး

"King of macarons!"

King of Macaronsက နာမည်အတိုင်း အချိုမုန့်ပြုလုပ်သည့်နေရာတွေ ဘုရင်တစ်ပါးလိုပင်၊သူတို့ဆီက Macaronsအချိုမုန့်ဟာ တစ်ရက်ကို အခုတစ်ရာသာ ရောင်းချပြီး အရမ်းကိုလည်းဈေးကြီးလွန်းလှသည်၊မင်းမှာ ပိုက်ဆံရှိနေရင်တောင် ထိုအချိုမုန့်စားရဖို့ မသေချာပေ၊သူတို့တောင် တစ်ခါထဲစားဖူးခြင်းဖြစ်သည်၊ဒီအချိုမုန့်တစ်ခုရဲ့တန်ဖိုးဟာလည်း သာမန်မိသားစုရဲ့ခြောက်လစာဝင်ငွေနဲ့ညီမျှသေးသည်၊ ဒါပေမယ့် ဆင်းရဲသားကောင် လော့ရှန်ဟွာဆီမှာ အခု၂၀လောက်တွေ့နေရသည်၊ မယုံနိုင်စရာပဲ!လောကကြီး ဘာဖြစ်ကုန်တာလဲ

လော့ရှန်ဟွာကတော့ အချိုမုန့်မကြိုက်တဲ့သူဖြစ်ပေမယ့် King of Macaronsရဲ့အချိုမုန့်တွေရဲ့ဈေးနူန်းကိုတော့ သူနားလည်သည်၊ လီကုမ္ပဏီဟာ အနည်းငယ်အင့်အားတောင့်တင်းထိနေရာမှာ ပါဝင်ပေမယ့် သူရဲ့အစ်မစားဖို့အတွက် ထိုဆိုင်အရှေ့တွင် ငါးနာရီလောက် အချိန်ဖြုန်းရပ်ခဲ့ရပြီး အချိုမုန့်သုံးခုသာရရှိခဲ့ပြီး ထိုမုန့်ရဲ့ဈေးနူန်းကြောင့် ထိတ်လန့်ခဲ့ရသေးသည်၊ သူရှေ့ရှိ macaronsတွေကိုကြည့်ပြီး

'ငါ့ဒယ်ဒီက အရမ်းချမ်းသာတာပဲ' လို့ တွေးလိုက်ရင်း အံ့အားသင့်နေတဲ့သူတစ်သိုက်ကို လျစ်လျူရှုလိုက်ပြီး kani (ဂဏန်းသားကိုထမင်းရဲ့အပေါ်မှာထပ်ထားသည့် nigiri) ကို soy ဆော့စ်နဲ့ တို့လိုက်ပြီး ဖြည်းဖြည်းချင်းစားလိုက်သည်၊ သူ sushiကို သဘောကျရသည့်အကြောင်းအရင်းဟာ ထမင်းကြောင့်လည်းပါသည်၊ထမင်းရဲ့အရသာဟာအရမ်းကိုစားကြောင်းပြီး sayဆော့စ်ရောထားသည့် wasabiနဲ့တွဲစားပြီး ရရှိသည့်အရသာဟာ ပြောပြမတတ်နိုင်ပေ၊

kaniဟာ သူအကြိုက်ဆုံးsushiလည်းဖြစ်သည်၊ပြုတ်ပြီးသား king crabလက်မရဲ့အရသာဟာ ချိုပြီး နွေဦးမှာပန်းပေါင်းများစွာပွင့်သွားသလိုပဲ၊မင်းသာတစ်ခါစားဖူးရင် ဒီအရသာကိုသေတဲ့အထိမေ့နိုင်မည်မဟုတ်ချေ၊

လော့ရှန်ဟွာဟာ kaniစားလို့ကုန်တော့ နောက်ထပ်သူအကြိုက်ဆုံးဖြစ်သည့် sake sushi( ဆာလမွန်ငါးကိုပါးပါးလှီးထားပြီး ထမင်းပေါ်ထပ်ထားသည့် nigiri) လတ်ဆတ်တဲ့ငါးအရသာဟာ ပါးစပ်ထဲမှာပျော်ဝင်သွားချိန်မှာ daikon radish(မုန့်လာဥဖြူ)နဲ့တွဲစားရင် မင်းကို တကယ့်နတ်ပြည်ဆိုတာ ဘာလဲဆိုတာ ပြသပေးမည့်အစားအစာပင်၊ လော့ရှန်ဟွာပျော်ရွှင်စွာစားသုံးရင်း နောက်ထပ် salmon roe(ဆာလမွန်ဥနဲ့ပြုလုပ်ထားသည့် maki sushi) ထမင်းအလုံးကို ရေညှိနဲ့ပတ်ထားပြီး ထိပ်မှာ ဆာလမွန်ဥများပြည့်သိပ်နေအောင်တင်ထားသည့် sushiဖြစ်သည်၊ တူနဲ့ယူလိုက်ပြီး soyဆောစ့်နဲ့အဖျားစွတ်ကာတို့လိုက်ပြီး ပါးစပ်ထဲထည့်ကာ စားလိုက်သည်၊ဆာလမွန်ငါးဥရဲ့အရသာဟာ အရမ်းကိုလေးပင်ပြီး ပါးစပ်ထဲတွင်ဝါးလိုက်တော့ တဖောက်ဖောက်နဲမြည်နေသည်ဟာ သဘောကျစရာအရသာပင်၊

မဆိုးပါဘူး မဆိုးပါဘူး၊ uramaki sushiကလည်း သူ့အကြိုက်ဆုံး sushiအမျိုးအစားတစ်မျိုးဖြစ်ပြန်သည်၊သူကျတော့ makiနဲ့မတူစွာ ထမင်းကိုအပြင်ဘက်ထားပြီး ရေညှိကိုအတွင်းထားကာ အခြားအစားအစာတွေကို လိပ်ထားသည့် sushiမျိုးဖြစ်သည်၊ ထိုထဲမှာ သူအကြိုက်ဆုံးက Dragon roll uramakiဖြစ်သည်၊ Dragon roll ထဲတွင် ထောပတ်သီး၊philadelphia cheese၊သခွားသီး၊ပုစွန်ကို ရေညှိကို အတွင်းပတ်ထားတာ လိပ်ထားသည်၊ 

ထမင်းအပေါ်မှာ ထောပတ်သီးကို ပါးပါးလှီးထပ်ထားသည့် Dragon rollကို တူနဲ့ညှပ်ယူလိုက်ပြီး စားလိုက်သည်၊ sushiရဲ့တကယ့်အသက်က ထမင်းလို့ပဲ လော့ရှန်ဟွာထင်မိသည်၊သူစိတ်ထဲတွင် sushiထမင်းဟာ စားလို့အကောင်းဆုံးပဲ၊ဘာနဲ့ပဲ ဖြစ်ဖြစ်တကယ်ကို လိုက်ဖက်ညီလွန်းသည်၊ တစ်ခုပြီးတစ်ခု စားနေပြီး ဘေးနားရှိ ဖြစ်ပျက်နေသည့်မျက်နှာတွေကို သတိမထားမိချေ၊ သူစားလို့ ကုန်သွားမှ ကျေနပ်စွာလျှာလေးကို သပ်လိုက်ပြီး အသီး saladကို တစ်ဝက်ကျော်သည့်ကုန်အောင် စားသောက်လိုက်ကာ သူဗိုက်လေးပင်နည်းနည်း​ေဖာင်းကားသွားသည်၊

လော့ရှန်ဟွာစားသောက်လို့ ပြီးတာမြင်မှ ဟန်စုမင်လည်း သူသိချင်တာကို စတင်မေးမြန်းကြည့်တော့သည်၊

"ရှန်ဟွာ ခုနကလူတွေက ဘယ်သူတွေလဲဟင်၊မင်းနဲ့ဘယ်လိုပတ်သတ်တာလဲ?" လို့ မေးလိုက်ရင်း သူ့မျက်ဝန်းများဟာ macaronsအချိုမုန့်ပေါ်မှာ မနာလိုမှုကြီးစွာရှိနေသည်၊ အခုနှစ်ဆယ်လောက်ရှိတဲ့ အချိုမုန့်ဟာ သူ့ကိုလှောင်ရယ်နေသယောင်၊ သူစိတ်ထဲ လော့ရှန်ဟွာကို ချမ်းသာသည့်သခင်လေးတစ်ယောက်ဟု မတွေးမိချေ၊သူဌေးကြီးတစ်ယောက်ကို အပိုင်ဖမ်းထားသည့်ဟုပင် တွေးတောနေလိုက်သည်၊

"ငါ့ဒယ်ဒီရဲ့သက်တော်စောင့်တွေလေ "

ပြောပြန်ပြီ အဲ့ဒယ်ဒီ!မင်းက မိဘမဲ့တစ်ယောက်လေ၊ဘယ်အဘိုးကြီးတစ်ယောက်ဆီက စပွန်ဆာရထားတာလဲ၊ဟက် မင်းဘယ်လောက်ဖုံးကွယ်ထားနိုင်မှာလဲ၊ငါ တဖြည်းဖြည်းရအောင် ထုတ်ဖော်ပြမယ်၊ အခုတော့ ဟန်စုမင်ဟာ သူတည်ဆောက်ထားသည့်ပုံရိပ်နဲ့မသင့်တော်တာကြောင့် စိတ်လျော့ထားလိုက်ပြီး...

"ဟုတ်လား မင်းအဖေက မင်းကိုတော်တော်ချစ်မှာပဲ"လို့ သဘောထားကြီးပြီး အားကျသည့်သူငယ်ချင်းကောင်းပုံဟန်ဖြင့် ပြောလိုက်သည်၊

"အင်း "လို့ စိတ်မပါတပါပြန်ဖြေပြီး သူ့ကို လျစ်လျူရှုကာ စာကိုသာ ပြန်လုပ်နေသည့် လော့ရှန်ဟွာကြောင့် ဒေါသထွက်သွားပေမယ့် စိတ်ကိုဖြေလျော့လိုက်ကာ သူရဲ့နေ့လည်စာကို ဆက်စားနေလိုက်သည်၊ဘာလို့လဲဆိုတော့ လော့ရှန်ဟွာကိုအထင်သေးတာ သူတစ်ယောက်ထဲမှ မဟုတ်တာ

"လော့ရှန်ဟွာ... လာပို့တဲ့သူကို ဘယ်ကနေငှါးလာတာလဲ... နင်တကယ့်ကို သခင်လေးတစ်ယောက်ရဲ့ဟန်ပန်သရုပ်ဆောင်နိုင်တာပဲ"လို့ ခနဲ့သာ သူ့အနားရောက်လာပြီး ပြောဆိုနေသည့် ကျောင်းသူလေးကို တစ်ချက်သာ ကြည့်လိုက်ပြီး ကျောင်းစာကိုပါ ဆက်အာရုံစူးစိုက်နေလိုက်သည်၊ ဟန်စုမင်ကို ဖြုတ်ချပြီး သူရဲ့စရိုက်ပေါ်လာအောင် လုပ်ဖို့က သူ့ထက်သာအောင်လုပ်ဖို့ပဲ၊ ဒါပေမယ့် လူချစ်လူခင်ပေါများအောင် လုပ်ဖို့တော့ လော့ရှန်ဟွာ စိတ်မပါချေ၊ မင်းသာ ပိုက်ဆံဖြုန်းတီးနိုင်ရင် အပေါင်းအဖော်ဆိုတာ ဒုနဲ့ဒေးကို ရောက်လာမှာ၊မိတ်ဆွေဆိုတာကို လော့ရှန်ဟွာမယုံကြည်ပေ၊

"ဟန်ဆောင်တယ်???အဟက် ဟန်ဆောင်လို့တော့ကော ငါအတွက်ဘာအကျိုးမြတ်ရမှာမို့လို့လဲ"လို့ ခနဲ့အပြုံးလေးနဲတစ်ချက်ပြုံးကာ ရယ်သံစွတ်သံနဲ့ပြောလိုက်တော့ ထိုကျောင်းသူလေးရဲ့ပါးနှစ်ဖက်ဟာ ရဲတွတ်သွားပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့်

"အချို့က နင်ဆင်းရဲတယ်ထင်ပြီး...အနိုင်ကျင့်စော်ကားတာတွေကို မခံနိုင်တော့လို့... ဟန်ဆောင်..."

"ဟန်ဆောင်နေတယ်... အင်း..."လို့ လော့ရှန်ဟွာဟာ ခုံကနေထလိုက်ပြီး သူရှေ့ရှိရပ်နေသည့် ကျောင်းသူရှေ့ကိုရပ်လိုက်တော့ ကျောင်းသူလေးဟာ သူ့ထက်ခေါင်းတစ်လုံးကျော်လောက် ပိုပုနေသည်၊ ဒါပေမယ့် ထိုအတိုင်းအတာတွေကို လော့ရှန်ဟွာစိတ်မဝင်စားချေ၊ ချောကလပ် Macarons ကို ယူလိုက်ကာ ကျောင်းသူရဲ့မေးစေ့လေးကိုကိုင်ကာ ဟလိုက်ပြီး ထည့်ကာကျွေးလိုက်သည်၊တဝက်သာသာပါသွားပြီး ထိုကျောင်းသူလေးဟာလည်း ကြောင်အအနဲ့စားနေရင်း အရသာအရမ်းကောင်းမွန်သည့်အရသာကြောင့် လော့ရှန်ဟွာလက်ထဲရှိ နောက်ထပ်တစ်ဝက်ကို ယူကာစားလိုက်တော့သည်၊ လော့ရှန်ဟွာ အနည်းငယ် ပြုံးလိုက်ပြီး...

"King of Macaronsက မုန့်တွေက အတုလုပ်ပိုင်ခွင့်မရှိဘူး၊သူရဲ့အရသာက သူမတူအောင်ထူးခြားတာ...နောက်ထပ်တစ်ချက်က ထိပ်မှာ  ရွှေရောင်ခြယ်ထားပြီး အောက်ခြေမှာလည်း KOMဆိုပြီး ပါလို့ပဲ"လို့ပဲ ပြောလိုက်တော့ ကျန်တဲ့သူတွေလည်း ဟုတ်ကြောင်း ခေါင်းတစ်ညိတ်ညိတ်နဲ့တင်၊ အရင်က Komဆိုပြီး တံဆိပ်နဲ့အတုလုပ်ကာရောင်းစားခဲ့တဲ့သူတွေရှိပေမယ့် နောက်ဆုံးလမ်းစပင်ရှာမတွေ့ရအောင် ပျောက်ချင်းမလှပျောက်သွားတာကြောင့် ဘယ်သူမှ အတုမလုပ်ရဲကြတော့ပင်၊

"ဒါဆို မင်းမှာ မိဘရှိတယ်ပေါ့"

"မရှိဘူးလို့ ငါပြောဖူးလို့လား"လို့ ရှန်ဟွာက ပြန်မေးလိုက်တော့ ထိုကျောင်းသားဟာ ခေါင်းလေးတညိတ်ညိတ်ဖြင့် ဟုတ်သားပဲလို့ ပြန်ဖြေရှာသည်၊ လော့ရှန်ဟွာ ထိုကျောင်းသားကို သူသိသည်၊သူနဲ့လော့ရှန်ဟွာဟာ အရင်ဘဝက ကောလိပ်တူနေခဲ့ပြီး လူအချို့ကို သတိထားရန်သတိပေးခဲ့တဲ့သူလည်း ဖြစ်သည်၊ဒါပေမယ့် မိုက်ရူးရဲဆန်သည့်လော့ရှန်ဟွာဟာ လျစ်လျူရှုခဲ့တာကြောင့် နောက်ကျောဓားနဲ့ထိုးခံရခြင်းဖြစ်သည်၊ ဒီကျောင်းသားက နည်းနည်းအမြင်ကတ်စရာကောင်းပေမယ့်... အကျင့်စာရိတ္တကတော့ ဆိုးမယ်မထင်ဘူး၊ ထိုကျောင်းသားရဲ့နာမည်တံဆိပ်ကို ကြည့်လိုက်တော့ "ထန်းဟော်ရှ" ၊ ...ထန်းဟော်ရှ ထန်းဟော်ရှ... မဟုတ်မှလွဲရော... ထန်းရန်နဉ်ရဲ့???

လော့ရှန်ဟွာရဲမျက်အိမ်လေးဟာ ပြူးကျယ်သွားပြီး အံအားသင့်စွာဖြင့်...

"ထန်းရန်နဉ်...ထန်းရန်နဉ်ရဲ့ညီလား???" လား မေးလိုက်လို့ ထန်းဟော်ရှက ခေါင်းညိတ်လိုက်ပြီး သူ့ကိုကြည့်ကာ...

"မင်း ငါ့အစ်ကို သိတယ်ပေါ့"

"သိတာပေါ့ သူက ငါရဲ့..." အရင်းနှီးဆုံးမိတ်ဆွေလို့ ပြောခါနီးမှာ စကားကိုရပ်လိုက်ရပြီး... "လေးစားရဆုံး ရှေ့နေလေ"လို့ ပြောလိုက်တော့ ထန်းဟော်ရှဟာ ဂုဏ်ယူတဲအပြုံးဖြင့်

"ဒါပေါ့ ငါ့အစ်ကိုက လူတိုင်းအားကျစရာကောင်းတဲ့လူငယ်တစ်ယောက်ကိုး...သူက အရမ်းကိုတော်ပြီး တိကျထက်မြက်တဲ့သူတစ်ယောက်" လို့ ထန်းဟော်ရှဟာ စတင်သူ့အစ်ကိုရဲ့ကောင်းရာကောင်းနိုးအချက်များကို စတင်လေတိုက်တော့သည်၊လော့ရှန်ဟွာတစ်ယောက် မေးမိတာတောင် နောင်တရချင်သယောင်ယောင်၊ဒါပေမယ့် ကြိုးစားမာန်တက်ပြောပြနေသည့် သူ့အစ်ကိုပေါ်ယုံကြည်အားကိုးလွန်းသည့်လူငယ်လေးရဲ့မျက်ဝန်းများကြောင့်လည်း စကားကို မဖြတ်ရက်၊ မှန်သည် ထမင်းစားချိန်တစ်ချိန်လုံး ထန်းဟော်ရှရဲ့ အာပုတ်ထုတ်သမျှကို နားနဲ့မဆန်နိုင်အောင် နားထောင်လိုက်ရသည်၊

တဖက်မှာလည်း ဟန်စုမင်ဟာ လက်သီးကိုကျစ်ကျစ်ဆုပ်ကာ ရယ်ရယ်မောမောပြောနေသည့် သူနှစ်ယောက်ကိုကြည့်ကာ အောက်နူတ်ခမ်းကို ဖိကိုက်လိုက်ပြီး ခေါင်းငုံ့ကာ သူရဲ့အမူအရာဖုံးကွယ်လိုက်သည်၊ထန်းမိသားစုက ရှေ့နေ့အနွယ်တွေဖြစ်ပြီး သူတို့ရဲ့အင်အားဟာ တော်တော်လွှမ်းမိုးနိုင်သည့် အနေအထားမှာရှိသည်၊ အရင်ကထန်းဟော်ရှကို ခင်ရန်ကြိုးစားဖူးသော်လည်း ထိုကောင်ဟာ ချေလွန်းအားကြီးရုံမကတဲ့အပြင်

'ငါ့အစ်ကိုက မင်းတို့ ဟန်မိသားစုနဲ့မပတ်သတ်ဖို့ ပြောထားတယ်"ဆိုသည့် အကြောင်းပြချက် သူ့ကို လုံးဝပင် လှည့်မကြည့်ခဲ့ချေ၊ ဒါကို ဘာကြောင့် အဲ့လော့ရှန်ဟွာကို ပတ်သတ်ရတာလဲ!

------------
Chapter -7မျှော်

Continue Reading

You'll Also Like

267K 11.1K 37
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
2.7K 293 11
Halloween အတွက် သရဲ ဝတ္တု တစ်ပုဒ် ရေးဖြစ်တယ်။ တစ်ခုပဲ သရဲတွေက ကြောက်ဖို့မကောင်းဘဲ သူတို့က "မုန်းမာန်" ကို ပြန်ကြောက်နေကြတယ်။ "မုန်းမာန်" က သာမာန် လူတ...
805K 51.6K 27
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 1950 BL (Time travel) Unicode an...
18.6K 1.3K 24
အပြစ်ကင်းသော ချစ်ခြင်းဟူသည် မရှိ နာကျင်မှုကင်းသော အလွမ်းဟူသည်လည်း မရှိ ထို့ကြောင့် ငါသည်သာ အပြစ်ပေါင်းများစွာ နာကျင်မှုပေါင်းများစွာတို့ဖြင့် ...