သောကမီးလျှံ

Od Ling____

137K 23.1K 2.1K

အဓိကဇာတ်ဆောင်များ : ရွှမ်းကျီး, ရှန့်လင်ယွမ်း Viac

Description and Synopsis
နိဒါန်း
အတွဲ(၁) အပိုင်း (၁)
(၃-၁)
(၃-၂)
(၄)
(၅-၁)
(၅-၂)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂-၁)
(၁၂-၂)
(၁၃)
အတွဲ (၂) အပိုင်း(၁၄)
(၁၅)
(၁၆)
(၁၇-၁)
(၁၇-၂)
(၁၈)
(၁၉)
(၂၀)
(၂၁)
(၂၂)
(၂၃)
(၂၄)
(၂၅)
(၂၆)
(၂၇)
(၂၈)
(၂၉)
(၃၀)
(၃၁)
(၃၂)
(၃၃)
(၃၄)
(၃၅)
(၃၆)
(၃၇)
(၃၈)
(၃၉)
(၄၀)
(၄၁)
(၄၂-၁)
(၄၂-၂)
အတွဲ (၃) အပိုင်း (၄၃)
Announcement
(၄၄)
(၄၅)
(၄၆)
(၄၇)
(၄၈)
(၄၉)
(၅၀)
(၅၁)
(၅၂)
(၅၃)
(၅၄)
(၅၅)
(၅၆-၁)
(၅၆-၂)
(၅၇)
(၅၈)
(၅၉)
(၆၀)
(၆၁)
(၆၂)
(၆၃)
အတွဲ (၄) အခန်း (၆၄)
(၆၅)
(၆၆)
(၆၇)

(၂)

3K 454 37
Od Ling____

Unicode

ဓာတ်လှေကားတံခါးက ၃၆ထပ်တွင် ပွင့်သွားသည်နှင့်တပြိုင်နက် မြင်လိုက်ရသောမြင်ကွင်းကြောင့် ရွှမ်းကျီး၏မျက်လုံးတို့ပြာဝေသွားတော့၏__ဤအထပ်တစ်ထပ်လုံးသည်ကား တစ်ဝက်တစ်ပျက်အမိုးပွင့်ပုံစံပြုလုပ်ထားခြင်းဖြစ်ကြောင်းကိုအံ့သြတကြီးတွေ့မြင်လိုက်ရ၏။ အလယ်တွင်မှန်တံခါးတစ်ချပ်ရှိကာ တောင်ဘက်သို့မျက်နှာမူထားသော ကြမ်းခင်းမှမျက်နှာကျက်အထိအတန်းလိုက်ရှိနေသည့် မှန်ပြတင်းများ​ကြောင့် မြို့တော်ကိုအပေါ်စီးမှပင်ငုံ့ကြည့်နိုင်ပေ၏။

ထို ၃၆ထပ်မှာပင် အဆောက်အဦးအပြင်ဘက်သို့ ထုတ်ထားသော ဝရန်တာတစ်ခုရှိသေးသည်။ ရွှမ်းကျီးက သူ့မျက်လုံးများကိုပွတ်သပ်လိုက်သောအခါ ထိုဝရန်တာပေါ်တွင် ရှုပ်ထွေးလွန်းလှသည့်ဂါထာမန္တန်အများအ​​​ပြားကိုတွေ့လိုက်ရသည်။ အလွှာလိုက်အလွှာလိုက်ရေးသားထားသော ဂါထာမန္တန်တို့က ဝရန်တာတစ်ခုလုံးအပြည့်ပင်။ ထိုဝရန်တာအပေါ်တွင် ရဟတ်ယာဥ်ဆင်းသက်ရန်မဆိုထားဘိ လေယာဥ်ပြေးလမ်း​​ကြောင်းလုပ်ရင်တောင်မှရပေလိမ့်မည်။

လူသားကမ္ဘာတွင်ပျင်းရိပျင်းတွဲရှင်သန်နေထိုင်လာခဲ့သမျှ နှစ်ပေါင်းများစွာအတွင်း ရွှမ်းကျီးသည်ကား အရာအားလုံးကိုတွေ့မြင်ခဲ့ပြီးပြီဟုထင်မှတ်နေကာ သူ၏မိုးကုပ်စက်ဝန်းကိုထပ်မံဖြန့်ကျက်စရာအကြောင်းမရှိတော့ဟုအထင်ရောက်ခဲ့မိ၏။ သို့သော် လူသားလုပ်သားများ၏အလွန်အင်မတန်ကြီးမားသော ဧရာမစွမ်းဆောင်ရည်တို့က သူ့ကို တခဏမျှ အံ့သြမှင်တက်သွားစေတော့သည်။ စူးရှသည့်နေရောင်ခြည်ကြောင့် ခေါင်းများပင် မူးနောက်နောက်ဖြစ်လာရပြီး 'ပြန်လည်ပြုပြင်ရေးဌာန' ကိုရှာမတွေ့သေးခင်မှာပင် သူ့အနားရှိ ဓာတ်လှေကားတံခါးကပွင့်သွားပြီးနောက် အလျင်စလိုပြေးထွက်လာသော ရှောင်းကျန်းနှင့်အတူ သူ့နောက်မှ တကောက်ကောက်လိုက်ပါလာသူများကိုတွေ့လိုက်ရလေသည်။

ဓာတ်လှေကားအပေါက်ဝတွင် အရူးတစ်ယောက်လိုအူကြောင်ကြောင်ရပ်နေရှာသော တောသားငနုံ ရွှမ်းကျီးကိုမြင်လိုက်သည်နှင့်တပြိုင်နက် ဟာရီကိန်းမုန်တိုင်းရှောင်းက လျှပ်စီးအလျင်နှင့်ရောက်လာကာ သူ့ကို လမ်းတစ်လျှောက်ဆွဲခေါ်သွားလေတော့သည်။

"မင်းတို့ဌာနရဲ့လေယာဥ်က အခုထွက်ခွာဖို့အဆင်သင့်ဖြစ်နေပြီ။ မင်းကအဖွဲ့ကိုဦးဆောင်ရမယ်။ မိနစ်နှစ်ဆယ်အတွင်း လေယာဥ်ဘီးတင်တော့မယ်။ လာ...သွားရင်းနဲ့ပြောရအောင်"

ရွှမ်းကျီး: "......."

ဘာကို အခုလဲ? ဘာကိုအဆင်သင့်ပြင်ရမှာလဲ?

သူ့ခမျာ ရုံးခန်းက တံခါးကိုထိတောင်မထိရသေးဘဲ အလုပ်ကိစ္စခရီးတစ်ခုအတွက် လေယာဥ်တစ်စင်းပေါ်သို့ ဆွဲတင်ခြင်းခံလိုက်ရရှာသည်။.....ခဏလေး....ဒီဌာနက ကိုယ်ပိုင်လေယာဥ်ရှိတာလား?

မှန်တံခါးများပွင့်သွားပြီးနောက် ပြေးလမ်းအပြင်ဘက်မှလေများက အတွင်းသို့ တဟုန်ထိုးဝင်ရောက်လာ​တော့သည်။ လူတိုင်း၏ဦးခေါင်းများသည်ကား 'Nimbus 2000s' ကဲ့သို့ပုံပျက်သွားရရှာသည်။ တစ်ခေါင်းလုံး ခေါင်းလိမ်းဆီအပြည့်လိမ်းထားသော ဒါရိုက်တာရှောင်းတစ်ယောက်တည်းသာလျှင် လေဒဏ်ကိုအံတုရင်း 'Tai တောင်ကြီး' ကဲ့သို့ မလှုပ်မယှက်မားမားမတ်မတ်ရပ်နေလေ၏။ သူက ရွှမ်းကျီး၏လက်ထဲသို့ ဖိုင်များတပွေ့တပိုက်ထိုးထည့်ပေးလိုက်ရင်းက သုန်မှုန်စွာပြောလာသည်။

"ချိယွမ်းမှာ တစ်ခုခုဖြစ်နေပြီ"

'ချိယွမ်း' ဟူသောစကားလုံးများကိုကြားလိုက်ရသည်နှင့်တပြိုင်နက် ဆံပင်ကိုနောက်လှန်သပ်ချနေသော ရွှမ်းကျီး၏လက်များက ရပ်တန့်သွားသည်။ အလင်းရောင်ပြန်ကြောင့် သူ့မျက်လုံးများ တခဏမျှကန်းသွားသလို မျက်လုံးများကိုမှေးကျဥ်းလိုက်ရင်း မေးလိုက်သည်။

"ဘာကြီး?"

သိချင်သည့်အရာကိုသာသိပြီး မသိသည့်အရာကိုဆိုလျှင် နကန်းတစ်လုံးမှပင် မသိသော ရွှမ်းကျီး၏အထွေထွေဗဟုသုတစွမ်းရည်ကိုသိရှိထားပြီးဖြစ်သည့်အလျောက် ရှောင်းကျန်းမှာ 'ချိယွမ်း' ဆိုသည်ကား မည်သည့်အရာဖြစ်ကြောင်းကို ရွှမ်းကျီးတစ်ယောက်မသိနိုင်လောက်ဟုတွေးလိုက်၏။ သူက ခပ်သွက်သွက်ရှင်းပြလိုက်သည်။

"ချိယွမ်းဆိုတာ ချိယွမ်းချောက်နက်ကြီးကိုပြောတာပဲ။ ဒါပေမယ့် 'ချိယွမ်း' လို့ပြောလိုက်ရင် ချောက်နက်ကြီးရဲ့ခရီးသွားနယ်မြေကိုပြောတာမဟုတ်ဘူး...ခရီးသွားနယ်မြေက ချောက်နက်ကြီးရဲ့အပြင်ဘက်နယ်နိမိတ်မှာပဲရှိတာ။ ချောက်နက်ကြီးရဲ့အတွင်းပိုင်းထဲမှာ အတော်လေးကျယ်ပြန့်တဲ့ရှေးဟောင်းသစ်တောအုပ်တွေရှိတယ်။ အဲဒီသစ်တောတွေက ဘယ်တော့မှကြီးထွားလာလေ့မရှိသလို အဲဒီနေရာအကြောင်းကိုလည်း ပြည်သူလူထုကိုချမပြထားဘူး"

ရွှမ်းကျီးက မဝံ့မရဲတီးတိုးမေးလိုက်၏။

"အဲဒီ ချောက်နက်ကြီးမှာ ဘာတွေဖြစ်နေလို့လဲ?"

"ချိယွမ်းချောက်နက်ကြီးက ငါတို့ အနီးကပ်စောင့်ကြည့်ရတဲ့ အန္တရာယ်များတဲ့နေရာတွေထဲကတစ်ခုပဲ။ ချောက်ကြီးရဲ့အလယ်ဗဟိုမှာ ဘာမှန်းမသိရတဲ့ စွမ်းအင်စက်ကွင်းတွေအများကြီးရှိတယ်။ ဒါပေမယ့် အဲဒါတွေကိုသေသေချာချာလေ့လာနိုင်ဖို့အတွက် ငါတို့ရဲ့လက်ရှိနည်းပညာနဲ့ အထဲကိုဝင်သွားဖို့မဖြစ်နိုင်သေးဘူး။ အဲဒီစွမ်းအင်စက်ကွင်းတွေကြောင့် မူမမှန်စွမ်းအင်ဖြစ်ရပ်တွေ ခဏခဏဖြစ်တတ်တယ်။ နောက်ပြီး အဲဒီရှေးဟောင်းသစ်တောအုပ်ထဲမှာ အချိန်အကြာကြီးပျောက်ဆုံးနေခဲ့တဲ့ ရှေးဟောင်းမန္တာန်အစီအရင်တွေနဲ့ ဘယ်သူမှနားမလည်တဲ့ ကမ္ဗည်းစာအကြွင်းအကျန်တွေ အများကြီးလည်းရှိသေးတယ်။ ဒီနေ့ဒီအချိန်ထိ အဲဒီစာတွေရဲ့ ဆယ်ပုံတစ်ပုံလောက်ကိုပဲ အဓိပ္ပါယ်ဖော်ထုတ်နိုင်သေးတယ်။ ငါတို့သုတေသနဌာနက ကျွမ်းကျင်ပညာရှင်တွေရဲ့အဆိုအရ​တော့ အဲဒီချောက်နက်ကြီးထဲမှာ အရမ်းအန္တရာယ်များတဲ့အရာတွေကို ချိပ်ပိတ်ထားလိမ့်မယ်လို့ သုံးသပ်ကြတယ်"

ရွှမ်းကျီးက ထိုအလွန်တရာအန္တရာယ်များလှသောအရာများနှင့်ပတ်သက်သည့် သူ၏အမြင်ကိုပြောကြားလိုသည့်နှယ် ပါးစပ်ဟလိုက်သော်ငြား ရှောင်းကျန်းကသူ့ကိုစကားပြောခွင့်မပေးပါချေ။ ရှောင်းကျန်းက ရွှမ်းကျီးနှင့်အခြားသောပြန်လည်ပြုပြင်ရေးဌာနမှဝန်ထမ်းများကို ရဟတ်ယာဥ်ပေါ်တွင် ခပ်မြန်မြန်နေရာချထားပေးလိုက်ရင်း သူ့နေရာတွင်ခပ်သွက်သွက်ဝင်ထိုင်ကာ ယူလာသော tablet ကိုဖွင့်လိုက်သည်။

"ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ လိုရင်းတိုရှင်းပြောပြမယ်။ *ရွှေရောင်ရက်သတ္တပတ်အားလပ်ရက်တွေတုန်းက ချိယွမ်းချောက်နက်ကြီးထဲမှာရှိတဲ့ ရှေးဟောင်းသစ်ပင်တွေအတော်များများက ရုတ်တရက်မျိုးဗီဇပြောင်းလဲသွားခဲ့ကြတယ်။ အဲဒီသန္ဓေပြောင်းသစ်ပင်တွေဟာ သစ်တောမြေပြင်မှာ လျှောက်သွားနိုင်ကြသလို သူတို့သွားရာလမ်းတစ်လျှောက်မှာလည်း အမဲလိုက်နိုင်စွမ်းရှိကြတယ်။
လုံခြုံရေးအတွက် အဲဒီဒေသမှာရှိတဲ့ ငါတို့ရဲ့နယ်မြေခံလုပ်ဖော်ကိုင်ဖက်တွေက ခရီးသွားစီမံခန့်ခွဲရေးရုံးချုပ်နဲ့ဆွေးနွေးခဲ့ပြီး 'ဘူမိဗေဒဆိုင်ရာအန္တရာယ်' ကြောင့် ဧည့်သည့်လက်ခံမှုကိုရွှေ့ဆိုင်းထားဖို့တောင်းဆိုခဲ့ကြတယ်။ ဒါပေမယ့် အသိဉာဏ်မရှိတဲ့လက်တစ်ဆုပ်စာ သည်းထိပ်ရင်ဖိုစွန့်စားခန်းဖွင့်ချင်သူတွေရှိနေကြလိမ့်မယ်လို့ ဘယ်သူကထင်မှာတဲ့လဲ။ သူတို့က မဝင်ဖို့တားမြစ်လေလေ၊ ပိုပြီးဝင်ချင်လေလေပဲ။ သူတို့က 'စွန့်စားခန်းဖွင့်ဖို့'အတွက် ခိုးဝင်လာကြပြီး သန္ဓေပြောင်းသစ်ပင်တွေ ထကြွလှုပ်ရှားလာတာနဲ့အချိန်ကိုက် တိုက်ရိုက်ထုတ်လွှင့်မှုတွေကိုတောင် လုပ်ဖို့ကြိုးစားခဲ့ကြသေးတယ်။ဒါက စောင့်ကြည့်ကင်မရာတွေကနေ ရိုက်မိထားတာတွေပဲ..."

T/N
*မေလနဲ့အောက်တိုဘာလမှာ ကျရောက်တဲ့ တရုတ်ပြည်ရဲ့ ရက်ရှည်အားလပ်ရက်ဖြစ်ပါတယ်။ ဒီဝတ္ထုမှာတော့ အောက်တိုဘာ ၁ ရက်နေ့ကနေ အောက်တိုဘာ ၇ ရက်နေ့အတွင်းအချိန်ကာလကိုရည်ညွှန်းပါတယ်။ တရုတ်နိုင်ငံမှာရှိတဲ့ အလုပ်လုပ်နေကြသူတွေဟာ အားလပ်ရက်ရှည်ရဖို့ခက်ခဲတာကြောင့် အများစုက ခရီးသွားလာဖို့အတွက် ဒီအချိန်ကာလကိုပဲ ရွေးချယ်သတ်မှတ်လေ့ရှိကြပါတယ်

ပြောရင်းဆိုရင်းမှာပင် သူက tablet ထဲတွင်ရှိသော ဗီဒီယိုဖိုင်တစ်ခုကိုဖွင့်ပြလိုက်သည်။ ကင်မရာက ငလျင်လှုပ်နေသလို ပြင်းပြင်းထန်ထန်လှုပ်ယမ်းနေကာ ပုံရိပ်များမှာလည်းမငြိမ်မသက်ဖြစ်လို့နေသည်။ တခဏမျှကြာသော် အရိပ်သဏ္ဌာန်တစ်ခုသည်ကား ချောင်းမြောင်းတိုက်ခိုက်ရန်ပြင်နေသော စပါးအုံးမြွေကြီးတစ်ကောင်သဖွယ်မြင်ကွင်းအလယ်မှ သဘာဝလွန်အလျင်နှုန်းဖြင့် ရုတ်တရက် လှစ်ခနဲဖြတ်ပြေးသွား၏။ ၎င်းက အန္တရာယ်ကြီးစွာဖြင့်လျှောဆင်းသွားပြီး ကင်မရာနှင့်မနီးမဝေးတွင်ရှိနေသော သစ်ပင်တစ်ပင်ဆီသို့ဝင်တိုးလိုက်ပြီးသကာလ ထိုလှုပ်ရှားမှု၏ အရှိန်အဟုန်ကိုသုံး၍ ကိုယ်ကိုလိမ်ပတ်ကာ သစ်ပင်ကိုရစ်ပတ်လိုက်သည်။

စပါးအုံးမြွေကြီး၏ရစ်ပတ်ဖျစ်ညှစ်ခြင်းကိုခံလိုက်ရသော ရှေးဟောင်းသစ်ပင်ကြီးမှာ သူ၏သက်စောင့်ဓာတ်များနှုတ်ယူခံလိုက်ရသလို၊ တမုဟုတ်ချင်း ရှုံ့တွခြောက်ကပ်သွားပြီး စက္ကန့်နှစ်ဆယ်အတွင်းမှာပင် သစ်ကိုင်းခြောက်သေတစ်ပုံအဖြစ်ပြောင်းလဲသွားရရှာ​တော့သည်။

ထိုအချိန်မှသာလျှင် ရွှမ်းကျီးတစ်ယောက် သဲကွဲစွာတွေ့မြင်လိုက်ရသည်ကား အနှီ'စပါးအုံးမြွေကြီး' သည်ကား စင်စစ် သစ်ပင်ကြီးတစ်ပင်၏ အမြစ်အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်ဆိုသောအကြောင်းပင်တည်း။

ယခုအခါတွင်တော့ ကြောက်မက်ဖွယ်အမြစ်ကြီးမှာ ဗိုက်ဝသွားသဖြင့်ကျေနပ်သွားပြီးသကာလ ပို၍ပင်တုတ်ခိုင်အားကောင်းလာတော့သည်။ သူက ရှေးဟောင်းသစ်ပင်အကြွင်းအကျန်များပေါ်မှ ပြန်ဆင်းလာကာ သူ၏ခွန်အားကိုပြသသည့်နှယ် အကြိမ်အနည်းငယ်မျှ လွှဲလိုက်ယမ်းလိုက်လုပ်နေပြီးနောက် အချက်မပေး ဘာမပေးနှင့် ကင်မရာဆီသို့ ရုတ်တရက် ဝဲပျံလို့လာ၏။ ချက်ချင်းဆိုသလို ကင်မရာမျက်နှာပြင်က လုံးဝဥဿုံအမှောင်အတိကျသွားပြီး မှန်ဘီလူးမှာလည်းကွဲကြေသွားရှာတော့သည်။

ရွှမ်းကျီးကမျက်မှောင်ကြုတ်လိုက်ပြီး သူ၏*လက်မနှင့် လက်ဆစ်များကိုအသုံးပြုကာ အလျင်အမြန်တွက်ချက်လိုက်သည်။ လတ်တလောတွင် လကြတ်ခြင်း၊ နေကြတ်ခြင်းတို့လည်းမရှိသလို ကြယ်ကြွေခြင်းမျိုးလည်းမရှိပေ။ အင်္ဂါဂြိုဟ်ကလည်း သူ့အစီအစဥ်အတိုင်းမှန်မှန်ကန်ကန်လှည့်ပတ်နေသလို အလှည့်အပြောင်းအမှတ်နားတောင်မရောက်သေးပါချေ။ မူမမှန်သောမိုးလေဝသအခြေအနေများလည်းမရှိသကဲ့သို့ အဝါရောင်ပြက္ခဒိန်အရ 'ယင်းလ၏ယင်းအချိန်နာရီ' လည်းမရောက်သေးသလို 'မိစ္ဆာအချိန်အခါ' လည်းမရောက်သေးပါချေ။ အရာအားလုံးဟာ ပုံမှန်အတိုင်းသာလည်ပတ်နေခဲ့ပါလျက်
အဘယ်အတွက်ကြောင့် သစ်ပင်အမြောက်အမြားက သန္ဓေပြောင်းသွားကြရပါသနည်း။

*ရှေးတုန်းက လူသားတွေရဲ့ မိုးလေဝသဖြစ်ရပ်တွေနဲ့ သဘာဝဘေးအန္တရာယ်ဖြစ်ရပ်တွေကို ကြိုတင်နိမိတ်ဖတ်တွက်ချက်တဲ့နည်းလမ်းပါ။


"ငါတို့ရဲ့ခန့်မှန်းတွက်ချက်မှုတွေအရတော့ ဒီတစ်ခေါက်မှာ အနည်းဆုံး သန္ဓေပြောင်းသစ်ပင်ရှစ်ပင်လောက်ရှိကြလိမ့်မယ်လို့ထင်တယ်။ ကင်မရာမှတ်တမ်းမှာရိုက်မိထားတဲ့အမြစ်က နဂါးထင်းရှူးပင်တစ်ပင်ရဲ့အ​မြစ်ဖြစ်ကောင်းဖြစ်နိုင်တယ်။ သူတို့က အပြင်ဘက်ကို မြန်မြန်ဆန်ဆန် ဆန့်ထွက်လာကြပြီး သဘာဝပေါက်ပင်တွေကိုသာမကဘူး သူတို့ရဲ့လမ်းကြောင်းမှာရှိနေတဲ့သက်ရှိသတ္တဝါတွေကိုပါ စားသောက်ကြတယ်။ ငါတို့ရဲ့လူတွေက နို့တိုက်သတ္တဝါအသေကောင်ကြီးတချို့ကိုလည်း ရှာတွေ့ခဲ့ကြတယ်" ရှောင်းကျန်းက ပြောသည်။

"အဲဒီနေရာမှာ ပိတ်မိပြီးသောင်တင်နေတဲ့လူတွေရှိနေတဲ့အကြောင်းကိုကြားတဲ့အခါ ဒေသခံတွေက အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကို ချက်ချင်းပဲစေလွှတ်ခဲ့ကြပြီး လူတိုင်းကိုခေါ်ထုတ်ခဲ့ကြတယ်။ ဒီလူတွေက တကယ့်ကို ကံကောင်းတယ်ပဲပြောရမယ်။ သူတို့က သဘာဝလှိုဏ်ဂူကြီးတစ်ခုကိုရှာတွေ့သွားပြီး အဲဒီအထဲမှာဝင်ပုန်းနေခဲ့ကြတယ်လေ။ သူတို့ တကယ်တမ်း ဘယ်အတိုင်းအတာထိမြင်ခဲ့ကြသလဲဆိုတာကိုတော့ ငါတို့သေချာမသိပေမယ့် အခုချိန်မှာ​တော့ သူတို့အားလုံးက အခုစစ်ဆင်ရေးမှာ ပြန်လည်ပြုပြင်ရေးဌာနရဲ့ပထမဦးစားပေးစောင့်ကြည့်ခံရသူတွေဖြစ်သွားပြီ"

လေယာဥ်ပေါ်၌ရှိသော ပြန်လည်ပြုပြင်ရေးအဖွဲ့ဝင်တွေက တညီတညာတည်းဖြေကြားလိုက်ကြသည်။

"နားလည်ပါပြီ"

ရွှမ်းကျီးတစ်ယောက်တည်းသာလျှင် သူ၏ရာထူးကိုကျင့်သားမရသေးဘဲဖြစ်နေကာ နားမလည်နိုင်စွာဖြင့်မေးလိုက်သည်။

"အခုလေးတင်ပဲ လူတွေကိုကယ်ထု​တ်ပြီးပြီလို့ ပြောလိုက်တာမဟုတ်ဘူးလား?"

"ဟုတ်တယ်လေ" သူ့ဘေးက အဖွဲ့ဝင်က ဝင်ပြောလိုက်သည်။

"အဲဒါကြောင့် ပြန်လည်ပြုပြင်ရေးဌာနအနေနဲ့ ရှေ့ထွက်ရမယ့်အချိန်ရောက်လာပြီလေ။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ရဲ့အလုပ်က ခန္ဓာကိုယ်ထိခိုက်မှုနဲ့ပစ္စည်းဥစ္စာဆုံးရှုံးပျက်စီးမှုတွေရဲ့ နောက်ဆက်တွဲကိစ္စတွေကိုဖြေရှင်းပေးရတာတွေ၊ လျော်ကြေးငွေပေးတာမျိုးတွေ၊ ဖြစ်စဥ်တွေထဲမှာ ရောယောင်ပါသွားကြတဲ့ သာမန်ပြည်သူတွေကိုအားပေးနှစ်သိမ့်တာတွေ၊ အများပြည်သူအထိတ်တလန့်မဖြစ်စေဖို့အတွက် မူမမှန်ဖြစ်ရပ်တွေရဲ့သတင်းအချက်အလက်တွေ အပြင်ကိုပျံ့မသွားအောင်တားဆီးရတာတွေပဲလေ"

ရွှမ်းကျီး: "........"

ဟုတ်သားပဲ...သူရဲ့လက်ရှိအလုပ်က အလောင်းတွေနဲ့အပျက်အစီးတွေကို ရှင်းလင်းဖို့၊ ကောလာဟလတွေကိုပျောက်ကွယ်သွားစေဖို့နဲ့ သိပ္ပံပညာရဲ့တန်ဖိုးကိုဖြန့်ကျက်စေဖို့ပဲဖြစ်သည်လေ။

"ဒါက ကျွန်တော့်ရဲ့ပထမဆုံးလည်းဖြစ်၊ အရင်အလုပ်တွေနဲ့လည်း အဆက်အစပ်မရှိတာမို့လို့ပါ...ခင်ဗျားတို့ ရယ်ချင်ရင်ရယ်လို့ရပါတယ်"

ရွှမ်းကျီးက ရယ်ကျဲကျဲလုပ်ပြလိုက်ရင်း သူ၏အဖွဲ့သားများဘက်သို့လှည့်ကာ အကူအညီတောင်းလိုက်၏။

"ဘယ်သူကများ ကျွန်တော့်ကိုပြောပြပေးနိုင်မလဲ။ လုပ်ထုံးလုပ်နည်းတွေအရ များသောအားဖြင့် ဒီလိုအခြေအနေမျိုးတွေမှာ ကျွန်တော်တို့ ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကို?"

သူနောက်လှည့်လိုက်သောအခါ သူ့နောက်တွင်ရှိနေကြသောလူများကို ပထမဆုံးအကြိမ်အဖြစ်သေချာမြင်လိုက်ရ၏။

ပြန်လည်ပြုပြင်ရေးဌာနက သူ့အပြင် အခြားသောဝန်ထမ်းသုံးယောက်ကိုလည်း စေလွှတ်ခဲ့သည်။ အမျိုးသမီးနှစ်ဦးနှင့်အမျိုးသားတစ်ဦးတို့ဖြစ်ကြသည်။ အစောတုန်းက သူ့ကိုစကားပြောခဲ့သူမှာ တစ်ခေါင်းလုံးအပြည့် ခေတ်ဆန်ဆန်'ဆံပင်အကောက်များ' နှင့် စာကြည့်မျက်မှန်ကိုတပ်ဆင်ထားသော အသက်ငါးဆယ်ဝန်းကျင်ခန့် ဝါရင့်သမ္ဘာရင့်အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမက ပန်းရောင်တောက်တောက်ရင်ကွဲသိုးမွေးအင်္ကျီကိုဝတ်ဆင်ထားပြီး အောက်ခံရှပ်အင်္ကျီမှ ဇာအနားကွပ်များက ကော်လာအောက်မှထိုးထွက်လို့နေ၏။ အတော်လေးကို သိမ်မွေ့လှပသောပုံစံမျိုးရှိသည်။

ထို့ထက်ပို၍သိမ်မွေ့လှပသူကတော့ သူမ၏ဘေးတွင်ရှိသော တောက်ပြောင်နေသည့်သားရေရှူးဖိနပ်နှင့်ဝတ်စုံပြည့်ဝတ်ဆင်ထားသော အမျိုးသားလုပ်ဖော်ကိုင်ဖက်တစ်ဦးပင်ဖြစ်သည်။ သူ၏ဆံစပ်ဆံစများက အတော့်လေးကို အခြေအနေမကောင်းလှသည့်တိုင် သူက ခေါင်းလိမ်းဆီများကိုသုံးကာ အသေးစိတ်ပုံသွင်းထားသော ဘီးကုပ်ကိုလည်း ခေါင်းပေါ်တွင် သပ်သပ်ရပ်ရပ်တပ်ထားလိုက်သေး၏။ အဝေးကကြည့်လျှင် ဦးရေပြားပေါ်တွင် ဘားကုတ်တစ်ခုကိုအလှတပ်ဆင်ထားသလို။

ထို့နောက်တွင်တော့ ခပ်ဝဝဖိုင့်ဖိုင့်ကောင်မလေးတစ်ယောက်ကိုတွေ့ရပြီး သူမမှာ အပူဒဏ်ကိုမခံနိုင်သောကြောင့်လား၊ လူစိမ်းတစ်ယောက်ကြောင့်လားမသိ၊ နဖူးထက်တွင် ချွေးအနည်းငယ်စို့နေရှာ၏။ သူဌေးဖြစ်သူက သူမဘက်သို့လှည့်လာသောအခါတွင် ၎င်းမှာ အလွန်အမင်းစိတ်လှုပ်ရှားသွားဟန်ဖြင့် နေရာတွင်ကျောက်ချထိုင်နေလျက် သူမ၏ဘောင်းဘီချုပ်ရိုးများကို လက်ချောင်းကလေးများဖြင့်ကုတ်ခြစ်နေသည်မှာ ဘောင်းဘီကွဲထွက်သွားတော့မလိုပင်။

ရွှမ်းကျီးခမျာ ဌာနတစ်ခုလုံး၏ ဆွဲဆောင်မှုရှိသော ပျမ်းမျှရုပ်ရည်ထိန်းသိမ်းရေးတာဝန်ကို သူတစ်ယောက်တည်းသာ ထမ်းဆောင်ရတော့မည်ဖြစ်ကြောင်း သဘောပေါက်သွားပြီးသကာလ အတန်ငယ်စိတ်ပင်ပန်းလာသလိုဖြစ်သွားရတော့သည်။ ၎င်းမှာ အလွန်တရာဝန်ပိလာသလိုတောင် ခံစားလိုက်ရရှာ၏။

"မင်္ဂလာပါ ဒါရိုက်တာ။ ကျွန်မနာမည်က ပိချွင်းရှန်းပါ။ ဒါရိုက်တာထက် မဆိုစလောက်အသက်က​လေးနည်းနည်း​ကြီးနေတာမို့လို့ လောင်ပိ လို့ခေါ်ရင်ပဲရပါတယ်။ "

စာကြည့်မျက်မှန်နှင့်အမျိုးသမီးက စတင်စကားဆိုလာသည်။

"ဆရာ....မစိုးရိမ်ပါနဲ့။ ကျွန်မတို့မှာ အခြေခံလုပ်ထုံးလုပ်နည်းတွေရှိပြီးသားပါ__ပထမဆုံး လူတစ်ယောက်ချင်းစီနဲ့စကားပြောကြည့်မယ်။ များသောအားဖြင့် သိပ်အရေးမကြီးတဲ့ဟာတွေဆိုရင်တော့လည်း လွယ်လွယ်ပဲဖြေရှင်းလိုက်တာပဲ.....ဘယ်လိုပြောမလဲ....သူတို့ကိုနှစ်သိမ့်ပေးလိုက်တာမျိုးပေါ့....သူတို့ထက်ပိုပြီး စိတ်ဒဏ်ရာကြီးကြီးမားမားရသွားတဲ့သူတွေကိုဆိုရင်တော့ တစ်ခါတလေ 'အထောက်အကူပြုပစ္စည်း' တွေကိုသုံးရတာပေါ့လေ။ အရမ်းကြီးတော့မခက်ပါဘူး။ တစ်ချက်ကြည့်လိုက်တာနဲ့နားလည်သွားပါလိမ့်မယ်။ နောက်ဆုံးအဆင့်အနေနဲ့ သူတို့ရဲ့ဖုန်းတွေ၊ ကွန်ပြူတာတွေကိုစစ်ဆေးကြည့်ရတယ်။ အထူးသဖြင့်အင်တာနက်နဲ့ချိတ်ဆက်လို့ရတဲ့ပစ္စည်းတွေကိုပေါ့။ ဒါမှ သဲလွန်စအချက်အလက်တွေက အွန်လိုင်းပေါ်မှာပျံ့မသွားမှာလေ။ အဲဒါတွေကိုတော့ ချန့်ရူကိုလုပ်ခိုင်းလို့ရပါတယ်__ဟောဟိုက ကောင်မလေးလေ....သူ့နာမည်က ဖျင်ချန့်ရူ လို့ခေါ်တယ်။ သူတို့လိုလူငယ်တွေက နည်းပညာပိုင်းမှာ အရမ်းကျွမ်းကျင်ကြတယ်လေ။ ကျွန်မတို့ရုံးမှာ ပုံနှိပ်စက်ပျက်သွားပြီဆိုရင် သူ့ကိုပဲအမြဲသွားခေါ်ရတာ..."

ဒါဖြင့် ဘောင်းဘီချုပ်ရိုးများကိုကုတ်ခြစ်နေတဲ့ကောင်မလေးရဲ့နာမည်က ဖျင်ချန့်ရူ လို့ခေါ်တာပေါ့။ သူမက ဘောင်းဘီချုပ်ရိုးကြောင်းများလိုပင် တစ်ယောက်တည်းအတွေးနယ်ချဲ့နေဟန်တူ၏။ သူမ၏နာမည်ကိုခေါ်သံကြားလိုက်ရသောအခါ ရုတ်တရက်ထခုန်မိသွားပြီး မျက်နှာပြရမည်ကို ရှက်သလိုကြောက်သလိုနှင့် ခေါင်းကိုတွင်တွင်ငုံ့ကာနှုတ်ဆက်လာ၏။ သူမ၏ခပ်ဖျော့ဖျော့ဆံနွယ်အခွေအလိပ်လေးများက ရွှမ်းကျီး၏မြင်ကွင်းထဲသို့ ဖျတ်ခနဲဝင်ရောက်လာသည်။

ရွှမ်းကျီးက တစ်ခုခုပြောရန်ရည်ရွယ်ထားသော်ငြား တရိုတသေကြီးကိုခေါင်းငုံ့အလေးပြုနေရှာသည့် သူမ၏နောက်စေ့ကိုတွေ့မြင်လိုက်ရသောအခါ ရုတ်တရက်ပြောစရာစကားများပျောက်ရှသွားရတော့သည်။ သူက သူ့နှုတ်ခမ်းကိုစုတ်တစ်ချက်သပ်လိုက်ပြီးနောက် ဖော်ရွေကြင်နာသောအပြုံးတစ်ပွင့်ကိုသာ ဖျစ်ညှစ်ပြုံးပြလိုက်လေတော့သည်။

"မင်းအတွက် အထူးသတိထားရမယ့်နောက်ထပ်ကိစ္စတစ်ခုရှိသေးတယ်"
ရှောင်းကျန်းက နာရီကိုကြည့်လိုက်ရင်း သူတို့၏ဌာနတွင်း အေးစက်နေမှုကိုဖြိုခွင်းလိုက်သည်။

"ငါတို့ကိုအစီရင်ခံစာတင်တုန်းက သောင်တင်နေတဲ့ဧည့်သည့်ငါးယောက်ရှိတယ်လို့ပြောတယ်။ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကလည်း စစချင်းတုန်းက အသက်ရှင်ဆဲ လူငါးယောက်ရဲ့အရိပ်လက္ခဏာကိုပဲတွေ့ခဲ့တာပဲ။ ဒါပေမယ့် ကယ်ထုတ်လာတော့ လူက ခြောက်ယောက်ဖြစ်နေတယ်။ ဘာကြောင့်မှန်းမသိဘဲ လူတစ်ယောက်ပိုနေတယ်"

ပြန်လည်ပြုပြင်ရေးဌာန၏ဝန်ထမ်းများအားလုံးသည်ကား ရှောင်းကျန်း၏ပေါက်တက်ကရသရဲပုံပြင်များကိုကြားလိုက်ရသောအခါ ပြောစရာစကားများပျောက်ဆုံးသွားကာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြတော့သည်။

"အစတုန်းက အဲဒီနေရာမှာ သောင်တင်နေတဲ့အုပ်စုနှစ်စုရှိတယ်။သူတို့က အသက်လု​ပြီး ပြေးရင်းလွှားရင်းနဲ့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ဆုံခဲ့ကြတယ်။ ဒါပေမယ့် ပိုနေတဲ့တစ်ယောက်က တခြားအဖွဲ့ကလူဖြစ်မယ်လို့ နှစ်ဖွဲ့စလုံးကထင်နေကြပြီး သူ့ကို ဘယ်သူကမှသတိမထားမိခဲ့ကြဘူး။ သူတို့ထဲကတစ်ဖွဲ့က ဗီဒီယိုရိုက်ဖို့အထဲကိုဝင်လာတာဖြစ်တဲ့အတွက် ကင်မရာတွေကိုပိတ်မထားခဲ့ကြဘူး။ ဒါကြောင့် အဖြစ်အပျက်တစ်ခုလုံးကိုရိုက်ယူထားနိုင်ခဲ့တယ်"

ရှောင်းကျန်းက စကားဆက်သည်။

"ငါတို့ဗီဒီယိုမှတ်တမ်းတွေကိုပြန်ကြည့်တဲ့အခါ အဲဒီလူပါတဲ့အပိုင်းတွေအကုန်လုံးက မြင်ကွင်းကနေလွတ်နေတယ်။ ဆိုလိုတာက သူတို့ဟာ အစကနေအဆုံးထိ သူ့ရဲ့အသံကိုပဲဖမ်းမိခဲ့တာပဲ"

ပြောရင်းဆိုရင်းမှာပင် သူကနောက်ထပ်ဗီဒီယိုတစ်ခုကိုဖွင့်ပြလာပြန်သည်။ ဗီဒီယိုထဲက လူက အလင်းရောင်အတွင်းသို့ တစစီပြိုကွဲထွက်နေသလို။ လွန်ကဲစူးရှသောအလင်းရောင်များအတွင်း၌ တောက်တောက်ပပအရိပ်သဏ္ဌာန်တစ်ခုကိုသာလျှင်တွေ့မြင်ရ၏။

ထိုအရိပ်သဏ္ဌာန်ထံမှထွက်ပေါ်လာသောစကားသံကိုကြားလိုက်ရသည်။

ငါက....ငါရဲ့ ကိုးသက်ခြောက်ဘဝကို စိတ်ကုန်နေလို့...ပေါ့ပေါ့ပါးပါးလမ်းလျှောက်ထွက်လာတာ....

အသံတစ်ခုတည်းကိုသာကြားရသော်ငြား ပြောဆိုသူ၏စကားသံထဲမှ အပြုံးများကိုပါကြားလိုက်ရသည့်နှယ်။ သူ၏စကားလုံးများကတည်တည်ငြိမ်ငြိမ်ရှိလှပြီး လေသံကလည်းနွေးထွေးလှပေရာ ကြားရသူတိုင်းမည်သူမဆို ထိုသူကိုချက်ချင်းပင် နှစ်သက်သဘောကျမိသွားစေနိုင်သည်အထိပင်။

ပိချွင်းရှန်းက တခဏမျှစဥ်းစားပြီးနောက် ပြောလာသည်။

"အဲဒီအချိန်တုန်းက သူတို့တွေက အသက်လုပြေးနေရတာမဟုတ်ဘူးလား။ အဲဒီလူကိုကြည့်ရတာ နည်းနည်းတော့......အရမ်းကိုတည်ငြိမ်နေတဲ့ပုံပေါက်နေတယ်"

ရှောင်းကျန်းက ခေါင်းယမ်းလိုက်၏။

"မဟုတ်ဘူး။ ဒါကမှ ထူးဆန်းတဲ့အပိုင်းပဲ"

သူက နောက်ထပ်အသံဖိုင်များကိုဖွင့်ပြလိုက်သည်။

ပထမတစ်ခုက ကောင်မလေးတစ်ယောက်၏ခပ်ပြတ်ပြတ်စကားသံတစ်သံဖြစ်သည်။ အသံကိုနားထောင်ရသလောက်တော့ အသက်ခပ်ငယ်ငယ်သာရှိသေးသည့်ပုံပင်။ သူမက ကင်မရာကိုကြည့်ပြီးပြောနေပုံရသည်။

"ကောင်းပြီ....အခု ကျွန်မတို့အထဲကိုဝင်လာကြပြီ။ ဦးဆုံးအနေနဲ့ အားလုံးကို ဒီအနီးနားတဝိုက် လျှောက်ကြည့်ဖို့ခေါ်သွားပါမယ်"

ဒုတိယတစ်ခုကတော့ အမျိုးသားတစ်ဦး၏ ခပ်သြသြအသံဖြစ်သည်။

"ခရီးသွားတယ်ဆိုတာက တကယ်တော့ ကိုယ့်အတွက်ငြီးငွေ့နေတဲ့နေရာတစ်ခုကနေ တခြားလူအတွက်ငြီးငွေ့နေတဲ့နေရာတစ်ခုကိုသွားတာမျိုးပဲ။ အခုခေတ်မှာ အများပြည်သူအားလပ်ရက်တွေမှာ အပြင်ထွက်မယ်ဆိုရင် ကားပိတ်တဲ့ဒုက္ခကိုခံစားရမှာပဲ။ ကျွန်တော်ပြောချင်တာကဗျာ....ဆိုဖာပေါ်မှာအေးအေး​ဆေးဆေးလှဲနေပြီး သူများတွေဟိုဟိုသည်သည်ပြေးလွှားလှုပ်ရှားနေရတာကိုကြည့်နေရတာက ပိုမကောင်းဘူးလား။ ဒီနေ့မှာ​တော့ ကျွန်တော်တို့က သင့်ရဲ့မျက်လုံးတွေကို ခရီးတစ်ခုဆီလှည့်လည်ခေါ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ အကယ်၍ သင်တွေ့မြင်ရတာတွေကိုသဘောကျနှစ်သက်တယ်ဆိုရင် ကျွန်တော်တို့ကို like and subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်..."

တတိယတစ်ခုကတော့ အမျိုးသားတစ်ဦး၏အနည်းငယ်အက်ရှရှနိုင်သောအသံတစ်သံဖြစ်သည်။

"ငါကတော့.....အဲ့လောက်လည်း ဆင်းရဲပင်ပန်းနေရတယ်လို့မထင်ဘူး။ လူတိုင်းမှာကိုယ့်ဒုက္ခနဲ့ကိုယ်ရှိကြတာပဲလေ။ ကိုးသက်ခြောက်ဘဝရဲ့နေ့ရက်တွေကရော ပင်ပန်းဆင်းရဲမှုမရှိလို့လား။ ပင်ပန်းရတယ်ဆိုရင်တောင် အနည်းဆုံးတော့ ငါတို့လွတ်လွတ်လပ်လပ်နေနိုင်သေးတာပဲ"

ရှောင်းကျန်းက ပြောသည်။

"ပြဿနာမဖြစ်ခင်မှာ တိုက်ရိုက်ထုတ်လွှင့်မှုလုပ်ခဲ့ကြတဲ့ လူသုံးယောက်ရှိတယ်။ ဒါတွေက သူတို့ရဲ့ကြည့်ရှုသူတွေနဲ့ ရောက်တက်ရာရာစကားပြောထားတဲ့မှတ်တမ်းတွေပဲ။ တခြားသူတွေရဲ့စကားသံတွေနဲ့ရောနေတာဆိုတော့ ရှင်းရှင်းလင်းလင်းမကြားနိုင်လောက်ဘူးဆိုပေမယ့်.....ဒီမှာ ငါပြမယ်...."

"ကြားတယ်" ရွှမ်းကျီးက သူ့မေးစေ့ကိုပွတ်သပ်နေရင်းက ပြောလိုက်သည်။

"အဲဒီ လူထူးလူဆန်းက သူများတွေပြောတဲ့စကားတွေထဲက စကားလုံးတချို့ကိုဖြတ်တောက်ယူပြီး ဝါကျအသစ်တစ်ခုကိုပြန်ပြောနေတာပဲ"

ပိချွင်းရှန်း၏ နှာတံပေါ်ရှိမျက်မှန်က အောက်သို့လျှောကျလာသည်။

"သူက တခြားသူတွေပြောတာကို အတုခိုးပြီးလိုက်ပြောနေတာလို့ဆိုလိုတာလား?"

"အတုခိုးရုံတင်မဟုတ်ဘူး"

ရှောင်းကျန်းက ကောင်မလေး၏ဗီဒီယိုထဲမှ 'အနီးနားတဝိုက်လျှောက်ကြည့်မည်' ဟူသော စကားလုံးများကိုထုတ်နှုတ်လိုက်ပြီး တဆက်တည်းမှာပင် လူထူးလူဆန်း၏ဗီဒီယိုထဲမှ အဆိုပါ 'အနီးနားတဝိုက်လျှောက်ကြည့်မည်'ဟူသည့်စကားလုံးကိုထုတ်နှုတ်လိုက်ပြန်သည်။ ထိုစကားလုံးများမှာ ပုံမှန်စကားပြောဆိုချိန်၌ မသိသာလှသောစကားလုံးများဖြစ်ပြီး နောက်
တစ်စက္ကန့်လောက်ကြာလျှင်ပင် မေ့သွားနိုင်လောက်ပေ၏။ သို့ရာတွင် ယခုကဲ့သို့ဖြတ်တောက်ထုတ်နှုတ်ကာ နှစ်ခုကိုယှဥ်ကြည့်လိုက်သောအခါတွင်တော့ နားထောင်နေသူအားလုံးမှာ ကြက်သီးတဖြန်းဖြန်းထသွားရလေတော့သည်။

"အသံနေအသံထား၊ စည်းချက်၊ အသံအနိမ့်အမြင့်၊ အဖြတ်အတောက် အကုန်လုံးကအတူတူတွေပဲ၊ မသိရင် တစ်ယောက်ယောက်ကပဲ အဲဒီအသံဖိုင်ကို အသံပြောင်းတဲ့ဟာနဲ့ပြောင်းထားလိုက်သလိုပဲ။ ဒီလူက သူများပြောတဲ့စကားတွေကိုအတုခိုးရုံတင်ခိုးတာမဟုတ်ဘူး။ အတိအကျကိုကူးချပြီးပြောနေတာ"

ရှောင်းကျန်းကခေါင်းမော့လိုက်သည်။

"စကားလုံးတစ်လုံးတလေကတော့ တိုက်ဆိုင်တာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ယှဥ်ပြီးကြည့်လိုက်မယ်ဆိုရင်တော့ အဲဒီလူထူးလူဆန်းပြောတဲ့စကားလုံးတိုင်းက သူများတွေရဲ့စကားလုံးတွေကိုအတိအကျကူးယူထားတာပဲ"

ငါ့အတွက်ကတော့

ငြီးငွေ့တယ်

ကိုးဘဝခြောက်သက်

ထွက်လာတယ်

အနီးနားတဝိုက်လျှောက်ကြည့်

"ဒီလူကိုသေချာစောင့်ကြည့်ရမယ်။ အချိန်လည်းမစောတော့ဘူးဆိုတော့ မင်းတို့လည်းသွားသင့်ပြီ"

ရှောင်းကျန်းကပြောရင်းဆိုရင်း ရွှမ်းကျီးကိုတစ်ချက်လှမ်းကြည့်လိုက်၏။

"မင်းပြန်လာတဲ့အခါကျရင် အသံလေးဘာလေးပေးလိုက်။ ငါတို့က အခုချိန်ကစပြီး တရားဝင် လုပ်ဖော်ကိုင်ဖက်တွေဖြစ်သွားပြီဆို​တော့ ပြန်လာရင်တစ်ခုခုသွားစားရအောင်"

ကြည့်ရတာ နောက်ဆုံး၌ လောင်ရှောင်းက သူ့ကိုပြန်လည်ပြုပြင်ရေးဌာနထဲသို့ ညာခေါ်လာသည့်ကိစ္စနှင့်ပတ်သက်သည့် ဖြေရှင်းချက်တစ်ခုကိုစဥ်းစားထားပြီးဖြစ်ပုံရသည်။

ရွှမ်းကျီးက သူ့ကိုခပ်ပြုံးပြုံးပြန်ပြောလိုက်သည်။

"မင်းဒကာခံမှာမလား? ဒါဆို နည်းနည်းတော့တစ်မျိုးဖြစ်မနေဘူးလား ဒါရိုက်တာရှောင်းရဲ့။ ဘာလို့ဒီလောက်တောင် ကပ်စေးနည်းရတာလဲ? ဖိတ်မယ့်ဖိတ်တော့လည်း ငါတို့တစ်ဌာနလုံးကလူတွေကိုဖိတ်ကျွေးသင့်တယ်မဟုတ်ဘူးလား?"

ပိချွင်းရှန်းနှင့် 'ဝင်းလက်တောက်ပြောင်သော' လုပ်ဖော်ကိုင်ဖက်ကောင်လေးတို့သည်ကား သူတို့၏အလုပ်တွင် အနည်းနှင့်အများတော့ အတွေ့အကြုံရှိသူများဖြစ်ကြသည်။ သို့ဖြစ်ရာ ၎င်းတို့က တွေဝေတုန့်ဆိုင်းခြင်းအလျဥ်းမရှိဘဲ သူ၏ဦးဆောင်မှုနောက်သို့လိုက်ကာ ဗရမ်းဗတာအခြေအနေကိုဖန်တီးသည့်နေရာ၌ မိမိနှင့်သက်ဆိုင်ရာအခန်းကဏ္ဍကို ဝမ်းမြောက်ဝမ်းသာပါဝင်ဆင်နွှဲရင်း 'သူဌေးသူကြွယ်များကိုတိုက်ခိုက်ကာ သူတို့၏မြေယာများကိုခွဲဝေယူမည်' ဟူသောစိတ်အားထက်သန်မှုအပြည့်ဖြင့် သူတို့၏ဆန္ဒကိုထုတ်ဖော်ပြသနေကြလေ၏။

"ငါတို့ကို ကန်တင်းက စားသောက်ဆိုင်ကိုခေါ်သွားပြီး အရူးလုပ်ဖို့တော့မစဥ်းစားနဲ့နော်။ အနည်းဆုံး ငါတို့တစ်ခါမှမစားဖူးသေးတဲ့ စားသောက်ဆိုင်ကိုသာ ခေါ်သွားဖို့ပြင်ထား။ လာ....စားကောင်းသောက်ကောင်းတွေမစားခင် အလုပ်အရင်လုပ်ကြတာပေါ့"

ရွှမ်းကျီးက ကြောက်စရာကောင်းသည့်ဗီဒီယိုကို သူ့ရဲ့ဖုန်းထဲသို့ကူးယူလိုက်သည်။

"သြော်...ဒါနဲ့ အဲဒီ 'သဏ္ဌာန်မဲ့ပုံရိပ်' မှာ နာမည်ရှိလား?"

"အာ....သူက သူ့ကိုယ်သူ 'ရှန့်လင်ယွမ်း' လို့ပြောတယ်"

21.12.2020

ရှန့်လင်ယွမ်း

🔥🔥🔥🔥🔥🔥🔥

Zawgyi

ဓာတ္ေလွကားတံခါးက ၃၆ထပ္တြင္ ပြင့္သြားသည္ႏွင့္တၿပိဳင္နက္ ျမင္လိုက္ရေသာျမင္ကြင္းေၾကာင့္ ႐ႊမ္းက်ီး၏မ်က္လုံးတို႔ျပာေဝသြားေတာ့၏__ဤအထပ္တစ္ထပ္လုံးသည္ကား တစ္ဝက္တစ္ပ်က္အမိုးပြင့္ပုံစံျပဳလုပ္ထားျခင္းျဖစ္ေၾကာင္းကိုအံ့ၾသတႀကီးေတြ႕ျမင္လိုက္ရ၏။ အလယ္တြင္မွန္တံခါးတစ္ခ်ပ္ရွိကာ ေတာင္ဘက္သို႔မ်က္ႏွာမူထားေသာ ၾကမ္းခင္းမွမ်က္ႏွာက်က္အထိအတန္းလိုက္ရွိေနသည့္ မွန္ျပတင္းမ်ား​ေၾကာင့္ ၿမိဳ႕ေတာ္ကိုအေပၚစီးမွပင္ငုံ႕ၾကည့္နိုင္ေပ၏။

ထို ၃၆ထပ္မွာပင္ အေဆာက္အဦးအျပင္ဘက္သို႔ ထုတ္ထားေသာ ဝရန္တာတစ္ခုရွိေသးသည္။ ႐ႊမ္းက်ီးက သူ႕မ်က္လုံးမ်ားကိုပြတ္သပ္လိုက္ေသာအခါ ထိုဝရန္တာေပၚတြင္ ရႈပ္ေထြးလြန္းလွသည့္ဂါထာမႏၲာန္အမ်ားအ​​​ျပားကိုေတြ႕လိုက္ရသည္။ အလႊာလိုက္အလႊာလိုက္ေရးသားထားေသာ ဂါထာမႏၲာန္တို႔က ဝရန္တာတစ္ခုလုံးအျပည့္ပင္။ ထိုဝရန္တာအေပၚတြင္ ရဟတ္ယာဥ္ဆင္းသက္ရန္မဆိုထားဘိ ေလယာဥ္ေျပးလမ္း​​ေၾကာင္းလုပ္ရင္ေတာင္မွရေပလိမ့္မည္။

လူသားကမာၻတြင္ပ်င္းရိပ်င္းတြဲရွင္သန္ေနထိုင္လာခဲ့သမွ် ႏွစ္ေပါင္းမ်ားစြာအတြင္း ႐ႊမ္းက်ီးသည္ကား အရာအားလုံးကိုေတြ႕ျမင္ခဲ့ၿပီးၿပီဟုထင္မွတ္ေနကာ သူ၏မိုးကုပ္စက္ဝန္းကိုထပ္မံျဖန့္က်က္စရာအေၾကာင္းမရွိေတာ့ဟုအထင္ေရာက္ခဲ့မိ၏။ သို႔ေသာ္ လူသားလုပ္သားမ်ား၏အလြန္အင္မတန္ႀကီးမားေသာ ဧရာမစြမ္းေဆာင္ရည္တို႔က သူ႕ကို တခဏမွ် အံ့ၾသမွင္တက္သြားေစေတာ့သည္။ စူးရွသည့္ေနေရာင္ျခည္ေၾကာင့္ ေခါင္းမ်ားပင္ မူးေနာက္ေနာက္ျဖစ္လာရၿပီး 'ျပန္လည္ျပဳျပင္ေရးဌာန' ကိုရွာမေတြ႕ေသးခင္မွာပင္ သူ႕အနားရွိ ဓာတ္ေလွကားတံခါးကပြင့္သြားၿပီးေနာက္ အလ်င္စလိုေျပးထြက္လာေသာ ေရွာင္းက်န္းႏွင့္အတူ သူ႕ေနာက္မွ တေကာက္ေကာက္လိုက္ပါလာသူမ်ားကိုေတြ႕လိုက္ရေလသည္။

ဓာတ္ေလွကားအေပါက္ဝတြင္ အ႐ူးတစ္ေယာက္လိုအူေၾကာင္ေၾကာင္ရပ္ေနရွာေသာ ေတာသားငႏုံ ႐ႊမ္းက်ီးကိုျမင္လိုက္သည္ႏွင့္တၿပိဳင္နက္ ဟာရီကိန္းမုန္တိုင္းေရွာင္းက လွ်ပ္စီးအလ်င္ႏွင့္ေရာက္လာကာ သူ႕ကို လမ္းတစ္ေလွ်ာက္ဆြဲေခၚသြားေလေတာ့သည္။

"မင္းတို႔ဌာနရဲ႕ေလယာဥ္က အခုထြက္ခြာဖို႔အဆင္သင့္ျဖစ္ေနၿပီ။ မင္းကအဖြဲ႕ကိုဦးေဆာင္ရမယ္။ မိနစ္ႏွစ္ဆယ္အတြင္း ေလယာဥ္ဘီးတင္ေတာ့မယ္။ လာ...သြားရင္းနဲ႕ေျပာရေအာင္"

႐ႊမ္းက်ီး: "......."

ဘာကို အခုလဲ? ဘာကိုအဆင္သင့္ျပင္ရမွာလဲ?

သူ႕ခမ်ာ ႐ုံးခန္းက တံခါးကိုထိေတာင္မထိရေသးဘဲ အလုပ္ကိစၥခရီးတစ္ခုအတြက္ ေလယာဥ္တစ္စင္းေပၚသို႔ ဆြဲတင္ျခင္းခံလိုက္ရရွာသည္။.....ခဏေလး....ဒီဌာနက ကိုယ္ပိုင္ေလယာဥ္ရွိတာလား?

မွန္တံခါးမ်ားပြင့္သြားၿပီးေနာက္ ေျပးလမ္းအျပင္ဘက္မွေလမ်ားက အတြင္းသို႔ တဟုန္ထိုးဝင္ေရာက္လာ​ေတာ့သည္။ လူတိုင္း၏ဦးေခါင္းမ်ားသည္ကား 'Nimbus 2000s' ကဲ့သို႔ပုံပ်က္သြားရရွာသည္။ တစ္ေခါင္းလုံး ေခါင္းလိမ္းဆီအျပည့္လိမ္းထားေသာ ဒါရိုက္တာေရွာင္းတစ္ေယာက္တည္းသာလွ်င္ ေလဒဏ္ကိုအံတုရင္း 'Tai ေတာင္ႀကီး' ကဲ့သို႔ မလႈပ္မယွက္မားမားမတ္မတ္ရပ္ေနေလ၏။ သူက ႐ႊမ္းက်ီး၏လက္ထဲသို႔ ဖိုင္မ်ားတေပြ႕တပိုက္ထိုးထည့္ေပးလိုက္ရင္းက သုန္မႈန္စြာေျပာလာသည္။

"ခ်ိယြမ္းမွာ တစ္ခုခုျဖစ္ေနၿပီ"

'ခ်ိယြမ္း' ဟူေသာစကားလုံးမ်ားကိုၾကားလိုက္ရသည္ႏွင့္တၿပိဳင္နက္ ဆံပင္ကိုေနာက္လွန္သပ္ခ်ေနေသာ ႐ႊမ္းက်ီး၏လက္မ်ားက ရပ္တန့္သြားသည္။ အလင္းေရာင္ျပန္ေၾကာင့္ သူ႕မ်က္လုံးမ်ား တခဏမွ်ကန္းသြားသလို မ်က္လုံးမ်ားကိုေမွးက်ဥ္းလိုက္ရင္း ေမးလိုက္သည္။

"ဘာႀကီး?"

သိခ်င္သည့္အရာကိုသာသိၿပီး မသိသည့္အရာကိုဆိုလွ်င္ နကန္းတစ္လုံးမွပင္ မသိေသာ ႐ႊမ္းက်ီး၏အေထြေထြဗဟုသုတစြမ္းရည္ကိုသိရွိထားၿပီးျဖစ္သည့္အေလ်ာက္ ေရွာင္းက်န္းမွာ 'ခ်ိယြမ္း' ဆိုသည္ကား မည္သည့္အရာျဖစ္ေၾကာင္းကို ႐ႊမ္းက်ီးတစ္ေယာက္မသိနိုင္ေလာက္ဟုေတြးလိုက္၏။ သူက ခပ္သြက္သြက္ရွင္းျပလိုက္သည္။

"ခ်ိယြမ္းဆိုတာ ခ်ိယြမ္းေခ်ာက္နက္ႀကီးကိုေျပာတာပဲ။ ဒါေပမယ့္ 'ခ်ိယြမ္း' လို႔ေျပာလိုက္ရင္ ေခ်ာက္နက္ႀကီးရဲ႕ခရီးသြားနယ္ေျမကိုေျပာတာမဟုတ္ဘူး...ခရီးသြားနယ္ေျမက ေခ်ာက္နက္ႀကီးရဲ႕အျပင္ဘက္နယ္နိမိတ္မွာပဲရွိတာ။ ေခ်ာက္နက္ႀကီးရဲ႕အတြင္းပိုင္းထဲမွာ အေတာ္ေလးက်ယ္ျပန့္တဲ့ေရွးေဟာင္းသစ္ေတာအုပ္ေတြရွိတယ္။ အဲဒီသစ္ေတာေတြက ဘယ္ေတာ့မွႀကီးထြားလာေလ့မရွိသလို အဲဒီေနရာအေၾကာင္းကိုလည္း ျပည္သူလူထုကိုခ်မျပထားဘူး"

႐ႊမ္းက်ီးက မဝံ့မရဲတီးတိုးေမးလိုက္၏။

"အဲဒီ ေခ်ာက္နက္ႀကီးမွာ ဘာေတြျဖစ္ေနလို႔လဲ?"

"ခ်ိယြမ္းေခ်ာက္နက္ႀကီးက ငါတို႔ အနီးကပ္ေစာင့္ၾကည့္ရတဲ့ အႏၲရာယ္မ်ားတဲ့ေနရာေတြထဲကတစ္ခုပဲ။ ေခ်ာက္ႀကီးရဲ႕အလယ္ဗဟိုမွာ ဘာမွန္းမသိရတဲ့ စြမ္းအင္စက္ကြင္းေတြအမ်ားႀကီးရွိတယ္။ ဒါေပမယ့္ အဲဒါေတြကိုေသေသခ်ာခ်ာေလ့လာနိုင္ဖို႔အတြက္ ငါတို႔ရဲ႕လက္ရွိနည္းပညာနဲ႕ အထဲကိုဝင္သြားဖို႔မျဖစ္နိုင္ေသးဘူး။ အဲဒီစြမ္းအင္စက္ကြင္းေတြေၾကာင့္ မူမမွန္စြမ္းအင္ျဖစ္ရပ္ေတြ ခဏခဏျဖစ္တတ္တယ္။ ေနာက္ၿပီး အဲဒီေရွးေဟာင္းသစ္ေတာအုပ္ထဲမွာ အခ်ိန္အၾကာႀကီးေပ်ာက္ဆုံးေနခဲ့တဲ့ ေရွးေဟာင္းမႏၲာန္အစီအရင္ေတြနဲ႕ ဘယ္သူမွနားမလည္တဲ့ ကမၺည္းစာအႂကြင္းအက်န္ေတြ အမ်ားႀကီးလည္းရွိေသးတယ္။ ဒီေန႕ဒီအခ်ိန္ထိ အဲဒီစာေတြရဲ႕ ဆယ္ပုံတစ္ပုံေလာက္ကိုပဲ အဓိပၸါယ္ေဖာ္ထုတ္နိုင္ေသးတယ္။ ငါတို႔သုေတသနဌာနက ကြၽမ္းက်င္ပညာရွင္ေတြရဲ႕အဆိုအရ​ေတာ့ အဲဒီေခ်ာက္နက္ႀကီးထဲမွာ အရမ္းအႏၲရာယ္မ်ားတဲ့အရာေတြကို ခ်ိပ္ပိတ္ထားလိမ့္မယ္လို႔ သုံးသပ္ၾကတယ္"

႐ႊမ္းက်ီးက ထိုအလြန္တရာအႏၲရာယ္မ်ားလွေသာအရာမ်ားႏွင့္ပတ္သက္သည့္ သူ၏အျမင္ကိုေျပာၾကားလိုသည့္ႏွယ္ ပါးစပ္ဟလိုက္ေသာ္ျငား ေရွာင္းက်န္းကသူ႕ကိုစကားေျပာခြင့္မေပးပါေခ်။ ေရွာင္းက်န္းက ႐ႊမ္းက်ီးႏွင့္အျခားေသာျပန္လည္ျပဳျပင္ေရးဌာနမွဝန္ထမ္းမ်ားကို ရဟတ္ယာဥ္ေပၚတြင္ ခပ္ျမန္ျမန္ေနရာခ်ထားေပးလိုက္ရင္း သူ႕ေနရာတြင္ခပ္သြက္သြက္ဝင္ထိုင္ကာ ယူလာေသာ tablet ကိုဖြင့္လိုက္သည္။

"ဒီကိစၥနဲ႕ပတ္သက္ၿပီး ငါ လိုရင္းတိုရွင္းေျပာျပမယ္။ *ေ႐ႊေရာင္ရက္သတၱပတ္အားလပ္ရက္ေတြတုန္းက ခ်ိယြမ္းေခ်ာက္နက္ႀကီးထဲမွာရွိတဲ့ ေရွးေဟာင္းသစ္ပင္ေတြအေတာ္မ်ားမ်ားက ႐ုတ္တရက္မ်ိဳးဗီဇေျပာင္းလဲသြားခဲ့ၾကတယ္။ အဲဒီသေႏၶေျပာင္းသစ္ပင္ေတြဟာ သစ္ေတာေျမျပင္မွာ ေလွ်ာက္သြားနိုင္ၾကသလို သူတို႔သြားရာလမ္းတစ္ေလွ်ာက္မွာလည္း အမဲလိုက္နိုင္စြမ္းရွိၾကတယ္။
လုံၿခဳံေရးအတြက္ အဲဒီေဒသမွာရွိတဲ့ ငါတို႔ရဲ႕နယ္ေျမခံလုပ္ေဖာ္ကိုင္ဖက္ေတြက ခရီးသြားစီမံခန့္ခြဲေရး႐ုံးခ်ဳပ္နဲ႕ေဆြးေႏြးခဲ့ၿပီး 'ဘူမိေဗဒဆိုင္ရာအႏၲရာယ္' ေၾကာင့္ ဧည့္သည့္လက္ခံမႈကိုေ႐ႊ႕ဆိုင္းထားဖို႔ေတာင္းဆိုခဲ့ၾကတယ္။ ဒါေပမယ့္ အသိဉာဏ္မရွိတဲ့လက္တစ္ဆုပ္စာ သည္းထိပ္ရင္ဖိုစြန့္စားခန္းဖြင့္ခ်င္သူေတြရွိေနၾကလိမ့္မယ္လို႔ ဘယ္သူကထင္မွာတဲ့လဲ။ သူတို႔က မဝင္ဖို႔တားျမစ္ေလေလ၊ ပိုၿပီးဝင္ခ်င္ေလေလပဲ။ သူတို႔က 'စြန့္စားခန္းဖြင့္ဖို႔'အတြက္ ခိုးဝင္လာၾကၿပီး သေႏၶေျပာင္းသစ္ပင္ေတြ ထႂကြလႈပ္ရွားလာတာနဲ႕အခ်ိန္ကိုက္ တိုက္ရိုက္ထုတ္လႊင့္မႈေတြကိုေတာင္ လုပ္ဖို႔ႀကိဳးစားခဲ့ၾကေသးတယ္။ဒါက ေစာင့္ၾကည့္ကင္မရာေတြကေန ရိုက္မိထားတာေတြပဲ..."

T/N
*ေမလနဲ႕ေအာက္တိုဘာလမွာ က်ေရာက္တဲ့ တ႐ုတ္ျပည္ရဲ႕ ရက္ရွည္အားလပ္ရက္ျဖစ္ပါတယ္။ ဒီဝတၳဳမွာေတာ့ ေအာက္တိုဘာ ၁ ရက္ေန႕ကေန ေအာက္တိုဘာ ၇ ရက္ေန႕အတြင္းအခ်ိန္ကာလကိုရည္ၫႊန္းပါတယ္။ တ႐ုတ္နိုင္ငံမွာရွိတဲ့ အလုပ္လုပ္ေနၾကသူေတြဟာ အားလပ္ရက္ရွည္ရဖို႔ခက္ခဲတာေၾကာင့္ အမ်ားစုက ခရီးသြားလာဖို႔အတြက္ ဒီအခ်ိန္ကာလကိုပဲ ေ႐ြးခ်ယ္သတ္မွတ္ေလ့ရွိၾကပါတယ္

ေျပာရင္းဆိုရင္းမွာပင္ သူက tablet ထဲတြင္ရွိေသာ ဗီဒီယိုဖိုင္တစ္ခုကိုဖြင့္ျပလိုက္သည္။ ကင္မရာက ငလ်င္လႈပ္ေနသလို ျပင္းျပင္းထန္ထန္လႈပ္ယမ္းေနကာ ပုံရိပ္မ်ားမွာလည္းမၿငိမ္မသက္ျဖစ္လို႔ေနသည္။ တခဏမွ်ၾကာေသာ္ အရိပ္သဏၭာန္တစ္ခုသည္ကား ေခ်ာင္းေျမာင္းတိုက္ခိုက္ရန္ျပင္ေနေသာ စပါးအုံးေႁမြႀကီးတစ္ေကာင္သဖြယ္ျမင္ကြင္းအလယ္မွ သဘာဝလြန္အလ်င္ႏႈန္းျဖင့္ ႐ုတ္တရက္ လွစ္ခနဲျဖတ္ေျပးသြား၏။ ၎က အႏၲရာယ္ႀကီးစြာျဖင့္ေလွ်ာဆင္းသြားၿပီး ကင္မရာႏွင့္မနီးမေဝးတြင္ရွိေနေသာ သစ္ပင္တစ္ပင္ဆီသို႔ဝင္တိုးလိုက္ၿပီးသကာလ ထိုလႈပ္ရွားမႈ၏ အရွိန္အဟုန္ကိုသုံး၍ ကိုယ္ကိုလိမ္ပတ္ကာ သစ္ပင္ကိုရစ္ပတ္လိုက္သည္။

စပါးအုံးေႁမြႀကီး၏ရစ္ပတ္ဖ်စ္ညွစ္ျခင္းကိုခံလိုက္ရေသာ ေရွးေဟာင္းသစ္ပင္ႀကီးမွာ သူ၏သက္ေစာင့္ဓာတ္မ်ားႏႈတ္ယူခံလိုက္ရသလို၊ တမုဟုတ္ခ်င္း ရႈံ႕တြေျခာက္ကပ္သြားၿပီး စကၠန့္ႏွစ္ဆယ္အတြင္းမွာပင္ သစ္ကိုင္းေျခာက္ေသတစ္ပုံအျဖစ္ေျပာင္းလဲသြားရရွာ​ေတာ့သည္။

ထိုအခ်ိန္မွသာလွ်င္ ႐ႊမ္းက်ီးတစ္ေယာက္ သဲကြဲစြာေတြ႕ျမင္လိုက္ရသည္ကား အႏွီ'စပါးအုံးေႁမြႀကီး' သည္ကား စင္စစ္ သစ္ပင္ႀကီးတစ္ပင္၏ အျမစ္အစိတ္အပိုင္းတစ္ခုသာ ျဖစ္သည္ဆိုေသာအေၾကာင္းပင္တည္း။

ယခုအခါတြင္ေတာ့ ေၾကာက္မက္ဖြယ္အျမစ္ႀကီးမွာ ဗိုက္ဝသြားသျဖင့္ေက်နပ္သြားၿပီးသကာလ ပို၍ပင္တုတ္ခိုင္အားေကာင္းလာေတာ့သည္။ သူက ေရွးေဟာင္းသစ္ပင္အႂကြင္းအက်န္မ်ားေပၚမွ ျပန္ဆင္းလာကာ သူ၏ခြန္အားကိုျပသသည့္ႏွယ္ အႀကိမ္အနည္းငယ္မွ် လႊဲလိုက္ယမ္းလိုက္လုပ္ေနၿပီးေနာက္ အခ်က္မေပး ဘာမေပးႏွင့္ ကင္မရာဆီသို႔ ႐ုတ္တရက္ ဝဲပ်ံလို႔လာ၏။ ခ်က္ခ်င္းဆိုသလို ကင္မရာမ်က္ႏွာျပင္က လုံးဝဥႆုံအေမွာင္အတိက်သြားၿပီး မွန္ဘီလူးမွာလည္းကြဲေၾကသြားရွာေတာ့သည္။

႐ႊမ္းက်ီးကမ်က္ေမွာင္ၾကဳတ္လိုက္ၿပီး သူ၏*လက္မႏွင့္ လက္ဆစ္မ်ားကိုအသုံးျပဳကာ အလ်င္အျမန္တြက္ခ်က္လိုက္သည္။ လတ္တေလာတြင္ လၾကတ္ျခင္း၊ ေနၾကတ္ျခင္းတို႔လည္းမရွိသလို ၾကယ္ေႂကြျခင္းမ်ိဳးလည္းမရွိေပ။ အဂၤါၿဂိဳဟ္ကလည္း သူ႕အစီအစဥ္အတိုင္းမွန္မွန္ကန္ကန္လွည့္ပတ္ေနသလို အလွည့္အေျပာင္းအမွတ္နားေတာင္မေရာက္ေသးပါေခ်။ မူမမွန္ေသာမိုးေလဝသအေျခအေနမ်ားလည္းမရွိသကဲ့သို႔ အဝါေရာင္ျပကၡဒိန္အရ 'ယင္းလ၏ယင္းအခ်ိန္နာရီ' လည္းမေရာက္ေသးသလို 'မိစာၦအခ်ိန္အခါ' လည္းမေရာက္ေသးပါေခ်။ အရာအားလုံးဟာ ပုံမွန္အတိုင္းသာလည္ပတ္ေနခဲ့ပါလ်က္ အဘယ္အတြက္ေၾကာင့္ သစ္ပင္အေျမာက္အျမားက သေႏၶေျပာင္းသြားၾကရပါသနည္း။

*ေရွးတုန္းက လူသားေတြရဲ႕ မိုးေလဝသျဖစ္ရပ္ေတြနဲ႕ သဘာဝေဘးအႏၲရာယ္ျဖစ္ရပ္ေတြကို ႀကိဳတင္နိမိတ္ဖတ္တြက္ခ်က္တဲ့နည္းလမ္းပါ။

"ငါတို႔ရဲ႕ခန့္မွန္းတြက္ခ်က္မႈေတြအရေတာ့ ဒီတစ္ေခါက္မွာ အနည္းဆုံး သေႏၶေျပာင္းသစ္ပင္ရွစ္ပင္ေလာက္ရွိၾကလိမ့္မယ္လို႔ထင္တယ္။ ကင္မရာမွတ္တမ္းမွာရိုက္မိထားတဲ့အျမစ္က နဂါးထင္းရႉးပင္တစ္ပင္ရဲ႕အ​ျမစ္ျဖစ္ေကာင္းျဖစ္နိုင္တယ္။ သူတို႔က အျပင္ဘက္ကို ျမန္ျမန္ဆန္ဆန္ ဆန့္ထြက္လာၾကၿပီး သဘာဝေပါက္ပင္ေတြကိုသာမကဘူး သူတို႔ရဲ႕လမ္းေၾကာင္းမွာရွိေနတဲ့သက္ရွိသတၱဝါေတြကိုပါ စားေသာက္ၾကတယ္။ ငါတို႔ရဲ႕လူေတြက နို႔တိုက္သတၱဝါအေသေကာင္ႀကီးတခ်ိဳ႕ကိုလည္း ရွာေတြ႕ခဲ့ၾကတယ္" ေရွာင္းက်န္းက ေျပာသည္။

"အဲဒီေနရာမွာ ပိတ္မိၿပီးေသာင္တင္ေနတဲ့လူေတြရွိေနတဲ့အေၾကာင္းကိုၾကားတဲ့အခါ ေဒသခံေတြက အေရးေပၚကယ္ဆယ္ေရးအဖြဲ႕ကို ခ်က္ခ်င္းပဲေစလႊတ္ခဲ့ၾကၿပီး လူတိုင္းကိုေခၚထုတ္ခဲ့ၾကတယ္။ ဒီလူေတြက တကယ့္ကို ကံေကာင္းတယ္ပဲေျပာရမယ္။ သူတို႔က သဘာဝလွိုဏ္ဂူႀကီးတစ္ခုကိုရွာေတြ႕သြားၿပီး အဲဒီအထဲမွာဝင္ပုန္းေနခဲ့ၾကတယ္ေလ။ သူတို႔ တကယ္တမ္း ဘယ္အတိုင္းအတာထိျမင္ခဲ့ၾကသလဲဆိုတာကိုေတာ့ ငါတို႔ေသခ်ာမသိေပမယ့္ အခုခ်ိန္မွာ​ေတာ့ သူတို႔အားလုံးက အခုစစ္ဆင္ေရးမွာ ျပန္လည္ျပဳျပင္ေရးဌာနရဲ႕ပထမဦးစားေပးေစာင့္ၾကည့္ခံရသူေတြျဖစ္သြားၿပီ"

ေလယာဥ္ေပၚ၌ရွိေသာ ျပန္လည္ျပဳျပင္ေရးအဖြဲ႕ဝင္ေတြက တညီတညာတည္းေျဖၾကားလိုက္ၾကသည္။

"နားလည္ပါၿပီ"

႐ႊမ္းက်ီးတစ္ေယာက္တည္းသာလွ်င္ သူ၏ရာထူးကိုက်င့္သားမရေသးဘဲျဖစ္ေနကာ နားမလည္နိုင္စြာျဖင့္ေမးလိုက္သည္။

"အခုေလးတင္ပဲ လူေတြကိုကယ္ထု​တ္ၿပီးၿပီလို႔ ေျပာလိုက္တာမဟုတ္ဘူးလား?"

"ဟုတ္တယ္ေလ" သူ႕ေဘးက အဖြဲ႕ဝင္က ဝင္ေျပာလိုက္သည္။

"အဲဒါေၾကာင့္ ျပန္လည္ျပဳျပင္ေရးဌာနအေနနဲ႕ ေရွ႕ထြက္ရမယ့္အခ်ိန္ေရာက္လာၿပီေလ။ ဘာပဲျဖစ္ျဖစ္ ကြၽန္မတို႔ရဲ႕အလုပ္က ခႏၶာကိုယ္ထိခိုက္မႈနဲ႕ပစၥည္းဥစၥာဆုံးရႈံးပ်က္စီးမႈေတြရဲ႕ ေနာက္ဆက္တြဲကိစၥေတြကိုေျဖရွင္းေပးရတာေတြ၊ ေလ်ာ္ေၾကးေငြေပးတာမ်ိဳးေတြ၊ ျဖစ္စဥ္ေတြထဲမွာ ေရာေယာင္ပါသြားၾကတဲ့ သာမန္ျပည္သူေတြကိုအားေပးႏွစ္သိမ့္တာေတြ၊ အမ်ားျပည္သူအထိတ္တလန့္မျဖစ္ေစဖို႔အတြက္ မူမမွန္ျဖစ္ရပ္ေတြရဲ႕သတင္းအခ်က္အလက္ေတြ အျပင္ကိုပ်ံ့မသြားေအာင္တားဆီးရတာေတြပဲေလ"

႐ႊမ္းက်ီး: "........"

ဟုတ္သားပဲ...သူရဲ႕လက္ရွိအလုပ္က အေလာင္းေတြနဲ႕အပ်က္အစီးေတြကို ရွင္းလင္းဖို႔၊ ေကာလာဟလေတြကိုေပ်ာက္ကြယ္သြားေစဖို႔နဲ႕ သိပၸံပညာရဲ႕တန္ဖိုးကိုျဖန့္က်က္ေစဖို႔ပဲျဖစ္သည္ေလ။

"ဒါက ကြၽန္ေတာ့္ရဲ႕ပထမဆုံးလည္းျဖစ္၊ အရင္အလုပ္ေတြနဲ႕လည္း အဆက္အစပ္မရွိတာမို႔လို႔ပါ...ခင္ဗ်ားတို႔ ရယ္ခ်င္ရင္ရယ္လို႔ရပါတယ္"

႐ႊမ္းက်ီးက ရယ္က်ဲက်ဲလုပ္ျပလိုက္ရင္း သူ၏အဖြဲ႕သားမ်ားဘက္သို႔လွည့္ကာ အကူအညီေတာင္းလိုက္၏။

"ဘယ္သူကမ်ား ကြၽန္ေတာ့္ကိုေျပာျပေပးနိုင္မလဲ။ လုပ္ထုံးလုပ္နည္းေတြအရ မ်ားေသာအားျဖင့္ ဒီလိုအေျခအေနမ်ိဳးေတြမွာ ကြၽန္ေတာ္တို႔ ဘယ္လိုကိုင္တြယ္ေျဖရွင္းရမလဲဆိုတာကို?"

သူေနာက္လွည့္လိုက္ေသာအခါ သူ႕ေနာက္တြင္ရွိေနၾကေသာလူမ်ားကို ပထမဆုံးအႀကိမ္အျဖစ္ေသခ်ာျမင္လိုက္ရ၏။

ျပန္လည္ျပဳျပင္ေရးဌာနက သူ႕အျပင္ အျခားေသာဝန္ထမ္းသုံးေယာက္ကိုလည္း ေစလႊတ္ခဲ့သည္။ အမ်ိဳးသမီးႏွစ္ဦးႏွင့္အမ်ိဳးသားတစ္ဦးတို႔ျဖစ္ၾကသည္။ အေစာတုန္းက သူ႕ကိုစကားေျပာခဲ့သူမွာ တစ္ေခါင္းလုံးအျပည့္ ေခတ္ဆန္ဆန္'ဆံပင္အေကာက္မ်ား' ႏွင့္ စာၾကည့္မ်က္မွန္ကိုတပ္ဆင္ထားေသာ အသက္ငါးဆယ္ဝန္းက်င္ခန့္ ဝါရင့္သမာၻရင့္အမ်ိဳးသမီးတစ္ဦးျဖစ္သည္။ သူမက ပန္းေရာင္ေတာက္ေတာက္ရင္ကြဲသိုးေမြးအကၤ်ီကိုဝတ္ဆင္ထားၿပီး ေအာက္ခံရွပ္အကၤ်ီမွ ဇာအနားကြပ္မ်ားက ေကာ္လာေအာက္မွထိုးထြက္လို႔ေန၏။ အေတာ္ေလးကို သိမ္ေမြ႕လွပေသာပုံစံမ်ိဳးရွိသည္။

ထို႔ထက္ပို၍သိမ္ေမြ႕လွပသူကေတာ့ သူမ၏ေဘးတြင္ရွိေသာ ေတာက္ေျပာင္ေနသည့္သားေရရႉးဖိနပ္ႏွင့္ဝတ္စုံျပည့္ဝတ္ဆင္ထားေသာ အမ်ိဳးသားလုပ္ေဖာ္ကိုင္ဖက္တစ္ဦးပင္ျဖစ္သည္။ သူ၏ဆံစပ္ဆံစမ်ားက အေတာ့္ေလးကို အေျခအေနမေကာင္းလွသည့္တိုင္ သူက ေခါင္းလိမ္းဆီမ်ားကိုသုံးကာ အေသးစိတ္ပုံသြင္းထားေသာ ဘီးကုပ္ကိုလည္း ေခါင္းေပၚတြင္ သပ္သပ္ရပ္ရပ္တပ္ထားလိုက္ေသး၏။ အေဝးကၾကည့္လွ်င္ ဦးေရျပားေပၚတြင္ ဘားကုတ္တစ္ခုကိုအလွတပ္ဆင္ထားသလို။

ထို႔ေနာက္တြင္ေတာ့ ခပ္ဝဝဖိုင့္ဖိုင့္ေကာင္မေလးတစ္ေယာက္ကိုေတြ႕ရၿပီး သူမမွာ အပူဒဏ္ကိုမခံနိုင္ေသာေၾကာင့္လား၊ လူစိမ္းတစ္ေယာက္ေၾကာင့္လားမသိ၊ နဖူးထက္တြင္ ေခြၽးအနည္းငယ္စို႔ေနရွာ၏။ သူေဌးျဖစ္သူက သူမဘက္သို႔လွည့္လာေသာအခါတြင္ ၎မွာ အလြန္အမင္းစိတ္လႈပ္ရွားသြားဟန္ျဖင့္ ေနရာတြင္ေက်ာက္ခ်ထိဳင္ေနလ်က္ သူမ၏ေဘာင္းဘီခ်ဳပ္ရိုးမ်ားကို လက္ေခ်ာင္းကေလးမ်ားျဖင့္ကုတ္ျခစ္ေနသည္မွာ ေဘာင္းဘီကြဲထြက္သြားေတာ့မလိုပင္။

႐ႊမ္းက်ီးခမ်ာ ဌာနတစ္ခုလုံး၏ ဆြဲေဆာင္မႈရွိေသာ ပ်မ္းမွ်႐ုပ္ရည္ထိန္းသိမ္းေရးတာဝန္ကို သူတစ္ေယာက္တည္းသာ ထမ္းေဆာင္ရေတာ့မည္ျဖစ္ေၾကာင္း သေဘာေပါက္သြားၿပီးသကာလ အတန္ငယ္စိတ္ပင္ပန္းလာသလိုျဖစ္သြားရေတာ့သည္။ ၎မွာ အလြန္တရာဝန္ပိလာသလိုေတာင္ ခံစားလိုက္ရရွာ၏။

"မဂၤလာပါ ဒါရိုက္တာ။ ကြၽန္မနာမည္က ပိခြၽင္းရွန္းပါ။ ဒါရိုက္တာထက္ မဆိုစေလာက္အသက္က​ေလးနည္းနည္း​ႀကီးေနတာမို႔လို႔ ေလာင္ပိ လို႔ေခၚရင္ပဲရပါတယ္။ "

စာၾကည့္မ်က္မွန္ႏွင့္အမ်ိဳးသမီးက စတင္စကားဆိုလာသည္။

"ဆရာ....မစိုးရိမ္ပါနဲ႕။ ကြၽန္မတို႔မွာ အေျခခံလုပ္ထုံးလုပ္နည္းေတြရွိၿပီးသားပါ__ပထမဆုံး လူတစ္ေယာက္ခ်င္းစီနဲ႕စကားေျပာၾကည့္မယ္။ မ်ားေသာအားျဖင့္ သိပ္အေရးမႀကီးတဲ့ဟာေတြဆိုရင္ေတာ့လည္း လြယ္လြယ္ပဲေျဖရွင္းလိုက္တာပဲ.....ဘယ္လိုေျပာမလဲ....သူတို႔ကိုႏွစ္သိမ့္ေပးလိုက္တာမ်ိဳးေပါ့....သူတို႔ထက္ပိုၿပီး စိတ္ဒဏ္ရာႀကီးႀကီးမားမားရသြားတဲ့သူေတြကိုဆိုရင္ေတာ့ တစ္ခါတေလ 'အေထာက္အကူျပဳပစၥည္း' ေတြကိုသုံးရတာေပါ့ေလ။ အရမ္းႀကီးေတာ့မခက္ပါဘူး။ တစ္ခ်က္ၾကည့္လိုက္တာနဲ႕နားလည္သြားပါလိမ့္မယ္။ ေနာက္ဆုံးအဆင့္အေနနဲ႕ သူတို႔ရဲ႕ဖုန္းေတြ၊ ကြန္ျပဴတာေတြကိုစစ္ေဆးၾကည့္ရတယ္။ အထူးသျဖင့္အင္တာနက္နဲ႕ခ်ိတ္ဆက္လို႔ရတဲ့ပစၥည္းေတြကိုေပါ့။ ဒါမွ သဲလြန္စအခ်က္အလက္ေတြက အြန္လိုင္းေပၚမွာပ်ံ့မသြားမွာေလ။ အဲဒါေတြကိုေတာ့ ခ်န့္႐ူကိုလုပ္ခိုင္းလို႔ရပါတယ္__ေဟာဟိုက ေကာင္မေလးေလ....သူ႕နာမည္က ဖ်င္ခ်န့္႐ူ လို႔ေခၚတယ္။ သူတို႔လိုလူငယ္ေတြက နည္းပညာပိုင္းမွာ အရမ္းကြၽမ္းက်င္ၾကတယ္ေလ။ ကြၽန္မတို႔႐ုံးမွာ ပုံႏွိပ္စက္ပ်က္သြားၿပီဆိုရင္ သူ႕ကိုပဲအၿမဲသြားေခၚရတာ..."

ဒါျဖင့္ ေဘာင္းဘီခ်ဳပ္ရိုးမ်ားကိုကုတ္ျခစ္ေနတဲ့ေကာင္မေလးရဲ႕နာမည္က ဖ်င္ခ်န့္႐ူ လို႔ေခၚတာေပါ့။ သူမက ေဘာင္းဘီခ်ဳပ္ရိုးေၾကာင္းမ်ားလိုပင္ တစ္ေယာက္တည္းအေတြးနယ္ခ်ဲ့ေနဟန္တူ၏။ သူမ၏နာမည္ကိုေခၚသံၾကားလိုက္ရေသာအခါ ႐ုတ္တရက္ထခုန္မိသြားၿပီး မ်က္ႏွာျပရမည္ကို ရွက္သလိုေၾကာက္သလိုႏွင့္ ေခါင္းကိုတြင္တြင္ငုံ႕ကာႏႈတ္ဆက္လာ၏။ သူမ၏ခပ္ေဖ်ာ့ေဖ်ာ့ဆံႏြယ္အေခြအလိပ္ေလးမ်ားက ႐ႊမ္းက်ီး၏ျမင္ကြင္းထဲသို႔ ဖ်တ္ခနဲဝင္ေရာက္လာသည္။

႐ႊမ္းက်ီးက တစ္ခုခုေျပာရန္ရည္႐ြယ္ထားေသာ္ျငား တရိုတေသႀကီးကိုေခါင္းငုံ႕အေလးျပဳေနရွာသည့္ သူမ၏ေနာက္ေစ့ကိုေတြ႕ျမင္လိုက္ရေသာအခါ ႐ုတ္တရက္ေျပာစရာစကားမ်ားေပ်ာက္ရွသြားရေတာ့သည္။ သူက သူ႕ႏႈတ္ခမ္းကိုစုတ္တစ္ခ်က္သပ္လိုက္ၿပီးေနာက္ ေဖာ္ေ႐ြၾကင္နာေသာအၿပဳံးတစ္ပြင့္ကိုသာ ဖ်စ္ညွစ္ၿပဳံးျပလိုက္ေလေတာ့သည္။

"မင္းအတြက္ အထူးသတိထားရမယ့္ေနာက္ထပ္ကိစၥတစ္ခုရွိေသးတယ္"
ေရွာင္းက်န္းက နာရီကိုၾကည့္လိုက္ရင္း သူတို႔၏ဌာနတြင္း ေအးစက္ေနမႈကိုၿဖိဳခြင္းလိုက္သည္။

"ငါတို႔ကိုအစီရင္ခံစာတင္တုန္းက ေသာင္တင္ေနတဲ့ဧည့္သည့္ငါးေယာက္ရွိတယ္လို႔ေျပာတယ္။ ရွာေဖြကယ္ဆယ္ေရးအဖြဲ႕ကလည္း စစခ်င္းတုန္းက အသက္ရွင္ဆဲ လူငါးေယာက္ရဲ႕အရိပ္လကၡဏာကိုပဲေတြ႕ခဲ့တာပဲ။ ဒါေပမယ့္ ကယ္ထုတ္လာေတာ့ လူက ေျခာက္ေယာက္ျဖစ္ေနတယ္။ ဘာေၾကာင့္မွန္းမသိဘဲ လူတစ္ေယာက္ပိုေနတယ္"

ျပန္လည္ျပဳျပင္ေရးဌာန၏ဝန္ထမ္းမ်ားအားလုံးသည္ကား ေရွာင္းက်န္း၏ေပါက္တက္ကရသရဲပုံျပင္မ်ားကိုၾကားလိုက္ရေသာအခါ ေျပာစရာစကားမ်ားေပ်ာက္ဆုံးသြားကာ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္မိၾကေတာ့သည္။

"အစတုန္းက အဲဒီေနရာမွာ ေသာင္တင္ေနတဲ့အုပ္စုႏွစ္စုရွိတယ္။သူတို႔က အသက္လု​ၿပီး ေျပးရင္းလႊားရင္းနဲ႕ တစ္ဖြဲ႕နဲ႕တစ္ဖြဲ႕ဆုံခဲ့ၾကတယ္။ ဒါေပမယ့္ ပိုေနတဲ့တစ္ေယာက္က တျခားအဖြဲ႕ကလူျဖစ္မယ္လို႔ ႏွစ္ဖြဲ႕စလုံးကထင္ေနၾကၿပီး သူ႕ကို ဘယ္သူကမွသတိမထားမိခဲ့ၾကဘူး။ သူတို႔ထဲကတစ္ဖြဲ႕က ဗီဒီယိုရိုက္ဖို႔အထဲကိုဝင္လာတာျဖစ္တဲ့အတြက္ ကင္မရာေတြကိုပိတ္မထားခဲ့ၾကဘူး။ ဒါေၾကာင့္ အျဖစ္အပ်က္တစ္ခုလုံးကိုရိုက္ယူထားနိုင္ခဲ့တယ္"

ေရွာင္းက်န္းက စကားဆက္သည္။

"ငါတို႔ဗီဒီယိုမွတ္တမ္းေတြကိုျပန္ၾကည့္တဲ့အခါ အဲဒီလူပါတဲ့အပိုင္းေတြအကုန္လုံးက ျမင္ကြင္းကေနလြတ္ေနတယ္။ ဆိုလိုတာက သူတို႔ဟာ အစကေနအဆုံးထိ သူ႕ရဲ႕အသံကိုပဲဖမ္းမိခဲ့တာပဲ"

ေျပာရင္းဆိုရင္းမွာပင္ သူကေနာက္ထပ္ဗီဒီယိုတစ္ခုကိုဖြင့္ျပလာျပန္သည္။ ဗီဒီယိုထဲက လူက အလင္းေရာင္အတြင္းသို႔ တစစီၿပိဳကြဲထြက္ေနသလို။ လြန္ကဲစူးရွေသာအလင္းေရာင္မ်ားအတြင္း၌ ေတာက္ေတာက္ပပအရိပ္သဏၭာန္တစ္ခုကိုသာလွ်င္ေတြ႕ျမင္ရ၏။

ထိုအရိပ္သဏၭာန္ထံမွထြက္ေပၚလာေသာစကားသံကိုၾကားလိုက္ရသည္။

ငါက....ငါရဲ႕ ကိုးသက္ေျခာက္ဘဝကို စိတ္ကုန္ေနလို႔...ေပါ့ေပါ့ပါးပါးလမ္းေလွ်ာက္ထြက္လာတာ....

အသံတစ္ခုတည္းကိုသာၾကားရေသာ္ျငား ေျပာဆိုသူ၏စကားသံထဲမွ အၿပဳံးမ်ားကိုပါၾကားလိုက္ရသည့္ႏွယ္။ သူ၏စကားလုံးမ်ားကတည္တည္ၿငိမ္ၿငိမ္ရွိလွၿပီး ေလသံကလည္းေႏြးေထြးလွေပရာ ၾကားရသူတိုင္းမည္သူမဆို ထိုသူကိုခ်က္ခ်င္းပင္ ႏွစ္သက္သေဘာက်မိသြားေစနိုင္သည္အထိပင္။

ပိခြၽင္းရွန္းက တခဏမွ်စဥ္းစားၿပီးေနာက္ ေျပာလာသည္။

"အဲဒီအခ်ိန္တုန္းက သူတို႔ေတြက အသက္လုေျပးေနရတာမဟုတ္ဘူးလား။ အဲဒီလူကိုၾကည့္ရတာ နည္းနည္းေတာ့......အရမ္းကိုတည္ၿငိမ္ေနတဲ့ပုံေပါက္ေနတယ္"

ေရွာင္းက်န္းက ေခါင္းယမ္းလိုက္၏။

"မဟုတ္ဘူး။ ဒါကမွ ထူးဆန္းတဲ့အပိုင္းပဲ"

သူက ေနာက္ထပ္အသံဖိုင္မ်ားကိုဖြင့္ျပလိုက္သည္။

ပထမတစ္ခုက ေကာင္မေလးတစ္ေယာက္၏ခပ္ျပတ္ျပတ္စကားသံတစ္သံျဖစ္သည္။ အသံကိုနားေထာင္ရသေလာက္ေတာ့ အသက္ခပ္ငယ္ငယ္သာရွိေသးသည့္ပုံပင္။ သူမက ကင္မရာကိုၾကည့္ၿပီးေျပာေနပုံရသည္။

"ေကာင္းၿပီ....အခု ကြၽန္မတို႔အထဲကိုဝင္လာၾကၿပီ။ ဦးဆုံးအေနနဲ႕ အားလုံးကို ဒီအနီးနားတဝိုက္ ေလွ်ာက္ၾကည့္ဖို႔ေခၚသြားပါမယ္"

ဒုတိယတစ္ခုကေတာ့ အမ်ိဳးသားတစ္ဦး၏ ခပ္ၾသၾသအသံျဖစ္သည္။

"ခရီးသြားတယ္ဆိုတာက တကယ္ေတာ့ ကိုယ့္အတြက္ၿငီးေငြ႕ေနတဲ့ေနရာတစ္ခုကေန တျခားလူအတြက္ၿငီးေငြ႕ေနတဲ့ေနရာတစ္ခုကိုသြားတာမ်ိဳးပဲ။ အခုေခတ္မွာ အမ်ားျပည္သူအားလပ္ရက္ေတြမွာ အျပင္ထြက္မယ္ဆိုရင္ ကားပိတ္တဲ့ဒုကၡကိုခံစားရမွာပဲ။ ကြၽန္ေတာ္ေျပာခ်င္တာကဗ်ာ....ဆိုဖာေပၚမွာေအးေအး​ေဆးေဆးလွဲေနၿပီး သူမ်ားေတြဟိုဟိုသည္သည္ေျပးလႊားလႈပ္ရွားေနရတာကိုၾကည့္ေနရတာက ပိုမေကာင္းဘူးလား။ ဒီေန႕မွာ​ေတာ့ ကြၽန္ေတာ္တို႔က သင့္ရဲ႕မ်က္လုံးေတြကို ခရီးတစ္ခုဆီလွည့္လည္ေခၚေဆာင္ေပးသြားမွာျဖစ္ပါတယ္။ အကယ္၍ သင္ေတြ႕ျမင္ရတာေတြကိုသေဘာက်ႏွစ္သက္တယ္ဆိုရင္ ကြၽန္ေတာ္တို႔ကို like and subscribe လုပ္ေပးဖို႔မေမ့ပါနဲ႕ေနာ္..."

တတိယတစ္ခုကေတာ့ အမ်ိဳးသားတစ္ဦး၏အနည္းငယ္အက္ရွရွနိုင္ေသာအသံတစ္သံျဖစ္သည္။

"ငါကေတာ့.....အဲ့ေလာက္လည္း ဆင္းရဲပင္ပန္းေနရတယ္လို႔မထင္ဘူး။ လူတိုင္းမွာကိုယ့္ဒုကၡနဲ႕ကိုယ္ရွိၾကတာပဲေလ။ ကိုးသက္ေျခာက္ဘဝရဲ႕ေန႕ရက္ေတြကေရာ ပင္ပန္းဆင္းရဲမႈမရွိလို႔လား။ ပင္ပန္းရတယ္ဆိုရင္ေတာင္ အနည္းဆုံးေတာ့ ငါတို႔လြတ္လြတ္လပ္လပ္ေနနိုင္ေသးတာပဲ"

ေရွာင္းက်န္းက ေျပာသည္။

"ျပႆနာမျဖစ္ခင္မွာ တိုက္ရိုက္ထုတ္လႊင့္မႈလုပ္ခဲ့ၾကတဲ့ လူသုံးေယာက္ရွိတယ္။ ဒါေတြက သူတို႔ရဲ႕ၾကည့္ရႈသူေတြနဲ႕ ေရာက္တက္ရာရာစကားေျပာထားတဲ့မွတ္တမ္းေတြပဲ။ တျခားသူေတြရဲ႕စကားသံေတြနဲ႕ေရာေနတာဆိုေတာ့ ရွင္းရွင္းလင္းလင္းမၾကားနိုင္ေလာက္ဘူးဆိုေပမယ့္.....ဒီမွာ ငါျပမယ္...."

"ၾကားတယ္" ႐ႊမ္းက်ီးက သူ႕ေမးေစ့ကိုပြတ္သပ္ေနရင္းက ေျပာလိုက္သည္။

"အဲဒီ လူထူးလူဆန္းက သူမ်ားေတြေျပာတဲ့စကားေတြထဲက စကားလုံးတခ်ိဳ႕ကိုျဖတ္ေတာက္ယူၿပီး ဝါက်အသစ္တစ္ခုကိုျပန္ေျပာေနတာပဲ"

ပိခြၽင္းရွန္း၏ ႏွာတံေပၚရွိမ်က္မွန္က ေအာက္သို႔ေလွ်ာက်လာသည္။

"သူက တျခားသူေတြေျပာတာကို အတုခိုးၿပီးလိုက္ေျပာေနတာလို႔ဆိုလိုတာလား?"

"အတုခိုး႐ုံတင္မဟုတ္ဘူး"

ေရွာင္းက်န္းက ေကာင္မေလး၏ဗီဒီယိုထဲမွ 'အနီးနားတဝိုက္ေလွ်ာက္ၾကည့္မည္' ဟူေသာ စကားလုံးမ်ားကိုထုတ္ႏႈတ္လိုက္ၿပီး တဆက္တည္းမွာပင္ လူထူးလူဆန္း၏ဗီဒီယိုထဲမွ အဆိုပါ 'အနီးနားတဝိုက္ေလွ်ာက္ၾကည့္မည္'ဟူသည့္စကားလုံးကိုထုတ္ႏႈတ္လိုက္ျပန္သည္။ ထိုစကားလုံးမ်ားမွာ ပုံမွန္စကားေျပာဆိုခ်ိန္၌ မသိသာလွေသာစကားလုံးမ်ားျဖစ္ၿပီး ေနာက္ တစ္စကၠန့္ေလာက္ၾကာလွ်င္ပင္ ေမ့သြားနိုင္ေလာက္ေပ၏။ သို႔ရာတြင္ ယခုကဲ့သို႔ျဖတ္ေတာက္ထုတ္ႏႈတ္ကာ ႏွစ္ခုကိုယွဥ္ၾကည့္လိုက္ေသာအခါတြင္ေတာ့ နားေထာင္ေနသူအားလုံးမွာ ၾကက္သီးတျဖန္းျဖန္းထသြားရေလေတာ့သည္။

"အသံေနအသံထား၊ စည္းခ်က္၊ အသံအနိမ့္အျမင့္၊ အျဖတ္အေတာက္ အကုန္လုံးကအတူတူေတြပဲ၊ မသိရင္ တစ္ေယာက္ေယာက္ကပဲ အဲဒီအသံဖိုင္ကို အသံေျပာင္းတဲ့ဟာနဲ႕ေျပာင္းထားလိုက္သလိုပဲ။ ဒီလူက သူမ်ားေျပာတဲ့စကားေတြကိုအတုခိုး႐ုံတင္ခိုးတာမဟုတ္ဘူး။ အတိအက်ကိဳကူးခ်ၿပီးေျပာေနတာ"

ေရွာင္းက်န္းကေခါင္းေမာ့လိုက္သည္။

"စကားလုံးတစ္လုံးတေလကေတာ့ တိုက္ဆိုင္တာျဖစ္ေကာင္းျဖစ္နိုင္ေပမယ့္ ယွဥ္ၿပီးၾကည့္လိုက္မယ္ဆိုရင္ေတာ့ အဲဒီလူထူးလူဆန္းေျပာတဲ့စကားလုံးတိုင္းက သူမ်ားေတြရဲ႕စကားလုံးေတြကိုအတိအက်ကဴးယူထားတာပဲ"

ငါ့အတြက္ကေတာ့

ၿငီးေငြ႕တယ္

ကိုးဘဝေျခာက္သက္

ထြက္လာတယ္

အနီးနားတဝိုက္ေလွ်ာက္ၾကည့္

"ဒီလူကိုေသခ်ာေစာင့္ၾကည့္ရမယ္။ အခ်ိန္လည္းမေစာေတာ့ဘူးဆိုေတာ့ မင္းတို႔လည္းသြားသင့္ၿပီ"

ေရွာင္းက်န္းကေျပာရင္းဆိုရင္း ႐ႊမ္းက်ီးကိုတစ္ခ်က္လွမ္းၾကည့္လိုက္၏။

"မင္းျပန္လာတဲ့အခါက်ရင္ အသံေလးဘာေလးေပးလိုက္။ ငါတို႔က အခုခ်ိန္ကစၿပီး တရားဝင္ လုပ္ေဖာ္ကိုင္ဖက္ေတြျဖစ္သြားၿပီဆို​ေတာ့ ျပန္လာရင္တစ္ခုခုသြားစားရေအာင္"

ၾကည့္ရတာ ေနာက္ဆုံး၌ ေလာင္ေရွာင္းက သူ႕ကိုျပန္လည္ျပဳျပင္ေရးဌာနထဲသို႔ ညာေခၚလာသည့္ကိစၥႏွင့္ပတ္သက္သည့္ ေျဖရွင္းခ်က္တစ္ခုကိုစဥ္းစားထားၿပီးျဖစ္ပုံရသည္။

႐ႊမ္းက်ီးက သူ႕ကိုခပ္ၿပဳံးၿပဳံးျပန္ေျပာလိုက္သည္။

"မင္းဒကာခံမွာမလား? ဒါဆို နည္းနည္းေတာ့တစ္မ်ိဳးျဖစ္မေနဘူးလား ဒါရိုက္တာေရွာင္းရဲ႕။ ဘာလို႔ဒီေလာက္ေတာင္ ကပ္ေစးနည္းရတာလဲ? ဖိတ္မယ့္ဖိတ္ေတာ့လည္း ငါတို႔တစ္ဌာနလုံးကလူေတြကိုဖိတ္ေကြၽးသင့္တယ္မဟုတ္ဘူးလား?"

ပိခြၽင္းရွန္းႏွင့္ 'ဝင္းလက္ေတာက္ေျပာင္ေသာ' လုပ္ေဖာ္ကိုင္ဖက္ေကာင္ေလးတို႔သည္ကား သူတို႔၏အလုပ္တြင္ အနည္းႏွင့္အမ်ားေတာ့ အေတြ႕အႀကဳံရွိသူမ်ားျဖစ္ၾကသည္။ သို႔ျဖစ္ရာ ၎တို႔က ေတြေဝတုန့္ဆိုင္းျခင္းအလ်ဥ္းမရွိဘဲ သူ၏ဦးေဆာင္မႈေနာက္သို႔လိုက္ကာ ဗရမ္းဗတာအေျခအေနကိုဖန္တီးသည့္ေနရာ၌ မိမိႏွင့္သက္ဆိုင္ရာအခန္းက႑ကို ဝမ္းေျမာက္ဝမ္းသာပါဝင္ဆင္ႏႊဲရင္း 'သူေဌးသူႂကြယ္မ်ားကိုတိုက္ခိုက္ကာ သူတို႔၏ေျမယာမ်ားကိုခြဲေဝယူမည္' ဟူေသာစိတ္အားထက္သန္မႈအျပည့္ျဖင့္ သူတို႔၏ဆႏၵကိုထုတ္ေဖာ္ျပသေနၾကေလ၏။

"ငါတို႔ကို ကန္တင္းက စားေသာက္ဆိုင္ကိုေခၚသြားၿပီး အ႐ူးလုပ္ဖို႔ေတာ့မစဥ္းစားနဲ႕ေနာ္။ အနည္းဆုံး ငါတို႔တစ္ခါမွမစားဖူးေသးတဲ့ စားေသာက္ဆိုင္ကိုသာ ေခၚသြားဖို႔ျပင္ထား။ လာ....စားေကာင္းေသာက္ေကာင္းေတြမစားခင္ အလုပ္အရင္လုပ္ၾကတာေပါ့"

႐ႊမ္းက်ီးက ေၾကာက္စရာေကာင္းသည့္ဗီဒီယိုကို သူ႕ရဲ႕ဖုန္းထဲသို႔ကူးယူလိုက္သည္။

"ေၾသာ္...ဒါနဲ႕ အဲဒီ 'သဏၭာန္မဲ့ပုံရိပ္' မွာ နာမည္ရွိလား?"

"အာ....သူက သူ႕ကိုယ္သူ 'ရွန့္လင္ယြမ္း' လို႔ေျပာတယ္"

21.12.20

ရွန့္လင္ယြမ္း

🔥🔥🔥🔥🔥🔥

Pokračovať v čítaní

You'll Also Like

198K 22.8K 70
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
2.8M 187K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
676K 39.6K 100
ပေါ့ပေါ့ပါးပါးနဲ့ အချစ်ပုံစံလေးပါ။ ဓားပြဗိုလ်ဖြစ်တဲ့ မိုးညိုထင်နဲ့ သူကြီးသား သာလွန်ချမ်းတို့ရဲ့ ချစ်စရာပုံစံလေးပါ။ Start date.6.3.2022 End date.4.9.2...