(Zawgyi)
အခန်းထဲမှာ ကလေး ပိုက်ပြီး လမ်းလျှောက်ရင်းနေ့လည်က ကိစ္စကိုဘဲတွေးနေတော့တယ်။
"Kookieရေ.....အဖေတော့ရှုးတော့မယ်ထင်ပါရဲ့...."
Taehyungက kookieလေးကို အခုလိုပြောလိုက်တော့ စကားတောင်မတက်သေးတဲ့ kookieလေးက ဘာလဲဆိုတဲ့အကြည့်လေးနဲ့taehyungမျက်နှာကိုပြူးကြည့်နေသည်။
ပြတင်းပေါက်နားရပ်ပြီး ခြံထဲကိုကြည့်တာတွေးနေတုန်း ဖုန်းထဲmessage၀င်လာတာကြောင့်ပြေးကြည့်လိုက်တယ်။ကလေးက တစ်ဖက်ဖုန်းက တစ်ဖက်နှင့်....။တစ်ညနေလုံးစောင့်နေခဲ့သူ ဆီကမို့လို့မေးဖို့အကြိမ်ကြိမ်စဉ်းစားနေပြန်တယ်။
"Taehyung.....မနက်ဖြန်ကိုတို့တွေ့နိုင်မလား ကိုလာခေါ်ပါ့မယ်...." ဆိုတဲ့စာကို ဖတ်လိုက်စာအရှည်တွေရိုက်လိုက်ပြန်ဖျက်လိုက်နဲ့နောက်ဆုံး "ငါနဲ့မှမဆိုင်တော့တာ" ဆိုသည့်စကားနှင့်ကုတင်ပေါ် ဖုန်းကိုပစ်တင်လိုက်တယ်။
တစ်ဖက်က jungkookကတော့ အလုပ်လုပ်ရင်း ဖုန်းကိုတကြည့်ကြည့်နှင့်ဆေးသောက်ချိန်ကျော်သွားမှန်းတောင်မသိချေ။အချိန်ကိုကြည့်ပြီး မှဆေးသောက်ပြီး အလုပ်ဆက်လုပ်နေခဲ့တယ်။စိတ်ကတော့ taehyungဆီမှာပေါ့။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
"Taehyung.....daddyပြောထားတာ မှတ်မိတယ်မှတ်လား kookieလေး၂နှစ်ပြည့်ရင်စပြီးအလုပ်လုပ်မယ်ဆိုတာ...."
"ဟာဗျာ.....daddyကတော့နောက်ပြီ အခုမှ ၃လတောင်မပြည့်သေးတာကို...."
"မင်းကမေ့တက်တယ်နေ့တိုင်းသတိပေးမှရမှာ....."
အလုပ်မသွားခင်taehyungအဖေ က သူ့မြေးကို ကြည့်ပြီးမှ အလုပ်သွားသည်။kookieလေး က အဖွားရောအဖိုးရောချစ်တာတော့တော်တော်ခံရသည်။taehyungက သာ ၂လကျော်ကလေးကို သူငယ်ချင်းပေါင်းပေါင်းဖို့လုပ်နေတာ....။
မနက်စာစားနေတဲ့ taehyungအရှေ့မှာထိုင်ပြီး taehyungအမေ kookieလေးကိုနို့ဘူးတိုက်နေသည်။jinဆီက jungkookနဲ့taehyungအခြေအနေကိုပြန်ကြားထားတာကြောင့်နားချဖို့ စဉ်းစားတော့သည်။
"Taehyung....."
"ပြောလေ mommy....."
"မင်းနဲ့jungkookအခြေအနေကို အမေသိသင့်သလောက်သိထားတယ်....."
Taehyungမျက်နှာပျက်သွားပြီ ဇွန်းကိုချလိုက်သည်။
"အမေက အတင်းတိုက်တွန်းတာမဟုတ်ပေမယ့်kookieလေးနောင်ရေးကိုကြည့်ရမယ်taehyung.....ပြီးတော့ ပတ်၀န်းကျင်ကိုရော....သားကို လက်မထက်ရသေးဘဲ ကလေး ဘယ်လိုရလဲမေးရင်သားဘယ်လိုဖြေမလဲ....."
Taehyungကတော့ သူ့အမေစကားနားထောင်ရင်း kookieလေးကိုကြည့်လိုက်jungkookကိုပြေးမြင်လိုက်ပေါ့။
"သူက ကျနော်kookieလေးကို လွယ်ထားရမှန်းသိသိရဲ့နဲ့ထားခဲ့တာလေ....တကယ်ဆို အဲ့လိုအချိန်မှာ ကျနော်အလိုအပ်ဆုံးက သူ....ဒါပေမယ့်ကျနော့်နားမှာမှရှိမနေဘဲ...."
"အမေလဲ jungkookတာဝန်မကျေမှန်းသိပါတယ်သားဘက်ကရပ်ကြည့်ပြီးလဲဒေါသဖြစ်တယ်ဆိုပေမယ့်kookieလေးက လူကြီးတွေကြောင့်စောက်ဒုက္ခရောက်မှာတော့မမြင်ချင်ဘူး"
ညတည်းက အတွေးမျိုးစုံနဲ့ ပင်ပန်းနေတဲ့ taehyung.....အခုသူ့အမေစကားကြောင့်အတိတ်ကအကြောင်းတွေတွေးမိပြီး မျက်ရည်တွေကျလာတော့သည်။မိခင်ဖြစ်သူကိုလဲ သူ့မျက်ရည်တွေမပြ၀ံ့တာကြောင့်ခေါင်းငုံနေတော့တယ်။ခုနအကြာမှာ စားပွဲက ထထွက်လာပြီး အပေါ်တပ်လာခဲ့တယ်။ကျန်ခဲ့တဲ့ taehyungအမေကတော့ kookieလေးကိုပွေ့ကာနို့တိုက်ရင်း သက်ပြင်းအခါခါချနေတော့တယ်။
Taehyungကုတင်ပေါ်မှာထိုင်ပြီး ငိုတော့သည်။
"ဘာကြောင့်များလဲ....အဲ့jeon jungkookကြီးက- ဘာမှလဲမပြောဘူး....သူ့ကြောင့်...."
ကလေးအဖေလား သူကိုယ်တိုင်က ကလေးလားမသဲကွဲ။ကုတင်ပေါ်မှာ jungkookကိုအပြစ်တင်ရင်ကလေးတစ်ယောက်လိုငိုနေတော့တယ်။
ဒီလိုရက်တွေကို ဖြတ်သန်းရ ခက်ခဲပေမယ့်၁နှစ်လုံး ပုံစံတွေသာ။မျက်ရည်မကျရင်တောင်စိတ်အမြဲလေးပြီး အတွေးထဲနစ်နေခဲ့တာ.....။
ထိုနည်းအတိုင်း jungkookလဲ အလုပ်လုပ်ရင်း စာထပ်ပို့ဖို့ စာစီနေတော့တယ်။နောက်ဆုံးတော့ ထပ်တွေ့ဖို့အကြောင်းကိုသာထပ်ပို့ခဲ့ပြန်တယ်။Taehyungဆီစာရောက်သွားပေမယ့်ငိုနေတဲ့taehyungက မကျေနပ်သည်ကြောင့်စာမပြန်ခဲ့ပြန်ဖူး။
Jungkookရဲ့အခွင့်အရေးကတော့ အရင်လို မနက်အစောကြီး လာစောင့်ရတော့မည့်အတိုင်း။
"သူဌေး.....အဆင်ပြေရဲ့လား...."
"အော်....အင်းပြေတယ်ရတယ်တင်ထားခဲ့လိုက်...."
Jungkookနဲ့taehyungအခြေအနေကို ကုမ္ပဏီ ကလူတစ်ချိူ့လဲသိကြတယ်။ ကုမ္ပဏီ ကလာနေကြကောင်လေးမလာတော့ဘူးဟုလဲပြောလေ့ရှိကြသေး။စကားသံတွေကြားမှာနေနေရတဲ့jungkookဘ၀ကလဲတော်တော်ငြီးငွေ့စရာကောင်းနေပြီဖြစ်တယ်။
၂ရက်လောက်ဆက်ပြီး စာဆက်ပို့ပေမယ့်taehyungဆီက အကြောင်းပြန်ချက်တစ်ခုမှမရတာကြောင့်jungkookမနက်စောစော လာစောင့်လေ့ရှိတယ်။taehyungက ပုံမှန်ထွက်နေကျအချိန်အတိအကျမရှိတော့ jungkookလာစောင့်ပေမယ့်လက်လျော့ပြန်သွားရသည့်ရက်က ၁ပတ်လောက်ပင်။စာတော့အမြဲပို့ပါတယ်ဖုန်းလဲဆက်ပါတယ်taehyungကတော့ ဖုန်းပါ စက်ပိတ်ထားလိုက်တော့တဲ့အထိ။
တစ်ရက်jungkookကားပေါ်ကနေ ထိုင်စောင့်ရင်း taehyungထွက်မလားလို့ ကြည့်နေရင်း ကံကောင်းစွာနဲ့ဘဲ taehyungအပြင်ထွက်လာသည့်ရက်နှင့်ကြုံသည်။jungkookချက်ချင်းမျှော်လင့်ချက်တွေရပြီး ကားပေါ်ကဆင်းပြီး taehyungဆီလျှောက်လာခဲ့တယ်။kookieလေးလဲပါတာကြောင့်jungkookပျော်သွားသည်။
"Taehyung........"
Taehyungမျက်နှာချက်ချင်း ငြိုးကျသွားကာ ကလေးလှည့်ကို တွန်းပြီး အိမ်ထဲဝင်ဖို့်လုပ်တော့သည်။
"Taehyung....အဲ့လိုမလုပ်ပါနဲ့.....ကို့ကိုနောက်ဆုံး အခွင့်အရေး ဒါမှမဟုတ်တစ်ရက်ဘဲဖြစ်ဖြစ်အတူရှိနေပေးနိုင်မလား....ကိုအရမ်းသတိရနေလို့ပါ....."
"ခင်ဗျားပြန်လိုက်တော့...."
"တောင်းပန်ပါတယ်taehyung....တစ်ခါဘဲဖြစ်ဖြစ်......"
Taehyungလက်ကိုကိုင်ကာ jungkookတောင်းပန်နေတော့သည်။ဘယ်လိုဘဲသွေးအေးမှုတွေပြနေပါစေ taehyungလဲ မနည်း မျက်ရည်တွေထိန်းထားရသည့်အဖြစ်။
"ကို့ကိုခွင့်မလွှတ်နိုင်ဘူးဆိုရင်တောင်မင်းနဲ့kookieလေးနား ခနရှိချင်လို့ပါ....ခနပါဘဲ...."
"နောက်ဆုံးအကြိမ်ဖြစ်ပါလေ့စေ....."
Taehyungလက်ခံပေးခဲ့တယ်။မနက်အစောကြီး cafeတွေလဲမဖွင့်သေးသည်ကြောင့်jungkookအိမ်ကို တဖန်မောင်းထွက်လာကြပြန်တယ်။
ကားမောင်းနေသည့်jungkookမှာဘေးမှာထိုင်နေသည့်taehyungနှင့်သူ့လက်ထဲက kookieလေးကိုကြည့်တာ အရင်ကထက်နောင်တ ပိုရနေပြန်တယ်။
.
.
.
.
To be continue.....
29.11.2020(Sunday)
Thanks for reading sweethearts💜
(Unicode)
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
"Taehyung....."
"ပြောလေ mommy....."
"သူဌေး.....အဆင်ပြေရဲ့လား...."
"Taehyung........"
.
.
.
.
To be continue.....
29.11.2020(Sunday)