BAL GYI

rukishato228 द्वारा

61.2K 6.4K 1.2K

Zawgyi ဘဲကြီးခများက Alcoholလိုဘဲ သောက်လိုက်လို့ခါးသွားပေမယ့် ဆက်သောက်ချင်နေတုန်းဘဲ ဘဲကြီးက မုန်းဖို့ကောင်းပေမ... अधिक

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 23
Part 24🔞🔞🔞
Part 25(Final)
ADS😁😁

Part 22

1.8K 219 45
rukishato228 द्वारा


Unicode

Jung Hoseokရဲ့အိမ်နဲ့ Jone Jungkookရဲ့အိမ်ကဧည့်ခန်းမှာ ဘွဲ့ဝတ်စုံနဲ့ကောင်လေးဘေးက ခပ်ချောချောကောင်လေးတစ်ယောက်ရဲ့ပုံလေး တိုးလာခဲ့တယ် နှစ်ယောက်လုံးချောမောကြပေမယ့်ခတ်တာက နှစ်ယောက်လုံးရှေ့ကိုမလှည့်ဘဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြုံးနေတာပါဘဲ ဟုတ်ပါတယ်
ဒါကတော့ လောကမှာနှစ်ယောက်မရှိတဲ့
JungHoseokနဲ့JoneJungkookပါဘဲ
တစ်ယောက်ရှိရာအရပ် တစ်ယောက်အပြုံးပန်းဝေသလိုမျိုးပေါ့

"ဒေါက် ဒေါက်"

"အာပြီးပြီ Oma "

"အင်း မြန်မြန်လုပ် အောက်မှာ Jungkookရောက်နေပြီ"

"ဒီဘဲကြီးက မြန်လိုက်တာ ဘယ်အချိန်များထလို့ ဒီအချိန်ရောက်လာလဲမသိဘူး"

ဟုတ်ကဲ့ မနက် 9:00 နာရီရှိပါပြီ Hoseokieသူ့ဟာသူအိပ်ပုတ်ကြီးနေတာပါ

ပြင်ဆင်ပြီးဆင်းလာတော့ အဆင်သင့်စောင့်နေတဲ့ ဘဲကြီးက လူကိုခြေဆုံးခေါင်းဆုံးကြည့်ပြီး လှည့်ထွက်သွားတယ် ကားတံခါးကတော့ထုံးစံအတိုင်းဖွင့်ပေးပြီးသား ထိုင်ခုံခါးပတ်လဲပတ်ပေးပြီးသား

"training သွားမှာလား model show သွားလျှောက်မှာလား"

"trainingလေ"

"training သွားတာ အဲ့လောက်ထိပြင်စရာလိုလို့လား "

"ဘယ် မှာပြင်လို့လဲ ဘာမှပြင်မနေဘူး ကျွန်တော်က ငယ်လဲငယ်သေးတယ် ရုပ်လဲချောတော့ ပြင်စရာမလိုဘူးလေ တစ်ချို့တစ်ချို့တွေလို လူအိုကြီးမဟုတ်ဘူး"

"ကိုယ့်ကလူအိုလား မအိုလားဆိုတာ ကလေးသိပါတယ် "

"ဘဲကြီး ခများဘာတွေပြောနေတာလဲ"

"မဟုတ်လို့လား ကိုယ်မအိုသေးလို့ ကိုယ့်ကိုအခုထိသဝန်တိုနေတာလေ မဟုတ်ဘူးလား ကိုယ်ချောနေတုန်းမို့လေ ကလေးကဘာတွေ တွေးနေတာလဲ မဟုတ်မှ"

"ဘာမှတွေးမနေဘူး ဘာမှမတွေးဘူး ခများကိုလားသဝန်တိုမှာ ချီးမှတောင်မတိုဘူး တိုချင်းတို ခများဘဲတိုမှာ ကျွန်တော်ကမကြာခင်debutလုပ်တော့မှာ modelလှလှလေးတွေနဲ့လဲ တွဲဖက်လုပ်ရဦးမှာ"

"အော် ဟုတ်လား အခုဘဲ Ent ကို JungHoseok debutလုပ်မဲ့ကိစ္စ cancel လုပ်ရမယ်ထင်တယ်"

"ပြောပြီးစလစ်လေ ကိုကို ခများမညစ်နဲ့"

"မညစ်ပါဘူး ကိုယ်က ကလေးကို ချစ်တာ"

ဒီလူကြီးက ကြွေပါတယ်ဆို စကားလုံးတွေနဲ့ထပ်ခြွေချင်တာမျိုး တားစီးလို့မရဘူး
...................................
"ကိုကို အဲ့လောက်ပြင်စရာလိုလို့လား သူများမင်္ဂလာဆောင်သွားမှာနော်"

"ကိုယ့်အစ်ကိုတစ်ဝမ်းကွဲမင်္ဂလာဆောင်လေ အဲ့လောက်တော့ပြင်မှာပေါ့ ကလေးဘဲ ကိုယ့်ကိုလူအိုကြီးဆို"

"ဘဲကြီးခများ ကိုယ်ချောတာကိုယ်သိတယ်မလား အဲ့လောက်ထိမပြင်နဲ့ အမြင်ကပ်ဖို့ကောင်းတယ်"

"ပါးဖောင်းလေးက သဝန်တိုနေတာလား"

"ချီးမှတောင် မတိုဘူး သွားမယ်"

ဘောက်ဆက်ဘောက်ဆက်နဲ့ထွက်သွားတဲ့ Hoseokieလေးက သေချာပေါက်အူတိုနေတာပါ
ဒီနေ့က KimSeokJinနဲ့ KimNamJoonတို့ရဲ့ မင်္ဂလာဆောင်
Jin Hyungကရှုခင်းလှတာလေးတွေသဘောကျတယ်ဆိုလို့ ပန်းခြံထဲမင်္ဂလာဆောင်ကြသတဲ့လေ ပြီးတော့ထူးထူးဆန်းဆန်းJin Hyungကအပန်းရောင်ကြိုက်လို့ အခန်းအနားအပြင်အဆင်ရော သတို့သားဝတ်စုံတွေကပါ အပန်းရောင်တွေသုံးထားသတဲ့လေ တကယ်ကို သူ့Jin Hyungအလိုကျလိုက်ပေးနိုင်တဲ့Joonieပါဘဲ
နှစ်ဖက်အသိမိတ်ဆွေ အနည်းငယ်လောက်နဲ့သာကျင်းပတဲ့ မင်္ဂလာပွဲက မခမ်းနားပေမယ့် ကြည်နူးဖို့ကောင်းနေတာတော့ အသေအချာ အင်းJoonieရဲ့ ပါးစပ်နားရွက်တက်ချိတ်တော့မယ့် နွားပွဲစားအပြုံးကြီးကတော့ အသက်အဝင်ဆုံးပေါ့

"Hoba လာပြီလား "

နှုတ်တာနှုတ်ဆက်နေတာ စားသောက်နေရာကနေထမလာတဲ့ သတို့သား KimNamJoonဘဲ

"Taehyungတို့တောင်ရောက်နေပြီ မင်းကနောက်ကျနေတာ"

"အော် မင်းကသတို့သားနော် အဲ့လိုသဖြဲနဖြဲစားနေတော့ ကြည့်လို့လှနေဦးမယ်"

"ဟီး မင်းကလဲ"

"ဟိုသုံးကောင်ဘယ်မှာလဲ"

"ဟိုမှာလေ"

အစားအသောက်ဘူဖေး ပေးထားတဲ့နား ပန်းကန်ကိုယ်စီနဲ့ သွားရည်တမျှားမျှားကျနေတဲ့ Jimin Yoongi TaeHyung အသာလေးသွားပြီး အနောက်ကနေ နရင်းတစ်ချက်စီအုပ်ပေးလိုက်တယ်

"မင်းတို့ အဲ့လိုငတ်နေလို့ သောက်FAဖြစ်နေတာ"

"အံမယ်ငါတို့ကိုပြောမနေနဲ့ ဟိုမှာမြင်လားJoonieတို့တောင် မင်္ဂလာဆောင်သွားပြီ မင်းဘဲကြီးကရော မင်းကိုမယူသေးဘူးလား"

"ဟျောင့် ငါမယူတာကွ ငါကငယ်သေးတယ်လေ "

"အေး မူနေလိုက် မိန်းမရသွားမှ ငါ့ကိုကယ်ပါလာမငိုနဲ့ ဟိုမှာမြင်လား ဝိုင်းဝိုင်းလည်နေတာဘဲ"

Jiminပြတဲ့နေရာကြည့်လိုက်မှ ဘဲကြီးကိုဝိုင်းအုံနေတဲ့ အမျိုးသမီးတစ်သိုက်

"ကိုကို"

"ပါးဖောင်းလေး ဘာဖြစ်လို့လဲ"

"ကလေး မတ်တပ်ရပ်ရတာညောင်းနေပြီ ခြေထောက်မထောက်နိုင်တော့ဘူး"

"ဟင်အာ့တာဆိုထိုင်နေလေ"

"ထိုင်ခုံမှ မရှိတာ"

မင်္ဂလာ stage ရှေ့ကထိုင်ခုံများကပြောတယ် သူတို့မရှိပါဘူးတဲ့
ဗြောင်လိမ်နေတဲ့ ကလေးက သဝန်တိုနေမှန်Jungkook သိတာပေါ့ ဒါပေမယ့်လဲ ကလေးအလိုကျ ပွေ့ချီပြီး ထိုင်ခုံတစ်ခုံမှာသာဝင်ထိုင်နေလိုက်တယ်

"ကဲ baby ထိုင်လို့ရပြီ ကိုယ့်ပေါ်ဘဲထိုင်မလား ဘေးကထိုင်ခုံမှာထိုင်မလား"

အဲ့လိုပြောမှလူပေါ်ကဆင်းပြီးဘေးခုံစွဲပြီးထိုင်တဲ့ ကလေးပေါက်စ အင်းကလေးပါဘဲလေ

"အာ ထိုင်ခုံတွေရှိနေတာဘဲ ဟီး မမြင်လိုက်ဘူး ခုနကလုံးဝမရှိပါဘူး ဘယ်ကရောက်လာတာလဲ"

"မိုးပေါ်က ကျလာတာ"

ဘေးခုံမှာလာဝင်ထိုင်ရင်း ပြောတဲ့Yoongi

"အော် ဟုတ်လား ငါကမင်းခေါင်းပေါ်က ကျလာတယ်ထင်လို့"

"ခွေးကောင် ခုံတွေက အစတည်းကရှိနေတာ ဝင်လာတာနဲ့မြင်နေရတာ မင်းသာကန်းနေတာ"

"မင်း Yoongiစုတ် အာ့တာကြောင့်ရည်းစားမရတာ ငြိမ်ငြိမ်နေစမ်းပါဟာ"

သူငယ်ချင်းတွေ အချင်းချင်းတွတ်ထိုးနေရင် မင်္ဂလာအခန်းအနားစမှငြိမ်သွားတော့တယ် ဒါတောင်ကြိတ်ဖြစ်နေကြသေးတာ တော်တော်ချစ်ကြတဲ့သူငယ်ချင်းတွေပါဘဲ
အခန်းအနားစတော့ stageပေါ်မှာ Joonieက ဖာသာဘေးနားက နေ JinHyungအလာကိုစောင့်နေတယ် သေချာပေါက် အပြုံးတစ်ခုနဲ့ပေါ့ အပန်းရောင်သတို့သားဝတ်စုံကမပါမဖြစ် ကိုယ့်သူငယ်ချင်းမို့မြောက်ပြောတာမဟုတ်ဘူး Joonieကတကယ်ချောတာ
မကြာပါဘူး နောက်ထပ် အပန်းရောင်သတို့သားဝတ်စုံနဲ့ JinHyung ဝင်လာပြီးနောက် ဖာသာရှေ့ကတိသစ္စာပြုကြပြီး အပြန်အလှန် လက်စွပ်လှဲဝတ်ကြတယ် အပြုံးတွေမှ ကြည်နူးခြင်းတွေပါတယ် မြတ်နိုးမှုတွေပါတယ် တွဲထားတဲ့လက်တွေကခိုင်မြဲနေတယ်

"သတို့သားနှစ်ယောက် အကြင်နာပေးနိုင်ပါပြီ"

ထိစပ်သွားတဲ့ နှုတ်ခမ်းလွှာ နှစ်ခုကြားမှာ အတွေးတွေပါသွားတယ် ဘေးနားကဆူညံဆူညံဖြစ်သွားလို့ အသိဝင်သွားမှလှည့်ကြည့်တော့ မင်္ဂလာပန်းစီးရသွားတာက MinYoongiတဲ့လေ အမြဲတမ်းအိပ်နေတဲ့ ရေခဲတုံးလိုကောင်က အခုလဲအိပ်ငိုက်နေရင် ပန်းစီးကသူ့အလိုလိုလက်ထဲ တိုက်ဆိုင်ပြီးရောက်သွားတာနေမှာပေါ့ ပန်းစီးကြီးကိုင်ပြီး အူကြောင်ကြောင်ဖြစ်နေတဲ့Yoongiကြောင့် မင်္ဂလာပွဲထဲ ရယ်သံတွေလွှမ်းသွားရသေးတယ် အင်းသူလဲအချိန်တန်လို့ ဖူးစာပါလာရင် တစ်ယောက်ယောက်နဲ့တော့တွေ့မှာပါ
အခုမှသတိရပြီးဘေးဘက်ကိုလှည့်ကြည့်တော့ သူ့ကိုတစ်ချိန်လုံးစိုက်ကြည့်နေတဲ့ ဘဲကြီး ရှက်လိုက်တာ

"ကိုကို အဲ့လိုကြီးကြည့်မနေနဲ့လေ မျက်နှာကြီးရဲလာပြီ"

"ကိုယ်ထင်တာ ကလေးJinHyungတို့ကိုအားကျနေတာလားလို့ အခုချက်ချင်းမင်္ဂလာဆောင်ကြမလား"

"ခွေးချီးလိုဘဲကြီး ဘာမှအားမကျဘူး ဒီအတိုင်းကြည်နူးစရာကောင်းလို့ငေးနေယုံဘဲ တခြားထင်မနေနဲ့"

"အော် ကိုယ်ကတော့ အပါးcompanyကိုလဲ ကူပြီးဦးစီးပေးရဦးမယ် ကလေးကတော့ကိုယ့်ကိုလက်မထပ်ချင်ဘူးဘဲ"

"ဘယ်သူကလက်မထပ်ချင်ဘူးပြောလို့လဲ စောသေးတယ်လို့ဘဲပြောတာလေ ကိုကိုဘဲစောင့်မယ်ဆို မရဘူးနော် စောင့်ရမှာနော် တခြားသူမယူရဘူး ယူလို့ကတော့လာသတ်မှာ"

"ဟက် ဟက် ဒီရှဉ့်ပေါက်လေးနဲ့တော့ သိပ်မဆိုးနဲ့ အသည်းယားတယ်"

အချစ်ကဖော်ပြဖို့ခတ်တယ် တစ်ခါတစ်လေခက်ထန်ပေမယ့် တစ်ခါတစ်လေ နူးညံ့သွားပြန်ရော

Author-Rukishato
idea_crd
#သာသာ MV Streamနေတာရော အပျင်းတစ်နေတာရေားနဲ့ အများကြီးနောက်ကျသွားတယ် တကယ်တော့ရေးပြီးသား စာရိုက်ရမှာပျင်းနေတာပါ🤒

—————————————————

Zawgyi

Unicode


"ဒေါက် ဒေါက်"

"အာပြီးပြီ Oma "






"trainingလေ"










...................................






"Hoba လာပြီလား "




"ဟီး မင်းကလဲ"


"ဟိုမှာလေ"







"ကိုကို"




"ထိုင်ခုံမှ မရှိတာ"





"မိုးပေါ်က ကျလာတာ"















Author-Rukishato
idea_crd

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

617K 37.6K 102
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
9.2K 1K 22
ငါမင်းကိုအရမ်းမုန်းတယ် ကင်ထယ်ယောင်း 👉hoseok👈 hyungမုန်းလေ ကျွန်တော်ကတော့ hyungကိုအရမ်းချစ်လေပဲ 👉taeyaung👈
308K 6.8K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
98.4K 9.6K 19
ငါမာနက တားတယ် ၊ မင်းကိုချစ်တယ်လို ဖွင့်ပြောဖို့ ။