(Zawgyi)
2nd Dec, 1971
ဒီႏွစ္ရဲ႕ေဆာင္းက အရင္ႏွစ္ေတြထက္စာရင္ ေတာ္ေတာ္ေလးကို အေအးပိုတယ္လို႔ ကြၽန္ေတာ္ထင္မိတယ္....။ အခုလဲၾကည့္ေလ... ေန႔ခင္းဘက္သို႔ခ်ဥ္းႏွင္းဝင္ေရာက္လာၿပီမို႔ ဆီးႏွင္းေတြကက်ဲပါးသြားရမယ့္အစား ပိုမိုၿပီးက်ဆင္းေနတယ္...။
ေနေရာင္ျခည္ဆိုတာခုထိမျမင္ရေသး...။
ခပ္လွမ္းလွမ္းရြာထဲမွာ ဟင္းခ်က္ဖို႔လိုအပ္ေသာပစၥည္းေတြ လာဝယ္မိတဲ့ကြၽန္ေတာ္ ခုမွေနာင္တရမိတယ္...။ ဒီလိုမွန္းသိရင္ ဆိုင္ကယ္နဲ႔ျဖစ္ျဖစ္လာပါတယ္....။ အခုေတာ့ ေျခအိတ္ထူထူနဲ႔ လည္ရွည္ဖိနပ္ဝတ္ထားတာေတာင္မွ ေျခေခ်ာင္းေလးေတြထိ ေအးစိမ့္မႈက ပိုေနခဲ့တယ္...။
ေျခတစ္လွမ္းလွမ္းလိုက္တိုင္း ၃လက္မေလာက္ရိွတဲ့ ဆီးႏွင္းထုေတြၾကား ေျခရာေတြနစ္က်န္ခဲ့တယ္...။ ကြၽန္ေတာ္ေနတဲ့ေနရာက သစ္ေတာအုပ္ထဲမွာမို႔ အေအးဓာတ္ကပိုတယ္...။ ၿမိဳ႕ထဲမွာလို ႏွင္းရွင္းေပးတဲ့ကားလဲမရိွ...။ ယုတ္စြအဆံုး အိမ္ေရွ႕နားကႏွင္းထုကို ေဂၚျပားနဲ႔ေကာ္ထို္းေပးမယ့္သူေတာင္မရိွ...။
ဟုတ္တယ္... ကြၽန္ေတာ္ကတစ္ကိုယ္တည္းသမား...။
ေတာထဲမွာေနတဲ့အေၾကာင္းရင္းက ကြၽန္ေတာ္က သစ္ေတာအုပ္တစ္ေယာက္ ျဖစ္ေနလို႔ပါပဲ...။ လမ္းေလွ်ာက္ရင္ ဆယ့္ငါးမိနစ္ခန္႔သာေဝးတဲ့ ရြာေလးရဲ႕အစြန္က ေတာစပ္နားမွာ ကြၽန္ေတာ့္အိမ္ရိွတယ္...။
ေဟာ.. ေျပာရင္းဆိုရင္းနဲ႔ပင္ ကြၽန္ေတာ့္အိမ္ေလးကို လွမ္းျမင္ေနရေလျပီ...။ ခပ္ေသးေသးအိမ္ငယ္ေလးက တဖြဲဖြဲက်ဆင္းေနတဲ့ ဆီးႏွင္းေတြၾကားမွာ ေပ်ာက္ကြယ္လုနီးနီးပင္....။ ကြၽန္ေတာ့္ေျခလွမ္းေတြကို ပိုမိုၿပီးအရိွန္တင္လိုက္တယ္...။
ဆယ့္ငါးမိနစ္သာေလွ်ာက္ရတဲ့လမ္းခရီးက ရာသီဥတုအေျခအေနေၾကာင့္ နာရီဝက္ေလာက္ထိၾကာေနၿပီပဲ...။ ကြၽန္ေတာ့္တစ္ကိုယ္လံုး ေအးစက္လို႔ေနၿပီေလ...။ ဘယ္ေလာက္ပင္ လံုၿခံဳေအာင္ဝတ္ထားပါေစဦးေတာ့ အေအးဓာတ္က အ႐ိုးထဲထိေတာင္ စိမ့္ဝင္လာသလိုပင္...။
ေသခ်ာတယ္... ဒီညေတာ့ကြၽန္ေတာ္ ႏွင္းကိုက္တဲ့ဒဏ္ကို အလူးအလဲခံရေတာ့မယ္ဆို္တာ...။ ဒဏ္ေၾကေဆးလိမ္းလို႔မေပ်ာ္တဲ့ ထိုေဝဒနာကို ခံစားဖူးသူမွသိမယ္...။ ကြၽန္ေတာ့္အတြက္ကေတာ့ ႐ိုးလို႔ေနပါျပီ...။
ခပ္ေသးေသးအိမ္ေလးထဲကို ဝင္လိုက္တာနဲ႔ လူကအတန္ငယ္ေႏြးေထြးသြားသလိုပင္...။ မီးရိွေနေသးတဲ့ မီးလင္းဖိုထဲသို႔ ထင္းတံုး၂တံုးပစ္ထည့္လိုက္ၿပီးမွ ဆီးႏွင္းတို႔ စိုရႊဲေနၿပီျဖစ္တဲ့ အေႏြးထည္ေတြ လက္အိတ္ေတြ ဖိနပ္ရွည္ေတြကို အျမန္ခြၽတ္ပစ္လိုက္တယ္...။
ေႏြးေႏြးေထြးေထြးရိွေစမယ့္အဝတ္ေတြကို လဲလွယ္ဝတ္ဆင္ၿပီးေတာ့မွ ကြၽန္ေတာ္လဲမီးလင္းဖိုနားကခံုမွာ ဝင္ထိုင္လိုက္ေတာ့တယ္...။ ခႏၶာကိုယ္တြင္းေအးစက္မႈကို ေျဖေဖ်ာက္ဖို႔ရာအတြက္ ကြၽန္ေတာ္ေကာ္ဖီတစ္ခြက္လိုအပ္တယ္...။
ဒန္ခ်ဳိင့္ေလးထဲသို႔ စနစ္တက်သိုေလွာင္ထားတဲ့ ေျမေအာက္ေရကန္မွ ေရအနည္းငယ္ျဖည့္ၿပီး မီးလင္းဖိုေပၚကေဒါက္တိုင္မွာ ခ်ိတ္ဆြဲလိုက္တယ္...။ ခုလိုရာသီမွာ ေရပိုက္ေခါင္းထဲကေရေတြလဲ ေအးခဲေနေလၿပီ...။ အေႏြးဓာတ္ေပးထားတဲ့ ေျမေအာက္ေရကန္ထဲကေရကိုသာ ကြၽန္ေတာ္ေသာက္သံုးေနရတယ္....။
ေရေႏြးအိုးတည္ထားတုန္းမွာပဲ ဝယ္လာတဲ့ တစ္ပါတ္စာဟင္းခ်က္စရာေတြကို ကြၽန္ေတာ္ေနရာတက်ထားသိုလိုက္တယ္....။ တစ္ကိုယ္တည္းသမားမို႔ ဗိုက္ဆာတဲ့အခ်ိန္မွသာ စြပ္ျပဳတ္လိုမ်ဳိး ပူပူေႏြးေႏြးဟင္းလ်ာကို ခ်က္ျပဳတ္စားလိုက္႐ံုသာ...။
ခဏေနေရေႏြးအိုးဆူလာေတာ့ ေကာ္ဖီတစ္ခြက္ကိုေဖ်ာ္ၿပီး မီးလင္းဖိုေဘးကခံုမွာ ကြၽန္ေတာ္ဇိမ္က်က် ဝင္ထိုင္လိုက္တယ္...။ ေျခေထာက္ေတြကိုလဲ ခံုပုေလးေပၚသို႔ ဆန္႔တန္းတင္လိုက္ရင္း ေကာ္ဖီပူပူတစ္က်ဳိက္ကိုေသာက္ကာ ကြၽန္ေတာ္စည္းစိမ္အျပည့္နဲ႔ အနားယူမိတယ္...။
ဖြင့္ထားတဲ့ေရဒီယိုေလးကလဲ သာယာနာေပ်ာ္ဖြယ္ေတးသံေတြ ဖန္တီးေပးေနျပန္တယ္...။ ေအာ္... ဘာလိုလိုနဲ႔ ခရစ္စမတ္ကိုေတာင္ ေရာက္ေတာ့မွာပါလား...။
"ေက်းဇူးျပဳၿပီးနားဆင္ေပးပါရွင္... ဒီႏွစ္ေဆာင္းရာသီမွာ အေအးလိႈင္းျဖတ္မႈေၾကာင့္ အရင္ႏွစ္ေတြထက္ ပိုေအးမည္ျဖစ္ၿပီး ႏွင္းမုန္တိုင္းတိုက္ခတ္ဖို႔ ရာႏႈန္းျပည့္ေသခ်ာတာမို႔ အတတ္ႏိုင္ဆံုး အိမ္ထဲကအိမ္ျပင္မထြက္ပဲ ေနၾကပါရန္သတိေပးႏိႈးေဆာ္အပ္ပါတယ္...။
သဘာဝအႏၲရာယ္ေၾကာင့္ ထိခိုက္မႈတစ္စံုတစ္ရာျဖစ္ခဲ့ပါက ဖုန္းနံပါတ္ 112 သို႔မဟုတ္ 911 သို႔ အျမန္ဆံုးဆက္သြယ္ႏိုင္ပါတယ္ရွင္...။ အားလံုးပဲ သာယာေပ်ာ္ရႊင္ေသာေန႔ရက္ေလးကို ပိုင္ဆိုင္ႏိုင္ပါေစ...။"
ေရဒီယိုမွ သဘာဝအႏၲရာယ္သတိေပးခ်က္ ေၾကျငာၿပီးေနာက္ ခရစ္စမတ္သီခ်င္းေအးေအးေလးေတြကို ထုတ္လႊင့္ေပးေနျပန္တယ္...။ ကြၽန္ေတာ္ေကာ္ဖီကို ျဖည္းျဖည္းခ်င္းအရသာခံကာ ေသာက္ေနရင္းနဲ႔ သီခ်င္းစည္းခ်က္အတိုင္း လက္ေခ်ာင္းေလးေတြကို လႈပ္ရွားေနလိုက္တယ္...။
ခင္ဗ်ားတို႔ထင္ၾကမွာေပါ့... ကြၽန္ေတာ့္ဘဝက အထီးက်န္ဆန္တယ္လို႔ေလ...။ ဟင့္အင္း... ဒါကကြၽန္ေတာ္ကိုယ္တိုင္ ေရြးခ်ယ္ထားတဲ့ဘဝတစ္ခုပါ...။
ယံုၾကမလားေတာ့မသိဘူး...။ ကြၽန္ေတာ္အရင္က သိပ္ကိုနာမည္ႀကီးတဲ့ ေရွ႕ေနတစ္ေယာက္ျဖစ္ခဲ့ဖူးတယ္...။ အထက္တန္းေရွ႕ေန ကင္မ္နမ္ဂြၽန္းဆိုရင္ မသိတဲ့သူခပ္ရွားရွားေလ...။ နာမည္ႀကီးသေလာက္လဲ သိပ္ကိုပင္ပန္းလွပါတယ္...။
မ်ားျပား႐ႈပ္ေထြးလွတဲ့ျပႆနာေပါင္းစံုကို ေျဖရွင္းေပးၿပီးေနာက္ တရားသူႀကီးအျဖစ္သို႔ ရာထူးတက္လာေသာ္ျငားလဲ ကြၽန္ေတာ္ျငင္းပယ္ပစ္ခဲ့တယ္...။ အသက္၃၀ထဲသို႔ ခ်ဥ္းႏွင္းဝင္ေရာက္လာၿပီမို႔ ကြၽန္ေတာ္ေအးေအးခ်မ္းခ်မ္းပဲ အနားယူခ်င္ေနၿပီ...။
ထိုဆံုးျဖတ္ခ်က္ေၾကာင့္လဲ အခုဂန္ဝန္ဒိုနယ္စပ္မွာ လစ္လပ္ေနတဲ့ သစ္ေတာအုပ္ေနရာကို ေရြးခ်ယ္ေလွ်ာက္ထားလိုက္တယ္...။ လူေတြကေတာ့ ကြၽန္ေတာ့္ကို႐ူးမိုက္သူရယ္လို္႔ ထင္ျမင္ၾကတယ္...။ ကြၽန္ေတာ္ကေတာ့ ဂ႐ုမစိုက္ပါ...။ ခုလိုေအးခ်မ္းတဲ့ဘဝမွာ ကြၽန္ေတာ္ေပ်ာ္တယ္...။
အေတြးနဲ႔အတူ ကြၽန္ေတာ့္ႏႈတ္ခမ္းေတြၿပံဳးလို႔လာခဲ့တယ္...။ ေန႔ရက္တိုင္းဟာ ကြၽန္ေတာ့္အတြက္ေတာ့ သာယာေပ်ာ္ရႊင္မႈအတိပါပဲ...။ ရာသီဥတုက လူသားေတြေလာက္ ကြၽန္ေတာ့္ကို စိတ္အေႏွာက္အယွက္မေပး...။
ေျခေခ်ာင္းေလးေတြ ေအးစက္ကိုက္ခဲေနေပမယ့္ ကြၽန္ေတာ္ၿပံဳးေနမိတယ္...။ ခင္ဗ်ားတို႔သိလား... ဂန္ဝန္ဒိုရဲ႕ေႏြဦးက သိပ္လွတယ္ဆိုတာ....။ ေဆာင္းတြင္း၃လၿပီးရင္ ကြၽန္ေတာ္သေဘာက်တဲ့ ေႏြဦးရာသီကို ေရာက္လာေတာ့မွာပါ...။
ေဟာ... အေတြးနဲ႔တင္ ကြၽန္ေတာ္ေပ်ာ္ေနၿပီ...။
ၾကည္ႏူးမႈစိတ္အခံေၾကာင့္ မီးလင္းဖိုဆီမွ မီးေတာက္ေတြကေတာင္ လွပေနသေယာင္ပင္....။
~•~•~•~•~•~•~•~•~•~•~
"ေဒါက္... ေဒါက္... ေဒါက္...!!!"
အိမ္ျပင္ဘက္ဆီမွ တံခါးေခါက္သံသဲ့သဲ့ေၾကာင့္ ကြၽန္ေတာ္အိပ္ေပ်ာ္ေနရာမွ ႏိုးသြားရတယ္...။ ႏိုးတဝက္မို႔ အိပ္မက္လိုလို တကယ္လိုလို စိတ္ထဲဇေဝဇဝါနဲ႔ပင္...။
အိပ္ယာေဘးစားပြဲေပၚက မီးအိမ္ကိုဖြင့္လိုက္ၿပီး နာရီကိုလွမ္းၾကည့္မိေတာ့ ညဥ့္တစ္နာရီေက်ာ္ေနျပီ...။ သန္းေခါင္ယံအခ်ိန္မို႔ ထင္ေယာင္ထင္မွားလားလို႔ အမွတ္မွားမိေပမယ့္ ေနာက္တစ္ႀကိမ္ထပ္ေပၚလာတဲ့ တံခါးေခါက္သံေၾကာင့္ ကြၽန္ေတာ္မ်က္ေမွာင္က်ံဳ႕လိုက္မိတယ္....။
ထို႔ေၾကာင့္ပင္ မီးအိမ္ကိုလက္ကဆြဲကာ အိပ္ယာေပၚကေန လူးလဲထလိုက္တယ္...။ လူသူအေရာက္အေပါက္နည္းတဲ့ ေတာစပ္နားေပမယ့္လဲ တေစၧသရဲမေၾကာက္တတ္တဲ့ ကြၽန္ေတာ္ကေတာ့ ညနက္သန္းေခါင္ယံမွာၾကားရတဲ့ တံခါးေခါက္သံအတြက္ ေၾကာက္လန္႔မေနခဲ့ပါ...။
ျဖစ္ႏိုင္တာက ဆီးႏွင္းထုေတြၾကားမွာ လမ္းေပ်ာက္ေနတဲ့လူ ဒါမွမဟုတ္ တိရစာၦန္တစ္ေကာင္ပဲျဖစ္မွာ...။ တံခါးေခါက္တယ္ဆိုေတာ့ လူပဲျဖစ္ေလာက္မွာပါ...။
အေအးဒဏ္ေၾကာင့္ ညဝတ္အိပ္တဲ့အေႏြးထည္ရွည္ကို ရင္ေစ့ေအာင္ဆြဲေစ့လိုက္ရတယ္...။ မီးလင္းဖိုမွာ မီးေသေနၿပီမို႔ တစ္အိမ္လံုးမွာ ကြၽန္ေတာ့္လက္ထဲကိုင္ထားတဲ့ မီးအိမ္ရဲ႕အလင္းေရာင္သာရိွတယ္...။
"ေဒါက္... ေဒါက္... ေဒါက္...!!!"
ေနာက္ထပ္တံခါးေခါက္သံ ထပ္ၾကားရျပန္ျပီ...။ ကြၽန္ေတာ္လဲတံခါးဆီသို႔ ခပ္သုတ္သုတ္ေလးလွမ္းေလွ်ာက္ကာ တံခါးကိုဆြဲဖြင့္လိုက္တယ္....။ ေအးစက္တဲ့ေလေတြက အိမ္ထဲအလုအယက္တိုးဝင္လာသလို မီးအိမ္အလင္းေရာင္နဲ႔ ျမင္လိုက္ရတာက တံခါးဝမွာရပ္ေနတဲ့ ခပ္ငယ္ငယ္ေကာင္ေလးတစ္ေယာက္...။
"ကြၽန္ေတာ္လမ္းေပ်ာက္လာလို႔
ဒီမွာတည္းလို႔ရႏိုင္မလားအစ္ကို"
ခပ္အက္အက္အသံေသးေသးေလးနဲ႔ ခြင့္ေတာင္းလာေလတဲ့သူ...။ ဆိုးဝါးလွတဲ့ရာသီဥတုေၾကာင့္ ကြၽန္ေတာ္တံု႔ဆိုင္းမေနပဲ ေခါင္းညိတ္ျပလိုက္ကာ သူ႕ကိုအထဲဝင္ေစလိုက္တယ္....။
မီးအိမ္ကိုနီးစပ္ရာစားပြဲတစ္ခုေပၚမွာတင္လိုက္ၿပီး မီးလင္းဖိုကို ကြၽန္ေတာ္မီးျပန္ေမႊးလိုက္တယ္...။ သူ႕ၾကည့္ရတာ အေႏြးဓာတ္လိုေနမွာပဲေလ...။
"ေကာင္ေလး... မင္းညစာေရာစားၿပီးရဲ႕လား"
"ကြၽန္ေတာ္ဗိုက္မဆာပါဘူး...
ခုလိုေနခြင့္ေပးတာနဲ႔တင္ ေက်းဇူးတင္ပါတယ္"
မီးအရိွန္တက္လာၿပီမို႔ ကြၽန္ေတာ္ေရေႏြးအိုးတည္လိုက္တယ္....။ အခုမွပင္ မီးလင္းဖိုရဲ႕မီးအလင္းေရာင္ေၾကာင့္ တစ္အိမ္လံုးကိုကြဲကြဲျပားျပား ျမင္လာရတယ္...။
"ခဏေစာင့္ေနာ္ေကာင္ေလး...
မင္းအတြက္ေကာ္ဖီေဖ်ာ္ေပးမယ္"
ေျပာေျပာဆိုဆိုနဲ႔ လွည့္ၾကည့္မိတဲ့ကြၽန္ေတာ္ အတန္ငယ္ေတာ့အံ့ဩသြားမိတယ္...။ ေကာင္ေလးဝတ္ထားတဲ့ အဝတ္အစားေတြက ေႏြးေႏြးေထြးေထြးမွမရိွပဲ...။ ေခါင္းစြပ္ဝတ္႐ံုတစ္ထည္ကို ဝတ္ဆင္ထားေပမယ့္လဲ ထိုဝတ္႐ံုက အျမင္နဲ႔တင္ ပါးလႊာမွန္းသိသာလွတယ္...။
"မင္းဒီပံုစံအတိုင္း ႏွင္းေတာထဲေလွ်ာက္သြားေနတာလား... မခ်မ္းဘူးလားဟင္...??"
ကြၽန္ေတာ္တအံ့တဩေမးေတာ့ သူၿပံဳးရင္းေခါင္းခါျပတယ္...။ အေအးဒဏ္ေၾကာင့္ သူ႕ပါးမို႔မို႔ေလးနဲ႔ ႏွာေခါင္းထိပ္ေလးက ရဲေနေသာ္လဲပဲ ခ်မ္းမယ့္ပံုေတာ့မေပၚဘူးပဲ...။ ၿပီးေတာ့ထူးဆန္းစြာပင္ သူ႕အဝတ္အစားေတြက ႏွင္းရည္တို႔စိုစြတ္မေနပါ...။ မထူေသာေၾကာင့္ ေျခာက္ေသြ႕ျမန္ေနတာလားေတာ့ ကြၽန္ေတာ္မေျပာတတ္....။
"အစ္ကိုက တစ္ေယာက္တည္းေနတာလားဟင္...
ကြၽန္ေတာ့္ေၾကာင့္အေႏွာက္အယွက္ျဖစ္သြားလား"
ေကာင္ေလးက အားနာသလိုေျပာလာတယ္...။ ေသခ်ာၾကည့္ေတာ့မွ ေကာင္ေလးက ေတာ္ေတာ္ေလးေခ်ာတာပဲ...။ ႏွင္းလိုျဖဴစြတ္ေနတဲ့ အသားအရည္နဲ႔ ကေလးဆန္ေသာမ်က္ႏွာေလးက သူ႕ရဲ႕႐ိုးသားျဖဴစင္မႈကို ေဖာ္က်ဴးေနသေယာင္ပင္...။ ပိုထူးျခားတာက သူ႕ရဲ႕မ်က္ဝန္းအျပာေရာင္ေလး...။
"အေႏွာက္အယွက္မျဖစ္ပါဘူးကြာ.. အားမနာပါနဲ႔... ဒါနဲ႔ကိုယ့္နာမည္က နမ္ဂြၽန္း... ညီကေရာ...??"
"ကြၽန္ေတာ္က ယြန္းဂီပါ"
နာမည္ေလးကလဲ လူေလးလိုပဲခ်စ္စရာေလးရယ္လို႔ ေတြးမိလိုက္ၿပီးသကာလ ကြၽန္ေတာ့္ႏႈတ္ခမ္းေတြ ၿပံဳးသြားရျပန္တယ္...။ ေရေႏြးလဲဆူၿပီမို႔ ေကာ္ဖီႏွစ္ခြက္ေဖ်ာ္ကာ သူ႕ကိုတစ္ခြက္လွမ္းေပးလိုက္တယ္...။
"ေက်းဇူးပါအစ္ကို"
ေကာ္ဖီကိုေသခ်ာအရသာခံေသာက္လိုက္ ႏႈတ္ခမ္းမွာေပသြားရင္ လွ်ာေလးနဲ႔သပ္လိုက္လုပ္ေနတဲ့သူ႕ကို ကြၽန္ေတာ္အဓိပၸာယ္မဲ့ ေငးၾကည့္ေနမိတယ္....။
ကြၽန္ေတာ္တို႔ၾကားမွာတိတ္ဆိတ္ေနေပမယ့္လဲ ေအးစက္မႈကိုမခံစားရပါ...။ ထိုတစ္ညေတာ့ သူေရာကြၽန္ေတာ္ေရာမအိပ္ျဖစ္ပဲ မီးလင္းဖိုနားမွာထိုင္ရင္းသာ မိုးလင္းသြားၾကေတာ့တယ္....။
To Be Continued~~~~~~
(Unicode)
2nd Dec, 1971
ဒီနှစ်ရဲ့ဆောင်းက အရင်နှစ်တွေထက်စာရင် တော်တော်လေးကို အအေးပိုတယ်လို့ ကျွန်တော်ထင်မိတယ်....။ အခုလဲကြည့်လေ... နေ့ခင်းဘက်သို့ချဉ်းနှင်းဝင်ရောက်လာပြီမို့ ဆီးနှင်းတွေကကျဲပါးသွားရမယ့်အစား ပိုမိုပြီးကျဆင်းနေတယ်...။
နေရောင်ခြည်ဆိုတာခုထိမမြင်ရသေး...။
ခပ်လှမ်းလှမ်းရွာထဲမှာ ဟင်းချက်ဖို့လိုအပ်သောပစ္စည်းတွေ လာဝယ်မိတဲ့ကျွန်တော် ခုမှနောင်တရမိတယ်...။ ဒီလိုမှန်းသိရင် ဆိုင်ကယ်နဲ့ဖြစ်ဖြစ်လာပါတယ်....။ အခုတော့ ခြေအိတ်ထူထူနဲ့ လည်ရှည်ဖိနပ်ဝတ်ထားတာတောင်မှ ခြေချောင်းလေးတွေထိ အေးစိမ့်မှုက ပိုနေခဲ့တယ်...။
ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ၃လက်မလောက်ရှိတဲ့ ဆီးနှင်းထုတွေကြား ခြေရာတွေနစ်ကျန်ခဲ့တယ်...။ ကျွန်တော်နေတဲ့နေရာက သစ်တောအုပ်ထဲမှာမို့ အအေးဓာတ်ကပိုတယ်...။ မြို့ထဲမှာလို နှင်းရှင်းပေးတဲ့ကားလဲမရှိ...။ ယုတ်စွအဆုံး အိမ်ရှေ့နားကနှင်းထုကို ဂေါ်ပြားနဲ့ကော်ထိုးပေးမယ့်သူတောင်မရှိ...။
ဟုတ်တယ်... ကျွန်တော်ကတစ်ကိုယ်တည်းသမား...။
တောထဲမှာနေတဲ့အကြောင်းရင်းက ကျွန်တော်က သစ်တောအုပ်တစ်ယောက် ဖြစ်နေလို့ပါပဲ...။ လမ်းလျှောက်ရင် ဆယ့်ငါးမိနစ်ခန့်သာဝေးတဲ့ ရွာလေးရဲ့အစွန်က တောစပ်နားမှာ ကျွန်တော့်အိမ်ရှိတယ်...။
ဟော.. ပြောရင်းဆိုရင်းနဲ့ပင် ကျွန်တော့်အိမ်လေးကို လှမ်းမြင်နေရလေပြီ...။ ခပ်သေးသေးအိမ်ငယ်လေးက တဖွဲဖွဲကျဆင်းနေတဲ့ ဆီးနှင်းတွေကြားမှာ ပျောက်ကွယ်လုနီးနီးပင်....။ ကျွန်တော့်ခြေလှမ်းတွေကို ပိုမိုပြီးအရှိန်တင်လိုက်တယ်...။
ဆယ့်ငါးမိနစ်သာလျှောက်ရတဲ့လမ်းခရီးက ရာသီဥတုအခြေအနေကြောင့် နာရီဝက်လောက်ထိကြာနေပြီပဲ...။ ကျွန်တော့်တစ်ကိုယ်လုံး အေးစက်လို့နေပြီလေ...။ ဘယ်လောက်ပင် လုံခြုံအောင်ဝတ်ထားပါစေဦးတော့ အအေးဓာတ်က အရိုးထဲထိတောင် စိမ့်ဝင်လာသလိုပင်...။
သေချာတယ်... ဒီညတော့ကျွန်တော် နှင်းကိုက်တဲ့ဒဏ်ကို အလူးအလဲခံရတော့မယ်ဆိုတာ...။ ဒဏ်ကြေဆေးလိမ်းလို့မပျော်တဲ့ ထိုဝေဒနာကို ခံစားဖူးသူမှသိမယ်...။ ကျွန်တော့်အတွက်ကတော့ ရိုးလို့နေပါပြီ...။
ခပ်သေးသေးအိမ်လေးထဲကို ဝင်လိုက်တာနဲ့ လူကအတန်ငယ်နွေးထွေးသွားသလိုပင်...။ မီးရှိနေသေးတဲ့ မီးလင်းဖိုထဲသို့ ထင်းတုံး၂တုံးပစ်ထည့်လိုက်ပြီးမှ ဆီးနှင်းတို့ စိုရွှဲနေပြီဖြစ်တဲ့ အနွေးထည်တွေ လက်အိတ်တွေ ဖိနပ်ရှည်တွေကို အမြန်ချွတ်ပစ်လိုက်တယ်...။
နွေးနွေးထွေးထွေးရှိစေမယ့်အဝတ်တွေကို လဲလှယ်ဝတ်ဆင်ပြီးတော့မှ ကျွန်တော်လဲမီးလင်းဖိုနားကခုံမှာ ဝင်ထိုင်လိုက်တော့တယ်...။ ခန္ဓာကိုယ်တွင်းအေးစက်မှုကို ဖြေဖျောက်ဖို့ရာအတွက် ကျွန်တော်ကော်ဖီတစ်ခွက်လိုအပ်တယ်...။
ဒန်ချိုင့်လေးထဲသို့ စနစ်တကျသိုလှောင်ထားတဲ့ မြေအောက်ရေကန်မှ ရေအနည်းငယ်ဖြည့်ပြီး မီးလင်းဖိုပေါ်ကဒေါက်တိုင်မှာ ချိတ်ဆွဲလိုက်တယ်...။ ခုလိုရာသီမှာ ရေပိုက်ခေါင်းထဲကရေတွေလဲ အေးခဲနေလေပြီ...။ အနွေးဓာတ်ပေးထားတဲ့ မြေအောက်ရေကန်ထဲကရေကိုသာ ကျွန်တော်သောက်သုံးနေရတယ်....။
ရေနွေးအိုးတည်ထားတုန်းမှာပဲ ဝယ်လာတဲ့ တစ်ပါတ်စာဟင်းချက်စရာတွေကို ကျွန်တော်နေရာတကျထားသိုလိုက်တယ်....။ တစ်ကိုယ်တည်းသမားမို့ ဗိုက်ဆာတဲ့အချိန်မှသာ စွပ်ပြုတ်လိုမျိုး ပူပူနွေးနွေးဟင်းလျာကို ချက်ပြုတ်စားလိုက်ရုံသာ...။
ခဏနေရေနွေးအိုးဆူလာတော့ ကော်ဖီတစ်ခွက်ကိုဖျော်ပြီး မီးလင်းဖိုဘေးကခုံမှာ ကျွန်တော်ဇိမ်ကျကျ ဝင်ထိုင်လိုက်တယ်...။ ခြေထောက်တွေကိုလဲ ခုံပုလေးပေါ်သို့ ဆန့်တန်းတင်လိုက်ရင်း ကော်ဖီပူပူတစ်ကျိုက်ကိုသောက်ကာ ကျွန်တော်စည်းစိမ်အပြည့်နဲ့ အနားယူမိတယ်...။
ဖွင့်ထားတဲ့ရေဒီယိုလေးကလဲ သာယာနာပျော်ဖွယ်တေးသံတွေ ဖန်တီးပေးနေပြန်တယ်...။ အော်... ဘာလိုလိုနဲ့ ခရစ်စမတ်ကိုတောင် ရောက်တော့မှာပါလား...။
"ကျေးဇူးပြုပြီးနားဆင်ပေးပါရှင်... ဒီနှစ်ဆောင်းရာသီမှာ အအေးလှိုင်းဖြတ်မှုကြောင့် အရင်နှစ်တွေထက် ပိုအေးမည်ဖြစ်ပြီး နှင်းမုန်တိုင်းတိုက်ခတ်ဖို့ ရာနှုန်းပြည့်သေချာတာမို့ အတတ်နိုင်ဆုံး အိမ်ထဲကအိမ်ပြင်မထွက်ပဲ နေကြပါရန်သတိပေးနှိုးဆော်အပ်ပါတယ်...။
သဘာဝအန္တရာယ်ကြောင့် ထိခိုက်မှုတစ်စုံတစ်ရာဖြစ်ခဲ့ပါက ဖုန်းနံပါတ် 112 သို့မဟုတ် 911 သို့ အမြန်ဆုံးဆက်သွယ်နိုင်ပါတယ်ရှင်...။ အားလုံးပဲ သာယာပျော်ရွှင်သောနေ့ရက်လေးကို ပိုင်ဆိုင်နိုင်ပါစေ...။"
ရေဒီယိုမှ သဘာဝအန္တရာယ်သတိပေးချက် ကြေငြာပြီးနောက် ခရစ်စမတ်သီချင်းအေးအေးလေးတွေကို ထုတ်လွှင့်ပေးနေပြန်တယ်...။ ကျွန်တော်ကော်ဖီကို ဖြည်းဖြည်းချင်းအရသာခံကာ သောက်နေရင်းနဲ့ သီချင်းစည်းချက်အတိုင်း လက်ချောင်းလေးတွေကို လှုပ်ရှားနေလိုက်တယ်...။
ခင်ဗျားတို့ထင်ကြမှာပေါ့... ကျွန်တော့်ဘဝက အထီးကျန်ဆန်တယ်လို့လေ...။ ဟင့်အင်း... ဒါကကျွန်တော်ကိုယ်တိုင် ရွေးချယ်ထားတဲ့ဘဝတစ်ခုပါ...။
ယုံကြမလားတော့မသိဘူး...။ ကျွန်တော်အရင်က သိပ်ကိုနာမည်ကြီးတဲ့ ရှေ့နေတစ်ယောက်ဖြစ်ခဲ့ဖူးတယ်...။ အထက်တန်းရှေ့နေ ကင်မ်နမ်ဂျွန်းဆိုရင် မသိတဲ့သူခပ်ရှားရှားလေ...။ နာမည်ကြီးသလောက်လဲ သိပ်ကိုပင်ပန်းလှပါတယ်...။
များပြားရှုပ်ထွေးလှတဲ့ပြဿနာပေါင်းစုံကို ဖြေရှင်းပေးပြီးနောက် တရားသူကြီးအဖြစ်သို့ ရာထူးတက်လာသော်ငြားလဲ ကျွန်တော်ငြင်းပယ်ပစ်ခဲ့တယ်...။ အသက်၃၀ထဲသို့ ချဉ်းနှင်းဝင်ရောက်လာပြီမို့ ကျွန်တော်အေးအေးချမ်းချမ်းပဲ အနားယူချင်နေပြီ...။
ထိုဆုံးဖြတ်ချက်ကြောင့်လဲ အခုဂန်ဝန်ဒိုနယ်စပ်မှာ လစ်လပ်နေတဲ့ သစ်တောအုပ်နေရာကို ရွေးချယ်လျှောက်ထားလိုက်တယ်...။ လူတွေကတော့ ကျွန်တော့်ကိုရူးမိုက်သူရယ်လို့် ထင်မြင်ကြတယ်...။ ကျွန်တော်ကတော့ ဂရုမစိုက်ပါ...။ ခုလိုအေးချမ်းတဲ့ဘဝမှာ ကျွန်တော်ပျော်တယ်...။
အတွေးနဲ့အတူ ကျွန်တော့်နှုတ်ခမ်းတွေပြုံးလို့လာခဲ့တယ်...။ နေ့ရက်တိုင်းဟာ ကျွန်တော့်အတွက်တော့ သာယာပျော်ရွှင်မှုအတိပါပဲ...။ ရာသီဥတုက လူသားတွေလောက် ကျွန်တော့်ကို စိတ်အနှောက်အယှက်မပေး...။
ခြေချောင်းလေးတွေ အေးစက်ကိုက်ခဲနေပေမယ့် ကျွန်တော်ပြုံးနေမိတယ်...။ ခင်ဗျားတို့သိလား... ဂန်ဝန်ဒိုရဲ့နွေဦးက သိပ်လှတယ်ဆိုတာ....။ ဆောင်းတွင်း၃လပြီးရင် ကျွန်တော်သဘောကျတဲ့ နွေဦးရာသီကို ရောက်လာတော့မှာပါ...။
ဟော... အတွေးနဲ့တင် ကျွန်တော်ပျော်နေပြီ...။
ကြည်နူးမှုစိတ်အခံကြောင့် မီးလင်းဖိုဆီမှ မီးတောက်တွေကတောင် လှပနေသယောင်ပင်....။
~•~•~•~•~•~•~•~•~•~•~
"ဒေါက်... ဒေါက်... ဒေါက်...!!!"
အိမ်ပြင်ဘက်ဆီမှ တံခါးခေါက်သံသဲ့သဲ့ကြောင့် ကျွန်တော်အိပ်ပျော်နေရာမှ နိုးသွားရတယ်...။ နိုးတဝက်မို့ အိပ်မက်လိုလို တကယ်လိုလို စိတ်ထဲဇဝေဇဝါနဲ့ပင်...။
အိပ်ယာဘေးစားပွဲပေါ်က မီးအိမ်ကိုဖွင့်လိုက်ပြီး နာရီကိုလှမ်းကြည့်မိတော့ ညဉ့်တစ်နာရီကျော်နေပြီ...။ သန်းခေါင်ယံအချိန်မို့ ထင်ယောင်ထင်မှားလားလို့ အမှတ်မှားမိပေမယ့် နောက်တစ်ကြိမ်ထပ်ပေါ်လာတဲ့ တံခါးခေါက်သံကြောင့် ကျွန်တော်မျက်မှောင်ကျုံ့လိုက်မိတယ်....။
ထို့ကြောင့်ပင် မီးအိမ်ကိုလက်ကဆွဲကာ အိပ်ယာပေါ်ကနေ လူးလဲထလိုက်တယ်...။ လူသူအရောက်အပေါက်နည်းတဲ့ တောစပ်နားပေမယ့်လဲ တစ္ဆေသရဲမကြောက်တတ်တဲ့ ကျွန်တော်ကတော့ ညနက်သန်းခေါင်ယံမှာကြားရတဲ့ တံခါးခေါက်သံအတွက် ကြောက်လန့်မနေခဲ့ပါ...။
ဖြစ်နိုင်တာက ဆီးနှင်းထုတွေကြားမှာ လမ်းပျောက်နေတဲ့လူ ဒါမှမဟုတ် တိရစ္ဆာန်တစ်ကောင်ပဲဖြစ်မှာ...။ တံခါးခေါက်တယ်ဆိုတော့ လူပဲဖြစ်လောက်မှာပါ...။
အအေးဒဏ်ကြောင့် ညဝတ်အိပ်တဲ့အနွေးထည်ရှည်ကို ရင်စေ့အောင်ဆွဲစေ့လိုက်ရတယ်...။ မီးလင်းဖိုမှာ မီးသေနေပြီမို့ တစ်အိမ်လုံးမှာ ကျွန်တော့်လက်ထဲကိုင်ထားတဲ့ မီးအိမ်ရဲ့အလင်းရောင်သာရှိတယ်...။
"ဒေါက်... ဒေါက်... ဒေါက်...!!!"
နောက်ထပ်တံခါးခေါက်သံ ထပ်ကြားရပြန်ပြီ...။ ကျွန်တော်လဲတံခါးဆီသို့ ခပ်သုတ်သုတ်လေးလှမ်းလျှောက်ကာ တံခါးကိုဆွဲဖွင့်လိုက်တယ်....။ အေးစက်တဲ့လေတွေက အိမ်ထဲအလုအယက်တိုးဝင်လာသလို မီးအိမ်အလင်းရောင်နဲ့ မြင်လိုက်ရတာက တံခါးဝမှာရပ်နေတဲ့ ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်...။
"ကျွန်တော်လမ်းပျောက်လာလို့
ဒီမှာတည်းလို့ရနိုင်မလားအစ်ကို"
ခပ်အက်အက်အသံသေးသေးလေးနဲ့ ခွင့်တောင်းလာလေတဲ့သူ...။ ဆိုးဝါးလှတဲ့ရာသီဥတုကြောင့် ကျွန်တော်တုံ့ဆိုင်းမနေပဲ ခေါင်းညိတ်ပြလိုက်ကာ သူ့ကိုအထဲဝင်စေလိုက်တယ်....။
မီးအိမ်ကိုနီးစပ်ရာစားပွဲတစ်ခုပေါ်မှာတင်လိုက်ပြီး မီးလင်းဖိုကို ကျွန်တော်မီးပြန်မွှေးလိုက်တယ်...။ သူ့ကြည့်ရတာ အနွေးဓာတ်လိုနေမှာပဲလေ...။
"ကောင်လေး... မင်းညစာရောစားပြီးရဲ့လား"
"ကျွန်တော်ဗိုက်မဆာပါဘူး...
ခုလိုနေခွင့်ပေးတာနဲ့တင် ကျေးဇူးတင်ပါတယ်"
မီးအရှိန်တက်လာပြီမို့ ကျွန်တော်ရေနွေးအိုးတည်လိုက်တယ်....။ အခုမှပင် မီးလင်းဖိုရဲ့မီးအလင်းရောင်ကြောင့် တစ်အိမ်လုံးကိုကွဲကွဲပြားပြား မြင်လာရတယ်...။
"ခဏစောင့်နော်ကောင်လေး...
မင်းအတွက်ကော်ဖီဖျော်ပေးမယ်"
ပြောပြောဆိုဆိုနဲ့ လှည့်ကြည့်မိတဲ့ကျွန်တော် အတန်ငယ်တော့အံ့ဩသွားမိတယ်...။ ကောင်လေးဝတ်ထားတဲ့ အဝတ်အစားတွေက နွေးနွေးထွေးထွေးမှမရှိပဲ...။ ခေါင်းစွပ်ဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထားပေမယ့်လဲ ထိုဝတ်ရုံက အမြင်နဲ့တင် ပါးလွှာမှန်းသိသာလှတယ်...။
"မင်းဒီပုံစံအတိုင်း နှင်းတောထဲလျှောက်သွားနေတာလား... မချမ်းဘူးလားဟင်...??"
ကျွန်တော်တအံ့တဩမေးတော့ သူပြုံးရင်းခေါင်းခါပြတယ်...။ အအေးဒဏ်ကြောင့် သူ့ပါးမို့မို့လေးနဲ့ နှာခေါင်းထိပ်လေးက ရဲနေသော်လဲပဲ ချမ်းမယ့်ပုံတော့မပေါ်ဘူးပဲ...။ ပြီးတော့ထူးဆန်းစွာပင် သူ့အဝတ်အစားတွေက နှင်းရည်တို့စိုစွတ်မနေပါ...။ မထူသောကြောင့် ခြောက်သွေ့မြန်နေတာလားတော့ ကျွန်တော်မပြောတတ်....။
"အစ်ကိုက တစ်ယောက်တည်းနေတာလားဟင်...
ကျွန်တော့်ကြောင့်အနှောက်အယှက်ဖြစ်သွားလား"
ကောင်လေးက အားနာသလိုပြောလာတယ်...။ သေချာကြည့်တော့မှ ကောင်လေးက တော်တော်လေးချောတာပဲ...။ နှင်းလိုဖြူစွတ်နေတဲ့ အသားအရည်နဲ့ ကလေးဆန်သောမျက်နှာလေးက သူ့ရဲ့ရိုးသားဖြူစင်မှုကို ဖော်ကျူးနေသယောင်ပင်...။ ပိုထူးခြားတာက သူ့ရဲ့မျက်ဝန်းအပြာရောင်လေး...။
"အနှောက်အယှက်မဖြစ်ပါဘူးကွာ.. အားမနာပါနဲ့... ဒါနဲ့ကိုယ့်နာမည်က နမ်ဂျွန်း... ညီကရော...??"
"ကျွန်တော်က ယွန်းဂီပါ"
နာမည်လေးကလဲ လူလေးလိုပဲချစ်စရာလေးရယ်လို့ တွေးမိလိုက်ပြီးသကာလ ကျွန်တော့်နှုတ်ခမ်းတွေ ပြုံးသွားရပြန်တယ်...။ ရေနွေးလဲဆူပြီမို့ ကော်ဖီနှစ်ခွက်ဖျော်ကာ သူ့ကိုတစ်ခွက်လှမ်းပေးလိုက်တယ်...။
"ကျေးဇူးပါအစ်ကို"
ကော်ဖီကိုသေချာအရသာခံသောက်လိုက် နှုတ်ခမ်းမှာပေသွားရင် လျှာလေးနဲ့သပ်လိုက်လုပ်နေတဲ့သူ့ကို ကျွန်တော်အဓိပ္ပာယ်မဲ့ ငေးကြည့်နေမိတယ်....။
ကျွန်တော်တို့ကြားမှာတိတ်ဆိတ်နေပေမယ့်လဲ အေးစက်မှုကိုမခံစားရပါ...။ ထိုတစ်ညတော့ သူရောကျွန်တော်ရောမအိပ်ဖြစ်ပဲ မီးလင်းဖိုနားမှာထိုင်ရင်းသာ မိုးလင်းသွားကြတော့တယ်....။
To Be Continued~~~~~