Unicode
ရှောင်းကျန့် ရေချိုးခန်းထဲကထွက်ထွက်ချင်းဘဲ မျက်ရည်အဝိုင်းသားနဲ့ သူ့ကိုကြည့်နေတဲ့ ဝမ်ရိပေါ်ကြောင့် လန့်သွားတယ်။
"ဝက်ပေါက်...."
ငိုချင်တာကိုအောင့်ထားတဲ့ ဝမ်ရိပေါ်ရဲ့အသံလေးက တကယ်သနားစရာကောင်းတယ်။
"ကျွန်တော့်ကို ပြန်ပို့တော့မှာလား..."
"ကို...ကိုက"
"ကျွန်တော်မေးတာဘဲဖြေ.... ကျွန်တော့်ကိုပြန်ပို့တော့မှာလားလို့"
ရှောင်းကျန့် ဝမ်ရိပေါ်ကိုရင်ခွင်ထဲထည့်ပြီး တင်းကြပ်စွာဖက်ထားလိုက်သည်။ ဝမ်ရိပေါ်လည်း ရှောင်းကျန့်ရင်ခွင်ထဲတိုးလို့ ငိုချလိုက်တယ်။
"ကို တောင်းပန်ပါတယ်"
"ဘာကိုတောင်းပန်တာလဲ...မရဘူး မတောင်းပန်ရဘူး"
ရှိုက်ကြီးတငင်ငိုနေတဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်ပါဝမ်းနည်းရတယ်။
" မင်း ဒုက္ခရောက်နေမှာ ကိုမကြည့်ရက်ဘူးဝက်ပေါက်"
"ဒုက္ခမရောက်ဘူး.... ဘားမှဒုက္ခမရောက်ဘူးလို့"
"မင်းလိမ်နေတာ ဝမ်ရိပေါ်....မင်းအဆင်မပြေဘူးဆိုတာ ဒီတစ်မနက်တည်းနဲ့သိနေရပြီ"
"အဟင့်....အဟင့်.....အဟင့်.....ဟင့်....ကျွန်တော်မလိမ်ဘူး.....ဟင့်....ကျွန်တော်အဆင်ပြေတယ်"
"တိတ် တိတ် ကိုအော်မိသလိုဖြစ်သွားပြီ"
"ကျွန်တော်မပြန်ချင်ဘူး ကျန့်..."
"ဒါပေမဲ့"
"အချစ်ဆိုတာ ကျန့်နဲ့မှရုပ်လုံးပေါ်လာတာမို့
ကျွန်တော့်ကို တစ်ယောက်တည်းထားပြီး
ထွက်မသွားပါနဲ့နော်"
"ဝက်ပေါက်ရယ်......"
"တစ်ကယ်ပြောတာ.... ကျွန်တော်ခံစားနိုင်မှာမဟုတ်ဘူး ဘယ်လောက် ဒုက္ခရောက်ရောက် ကျွန်တော် ကျန့်နားမှာဘဲနေမယ်"
"ဟုတ်ပြီ ဟုတ်ပြီ ကို မှားသွားတယ် ကို ဝက်ပေါက်ကို ပြန်ပို့ဖို့ တွေးကိုမတွေးသင့်ခဲ့ဘူး"
"မတောင်းပန်ပါနဲ့.... ကျွန်တော့်ကိုထားမသွားဘူးဆို ရပြီ"
" အင်းပါ ကို ထားမသွားဘူးနော်"
"ကျွန်တော့်ကို ချစ်လားဟင်"
"အင်း....ချစ်တာပေါ့
ချစ်တာမှ သိပ်ကိုချစ်တာ"
"တကယ်လား..."
"ကိုကနောက်ပြီးပြောရမှာလား"
"အာ...ထားလိုက်တော့ သွားမယ်ဆို လာလေ"
"ခဏနေအုံး.... ဝက်ပေါက် ဆိုင်ကယ်ဆီသွားဝယ်အုံးမယ် ဆီမရှိရင် ဘယ်လိုသွားကြမလဲ"
"ကျွန်တော်ပါလိုက်မယ်"
"ဟာ...ဝက်ပေါက်လိုက်လို့မရဘူးလေ"
"ဘာလို့လဲ....ဘာလို့လိုက်လို့မရတာလဲ ကျန့် ကျွန်တော့်ကိုထားခဲ့ဖို့မဟုတ်လား"
"ပေါက်ကရ ဝက်ပေါက်ရယ်။ ကို ဆီသွားဝယ်ပြီးတာနဲ့ချက်ချင်းပြန်လာမှာ"
"ဒါဆို promise.... "
လက်သန်းလေးကို ရှောင်းကျန့်ရှေ့ထုတ်ပြီး ချစ်စရာအမူအယာ လေးနဲ့ ဂတိတောင်းလိုက်တယ်။
"အား....အူယားစရာ ဝက်ပေါက်ရာ ဒီလိုပုံစံမျိုးကို ကိုကလွဲပြီးတစ်ခြားသူကိုမလုပ်ပြရဘူးနော်"
"ဟုတ်.... မြန်မြန်ပြန်လာခဲ့နော်"
ရှောင်းကျန့်လည်း လက်သန်းချင်းချိတ်ကာ promise ပေးပြီး ဆိုင်ကယ်ဆီ အမြန်ထွက်ဝယ်လိုက်တယ်။ မကြာပါဘူး ဝမ်ရိပေါ်ဆီပြန်ရောက်လာတယ်။
"မြန်လိုက်တာ"
"ဝက်ပေါက် စိတ်ပူနေမှာစိုးလို့ မြန်မြန်သွား မြန်မြန်ပြန်လာတာ"
"ဟုတ်...ဒါဆိုသွားလို့ရပြီလား"
"ရပြီ တက်တော့ ဆိုင်ကယ်ဦးထုပ်ဆောင်း "
ဝမ်ရိပေါ်ကိုခေါ်ပြီး ဒီမြို့ပတ်ဝန်းကျင်ရဲ့အဝေးတစ်နေရာကို ရှောင်းကျန့်ခေါ်သွားလိုက်တယ်။
ဆိုင်ကယ် ၁ နာရီကျော်ကျော်လောက်မောင်းပြီးတဲ့အခါ လူမရှိသလောက်ရှင်းပြီး
၅ ဧက လောက်ကျယ်တဲ့နေကြာပန်းခင်းထဲကိုရောက်လာခဲ့တယ်။ ဝမ်ရိပေါ် ဒီနေရာကိုတစ်ခါမှလဲမကြားဖူးသလို မြင်လဲမမြင်ဖူးဘူး။
"ဝါး....... လှလိုက်တာ"
"သဘောကျလား ဝက်ပေါက်"
"အင်း.... အရမ်းသဘောကျတယ် ဒီလိုနေရာမျိုး ဒါနဲ့ လူမရှိဘူးလား"
"ရှိတော့ရှိမှာပေါ့ ပန်းခင်းကြီးက အရမ်းကျယ်တော့ သတိမထားမိတာ ပြီးတော့ မြို့ပြင်ဆိုတော့ လူသွားလူလာအရမ်းနည်းတယ်"
"ကျန့်က ဒီနေရာကိုဘယ်လိုရှာတွေ့တာလဲ"
"တစ်ဖက်နယ်မြေကနေ ပြသနာတက်ပြီး ဝက်ပေါက်တို့ဘက်ကို လာတဲ့အချိန် ဒီလမ်းကိုဖြတ်ရတယ်လေ .... ။အဲ့အချိန်မှာတွေ့လာတာ ဒီနေရာသဘောကျပေမဲ့ ကိုလို ဝရမ်းပြေးတစ်ယောက်က ဒီနေရာမှာလာပြီး အပန်းဖြေဖို့အခွင့်မရှိဘူးလေ "
"ဒါဆို အခုကရော"
"အခုဝက်ပေါက်ရှိနေပြီလေ ဘာမဆိုဖြစ်လို့ရတယ်"
"ဒီဘဲကြီး စကားတွေနဲ့လာခြွေနေတာလား"
"မခြွေရပါဘူးဗျာ....ဒီတိုင်းလေးပြောပြရုံဘဲ
ဝက်ပေါက်ဗိုက်ဆာပြီလား"
"အင်း..နည်းနည်း"
"လာ ပန်းခင်းထဲအရမ်းမဝင်ခင် ဟိုးနားကဆိုင်မှာ တစ်ခုခုသွားစားကြမယ် ။ ညအတွက်လဲ snack တို့ အအေးတို့ဝယ်ရအုံးမယ်"
"ဟင်....ညအတွက်ဆိုတော့"
"ကိုတို့ ဒီပန်းခင်းထဲမှာ ညအိပ်ကြမှာ"
"တကယ်..."
"အင်းပေါ့"
"ရလို့လား ကျန့်ရဲ့"
"ရတာပေါ့ ဒါကအများပိုင်ကွင်းဘဲ... ဝက်ပေါက်အဆင်မပြေလို့လား"
"ပြေပါတယ် ပန်းခင်းက အစောင့်တွေဘာတွေမရှိဘူးလားလို့"
"ဒါကမြို့ပြင်မှာလေ ပြီးတော့ ဒီလောက်အကြီးကြီး အစောင့်ထားလည်း အစောင့်ကဘယ်လိုကြည့်နိုင်မလဲ"
"အင်းနော်...."
"လာပါ တစ်ခုခုသွားစားမယ်"
ပန်းခင်း ရဲ့အနီးအနားကဆိုင်တစ်ခုမှာ ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်စားစရာရှိတာ စားပြီး အဲ့ဆိုင်ကနေဘဲ ညအတွက်ဆိုပြီး မုန့်ခြောက်တွေဝယ်လိုက်တယ်။ ဆိုင်လေးက တခမ်းတနားကြီး မဟုတ်ပင်မဲ့လို့ ပစ္စည်းစုံစုံလင်လင်ရှိတယ်။
"ဝက်ပေါက် သွားနှင့် ကိုပိုက်ဆံရှင်းပြီးလိုက်ခဲ့မယ်....ပန်းခင်းဝမှာဘဲစောင့်နော် "
"ဟုတ် ဟုတ် "
ဝမ်ရိပေါ်ကို အရင်သွားခိုင်းပြီး ရှောင်းကျန့်ဆိုင်ထဲကလူနဲ့ တိုးတိုး တိုးတိုးစကားပြောရင်းကျန်ခဲ့တယ်။ ခဏနေတော့ ဝမ်ရိပေါ်ဆီပြန်ရောက်လာခဲ့ပြီး ပန်းခင်းထဲအတူဝင်သွားကြသည်။
"အကျယ်ကြီးဘဲနော် ကျန့်"
"ဟုတ်တယ်"
"လှတာလဲ အရမ်းဘဲနော်"
"အင်း.... လှတာ အရမ်းကိုလှတာ"
"ကျန့်...."
"ဗျာ"
"ကျွန်တော်က ပန်းတွေကိုပြောနေတာလေ"
"ကိုကရော ဘာပြောလို့လဲ ဝက်ပေါက်ရဲ့"
"ကျွန်တော် အဲ့မျက်လုံးတွေကိုသိနေတယ်နော် ရှောင်ရှောင်းကျန့်"
"ဟုတ်လား...ပြောပါအုံး သိရင်
ကိုကမသိလို့ "
"တော်ပြီ တော်ပြီ ဟိုဘက်ဆက်သွားမယ်လာ"
"သဘော သဘော"
"ဟိုဘက်မှာဘာတွေရှိသေးလဲ"
"သေချာတော့မသိဘူး ကန်ကြီးတစ်ခုတော့ရှိတယ်.... အလှကန်လိုမဟုတ်ဘဲ ရေကူးလို့ရတဲ့ စမ်းချောင်းသေးလေးလိုမျိုး ကိုလဲအပြင်က ဆိုင်ကယ်ဖြတ်မောင်းရင်းမြင်လိုက်တာ"
"ဟုတ်လား....အရမ်းလှမှာဘဲ သွားချင်တယ်"
"ဒီတိုင်း ဆက်သွားရင်တော့ရောက်မှာပေါ့ ဝက်ပေါက်ရဲ့"
"ခဏလေး....အခု ဓာတ်ပုံရိုက်ပေးပါလား"
"ရိုက်ပေးမယ် ရိုက်ပေးမယ် လာ"
၂ ယောက်သား နေကြာပန်းခင်းကြီးထဲမှာ ဓာတ်ပုံရိုက်ကြ စကားပြောကြရင်း ညနေရောက်တာတောင် မသိလိုက်ကြဘူး။
"မောနေပြီလား ဝက်ပေါက်.... ခဏထိုင်ရအောင် ဒီနားမှာ"
"မောလို့မောမှန်းတောင်မသိရဘူး"
"ဟုတ်ပါပြီ....ဒီမှာကြည့်အုံး ချွေးတွေချည်းဘဲ ကိုသုတ်ပေးမယ်"
ရှောင်းကျန့် ဘောင်းဘီအိတ်ထဲက တစ်သျှူးကိုနှိုက်လိုက်ပြီး ဝမ်ရိပေါ်နဖူးက ချွေးလေးတွေကို တယုတယသုတ်ပေးနေတယ်။
"ကျန့်မှာလဲ ချွေးတွေကြီးဘဲလေ.... ကျွန်တော်ပြန်သုတ်ပေးမယ်"
တစ်ယောက်နဲ့တစ်ယောက် ချွေးတွေအပြန်အလှန်သုတ်ပေးကြရင်း ပျော်နေကြတဲ့ နေကြာပန်းခင်းကြီးထဲကအတွဲပေါ့...။
"ကျန့်.....ဟိုမှာ"
ရုတ်တရက် ထအော်ပြီး ဝမ်ရိပေါ်အပြေးထသွားလိုက်တယ်။
"ဝက်ပေါက် ဘယ်လဲ"
အပင်အကြီးကြီးဘေးက ယုန်ဖြူလေးကိုတွေ့လို့အပြေး သွားဖမ်းတဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်အချစ်ပိုရပြန်ပြီ။
"ကြည့်ပါအုံး...ကျန့်ရယ် ဖြူဖွေးပြီး အရမ်းချစ်ဖို့ကောင်းတာဘဲ"
"ဝက်ပေါက်ကပိုချစ်ဖို့ကောင်းတယ်"
"ဟာ....ကျန့်နော် "
"အေးလေ မှန်တာပြောတာဘဲဘာဖြစ်လဲ"
"ဒီလူကြီး မရိုးသားဘူးဆိုတာသိနေပြီ"
"မဟုတ်ပါဘူး..."
"ဘာကို မဟုတ်တာလဲ မလိမ်နဲ့"
"တော်ပြီ မစတော့ဘူး ကိုယ့်ဟာကိုယ် ယုန်ကို အဝ ကလိတော့"
"ဟီးဟီး.... သားသားရေ... ကျစ်...ကျစ်...ကျစ် "
"အဟက်...."
"ဘာရီတာလဲ"
"ချစ်ဖို့ကောင်းလို့"
ဝမ်ရိပေါ် အောက်နှုတ်ခမ်းကိုကိုက်ပြီး မျက်မှောင်ကြီးကျုံ့ကျုံ့နဲ့ ရှောင်းကျန့်ကိုကြည့်လိုက်တယ်။
"ယုန် ကိုပြောတာပါ"
"ပြီးရော.."
"မှောင်တော့မယ် ကိုတို့ အိပ်ဖို့အတွက် နေရာကောင်းတစ်ခုရှာရအောင်"
"ဒီနေရာကောင်းတယ်လေ ကျန့်....မြက်ခင်း စိမ်းစိမ်းလေးတွေနဲ့ ယုန်လေးလည်းရှိတယ် သန့်လည်းသန့်တယ် "
"သေချာပြီလား ဒီနေရာမှာအိပ်မှာ"
"အင်းသေချာပြီ"
ရှောင်းကျန့် မတ်တပ်ထရပ်လိုက်ပြီး ဝမ်ရိပေါ်ရှေ့ကိုသွားလိုက်တယ်။
"ယုန်လေးကို အောက်ချပေးလိုက်ပါအုံး သူလည်း လက်ပူမိနေအုံးမယ်"
"ဟုတ်သားဘဲနော်..."
ရှောင်းကျန့်အပြောကြောင့်ယုန်ကိုအောက်ချပေးလိုက်တဲ့အခါ ယုန်က သူတို့နဲ့အဝေးကိုထွက်ပြေးသွားတယ်။
"ဟာ...ပြေးသွားပြီ"
"ရှောင်ပေးတာထင်တယ်"
"ဟမ်..."
ရှောင်းကျန့် ဝမ်ရိပေါ်ကို မြက်ခင်းပြင်ပေါ်အသာလေးတွန်းချလိုက်ပြီးအပေါ်ကအုပ်မိုးလိုက်တယ်။
"ကျန့်..."
"ဟင်..."
"ဘာလုပ်မို့လဲ"
"သိရဲ့သားနဲ့..."
"ပန်းခင်းကြီးထဲမှာလေ"
"အင်း...."
"လူတွေမြင်ကုန်မှာပေါ့"
"လူတွေမှမရှိကြတော့တာ"
"ဟာ..... ဘာနေနေ ကျန့်ကလဲ"
ဝမ်ရိပေါ် အားပြုပြီး ထလိုက်ပင်မဲ့ သူ့အပေါ်ကအုပ်မိုးထားတဲ့ရှောင်းကျန့်ကပြန်တွန်းလှဲပစ်လိုက်တယ်။
"ဘယ်ကိုပြေးချင်လို့လဲ"
ရှောင်းကျန့် ဝမ်ရိပေါ်ရဲ့ခွင့်ပြုချက်မရဘဲအနမ်းတွေကိုအစပြုလိုက်တယ်။
_________________________________
နောက်အပိုင်း Warning ပါကလေးတို့ရေ🙊
Reader is essential
🍀Pouk Se Lone🍀
Zawgyi
"ဝက်ပေါက်...."
"ကို...ကိုက"
"ကို တောင်းပန်ပါတယ်"
"ဒါပေမဲ့"
ထွက်မသွားပါနဲ့နော်"
"ဝက်ပေါက်ရယ်......"
"အင်း....ချစ်တာပေါ့
"တကယ်လား..."
"ကျွန်တော်ပါလိုက်မယ်"
"ဒါဆို promise.... "
"မြန်လိုက်တာ"
"ဝါး....... လှလိုက်တာ"
"သဘောကျလား ဝက်ပေါက်"
"ဒါဆို အခုကရော"
"အင်း..နည်းနည်း"
"ဟင်....ညအတွက်ဆိုတော့"
"တကယ်..."
"အင်းပေါ့"
"ရလို့လား ကျန့်ရဲ့"
"အင်းနော်...."
"ဟုတ် ဟုတ် "
"ဟုတ်တယ်"
"လှတာလဲ အရမ်းဘဲနော်"
"ကျန့်...."
"ဗျာ"
ကိုကမသိလို့ "
"သဘော သဘော"
"ကျန့်.....ဟိုမှာ"
"ဝက်ပေါက် ဘယ်လဲ"
"ဟာ....ကျန့်နော် "
"မဟုတ်ပါဘူး..."
"အဟက်...."
"ဘာရီတာလဲ"
"ချစ်ဖို့ကောင်းလို့"
"ယုန် ကိုပြောတာပါ"
"ပြီးရော.."
"အင်းသေချာပြီ"
"ဟုတ်သားဘဲနော်..."
"ဟာ...ပြေးသွားပြီ"
"ရှောင်ပေးတာထင်တယ်"
"ဟမ်..."
"ကျန့်..."
"ဟင်..."
"ဘာလုပ်မို့လဲ"
"သိရဲ့သားနဲ့..."
"ပန်းခင်းကြီးထဲမှာလေ"
"အင်း...."
"လူတွေမှမရှိကြတော့တာ"
"ဟာ..... ဘာနေနေ ကျန့်ကလဲ"
_________________________________
Reader is essential
🍀Pouk Se Lone🍀