(Unicode)
"ကျောင်းတော်မှ ပြန်လည် ကြိုဆိုပါတယ် မှူးမှူးလေး"
အခန်းထဲ ဝင်ဝင်ချင်း အခန်းဝ၌ အသင့်စောင့်ကာ ကြိုဆိုသော နယုန်နှင့် ဝသုန်ကြောင့် နေရင့်ရောင်နှင့် စကားတပြောပြောကြည်နှူးလာသော တမှူးခေတ်၏ စိတ်လိပ်ပြာအကြည်ဓာတ်လေးသည် ကလူကလူဖြစ်သွားသည်။ သာသနာဖျက်ဟု တမှူး စိတ်ထဲမှ တီးတိုးကျိန်ဆဲလိုက်ရင်း နှုတ်ခမ်းများမှပြုံးပြနှုတ်ဆက်လိုက်သည်။
နေမကောင်းမှုကြောင့် တစ်ပါတ်နီးပါးမျှ ကျောင်းပျက်ခဲ့ပြီး ယနေ့ တနင်္လာနေ့မှ သူကျောင်းပြန်တက်နိုင်သည်။
"ကိုယ်သွားတော့မယ် ကောင်လေး၊ နေ့လည်မှ တွေ့မယ်"
စီနီယာက နယုန်တို့ကို တစ်ချက်ပြုံးပြပြီး ထုံးစံအတိုင်း တမှူးခေါင်းကို တစ်ချက်ဖွ၍ နှုတ်ဆက်သွားသည်။ သို့ပေမယ့် ယခုတစ်ခါက ပိုနူးညံ့တယ်။ ဒါတင်မဟုတ်...စီနီယာ့၏စကားပြောဟန်၊ လမ်းလျှောက်ဟန်၊ ရယ်မောဟန်တွေကအစ တမှူး မျက်ဝန်းထဲ ပို၍ နူးညံ့လာသည်။ တင်စားရလျှင် ဝိုင်းစုခိုင်သိန်း၏ သီချင်းထဲကလို ဆည်းလည်းလေးတွေ သာယာနေသည့်အတိုင်းပါပဲ။
"ဟဲ့...မျက်လုံးလည်း ကျောနောက်ကပ်ပါသွားဦးမယ်"
"ယား...တိုးတိုးပြော"
စီနီယာကြားသွားမှာ စိုးရိမ်မှုကြောင့် ထိုညီအစ်မလက်ကိုဆွဲကာ အခန်းထဲ ပြန်ခေါ်လာလိုက်သည်။
"ငါ နင်တို့ကို ပြောပြမယ်"
တမှူး ဆုံးဖြတ်ချက်ချပြီးဖြစ်သည်။ အမြဲတမ်း အတူတူရှိနေသည့် နယုန်တို့ကို တမှူးနှင့် စီနီယာ့အကြောင်း ကြာရှည်ဖုံးကွယ်ထား၍ ရနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် စီနီယာက Jayy ဟူသော အချက်မှ အပ တမှူးနှင့် စီနီယာ့၏ ဆက်ဆံရေးကို ပြောပြလိုက်ဖို့ စီနီယာနှင့် တိုင်ပင်ထားသည်။
"ငါနဲ့ စီနီယာ တွဲနေပြီ"
ထိုစကားကို တမှူး ခေါင်းငုံ့ကာ ခပ်တိုးတိုးဆိုလိုက်သည်။
"ဟမ်"
တမှူးပြောသည်ကို ပထမ နားမထောင်ချင်သလိုလိုဟန်ရှိနေသော နယုန်နှင့်ဝသုန် ခဏကြောင်သွားကြသည်။ ထို့နောက် တစ်ယောက်က မျက်လုံးပြူး၍ တစ်ယောက်က ရင်ဘက်ဖိသည်။
"တကယ်ပြောနေတာလား တမှူး"
"ငါ ဘယ်တုန်းကနောက်ဖူးလို့လဲ"
"What? ...Oh My God... နယုန်ရေ...ငါတို့ သင်္ဘောကြီးက ငါတို့တောင် ဘာမှမစပေးရသေးဘူး သူ့ဘာသူရွက်လွှင့်သွားပြီဟ"
နယုန်က မျက်လုံးပြူးကာ ကြောင်တောင်တောင်ကြည့်နေတုန်း။
"အား....."
ရုတ်တရတ်ထအော်သည့် နယုန့်ကြောင့် တစ်ခန်းလုံးက ဘာလဲဟု အလန့်တကြားလှည့်ကြည့်လာကြသည်။ ဝသုန်နှင့် တမှူးတောင် ထိုင်နေရာမှ ဖင်ကြွသွားသည်အထိ လန့်ဖျပ်သွားသည်။
"တမှူး...တကယ်...တကယ်ကြီးပေါ့၊ ငါ့သူငယ်ချင်းလေးက တကယ်ကြီး ဘဲရသွားပြီပေါ့၊ ပြီးတော့ အဲ့ဒီလူက ငါတို့ ship နေတဲ့လူ၊ အိုး...ဝသုန်ရယ်...ငါ့ကို ဆွဲထားစမ်းပါဟဲ့၊ လူက ပျော်လွန်းလို့ မိုးပေါ်တောင်တက်တော့မယ်"
နယုန့်ကိုကြည့်၍ တမှူး ပြုံးကာ ခေါင်းခါလိုက်မိသည်။ ဒီလို သူငယ်ချင်းမလေးနှစ်ဦးကို ပိုင်ဆိုင်ထားတာ တမှူး သိပ်ကံကောင်းသည်။
"တမှူးရယ်...ပြောပြစမ်းပါဦး၊ ဘယ်တုန်းကလဲ၊ နင်ငါတို့ကို လျှိုတယ်ဟာ၊ ဘယ်ကတည်းက အခြေအနေတွေတိုးတက်သွားတာလဲ၊ နောက်ပြီး စီနီယာနေရင့်ရောင်က အဖြောင့်မဟုတ်ဘူးပေါ့၊ အမလေး...ငါလက်တွေတောင် တုန်တယ်...ကြည့်စမ်း ကြည့်စမ်း"
နယုန့်ကိုကြည့်၍ တမှူးတောင် ဓာတ်လိုက်ချင်သလိုဖြစ်လာသည်။
"တော်တော့ နယုန်၊ အကျယ်ကြီးတွေ အော်မနေနဲ့၊ နင်တို့ မရှက်ပေမယ့် ငါရှက်တယ်"
ပြောရင်း ခုံကိုမှီကာ မျက်ဝန်းတို့ကို မှေးမှိတ်လိုက်သည်။ အခုရက်ပိုင်း စိတ်ထဲ တသိမ့်သိမ့်ကြည်နူးနေကာ လူက ငြိမ်ငြိမ်သက်သက်ပဲနေချင်သည်။
"ဟဲ့ တမှူး ပြောပြဦးလေ၊ ဘယ်တုန်းကလဲ၊ ဘယ်လိုကြိုက်သွားတာလဲ၊ စီနီယာနေရင့်ရောင်က နင့်ကို ဘယ်လိုဖွင့်ပြောတာလဲ၊ နင်ကရော ဘယ်လို အဖြေပြန်ပေးလိုက်တာလဲ...ဟမ်...ဟမ်လို့"
တမှူး မချိုမချဥ်ပြုံးကာ မသိချင်ယောင်ပဲဆောင်နေလိုက်သည်။ ကလေးမတွေ တကယ်ခက်တယ်။ ယောက်ျားလေးနှစ်ယောက်အကြောင်းလည်း ခရေစေ့တွင်းကျလိုက်သိချင်နေကြတယ်။
"တမှူးခေတ်စုတ် အစုတ်ပလုတ်ကောင်...နင်မှတ်ထား တွေ့မယ်"
"ဟား...ဟား"
သဘောတကျရယ်မောရင်း တမှူး ခုံပေါ်လက်ထောက်နေလိုက်သည်။ ရင်ထဲမှာတော့ ယခုထိ တသိမ့်သိမ့်။
************************************
ဘုရားရိပ် တရားရိပ်၏ အေးချမ်းမှုနှင့်အတူ လတ်ဆတ်အေးမြသော လေညင်းတို့က တမှူး၏မျက်နှာကို လာရောက်တိုးဝှေ့ကျီစယ်သည်။ ဘေးရှိ ဘုရားကန်တော့နေသောသူထံ အကြည့်ရောက်မိတော့ ပြုံးမိရပြန်သည်။
သည်နေ့ တမှူးနှင့်စီနီယာ၏ ပထမဆုံး ဒိတ်သည့်နေ့ဟုဆိုရမည်။ ချစ်သူဖြစ်သည့်အမှတ်တရအနေနှင့် ဘုရားသွားချင်သည်ဆိုသော တမှူး၏တောင်းဆိုချက်ကို စီနီယာကလည်း မငြင်းဆန်ခဲ့။
အဖြူရောင်လည်ကတုံးနှင့် ပုဆိုးနက်ပြာကွက်စိတ်ကို တွဲဖက်ဝတ်ဆင်ထားသော စီနီယာ့၏ဟန်ပန်က သိမ်မွေ့မှုနှင့် အေးချမ်းမှုတို့အတိ။ ဒါသည် စီနီယာ့အား ဒုတိယအကြိမ်မြန်မာဝတ်စုံနှင့် တွဲမြင်ရခြင်းပင်။
လက်အုပ်ချီကာ ဆုတောင်းဟန်ပြုနေသောစီနီယာ့၏ ဘေးတိုက်ပုံရိပ်အား ရှုမဝစွာ ငေးမောမိသည်။ သည်လူအား အကြိမ်ကြိမ်မြင်တွေ့နေရလည်း ရိုးမသွားနိုင်။
စီနီယာ မျက်ကွင်းတွေညိုနေသည်။ မျက်နှာက အနည်းငယ်ချောင်ကျသွားသည်ဟုထင်မိသည်မှာ စိတ်ထင်သက်သက်မဟုတ်။ စီနီယာတကယ်ပိန်သွားခြင်းပင်။ လွန်ခဲ့သည့်ရက်များက စီနီယာ့အား တမှူး အတော်ဝမ်းနည်းစေခဲ့မိသလား။
စီနီယာက ဘုရားကန်တော့ပြီးတော့ တမှူးဘက်လှည့်လာကာပြုံးသည်။
“ကောင်လေး ရှိခိုးတာပြီးသွားပြီလား”
“အင်း ပြီးပြီ၊ စီနီယာက ဘာတွေများ သည်လောက်အကြာကြီးဆုတောင်းနေရတာလဲ”
တမှူးက ပြုံးစိစိနှင့်မေးတော့ စီနီယာကလည်း ခပ်ဖွဖွပြုံးသည်။
“အများကြီးပေါ့ ကောင်လေးရာ”
“ဘာတွေလဲ၊ ကျွန်တော့အကြောင်းရောပါလား”
“ကျိန်းသေပေါက်ပါတာပေါ့”
“ဟုတ်လား ကျွန်တော်နဲ့ပတ်သတ်ပြီး ဘာဆုတောင်းတာလဲဟင်၊ ကျွန်တော့ကို ပြောပြလို့ရလား”
“အင်း...၊ ရတာပေါ့”
စီနီယာက တမှူးအား ခပ်ငေးငေးကြည့်လာသည်။ စီနီယာ့မျက်ဝန်းတွေက ရုတ်တရတ် ရီဝေသွားသလိုလို။ တမှူးမဖတ်တတ်သည့် အရိပ်မျိုးစုံက စီနီယာ့မျက်ဝန်းများအတွင်း ကခုန်သည်။
“ကောင်လေး ကိုယ့်ကိုခွင့်လွှတ်ပါစေလို့ ကိုယ်ဆုတောင်းတာ”
“ဟင် ဘာလို့”
တမှူး အံ့အားသင့်စွာမေးလိုက်မိသည်။ တမှူးက စီနီယာ့အား ဘာကြောင့်ခွင့်လွှတ်ရမည်နည်း။ စီနီယာက တမှူးထံမှ အကြည့်တွေကို ရုတ်သိမ်းလွှဲဖယ်သည်။ စီနီယာ့မျက်ဝန်းတွေက တစ်ခုခုကို ဖုံးကွယ်ထားချင်သလိုလိုဟန်ဖြင့် စကားများစွာ ပြောနေသည်။
“ကိုယ် ကောင်လေးကို လိမ်ခဲ့မိလို့”
“ဗျာ...”
“ကိုယ် ကောင်းလေးကို အများကြီးဖုံးကွယ်ခဲ့မိတယ်၊ လိမ်ခဲ့မိတယ်လေ”
“အာ “
တမှူး သဘောပေါက်သွား၏။ စီနီယာက Jayy ဆိုသည့်အကြောင်းကို ဖွင့်မပြောခဲ့မိခြင်းအတွက်ကြောင့်ဖြစ်မည်။
“ဒါဆိုရင်တော့ ဆုတောင်းစရာမလိုပါဘူးဗျာ”
စီနီယာက တမှူးအား ခပ်ငေးငေးပြန်ကြည့်လာသည်။
“ကျွန်တော် ခွင့်လွှတ်တာမိုလို့၊ စီနီယာ ဘာလုပ်လုပ် ကျွန်တော်က အပြစ်မယူနိုင်အောင်ချစ်တာမိုလို့ ခွင့်လွှတ်ဖို့တောင်းပန်စရာမလိုပါဘူး စီနီယာ၊ ချစ်ခြင်းမေတ္တာရဲ့နောက်မှာ အပြစ်မယူ ခွင့်လွှတ်တတ်မှုတွေက အရိပ်လိုကပ်လိုက်တတ်မြဲပါဗျာ”
“ကောင်လေးရာ...”
စီနီယာက တမှူး လက်ချောင်းများကို ဖျစ်ညှစ်ရင်း လှိုက်မောစွာ ရေရွတ်သည်။ ထို့နောက် တမှူးအား ခပ်ဖွဖွပွေ့ဖက်လိုက်မှုနောက် စိုလက်သွားသော စီနီယာ့မျက်ဝန်းညိုတို့အား အပြည့်အဝမြင်ခွင့်မရခဲ့လိုက်။
**************
ဘုရားကန်တော့ပြီး ရင်ပြင်ပေါ်မှဆင်းတော့ အလှူခံဌာနရှိရာသို့ စီနီယာ့လက်ကိုဆွဲ၍ ဦးတည်မိသည်။ မောင်နေရင့်ရောင်နှင့်မောင်တမှူးခေတ် ဟူသော အလှူခံဖြတ်ပိုင်းလေးကိုရတော့ ကြည်နူးစွာကြည့်ရင်း ပြုံးမိရသည်။
“ဘာတွေသဘောကျနေတာလဲ ကောင်လေး”
“အင်း...ကျွန်တော်တို့ နောက်ဘဝအတွက် ရေစက်တစ်ခုအတူတူချခဲ့ပြီးပြီလို့ တွေးမိလို့ပါ”
စီနီယာက ပြုံးသည်။
“ကောင်လေးက၊ နောက်ဘဝတွေထိတောင် ကြိုတွေးနေပြီပဲ ဟုတ်လား”
“တွေးရတာပေါ့ စီနီယာရာ၊ စီနီယာပြောဖူးသလိုပဲလေ၊ ကျွန်တော်တို့ရဲ့ အခုဘဝက စိတ်ချရတာမဟုတ်ဘူး၊ အရင်ဘဝကချခဲ့တဲ့ရေစက်က ဘယ်အတိုင်းအတာထိလဲမသိနိုင်လို့ သည်ဘဝမှာ တွေ့ဆုံမှုက ဘယ်အချိန်မှာစလို့ ဘယ်အချိန်မှာဆုံးမလဲ မပြောနိုင်ဘူးလေ၊ သည်တော့ အနည်းဆုံး နောက်ဘဝအတွက်တော့ စိတ်ချရအောင် အခုတွေ့ဆုံရတဲ့အချိန်ခဏလေးမှာ ရေစက်တွေကို တတ်နိုင်မျှ များများချသွားချင်တယ်”
စီနီယာက ဘာစကားမှမဆိုဘဲ တမှူးအားပြုံးကြည့်နေသည်။ ထို့နောက် ထုံးစံအတိုင်း ခေါင်းအား ခပ်ဖွဖွပွတ်သပ်သည်။
“ဟုတ်ပါပြီဗျာ၊ ကဲ့ အခု ဒါပြီးရင် ကိုယ်တို့ ဘယ်ဆက်သွားကြမလဲ”
“အဟီး သွားချင်တာတွေကတော့ အများကြီးပဲ၊ စီနီယာနဲ့ဆို ကမ္ဘာအဆုံးထိတောင် သွားချင်တာ”
“အဟား...ကောင်လေးကတော့ကွာ”
စီနီယာက နဖူးကို ခဏခပ်ဖွဖွထုတော့ တမှူး လျှာထုပ်ရင်း ခေါင်းပုမိသည်။
“You see love first this summertime....”
ထိုစဥ်မြည်လာသော ဖုန်းသံကြောင့် စီနီယာက လက်ကိုရုတ်သိမ်းကာ ဖုန်းအား ထုတ်ကြည့်လေသည်။ ထိုနောက် တမှူးအား တစ်ချက်ကြည့်ကာ လက်ပြ၍ခပ်လှမ်းလှမ်းသို့ လျှောက်သွားသည်။
ဖုန်းပြောနေရင်း စီနီယာ့မျက်နှာက သိသိသာသာပျက်ယွင်းသွားသည်။ ဘာများဖြစ်သလဲဟု တမှူး စိုးရိမ်သွားရသည်။
ဖုန်းပြောပြီး အနားပြန်လာတော့ စီနီယာက နှုတ်ခမ်းကို တစ်ချက်ကိုက်၍ စဥ်းစားဟန်ပြုရင်း သက်ပြင်းတစ်ချက်ချသည်။ ထို့နောက် တစ်ခုခုပြောချင်ဟန်ဖြင့် တမှူးအားကြည့်ကာ သက်ပြင်းထပ်ချပြန်သည်။
“စီနီယာ ဘာဖြစ်လို့လဲဟင်”
တမှူး မနေနိုင်စွာ မေးရတော့သည်။
“ဟူး...အားတော့နာတယ် ကောင်လေးရာ၊ ဒါပေမဲ့...ကိုယ်”
စီနီယာက ဆက်မပြောဘဲ ရပ်နေသည်။
“ဘာဖြစ်လို့လဲ စီနီယာ၊ ပြောလေ ဘာမှအားနာစရာမလိုပါဘူး၊ ကျွန်တော်က အားနာရမဲ့လူမှမဟုတ်တာ”
စီနီယာက ဝေခွဲမရဟန်ဖြင့် သက်ပြင်းတစ်ခါထပ်ချသည်။
“အင်း...အရေးကြီးစ္စရှိလို့ ကိုယ်ခဏပြန်ရလိမ့်မယ်ထင်တယ် ကောင်လေးရာ”
“ဟုတ်လား...ဘာကိစ္စလဲဟင်”
“အလုပ်ကိစ္စပါ ကောင်လေး၊ ကိုယ်သွားမှ ဖြစ်မဲ့ကိစ္စဖြစ်နေလို့”
“ဟာ ဟုတ်လား၊ အာ့ဆို သွားလေ စီနီယာ၊ ကျွန်တော်နဲ့က နောက်နေ့မှ သွားလည်း ရပါတယ်”
“အင်း ကိုယ်တောင်းပန်ပါတယ် ကောင်လေးရာ၊ ကိုယ် ကောင်လေးကိုလည်း မထားခဲ့ချင်ဘူး၊ ဒါပေမဲ့ ကိုယ်သွားမှလည်းဖြစ်မှာဖြစ်နေတယ်”
“ရပါတယ် စိနီယာရဲ့၊ စိတ်ဖြောင့်ဖြောင့်သာသွား၊ မနက်ဖြန်လည်း ကျောင်းမှာတွေ့ရမှာပဲကို”
“အင်း အာ့ဆို ကိုယ် ကောင်လေးကို အပြန်အိမ်တစ်ခါတည်း ဝင်ပို့ခဲ့လိုက်မယ်လေ၊ ကောင်လေး ဘယ်ဆက်သွားစရာရှိသေးလဲ”
“ဟင့်အင်း မသွားတော့ဘူး၊ အိမ်ပဲပြန်လိုက်တော့မယ်လေ”
“အင်း အာ့ဆို ကိုယ်တို့သွားရအောင်နော်”
“ဟုတ်ကဲ့”
ခေါင်းညိတ်လိုက်သော်လည်း တမှူးရင်ထဲ၌ အနည်းငယ်တော့ စိတ်မကောင်းဖြစ်မိသည်။ စီနီယာက အလုပ်ကိစ္စတွေအားလုံးအား ဥပေက္ခာပြုကာ တမှူးအားရွေးချယ်ဖို့ မသိစိတ်က ဆန္ဒရှိမိသွားတာတော့အမှန်။ အမှန်တော့ ဒါက တမှူးက မရင့်ကျက်သေးတာပဲ ဖြစ်ပါလိမ့်မည်။
****************
"ကောင်လေး... တက်...ဒီနေ့ ကိုယ်အိမ်လိုက်ပို့ပေးမယ်"
ညနေခင်း ဆိုင်ကယ်ရပ်ထားရာနေရာကိုရောက်ချိန် အရင်ရောက်နှင့်နေသော စီနီယာက ဆိုင်ကယ်ပေါ့်အသင့်ထိုင်ကာ တမှူးရှေ့ လက်ဖြန့်လာသည်။ အားရပါးရ ပြုံးမိရင်း ဆိုင်ကယ်သော့ကို စီနီယာ့လက်ဖဝါးထဲထည့်ပေးလိုက်သည်။ စီနီယာက ဆိုင်ကယ်ဦးထုပ်ကို တမှူးခေါင်းပေါ် ကိုယ်တိုင်ဆောင်းပေးလာသည်။ ထို့နောက် သူကိုယ်တိုင်လည်း ဆောင်းပြီးမှ ဆိုင်ကယ်သော့ဖွင့်သည်။
ဆိုင်ကယ်အနောက်တွင်ဝင်ထိုင်ပြီး စီနီယာ့ခါးကို လက်နှစ်ဖက်ဖြင့် ဝေ့ဝိုက်ဖက်လိုက်ချိန် အပြုံးတစ်ပွင့်ကို ဆိုင်ကယ်နောက်ကြည့်မှန်မှတဆင့်မြင်လိုက်ရသည်။
"လိုက်ပို့ပြီး စီနီယာက ဘာနဲ့ပြန်မှာလဲ"
"Bus နဲ့ပဲပေါ့"
"ဆိုင်ကယ်ယူသွားလေ၊ မနက်ကျရင် ကျွန်တော့်ကိုလာခေါ်ပေါ့"
"ဆိုင်ကယ်ယူသွားရင် ကောင်လေးမေမေဆူမှာပေါ့"
"ကျွန်တော်နေသိပ်မကောင်းသေးလို့ စီနီယာက အကြိုအပို့ကူညီနေတယ်လို့ ပြောလိုက်မယ်လေ"
စီနီယာက ခပ်ဖွဖွရယ်သည်။
"ကိုယ့်နောက်က လိုက်စီးချင်တာနဲ့ ဉာဏ်များတယ်နော်"
"ဟုတ်တယ်၊ ကျွန်တော်က ဉာဏ်များတယ် စီနီယာလည်း သတိထားနေ"
ရယ်ဟဟပြောရင်း လက်နှစ်ဖက်ကို ပို၍ တင်းကြပ်စွာ ဖက်လိုက်သည်။ စီနီယာကလည်း ခေါင်းခါကာရယ်မောရင်း ဆိုင်ကယ်ကို ဖြည်းညှင်းစွာ စထွက်သည်။ အကြိမ်ကြိမ်အခါခါငေးကြည့်ခဲ့ရသော ကျောပြင်ကျယ်တွင် ခေါင်းအပ်ရင်း မျက်ဝန်းတို့ကို မှေးမှိတ်ထားလိုက်သည်။ ခါတိုင်း တမှူးမောင်းလို့ စီနီယာအနောက်ကလိုက်စီးတာထက် စီနီယာမောင်းတာကို လိုက်စီးရတာက ပို၍ ကြည်နူးရသည်။
လမ်းတစ်ဝက်လောက်အရောက်တွင် ဘေးတစောင်းလွယ်ထားသော စီနီယာ့အိတ်ထဲမှ ဖုန်းသံမြည်လာသည်။ စီနီယာက ဆိုင်ကယ်ကိုလမ်းဘေးတွင် ခဏရပ်ရင်း ဖုန်းကို လွယ်အိတ်ထဲမှထုတ်သည်။ ဆိုင်ကယ်တောင်ရပ်ပြီးကိုင်ရသည်ဆိုတော့ အရေးကြီးသည့် ဖုန်းဖြစ်မည်ထင်သည်။
"ဟဲလို"
"...."
ဖုန်းကိုင်ပြီးသည်နှင့် တစ်ဖက်ကဘာပြောသည်မသိ။ စီနီယာ့ပုံစံက လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
"ဘယ်အချိန်ကတည်းကလဲ"
"....."
"ဟုတ်...ကျွန်တော် အခုချက်ချင်းလာခဲ့မယ်"
ဖုန်းချပြီးသည်နှင့် စီနီယာက အလျှင်အမြန်ပင် ဆိုင်ကယ်ဦးထုပ်ကို ချွတ်လိုက်သည်။
"ကောင်လေး...ကိုယ်အရေးတကြီး ကိစ္စသွားစရာရှိလို့ ကောင်လေး ကိုယ့်ဘာကိုယ် ဆက်သွားလိုက်နော်၊ ညကျမှ ကိုယ်ဖုန်းဆက်လိုက်မယ်"
ဆိုင်ကယ်ဦးထုပ်ကို တမှူးထံထိုးပေးလာသော စီနီယာ့ပုံစံက အတော်လေး အလျှင်လိုနေဟန်မို့ ဘာအကြောင်းလဲ မမေးတော့ဘဲ အမြန် ခေါင်းညိတ်လိုက်ရသည်။ တမှူးကြောင့် စီနီယာ ကြန့်ကြာနေတာမျိုး မဖြစ်စေလို။ တွေ့ရာ Taxi တစ်စီးကို အမြန်ငှားကာထွက်သွားသော စီနီယာက တကယ်ကို စိတ်လှုပ်ရှားနေဟန်။ ဘာရယ်မဟုတ် မျက်စိရှေ့မှ Taxi ၏ပုံရိပ်ပျောက်ကွယ်သွားသည်အထိ ရပ်ကြည့်နေပြီးမှ တမှူး ဆိုင်ကယ်ပေါ်တက်ကာ ထွက်ခဲ့သည်။
စီနီယာ့ထံတွင် တမှူး မသိသေးသည့် လျှို့ဝှက်ချက်များစွာရှိနေသည်။ အဓိက,ကတော့ စီနီယာ့မိသားစုအကြောင်းပင်။ အတင်းပြောပြပါဟူ၍လည်း မတောင်းဆိုချင်။ စီနီယာ့ထံမှ လိုလိုလားလားယုံယုံကြည်ကြည်ပြောပြသည်အထိ တမှူးက စီနီယာ့ဘဝမှာ အရေးပါလာအောင်ကြိုးစားမည်။ မည်သို့ပင်ဖြစ်စေကာမူ စီနီယာ့၏ ချစ်ခြင်းမေတ္တာကိုတော့ မျက်ဝန်းညိုများနှင့် တမှူးအပေါ်ပြုမူသောအပြုအမူများဖြင့်ပင် တမှူးအကြွင်းမဲ့ ယုံကြည်ပါသည်။
အိမ်ပြန်ရောက်ရောက်ချင်း စီနီယာ့ထံ ဖုန်းတစ်ချက်ဆက်ကြည့်မိသည်။ ထိတ်ထိတ်ပြာပြာနှင့်မို့ အဆင်မှပြေပါ့မလားတွေးပူပါသည်။ ဖုန်းမကိုင်သဖြင့် အလုပ်ရှုပ်နေသည်ဟု ယူဆကာ တစ်ကြိမ်သာခေါ်ကြည့်ပြီး ဖုန်းပြန်ချလိုက်သည်။
ညနေ ရေမိုးချိုး ညနေစာစားပြီးချိန်ထိ စီနီယာက ဖုန်းမခေါ်သေး။ ည ၈ နာရီခန့်ထိ ဖုန်းမခေါ်လာ၍ တမှူးဘက်မှ တစ်ခါထပ်ဆက်ကြည့်လိုက်သည်။ ဖုန်းမကိုင်။ နောက်ထပ် သုံးကြိမ်မြောက် ဆက်ခေါ်ပြီးသည်အထိ ဖုန်းမကိုင်၍ နောက်ဆုံး တမှူး လက်လျှော့လိုက်ရသည်။
စီနီယာ ဘာတွေအလုပ်ရှုပ်နေသည်မသိ။ အခုရက်ပိုင်း စီနီယာ့ပုံစံက အတော်ပင်းပန်းနွမ်းနယ်နေသည်ဟုခံစားရသည်။ စီနီယာ၌ အကြောင်းတစ်ခုခုရှိနေမည်မှ ကျိန်းသေသည်။ တမှူးကို ချစ်သူတစ်ယောက်အနေဖြင့်တောင် စီနီယာက တိုင်ပင်ခြင်းမရှိ။ သို့ပေမယ့် ယခုမှ ငါးရက်ခန့်သာရှိသေးသော relationship ကြောင့် တမှူးဘက်မှလည်း အတင်း ဝင်မစွတ်ဖက်ချင်။ သက်ပြင်းမောသာခဏခဏချမိရင်း စိတ်မောစွာဖြင့် ညတစ်ညကို ခဲယဥ်းစွာ အိပ်ပျော်ဖို့ကြိုးစားခဲ့ရသည်။
***********************************
"ဒီနေ့ စီနီယာနေရင့်ရောင် ဘာလို့ကျောင်းမတက်တာလဲ"
"ငါသိမလား"
"ဟယ် နင့်ရည်းစားလေ၊ နင်မသိဘူးလား"
ရင်ထဲတဆစ်ဆစ်နှင့် နေလို့မကောင်းရသည့်ကြားထဲ နယုန့်အမေးစကားက သူ့ကို ပို၍ ဝမ်းနည်းစေသည်။ ညကျမှ ဖုန်းဆက်လိုက်မည်ဆိုသော စီနီယာက ညက ဖုန်းတစ်ချက်မခေါ်သည့်အပြင် တမှူးဆက်တော့လည်း တစ်ညလုံးဖုန်းမကိုင်ခဲ့။ နောက်တစ်နေ့မနက်တွင်တော့ အရေးကြီးကိစ္စရှိ၍ ကျောင်းမတက်နိုင်ကြောင်းသာ စာပို့လာသည်။
ထိုမျှသာ...။ ချစ်သူတစ်ယောက်အနေနှင့် တမှူး သိတာ ထိုမျှသာရှိသည်။
စိတ်မပါစွာ စားသောက်နေသော နေ့လည်စာက အရသာမရှိ။
"You leave me breatheless..."
တစ်ညနဲ့တစ်မနက်ပစ်ထားပြီး ယခုမှ ဖုန်းဆက်လာ၍ စိတ်ကောက်ချင်မိသည်။ သို့သော် မအားသည့်ကြားထဲမှ ခေါ်နေခြင်းဖြစ်နေမလားဟူ၍ တွေးမိကာ ချက်ချင်းကိုင်လိုက်သည်။
"ဟဲလို"
"ဟဲလို ကောင်လေး၊ ကျောင်းမှာလား၊ နေ့လည်စာစားပြီးပြီလား"
"ဟုတ် စားနေတယ်"
"အင်း...မနေ့က ကိုယ်ဖုန်းမကိုင်မိတာ ကိုယ်တကယ်အလုပ်တွေရှုပ်နေလို့ပါ၊ တောင်းပန်ပါတယ်၊ ကိုယ့်ကို နားလည်ပေးမယ်မဟုတ်လား"
ဘာလုပ်နေမှန်းမသိသည့်ချစ်သူကို ဘာနားလည်ရမှာလဲ။ သို့သော် တမှူး သက်ပြင်းသာချမိသည်။ ယခုမှ တစ်ပတ်မပြည့်သေးသော relationship မှာ ကတောက်ကဆတွေနဲ့ချည်း စတင်တာမျိုးတော့ မဖြစ်သင့်ဘူးမဟုတ်လား။
"ရပါတယ်၊ စီနီယာဘာတွေလုပ်နေလဲတော့ ကျွန်တော်မသိဘူး၊ ဒါပေမယ့် ကျွန်တော်ကူညီပေးနိုင်တာ တစ်ခုခုရှိရင်ပြောလေ"
"အင်း...ကိုယ့်ကို ကောင်လေးအများကြီး ကူညီပေးနိုင်ပါတယ်၊ အဲ့ဒါက ကိုယ်အလုပ်တွေများနေချိန် ကောင်လေးကို ဂရုစိုက်ပေးဖို့ ပေါ့လျော့ခဲ့ရင် ကောင်လေးဘက်က နားလည်ပေးဖို့ပါပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ် ကောင်လေးကို ချစ်တယ်၊ အဲ့ဒါကိုတော့ ကောင်လေး ယုံပေးပါ"
လူတစ်ယောက်က လူတစ်ယောက်ကို စကားတစ်ခွန်းနဲ့တင်ပြုံးအောင်လုပ်နိုင်ရင် ထိုလူဟာ သူ့အတွက် သိပ်ကို အရေးပါလိမ့်မည်။ ချစ်တယ်ဆိုသည့်စကားတစ်ခွန်းနှင့် ဘာတွေလုပ်နေမှန်းမသိအောင် အလုပ်များနေသည့် ချစ်သူကို ခွင့်လွှတ်ပေးနိုင်ပါသည်။
"စီနီယာ နေရောကောင်းရဲ့လား၊ ကျောင်းမတက်တာက စီနီယာနေမကောင်းလို့တော့ မဟုတ်ဘူးမလား"
"မဟုတ်ပါဘူး၊ ကိုယ်နေကောင်းပါတယ်၊ ကိုယ်မိသားစုပြဿနာလေးတွေ နည်းနည်းရှိနေလို့ပါ"
ရပါပြီ။ ဒီလောက်ဆိုလျှင် စီနီယာအလုပ်များနေရသည့် အကြောင်းအရင်းက တမှူးအတွက် လုံလောက်သည့် အကြောင်းပြချက်တစ်ခုဖြစ်ခဲ့ပါပြီ။
"ဟုတ်၊ ကျွန်တော့်အတွက် စိတ်မပူပါနဲ့၊ စီနီယာသာ အဆင်ပြေအောင်နေပါနော်"
"အင်း...ကိုယ် မနက်ဖြန်လည်း ကျောင်းတက်နိုင်ဦးမှာ မဟုတ်ဘူး၊ ညကျရင်တော့ ကိုယ်အချိန်ရတာနဲ့ ဖုန်းဆက်လိုက်မယ်နော်"
"ဟုတ် ဒါနဲ့ စီနီယာ နေ့လည်စာစားပြီးပြီလား"
"စားပြီးပြီ၊ အခုလေးတင်ပြီးတာ"
"သြော်...ဟုတ်"
"အင်း ဒါဆို ဒါပဲနော် ကောင်လေး၊ ကိုယ်ဖုန်းချတော့မယ်၊ ညနေကျောင်းပြန် ဂရုစိုက်ဦး"
"ဟုတ်"
ဖုန်းချပြီးသည်နှင့် သက်ပြင်းမောကို ချမိရပြန်သည်။ အခုမှ အဆင်ပြေခဲ့သည်က ရက်ပိုင်းလေးတင်ရှိသေးသည်မဟုတ်လား။ ရုပ်လုံးထွက်မပြခဲ့သည့် Jayy နှင့် လျှို့ဝှက်တတ်သည့် စီနီယာတို့ ပေါင်းလိုက်သောအခါ တမှူးချစ်သူသည် တကယ်ကို လိုက်မမှီနိုင်သည့် လူတစ်ယောက်လိုဖြစ်သွားသည်။ အရမ်းချစ်နေသည်မို့ အဆုံးထိ နားလည်နိုင်ဖို့တော့ တမှူး ကြိုးစားမှာပါ။
***********************************
အားလုံးကို ကျေးဇူးတင်လျက်
Sakura Rain🌸
(Zawgyi)
"ေက်ာင္းေတာ္မွ ျပန္လည္ႀကိဳဆိုပါတယ္ မႉးမႉးေလး"
အခန္းထဲ ဝင္ဝင္ခ်င္း အခန္းဝ၌ အသင့္ေစာင့္ကာ ႀကိဳဆိုေသာ နယုန္ႏွင့္ ဝသုန္ေၾကာင့္ ေနရင့္ေရာင္ႏွင့္ စကားတေျပာေျပာၾကည္ႏႉးလာေသာ တမႉးေခတ္၏ စိတ္လိပ္ျပာအၾကည္ဓာတ္ေလးသည္ ကလူကလူျဖစ္သြားသည္။ သာသနာဖ်က္ဟု တမႉး စိတ္ထဲမွ တီးတိုးက်ိန္ဆဲလိုက္ရင္း ႏႈတ္ခမ္းမ်ားမွျပဳံးျပႏႈတ္ဆက္လိုက္သည္။
ေနမေကာင္းမႈေၾကာင့္ တစ္ပါတ္နီးပါးမွ် ေက်ာင္းပ်က္ခဲ့ၿပီး ယေန႔ တနလၤာေန႔မွ သူေက်ာင္းျပန္တက္ႏိုင္သည္။
"ကိုယ္သြားေတာ့မယ္ ေကာင္ေလး၊ ေန႔လည္မွ ေတြ႕မယ္"
စီနီယာက နယုန္တို႔ကို တစ္ခ်က္ျပဳံးျပၿပီး ထုံးစံအတိုင္း တမႉးေခါင္းကို တစ္ခ်က္ဖြ၍ ႏႈတ္ဆက္သြားသည္။ သို႔ေပမယ့္ ယခုတစ္ခါက ပိုႏူးညံ့တယ္။ ဒါတင္မဟုတ္...စီနီယာ့၏စကားေျပာဟန္၊ လမ္းေလွ်ာက္ဟန္၊ ရယ္ေမာဟန္ေတြကအစ တမႉး မ်က္ဝန္းထဲ ပို၍ ႏူးညံ့လာသည္။ တင္စားရလွ်င္ ဝိုင္းစုခိုင္သိန္း၏ သီခ်င္းထဲကလို ဆည္းလည္းေလးေတြ သာယာေနသည့္အတိုင္းပါပဲ။
"ဟဲ့...မ်က္လုံးလည္း ေက်ာေနာက္ကပ္ပါသြားဦးမယ္"
"ယား...တိုးတိုးေျပာ"
စီနီယာၾကားသြားမွာ စိုးရိမ္မႈေၾကာင့္ ထိုညီအစ္မလက္ကိုဆြဲကာ အခန္းထဲ ျပန္ေခၚလာလိုက္သည္။
"ငါ နင္တို႔ကို ေျပာျပမယ္"
တမႉး ဆုံးျဖတ္ခ်က္ခ်ၿပီးျဖစ္သည္။ အၿမဲတမ္း အတူတူ႐ွိေနသည့္ နယုန္တို႔ကို တမႉးႏွင့္ စီနီယာ့အေၾကာင္း ၾကာ႐ွည္ဖုံးကြယ္ထား၍ ရႏိုင္မည္မဟုတ္ေပ။ ထို႔ေၾကာင့္ စီနီယာက Jayy ဟူေသာ အခ်က္မွ အပ တမႉးႏွင့္ စီနီယာ့၏ ဆက္ဆံေရးကို ေျပာျပလိုက္ဖို႔ စီနီယာႏွင့္ တိုင္ပင္ထားသည္။
"ငါနဲ႔ စီနီယာ တြဲေနၿပီ"
ထိုစကားကို တမႉး ေခါင္းငုံ႔ကာ ခပ္တိုးတိုးဆိုလိုက္သည္။
"ဟမ္"
တမႉးေျပာသည္ကို ပထမ နားမေထာင္ခ်င္သလိုလိုဟန္႐ွိေနေသာ နယုန္ႏွင့္ဝသုန္ ခဏေၾကာင္သြားၾကသည္။ ထို႔ေနာက္ တစ္ေယာက္က မ်က္လုံးျပဴး၍ တစ္ေယာက္က ရင္ဘက္ဖိသည္။
"တကယ္ေျပာေနတာလား တမႉး"
"ငါ ဘယ္တုန္းကေနာက္ဖူးလို႔လဲ"
"What? ...Oh My God... နယုန္ေရ...ငါတို႔ သေဘၤာႀကီးက ငါတို႔ေတာင္ ဘာမွမစေပးရေသးဘူး သူ႕ဘာသူ႐ြက္လႊင့္သြားၿပီဟ"
နယုန္က မ်က္လုံးျပဴးကာ ေၾကာင္ေတာင္ေတာင္ၾကည့္ေနတုန္း။
"အား....."
႐ုတ္တရတ္ထေအာ္သည့္ နယုန္႔ေၾကာင့္ တစ္ခန္းလုံးက ဘာလဲဟု အလန္႔တၾကားလွည့္ၾကည့္လာၾကသည္။ ဝသုန္ႏွင့္ တမႉးေတာင္ ထိုင္ေနရာမွ ဖင္ႂကြသြားသည္အထိ လန္႔ဖ်ပ္သြားသည္။
"တမႉး...တကယ္...တကယ္ႀကီးေပါ့၊ ငါ့သူငယ္ခ်င္းေလးက တကယ္ႀကီး ဘဲရသြားၿပီေပါ့၊ ၿပီးေတာ့ အဲ့ဒီလူက ငါတို႔ ship ေနတဲ့လူ၊ အိုး...ဝသုန္ရယ္...ငါ့ကို ဆြဲထားစမ္းပါဟဲ့၊ လူက ေပ်ာ္လြန္းလို႔ မိုးေပၚေတာင္တက္ေတာ့မယ္"
နယုန္႔ကိုၾကည့္၍ တမႉး ျပဳံးကာ ေခါင္းခါလိုက္မိသည္။ ဒီလို သူငယ္ခ်င္းမေလးႏွစ္ဦးကို ပိုင္ဆိုင္ထားတာ တမႉး သိပ္ကံေကာင္းသည္။
"တမႉးရယ္...ေျပာျပစမ္းပါဦး၊ ဘယ္တုန္းကလဲ၊ နင္ငါတို႔ကို လွ်ိဳတယ္ဟာ၊ ဘယ္ကတည္းက အေျခအေနေတြတိုးတက္သြားတာလဲ၊ ေနာက္ၿပီး စီနီယာေနရင့္ေရာင္က အေျဖာင့္မဟုတ္ဘူးေပါ့၊ အမေလး...ငါလက္ေတြေတာင္ တုန္တယ္...ၾကည့္စမ္း ၾကည့္စမ္း"
နယုန္႔ကိုၾကည့္၍ တမႉးေတာင္ ဓာတ္လိုက္ခ်င္သလိုျဖစ္လာသည္။
"ေတာ္ေတာ့ နယုန္၊ အက်ယ္ႀကီးေတြ ေအာ္မေနနဲ႔၊ နင္တို႔ မ႐ွက္ေပမယ့္ ငါ႐ွက္တယ္"
ေျပာရင္း ခုံကိုမွီကာ မ်က္ဝန္းတို႔ကို ေမွးမွိတ္လိုက္သည္။ အခုရက္ပိုင္း စိတ္ထဲ တသိမ့္သိမ့္ၾကည္ႏူးေနကာ လူက ၿငိမ္ၿငိမ္သက္သက္ပဲေနခ်င္သည္။
"ဟဲ့ တမႉး ေျပာျပဦးေလ၊ ဘယ္တုန္းကလဲ၊ ဘယ္လိုႀကိဳက္သြားတာလဲ၊ စီနီယာေနရင့္ေရာင္က နင့္ကို ဘယ္လိုဖြင့္ေျပာတာလဲ၊ နင္ကေရာ ဘယ္လို အေျဖျပန္ေပးလိုက္တာလဲ...ဟမ္...ဟမ္လို႔"
တမႉး မခ်ိဳမခ်ဥ္ျပဳံးကာ မသိခ်င္ေယာင္ပဲေဆာင္ေနလိုက္သည္။ ကေလးမေတြ တကယ္ခက္တယ္။ ေယာက်္ားေလးႏွစ္ေယာက္အေၾကာင္းလည္း ခေရေစ့တြင္းက်လိုက္သိခ်င္ေနၾကတယ္။
"တမႉးေခတ္စုတ္ အစုတ္ပလုတ္ေကာင္...နင္မွတ္ထား ေတြ႕မယ္"
"ဟား...ဟား"
သေဘာတက်ရယ္ေမာရင္း တမႉး ခုံေပၚလက္ေထာက္ေနလိုက္သည္။ ရင္ထဲမွာေတာ့ ယခုထိ တသိမ့္သိမ့္။
************************************
ဘုရားရိပ္ တရားရိပ္၏ ေအးခ်မ္းမႈႏွင့္အတူ လတ္ဆတ္ေအးျမေသာ ေလညင္းတို႔က တမႉး၏မ်က္ႏွာကို လာေရာက္တိုးေဝွ႔က်ီစယ္သည္။ ေဘး႐ွိ ဘုရားကန္ေတာ့ေနေသာသူထံ အၾကည့္ေရာက္မိေတာ့ ျပဳံးမိရျပန္သည္။
သည္ေန႔ တမႉးႏွင့္စီနီယာ၏ ပထမဆုံး ဒိတ္သည့္ေန႔ဟုဆိုရမည္။ ခ်စ္သူျဖစ္သည့္အမွတ္တရအေနႏွင့္ ဘုရားသြားခ်င္သည္ဆိုေသာ တမႉး၏ေတာင္းဆိုခ်က္ကို စီနီယာကလည္း မျငင္းဆန္ခဲ့။
အျဖဴေရာင္လည္ကတုံးႏွင့္ ပုဆိုးနက္ျပာကြက္စိတ္ကို တြဲဖက္ဝတ္ဆင္ထားေသာ စီနီယာ့၏ဟန္ပန္က သိမ္ေမြ႕မႈႏွင့္ ေအးခ်မ္းမႈတို႔အတိ။ ဒါသည္ စီနီယာ့အား ဒုတိယအႀကိမ္ျမန္မာဝတ္စုံႏွင့္ တြဲျမင္ရျခင္းပင္။
လက္အုပ္ခ်ီကာ ဆုေတာင္းဟန္ျပဳေနေသာစီနီယာ့၏ ေဘးတိုက္ပုံရိပ္အား ႐ႈမဝစြာ ေငးေမာမိသည္။ သည္လူအား အႀကိမ္ႀကိမ္ျမင္ေတြ႕ေနရလည္း ႐ိုးမသြားႏိုင္။
စီနီယာ မ်က္ကြင္းေတြညိဳေနသည္။ မ်က္ႏွာက အနည္းငယ္ေခ်ာင္က်သြားသည္ဟုထင္မိသည္မွာ စိတ္ထင္သက္သက္မဟုတ္။ စီနီယာတကယ္ပိန္သြားျခင္းပင္။ လြန္ခဲ့သည့္ရက္မ်ားက စီနီယာ့အား တမႉး အေတာ္ဝမ္းနည္းေစခဲ့မိသလား။
စီနီယာက ဘုရားကန္ေတာ့ၿပီးေတာ့ တမႉးဘက္လွည့္လာကာျပဳံးသည္။
“ေကာင္ေလး ႐ွိခိုးတာၿပီးသြားၿပီလား”
“အင္း ၿပီးၿပီ၊ စီနီယာက ဘာေတြမ်ား သည္ေလာက္အၾကာႀကီးဆုေတာင္းေနရတာလဲ”
တမႉးက ျပဳံးစိစိႏွင့္ေမးေတာ့ စီနီယာကလည္း ခပ္ဖြဖြျပဳံးသည္။
“အမ်ားႀကီးေပါ့ ေကာင္ေလးရာ”
“ဘာေတြလဲ၊ ကြၽန္ေတာ့အေၾကာင္းေရာပါလား”
“က်ိန္းေသေပါက္ပါတာေပါ့”
“ဟုတ္လား ကြၽန္ေတာ္နဲ႔ပတ္သတ္ၿပီး ဘာဆုေတာင္းတာလဲဟင္၊ ကြၽန္ေတာ့ကို ေျပာျပလို႔ရလား”
“အင္း...၊ ရတာေပါ့”
စီနီယာက တမႉးအား ခပ္ေငးေငးၾကည့္လာသည္။ စီနီယာ့မ်က္ဝန္းေတြက ႐ုတ္တရတ္ ရီေဝသြားသလိုလို။ တမႉးမဖတ္တတ္သည့္ အရိပ္မ်ိဳးစုံက စီနီယာ့မ်က္ဝန္းမ်ားအတြင္း ကခုန္သည္။
“ေကာင္ေလး ကိုယ့္ကိုခြင့္လႊတ္ပါေစလို႔ ကိုယ္ဆုေတာင္းတာ”
“ဟင္ ဘာလို႔”
တမႉး အံ့အားသင့္စြာေမးလိုက္မိသည္။ တမႉးက စီနီယာ့အား ဘာေၾကာင့္ခြင့္လႊတ္ရမည္နည္း။ စီနီယာက တမႉးထံမွ အၾကည့္ေတြကို ႐ုတ္သိမ္းလႊဲဖယ္သည္။ စီနီယာ့မ်က္ဝန္းေတြက တစ္ခုခုကို ဖုံးကြယ္ထားခ်င္သလိုလိုဟန္ျဖင့္ စကားမ်ားစြာ ေျပာေနသည္။
“ကိုယ္ ေကာင္ေလးကို လိမ္ခဲ့မိလို႔”
“ဗ်ာ...”
“ကိုယ္ ေကာင္းေလးကို အမ်ားႀကီးဖုံးကြယ္ခဲ့မိတယ္၊ လိမ္ခဲ့မိတယ္ေလ”
“အာ “
တမႉး သေဘာေပါက္သြား၏။ စီနီယာက Jayy ဆိုသည့္အေၾကာင္းကို ဖြင့္မေျပာခဲ့မိျခင္းအတြက္ေၾကာင့္ျဖစ္မည္။
“ဒါဆိုရင္ေတာ့ ဆုေတာင္းစရာမလိုပါဘူးဗ်ာ”
စီနီယာက တမႉးအား ခပ္ေငးေငးျပန္ၾကည့္လာသည္။
“ကြၽန္ေတာ္ ခြင့္လႊတ္တာမိုလို႔၊ စီနီယာ ဘာလုပ္လုပ္ ကြၽန္ေတာ္က အျပစ္မယူႏိုင္ေအာင္ခ်စ္တာမိုလို႔ ခြင့္လႊတ္ဖို႔ေတာင္းပန္စရာမလိုပါဘူး စီနီယာ၊ ခ်စ္ျခင္းေမတၱာရဲ႕ေနာက္မွာ အျပစ္မယူ ခြင့္လႊတ္တတ္မႈေတြက အရိပ္လိုကပ္လိုက္တတ္ၿမဲပါဗ်ာ”
“ေကာင္ေလးရာ...”
စီနီယာက တမႉး လက္ေခ်ာင္းမ်ားကို ဖ်စ္ညႇစ္ရင္း လိႈက္ေမာစြာ ေရ႐ြတ္သည္။ ထို႔ေနာက္ တမႉးအား ခပ္ဖြဖြေပြ႕ဖက္လိုက္မႈေနာက္ စိုလက္သြားေသာ စီနီယာ့မ်က္ဝန္းညိဳတို႔အား အျပည့္အဝျမင္ခြင့္မရခဲ့လိုက္။
**************
ဘုရားကန္ေတာ့ၿပီး ရင္ျပင္ေပၚမွဆင္းေတာ့ အလႉခံဌာန႐ွိရာသို႔ စီနီယာ့လက္ကိုဆြဲ၍ ဦးတည္မိသည္။ ေမာင္ေနရင့္ေရာင္ႏွင့္ေမာင္တမႉးေခတ္ ဟူေသာ အလႉခံျဖတ္ပိုင္းေလးကိုရေတာ့ ၾကည္ႏူးစြာၾကည့္ရင္း ျပဳံးမိရသည္။
“ဘာေတြသေဘာက်ေနတာလဲ ေကာင္ေလး”
“အင္း...ကြၽန္ေတာ္တို႔ ေနာက္ဘဝအတြက္ ေရစက္တစ္ခုအတူတူခ်ခဲ့ၿပီးၿပီလို႔ ေတြးမိလို႔ပါ”
စီနီယာက ျပဳံးသည္။
“ေကာင္ေလးက၊ ေနာက္ဘဝေတြထိေတာင္ ႀကိဳေတြးေနၿပီပဲ ဟုတ္လား”
“ေတြးရတာေပါ့ စီနီယာရာ၊ စီနီယာေျပာဖူးသလိုပဲေလ၊ ကြၽန္ေတာ္တို႔ရဲ႕ အခုဘဝက စိတ္ခ်ရတာမဟုတ္ဘူး၊ အရင္ဘဝကခ်ခဲ့တဲ့ေရစက္က ဘယ္အတိုင္းအတာထိလဲမသိႏိုင္လို႔ သည္ဘဝမွာ ေတြ႕ဆုံမႈက ဘယ္အခ်ိန္မွာစလို႔ ဘယ္အခ်ိန္မွာဆုံးမလဲ မေျပာႏိုင္ဘူးေလ၊ သည္ေတာ့ အနည္းဆုံး ေနာက္ဘဝအတြက္ေတာ့ စိတ္ခ်ရေအာင္ အခုေတြ႕ဆုံရတဲ့အခ်ိန္ခဏေလးမွာ ေရစက္ေတြကို တတ္ႏိုင္မွ် မ်ားမ်ားခ်သြားခ်င္တယ္”
စီနီယာက ဘာစကားမွမဆိုဘဲ တမႉးအားျပဳံးၾကည့္ေနသည္။ ထို႔ေနာက္ ထုံးစံအတိုင္း ေခါင္းအား ခပ္ဖြဖြပြတ္သပ္သည္။
“ဟုတ္ပါၿပီဗ်ာ၊ ကဲ့ အခု ဒါၿပီးရင္ ကိုယ္တို႔ ဘယ္ဆက္သြားၾကမလဲ”
“အဟီး သြားခ်င္တာေတြကေတာ့ အမ်ားႀကီးပဲ၊ စီနီယာနဲ႔ဆို ကမ႓ာအဆုံးထိေတာင္ သြားခ်င္တာ”
“အဟား...ေကာင္ေလးကေတာ့ကြာ”
စီနီယာက နဖူးကို ခဏခပ္ဖြဖြထုေတာ့ တမႉး လွ်ာထုပ္ရင္း ေခါင္းပုမိသည္။
“You see love first this summertime....”
ထိုစဥ္ျမည္လာေသာ ဖုန္းသံေၾကာင့္ စီနီယာက လက္ကို႐ုတ္သိမ္းကာ ဖုန္းအား ထုတ္ၾကည့္ေလသည္။ ထိုေနာက္ တမႉးအား တစ္ခ်က္ၾကည့္ကာ လက္ျပ၍ခပ္လွမ္းလွမ္းသို႔ ေလွ်ာက္သြားသည္။
ဖုန္းေျပာေနရင္း စီနီယာ့မ်က္ႏွာက သိသိသာသာပ်က္ယြင္းသြားသည္။ ဘာမ်ားျဖစ္သလဲဟု တမႉး စိုးရိမ္သြားရသည္။
ဖုန္းေျပာၿပီး အနားျပန္လာေတာ့ စီနီယာက ႏႈတ္ခမ္းကို တစ္ခ်က္ကိုက္၍ စဥ္းစားဟန္ျပဳရင္း သက္ျပင္းတစ္ခ်က္ခ်သည္။ ထို႔ေနာက္ တစ္ခုခုေျပာခ်င္ဟန္ျဖင့္ တမႉးအားၾကည့္ကာ သက္ျပင္းထပ္ခ်ျပန္သည္။
“စီနီယာ ဘာျဖစ္လို႔လဲဟင္”
တမႉး မေနႏိုင္စြာ ေမးရေတာ့သည္။
“ဟူး...အားေတာ့နာတယ္ ေကာင္ေလးရာ၊ ဒါေပမဲ့...ကိုယ္”
စီနီယာက ဆက္မေျပာဘဲ ရပ္ေနသည္။
“ဘာျဖစ္လို႔လဲ စီနီယာ၊ ေျပာေလ ဘာမွအားနာစရာမလိုပါဘူး၊ ကြၽန္ေတာ္က အားနာရမဲ့လူမွမဟုတ္တာ”
စီနီယာက ေဝခြဲမရဟန္ျဖင့္ သက္ျပင္းတစ္ခါထပ္ခ်သည္။
“အင္း...အေရးႀကီးစၥ႐ွိလို႔ ကိုယ္ခဏျပန္ရလိမ့္မယ္ထင္တယ္ ေကာင္ေလးရာ”
“ဟုတ္လား...ဘာကိစၥလဲဟင္”
“အလုပ္ကိစၥပါ ေကာင္ေလး၊ ကိုယ္သြားမွ ျဖစ္မဲ့ကိစၥျဖစ္ေနလို႔”
“ဟာ ဟုတ္လား၊ အာ့ဆို သြားေလ စီနီယာ၊ ကြၽန္ေတာ္နဲ႔က ေနာက္ေန႔မွ သြားလည္း ရပါတယ္”
“အင္း ကိုယ္ေတာင္းပန္ပါတယ္ ေကာင္ေလးရာ၊ ကိုယ္ ေကာင္ေလးကိုလည္း မထားခဲ့ခ်င္ဘူး၊ ဒါေပမဲ့ ကိုယ္သြားမွလည္းျဖစ္မွာျဖစ္ေနတယ္”
“ရပါတယ္ စိနီယာရဲ႕၊ စိတ္ေျဖာင့္ေျဖာင့္သာသြား၊ မနက္ျဖန္လည္း ေက်ာင္းမွာေတြ႕ရမွာပဲကို”
“အင္း အာ့ဆို ကိုယ္ ေကာင္ေလးကို အျပန္အိမ္တစ္ခါတည္း ဝင္ပို႔ခဲ့လိုက္မယ္ေလ၊ ေကာင္ေလး ဘယ္ဆက္သြားစရာ႐ွိေသးလဲ”
“ဟင့္အင္း မသြားေတာ့ဘူး၊ အိမ္ပဲျပန္လိုက္ေတာ့မယ္ေလ”
“အင္း အာ့ဆို ကိုယ္တို႔သြားရေအာင္ေနာ္”
“ဟုတ္ကဲ့”
ေခါင္းညိတ္လိုက္ေသာ္လည္း တမႉးရင္ထဲ၌ အနည္းငယ္ေတာ့ စိတ္မေကာင္းျဖစ္မိသည္။ စီနီယာက အလုပ္ကိစၥေတြအားလုံးအား ဥေပကၡာျပဳကာ တမႉးအားေ႐ြးခ်ယ္ဖို႔ မသိစိတ္က ဆႏၵ႐ွိမိသြားတာေတာ့အမွန္။ အမွန္ေတာ့ ဒါက တမႉးက မရင့္က်က္ေသးတာပဲ ျဖစ္ပါလိမ့္မည္။
****************
"ေကာင္ေလး... တက္...ဒီေန႔ အိမ္ထိ ကိုယ္လိုက္ပို႔ေပးမယ္"
ညေနခင္း ဆိုင္ကယ္ရပ္ထားရာေနရာကိုေရာက္ခ်ိန္ အရင္ေရာက္ႏွင့္ေနေသာ စီနီယာက ဆိုင္ကယ္ေပၚ့အသင့္ထိုင္ကာ တမႉးေ႐ွ႕ လက္ျဖန္႔လာသည္။ အားရပါးရ ျပဳံးမိရင္း ဆိုင္ကယ္ေသာ့ကို စီနီယာ့လက္ဖဝါးထဲထည့္ေပးလိုက္သည္။ စီနီယာက ဆိုင္ကယ္ဦးထုပ္ကို တမႉးေခါင္းေပၚ ကိုယ္တိုင္ေဆာင္းေပးလာသည္။ ထို႔ေနာက္ သူကိုယ္တိုင္လည္း ေဆာင္းၿပီးမွ ဆိုင္ကယ္ေသာ့ဖြင့္သည္။
ဆိုင္ကယ္အေနာက္တြင္ဝင္ထိုင္ၿပီး စီနီယာ့ခါးကို လက္ႏွစ္ဖက္ျဖင့္ ေဝ့ဝိုက္ဖက္လိုက္ခ်ိန္ အျပဳံးတစ္ပြင့္ကို ဆိုင္ကယ္ေနာက္ၾကည့္မွန္မွတဆင့္ျမင္လိုက္ရသည္။
"လိုက္ပို႔ၿပီး စီနီယာက ဘာနဲ႔ျပန္မွာလဲ"
"Bus နဲ႔ပဲေပါ့"
"ဆိုင္ကယ္ယူသြားေလ၊ မနက္က်ရင္ ကြၽန္ေတာ္႕ကိုလာေခၚေပါ့"
"ဆိုင္ကယ္ယူသြားရင္ ေကာင္ေလးေမေမဆူမွာေပါ့"
"ကြၽန္ေတာ္ေနသိပ္မေကာင္းေသးလို႔ စီနီယာက အႀကိဳအပို႔ကူညီေနတယ္လို႔ ေျပာလိုက္မယ္ေလ"
စီနီယာက ခပ္ဖြဖြရယ္သည္။
"ကိုယ့္ေနာက္က လိုက္စီးခ်င္တာနဲ႔ ဉာဏ္မ်ားတယ္ေနာ္"
"ဟုတ္တယ္၊ ကြၽန္ေတာ္က ဉာဏ္မ်ားတယ္ စီနီယာလည္း သတိထားေန"
ရယ္ဟဟေျပာရင္း လက္ႏွစ္ဖက္ကို ပို၍ တင္းၾကပ္စြာ ဖက္လိုက္သည္။ စီနီယာကလည္း ေခါင္းခါကာရယ္ေမာရင္း ဆိုင္ကယ္ကို ျဖည္းညႇင္းစြာ စထြက္သည္။ အႀကိမ္ႀကိမ္အခါခါေငးၾကည့္ခဲ့ရေသာ ေက်ာျပင္က်ယ္တြင္ ေခါင္းအပ္ရင္း မ်က္ဝန္းတို႔ကို ေမွးမွိတ္ထားလိုက္သည္။ ခါတိုင္း တမႉးေမာင္းလို႔ စီနီယာအေနာက္ကလိုက္စီးတာထက္ စီနီယာေမာင္းတာကို လိုက္စီးရတာက ပို၍ ၾကည္ႏူးရသည္။
လမ္းတစ္ဝက္ေလာက္အေရာက္တြင္ ေဘးတေစာင္းလြယ္ထားေသာ စီနီယာ့အိတ္ထဲမွ ဖုန္းသံျမည္လာသည္။ စီနီယာက ဆိုင္ကယ္ကိုလမ္းေဘးတြင္ ခဏရပ္ရင္း ဖုန္းကို လြယ္အိတ္ထဲမွထုတ္သည္။ ဆိုင္ကယ္ေတာင္ရပ္ၿပီးကိုင္ရသည္ဆိုေတာ့ အေရးႀကီးသည့္ ဖုန္းျဖစ္မည္ထင္သည္။
"ဟဲလို"
"...."
ဖုန္းကိုင္ၿပီးသည္ႏွင့္ တစ္ဖက္ကဘာေျပာသည္မသိ။ စီနီယာ့ပုံစံက လႈပ္လႈပ္႐ွား႐ွားျဖစ္သြားသည္။
"ဘယ္အခ်ိန္ကတည္းကလဲ"
"....."
"ဟုတ္...ကြၽန္ေတာ္ အခုခ်က္ခ်င္းလာခဲ့မယ္"
ဖုန္းခ်ၿပီးသည္ႏွင့္ စီနီယာက အလွ်င္အျမန္ပင္ ဆိုင္ကယ္ဦးထုပ္ကို ခြၽတ္လိုက္သည္။
"ေကာင္ေလး...ကိုယ္အေရးတႀကီး ကိစၥသြားစရာ႐ွိလို႔ ေကာင္ေလး ကိုယ့္ဘာကိုယ္ ဆက္သြားလိုက္ေနာ္၊ ညက်မွ ကိုယ္ဖုန္းဆက္လိုက္မယ္"
ဆိုင္ကယ္ဦးထုပ္ကို တမႉးထံထိုးေပးလာေသာ စီနီယာ့ပုံစံက အေတာ္ေလး အလွ်င္လိုေနဟန္မို႔ ဘာအေၾကာင္းလဲ မေမးေတာ့ဘဲ အျမန္ ေခါင္းညိတ္လိုက္ရသည္။ တမႉးေၾကာင့္ စီနီယာ ၾကန္႔ၾကာေနတာမ်ိဳး မျဖစ္ေစလို။ ေတြ႕ရာ Taxi တစ္စီးကို အျမန္ငွားကာထြက္သြားေသာ စီနီယာက တကယ္ကို စိတ္လႈပ္႐ွားေနဟန္။ ဘာရယ္မဟုတ္ မ်က္စိေ႐ွ႕မွ Taxi ၏ပုံရိပ္ေပ်ာက္ကြယ္သြားသည္အထိ ရပ္ၾကည့္ေနၿပီးမွ တမႉး ဆိုင္ကယ္ေပၚတက္ကာ ထြက္ခဲ့သည္။
စီနီယာ့ထံတြင္ တမႉး မသိေသးသည့္ လွ်ိဳ႕ဝွက္ခ်က္မ်ားစြာ႐ွိေနသည္။ အဓိက,ကေတာ့ စီနီယာ့မိသားစုအေၾကာင္းပင္။ အတင္းေျပာျပပါဟူ၍လည္း မေတာင္းဆိုခ်င္။ စီနီယာ့ထံမွ လိုလိုလားလားယုံယုံၾကည္ၾကည္ေျပာျပသည္အထိ တမႉးက စီနီယာ့ဘဝမွာ အေရးပါလာေအာင္ႀကိဳးစားမည္။ မည္သို႔ပင္ျဖစ္ေစကာမူ စီနီယာ့၏ ခ်စ္ျခင္းေမတၱာကိုေတာ့ မ်က္ဝန္းညိဳမ်ားႏွင့္ တမႉးအေပၚျပဳမူေသာအျပဳအမူမ်ားျဖင့္ပင္ တမႉးအႂကြင္းမဲ့ ယုံၾကည္ပါသည္။
အိမ္ျပန္ေရာက္ေရာက္ခ်င္း စီနီယာ့ထံ ဖုန္းတစ္ခ်က္ဆက္ၾကည့္မိသည္။ ထိတ္ထိတ္ျပာျပာႏွင့္မို႔ အဆင္မွေျပပါ့မလားေတြးပူပါသည္။ ဖုန္းမကိုင္သျဖင့္ အလုပ္႐ႈပ္ေနသည္ဟု ယူဆကာ တစ္ႀကိမ္သာေခၚၾကည့္ၿပီး ဖုန္းျပန္ခ်လိုက္သည္။
ညေန ေရမိုးခ်ိဳး ညေနစာစားၿပီးခ်ိန္ထိ စီနီယာက ဖုန္းမေခၚေသး။ ည ၈ နာရီခန္႔ထိ ဖုန္းမေခၚလာ၍ တမႉးဘက္မွ တစ္ခါထပ္ဆက္ၾကည့္လိုက္သည္။ ဖုန္းမကိုင္။ ေနာက္ထပ္ သုံးႀကိမ္ေျမာက္ ဆက္ေခၚၿပီးသည္အထိ ဖုန္းမကိုင္၍ ေနာက္ဆုံး တမႉး လက္ေလွ်ာ့လိုက္ရသည္။
စီနီယာ ဘာေတြအလုပ္႐ႈပ္ေနသည္မသိ။ အခုရက္ပိုင္း စီနီယာ့ပုံစံက အေတာ္ပင္းပန္းႏြမ္းနယ္ေနသည္ဟုခံစားရသည္။ စီနီယာ၌ အေၾကာင္းတစ္ခုခု႐ွိေနမည္မွ က်ိန္းေသသည္။ တမႉးကို ခ်စ္သူတစ္ေယာက္အေနျဖင့္ေတာင္ စီနီယာက တိုင္ပင္ျခင္းမ႐ွိ။ သို႔ေပမယ့္ ယခုမွ ငါးရက္ခန္႔သာ႐ွိေသးေသာ relationship ေၾကာင့္ တမႉးဘက္မွလည္း အတင္း ဝင္မစြတ္ဖက္ခ်င္။ သက္ျပင္းေမာသာခဏခဏခ်မိရင္း စိတ္ေမာစြာျဖင့္ ညတစ္ညကို ခဲယဥ္းစြာ အိပ္ေပ်ာ္ဖို႔ႀကိဳးစားခဲ့ရသည္။
***********************************
"ဒီေန႔ စီနီယာေနရင့္ေရာင္ ဘာလို႔ေက်ာင္းမတက္တာလဲ"
"ငါသိမလား"
"ဟယ္ နင့္ရည္းစားေလ၊ နင္မသိဘူးလား"
ရင္ထဲတဆစ္ဆစ္ႏွင့္ ေနလို႔မေကာင္းရသည့္ၾကားထဲ နယုန္႔အေမးစကားက သူ႕ကို ပို၍ ဝမ္းနည္းေစသည္။ ညက်မွ ဖုန္းဆက္လိုက္မည္ဆိုေသာ စီနီယာက ညက ဖုန္းတစ္ခ်က္မေခၚသည့္အျပင္ တမႉးဆက္ေတာ့လည္း တစ္ညလုံးဖုန္းမကိုင္ခဲ့။ ေနာက္တစ္ေန႔မနက္တြင္ေတာ့ အေရးႀကီးကိစၥ႐ွိ၍ ေက်ာင္းမတက္ႏိုင္ေၾကာင္းသာ စာပို႔လာသည္။
ထိုမွ်သာ...။ ခ်စ္သူတစ္ေယာက္အေနႏွင့္ တမႉး သိတာ ထိုမွ်သာ႐ွိသည္။
စိတ္မပါစြာ စားေသာက္ေနေသာ ေန႔လည္စာက အရသာမ႐ွိ။
"You leave me breatheless..."
တစ္ညနဲ႔တစ္မနက္ပစ္ထားၿပီး ယခုမွ ဖုန္းဆက္လာ၍ စိတ္ေကာက္ခ်င္မိသည္။ သို႔ေသာ္ မအားသည့္ၾကားထဲမွ ေခၚေနျခင္းျဖစ္ေနမလားဟူ၍ ေတြးမိကာ ခ်က္ခ်င္းကိုင္လိုက္သည္။
"ဟဲလို"
"ဟဲလို ေကာင္ေလး၊ ေက်ာင္းမွာလား၊ ေန႔လည္စာစားၿပီးၿပီလား"
"ဟုတ္ စားေနတယ္"
"အင္း...မေန႔က ကိုယ္ဖုန္းမကိုင္မိတာ ကိုယ္တကယ္အလုပ္ေတြ႐ႈပ္ေနလို႔ပါ၊ ေတာင္းပန္ပါတယ္၊ ကိုယ့္ကို နားလည္ေပးမယ္မဟုတ္လား"
ဘာလုပ္ေနမွန္းမသိသည့္ခ်စ္သူကို ဘာနားလည္ရမွာလဲ။ သို႔ေသာ္ တမႉး သက္ျပင္းသာခ်မိသည္။ ယခုမွ တစ္ပတ္မျပည့္ေသးေသာ relationship မွာ ကေတာက္ကဆေတြနဲ႔ခ်ည္း စတင္တာမ်ိဳးေတာ့ မျဖစ္သင့္ဘူးမဟုတ္လား။
"ရပါတယ္၊ စီနီယာဘာေတြလုပ္ေနလဲေတာ့ ကြၽန္ေတာ္မသိဘူး၊ ဒါေပမယ့္ ကြၽန္ေတာ္ကူညီေပးႏိုင္တာ တစ္ခုခု႐ွိရင္ေျပာေလ"
"အင္း...ကိုယ့္ကို ေကာင္ေလးအမ်ားႀကီး ကူညီေပးႏိုင္ပါတယ္၊ အဲ့ဒါက ကိုယ္အလုပ္ေတြမ်ားေနခ်ိန္ ေကာင္ေလးကို ဂ႐ုစိုက္ေပးဖို႔ ေပါ့ေလ်ာ့ခဲ့ရင္ ေကာင္ေလးဘက္က နားလည္ေပးဖို႔ပါပဲ၊ ဘယ္လိုပဲျဖစ္ျဖစ္ ကိုယ္ ေကာင္ေလးကို ခ်စ္တယ္၊ အဲ့ဒါကိုေတာ့ ေကာင္ေလး ယုံေပးပါ"
လူတစ္ေယာက္က လူတစ္ေယာက္ကို စကားတစ္ခြန္းနဲ႔တင္ျပဳံးေအာင္လုပ္ႏိုင္ရင္ ထိုလူဟာ သူ႕အတြက္ သိပ္ကို အေရးပါလိမ့္မည္။ ခ်စ္တယ္ဆိုသည့္စကားတစ္ခြန္းႏွင့္ ဘာေတြလုပ္ေနမွန္းမသိေအာင္ အလုပ္မ်ားေနသည့္ ခ်စ္သူကို ခြင့္လႊတ္ေပးႏိုင္ပါသည္။
"စီနီယာ ေနေရာေကာင္းရဲ႕လား၊ ေက်ာင္းမတက္တာက စီနီယာေနမေကာင္းလို႔ေတာ့ မဟုတ္ဘူးမလား"
"မဟုတ္ပါဘူး၊ ကိုယ္ေနေကာင္းပါတယ္၊ ကိုယ္မိသားစုျပႆနာေလးေတြ နည္းနည္း႐ွိေနလို႔ပါ"
ရပါၿပီ။ ဒီေလာက္ဆိုလွ်င္ စီနီယာအလုပ္မ်ားေနရသည့္ အေၾကာင္းအရင္းက တမႉးအတြက္ လုံေလာက္သည့္ အေၾကာင္းျပခ်က္တစ္ခုျဖစ္ခဲ့ပါၿပီ။
"ဟုတ္၊ ကြၽန္ေတာ္႕အတြက္ စိတ္မပူပါနဲ႔၊ စီနီယာသာ အဆင္ေျပေအာင္ေနပါေနာ္"
"အင္း...ကိုယ္ မနက္ျဖန္လည္း ေက်ာင္းတက္ႏိုင္ဦးမွာ မဟုတ္ဘူး၊ ညက်ရင္ေတာ့ ကိုယ္အခ်ိန္ရတာနဲ႔ ဖုန္းဆက္လိုက္မယ္ေနာ္"
"ဟုတ္ ဒါနဲ႔ စီနီယာ ေန႔လည္စာစားၿပီးၿပီလား"
"စားၿပီးၿပီ၊ အခုေလးတင္ၿပီးတာ"
"ေၾသာ္...ဟုတ္"
"အင္း ဒါဆို ဒါပဲေနာ္ ေကာင္ေလး၊ ကိုယ္ဖုန္းခ်ေတာ့မယ္၊ ညေနေက်ာင္းျပန္ ဂ႐ုစိုက္ဦး"
"ဟုတ္"
ဖုန္းခ်ၿပီးသည္ႏွင့္ သက္ျပင္းေမာကို ခ်မိရျပန္သည္။ အခုမွ အဆင္ေျပခဲ့သည္က ရက္ပိုင္းေလးတင္႐ွိေသးသည္မဟုတ္လား။ ႐ုပ္လုံးထြက္မျပခဲ့သည့္ Jayy ႏွင့္ လွ်ိဳ႕ဝွက္တတ္သည့္ စီနီယာတို႔ ေပါင္းလိုက္ေသာအခါ တမႉးခ်စ္သူသည္ တကယ္ကို လိုက္မမွီႏိုင္သည့္ လူတစ္ေယာက္လိုျဖစ္သြားသည္။ အရမ္းခ်စ္ေနသည္မို႔ အဆုံးထိ နားလည္ႏိုင္ဖို႔ေတာ့ တမႉး ႀကိဳးစားမွာပါ။
***********************************
အားလုံးကို ေက်းဇူးတင္လ်က္
Sakura Rain🌸