ဖော်ကွာဝေးသည့် ချစ်သူ /ေဖာ္ကြ...
By MayKingMK119
51.6K 9.7K 167
Myanmar Translator _ May King (Completed) ပထမ အကြိမ် ဆေးရုံထက် လဲလျောင်းနေတဲ့ အကိုကြီးရဲ့ ခုတင်ဘေးမှာ သူ့ကို... More
Far From You _ Chapter (1)_ အကိုကြီးကို တဖက်သတ်ချစ်နေသော သူ (Z+U)
Chapter (2)_ မင်္ဂလာဦးအချိန်မှာ ဆေးရုံကိုသွားနေသည့် သူ (Z+U)
Chapter (3)_ မင်္ဂလာဦးည (Z+U)
Chapter (4)_ ဘယ်ဟာက အစစ်အမှန်လဲ။ (Z+U)
Chapter (5)_အကိုကြီး ပြန်ကောင်းလာတော့မယ်.... (Z+U)
Chapter (6) _ဝမ်အိမ်တော်သို့ အတူသွားရောက် တွေ့ဆုံခြင်း (Z+U)
Chapter (7-1) +(7-2)_ အကိုကြီးချူးရောက်နေတာ ဟော်ယွမ်တုန်း သိရဲ့လား (z+u)
Chapter (7-3) _ အထင်လွဲမှားခြင်းနှင့် ဟော်ယွမ်တုန်း ထွက်ခွာသွားခြင်း (Z+U)
Chapter (8) End_ဝမ်ယာ၏ ငယ်ချစ်ဦးနှင့် ပြန်လည်ပေါင်းဖက်ခြင်း (Z+U)
ဝမ်ယာရဲ့အတွေး /ဝမျယာရဲ့အတှေေး
4.8K 834 23
By MayKingMK119
Far From You
============================
Far From You
ဒီဇာတ်လမ်းလေးမှာ ဝမ်ယာဆိုတဲ့ကောင်လေးရဲ့မြိုသိပ်နိုင်လွန်းတဲ့ အချစ်စိတ်ကို ဖော်ပြထားတာပါ။
သူ ငယ်ငယ်လေးတုန်းက ဝမ်ဖိုးဖိုးရဲ့သူငယ်ချင်း ဟော်ဖိုးဖိုးက သူ့မြေးလေးကို ခေါ်ပြီး အိမ်တော်ကိုလာလည်ခဲ့တယ်။ ဖိုးဖိုးဟော်ရဲ့မြေးက ဝမ်ယာထက် အသက် 5 နှစ်ကျော်ကြီးပြီး အဲ့ အကိုကြီးက ဝမ်ယာနဲ့အတူတူ ဆော့ပေးခဲ့တယ်။ ဝမ်ယာကိုလည်း ခေါ်ပြီးအမြဲစိတ်ရှည်လက်ရှည် အတူကစားပေးလို့ ဝမ်ယာက အရမ်းကို သဘောကျခဲ့ရတဲ့ တစ်ယောက်ဖြစ်တယ်။
ဒီအကိုကြီးက အမြဲ ဝမ်ယာဆီ လာလာလည်လေ့ရှိပြီး ဝမ်ယာကို အပြင်ထွက် ခေါ်သွားလည်ရင်း မမျှော်လင့်တဲ့ အဖြစ် တခုဖြစ်ခဲ့တယ်။ ကိုကိုဟော်ယွမ်တုန်းက စိတ်လွတ်ထွက်သွားပြီး ဝမ်ယာကို ဒဏ်ရာအကြီးကျယ် ရသွားစေခဲ့တယ်။
ကိုကိုဟော်ယွမ်တုန်းက အဲ့ကတည်းက နိုင်ငံခြားကို အပို့ခံလိုက်ရပြီး ဝမ်ယာနဲ့အဆက်ပြတ်သွားခဲ့တယ်။ ဝမ်ယာလည်း နိုင်ငံခြားမှာ ဆေးသွားကုရင်း ကိုကိုဟော်ယွမ်တုန်းရဲ့ ရောဂါကို ကုသပေးနိုင်တဲ့ဆေးကို ဖော်စပ်နိုင်ဖို့ ရူပဗေဒ၊ ဓါတုဗေဒ ပညာတွေကို သင်ယူခဲ့တယ် ။ ဒီလိုနဲ့ ဝမ်ယာ အသက် 14 နှစ်မှာ ကိုကိုဟော်ယွမ်တုန်းရဲ့ အသိစိတ်လွတ်ထွက်တဲ့ ရောဂါအတွက် အာရုံကြောကို ထိန်းညှိပေးနိုင်တဲ့ ဆေးကိုရှာပေးနိုင်ခဲ့ပြီး ဝမ်ယာလည်း အသက်အငယ်ဆုံး သုတေသနပညာရှင်ဖြစ်ခဲ့တယ်။
ဒါပေမယ့် ကိုကိုဟော်ယွမ်တုန်းက ဝမ်ယာကို လုံးဝမေ့လျော့သွားခဲ့ပြီး ဝေးကွာသွားခဲ့တယ်။
ဝမ်ယာက အဝေးကနေ ကိုကိုဟော်ယွမ်တုန်းအတွက် ဆေးကို ဖော်စပ်ပေးနေရင်း တိတ်ဆိတ်စွာနဲ့ အကိုကြီးဝမ်ရှင်း ဆီကနေ ကိုကိုဟော်ယွမ်တုန်းသတင်းကို နားထောင်ခဲ့ရတယ်။ ကိုကိုဟော်ယွမ်တုန်းက အကိုကြီးဝမ်ရှင်းကို အထူး ရင်းနှီးဟန်ပြတာတွေကြောင့် အကိုကြီးဝမ်ရှင်းကို ချစ်နေတယ်လို့ ဝမ်ယာ ထင်သွားခဲ့တယ်။
ဒါပေမယ့် ကံတရားကြောင့် အကိုကြီးဝမ်ရှင်း သတိလစ်နေတဲ့ ဆေးရုံကို သွားတွေ့တဲ့အချိန် နှစ်ရှည်လများ ကွဲကွာနေတဲ့ ကိုကိုဟော်ယွမ်တုန်းကို ပထမဆုံး ပြန်ဆုံခဲ့တယ်။ ကိုကိုဟော်ယွမ်တုန်းရဲ့ အကြည့်တွေက သူ့ဆီကိုရောက်လာချိန်မှာ လုံးဝကို သူစိမ်းဆန်နေခဲ့တယ်။ ဝမ်ယာက သူ့ကို တိတ်တိတ်လေး ငေးနေခဲ့မိတယ်။
သူ ဝမ်ယာကို လုံးဝ မေ့သွားခဲ့ပြီ ဆိုတာ သေချာသွားခဲ့တယ်။
ဒုတိယအကြိမ် ဖိုးဖိုးဟော်က သူနဲ့ကိုကိုဟော်ကို လက်ထပ်စေဖို့ လာပြောတဲ့အချိန် ကိုကိုဟော်ယွမ်တုန်းက သူ့ကို ဖားကလေး၊ ဘဲပေါက်လေး၊ ဘဲရုပ်ဆိုးလေးလို့ ခေါ်ခဲ့တယ်။
ကိုကိုဟော်ယွမ်တုန်းက အကိုကြီးကို ချစ်နေပေမယ့် သူ့ကိုလက်ထပ်ရမယ်ဆိုတော့ သူ သေချာပေါက် ဝမ်ယာကို မုန်းနေမှာပဲ။
လက်ထပ်သွားပြီးတဲ့အချိန်မှာ မထင်မှတ်ပဲ သူနဲ့ဝမ်ယာ လင်မယားအရာမြောက်ခဲ့ပေမယ့် ဝမ်ယာရဲ့စိတ်ထဲမှာ ကိုကိုဟော်ယွမ်တုန်းက ဖိုးဖိုးဟော်ခွဲစိတ်ဖို့ သူနဲ့လက်ထပ်ထားပေမယ့် အကိုကြိးကိုပဲ ချစ်တယ်ဆိုတာ သေချာနေခဲ့တယ်။
ဝမ်ယာက ငယ်ချစ်ဦးနဲ့လက်ထပ်ပြီး လင်မယားဖြစ်ခဲ့ပေမယ့် အကိုကြီး ကို ချစ်နေတဲ့ သူ့ကိုကြည့်ရင်း ရင်မှာ အမြဲ နာကျင်နေခဲ့တယ်။
သူက ဝမ်ယာနဲ့ ချစ်တင်းနှောနေပေမယ့် သူ တကယ်ချစ်တဲ့သူက အကိုကြီး ဝမ်ရှင်းပဲလို့ ဝမ်ယာ တွေးနေမိတယ်။
============================
Continue Reading
You'll Also Like
93.4K 14.4K 17
Original Author - Yan ZhaoMu 言朝暮 Eng Translator - Sakhyulations & A Splash Of Novel You can read eng translation here https://www.novelupdates.com/se...
1.2M 63.7K 50
558K 75.6K 110
Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is jus...
294K 14.7K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...