Zawgyi
*ေဒါက္ ေဒါက္*
သူမထံမွဝင္ခဲ့ဖို႔အသံၾကားၿပီးတာနဲ႔ တံခါးေလးဖြင့္ကာဝင္သြားလိုက္သည္။ လက္ထဲမွာလည္းညအိပ္ဝတ္စံုတစ္ထည္ႏွင့္အတူ လက္တစ္ဖက္ကလည္းႏို႔ခြက္တစ္ခြက္အားကိုင္ထားရင္း...။
" မအိပ္ခင္ႏို႔ေသာက္အိပ္ဖို႔လာေပးတာ... ငါကအၿမဲစိတ္ရွည္ေနမွာမဟုတ္ဘူး။ မျငင္းဘဲတိုက္တုန္းေသာက္ထား။"
အမွန္ေတာ့ခုနေလးတင္ထိတ္လန႔္စရာေတျြမင္ၿပီးေၾကာက္လန႔္ေနတဲ့သူမကို ႏို႔ပူပူေလးတစ္ခြက္တိုက္ရင္းႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေစခ်င္တဲ့ရည္ရြယ္ခ်က္ေလးတစ္ခုပဲရိွတာပါ...။
" အင္း.. ေသာက္လိုက္မယ္။"
သူမၾကၫ့္ရတာႏြမ္းလ်ေနစဲ...။ အခုနကိစၥေတြကိုမေမ့ႏိုင္ေသးတာမ်ားလား...။
" ဒါနဲ႔ ဒီဝတ္စံုကဘာလုပ္မလို႔လဲဟင္ jimin ssi"
" ဒါလား... ဒါငါ့ရဲ့ညအိပ္ဝတ္စံုပါ။ မင္းကငါ့အိမ္ေရာက္တည္းကဒီအင္က်ီတစ္ထည္ပဲဝတ္ေနတာဆိုေတာ့...
အခုေတာ့ ငါ့အင္က်ီေတြကိုပဲဝတ္ထားဦး။ ငါအားတဲ့တစ္ရက္မွ မင္းအတြက္အင္က်ီထြက္ဝယ္ၾကတာေပါ့။"
ထိုသို႔ေျပာေလေတာ့ Haeunႏႈတ္ခမ္းပါးထက္အၿပံဳးရိပ္ေလးတစ္ခုဟာ မသိမသာျဖတ္သန္းသြားေလသည္။
" ဒါဆိုငါသြားၿပီ...။ မင္းလည္းခနေနအိပ္ေတာ့။"
ထိုသို႔ေျပာကာအင္က်ီအားကုတင္ေပၚတင္ေပးရင္း ထြက္သြားတဲ့သူ...။
" ေက်းဇူးတင္ပါတယ္။"
Jiminတံခါးအေပါက္ဝအေရာက္မွာ အေနာက္ေက်ာဆီမွလွမ္းေျပာေသာသူမေၾကာင့္ တစ္ဖန္အေနာက္သို႔လွည့္ၾကၫ့္မိသည္။
" ဘာအတြက္လဲ။"
" ဒီတိုင္း အခုနကအနားမွာရိွေနေပးလို႔ေကာ.. အားရိွေအာင္ႏို႔တိုက္တဲ့အတြက္ေကာ... ဝတ္စရာအင္က်ီေတြေပးတဲ့အတြက္ေကာ... ေနစရာေနရာေပးတဲ့အတြက္ေကာ...
ေနာက္လည္းေက်းဇူးတင္စရာေတြရိွလာမယ္ထင္လို႔ ႀကိဳၿပီးေက်းဇူးတင္ထားတာပါ။"
Jiminကေတာ့တစ္ခ်က္ၿပံဳးျပရင္းသာအခန္းထဲကထြက္သြားခဲ့သည္။
ကြၽန္မကိုယ္ကြၽန္မေသခ်ာမသိလိုက္ပါဘဲ အတိုင္းအဆမဲ့စြာေကြးၫြတ္ေနမိတဲ့ႏႈတ္ခမ္းပါးေလး...။ တစ္ကယ္ေတာ့ Park Jiminကအဲ့သေလာက္အဆိုးႀကီးလည္းမဟုတ္ပါဘူး။
သူမကုတင္ေပၚမွထကာ Jiminေပးခဲ့တဲ့ဝတ္စံုကိုလဲဝတ္လိုက္သည္။ မွန္ထဲမွာျမင္ေနရတဲ့ညအိတ္ဝတ္စံုအဝါေလးကိုၾကၫ့္ၿပီး သူမကိုယ္တိုင္တခစ္ခစ္ရယ္မိသည္အထိက ဝတ္စံုေလးကခ်စ္ဖို႔ေကာင္းလြန္းတာမို႔လည္းပါမည္။
ထို႔ေနာက္ Jiminေပးခဲ့တဲ့ႏြားႏို႔ကိုတစ္က်ိဳက္တည္းေမာ့ခ်လိုက္ရင္း ခြက္ကိုတစ္ခါတည္းေဆးဖို႔ရာမီးဖိုေခ်ာင္ထဲသို႔ဝင္သြားတဲ့သူမ...။ သိမ္းစရာရိွတာသိမ္းၿပီးတာနဲ႔ အခန္းထဲျပန္ဝင္မယ္အလုပ္တြင္ ၾကားလိုက္ရေသာဘဲလ္သံေၾကာင့္အခက္ေတြ့ရၿပီ။
Jiminကလည္းေတာ္ရံုႏွင့္ထြက္မလာေသး...။ ကိုယ္တိုင္သြားဖြင့္လို႔ကလည္းမျဖစ္တာမို႔ Jiminကိုသြားေခၚဖို႔သာဆံုးျဖတ္လိုက္သည္။ Jiminရဲ့အခန္းတံခါးအနည္းငယ္ဟထားတာမို႔ တံခါးကိုအသာေလးေခါက္မၫ့္အလုပ္တြင္... တံခါးအားဆြဲဖြင့္လာေသာသူ...။
ထိုအခ်ိန္တြင္ေရခ်ိဳးၿပီးကာစမို႔ထင္ပါရဲ့...။ ေရစိုေနေသာဆံစမ်ားကိုခပ္ဖြဖြသုတ္ေနရင္း တံခါးဖြင့္လာတဲ့သူ...။ အေပၚပိုင္းဗလာျဖင့္ ခါးတြင္လည္းတဘက္တစ္ထည္သာပတ္ထားသည္မို႔ ထင္ရွားနက္ရိႈင္းလွေသာV lineႀကီးဟာလည္းထင္းကနဲ...။
Jiminကေတာ့ဘာတစ္ခုမွသတိမျပဳဘဲ ထိုပံုစံႏွင့္ပင္အမႈမဲ့အမွတ္မဲ့တံခါးလာဖြင့္ေပမဲ့ ရုတ္တရက္ျမင္လိုက္ရတဲ့haeunအဖို႔ ေျပာစရာစကားမ်ားေပ်ာက္ရွကာ လိုက္ဖိုသြားေသာရင္အစံုကလည္း ထိန္းကြပ္မရ...။
" ဘာလုပ္ဖို႔အခန္းနားမွာ ရစ္သီသီလုပ္ေနတာလဲ။"
ဆံစမ်ားသုတ္ရင္းတန္းလန္းေမးလာတဲ့သူ...။
" မဟုတ္မွလြဲ... မင္းငါေရခ်ိဳးေနတာကိုမ်ားတမင္လာေခ်ာင္းတာလား..."
သူ႔အေပၚပိုင္းအားလက္မ်ားျဖင့္ဖံုးအုပ္ကာ သည္းသည္းလႈပ္ဆိုလာတဲ့သူ...။
ျဖစ္ရေလျခင္း...။
" မဟုတ္တာမေျပာနဲ႔။ ဧၫ့္သည္လာတာတံခါးဖြင့္ဖို႔လာေခၚတာ..."
" ဟဟ... ငါကလည္းစတာပါကြာ။
အခုလာခဲ့မယ္။"
ကြၽန္မလည္းထိုေနရာမွသုတ္ေျခတင္ထြက္လာလိုက္ကာ ကြၽန္မအခန္းထဲသို႔သာျပန္ခဲ့လိုက္ၿပီ။ အခန္းတံခါးေလးေပၚမီကာ ခုန္ေပါက္ေနေသာရင္ဘတ္ထဲကစည္းခ်က္ေတြ ၿငိမ္သက္လိုျငားသက္ျပင္းအႀကီးႀကီးခ်မိသည္။
အခုထိမ်က္ႏွာေတြထူပူစဲ... ပါးႏွစ္ဖက္ဟာလည္းအလြန႔္အလြန္နီရဲေနမည္ဆိုတာ ေတြးမိပါသည္။
ခနအၾကာအိမ္တံခါးဖြင့္သံၾကားလို႔ haeunလည္းအခန္းတံခါးကိုမီထားရင္းမွ တံခါးဖြင့္ကာၾကၫ့္မိသည္။ Jiminကေတာ့bathrobeတစ္ထည္သာဝတ္ထားစဲ...။ သူအိမ္တံခါးဖြင့္လိုက္တာနဲ႔အတူ သူ႔အေပၚကိုယိုင္က်လာတဲ့သြယ္လ်လ်ခႏၶာတစ္ခု...။ ေသခ်ာၾကၫ့္မိေတာ့ သူမက Heejinပဲ။
တစ္ကယ္ပဲဒီအခ်ိန္ႀကီးဘာကိစၥမ်ားပါလိမ့္...။ ယိုင္နဲ႔နဲ႔ခႏၶာကိုယ္ကိုၾကၫ့္ျခင္းအားျဖင့္ သူမမူးလာသည္မွာေသခ်ာသည္။ jiminရင္ခြင္ထဲမွမထြက္ႏိုင္ျဖစ္ေနတဲ့သူမ...။ ဟိုကလည္းသူ႔ရည္းစားဆိုေတာ့ က်စ္က်စ္ပါေအာင္ဖက္ထားလိုက္တာမ်ား...။
Heejinဆိုတဲ့တစ္ေယာက္ကလည္း အခုခ်ိန္ႀကီးေယာက်ာ္းေလးတစ္ေယာက္တည္းရိွတဲ့အိမ္ကိုလာစရာလား..။ ၿပီးေတာ့လည္းအင္က်ီမပါတဲ့ေယာက်ာ္းေလးတစ္ေယာက္ရင္ခြင္ထဲမွာ အခုလိုေနစရာလား...။ ဟိုJiminဆိုတဲ့ လူကလည္းဖက္စရာလား...။
ဘယ္လိုပဲခ်စ္သူေတျြဖစ္ျဖစ္ေပါ့ေလ...။
" ေအာေဟာ... သဝန္တိုေနတဲ့သနားစရာေကာင္မေလးပါလား..."
" အိုမို!! လန႔္လိုက္တာရွင္..။
ဘယ္တုန္းတည္းကေရာက္ေနတာလဲ နတ္သားမူ။"
"မင္းheejinဆိုတဲ့ကေလးမကို မေကာင္းစေျပာေနတဲ့အခ်ိန္တည္းကပဲ"
" မ..မေကာင္းေျပာတာမဟုတ္ပါဘူး။ တစ္ကယ္မွန္တာေျပာတာပဲဟာ...။ ၿပီးေတာ့ ကြၽန္မစိတ္ထဲမွာေတြးေနတာကို ရွင္ကဘယ္လိုသိတုန္း။"
" က်စ္! ေမ့ေနတာလား။ငါကနတ္သားေလ။"
" နတ္သားဆိုလည္း အေတာင္ျဖန႔္ၿပီးသာ တျခားေနရာကိုပ်ံသြားပါေတာ့ရွင္။ ကြၽန္မအိပ္ေတာ့မယ္။"
ထိုသို႔ေျပာကာကုတင္ေပၚတက္ရင္းေစာင္အားေခါင္းၿမီးၿခံဳသြားတဲ့သူမ...။
" တစ္ကယ္ေကာအိပ္ေပ်ာ္လို႔လား..
ဟိုမိန္းကေလးက ဒီညဒီအိမ္မွာအိပ္မယ့္ပံုပဲ။ မင္းၾကၫ့္ရတာ သဝန္တိုလြန္းၿပီးအိပ္ေပ်ာ္မယ့္ပံုလည္းမေပၚပါဘူး။"
သူမကေတာ့တုတ္တုတ္မ်ွမလႈပ္ဘဲေစာင္ေအာက္ထဲ၌သာရွိေနစဲ...။ နတ္သားနာမူလည္းသက္ပ်င္းတစ္ခ်က္ခ်ကာသာ...
" မင္းမေမ့ပါနဲ႔။ သဝန္တိုေနရံုနဲ႔အခ်စ္ျဖစ္မလာဘူး။ လုိခ်င္ရင္ရယူတတ္ေအာင္ႀကိဳးစား...။ မဟုတ္ရင္သူမ်ားလက္ထဲကို ပါသြားလိမ့္မယ္။"
ထိုသို႔ေျပာရင္းသာ ေပ်ာက္ကြယ္သြားတဲ့နတ္သား...။
ေစာင္ေအာက္ထဲကသူမမွာလည္း...
"ဟင့္... ဘဝျခားေနတဲ့သူတစ္ေယာက္ကို ပိုင္ဆိုင္ဖို႔ဆိုတာလြယ္ကူတဲ့ကိစၥတစ္ခုမလို့လား..."
ထိုသို႔ၿငီးျငဴရင္းသာ အိပ္ေပ်ာ္ႏိုင္ေအာင္ႀကိဳးစားအိပ္ၾကၫ့္မိေတာ့သည္။
တစ္ဖက္ကJiminတြင္လည္း ညႀကီးမင္းႀကီးေရာက္ခ်လာတဲ့ခ်စ္သူေၾကာင့္အခက္ေတြ့ရၿပီ။ ပိုဆိုးတာကခ်စ္သူက အမူးသမေလးအျဖစ္နဲ႔ေရာက္လာတာပင္...။
" Oppa....
ဒီေန့ Babyမလာျဖစ္တာေတာင္းပန္ပါတယ္လို႔လာေျပာမလို႔......"
ရင္ခြင္ထဲအမိအရတိုးဝင္ကာ မူးသံျဖင့္ခပ္ေလးေလးဆြဲေျပာလာတဲ့သူမ...။
" အခုမွလာမေျပာနဲ႔baby...
အၿမဲအဲ့သလိုလုပ္ေနၾကပဲမလား။"
" ဟာ...... Oppaကလည္း..... မနက္က ကလပ္မွာဝိုင္းေကာင္းသြားလို႔ပါ.... ဟိုအဖြဲ႔ကအေကာင္ေတြနဲ႔လည္းၿပိဳင္ေသာက္ေနရတာမလို႔ပါလို႔....."
" ၾကၫ့္!! Baby...
ကိုယ္babyကိုအဲ့လိုေယာက်ာ္းေလးေတြနဲ႔မပတ္သက္ဖို႔မေျပာဘူးလား။ ကိုယ္ကေယာက်ာ္းခ်င္းမို႔ အဲ့အဖြဲ႔ကအေကာင္ေတြ Babyကိုဘယ္လိုမ်က္စိနဲ႔ၾကၫ့္ေနတာကအစသိလို႔ေျပာေနရတာ။
Babyကိုယ့္စကားနားမေထာင္တာမ်ားၿပီကြာ။"
" အာ.... Babyေတာင္းပန္ပါတယ္ေနာ္... ေနာ္.. ေနာ္။"
ဒီကေလးမေလးေတာ္ေတာ္ေျပာင္းလဲသြားၿပီပဲ။ ခ်စ္သူစျဖစ္ကာစကဆိုရင္ အလြန္တည္ၿငိမ္ရိုးေအးလြန္းသည္။ ဘယ္အရာေတြကမ်ား babyကိုအခုလိုေတြ ဂ်စ္ကန္ကန္ပံုစံကိုေျပာင္းလဲေစခဲ့ရတာလဲ။
" Oppa.... Babyဒီညဒီမွာပဲအိပ္...မွာ။"
" ဟင္! မျဖစ္ဘူးေလ babyရဲ့။ ဒီအိမ္မွာကကိုယ္တစ္ေယာက္တည္း။ Babyအတြက္မသင့္ေတာ္ဘူးေလ။"
" ဟာ.... Oppaကလည္း
ေနမွာပဲ..."
တားခ်ိန္ေတာင္မရလိုက္ပါဘဲ ကြၽန္ေတာ့္အိပ္ခန္းထဲသို႔တန္းဝင္ကာ ကုတင္ေပၚတြင္ပစ္လွဲအိပ္လိုက္ပါေသာသူမ...။ မူးလာသၫ့္အရိွန္ေၾကာင့္ အိပ္ေမာက်သြားၿပီျဖစ္တဲ့သူမကိုႏိုးလိုစိတ္လည္းမရွိေတာ့တာမို့ ေစာင္ေသခ်ာၿခံဳေပးကာ ညအိပ္ဝတ္စံုတစ္ထည္အားယူရင္းအခန္းမီးပိတ္ၿပီးထြက္လာခဲ့လိုက္သည္။
Jiminလည္းဒီညအဖို႔ဧၫ့္ခန္းထဲကဆိုဖာေပၚမွာပဲအိပ္ဖို႔ေတြးလိုက္မိသည္။
ခနအၾကာတြင္ haeunလည္းေစာင္တစ္ထည္ကိုင္ရင္းအခန္းထဲမွထြက္လာခဲ့သည္။ ဆိုဖာေပၚတြင္အိပ္ေပ်ာ္ေနေသာjiminကို ေစာင္ေလးတစ္ထည္ၿခံဳေပးရင္း လွၫ့္ျပန္မည္အလုပ္တြင္ သူမေျခလွမ္းမ်ားကိုလွမ္းတားသလိုျဖစ္ေနသည္က သူ႔ႏႈတ္ခမ္းဖူးဖူးေလးေတြပင္...။
သူမဆိုဖာနားတြင္ထိုင္ခ်လိုက္ကာ အိပ္ေပ်ာ္ေနေသာjiminရဲ့နီေဆြးေနေသာႏႈတ္ခမ္းဖူးဖူးေလးအား သူမလက္ေခ်ာင္းေလးမ်ားႏွင့္အသာတို႔ထိၾကၫ့္မိသည္။
" လွရက္လိုက္တာရွင္ရယ္။
ဒီႏႈတ္ခမ္းေလးကို ကြၽန္မနမ္းဖူးတယ္ဆိုတာေတာင္ အခုထိမယံုႏိုင္ေသးဘူး"
သူမသက္ျပင္းတစ္ခ်က္ခ်ကာ သူမအခန္းထဲသို႔သာျပန္လာခဲ့လိုက္သည္။ ဒီညအဖို႔ အရာရာေခါင္းထဲကထုတ္ၿပီး စိတ္ေအးလက္ေအးအိပ္ႏိုင္ရန္သာ သူမ ႀကိဳးစားအိပ္လိုက္မိသည္။
~~<♡︎>~~
မနက္မိုးလင္းတာနဲ႔ ညတည္းကဆိုဖာေပၚမွာအိပ္ထားရတဲ့jiminအဖို႔ ဇက္မ်ားကလည္းနာကာ ကိုယ္လက္ေတြလည္းေတာင့္ေနစဲ...။ ထိုအခ်ိန္တြင္ ကြၽန္ေတာ့္အခန္းထဲကထြက္လာတဲ့ ကြၽန္ေတာ့္ခ်စ္ရသူ...
" Oppa.. ႏိုးၿပီဆို ျမန္ျမန္ေရခ်ိဳးၿပီးထြက္လာခဲ့...။"
" ဘာျဖစ္လို႔လဲ baby.."
" မေန့ကမdateလိုက္ရတဲ့အစား ဒီေန့dateၾကမယ္ေလ။"
" ဟင္.."
" ျမန္ျမန္... ျမန္ျမန္... မdateခင္ babyအတြက္ အင္က်ီေတြလည္းဝင္ဝယ္ရမယ္။ အခုဝတ္စရာမွမရိွဘဲ...။"
" ဟုတ္ပါၿပီ။ ကိုယ္ျမန္ျမန္ထြက္လာမယ္။ ခနပဲေစာင့္ေနာ္။"
Jiminလည္းအခန္းထဲဝင္မည္အလုပ္တြင္ အေပါက္ဝမွာရပ္ေနတဲ့haeunကိုေတြ့လိုက္ရတယ္။
" မင္းလည္းအဆင္သင့္လုပ္ထားေလ။ ခနေနအျပင္သြားရမွာဆိုေတာ့။"
" အင္းး..အင္းး"
ူသူကေတာ့အခန္းထဲဝင္သြားခဲ့ၿပီ။
အလကားသက္သက္ သူမ်ားအတြဲၾကားလိုက္ရဦးမယ္။ တစ္ေနကုန္ သူ႔babyနဲ႔ေပ်ာ္ေနမယ့္ park jiminကို ကြၽန္မဘယ္လိုအင္အားနဲ႔ၾကၫ့္ရပါ့...။
သဝန္တိုစိတ္ေတြသာ မထင္မွတ္ဘဲအခ်စ္တစ္ခုအျဖစ္ဆီသို႔ေျပာင္းလဲသြားမည္ဆိုလ်ွင္...
~~<♡︎>~~
November 15 ,2020
Sunday
Unicode
*ဒေါက် ဒေါက်*
သူမထံမှဝင်ခဲ့ဖို့အသံကြားပြီးတာနဲ့ တံခါးလေးဖွင့်ကာဝင်သွားလိုက်သည်။ လက်ထဲမှာလည်းညအိပ်ဝတ်စုံတစ်ထည်နှင့်အတူ လက်တစ်ဖက်ကလည်းနို့ခွက်တစ်ခွက်အားကိုင်ထားရင်း...။
" မအိပ်ခင်နို့သောက်အိပ်ဖို့လာပေးတာ... ငါကအမြဲစိတ်ရှည်နေမှာမဟုတ်ဘူး။ မငြင်းဘဲတိုက်တုန်းသောက်ထား။"
အမှန်တော့ခုနလေးတင်ထိတ်လန့်စရာတြွေမင်ပြီးကြောက်လန့်နေတဲ့သူမကို နို့ပူပူလေးတစ်ခွက်တိုက်ရင်းနှစ်နှစ်ခြိုက်ခြိုက်အိပ်စေချင်တဲ့ရည်ရွယ်ချက်လေးတစ်ခုပဲရှိတာပါ...။
" အင်း.. သောက်လိုက်မယ်။"
သူမကြည့်ရတာနွမ်းလျနေစဲ...။ အခုနကိစ္စတွေကိုမမေ့နိုင်သေးတာများလား...။
" ဒါနဲ့ ဒီဝတ်စုံကဘာလုပ်မလို့လဲဟင် jimin ssi"
" ဒါလား... ဒါငါ့ရဲ့ညအိပ်ဝတ်စုံပါ။ မင်းကငါ့အိမ်ရောက်တည်းကဒီအင်ကျီတစ်ထည်ပဲဝတ်နေတာဆိုတော့...
အခုတော့ ငါ့အင်ကျီတွေကိုပဲဝတ်ထားဦး။ ငါအားတဲ့တစ်ရက်မှ မင်းအတွက်အင်ကျီထွက်ဝယ်ကြတာပေါ့။"
ထိုသို့ပြောလေတော့ Haeunနှုတ်ခမ်းပါးထက်အပြုံးရိပ်လေးတစ်ခုဟာ မသိမသာဖြတ်သန်းသွားလေသည်။
" ဒါဆိုငါသွားပြီ...။ မင်းလည်းခနနေအိပ်တော့။"
ထိုသို့ပြောကာအင်ကျီအားကုတင်ပေါ်တင်ပေးရင်း ထွက်သွားတဲ့သူ...။
" ကျေးဇူးတင်ပါတယ်။"
Jiminတံခါးအပေါက်ဝအရောက်မှာ အနောက်ကျောဆီမှလှမ်းပြောသောသူမကြောင့် တစ်ဖန်အနောက်သို့လှည့်ကြည့်မိသည်။
" ဘာအတွက်လဲ။"
" ဒီတိုင်း အခုနကအနားမှာရှိနေပေးလို့ကော.. အားရှိအောင်နို့တိုက်တဲ့အတွက်ကော... ဝတ်စရာအင်ကျီတွေပေးတဲ့အတွက်ကော... နေစရာနေရာပေးတဲ့အတွက်ကော...
နောက်လည်းကျေးဇူးတင်စရာတွေရှိလာမယ်ထင်လို့ ကြိုပြီးကျေးဇူးတင်ထားတာပါ။"
Jiminကတော့တစ်ချက်ပြုံးပြရင်းသာအခန်းထဲကထွက်သွားခဲ့သည်။
ကျွန်မကိုယ်ကျွန်မသေချာမသိလိုက်ပါဘဲ အတိုင်းအဆမဲ့စွာကွေးညွတ်နေမိတဲ့နှုတ်ခမ်းပါးလေး...။ တစ်ကယ်တော့ Park Jiminကအဲ့သလောက်အဆိုးကြီးလည်းမဟုတ်ပါဘူး။
သူမကုတင်ပေါ်မှထကာ Jiminပေးခဲ့တဲ့ဝတ်စုံကိုလဲဝတ်လိုက်သည်။ မှန်ထဲမှာမြင်နေရတဲ့ညအိတ်ဝတ်စုံအဝါလေးကိုကြည့်ပြီး သူမကိုယ်တိုင်တခစ်ခစ်ရယ်မိသည်အထိက ဝတ်စုံလေးကချစ်ဖို့ကောင်းလွန်းတာမို့လည်းပါမည်။
ထို့နောက် Jiminပေးခဲ့တဲ့နွားနို့ကိုတစ်ကျိုက်တည်းမော့ချလိုက်ရင်း ခွက်ကိုတစ်ခါတည်းဆေးဖို့ရာမီးဖိုချောင်ထဲသို့ဝင်သွားတဲ့သူမ...။ သိမ်းစရာရှိတာသိမ်းပြီးတာနဲ့ အခန်းထဲပြန်ဝင်မယ်အလုပ်တွင် ကြားလိုက်ရသောဘဲလ်သံကြောင့်အခက်တွေ့ရပြီ။
Jiminကလည်းတော်ရုံနှင့်ထွက်မလာသေး...။ ကိုယ်တိုင်သွားဖွင့်လို့ကလည်းမဖြစ်တာမို့ Jiminကိုသွားခေါ်ဖို့သာဆုံးဖြတ်လိုက်သည်။ Jiminရဲ့အခန်းတံခါးအနည်းငယ်ဟထားတာမို့ တံခါးကိုအသာလေးခေါက်မည့်အလုပ်တွင်... တံခါးအားဆွဲဖွင့်လာသောသူ...။
ထိုအချိန်တွင်ရေချိုးပြီးကာစမို့ထင်ပါရဲ့...။ ရေစိုနေသောဆံစများကိုခပ်ဖွဖွသုတ်နေရင်း တံခါးဖွင့်လာတဲ့သူ...။ အပေါ်ပိုင်းဗလာဖြင့် ခါးတွင်လည်းတဘက်တစ်ထည်သာပတ်ထားသည်မို့ ထင်ရှားနက်ရှိုင်းလှသောV lineကြီးဟာလည်းထင်းကနဲ...။
Jiminကတော့ဘာတစ်ခုမှသတိမပြုဘဲ ထိုပုံစံနှင့်ပင်အမှုမဲ့အမှတ်မဲ့တံခါးလာဖွင့်ပေမဲ့ ရုတ်တရက်မြင်လိုက်ရတဲ့haeunအဖို့ ပြောစရာစကားများပျောက်ရှကာ လိုက်ဖိုသွားသောရင်အစုံကလည်း ထိန်းကွပ်မရ...။
" ဘာလုပ်ဖို့အခန်းနားမှာ ရစ်သီသီလုပ်နေတာလဲ။"
ဆံစများသုတ်ရင်းတန်းလန်းမေးလာတဲ့သူ...။
" မဟုတ်မှလွဲ... မင်းငါရေချိုးနေတာကိုများတမင်လာချောင်းတာလား..."
သူ့အပေါ်ပိုင်းအားလက်များဖြင့်ဖုံးအုပ်ကာ သည်းသည်းလှုပ်ဆိုလာတဲ့သူ...။
ဖြစ်ရလေခြင်း...။
" မဟုတ်တာမပြောနဲ့။ ဧည့်သည်လာတာတံခါးဖွင့်ဖို့လာခေါ်တာ..."
" ဟဟ... ငါကလည်းစတာပါကွာ။
အခုလာခဲ့မယ်။"
ကျွန်မလည်းထိုနေရာမှသုတ်ခြေတင်ထွက်လာလိုက်ကာ ကျွန်မအခန်းထဲသို့သာပြန်ခဲ့လိုက်ပြီ။ အခန်းတံခါးလေးပေါ်မီကာ ခုန်ပေါက်နေသောရင်ဘတ်ထဲကစည်းချက်တွေ ငြိမ်သက်လိုငြားသက်ပြင်းအကြီးကြီးချမိသည်။
အခုထိမျက်နှာတွေထူပူစဲ... ပါးနှစ်ဖက်ဟာလည်းအလွန့်အလွန်နီရဲနေမည်ဆိုတာ တွေးမိပါသည်။
ခနအကြာအိမ်တံခါးဖွင့်သံကြားလို့ haeunလည်းအခန်းတံခါးကိုမီထားရင်းမှ တံခါးဖွင့်ကာကြည့်မိသည်။ Jiminကတော့bathrobeတစ်ထည်သာဝတ်ထားစဲ...။ သူအိမ်တံခါးဖွင့်လိုက်တာနဲ့အတူ သူ့အပေါ်ကိုယိုင်ကျလာတဲ့သွယ်လျလျခန္ဓာတစ်ခု...။ သေချာကြည့်မိတော့ သူမက Heejinပဲ။
တစ်ကယ်ပဲဒီအချိန်ကြီးဘာကိစ္စများပါလိမ့်...။ ယိုင်နဲ့နဲ့ခန္ဓာကိုယ်ကိုကြည့်ခြင်းအားဖြင့် သူမမူးလာသည်မှာသေချာသည်။ jiminရင်ခွင်ထဲမှမထွက်နိုင်ဖြစ်နေတဲ့သူမ...။ ဟိုကလည်းသူ့ရည်းစားဆိုတော့ ကျစ်ကျစ်ပါအောင်ဖက်ထားလိုက်တာများ...။
Heejinဆိုတဲ့တစ်ယောက်ကလည်း အခုချိန်ကြီးယောကျာ်းလေးတစ်ယောက်တည်းရှိတဲ့အိမ်ကိုလာစရာလား..။ ပြီးတော့လည်းအင်ကျီမပါတဲ့ယောကျာ်းလေးတစ်ယောက်ရင်ခွင်ထဲမှာ အခုလိုနေစရာလား...။ ဟိုJiminဆိုတဲ့ လူကလည်းဖက်စရာလား...။
ဘယ်လိုပဲချစ်သူတြွေဖစ်ဖြစ်ပေါ့လေ...။
" အောဟော... သဝန်တိုနေတဲ့သနားစရာကောင်မလေးပါလား..."
" အိုမို!! လန့်လိုက်တာရှင်..။
ဘယ်တုန်းတည်းကရောက်နေတာလဲ နတ်သားမူ။"
"မင်းheejinဆိုတဲ့ကလေးမကို မကောင်းစပြောနေတဲ့အချိန်တည်းကပဲ"
" မ..မကောင်းပြောတာမဟုတ်ပါဘူး။ တစ်ကယ်မှန်တာပြောတာပဲဟာ...။ ပြီးတော့ ကျွန်မစိတ်ထဲမှာတွေးနေတာကို ရှင်ကဘယ်လိုသိတုန်း။"
" ကျစ်! မေ့နေတာလား။ငါကနတ်သားလေ။"
" နတ်သားဆိုလည်း အတောင်ဖြန့်ပြီးသာ တခြားနေရာကိုပျံသွားပါတော့ရှင်။ ကျွန်မအိပ်တော့မယ်။"
ထိုသို့ပြောကာကုတင်ပေါ်တက်ရင်းစောင်အားခေါင်းမြီးခြုံသွားတဲ့သူမ...။
" တစ်ကယ်ကောအိပ်ပျော်လို့လား..
ဟိုမိန်းကလေးက ဒီညဒီအိမ်မှာအိပ်မယ့်ပုံပဲ။ မင်းကြည့်ရတာ သဝန်တိုလွန်းပြီးအိပ်ပျော်မယ့်ပုံလည်းမပေါ်ပါဘူး။"
သူမကတော့တုတ်တုတ်မျှမလှုပ်ဘဲစောင်အောက်ထဲ၌သာရှိနေစဲ...။ နတ်သားနာမူလည်းသက်ပျင်းတစ်ချက်ချကာသာ...
" မင်းမမေ့ပါနဲ့။ သဝန်တိုနေရုံနဲ့အချစ်ဖြစ်မလာဘူး။ လိုချင်ရင်ရယူတတ်အောင်ကြိုးစား...။ မဟုတ်ရင်သူများလက်ထဲကို ပါသွားလိမ့်မယ်။"
ထိုသို့ပြောရင်းသာ ပျောက်ကွယ်သွားတဲ့နတ်သား...။
စောင်အောက်ထဲကသူမမှာလည်း...
"ဟင့်... ဘဝခြားနေတဲ့သူတစ်ယောက်ကို ပိုင်ဆိုင်ဖို့ဆိုတာလွယ်ကူတဲ့ကိစ္စတစ်ခုမလို့လား..."
ထိုသို့ငြီးငြူရင်းသာ အိပ်ပျော်နိုင်အောင်ကြိုးစားအိပ်ကြည့်မိတော့သည်။
တစ်ဖက်ကJiminတွင်လည်း ညကြီးမင်းကြီးရောက်ချလာတဲ့ချစ်သူကြောင့်အခက်တွေ့ရပြီ။ ပိုဆိုးတာကချစ်သူက အမူးသမလေးအဖြစ်နဲ့ရောက်လာတာပင်...။
" Oppa....
ဒီနေ့ Babyမလာဖြစ်တာတောင်းပန်ပါတယ်လို့လာပြောမလို့......"
ရင်ခွင်ထဲအမိအရတိုးဝင်ကာ မူးသံဖြင့်ခပ်လေးလေးဆွဲပြောလာတဲ့သူမ...။
" အခုမှလာမပြောနဲ့baby...
အမြဲအဲ့သလိုလုပ်နေကြပဲမလား။"
" ဟာ...... Oppaကလည်း..... မနက်က ကလပ်မှာဝိုင်းကောင်းသွားလို့ပါ.... ဟိုအဖွဲ့ကအကောင်တွေနဲ့လည်းပြိုင်သောက်နေရတာမလို့ပါလို့....."
" ကြည့်!! Baby...
ကိုယ်babyကိုအဲ့လိုယောကျာ်းလေးတွေနဲ့မပတ်သက်ဖို့မပြောဘူးလား။ ကိုယ်ကယောကျာ်းချင်းမို့ အဲ့အဖွဲ့ကအကောင်တွေ Babyကိုဘယ်လိုမျက်စိနဲ့ကြည့်နေတာကအစသိလို့ပြောနေရတာ။
Babyကိုယ့်စကားနားမထောင်တာများပြီကွာ။"
" အာ.... Babyတောင်းပန်ပါတယ်နော်... နော်.. နော်။"
ဒီကလေးမလေးတော်တော်ပြောင်းလဲသွားပြီပဲ။ ချစ်သူစဖြစ်ကာစကဆိုရင် အလွန်တည်ငြိမ်ရိုးအေးလွန်းသည်။ ဘယ်အရာတွေကများ babyကိုအခုလိုတွေ ဂျစ်ကန်ကန်ပုံစံကိုပြောင်းလဲစေခဲ့ရတာလဲ။
" Oppa.... Babyဒီညဒီမှာပဲအိပ်...မှာ။"
" ဟင်! မဖြစ်ဘူးလေ babyရဲ့။ ဒီအိမ်မှာကကိုယ်တစ်ယောက်တည်း။ Babyအတွက်မသင့်တော်ဘူးလေ။"
" ဟာ.... Oppaကလည်း
နေမှာပဲ..."
တားချိန်တောင်မရလိုက်ပါဘဲ ကျွန်တော့်အိပ်ခန်းထဲသို့တန်းဝင်ကာ ကုတင်ပေါ်တွင်ပစ်လှဲအိပ်လိုက်ပါသောသူမ...။ မူးလာသည့်အရှိန်ကြောင့် အိပ်မောကျသွားပြီဖြစ်တဲ့သူမကိုနိုးလိုစိတ်လည်းမရှိတော့တာမို့ စောင်သေချာခြုံပေးကာ ညအိပ်ဝတ်စုံတစ်ထည်အားယူရင်းအခန်းမီးပိတ်ပြီးထွက်လာခဲ့လိုက်သည်။
Jiminလည်းဒီညအဖို့ဧည့်ခန်းထဲကဆိုဖာပေါ်မှာပဲအိပ်ဖို့တွေးလိုက်မိသည်။
ခနအကြာတွင် haeunလည်းစောင်တစ်ထည်ကိုင်ရင်းအခန်းထဲမှထွက်လာခဲ့သည်။ ဆိုဖာပေါ်တွင်အိပ်ပျော်နေသောjiminကို စောင်လေးတစ်ထည်ခြုံပေးရင်း လှည့်ပြန်မည်အလုပ်တွင် သူမခြေလှမ်းများကိုလှမ်းတားသလိုဖြစ်နေသည်က သူ့နှုတ်ခမ်းဖူးဖူးလေးတွေပင်...။
သူမဆိုဖာနားတွင်ထိုင်ချလိုက်ကာ အိပ်ပျော်နေသောjiminရဲ့နီဆွေးနေသောနှုတ်ခမ်းဖူးဖူးလေးအား သူမလက်ချောင်းလေးများနှင့်အသာတို့ထိကြည့်မိသည်။
" လှရက်လိုက်တာရှင်ရယ်။
ဒီနှုတ်ခမ်းလေးကို ကျွန်မနမ်းဖူးတယ်ဆိုတာတောင် အခုထိမယုံနိုင်သေးဘူး"
သူမသက်ပြင်းတစ်ချက်ချကာ သူမအခန်းထဲသို့သာပြန်လာခဲ့လိုက်သည်။ ဒီညအဖို့ အရာရာခေါင်းထဲကထုတ်ပြီး စိတ်အေးလက်အေးအိပ်နိုင်ရန်သာ သူမ ကြိုးစားအိပ်လိုက်မိသည်။
~~<♡︎>~~
မနက်မိုးလင်းတာနဲ့ ညတည်းကဆိုဖာပေါ်မှာအိပ်ထားရတဲ့jiminအဖို့ ဇက်များကလည်းနာကာ ကိုယ်လက်တွေလည်းတောင့်နေစဲ...။ ထိုအချိန်တွင် ကျွန်တော့်အခန်းထဲကထွက်လာတဲ့ ကျွန်တော့်ချစ်ရသူ...
" Oppa.. နိုးပြီဆို မြန်မြန်ရေချိုးပြီးထွက်လာခဲ့...။"
" ဘာဖြစ်လို့လဲ baby.."
" မနေ့ကမdateလိုက်ရတဲ့အစား ဒီနေ့dateကြမယ်လေ။"
" ဟင်.."
" မြန်မြန်... မြန်မြန်... မdateခင် babyအတွက် အင်ကျီတွေလည်းဝင်ဝယ်ရမယ်။ အခုဝတ်စရာမှမရှိဘဲ...။"
" ဟုတ်ပါပြီ။ ကိုယ်မြန်မြန်ထွက်လာမယ်။ ခနပဲစောင့်နော်။"
Jiminလည်းအခန်းထဲဝင်မည်အလုပ်တွင် အပေါက်ဝမှာရပ်နေတဲ့haeunကိုတွေ့လိုက်ရတယ်။
" မင်းလည်းအဆင်သင့်လုပ်ထားလေ။ ခနနေအပြင်သွားရမှာဆိုတော့။"
" အင်းး..အင်းး"
ူသူကတော့အခန်းထဲဝင်သွားခဲ့ပြီ။
အလကားသက်သက် သူများအတွဲကြားလိုက်ရဦးမယ်။ တစ်နေကုန် သူ့babyနဲ့ပျော်နေမယ့် park jiminကို ကျွန်မဘယ်လိုအင်အားနဲ့ကြည့်ရပါ့...။
သဝန်တိုစိတ်တွေသာ မထင်မှတ်ဘဲအချစ်တစ်ခုအဖြစ်ဆီသို့ပြောင်းလဲသွားမည်ဆိုလျှင်...
~~<♡︎>~~
November 15 ,2020
Sunday