Zawgyi
" ဘာလာလုပ်တာလဲ နာဘီ။"
" ယောက်ျားလေးကောပါလား။"
" မပါပါဘူး။ မိန်းကလေးတွေပါပဲ။
" ဘာဖြစ်လို့လဲ။"
" ဟုတ်ပါပြီ။ ဒါဆိုငါပြန်တော့မယ်။"
" Jungkook ah..."
" Happy birthdayပါနော်။"
" ဟယ်လို.. အမိန့်ရှိပါ..."
" အမေ.. ဘာဖြစ်လို့လဲ..."
"ဗျာ...!"
" ဟုတ်...ဟုတ်လား နာဘီ။"
" Jungkookကော..."
ဘာလို့လည်း...!!
🔸🦋🔸
" Sh*t!! "
" ဟာ!!!!
🔸🦋🔸
" မပြန်ဘူး။ ဒီမှာပဲနေမှာ"
" မင်းဘယ်သူလဲ....
" ဟင်... ဘယ်အိမ်လဲ"
" ဟင်.. ဘာပြောလိုက်တယ်။ yoongiကဘာဖြစ်လို့...?"
" ဟင်.. နာဘီပါလား..."
" နင်ဘာတွေပြောနေတာလဲ။ ဖယ်ပေးဟာ.. ငါပြန်မယ်။"
🔶🦋🔶
Double update✌️
See ya 🐇
November 13,2020
Friday
Unicode
Taehyungတို့သွားပြီးခနနေတာနဲ့ Jungkookလည်းထိုနေရာမှထွက်လာခဲ့လိုက်သည်။ ထိုအချိန်ပထမထပ်တွင်တွေ့လိုက်ရတဲ့ နာဘီ...။
" ဘာလာလုပ်တာလဲ နာဘီ။"
" ဒီမှာငါ့တက္ကသိုလ်ကသူငယ်ချင်းတွေနဲ့စုချိန်းထားလို့ပါ။"
ဘာကြောင့်မှန်းမသိပေမဲ့ Jungkookမျက်မှောက်ကျုံ့မိသည်။ စိတ်ရှုပ်သွားသည်ဆိုလည်းမှန်မည်။
" ယောက်ျားလေးကောပါလား။"
" မပါပါဘူး။ မိန်းကလေးတွေပါပဲ။
ပြီးတော့ ငါ့ယောကျာ်းလေးသူငယ်ချင်းလည်းထပ်မထားတော့ဘူး။"
" ဘာဖြစ်လို့လဲ။"
နင်မကြိုက်တဲ့ကိစ္စဆို ငါမလုပ်ချင်လို့...။
လက်တွေ့မှာတော့ ထိုစကားဟာပွင့်အံမကျလာခဲ့ပါ...။
" ဒ်ီလိုပါပဲ... ဒီတိုင်းမထားဖြစ်တာပါ။"
" ဟုတ်ပါပြီ။ ဒါဆိုငါပြန်တော့မယ်။"
Jungkookထိုနေရာမှထွက်လာမည်အလုပ်တွင် နောက်ကျောဘက်ဆီမှလှမ်းခေါ်လာသောသူမ...
" Jungkook ah..."
သူမဘက်သို့လှည့်ကြည့်လိုက်သည်။
" Happy birthdayပါနော်။"
ပြောပြီးတာနဲ့သွားလိုက်သောသူမ...။ ကျွန်တော့်မွေးနေ့ကိုပါမှတ်မိနေခဲ့တာပဲ...။
ကျွန်တော်လည်း ထိုဘားမှထွက်လာခဲ့ကာ အမေစောင့်နေတဲ့အိမ်လေးဆီသို့သာတန်းတန်းမတ်မတ်ပြန်ခဲ့လိုက်သည်။ အိမ်သို့အရောက် ထမင်းစားပွဲပေါ်တွင်အပြည့်တည်ခင်းထားသောဟင်းပွဲတွေကိုကြည့်ပြီး သူစိတ်ချမ်းသာမိသည်။
" ပြန်လာပြီလားသားငယ်... နောက်ကျလိုက်တာကွယ်.. သားကြီးကောမပါလာဘူးလား။"
" ဗျာ... Hyungပြန်မလာသေးဘူးလား။"
" ဟုတ်တယ်လေသားရဲ့။ အတူတူပြန်လာမယ်ထင်နေတာ...
ဒါဆို သားကြီးအလာကိုစောင့်ရင်းအမေဟင်းတွေအပူပြန်ပေးလိုက်ဦးမယ်..."
Noonaတို့ဆီမှာများကြာနေတာလား.. ဒါပေမဲ့ အမေစောင့်နေတာမို့ အိမ်ကိုအစောကြီးပြန်ဖို့ပြောတာကhyungပါ...။ အခုလိုကြာနေဖို့ဆိုတာမဖြစ်နိုင်ဘူး။
* ဆိုးလ်လမ်းမကြီးပေါ်တွင် ကားတစ်စီးမတော်တဆတိမ်းမှောက်မှုကြောင့် အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦး နေရာတွင်ပင်ကွယ်လွန်ခဲ့သည်ဟုသိရ*
ဧည့်ခန်းတွင်ဖွင့်ထားတဲ့TVမှသတင်းအားလှမ်းကြည့်လိုက်ကာ အမူမဲ့အမှတ်မဲ့ပြုမိသည်။ ထို့နောက်Jungkookအင်ကျီလဲဖို့အပေါ်ထပ်သို့တက်သွားလိုက်သည်။
ခနအကြာတွင်အိမ်ဖုန်းသို့ တစ်စုံတယောက်ကဖုန်းခေါ်လာတာမို့... Jungkookရဲ့အမေဖုန်းသွားကိုင်လိုက်သည်။
" ဟယ်လို.. အမိန့်ရှိပါ..."
တစ်ဖက်ကပြောလာတဲ့စကားတွေကြားပြီး သွေးပျက်မတက်စိုးထိတ်သွားတဲ့ Jungkookအမေ...။ ကိုင်ထားတဲ့ဖုန်းပင်မမြဲဘဲ လွတ်ကျသွားခဲ့ရသည်။ ထိုအချိန်အပေါ်ထပ်ကဆင်းလာပြီဖြစ်တဲ့ Jungkook...။
ကယောင်ခြောက်ခြားဖြစ်နေတဲ့သူ့အမေနားသို့အပြေးသွားကာ ...
" အမေ.. ဘာဖြစ်လို့လဲ..."
" သား..သားကြီးတို့ ဆုံးပြီတဲ့။"
"ဗျာ...!"
" မဖြစ်ဘူး။ အခု.. အခုဆေးရုံသွားကြမယ်သား.. မင်းအစ်ကိုမသေဘူး...အမေ့ကိုလိုက်ပို့ပေး။"
Jungkookတို့နှစ်ယောက် ချက်ချင်းပင်ထွက်လာခဲ့ကြသည်။ Hyungမသေရဘူး... ဘာအတွက်နဲ့မှဒီလိုမဖြစ်ရဘူး...။
ဒါ..ဒါဆို noonaကောပဲလား..။
အတတ်နိုင်ဆုံးကားကိုထိန်းပြီးမောင်းနေပေမဲ့ စိတ်ကတော့အမြန်ဆုံးရောက်ချင်နေပြီ။ စိုးရိမ်စိတ်ကြောင့်ဇောချွေးတွေလည်းပြန်လာပြီ။
ေဆးရုံသို့အရောက်တွင် လူနာခန်းဆီသို့သာတန်းသွားခဲ့လိုက်သည်။ အခန်းထဲတွင်တွေ့လိုက်ရတာဟာ အဝတ်ဖြူလေးလွှားခြုံထားတဲ့ hyungနဲ့noona...။ မဟုတ်သေးဘူး... ဒါက ဘယ်လိုနည်းနဲ့မှသူတို့မဟုတ်ရဘူး...။ ဖြစ်ကိုမဖြစ်ရဘူး။ ကုတင်နှစ်ခုဘေးတွင် ချုံးချုံးကျငိုကြွေးနေတဲ့ jiaeတို့အမေ...။
Jungkookအမေလည်း ထိုနေရာ၌ပင်အရုပ်ကြိုးပျက်သလိုထိုင်ချမိကာ သွေးမရှိတော့တဲ့ခန္ဓာတစ်ခုလိုဖြစ်နေပြီ။
" သားငယ်.. မင်းhyungမဟုတ်ပါဘူးကွယ်။ မယုံရင်သွားကြည့်လိုက်ပါ။"
Jungkookခြေထောက်အားကိုင်ကာပြောလာတဲ့ သူမ...။ Jungkookလည်းငိုချင်ပေမဲ့ သူ့အမေအတွက်အတတ်နိုင်ဆုံးထိန်းထားမိသည်။ သူ့အမေကိုယ်လေးအားဆွဲထူမကာ... Hyungတို့နားကိုခေါ်သွားလိုက်သည်။
"အမှန်တရားတွေမို့ လက်မခံချင်ပေမဲ့လက်ခံရမယ်အမေ"
သူ့အမေမျက်ဝန်းတွေဟာ တုန်လှုပ်ခြောက်ခြားနေစဲ...။ သူတောင်အစ်ကိုဆုံးရှုံးရတာ ဒီလောက်ကမ္ဘာပျက်မတတ်ဝမ်းနည်းနေရင် အမေဆိုသားဆုံးရှုံရတာလေ... ပြောပြမတတ်အောင်စိုးထိတ်နေမှာအမှန်ပင်...။
" သေဆုံးသူနှစ်ယောက်လုံးက ရုပ်ပျက်နေပြီမို့ လှန်ကြည့်ခွင့်မရှိတော့ပါဘူး။"
ဘေးကဆရာဝန်မှပြောလာသည့်အခါ အဖြစ်မှန်ကိုလက်မခံချင်ပေမဲ့လက်ခံလိုက်ရတဲ့ Jungkookအမေဟာ ရှိုက်ကြီးတငင်စတင်ငိုကြွေးတော့သည်။ မငိုပါနဲ့လို့နှစ်သိမ့်ချင်ပေမဲ့ အဖက်မတင်တာသိနေသည်။ Jungkookလည်း တတ်နိုင်သမျှထိန်းထားပေမဲ့ မျက်ရည်တို့ကအတားအဆီးမရှိကျလာသည်။
ဘာလို့များ သူတို့နှစ်ယောက်ကိုမှခေါ်သွားကြရတာလဲ ကံကြမ္မာကြီးရယ်...။
ထိုအချိန် တစ်ဖက်ကဘားတွင် သတင်းကြားပြီးပြီးချင်းထွက်လာတဲ့နာဘီ...။ သူမအထွက် yoongiကအရောက်မို့ အဝတွင်ဆုံခဲ့ကြသည်။
" နာဘီပါလား.. ဘာတွေအလောတကြီးဖြစ်နေတာလဲ။"
" ကျွန်မအခုဆေးရုံသွားမြှဖစ်မယ်။ "
ထိုသို့ပြောကာထွက်သွားတဲ့သူမကိုလှည့်ကြည့်မိသည်။ ဆေးရုံသွားဖို့ဆိုအရေးကြီးကိစ္စများလား... ဒီအချိန်ကtaxiတွေပါးနေပြီပဲဟာ...။
သူလည်းသူမအနောက်သို့လိုက်သွားကြည့်တော့ ထင်တဲ့အတိုင်းအခုထိကားမရသေးသောသူမ...။
" အရမ်းအရေးကြီးတာဆို ကိုယ်လိုက်ပို့ပေးမယ်လေ။ အခုချိန်ကဘယ်ကားမှရလောက်မှာမဟုတ်ဘူး။"
" ကျေးဇူးပါရှင်... မြန်မြန်လေးသာပို့ပေးပါ။"
သူမကြည့်ရတာအလွန်အလောတကြီးဖြစ်နေသည်မို့ ကျွန်တော်လည်းတတ်နိုင်သမျှအမြန်ပို့ပေးမိသည်။ လမ်းတစ်လျှောက်လုံးလည်း ကယောင်ခြောက်ခြားဖြင့်တုန်လှုပ်နေသောသူမ...။
" ဘယ်သူ့ကိုတွေ့မလို့လဲဆိုတာသိခွင့်ရှိမလား။"
" မမ... မမကားအက်စီ့ဒင့်ဖြစ်လို့ဆေးရုံတင်ထားရတယ်တဲ့။"
ထိုစကားကြောင့်ကားမောင်းနေသောလက်များပင် တုန်ရီလာသော်လည်းအတတ်နိုင်ဆုံးထိန်းထားမိသည်။
" ဟုတ်...ဟုတ်လား နာဘီ။"
" အင်း.. Taehyung Oppaလည်းပါတယ်"
ဒါ...ဒါဆိုဟိုလူတွေ လူမှားကုန်တာလား။ Taehyungနဲ့Jiaeကအတူပြန်ခဲ့ကြတာလား...။
" Jungkookကော..."
" သူလည်း ဆေးရုံကိုသွားနေလောက်မှာပေါ့။ အမြန်သာမောင်းပေးပါ yoongi shi..."
မျက်နှာကသာတည်ငြိမ်နေပေမဲ့ ရင်ထဲမှာတော့ကမ္ဘာပျက်မတက်ပူလောင်နေပါပြီ...။ ငါ..ငါမှားသွားပြီ...။
Jiaeကိုချစ်လွန်းလို့လုပ်မိပေမဲ့ ငါမှားသွားခဲ့ပြီ။ နာကျင်စေဖို့မရည်ရွယ်ခဲ့ပါဘူးjiae...။
နောက်ဆုံးတော့ဆေးရုံသို့ရောက်လာခဲ့ပြီ။ ဆေးရုံခန်းထဲသို့ရေးကြီးသုတ်ပျာပြေးသွားသောသူမနောက်ကို ထက်ကြပ်မကွာလိုက်မိသည်။ ဆေးရုံခန်းထဲရောက်တာနဲ့တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် သွေးပျက်မတတ်ငိုကြွေးနေခဲ့တဲ့သူမ။
ထိုအရာတွေကို အပေါက်ဝမှလှမ်းကြည့်နေသောyoongi...။
တစ်ပေါက်ပြီးတစ်ပေါက်ကျလာတဲ့မျက်ရည်တွေဟာ ချစ်ရလွန်းသူမို့အဆုံးရှုံးမခံရဲလို့ကျလာတဲ့စစ်မှန်တဲ့မျက်ရည်တွေပါ...။
ကျွန်တော် တစ်ကယ်မရည်ရွယ်ခဲ့ပါဘူး။
ဒီအတိုင်းလေး jiaeကိုပိုင်ဆိုင်ချင်လွန်းလို့လုပ်မိတာပါဗျာ...။
ဘာလို့လောကကြီးကအခုလိုဒဏ်ခက်ရက်တာလဲ...
ဘာလို့လည်း...!!
🔸🦋🔸
အမဲရောင်ဝတ်စုံပြည့်အားဝတ်လိုက်ရင်း လက်မောင်းပတ်အဝါလေးကိုပါတစ်ပါတည်းပတ်လိုက်ပြီး မျက်လုံးများစုံမှိတ်ကာ သက်ပြင်းခပ်ယဲ့ယဲ့ချလိုက်မိသည်။ ငိုထားလွန်းလို့နီရဲနေပြီဖြစ်တဲ့မျက်ဝန်းတွေဟာလည်း Jungkookတစ်ယောက်ဘယ်လောက်ဝမ်းနည်းနေသည်ဆိုတာ ဖော်ပြနေသည်။
ထို့နောက်ဈာပနာရှိရာသို့ထွက်လာခဲ့လိုက်သည်။ hyungတို့နှစ်ယောက်ရဲ့ပြာအိုးနဲ့ဓါတ်ပုံနားမှ တစ်ဖဝါးမကွာဘဲနေနေတာက အမေနဲ့noonaတို့အမေပင်...။
ကျက်သရေအရှိဆုံးပြုံးနေတဲ့သူတို့နှစ်ယောက်ရဲ့ဓါတ်ပုံလေးဟာ အခုလိုပဲမှန်ဘောင်ထဲတွင်တစ်သက်စာတစ်ခန်းရပ်သွားပြီလား..။ မြန်ဆန်လွန်းတဲ့အဖြစ်အပျက်တွေရယ်...။
ထိုအချိန်သူ့မျက်ထောင့်စွန်းတွင်မြင်နေရသည့်လူတစ်ယောက်...။ ဝင်မလာဘဲ အပေါက်ဝ၌သာရပ်ကြည့်နေတဲ့သူ...။ သေချာလှည့်ကြည့်လိုက်တော့ မျက်နှာလွဲသွားတဲ့သူ...။ မြင်ဖူးနေသယောင် ဒီမျက်နှာပိုင်ရှင်ဟာဘယ်သူများလဲ...။ ဘာလို့မဝင်လာဘဲရပ်ကြည့်နေတာလဲ။
သူထိုလူ့နောက်လိုက်သွားလိုက်သည်။ ထွက်ပြေးသွားတာမို့ အမီလိုက်ရင်းမိသောအခါ ဦးထုပ်အားဆွဲချွတ်လိုက်မိသည်။
" ဟင်... ခင်ဗျား... Min yoongiမလား..။"
" ငါ.. ငါတောင်းပန်ပါတယ်။ ငါမရည်ရွယ်ဘဲဖြစ်သွားတာပါ...။ ငါသတ်ပစ်ဖို့ကြိုးစားခဲ့တာ မင်းနဲ့မင်းအစ်ကိုပေမဲ့ တစ်ကယ်တမ်းဓါးစာခံဖြစ်ခဲ့ရတာ jiae..ဖြစ်နေခဲ့တယ်။"
" ဒါ...ဒါဆို ခင်ဗျားက တရားခံလား...။"
Yoongiစိတ်ထဲတွင် jiaeအတွက်ဝမ်းနည်းလွန်းနေတာမို့ စိတ်ပေျာ့ကာသတိလက်လွတ်ဖြစ်ပြီးအကုန်ပြောချလိုက်မိသည်။ Jungkookမေးမှသူသတိပြန်ဝင်လာကာ...
" Sh*t!! "
Yoongiစကားတွေကြောင့်Jungkookတွေဝေကာ အငိုက်မိနေတုန်း yoongiထွက်ပြေးသွားတာတောင်မလိုက်မိလိုက်ပါ..။
ဒါဆို အဲ့ညက ကျွန်တော်နဲ့hyungအတူပြန်မှာကိုကြိုသိနေလို့ အခုလိုတွေစီစဉ်ခဲ့တာလား...။ ကျွန်တော့်အစားhyungနဲ့အတူပါသွားတဲ့ noonaက ကျွန်တော့်အစားသေလိုက်ရတာပေါ့...။
သူ့ထိတ်လန့်ကာ မျက်နှာကိုသာလက်ဖြင့်ခပ်ကြမ်းကြမ်းပွတ်လိုက်မိသည်။
" ဟာ!!!!
တစ်ကယ်ပဲ ဘာတွေလဲ။ Yoongiကဘာကြောင့် ငါတို့ညီအစ်ကိုနှစ်ယောက်ကိုသတ်ချင်ရတာလဲ။"
ဈာပနာကျင်းပတဲ့နေရာမှာသူပျောက်နေရင် အမေစိတ်ပူနေမှာစိုးလို့ သူပြန်လာခဲ့လိုက်သည်...။ နောက်မှဒီကိစ္စတွေကိုသူကိုင်တွယ်မည်။
ဈာပနာရှိရာသို့ပြန်ရောက်သောအခါ အမေ့နားမှာထိုင်နေတဲ့နာဘီ...။ သူမကိုသေချာကြည့်နေမိရင်း Jungkookတွေးမိသည်က...
Yoongiကျွန်တော်တို့ကို သတ်ပစ်ချင်နေတဲ့အကြောင်းအရင်းကိုသိပြီထင်တယ်!
🔸🦋🔸
ဒီနေ့နဲ့ဆို noonaတို့ဆုံးတာတစ်ပတ်ကျော်ပြီ။ အခုထိမီးမငြိမ်းနိုင်သေးဘဲ နှလုံးသားကပူလောင်စဲ...။
အခုလည်းnoonaနဲ့နောက်ဆုံးတွေ့ခဲ့တဲ့ဘားမှာပင်...။ ဒီဘားဟာ yoongiပိုင်သည်ဆိုတာကို မသိတာမို့ခနခနလာနေခြင်းဖြစ်သည်။
ညဉ့်နက်သည်အထိမပြန်သေးဘဲ သူအတော်မူးနေပြီ။ ဘားပိတ်ချိန်နီးပြီမို့ ဝန်ထမ်းကောင်လေးမှလာခေါ်သော်လည်း ပြန်မထူးတဲ့အပြင်သောင်းကျန်းနေတဲ့သူ...။ ပြောမရသည့်အဆုံး ဝန်ထမ်းမှ Jungkookဖုန်းအားယူလိုက်ကာ အပြောအများဆုံးcontactတွေထဲက Noonaဆိုသည့်contactလေးအားခေါ်လိုက်သည်။
ထိုဖုန်းကိုအက်စီဒင့်ဖြစ်ပြီးနောက်ပိုင်း နာဘီကသိမ်းထားခဲ့သည်မို့ ထိုဝန်ထမ်းခေါ်သောဖုန်းအား သူမကသာကိုင်လိုက်မိသည်။ Jungkookအရမ်းမူးနေတာမို့လာခေါ်ပေးဖို့ပြောနေတာမို့ ပစ်ထားလို့လည်းမဖြစ်မဖြစ်သေးပေ...။
သူမအပေါ်ဝတ်အင်ကျီလေးဝတ်လိုက်ကာအိမ်နားကtaxiအားငှားရင်း ထိုဘားသို့ထွက်လာခဲ့လိုက်သည်။
ဘားထဲအရောက်တွင်လုံးဝမှောက်ကာမူးနေပါသောသူ...။
" Jungkook! လာ.. အိမ်ပြန်မယ်။"
" မပြန်ဘူး။ ဒီမှာပဲနေမှာ"
မူးနေတဲ့အရှိန်ကြောင့်စကားတွေဟာမသည်းကွဲတော့ပါ...။
" မင်းဘယ်သူလဲ....
အိုက်ဂူးးး... ဒါဘယ်သူလေးလဲ.. ငါ့ရဲ့noonaလေးပဲ...."
Jungkookမူးနေတယ်ဆိုတာသိလို့ နာဘီဘာမှမပြောဘဲငြိမ်ခံနေလိုက်သည်။ အရေးကြီးတာသူပြန်လိုက်ဖို့ပဲ...။
Jungkookလည်း နာဘီ့ကိုjiaeအမှတ်နဲ့ ကားထဲသို့အသာတကြည်လိုက်ခဲ့သည်။ ကားထဲအရောက်တွင်...
" Noona.... ကျွန်တော်တို့ရဲ့အိမ်အသစ်လေးဆီကိုပဲမောင်းဗျာ..."
" ဟင်... ဘယ်အိမ်လဲ"
" ***လို့မြေပုံမှာရိုက်လိုက်..."
နာဘီလည်းသူပြောသည့်အတိုင်းကားမြေပုံမှာရိုက်လိုက်ပြီး ပေါ်လာတဲ့လမ်းအတိုင်းမောင်းခဲ့လိုက်သည်။
" noonaသိလား... ဒါတွေကနာဘီကြောင့်.. yoongiက နာဘီ့ကိုအထက်တန်းတည်းကကြိုက်နေတာကျွန်တော်သိပြီးသား... အဲ့တာကြောင့်လည်း နာဘီ့နားမှာရှိတဲ့ ယောကျာ်းလေးတွေကိုရှင်းပစ်ချင်နေတာနေမှာ... Noonaကဘာမှမဆိုင်ဘဲ ခံလိုက်ရတာ... သိရဲ့လားnoonaရဲ့!"
" ဟင်.. ဘာပြောလိုက်တယ်။ yoongiကဘာဖြစ်လို့...?"
မူးသံခပ်လေးလေးဖြင့်တစ်ယောက်တည်းကြားရုံသာတိုးတိုးလေးပြောနေတဲ့သူ့ကြောင့် နာဘီသေချာမကြားမိပါ...
သူမဆက်မေးမနေတော့ဘဲ ဆက်မောင်းနေလိုက်တာသူ့အိမ်ကိုတောင်ရောက်ပြီ။ နာဘီကြည့်မိပါသည်... အိမ်ကြီးဟာမဟူရာရောင်ဖြင့်ခမ်းနားလွန်းသည်။
သူမကားတစ်ဖက်ခြမ်းကJungkookကို လက်တစ်ဖက်အားပုခုံးပေါ်တင်ရင်းတွဲခေါ်ကာ အိမ်ထဲသို့ဝင်လာလိုက်သည်..။
သူပြောသည့်အတိုင်းပင်လှေကားအောက်ခြေရင်းကအခန်းထဲထိပို့ပေးခဲ့လိုက်သည်။ ကုတင်ပေါ်ချပေးမည်အလုပ်တွင်...
" ဟင်.. နာဘီပါလား..."
ဘုရားရေ.. အမျိုးမျိုးပါလား...။ အခုကျတော့မှတ်မိပြီတဲ့လား...။
" အင်း Jungkook... နင်လူမှန်းသိပြီဆိုလည်းဖယ်တော့... ငါ့တာဝန်ကျေပြီမို့ ငါပြန်မယ်။ ကားယူသွားမယ်။ မနက်မြှပန်လာယူတော့။"
" မသွားပါနဲ့ နာဘီ။ ကိုယ်နဲ့နေပေးပါ။ ကိုယ့်စိတ်တွေအရမ်းခြောက်ခြားနေလို့ ဒီတစ်ညတော့ကိုယ်နဲ့နေပေးပါ..."
" နင်ဘာတွေပြောနေတာလဲ။ ဖယ်ပေးဟာ.. ငါပြန်မယ်။"
ပြောရင်းဆိုရင်း နာဘီ့နှုတ်ခမ်းသားတွေကိုအငမ်းမရနမ်းရှိုက်လာတဲ့သူ... ငြင်းဆန်လေ ပိုတိုးလို့နမ်းလေ..။ တစ်ချက်တစ်ချက် ကိုက်ချခံလိုက်ရတဲ့နှုတ်ခမ်းသားတွေဟာ ပြတ်လုမတတ်။ သူမရဲ့အော်သံတွေဟာလည်း သူအနမ်းကြမ်းထဲအတိပျောက်ဆုံးရင်းသာ...။
နမ်းနေရင်းမှနယ်ကျွန်လာသောလက်တွေအား နာဘီတွန်းဖယ်နေပေမဲ့ အင်အားချင်းလုံးဝမမျှလွန်းတာမို့ ရုန်းနိုင်စွမ်းလည်းမရှိတော့ပါ။
ထို့နောက်မြေခသွားတဲ့ကြယ်သီးလေးတွေနဲ့အတူ ထိုညတွင်တော့ပန်းလေးတစ်ပွင့်ဟာ နူးညံ့ချင်းအလျင်းမရှိစွာပင် အခြွေခံလိုက်ရလေသည်...
နင်အရမ်းယုတ်မာတာပဲ Jungkookရယ်...။
🔶🦋🔶
Double update✌️
Flashbackကြီးကတော်တော်ကိုပြီးခါနီးပြီမို့ updateတွေအတတ်နိုင်ဆုံးပုံမှန်လုပ်သွားပါတော့မယ်🙆
See ya 🐇
November 13,2020
Friday