๐Ÿ’™Blur๐Ÿ’™(Completed)

By Shoon3333

71.4K 6.6K 966

Sometimes love is complicate Sometimes love is simple Complicate or simple is just a love,the prettiest thing... More

Intro
๐Ÿ’™Blur 1๐Ÿ’™
๐Ÿ’™Blur 2๐Ÿ’™
๐Ÿ’™Blur 3๐Ÿ’™
๐Ÿ’™Blur 4๐Ÿ’™
๐Ÿ’™Blur 5๐Ÿ’™
๐Ÿ’™Blur 6๐Ÿ’™
๐Ÿ’™Blur 7๐Ÿ’™
๐Ÿ’™Blur 8๐Ÿ’™
๐Ÿ’™Blur 9๐Ÿ’™
๐Ÿ’™Blur 10๐Ÿ’™
๐Ÿ’™Blur 11๐Ÿ’™
๐Ÿ’™Blur 12๐Ÿ’™
๐Ÿ’™Part 13๐Ÿ’™
๐Ÿ’™Blur 14๐Ÿ’™
๐Ÿ’™Blur 15๐Ÿ’™
๐Ÿ’™Blur 16๐Ÿ’™
๐Ÿ’™Blur 17๐Ÿ’™
๐Ÿ’™Blur 18๐Ÿ’™
๐Ÿ’™Blur 20๐Ÿ’™
๐Ÿ’™Blur 21๐Ÿ’™
๐Ÿ’™Blur 22๐Ÿ’™
๐Ÿ’™Blur 23๐Ÿ’™Final
Wedding Day
Little Extra

๐Ÿ’™Blur 19๐Ÿ’™

2.1K 245 28
By Shoon3333

"တီး....တီး...."

ကားဟွန်း၂ချက်တီးသံ​နောက်မှာအိမ်ထဲမှလက်က​လေးတစ်​ချောင်းကခဏဆိုသည့်ပုံနှင့်အချက်ပြဟန်ထွက်လာ​လေသည်....

ထိုလက်က​လေးကိုကြည့်ကာထွဋ်​ခေါင်တစ်​ယောက်အသည်းတယားပြုံးလိုက်မိ၏....​တွေ့လားလက်က​လေးက​တောင်ပြုံး​အောင်လုပ်နိုင်စွမ်းပါတယ်ဆို....

ခဏကြာ​တော့​ဘောက်ဆက်​ဘောက်ဆက်​လေးနဲ့သူ့ကား​ပေါ်သို့တက်လာ​သော​ကောင်ငယ်​လေး......

"သွားလို့ရပါပြီလားခဗျ"

"ရပြီ..​မောင်း​တော့"

မျက်နှာ​လေးကိုချီဝင့်ပြီး​ပြောပုံကိုကအူယားစရာ...

"ဟို​လေ...အာဘွား​လေးမ​ပေး​တော့ဘူးလား"

"ဘာလို့​ပေးရမှာလဲ...ဘာဆိုင်လို့လဲ..."

"ကိုယ်ကအခုStarရဲ့ချစ်သူ​လေကွာ..."

"အာမသိဘူး...မ​ပေးဘူး...​မောင်း​တော့"

မိုး​သောက်​ခေါင်း​လေးခါကာ​ပြော​တော့ထွဋ်​ခေါင်ကစိတ်မ​ကောင်းဖြစ်သွားဟန်ကားကိုသာစက်နှိုး၍စတင်ထွက်ခွာလိုက်သည်.....သက်ပြင်း​တွေကလည်းတချချနှင့်......

မိုး​သောက်တစ်​ယောက်သူ့​ဘေးကလူကြီးကိုကြည့်ကာရယ်ချင်လာရသည်....ဘယ့်နှယ့်က​လေးကျလို့....စူပုတ်ပြီးကား​မောင်း​နေလိုက်တာများ.....

ထွဋ်​ခေါင်၏ပုံကိုသ​ဘောကျစွာကြည့်ရင်းမီးပွိုင့်မိတုန်းခါးပတ်​လေးကိုအသာ​လေးချွတ်ကာပါး​ပေါ်သို့ဖြတ်ကနဲနမ်းလိုက်သည်....ထိုအခါပါးစပ်ကြီးကနားရွတ်တက်ချိတ်မတက်ပြုံး၍ပါးကိုကိုင်ကာမိုး​သောက်အားရွှန်းရွှန်းစားစားကြည့်​နေ​သောသူ.....

"​မောင်း​လေ...ကား​တွေထွက်​နေပြီ"

"ဟင်...အင်းအင်း...ဟားဟား...ဟားဟားဟား...."

မိုး​သောက်ကကားကို​မောင်းခိုင်း​တော့သ​ဘောတကျနှင့်တဟားဟား​အော်ရယ်ပြန်သည်...

"အယ်"

ရူးများသွား​လေသလား​လေ...ထွဋ်​ခေါင်၏ပုံစံကိုကြည့်ကာမိုး​သောက်ပါလိုက်ပြုံးမိ​လေရဲ့...တစ်လမ်းလုံးပြုံးကာရယ်ကာနှင့်ကား​​မောင်းရင်း​ဆေးရုံသို့ရောက်လာကြ​လေသည်.....

"အဆင်သင့်ပဲလားStar"

"ဟုတ်"

​မေးသူနှင့်​ဖြေသူတို့အ​ပေးအယူတည့်ပြီးသည့်​နောက်စိုင်း​နောင်၏အခန်းတံခါး​လေးကိုဖွင့်လိုက်သည်....

အခန်းတံခါး​လေးဖွင့်လိုက်​တော့ကုတင်​ပေါ်မှာထိုင်၍စာအုပ်​လေးဖတ်​နေ​​သော​ကောင်​လေးကဆီးကြို​နေ​လေသည်.....

"စိုင်း"

"ဟင်...Rain..."

မိုး​သောက်​ခေါ်​တော့အံ့သြကြီးစွာနှင့်ပြန်ထူး​လေ​သော​ကောင်​လေး...သူငယ်ချင်းနှစ်​ယောက်နှစ်ရှည်လများစွာ​ဝေးကွာလာရသည့်နှယ်​ပြေးဖက်ရန်ပြင်ကြ​လေသည်....မိုး​သောက်က​တော့စိုင်းရှိရာဆီသို့​ပြေးဝင်လာ​ပေမယ့်စိုင်း​နောင်​လေးက​တော့ကုတင်​ပေါ်က​ခြေချလိုက်သည်နှင့်ပင်​ခြေကျင်းဝတ်ကို​ခေတ်ထား​သောသံကြိုး​တွေ၏ဆွဲထားခြင်းကိုခံရ​လေသည်.....

စိုင်း​နောင်သည်သူ့​ခြေ​ထောက်ကိုကြည့်လိုက်မိုး​သောက်ကိုကြည့်လိုက်နှင့်အားနာရှက်ရွံ့ဟန်မချိပြုံး​လေးပြုံးပြ​လေသည်....ထိုအပြုံး​လေးဟာနာကျင်မှုအပြည့်နှင့်​ပေါ့......

"စိုင်းရယ်..."

မိုး​သောက်ကပင်စိုင်းဆီ​ရောက်​အောင်သွားကာစိုင်း၏ကိုယ်လုံး​လေးကို​ထွေး​ပွေ့လိုက်သည်......

"ငါ​တောင်းပန်ပါတယ်စိုင်းရယ်...မင်းလိုအပ်​နေချိန်အနားမရှိ​ပေးနိုင်ခဲ့ဘူး...."

"မဟုတ်တာ...မဟုတ်တာပဲRainရယ်..."

​ကောင်ငယ်​လေးနှစ်​ယောက်ဟာတစ်​ယောက်နှင့်တစ်​ယောက်နှစ်သိမ့်ဟန်ကြင်နာမှုအပြည့်နှင့်​ထွေး​ပွေ့ထားကြ​လေသည်......

"ကဲ​တော်ကြပါ​တော့ဗျာ.. ကျွန်​တော်မျိုးကိုလည်းသတိရကြပါဦး"

ထွဋ်​ခေါင်၏အသံကြားမှသာပြုံးစိစိ​လေး​တွေနှင့်လူချင်းခွာကြ​လေသည်.....

"ကိုကိုကြီးကလည်း..."

"​ကိုကိုကြီးကစတာပါကွာ...ကိုကိုကြီးက​လေး​လေးထမင်းစားပြီးပြီလား"

"အင်းပြီးပြီ...ဒီ​နေ့ကန်စွန်းရွက်​ကြော်နဲ့စားတယ်..."

"ဟုတ်လား​ကောင်းတယ်ကွာ..."

​ထွဋ်​ခေါင်နှင့်စိုင်း​နောင်မှာပြုံးလျက်သာ​ပြော​နေကြ​ပေမယ့်မပြုံးနိုင်သူကမိုး​သောက်ပင်....ဘာလို့ကန်စွန်းရွက်နဲ့​ကျွေးတာလဲဆို​သောမ​ကျေနပ်တဲ့အ​​မေး​လေးတွေကမျက်လုံးမှထွက်​ပေါ်လာ​လေသည်....

ထိုအကြည့်​လေး​တွေကိုနားလည်​သောထွဋ်​ခေါင်ကလည်း​နောက်မှ​ပြောပြမယ်ဆို​သောပုံစံမျိုးဖြင့်​ခေါင်းသာခါပြလိုက်​လေသည်.....

ထို့​နောက်သူတို့သုံး​ယောက်သားစိုင်း​နောင်၏လိုက်ကာ​တွေဖြင့်အပြည့်ကာထား​သောအ​မှောင်ခန်း​လေးထဲဝယ်ပြုံးရွှင်လို့စကား​တွေ​ပြောဖြစ်ကြသည်.....

"Ring...Ring..."

ထွဋ်​ခေါင်၏အတွင်း​ရေမှူးရှင်းခန့်ဆီမှလာ​နေ​သောဖုန်းသံ​ကြောင့်စကားဝိုင်း​လေးကိုခဏရပ်ကာဖုန်း​ပြော​လေသည်....

"အင်းရှင်းခန့်​ပြော..."

"......"

"ဘာ....​​အေး​​အေး...ပြီး​ရော..."

"......."

"​အေး..အ​စောင့်ချထားလိုက်"

ထွဋ်​ခေါင်သည်ဖုန်း​ပြောပြီးသည်နှင့်စိုင်း​နောင်​လေးကိုအလုပ်​ပေါ်လာလို့ဆိုကာနှုတ်ဆက်​လေသည်.....

ထို့​နောက်မိုး​သောက်၏လက်ကိုလည်းအတင်းဆွဲ၍ပြန်ရန်​လော​လေသည်....

ကောင်​လေးနှစ်​ယောက်မှာ​တော့​ကြောင်​တောင်​တောင်​လေး​တွေနှင့်သာ...တာ့တာပြသူကပြ...ဆွဲ​ခေါ်ရာ​နောက်ကိုမလိုက်ချင်လိုက်ချင်နှင့်ပါလာသူကပါ....

"ခဗျား...ဘာဖြစ်လို့လဲဟင်...."

အခန်း​ရှေ့​ရောက်​တော့ထွဋ်​ခေါင်၏အ​ခြေအ​နေကိုရိပ်မိကာ​မေး​သောမိုး​သောက်...

"ညီကဒီကိုလိုက်လာ​နေတယ်တဲ့...ကိုယ်အခုတစ်​လောအိမ်ပြန်​နောက်ကျတက်လို့ရှင်းခန့်ကိုအစ်​မေးရင်းသိသွားတာတဲ့....ဒီမှာ​နောင်​လေးရှိတာ​တော့မသိ​သေးဘူး...အာ့​ကြောင့်ညီမလာခင်မြန်မြန်ပြန်ရ​အောင်"

"အင်းအင်း...ပြန်မယ်​နော်"

​သွေးပျက်​နေ​သောထွဋ်​ခေါင်၏ပုံစံကိုကြည့်ကာမိုး​​သောက်​ခေါင်းကိုတဆက်ဆက်ငြိမ့်မိသည်...

ခဗျားကိုကြည့်ရတာပင်ပန်းလိုက်တာအကိုရယ်.....

ထွဋ်​ခေါင်နှင့်မိုး​သောက်တို့ခပ်သွက်သွက်ပင်​ဆေးရုံကားပါကင်သို့​လျှောက်လာကြ​လေသည်....သို့​သော်ကားဆီမ​ရောက်ခင်သူတို့​ရှေ့ထိုးရပ်လာ​သောကားတစ်စီး....

ထိုကား​ပေါ်မှဆင်းလာသူက​တော့ထွဋ်​ခေါင်၏နှစ်​ယောက်မရှိ​သောညီ.....

"ကိုကြီး"

"ညီ့"

"ဒီကိုဘာလာလုပ်တာလဲ"

"ဘာမှမဟုတ်ပါဘူးညီရာ..."

"ကိုကြီးလိမ်တယ်...ကျွန်​တော်နာကျင်ရတယ်ကိုကြီး...တစ်​ယောက်ထဲ​သောကိုကြီးကိုကျွန်​တော်အရာအားလုံးထမ်းပိုးပြီးမပင်ပန်း​စေချင်ဘူး...ကျွန်​တော်လည်းမျှ​ဝေခံစား​ပေးချင်တာ...ကိုကြီးလိမ်တယ်...ကိုကြီးကျွန်​တော့်ကိုလျှို့ဝှက်ထားတယ်"

ညီဖြစ်သူ၏စကား​တွေ​ကြောင့်ထွဋ်​ခေါင်စိတ်မ​​ကောင်း...ညီဒီလိုစဥ်းစား​​နေမယ်မှန်းမသိခဲ့ဘူး.....

"တကယ်ပါညီရယ်...ဒီမှာကိုကြီးအသိတစ်​ယောက်​ဆေးရုံတက်​နေလို့...."

"မယုံဘူး"

"မယုံရင်ပြမယ်ဗျာ...လာလိုက်ခဲ့"

သူ​ခေါ်​တော့မှထွဋ်​ဝင်းသည်မျက်နှာထား​လေးနဲနဲ​ပြေ​လျော့သွားဟန်....

မိုး​သောက်က​တော့တုန်တုန်လှုပ်လှုပ်နှင့်သာသူ့အားကြည့်​လေသည်....

"လာညီ....ဒီအခန်း"

မိုး​သောက်​ရောထွဋ်ဝင်းကိုပါ​ခေါ်ကာ​နောင်​လေး၏တစ်ခန်း​ကျော်ကအခန်းထဲကစကားမ​ပြောနိုင်​​သောအဖိုးတစ်​ယောက်၏အခန်းကို​ခေါ်သွား​လေသည်.....ထိုအဖိုးသည်​စောင့်​​ရှောက်မည့်သူမရှိ၍ထွဋ်​ခေါင်လာတိုင်းမုန့်​တွေဝယ်လာ​​ပြီးစကား​တွေ​ပြောပေးတက်တာ​ကြောင့်အ​တော်​လေးရင်းနှီး​နေ​လေပြီ....

"အဖိုး...ဝင်ခဲ့မယ်​နော်"ဟု​ပြော​တော့အဖိုးက​ခေါင်းငြိမ့်ပြ​လေသည်.....

"ဒါကျွန်​တော့်ညီ​လေးနဲ့ ကျွန်​တော့် ချစ်သူပါအဖိုး"

ထွဋ်​ခေါင်၏မိတ်ဆက်​မှု​ကြောင့်အဖိုးကအံ့သြသွားသလိုမိုး​သောက်​က​တော့အားနာသလို ရှက်သလိုနှင့်​ခေါင်းငုံ့ထား​လေသည်....

ထွဋ်ဝင်းမှာလည်းခုမှစိတ်ချသွားဟန်

"ကဲယုံပြီလားညီ​​တော်"

"ယုံပါပြီ...ညီကကိုကြီးတစ်​ယောက်တည်းတစ်ခုခုအတွက်ပင်ပန်း​နေရမှာစိုးလို့ပါ"

"ဟုတ်ပါပြီကွာ...."ထို့​နောက်စကားမ​ပြောနိုင်ဘဲသူတို့​ပြောတာသာ​ခေါင်း​လေးလိုက်ငြိမ့်​နေ​သောအဖိုးနှင့်စကား​တွေ​​တော်​တော်ကြာပြောကာ ပြန်ရန်ထွက်လာကြ​လေသည်.....

ကံတရားဟာ​တွေ့ချိန်တန်လို့ပဲဆုံစည်း​ပေးတာလား...ထပ်မခွဲချင်​တော့လို့ပဲဆုံစည်း​ပေးတာလားမသိ...​နောင်​လေးအခန်းမှ​နောင်​လေး၏​နာနာကျင်ကျင်အော်သံနှင့်သူနာပြုမ​လေး​တွေ​ရောဆရာဝန်​တွေ​ရောထိုအခန်းကို​ပြေးသွားကြ​လေသည်......

ထိုအခြင်းအရာ​ကြောင့်ပြန်ရန်ပြင်​နေ​သောသူတို့သုံးဦး၏​ခြေလှမ်းများရပ်တန့်သွားကာထိုအခန်းသို့အ​ပြေးသွားမိ၏.....

ထွဋ်ဝင်းက​တော့သူ့ကိုယ်သူကုတင်သံတိုင်နှင့်​​ဆောင့်နေ​သော​နောင်​လေးကိုမြင်​တော့မျက်ရည်​တွေတရစပ်ကျရင်း​ပြေးဖက်​လေသည်.....သူ့မျက်လုံး​တွေထဲတွင်​မေးခွန်း​တွေ၊အံ့သြခြင်း​တွေ၊​ပျော်ရွှင်ခြင်း​တွေပါ​နေတာကိုထွဋ်​ခေါင်​တွေ့လိုက်​သော်လည်းဘာမှဝင်မ​ပြောမိ...​

"​နောင်​လေး...ကိုကို​လေ...က​လေးရဲ့ကိုကို​လေ...."

​နောင်​လေးကိုဖက်ချုပ်ကာ​ပြောလှုပ်ရှားမှု​တွေရပ်တန့်သွားသည်...ပြီးမှသူ့အား​စေ့​စေ့ကြည့်လာကာ...

"ခဗျားကကိုကို...ဒီဒီထွဋ်ဝင်း​လေ...."

"အင်းကိုကို​လေက​လေးရယ်...ကိုကို့လာပြီ​​နော်"ထွဋ်ဝင်းက​ပြော​တော့​နောင်​လေးက​ခေါင်း​တွေခါ​လေသည်.....

"ဟင့်အင်း...ကိုကိုကငါ့ကိုမုန်း​နေတာ...ကိုကိုကငါ့ကိုသတ်မှာ...ငါ​ကြောက်တယ်"ဟု​ပြောကာ​အော်ရင်းကုတင်တိုင်နှင့်ဆက်​​ဆောင့်ပြန်သည်.....

"​တော်ပါ​တော့က​လေးရယ်​တော်ပါ​တော့..."

ထွဋ်ဝင်းဘယ်လိုပင်ချုပ်​သော်လည်းစိတ်လွတ်ကိုယ်လွတ်အားသန်​နေ​သော​နောင်​လေးကိုမချုပ်နိုင်ပါ....

"ဂစ်...ဂစ်..အစ်..အစ်..."

ကုတင်နှင့်​​ဆောင့်​နေရင်းအ​ကြောဆွဲကာတက်သွား​သော​နောင်​လေး​ကြောင့်​ဘေးဖယ်​နေ​သောဆရာဝန်​​တွေအ​ပြေးလာကာ​နောင်​လေးကိုကုတင်​ပေါ်တင်ရင်းအ​ပေါ်ကခွကာတက်ချုပ်၍ပါးစပ်ကိုဖြဲကာပါးစပ်ထဲသို့သွားစွပ်​တွေထည့်​ပေး​လေသည်....

ထွဋ်ဝင်းမှာ​တော့မျက်ရည်​တွေကျလျက်အရာအားလုံးကိုနားမလည်နိုင်စွာကြည့်လျက်သာ......

သူ့မျက်စိ​ရှေ့တွင်​​​သေသွား​သော​နောင်​လေးဟာခုသူ့မျက်စိ​ရှေ့မှာရှိ​နေ​သေးသည်တဲ့​လေ...ဘာ​တွေလဲ....

"ညီ့..."

"မထိနဲ့...ကိုကြီးသိ​နေခဲ့တယ်မလား..ဘာလို့လဲ....ဘာလို့လဲ...."

"ကိုကြီးရှင်းပြပါ့မယ်ကွာ...​နော်...နား​ထောင်​ပေး​လေ..."

"အ​ကြောင်းပြချက်ခိုင်လုံပါ​စေကိုကြီး..."

​ဆေးထိုးလိုက်​တော့ငြိမ်ကျသွား​သော​နောင်​လေးကိုခဏထားခဲ့ကာ​ဆေးရုံကန်တင်းသို့ထွက်လာကြသည်....

အ​ကြောင်းစုံ​ပြောပြ​တော့မျက်ရည်ကျလိုက်..ရယ်လိုက်နှင့်...ယူကြုံးမရစွာ​နား​ထောင်​နေ​သောညီဖြစ်သူ.....

"ကိုကြီးကိုခွင့်လွှတ်ပါကွာ..."

"ကိုကြီးလုပ်ရပ်ကမမှားပါဘူး...ဒါ​ပေမဲ့မှန်လည်းမမှန်ဘူး...ကိုကြီးကိုကျွန်​တော်စိတ်ပျက်မိတယ်....ထားပါ...ဒီ​နေ့ကစပြီး​နောင်​လေးကိုကျွန်​တော်​စောင့်​ရှောက်မယ်....ကိုကြီးကို​တော့အချိန်တစ်ခု​ရောက်ရင်ပြန်​ခေါ်ပါ့မယ်...."ဟု​ပြောလျက်စားပွဲမှထထွက်သွား​သောညီဖြစ်သူ ......

ထွဋ်​ခေါင်လည်း​ခေါင်းငိုက်စိုက်ကျကာသာမျက်နှာကိုလက်ဖြင့်အုပ်ထားမိသည်.....

မိုး​​သောက်က​တော့ထိုအဖြစ်အပျက်ကိုကြည့်ကာစိတ်​မောစွာသက်ပြင်းချမိသည်....
​သေချာပါသည်...ဒီလူကြီးမျက်ရည်ကျ​နေပြန်ပြီ ....

"အကို..."

ညှင်သာစွာ​ခေါ်​တော့​ခေါင်းငုံ့ထားရာမှထူးသံပြု​လေသည်.....

"ထပါဦးအကိုရဲ့...အယ့်လိုကြီးမ​နေပါနဲ့"

"ကိုယ်အရမ်းမှားသွားလားStar"

"ဟင့်အင်း...အကိုမမှားပါဘူး...အကိုကချစ်သူနှစ်ဦးအ​​ပေါ်တာဝန်မ​ကျေခဲ့​ပေမယ့်အကိုကြီးတာဝန်ကို​ကျေခဲ့ပါတယ်...."

ထိုသို့​ပြော​တော့မျက်ရည်​တွေဝဲလျက်မိုး​သောက်အားကြည့်လာ​သောသူ....

"ငိုချင်ရင်ဒီရင်ခွင်​လေးထဲဝင်ငိုလို့ရတယ်​နော်"

မိုး​​သောက်ကရင်ကိုဖွင့်ကာလက်ကိုဆန့်တန်း​​ခေါ်​တော့သူ့ကိုယ်လုံးကြီးမှအားမနာရင်ခွင်ထဲပစ်ဝင်လာ​သောသူ....မိုး​သောက်သ​ဘောတကျပြုံးလိုက်ရင်းလက်ဆန့်သ​​လောက်ဖက်​​​ပေးထားကာ​ကျောပြင်​လေးကိုဖွဖွပုပ်​​ပေးမိ၏.....

"အကို့​ဘေးမှာကျွန်​တော်ရှိ​နေ​ပေးမယ်​နော်....အကိုဘာပဲဖြစ်​နေဖြစ်​နေကျွန်​တော်ရှိ​နေ​ပေးမယ်...."

ထိုစကား​လေးကိုအညှင်သာဆုံးဆိုရင်းရင်ခွင်ထဲကလူကြီးကိုအငိုတိတ်​စေခဲ့မိ၏... .

ခဗျားကက​လေးကြီးပဲအကို.....

_____________________________

Update​နောက်ကျသွားတာအနူးအညွှန့်​တောင်းပန်ပါတယ်​နော်😔

////////////////////////////////////

"တီး....တီး...."





"ရပြီ..​မောင်း​တော့"












"အယ်"


"အဆင်သင့်ပဲလားStar"

"ဟုတ်"



"စိုင်း"

"ဟင်...Rain..."



"စိုင်းရယ်..."







"ကိုကိုကြီးကလည်း..."



"ဟုတ်လား​ကောင်းတယ်ကွာ..."




"Ring...Ring..."


"အင်းရှင်းခန့်​ပြော..."

"......"

"ဘာ....​​အေး​​အေး...ပြီး​ရော..."

"......."








"အင်းအင်း...ပြန်မယ်​နော်"





"ကိုကြီး"

"ညီ့"

"ဒီကိုဘာလာလုပ်တာလဲ"

"ဘာမှမဟုတ်ပါဘူးညီရာ..."




"မယုံဘူး"




"လာညီ....ဒီအခန်း"






"ကဲယုံပြီလားညီ​​တော်"













"ဂစ်...ဂစ်..အစ်..အစ်..."




"ညီ့..."










"အကို..."











_____________________________


Continue Reading

You'll Also Like

55.2K 4.3K 24
โฆ{Own Creation}โฆ Unicode+Zawgyi แ€’แ€ฏแ€€แ€นแ€แ€แ€•แ€บแ€žแ€ญแ€™แ€บแ€ธแ€แ€ปแ€ฏแ€•แ€บแ€„แ€ผแ€ญแ€™แ€บแ€ธแ€›แ€ฌ แ€™แ€ฑแ€ฌแ€„แ€ทแ€บแ€›แ€ฒแ€ทแ€”แ€ญแ€—แ€นแ€—แ€ฌแ€”แ€บแ€˜แ€ฏแ€ถแ€Ÿแ€ฌ แ€žแ€€แ€บแ€œแ€ปแ€ฌแ€•แ€ซแ€€แ€ฝแ€šแ€บแ‹ AN-แ€…แ€ญแ€แ€บแ€€แ€ฐแ€ธแ€šแ€‰แ€บแ€›แ€ฑแ€ธแ€žแ€ฌแ€ธแ€™แ€พแ€ฏแ€–แ€ผแ€…แ€บแ€•แ€ผแ€ฎแ€ธแŠแ€‘แ€ญแ€ฏแ€แ€ฑแ€แ€บแ€‘แ€ญแ€ฏแ€กแ€แ€ซ แ€”แ€พแ€„แ€ทแ€บแ€™แ€€...
141K 9.4K 55
แ€•แ€‘แ€™แ€†แ€ถแ€ฏแ€ธแ€…โ€‹แ€ฑแ€›แ€ธแ€–แ€ฐแ€ธแ€แ€ฒแ€ทFicโ€‹แ€ฑแ€œแ€ธแ€•แ€ซแ‹ แ€žแ€ฒแ€…แ€ญแ€”แ€นโ€‹แ€›แ€ฒแ‚•แ€…แ€ญแ€แ€นโ€‹แ€€แ€ฐแ€ธแ€žแ€€แ€นโ€‹แ€žแ€€แ€นโ€‹แ€ปแ€–แ€…แ€นโ€‹แ€แ€ฌแ€™แ€ญแ€ฏแ‚” แ€กแ€™แ€ฝแ€ฌแ€ธโ€‹แ€ฑแ€แ€ผแ€•แ€ซแ€žแ€ผแ€ฌแ€ธแ€แ€ฒแ€ทแ€›แ€„แ€นโ€‹แ€”แ€ฌแ€ธแ€œแ€Šแ€นโ€‹โ€‹แ€ฑแ€•แ€ธแพแ€€แ€–แ€ญแ€ฏแ‚”โ€‹แ€ฑแ€™แ€แฑแ€ฌแ€›แ€•แ€นโ€‹แ€แ€ถแ€•แ€ซแ€แ€šแ€นโ€‹แ‚แ€ฝแ€„แ€นโ€‹แ€ทแ‹ โ€‹แ€ฑแ€€แ€ฌแ€„แ€นโ€‹โ€‹แ€ฑแ€œแ€ธแ‚แ€ฝแ€…แ€นโ€‹...
38.1K 2.4K 29
แ€™แ€„แ€นแ€ธแ€€แ€กแ€„แ€นแ€ธแ€ฑแ€›แ€ปแ€•แ€„แ€นแ‚€แ€€แ€ฎแ€ธแ€†แ€ญแ€ฏแ€›แ€„แ€น แ€€แ€ญแ€ฏแ€šแ€นแ€€แ€™แ€„แ€นแ€ธแ€”แ€ฒแ‚” แ€กแฟแ€™แ€ฒแ€แ€™แ€นแ€ธแ€™แ€บแ€€แ€นแ‚แ€ฝแ€ฌแ€แ€บแ€„แ€นแ€ธแ€†แ€ญแ€ฏแ€„แ€นแ€•แ€ฒแ€›แ€ฝแ€ญแ€ฑแ€”แ€™แ€šแ€นแ€ท แ€ฑแ€€แ€ฌแ€„แ€นแ€ธแ€€แ€„แ€นแ€ปแ€•แ€ฌแ€ปแ€€แ€ฎแ€ธแ€ฑแ€•แ€ซแ€ท แ€™แ€„แ€บแ€ธแ€€แ€กแ€„แ€บแ€ธแ€›แ€ฑแ€•แ€ผแ€„แ€บแ€€แ€ผแ€ฎแ€ธแ€†แ€ญแ€ฏแ€›แ€„แ€บ แ€€แ€ญแ€ฏแ€šแ€บแ€€แ€™แ€„แ€บแ€ธแ€”แ€ฒแ€ท แ€กแ€™แ€ผแ€ฒแ€แ€™แ€บแ€ธแ€™แ€ป...
336K 8.3K 79
แ€แ€ฑแ€ฌแ€„แ€บแ€•แ€ฑแ€ซแ€บแ€žแ€ฌแ€ธแ€”แ€ฒแ€ท แ€™แ€ผแ€ฑแ€•แ€ผแ€”แ€ทแ€บแ€žแ€ฐ แ€‡แ€ฌแ€แ€บแ€œแ€™แ€บแ€ธแ€œแ€ฑแ€ธแ€•แ€ซแ€›แ€พแ€„แ€บแ€ท