Unicode & Zawgyi
Unicode
"ဉက္ကဌဒါကJ&Kကုမ္ပဏီကနေဝယ်ယူထားတဲရှယ်ယာတွေနဲ့ခုလက်ရှိသူတို့ကုမ္ပဏီကနေဆောင်ရွက်နေတဲ့လုပ်ငန်းစဉ်တွေပါ"
"ဪ.....ဟုတ်ပြီ......ဒါနဲ့ငါစုံစမ်းခိုင်းထားတဲ့ကိစ္စတွေရော........"
"အဲ့ဒါကလေ......တကယ်တော့ဉက္ကဌတို့သုံးယောက်လုံးကိုပြောစရာရှိတယိ"
ထိုစကားကြောင့်မော့ကြည့်လာသောTriple Kim
"ဉက္ကဌJeonရဲ့နောက်ကွယ်မှာတရားမဝင်လုပ်ငန်းတွေရှိနေတယ်လို့သိရပါတယ်"
"ဘာ......."
ဒေါသပေါက်ပေါက်နဲ့ထအော်လိုက်တာကNamjoon။
သူကတော့ခန့်မှန်းပြီးသားမို့သိပ်တော့မအံသြတော့ပါ။ဟက်.......Appaရဲ့ငွေတွေ၊အချိန်တွေ၊ယုံကြည်မှုတွေကိုအသုံးချပြီး.....ဘာ.....တရားမဝင်လုပ်ငန်းတဲ့လား။
"hyungမရတော့ဘူးဗျာ.....ကျွန်တော်အဲ့လူကြီးကိုဒီထက်ပိုပြီးသည်းမခံနိုင်တော့ဘူး....."
"စိတ်အေးအေးထားပါနမ်ဂျွန်းရယ်......တကယ်တော့hyungလည်းအဲ့ကိစ္စတွေခန့်မှန်းပြီးသားပါ"
"အဲ့တော့Hyungကဘယ်လိုလုပ်ဖို့စဉ်းစားထားလို့လည်း"
"အရင်ဆုံးအဲ့ဘက်ကိုနည်နည်းပိုစုံစမ်းလိုက်.......အဲ့ဘက်ကိုနည်းနည်းလောက်မွှေလိုက်မှဒီဘက်ကကုမ္ပဏီကိုသူအာရုံမရောက်မှာ.....အဲ့တော့မှHyungတို့ကကုမ္ပဏီဘက်ကိိုဖိလိုက်ရုံပဲ"
"Soobinပြီးတော့တရားမဝင်လုပ်ငန်းတွေဘက်ကိုနည်းနည်းပိုပြီးဖိအားပေးနိုင်အောင်လုပ်ပါ......ပြီးတော့နေရာအတိအကျနဲ့ခိုင်လုံတဲ့သက်သေတွေကိုလည်းစုဆောင်းထားပေးပါ......ပြီးတော့အဲ့လူတစ်နေ့လုံးသွားသမျှတွေကိုနောက်ယောင်ခံလိုက်ခိုင်းထားပါ......ဒီလိုလူဆီမှာအငယ်အနှောင်းမရှိဘူးဆိုရာဇဝင်ရိုင်းသွားမှာပေါ့"
"ဟုတ်ဉက္ကဌ......"
"ပြီးတော့ဂျွန်ဂျောင်ကုနောက်ကိုလည်းလူတစ်ယောက်လွှတ်ထားပေးပါ'
သူပြောလိုက်တော့အထူးအဆန်းနဲ့လှည့်ကြည့်လာတဲ့သုံးယောက်........
"သူကဘာဆိုင်လို့လဲHyung......"
"နေပါဉီး......မဟုတ်မှလွဲရော."
"ဟုတ်တယ်ယောင်းငယ်လေး.......မင်းထင်နေသလိုပဲ......hyungရဲ့ချစ်သူကသူပဲ....."
"ဗျာ......."
ဒါကတော့သူ့ရှေ့မှာရှိနေတဲ့သုံးယောက်လုံးဆီကထွက်လာတဲ့အသံ။ယောင်းငယ်လေးသိနေတယ်ဆိုတာလည်းမဆန်းပါဘူး။
daddyကမပြောဘဲနေပါ့မလား။နာမည်နဲ့အတိအကျကြီးမပြောရင်တောင်အရိပ်အမြွက်လောက်ကတော့ပြောပြပြီးလောက်ပြီ။ယောင်းငယ်လေးဘယ်လောက်လေးဘယ်လောက်အရိပ်အကဲခတ်မြန်လဲဆိုတာလည်းသိတာမို့။
"Hyungရူးနေလား......"
"Kim Taehyungမင်းဒါအကြီးကိုပြောရမယ့်စကားလား"
"နမ်ဂျွန်းခဏ.........ဟုတ်တယ်ယောင်းငယ်......hyungရူးနေပြီ.....ဒါကြောင့်တစ်ခါလောက်ရူးခွင့်ပေးလို့မရဘူးလား"
"တကယ်ထင်မထားဘူး......တစ်ခြားသူလည်းမဟုတ်ဘူး.....ဘာလို့Hyungလည်း.......တစ်ခြားသူမဟုတ်ဘဲဘာလို့hyungလဲလို့......."
ရှေ့ကနေမျက်ရည်တွေနဲ့သူ့ကိုအော်နေတဲ့ယောင်းငယ်လေးကိုမြင်ပြီးတကယ်နာကျင်ရပါသည်။နမ်ဂျွန်းကရင့်ကျက်ပြီးလူကြီးဆန်နေပေမယ့်ယောင်းငယ်လေးကတကယ့်ကိုကလေးလေးပဲရှိသေးတယ်ဆိုတာသူသိပါသည်။သူ့အနေနဲ့ခံစားကောင်းခံစားရမှာသိပါတယ်။
Hyungတစ်ခါလောက်လေးတစ်ကိုယ်ကောင်းဆန်လို့မဖြစ်ဘူးလားကလေးတို့ရယ်.........
"မထင်ထားဘူးhyung.......တခြားသူလည်းမဟုတ်တဲ့hyungကနောက်ကျောဓားနဲ့ထိုးလိမ့်မယ်လို့.......ဘဝမှာပထမဆုံးအနေနဲ့hyungကိုစိတ်ပျက်သွားမိပြီ"
ပြောပြောဆိုဆိုနဲ့ထထွက်သွားတဲ့Taehyungနောက်လိုက်မယ်ပြင်တော့လက်ကိုလှမ်းဆွဲလာတဲ့Namjoon။
"Hyungနေခဲ့........ကျွန်တော်လိုက်သွားလိုက်မယ်"
ပြောရင်းနဲ့ထွက်သွားတဲ့နမ်ဂျွန်း.......ခုတော့အစည်းအဝေးခန်းထဲမှာသူရယ်Soobinရယ်နှစ်ယောက်သာ။
"Soobinမင်းရောဘာပြောချင်သေးလဲ.......ပွင့်ပွင့်လင်းလင်းပြောလို့ရတယ်နော်......."
"ကျွန်တော်ကတော့ဉက္ကဌကိုနားလည်တယ်.......လူတိုင်းဘဝမှာတစ်ခါလောက်တော့ချစ်ခွင့်ရှိတယ်လို့ထင်တယ်.......ကိုယ်ချစ်တဲ့သူကကိုယ့်ရန်သူဖြစ်နေတာတော့ဘယ်တတ်နိုင်မလဲ.........အရေးကြီးတာကကိုယ့်အချစ်တွေဖြူစင်ဖို့ပဲ.......သူလည်းတစ်နေ့ဉက္ကဌရဲ့ဖြူစင်တဲ့အချစ်တွေကိုမြင်လာပါ......"
"ကျေးဇူးတင်ပါတယ်Soobinရယ်......"
~~~~~~~~~~~~~
"ယောင်းငယ်လေးhyungကိုခဏတံခါးဖွင့်ပေး"
တံခါးအပြင်ဘက်ကနေကြားနေရတဲ့ငိုသံလေးတွေကသူ့ရင်ဘက်ကိုကိုင်လှုပ်နေသလိုပင်။အချစ်ရဆုံးညီလေးရဲ့မျက်ရည်တွေကိုမမြင်ချင်ပါ။
ငယ်ငယ်ကတည်းကမိဘေတွသေဆုံးခဲ့ပီးjin
hyungကလည်းသူတို့နှစ်ယောက်အတွက်နေ့နေ့ညညအလုပ်ထွက်လုပ်နေရတာကြောင့်ယောင်းငယ်လေးကကိုယ့်အတွက်ကလေးပင်။တစ်နှစ်ပဲငယ်တဲ့ညီငယ်လးဆိုပေမယ့်ကိုယ်ကပဲစောင့်ရှောက်ခဲ့ရတာ။
ကျောင်းမှာလဲသူတို့ကိုမိဘမဲ့လို့နှိမ်တာတွေ၊အဖေကသူခိုးလို့နှိမ်တာတွေအကုန်လုံးကိုကိုယ်ကပဲလူကြမ်းကြီးလုပ်ပြီးဖြေရှင်းပေးခဲ့တာ။ဒီလိုစောင့်ရှောက်ခဲ့ရတဲ့ညီလေးကိုချစ်သလို.........
Top3ဝင်ကျောင်းသားဆိုတဲ့ဂုဏ်ပုဒ်ကိုစွန့်ကာကျောင်းထွက်ခဲ့ပြီးညီလေးနှစ်ယောက်ကိုကျောင်းထားပေးခဲ့တဲ့အကိုကြီးကိုလည်းမမုန်းပါ။ဒါကြောင့်သူတို့နှစ်ယောက်ပြေလည်အောင်လုပ်ပေးရုံမှအပ..........။
သိပ်မကြာလိုက်ပါငိုသံတွေနဲ့အတူပွင့်လာတဲ့တံခါးလေးတစ်ချပ်နဲ့ရင်ခွင်ထဲတိုးဝင်လာသောကလေးငယ်။
"Hyungဘယ်လိုလုပ်မလဲ......jin hyung.......jin hyungက......."
"ယောင်းငယ်လေးhyungကိုကြည့်......... "
ပြောလိုက်တော့လည်းမျက်ရည်တွေနဲ့အတူမော့ကြည့်လာတဲ့ကလေးငယ်ခေါင်းလေးကိုတစ်ချက်နမ်းလိုက်ပြီး........
"Jin Hyungကသူ့ဘဝကြီးကိုhyungအတွက်မြုပ်နှံပေးခဲ့ပြီးပြီပဲလေ.......ခုသူ့ဘဝကိုသူကြိုက်သလိုလျှောက်လှမ်းခွင့်ပေးသင့်နေပြီမဟုတ်လား"
"ဒါပေမယ့်ကြောက်တယ်hyung.......jin hyungကခုလုပ်နေတဲ့ကိစ္စတွေအားလုံးကိုပစ်ထားသွားမှာ.....ကျွန်တော်......ကျွန်တော့်ကိုထားသွားမှာ......"
သူသိလိုက်ပါပြီ။ယောင်းငယ်လေးကသူ့ကိုထားခဲ့မှာကိုကြောက်နေတာ။သူမပြောနဲ့ကိုယ်လည်းကြောက်ပါသည်။jin hyungကသူတို့ကိုထားခဲ့မယ့်နေ့ကို.........
ဒါပေမယ့်hyungကသိပ်မကြာတော့တဲ့အချိန်မှာသူတို့ကိုထားခဲ့တော့မှာသိနေပါသည်။ဒါပေမယ့်.......
"ယောင်းငယ်လေးhyungကလေဘယ်တော့မှယောင်းငယ်လေးစိတ်ပူနေတဲ့အလုပ်ကိုမလုပ်ဘူး.......ပြီးတော့ခုနကလည်းမြင်တယ်မို့လား.......သူကိုယ်တိုင်အစီအစဉ်တွေဆွဲနေတာကို.........တကယ်လို့သူသာဆက်မလုပ်တော့ဘူးဆိုဒါတွေဆက်စုံစမ်းနေစရာလား......ယောင်းငယ်လေးကငယ်တော့တာလည်းမဟုတ်ဘဲနဲ့........."
"ကျွန်တော်ကြောက်တယ်........ဘယ်လိုပဲပြောပြောကျွန်တော့်ကိုထားသွားမှာကြောက်တယ်.......ကျွန်တော့hyungနှစ်ယောက်မရှိရင်ကျွန်တော်သေလိမ့်မယ်.........."
"ယောင်းငယ်လေးရယ်.......jin hyungရဲ့အခြေအနေကိုသိရဲ့သားနဲ့သူ့ကိုစိတ်ချမ်းသာအောင်ထားရမယ်လေ........သူ့ကိုဒီလိုကိစ္စတွေလုပ်ခိုင်းနေတာကိုလွန်နေပြီလေ.......hyungရဲ့ယောင်းငယ်လေးကလိမ္မာပါတယ်ကွာ......"
"အင်း......ကျွန်တော်ကြိုးစားကြည့်မယ်........"
Taehyungတစ်ယောက်ဘားမှာထိုင်နေတဲ့hyungရဲ့မျက်နှာလေးကိုမြင်တာနဲ့တင်ဝမ်းနည်းမှုကဆို့တက်လာသည်။ချစ်ရဆုံးသောအကို.......ဘဝရဲ့နှစ်ယောက်မရှိတဲ့အကို။သူ့မှာဘယ်လောက်ပဲရည်းစားရှိတယ်ပြောပြောအကို့ကိုတော့ချစ်ရသူမရှိစေချင်ပါ။သူ့ကိုအကိုကပိုချစ်သွားမှာကိုကြောက်သည်။အတ္တကြီးတယ်လို့ပဲပြောပြော.......အကုန်လုံးကိုသည်းခံမှာမို့။
"hyung........"
"ယောင်းငယ်လေး......."
သူခေါ်လိုက်တော့လှည့်ကြည့်လာတဲ့ချစ်ရပါသောအကိုကြီး။အေးလေ......ကိုယ့်အတွက်နဲ့သူ့ဘဝကိုမြုပ်နှံပေးခဲ့ပြီးပြီပဲဘာကိုထပ်မျှော်လင့်နေတာလဲကင်ထယ်ယောင်း........
"ယောင်းငယ်လေး.......hyungကလေ........."
"ကျွန်တော်မေးတာကိုပဲဖြေပေးပါhyung........သူ့ကိုတွေ့ရင်ပျော်လားဟင်"
"အင်း......ပျော်တယ်"
"ရပြီhyung........ဒီလောက်ဆိုလုံလောက်ပြီ........ကျွန်တော်လက်ခံပေးပါ့မယ်.......အဲ့ဒီအစားကတိတစ်ခုတော့ပေးရမယ်"
"လက်စားချေတဲ့ကိစ္စကိုပြီးအောင်လုပ်ပါမယ်ဆိုတာလား........"
"မဟုတ်ဘူးhyung.......ပျော်နေပေးရမယ်"
"ဟင်........"
"ဟုတ်တယ်hyung......ကျွန်တော့်အတွက်ဘဝမှာအရေးပါဆုံးလူသုံးယောက်ပဲရှိတယ်.......hyungရယ်
နမ်ဂျွန်းhyungရယ်Jiminရယ်.......သူတို့သုံးယောက်ရဲ့ပျော်ရွင်မှုကပဲအရေးကြီးလို့........ကျိန်းသေပေါက်ပျော်နေပေးပါ........"
"ယောင်းငယ်လေးရယ်......"
ချစ်ရတဲ့ညီငယ်လေးကိုရင်ခွင်ထဲဆွဲသွင်းကာခေါင်းလေးကိုခပ်ဖွဖွပွတ်ပေးလိုက်သည်။
ကလေးတို့ရယ်........မင်းတို့ကြောင့်hyungဒီလောကကြီးကနေထွက်သွားလို့ဖြစ်ပါ့မလား........။
~~~~~~~~~~~~
ညကြီးမိုးချုပ်မှဖုန်းကထမြည်လာတာမို့ဆော့ဂျင်တစ်ယောက်အိပ်ချင်မူးတူးနဲ့ဖုန်းကိုင်လိုက်သည်။နာရီကြည့်လိုက်တော့မနက်နှစ်နာရီ။
"ကျစ်......ဒီအချိန်ကြီးဘယ်သူလဲကွာ"
ကြည့်လိုက်တော့နှစ်ယောက်မရှိသောရစ်စိန်လေးဂျွန်ဂျောင်ကုခေါ်ယုန်ပေါက်.........
"ဟယ်လို........ကလေးငယ်........ဘာကိစ္စ......."
"........."
"ဗျာ......ဟုတ်ကဲ့.......ကျွန်တော်အခုလာခဲ့ပါမယ်"
ခုနကအိပ်ချင်နေတာတွေတောင်ဘယ်ရောက်သွားမှန်းမသိ.......အဝတ်အစားမြန်မြန်လဲပီးသူ့နောက်ကိုသာလိုက်ဖို့ပြင်လိုက်သည်။
တော်တော်ဆိုးတဲ့ယုန်ပေါက်.........
ဆိုင်ထဲဝင်ကြည့်လိုက်တော့တွေ့ပါပြီ။အရက်သမားလေး..........ဆိုင်ရဲ့ထောင့်ကျကျစားပွဲမှာ။စားပွဲပေါ်မှာလဲဆိုဂျူပုလင်းပေါင်းသောင်းခြောက်ထောင်နဲ့။
ဘေးမှာလဲဖုန်းဆက်တဲ့သူထင်ပါရဲ့။သူ့မျက်နှာကြည့်တာနဲ့တင်ယုန်ပေါက်ဘယ်လောက်တောင်ရစ်ထားလဲဆိုတာသူသိလိုက်ပါပြီ။
"ကလေးငယ်........ထပါဉီးခဏလေး......."
"ဟို......ခုနကဖုန်းကိုင်တဲ့သူလားမသိဘူး......"
"ဟုတ်ပါတယ်ကျွန်တော်သူ့ရဲ့အုပ်ထိန်းသူပါ......ဒါနဲ့သူဘယ်ချိန်လောက်ကတည်းကသောက်နေတာလဲ"
"ကျွန်တော်တို့ဆိုင်စဖွင့်ကတည်းကဆိုတော့.......ညရှစ်နာရီလောက်ကတည်းကထင်တယ်......."
"ဗျာ........အဲ့ဒါဆိုသူအဲ့ချိန်ကတည်းကသောက်နေတာပေါ့......."
"ဟုတ်ပါတယ်......"
"ကျေးဇူးတင်ပါတယ်.......ဒါလေးနဲ့ငွေရှင်းပေးပါ"
ဆော့ဂျင်တစ်ယောက်credit cardနဲ့ငွေရှင်းခဲ့ပြီးခေါင်းမထောင်နိုင်အောင်မူးနေတဲ့ယုန်ကောင်ကိုပွေ့ချီပြီးသူ့ရဲ့ခြံလေးကိုပဲခေါ်လာခဲ့သည်။
ခင်ဗျားလေးမနက်နိုးမှကျုပ်နဲ့တွေ့မယ်........။
~~~~~~~~~~~~~~~
နောက်တစ်ပိုင်းလည်းပြီးသွားပါပြီ။အဆုံးသတ်ကဖြစ်ချင်သလိုဖြစ်သွားနိုင်တာမို့..........
ဖတ်ပေးတဲ့တစ်ယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်။♥
11.11.2020 by Narcissus3112
~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi
"အဲ့ဒါကေလ......တကယ်တော့ဉက္ကဌတို့သုံးယောက်လုံးကိုပြောစရာရှိတယိ"
"ဘာ......."
"hyungမရေတာ့ဘူးဗ်ာ.....ကျွန်တော်အဲ့လူကြီးကိုဒီထက်ပိုပြီးသည်းမခံနိုင်တော့ဘူး....."
"အရင်ဆုံးအဲ့ဘက်ကိုနည်နည်းပိုစုံစမ်းလိုက်.......အဲ့ဘက်ကိုနည်းနည်းလောက်မွှေလိုက်မှဒီဘက်ကကုမ္ပဏီကိုသူအာရုံမရောက်မှာ.....အဲ့တော့မှHyungတို့ကကုမ္ပဏီဘက်ကိုဖိလိုက်ရုံပဲ"
"ဟုတ်ဉက္ကဌ......"
"ဗျာ......"
"Hyungရှူးနေလား......"
"နမ်ဂျွန်းခဏ.........ဟုတ်တယ်ယောင်းငယ်......hyungရှူးနေပြီ.....ဒါကြောင့်တစ်ခါလောက်ရှူးခွင့်ပေးလို့မရဘူးလား"
~~~~~~~~~~~~~
ငယ်ငယ်ကတည်းကမိဘတွေသေဆုံးခဲ့ပီးjin
"Hyungဘယ္လိုလုပ္မလဲ......jin hyung.......jin hyungက......."
"hyung........"
"ယောင်းငယ်လေး......."
"ယောင်းငယ်လေး.......hyungကေလ........."
"အင်း......ပျော်တယ်"
"မဟုတ္ဘူးhyung.......ပျော်နေပေးရမယ်"
"ဟင်........"
"ယောင်းငယ်လေးရယ်......"
~~~~~~~~~~~~
"ဟယ္လို........ကလေးငယ်........ဘာကိစ္စ......."
"........."
"ဗ်ာ......ဟုတ်ကဲ့.......ကျွန်တော်အခုလာခဲ့ပါမယ်"
"ကလေးငယ်........ထပါဉီးခဏေလး......."
"ဗ်ာ........အဲ့ဒါဆိုသူအဲ့ချိန်ကတည်းကသောက်နေတာပေါ့......."
"ဟုတ်ပါတယ်......"
~~~~~~~~~~~~~~~