Unicode
Baekhyun ကားထဲမှလှမ်းမြင်နေရသော ရင်းနှီးကျွမ်းဝင်နေသည့် ပတ်ဝန်းကျင်ကြောင့် တိတ်တိတ်ကလေးသက်ပြင်းခိုးချမိသည်။ဒီလမ်းကြောင်းအတိုင်းဆိုရင်တော့ တရားရုံးကိုသွားနေသည့်လမ်းကြောင်းတော့မဟုတ်သည်မို့ အနည်းငယ်တော့အသက်ရှူချောင်သွားရသည်။
Baekhyunကို ပိုပြီးစိတ်သက်သာရာရစေတာကတော့ ဒီလမ်းကြောင်းက Baekhyun Omma ရဲ့အိမ်ဘက်ကို သွားသည့်လမ်းကြောင်းဖြစ်နေသည်မို့လေ။
"ခဏခဏဟိုလှည့်ဒီလှည့်လုပ်နေရင် ကားမောင်းတာကို အာရုံစိုက်လို့ရမှာမဟုတ်တော့ဘူး"
ကားမောင်းနေသည့် Chanyeol ကိုခိုးကြည့်လိုက် ကားသွားနေသည့်လမ်းကြောင်းကို ကားပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်လုပ်နေသော ဂဏာမငြိမ်သည့် Baekhyunကို Chanyeol မျက်လုံးချင်းတောင်မဆုံပဲ သတိပေးလိုက်တော့ Baekhyunက "အမြင်ကပ်လိုက်တာ" ဟူသည့်ပုံစံနှင့် နှုတ်ခမ်းတွန့်ကာ တစ်ဖက်သို့လှည့်သွားသည်။
ထို့နောက် ကားနောက်ခန်းထိုင်ခုံမှ Baekhyunဖက်အိပ်နေကျ ကူရှင်လေးကိုဆွဲယူလိုက်ပြီး
"ရောက်ရင်နှိုးလိုက် ဒါပဲ"
Baekhyun ကဒီလိုပါပဲ။ သူ့ကိုနည်းနည်းလောက်လေးဆူငေါက်မိရင်ကို သူကများများစိတ်ဆိုးသွားတတ်သည်။ အခုလည်း သူလုပ်ချင်တာလုပ်လို့မရပြန်တော့ အိပ်ဖို့လမ်းကိုပဲရွေးချယ်လိုက်သော အအိပ်မက်သည့် Baekhyun ကို Chanyeol လှမ်းကြည့်ပြီးပြုံးမိသည်။
မစ်ကီမောက်စ်ပုံနဲ့ကူရှင်ကြီးကို ကျစ်ကျစ်ပါအောင်ဖက်ထားပြီး အိပ်မောကျနေတဲ့ Baekhyun က အခုထိမရင့်ကျက်နိုင်သေးတဲ့ကလေးတစ်ယောက်အတိုင်းပါပဲ။
Chanyeol လည်း အိပ်ပျော်နေတဲ့ Baekhyun ကိုမနှောင့်ယှက်တော့ဘဲ ဦးတည်ရာကိုသာ မောင်းသွားလိုက်သည်။
ခဏလောက်ကြာတော့ ကားစက်ရပ်သွားသည်မို့ Baekhyun တလှုပ်လှုပ်နဲ့နိုးလာသည်။ အပျင်းကြောဆန့်လိုက်ရင်း Chanyeol ဘက်လှည့်ကာ
"အင်း ရောက်ပြီလား"
Chanyeol "အင်း" တစ်လုံးထဲသာပြန်ဖြေပြီးနောက် ကားထဲကထွက်သွားပြီး ကားနောက်ဖုံးမှ Baekhyun ရဲ့အဝတ်တွေ အသုံးဆောင်ပစ္စည်းတွေထည့်ထားတဲ့ လက်ဆွဲအိတ်ကိုထုတ်လာပေးသည်။ Chanyeol ကားရှေ့ကိုပြန်လာတော့ Baekhyun ကလည်းကားရှေ့မှာရပ်စောင့်နေသည်ကို တွေ့လိုက်ရသည်။
Chanyeol ကဘာမှမပြောဘဲ Baekhyunရဲ့လက်ဆွဲအိတ်တွေကို Baekhyun ရှေ့မှာပဲချပေးပြီး လှည့်ထွက်တော့မည်အပြု~
"ဘာ ဘာမှပြောစရာမရှိတော့ဘူးလား"
အေးစိမ့်စိမ့်ရာသီဥတုကြောင့် Baekhyun လက်နှစ်ဖက်ကိုအိတ်ကပ်ထဲထည့်ထားပြီး အင်တင်တင်နှင့် Chanyeol အား လေသံတိုးတိုးနှင့် လှမ်းမေးလိုက်သည်။ Baekhyunရဲ့ အကြည့်တွေက ဟိုကြည့်ဒီကြည့်ဖြစ်နေပေမယ့် စိတ်ထဲမှာတော့ Chanyeol ဘာဆက်ပြောမလဲသိချင်နေလှသည်။
Chanyeol Baekhyun ရှေ့ပြန်လျှောက်လာပြီး ခေါင်းကိုခပ်ဖွဖွပုတ်လိုက်ကာ
"ကောင်းကောင်းနေ"
ဤမျှပြောပြီး Baekhyun ကိုကျောခိုင်းသွားသော Chanyeol ကိုကြည့်ပြီး Baekhyun မျက်မှောင်ကြုံ့မိသည်။ ဒီထပ်ပိုပြီး နည်းနည်းလောက် ကဗျာဆန်တဲ့စကားလေးများရွေးပြောလို့မရဘူးလား။ တောင်ဝင်ရိုးစွန်းက အန္တာတိကတိုက်ရဲ့ရာသီဥတုတောင် သူ့လောက်အေးတိအေးစက်ဖြစ်မယ်မထင်ဘူး။
"ဟူး...."
မောင်းထွက်သွားပြီဖြစ်သော Chanyeol ရဲ့ကားလေးကို မျက်စိတစ်ဆုံးကြည့်ရင်း Baekhyun သက်ပြင်းတွေလဲချမိတာအကြိမ်ကြိမ်...
"Baekhyunရေ ရောက်နေရင်လဲတက်လာတော့လေ ဘာလုပ်နေတာလဲ"
Baekhyun အပေါ်လှမ်းမော့ကြည့်လိုက်တော့ Omma ကဝရန်တာကနေ အောက်မှာရှိတဲ့ Baekhyun အားလှမ်းအော်နေခြင်းဖြစ်သည်။ ဟုတ်ပါသည်။ Chanyeol ကျွန်တော့်ကိုလိုက်ပို့ပေးခဲ့သည့်နေရာက Omma အိမ်။
Baekhyun နှင့် Chanyeol ကတောက်ကဆဖြစ်တိုင်း Baekhyun ကအကဲပိုကာ အမြဲလိုလို အိမ်ပေါ်ကဆင်းလာတတ်သည်။ အိမ်ပေါ်ကဆင်းလာတိုင်းလည်း သွားစရာနေရာက Omma အိမ်တစ်အိမ်သာရှိသည်။
အရင်ကတော့ Chanyeol က Baekhyun ကိုအဲ့လိုမလုပ်ဖို့ ခဏခဏပြန်ချော့နေတာကို ကျေနပ်လို့ တခုခုဖြစ်တိုင်း အိမ်ပေါ်ကဆင်းမယ်တကဲကဲလုပ်နေသော်လည်း ယခုအခါတော့ Baekhyun ကိုအိမ်တိုင်ရာရောက်လိုက်ပို့ပေးသူက Chanyeol ကိုယ်တိုင်ဖြစ်နေသည်။
Baekhyun လေးပင်သောခြေလှမ်းများနှင့် အထုပ်တွေကိုမ,ကာ အိမ်ပေါ်သို့်တက်လာသည်။ Omma ကတံခါးအပေါက်ဝမှာရပ်နေရင်း Baekhyun ကိုနည်းနည်းလေးတောင်မကူညီပေးဘဲ
"ဟိုတစ်ပတ်ကဘဲ အိမ်ပေါ်ကဆင်းလာတဲ့နင့်ကို Chanyeol ပြန်လာခေါ်သွားတာမှ ဘယ်လောက်ကြာသေးလို့လဲ အခုအမေ့အိမ်ကိုပြန်ရောက်လာပြန်ပြီ"
"အာ Omma ကလည်း ကျွန်တော်အရင်အထဲဝင်ပါရစေဦး"
"ကဲ ကဲ ကြွပါရှင် ကြွပါ"
Omma ကရွဲ့စောင်းပြောနေသည်ကို ကျွန်တော်ခွန်းတုံ့မပြန်အားသေးပါ။ ကျွန်တော့်ရဲ့ အထုပ်အပိုးတွေကို အရင်နေရာချနေရသေးသည်။
"Omma ကလဲ တစ်ယောက်တည်းရှိတဲ့သားလေးက မိဘအိမ်ပြန်လာတာကို ကြိုဆိုတဲ့ပုံကမဟုတ်သေးပါဘူး"
"ဘာမိဘအိမ်ပြန်လာတာလဲ နင်ပြန်လာတာတစ်ခါနှစ်ခါမဟုတ်တော့ဘူး ဒီလတင်ပဲနှစ်ခါ အရင်လကဆို..."
"တော် တော်ပါတော့ Omma ရယ်...ဘာပဲဖြစ်ဖြစ် နောက်နှစ်ရက်လောက်နေရင် ပြန်ရမှာပဲကို"
အရင်ကရန်ဖြစ်ပြီး အိမ်ပေါ်ကဆင်းလာတိုင်း ဘယ်သူပဲမှားမှားမှန်မှန် နှစ်ရက်လောက်နေရင် Chanyeol ကပြန်လာခေါ်တတ်သည်။ အဲ့ခါကျ Baekhyun ကအောင်နိုင်သူအပြုံးလေးပန်ဆင်ရင်း လိုက်သွားရုံပဲပေါ့ ဟင်းဟင်း။
"မထင်ပါဘူး ဟိုကနင့်ကိုစိတ်ကုန်သွားလို့ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ပြီး နားအေးပါးအေးရှိအောင် ပို့ပေးလိုက်တာနေမှာပေါ့"
Omma ရဲ့ထိုးနှက်သောစကားတွေကြောင့် ကျွန်တော့်ရဲ့ပျော်စရာကောင်းတဲ့အတွေးစလေးတွေပင် ပြတ်တောက်သွားရသည်။
"Omma မသိလို့ပါ သူဖောက်ပြန်နေလို့ ကျွန်တော့်ကိုပထုတ်ချင်နေတာလားမှမသိတာ"
"ငါ့သားမက်ကအဲ့လိုလူမျိုးမဟုတ်မှန်းငါယုံပါတယ်ဟယ်"
"အာ Omma တကယ်ပဲ သူက Omma သားလား ကျွန်တော်က Omma ရဲ့သားလား Omma ရဲ့သားအရင်းဖြစ်တဲ့ ကျွန်တော့်စကားကိုတောင်မယုံဘဲနဲ့..."
Baekhyun စူပုပ်ကာ လက်ပိုက်ပြီး တစ်ဖက်လှည့်သွားတော့ Baekhyun ရဲ့ Omma ကခုိးရယ်နေသည်။
"ကဲပါ အိမ်ပေါ်ကဆင်းလာတော့စိတ်ညစ်နေမှာဆိုးလို့ Omma ကစတာပါကွယ် ကဲပြော ဒီတစ်ခေါက်ကရော သူဘာပြဿနာတွေလုပ်လိုက်လို့ နှစ်ယောက်သားပြဿနာတွေတက်ပြီး ငါတို့ရဲ့ Baekhyun လေးက ဒီလိုစိတ်ဆင်းရဲနေရတာလဲ"
Baekhyun Omma က Baekhyun စိတ်ကျေနပ်အောင် အလိုက်သင့်လေးပြောလိုက်မှ Baekhyun တစ်ဖက်သို့ပြန်လှည့်လာသည်။
"အဟမ်း ဘာဖြစ်ရမလဲ Ommaရဲ့ အဲ့နေ့တွေတုန်းက သူအိမ်ပြန်နောက်ကျနေလို့ မသင်္ကာတာနဲ့ သူ့ကုမ္ပဏီကိုသွားလိုက်ကြည့်တာ ကျွန်တော်ထင်တဲ့အတိုင်းပဲလေ သူ့အတွင်းရေးမှူးနဲ့ နှစ်ယောက်တည်းအခန်းထဲမှာ ဂါး ပြောနေရင်းနဲ့တောင်စိတ်တိုတယ် ကျွန်တော်မြင်ခဲ့တဲ့အတိုင်းသာပြောရရင် Omma ဆိုယုံမှာတောင်မဟုတ်ဘူး"
"ဟယ် ဘာလုပ်နေကြလို့လဲ"
Baekhyun ရဲ့ Omma က အထိတ်တလန့်နဲ့မေးလိုက်တော့ Baekhyun ကမျက်နှာငယ်လေးနှင့် ပြုိတော့မယ့်မိုးလို အသံတွေလည်းတိမ်ဝင်ပြီး
"အဲ့အတွင်းရေးမှူးမက သူ့အင်္ကျီကိုကိုင်နေတာလေ"
"ေနာက်တော့ဘာဆက်ဖြစ်ကြလို့လဲ"
Omma ကသာမန်ထက်ပိုပြီး အံ့သြသွားသည့်ပုံနှင့် ကျွန်တော့်ကိုမရမက ဖစ်ညစ်ပြီးမေးနေသည်။
"ဘာ ဘာဆက်ဖြစ်လဲဆိုတော့ ကျွန်တော်လည်းဒေါသထွက်ပြီး ပြေးထွက်လာတာနဲ့ မသိတော့ဘူးလေ"
"အဲ့တာနဲ့အိမ်ရောက်တော့ရန်ဖြစ်ကြတာပေါ့ Ommaသာသားနေရာမှာဆို အဲ့နေရာမှာတင်ပဲပွဲချင်းပြီးမှာ အဲ့အခန်းထဲဝင်သွားပြီးနင်တို့ဘာလုပ်နေတာလဲဆိုပြီး ပွဲကြမ်းပစ်မှာ မထင်ထားဘူး Omma သားက ဒီလိုပျော့ညံ့လိမ့်မယ်လို့"
"ဘယ် ဘယ်ကပျော့ညံ့ရမှာလဲ ကျွန်တော်သူတို့်အရှက်ကို မခွဲချင်လို့ပါနော်"
"အဲ့တော့ Chanyeol ကရောဘာပြောသေးလဲ"
"သူကတော့ ဘာပြောမှာလဲ ထုံးစံအတိုင်းမင်းအထင်လွဲနေတာပါ ကလေးမဆန်ပါနဲ့ပဲပေါ့ Ommaပဲ စဥ်းစားကြည့်လေ ဘယ်သူခိုးကတော့ သူခိုးပါတယ်ဆိုပြီး ဝန်ခံလို့လဲ မဟုတ်ဘူးလား"
"ဪ ဟုတ်တာပေါ့ ဟုတ်တာပေါ့"
"Omma နော် ကျွန်တော့်ကိုလာနောက်နေတာလား"
Omma ကပါ ကျွန်တော်ပြောနေသည့်စကားကို အနောက်ကနေ တသွေမတိမ်း သံယောင်လိုက်နေသည့်အတွက် ပိုစိတ်တိုလာမိသည်။
"Omma လည်းတကယ်အံ့သြလို့ပါဆို"
"အဲ့ကိစ္စမပြောတော့ဘူး ဒါနဲ့ သူ Omma နဲ့မနက်ကဖုန်းပြောတာ အကြာကြီးပဲနော် ဘာတွေပြောနေကြတာလဲ"
Baekhyun လက်သည်းလေးတွေကို တတိတိကိုက်ရင်း Omma ဆက်ပြောမည့်စကားတွေကိုစောင့်နေသည်။
"ဘာပြောလဲဆိုတော့..."
Baekhyun အပြင်ပန်းမှာသာ ဂရုမစိုက်သလိုကြိုးစားနေပေမယ့် စိတ်ထဲမှာတော့သိချင်စိတ်က အလွန်တရာပြင်းပျနေသည်။
"Omma လဲမမှတ်မိတော့ဘူး အသက်ကနည်းနည်းရလာပြီဆိုတော့ အခုထဲကမေ့တတ်နေပြီ ကျွတ်ကျွတ် ကျန်းမာရေးလည်းမကောင်းတော့ဘူးကွယ်"
"အာ Omma ကလည်း တော်ပြီ ေတာ်ပြီ Omma နဲ့မပြောတော့ဘူး ကိုယ့်ကိုသွားအိပ်တာပဲကောင်းမယ်"
Omma ကတော့ အိပ်ခန်းဘက်ကိုထွက်သွားသော Baekhyun ကိုကြည့်ရင်း ခေါင်းခါပြီးပြုံးနေမိသည်။ ထိုစဥ် ဧည့်ခန်းထဲမှ အိမ်ဖုန်းဆီမှ ဖုန်းဝင်လာသည်။
ကလင် ကလင်~
"ဟယ်လို..."
"&$*$^$-$*$*!"
"သားဆက်လာတာကွက်တိပဲ သူအခုပဲအိပ်ခန်းထဲဝင်သွားတာ စိတ်မပူနဲ့တော့ ခုနကတောင်သားရဲ့မကောင်းကြောင်းတွေပြောနေသေးတာ ဟားဟား"
"&$*#8$*!&%*"
"ဟုတ်ပါပြီ သားလဲဂရုစိုက်ပါ Baekhyun လေးအတွက်တော့ စိတ်မပူပါနဲ့ သူကဒီလိုပါပဲ ကြာရင်သူနားလည်သွားမှာပါ ဒါဆိုဒါပဲနော်"
ဖုန်းချပြီးနောက် Baekhyun ရဲ့ Omma ဟာခပ်ပြုံးပြုံးနှင့်
"တကယ့်အဆိုးလေး သူ့ကိုဒီလောက်ချစ်တဲ့သူကို လက်ထပ်ထားရတာတောင်မှ အမြဲတလွဲတွေပြဿနာရှာပြီး အိမ်ပေါ်ကဆင်းလာရတယ်လို့ တကယ်မနိုင်ဘူး"
အိပ်ခန်းထဲမှ Baekhyun ကတော့ အပြင်ကအခြေအနေတွေကိုမသိဘဲ အိပ်မက်ကမ္ဘာထဲမှာသာ Chanyeol နှင့်ဆက်လက်ပြီးရန်ဖြစ်နေတော့သည်။
……
Zawgyi
Baekhyun ကားထဲမွလွမ္းျမင္ေနရေသာ ရင္းႏွီးကြၽမ္းဝင္ေနသည့္ ပတ္ဝန္းက်င္ေၾကာင့္ တိတ္တိတ္ကေလးသက္ျပင္းခိုးခ်မိသည္။ဒီလမ္းေၾကာင္းအတိုင္းဆိုရင္ေတာ့ တရား႐ုံးကိုသြားေနသည့္လမ္းေၾကာင္းေတာ့မဟုတ္သည္မို႔ အနည္းငယ္ေတာ့အသက္ရႉေခ်ာင္သြားရသည္။
Baekhyunကို ပိုၿပီးစိတ္သက္သာရာရေစတာကေတာ့ ဒီလမ္းေၾကာင္းက Baekhyun Omma ရဲ႕အိမ္ဘက္ကို သြားသည့္လမ္းေၾကာင္းျဖစ္ေနသည္မို႔ေလ။
"ခဏခဏဟိုလွည့္ဒီလွည့္လုပ္ေနရင္ ကားေမာင္းတာကို အာ႐ုံစိုက္လို႔ရမွာမဟုတ္ေတာ့ဘူး"
ကားေမာင္းေနသည့္ Chanyeol ကိုခိုးၾကည့္လိုက္ ကားသြားေနသည့္လမ္းေၾကာင္းကို ကားျပတင္းေပါက္ကေန လွမ္းၾကည့္လိုက္လုပ္ေနေသာ ဂဏာမၿငိမ္သည့္ Baekhyunကို Chanyeol မ်က္လုံးခ်င္းေတာင္မဆုံပဲ သတိေပးလိုက္ေတာ့ Baekhyunက "အျမင္ကပ္လိုက္တာ" ဟူသည့္ပုံစံႏွင့္ ႏႈတ္ခမ္းတြန့္ကာ တစ္ဖက္သို႔လွည့္သြားသည္။
ထို႔ေနာက္ ကားေနာက္ခန္းထိုင္ခုံမွ Baekhyunဖက္အိပ္ေနက် ကူရွင္ေလးကိုဆြဲယူလိုက္ၿပီး
"ေရာက္ရင္ႏွိုးလိုက္ ဒါပဲ"
Baekhyun ကဒီလိုပါပဲ။ သူ႕ကိုနည္းနည္းေလာက္ေလးဆူေငါက္မိရင္ကို သူကမ်ားမ်ားစိတ္ဆိုးသြားတတ္သည္။ အခုလည္း သူလုပ္ခ်င္တာလုပ္လို႔မရျပန္ေတာ့ အိပ္ဖို႔လမ္းကိုပဲေ႐ြးခ်ယ္လိုက္ေသာ အအိပ္မက္သည့္ Baekhyun ကို Chanyeol လွမ္းၾကည့္ၿပီးၿပဳံးမိသည္။
မစ္ကီေမာက္စ္ပုံနဲ႕ကူရွင္ႀကီးကို က်စ္က်စ္ပါေအာင္ဖက္ထားၿပီး အိပ္ေမာက်ေနတဲ့ Baekhyun က အခုထိမရင့္က်က္နိုင္ေသးတဲ့ကေလးတစ္ေယာက္အတိုင္းပါပဲ။
Chanyeol လည္း အိပ္ေပ်ာ္ေနတဲ့ Baekhyun ကိုမႏွောင့္ယွက္ေတာ့ဘဲ ဦးတည္ရာကိုသာ ေမာင္းသြားလိုက္သည္။
ခဏေလာက္ၾကာေတာ့ ကားစက္ရပ္သြားသည္မို႔ Baekhyun တလႈပ္လႈပ္နဲ႕နိုးလာသည္။ အပ်င္းေၾကာဆန့္လိုက္ရင္း Chanyeol ဘက္လွည့္ကာ
"အင္း ေရာက္ၿပီလား"
Chanyeol "အင္း" တစ္လုံးထဲသာျပန္ေျဖၿပီးေနာက္ ကားထဲကထြက္သြားၿပီး ကားေနာက္ဖုံးမွ Baekhyun ရဲ႕အဝတ္ေတြ အသုံးေဆာင္ပစၥည္းေတြထည့္ထားတဲ့ လက္ဆြဲအိတ္ကိုထုတ္လာေပးသည္။ Chanyeol ကားေရွ႕ကိုျပန္လာေတာ့ Baekhyun ကလည္းကားေရွ႕မွာရပ္ေစာင့္ေနသည္ကို ေတြ႕လိုက္ရသည္။
Chanyeol ကဘာမွမေျပာဘဲ Baekhyunရဲ႕လက္ဆြဲအိတ္ေတြကို Baekhyun ေရွ႕မွာပဲခ်ေပးၿပီး လွည့္ထြက္ေတာ့မည္အျပဳ~
"ဘာ ဘာမွေျပာစရာမရွိေတာ့ဘူးလား"
ေအးစိမ့္စိမ့္ရာသီဥတုေၾကာင့္ Baekhyun လက္ႏွစ္ဖက္ကိုအိတ္ကပ္ထဲထည့္ထားၿပီး အင္တင္တင္ႏွင့္ Chanyeol အား ေလသံတိုးတိုးႏွင့္ လွမ္းေမးလိုက္သည္။ Baekhyunရဲ႕ အၾကည့္ေတြက ဟိုၾကည့္ဒီၾကည့္ျဖစ္ေနေပမယ့္ စိတ္ထဲမွာေတာ့ Chanyeol ဘာဆက္ေျပာမလဲသိခ်င္ေနလွသည္။
Chanyeol Baekhyun ေရွ႕ျပန္ေလွ်ာက္လာၿပီး ေခါင္းကိုခပ္ဖြဖြပုတ္လိုက္ကာ
"ေကာင္းေကာင္းေန"
ဤမွ်ေျပာၿပီး Baekhyun ကိုေက်ာခိုင္းသြားေသာ Chanyeol ကိုၾကည့္ၿပီး Baekhyun မ်က္ေမွာင္ႀကဳံ႕မိသည္။ ဒီထပ္ပိုၿပီး နည္းနည္းေလာက္ ကဗ်ာဆန္တဲ့စကားေလးမ်ားေ႐ြးေျပာလို႔မရဘူးလား။ ေတာင္ဝင္ရိုးစြန္းက အႏၱာတိကတိုက္ရဲ႕ရာသီဥတုေတာင္ သူ႕ေလာက္ေအးတိေအးစက္ျဖစ္မယ္မထင္ဘူး။
"ဟူး...."
ေမာင္းထြက္သြားၿပီျဖစ္ေသာ Chanyeol ရဲ႕ကားေလးကို မ်က္စိတစ္ဆုံးၾကည့္ရင္း Baekhyun သက္ျပင္းေတြလဲခ်မိတာအႀကိမ္ႀကိမ္...
"Baekhyunေရ ေရာက္ေနရင္လဲတက္လာေတာ့ေလ ဘာလုပ္ေနတာလဲ"
Baekhyun အေပၚလွမ္းေမာ့ၾကည့္လိုက္ေတာ့ Omma ကဝရန္တာကေန ေအာက္မွာရွိတဲ့ Baekhyun အားလွမ္းေအာ္ေနျခင္းျဖစ္သည္။ ဟုတ္ပါသည္။ Chanyeol ကြၽန္ေတာ့္ကိုလိုက္ပို႔ေပးခဲ့သည့္ေနရာက Omma အိမ္။
Baekhyun ႏွင့္ Chanyeol ကေတာက္ကဆျဖစ္တိုင္း Baekhyun ကအကဲပိုကာ အၿမဲလိုလို အိမ္ေပၚကဆင္းလာတတ္သည္။ အိမ္ေပၚကဆင္းလာတိုင္းလည္း သြားစရာေနရာက Omma အိမ္တစ္အိမ္သာရွိသည္။
အရင္ကေတာ့ Chanyeol က Baekhyun ကိုအဲ့လိုမလုပ္ဖို႔ ခဏခဏျပန္ေခ်ာ့ေနတာကို ေက်နပ္လို႔ တခုခုျဖစ္တိုင္း အိမ္ေပၚကဆင္းမယ္တကဲကဲလုပ္ေနေသာ္လည္း ယခုအခါေတာ့ Baekhyun ကိုအိမ္တိုင္ရာေရာက္လိုက္ပို႔ေပးသူက Chanyeol ကိုယ္တိုင္ျဖစ္ေနသည္။
Baekhyun ေလးပင္ေသာေျခလွမ္းမ်ားႏွင့္ အထုပ္ေတြကိုမ,ကာ အိမ္ေပၚသို့္တက္လာသည္။ Omma ကတံခါးအေပါက္ဝမွာရပ္ေနရင္း Baekhyun ကိုနည္းနည္းေလးေတာင္မကူညီေပးဘဲ
"ဟိုတစ္ပတ္ကဘဲ အိမ္ေပၚကဆင္းလာတဲ့နင့္ကို Chanyeol ျပန္လာေခၚသြားတာမွ ဘယ္ေလာက္ၾကာေသးလို႔လဲ အခုအေမ့အိမ္ကိုျပန္ေရာက္လာျပန္ၿပီ"
"အာ Omma ကလည္း ကြၽန္ေတာ္အရင္အထဲဝင္ပါရေစဦး"
"ကဲ ကဲ ႂကြပါရွင္ ႂကြပါ"
Omma က႐ြဲ႕ေစာင္းေျပာေနသည္ကို ကြၽန္ေတာ္ခြန္းတုံ႕မျပန္အားေသးပါ။ ကြၽန္ေတာ့္ရဲ႕ အထုပ္အပိုးေတြကို အရင္ေနရာခ်ေနရေသးသည္။
"Omma ကလဲ တစ္ေယာက္တည္းရွိတဲ့သားေလးက မိဘအိမ္ျပန္လာတာကို ႀကိဳဆိုတဲ့ပုံကမဟုတ္ေသးပါဘူး"
"ဘာမိဘအိမ္ျပန္လာတာလဲ နင္ျပန္လာတာတစ္ခါႏွစ္ခါမဟုတ္ေတာ့ဘူး ဒီလတင္ပဲႏွစ္ခါ အရင္လကဆို..."
"ေတာ္ ေတာ္ပါေတာ့ Omma ရယ္...ဘာပဲျဖစ္ျဖစ္ ေနာက္ႏွစ္ရက္ေလာက္ေနရင္ ျပန္ရမွာပဲကို"
အရင္ကရန္ျဖစ္ၿပီး အိမ္ေပၚကဆင္းလာတိုင္း ဘယ္သူပဲမွားမွားမွန္မွန္ ႏွစ္ရက္ေလာက္ေနရင္ Chanyeol ကျပန္လာေခၚတတ္သည္။ အဲ့ခါက် Baekhyun ကေအာင္နိုင္သူအၿပဳံးေလးပန္ဆင္ရင္း လိုက္သြား႐ုံပဲေပါ့ ဟင္းဟင္း။
"မထင္ပါဘူး ဟိုကနင့္ကိုစိတ္ကုန္သြားလို႔ ထိန္းမနိုင္သိမ္းမနိုင္ျဖစ္ၿပီး နားေအးပါးေအးရွိေအာင္ ပို႔ေပးလိုက္တာေနမွာေပါ့"
Omma ရဲ႕ထိုးႏွက္ေသာစကားေတြေၾကာင့္ ကြၽန္ေတာ့္ရဲ႕ေပ်ာ္စရာေကာင္းတဲ့အေတြးစေလးေတြပင္ ျပတ္ေတာက္သြားရသည္။
"Omma မသိလို႔ပါ သူေဖာက္ျပန္ေနလို႔ ကြၽန္ေတာ့္ကိုပထုတ္ခ်င္ေနတာလားမွမသိတာ"
"ငါ့သားမက္ကအဲ့လိုလူမ်ိဳးမဟုတ္မွန္းငါယုံပါတယ္ဟယ္"
"အာ Omma တကယ္ပဲ သူက Omma သားလား ကြၽန္ေတာ္က Omma ရဲ႕သားလား Omma ရဲ႕သားအရင္းျဖစ္တဲ့ ကြၽန္ေတာ့္စကားကိုေတာင္မယုံဘဲနဲ႕..."
Baekhyun စူပုပ္ကာ လက္ပိုက္ၿပီး တစ္ဖက္လွည့္သြားေတာ့ Baekhyun ရဲ႕ Omma ကခုိးရယ်နေသည်။
"ကဲပါ အိမ္ေပၚကဆင္းလာေတာ့စိတ္ညစ္ေနမွာဆိုးလို႔ Omma ကစတာပါကြယ္ ကဲေျပာ ဒီတစ္ေခါက္ကေရာ သူဘာျပႆနာေတြလုပ္လိုက္လို႔ ႏွစ္ေယာက္သားျပႆနာေတြတက္ၿပီး ငါတို႔ရဲ႕ Baekhyun ေလးက ဒီလိုစိတ္ဆင္းရဲေနရတာလဲ"
Baekhyun Omma က Baekhyun စိတ္ေက်နပ္ေအာင္ အလိုက္သင့္ေလးေျပာလိုက္မွ Baekhyun တစ္ဖက္သို႔ျပန္လွည့္လာသည္။
"အဟမ္း ဘာျဖစ္ရမလဲ Ommaရဲ႕ အဲ့ေန႕ေတြတုန္းက သူအိမ္ျပန္ေနာက္က်ေနလို႔ မသကၤာတာနဲ႕ သူ႕ကုမၸဏီကိုသြားလိုက္ၾကည့္တာ ကြၽန္ေတာ္ထင္တဲ့အတိုင္းပဲေလ သူ႕အတြင္းေရးမႉးနဲ႕ ႏွစ္ေယာက္တည္းအခန္းထဲမွာ ဂါး ေျပာေနရင္းနဲ႕ေတာင္စိတ္တိုတယ္ ကြၽန္ေတာ္ျမင္ခဲ့တဲ့အတိုင္းသာေျပာရရင္ Omma ဆိုယုံမွာေတာင္မဟုတ္ဘူး"
"ဟယ္ ဘာလုပ္ေနၾကလို႔လဲ"
Baekhyun ရဲ႕ Omma က အထိတ္တလန့္နဲ႕ေမးလိုက္ေတာ့ Baekhyun ကမ်က္ႏွာငယ္ေလးႏွင့္ ပြုိတော့မယ့်မိုးလို အသံေတြလည္းတိမ္ဝင္ၿပီး
"အဲ့အတြင္းေရးမႉးမက သူ႕အကၤ်ီကိုကိုင္ေနတာေလ"
"ေနာက်တော့ဘာဆက်ဖြစ်ကြလို့လဲ"
Omma ကသာမန္ထက္ပိုၿပီး အံ့ၾသသြားသည့္ပုံႏွင့္ ကြၽန္ေတာ့္ကိုမရမက ဖစ္ညစ္ၿပီးေမးေနသည္။
"ဘာ ဘာဆက္ျဖစ္လဲဆိုေတာ့ ကြၽန္ေတာ္လည္းေဒါသထြက္ၿပီး ေျပးထြက္လာတာနဲ႕ မသိေတာ့ဘူးေလ"
"အဲ့တာနဲ႕အိမ္ေရာက္ေတာ့ရန္ျဖစ္ၾကတာေပါ့ Ommaသာသားေနရာမွာဆို အဲ့ေနရာမွာတင္ပဲပြဲခ်င္းၿပီးမွာ အဲ့အခန္းထဲဝင္သြားၿပီးနင္တို႔ဘာလုပ္ေနတာလဲဆိုၿပီး ပြဲၾကမ္းပစ္မွာ မထင္ထားဘူး Omma သားက ဒီလိုေပ်ာ့ညံ့လိမ့္မယ္လို႔"
"ဘယ္ ဘယ္ကေပ်ာ့ညံ့ရမွာလဲ ကြၽန္ေတာ္သူတို့္အရွက္ကို မခြဲခ်င္လို႔ပါေနာ္"
"အဲ့ေတာ့ Chanyeol ကေရာဘာေျပာေသးလဲ"
"သူကေတာ့ ဘာေျပာမွာလဲ ထုံးစံအတိုင္းမင္းအထင္လြဲေနတာပါ ကေလးမဆန္ပါနဲ႕ပဲေပါ့ Ommaပဲ စဥ္းစားၾကည့္ေလ ဘယ္သူခိုးကေတာ့ သူခိုးပါတယ္ဆိုၿပီး ဝန္ခံလို႔လဲ မဟုတ္ဘူးလား"
"ဪ ဟုတ္တာေပါ့ ဟုတ္တာေပါ့"
"Omma ေနာ္ ကြၽန္ေတာ့္ကိုလာေနာက္ေနတာလား"
Omma ကပါ ကြၽန္ေတာ္ေျပာေနသည့္စကားကို အေနာက္ကေန တေသြမတိမ္း သံေယာင္လိုက္ေနသည့္အတြက္ ပိုစိတ္တိုလာမိသည္။
"Omma လည္းတကယ္အံ့ၾသလို႔ပါဆို"
"အဲ့ကိစၥမေျပာေတာ့ဘူး ဒါနဲ႕ သူ Omma နဲ႕မနက္ကဖုန္းေျပာတာ အၾကာႀကီးပဲေနာ္ ဘာေတြေျပာေနၾကတာလဲ"
Baekhyun လက္သည္းေလးေတြကို တတိတိကိုက္ရင္း Omma ဆက္ေျပာမည့္စကားေတြကိုေစာင့္ေနသည္။
"ဘာေျပာလဲဆိုေတာ့..."
Baekhyun အျပင္ပန္းမွာသာ ဂ႐ုမစိုက္သလိုႀကိဳးစားေနေပမယ့္ စိတ္ထဲမွာေတာ့သိခ်င္စိတ္က အလြန္တရာျပင္းပ်ေနသည္။
"Omma လဲမမွတ္မိေတာ့ဘူး အသက္ကနည္းနည္းရလာၿပီဆိုေတာ့ အခုထဲကေမ့တတ္ေနၿပီ ကြၽတ္ကြၽတ္ က်န္းမာေရးလည္းမေကာင္းေတာ့ဘူးကြယ္"
"အာ Omma ကလည္း ေတာ္ၿပီ ေတာ်ပြီ Omma နဲ႕မေျပာေတာ့ဘူး ကိုယ့္ကိုသြားအိပ္တာပဲေကာင္းမယ္"
Omma ကေတာ့ အိပ္ခန္းဘက္ကိုထြက္သြားေသာ Baekhyun ကိုၾကည့္ရင္း ေခါင္းခါၿပီးၿပဳံးေနမိသည္။ ထိုစဥ္ ဧည့္ခန္းထဲမွ အိမ္ဖုန္းဆီမွ ဖုန္းဝင္လာသည္။
ကလင္ ကလင္~
"ဟယ္လို..."
"&$*$^$-$*$*!"
"သားဆက္လာတာကြက္တိပဲ သူအခုပဲအိပ္ခန္းထဲဝင္သြားတာ စိတ္မပူနဲ႕ေတာ့ ခုနကေတာင္သားရဲ႕မေကာင္းေၾကာင္းေတြေျပာေနေသးတာ ဟားဟား"
"&$*#8$*!&%*"
"ဟုတ္ပါၿပီ သားလဲဂ႐ုစိုက္ပါ Baekhyun ေလးအတြက္ေတာ့ စိတ္မပူပါနဲ႕ သူကဒီလိုပါပဲ ၾကာရင္သူနားလည္သြားမွာပါ ဒါဆိုဒါပဲေနာ္"
ဖုန္းခ်ၿပီးေနာက္ Baekhyun ရဲ႕ Omma ဟာခပ္ၿပဳံးၿပဳံးႏွင့္
"တကယ့္အဆိုးေလး သူ႕ကိုဒီေလာက္ခ်စ္တဲ့သူကို လက္ထပ္ထားရတာေတာင္မွ အၿမဲတလြဲေတြျပႆနာရွာၿပီး အိမ္ေပၚကဆင္းလာရတယ္လို႔ တကယ္မနိုင္ဘူး"
အိပ္ခန္းထဲမွ Baekhyun ကေတာ့ အျပင္ကအေျခအေနေတြကိုမသိဘဲ အိပ္မက္ကမၻာထဲမွာသာ Chanyeol ႏွင့္ဆက္ၿလက္ပီးရန္ျဖစ္ေနေတာ့သည္။
……
111120(Wed)