ဟေမန္တအလွန်

By SuWei_Akii

210K 19.3K 546

စာရေးသူ - ဆုဝေ့ Editor - @Alex_Gryffindor More

စာရေးသူ၏ အမှာစာ
အခန်း ၁ ( Z + U )
အခန်း ၂ (Z + U)
အခန်း ၃ (Z + U)
အခန်း ၄ (Z + U)
✨ Announcement ✨
အခန်း ၆ (Z + U)
🎄Christmas Special Gift🎄
အခန်း ၇ (Z + U)
အခန်း ၈ (Z + U)
အခန်း ၉ (Z+U)
အခန်း ၁၀ (Z + U)
အခန်း ၁၁ (Z+U)
အခန်း ၁၂ (Z + U)
အခန်း ၁၃ (Z + U)
အခန်း ၁၄ (Z + U)
အခန်း ၁၅ (Z + U)
အခန်း ၁၆ (Z + U)
အပိုင်း ၁၇ (Z + U)
အခန်း ၁၈ (Z + U)
အခန်း ၁၉ (Z + U)
အခန်း ၂၀ (Z + U)
အခန်း ၂၁ (Z + U)
အခန်း ၂၂ (Z + U)
အခန်း ၂၃ (Z + U)
အခန်း ၂၄ (Z + U)
အခန်း ၂၅ (Z + U)
အခန်း ၂၆ (Z + U)
အခန်း ၂၇ (Z + U)
အခန်း ၂၈ (Z + U)
အခန်း ၂၉ (Z + U)
အခန်း ၃၀ (ဇာတ်သိမ်းပိုင်း) (Z + U)
✨ စာရေးသူ၏ ကျေးဇူးတင်လွှာ ✨
မေးချင်တာလေး ရှိလို့ပါ
21ရာစုက စော‌ယွန်းလေးက ဘာဆက်ဖြစ်သွားလဲ?
ကလေးလေးတို့ ဒါလေး ဖတ်ပေးကြပါဦး
ဟိတ် ကလေးလေးတို့ !
🚨 Book Book 🚨
About Extra
Book Update
Book Order Detail
✨ Extra ✨

အခန်း ၅ (Z + U)

6.3K 676 34
By SuWei_Akii

[UNICODE]

စောယွန်းတို့ ခရီးဆက်ခဲ့ကြသည်မှာ နှစ်ရက်မြောက်နေ့သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။
စောယွန်းက ရှေ့မှ ဦးဆောင်သွားနေသော သုန္ဓအနားသို့ရောက်စေရန် မြင်းကို အနည်းငယ်
ရှေ့သို့ သွားစေသည်။ ထို့နောက် ဘေးချင်းကပ်သို့ ရောက်လျှင် သုန္ဓဘက်သို့ လှည့်ကြည့်ရင်း စကားဆိုသည်။

"နောင့်စိုင်း ခရီးက ရောက်ဖို့ လိုသေးလား?"

"မနက်ဖြန် မွန်းတည့်ချိန်လောက်တော့ ရောက်နိုင်လောက်တယ်ပ။ "

"ဪ --"

စောယွန်းက အနည်းငယ် ခေါင်းငြိမ့်ရင်း
ပြန်ဖြေသည်။ Google Mapလည်း ကြည့်မရသည်မို့ သုန္ဓကိုသာမေးရသည်။ လောလောဆယ်တော့ သုန္ဓက Google Map ဖြစ်နေပြီး သူက
သုန္ဓဟူသည့် လူမြေပုံကို အားကိုးနေရသော လူဖြစ်နေသည်။ အနည်းဆုံးတော့ သုန္ဓက သူ မကြာခဏမေးတိုင်း စိတ်ညစ်သည့်ပုံမပြပဲ အမြဲစိတ်ရှည်စွာ ပြန်ဖြေပေးသည်။

အသက်မကွာလွန်းသည့် လူငယ်များနှင့်အတူ ခရီးသွားနေရင်း ၂၁ ရာစုက  သူငယ်ချင်းတစ်စုနှင့် ကျိုက်ထီးရိုးတောင်ပေါ်တက်ခဲ့သည်ကိုပင် စောယွန်း ရုတ်တရက် သတိရမိသည်။ ထိုစဉ်က ကိုးတန်း အတန်းတင်စာမေးပွဲဖြေအပြီး အတန်းတူသည့် ဆယ်ကျော်သက်ယောက်ျားလေးသူငယ်ချင်းတစ်စုလုံး ကျိုက်ထီးရိုးတောင်တက်ခဲ့ကြသည်။ လမ်းမသိပဲ အရှေ့က လူတွေသွားသည့်အတိုင်း သူတို့အနောက်မှ လိုက်ကြသည်။ တောင်များစွာကျော်ပြီးသည့်အခါ သူတို့ ခြေကုန်လက်ပန်းကျစပြုလာခဲ့သည်။ ထိုစဉ်က တောင်ပေါ်က ဆင်းလာသူများကို မြင်လျှင် နီးပြီလားခင်ဗျ ၊  လိုသေးလား ခင်ဗျဟု သူတို့လိုက်မေးခဲ့ကြသည်။ ဆင်းလာသူများကလည်း သူတို့ကို အဖြေတစ်ခုတည်းသာပေးကြသည်-- ဆက်သွား ရှေ့ကျရင် ရောက်ပြီဟူ၍။ သို့သော် မည်မျှပင်လျှောက်လျှောက် ရှေ့ကျရင်ရောက်ပြီဟူသည့်စကားက ဘယ်ရှေ့ကို ပြောမှန်း သူတို့မသိကြတော့ပေ။ နောက်ဆုံး ရင်ပြင်သို့တက်သည့်လှေကားဆီရောက်ပါမှ ရှေ့ကျရင်ရောက်ပြီဟူသည့်စကားကို သူတို့လက်ခံမိကြသည်။ မည်မျှပင်ဝေးလံနေသည်ဖြစ်စေကာမူ အနောက်ပြန်မလှည့်မချင်း တစ်ချိန်ချိန်တော့ ရောက်လိမ့်မည်။ 
စောယွန်းက သုန္ဓကို နားမပူချင်တော့ပဲ အချိန်တန်ရင် ရောက်မည်ဟုသာ တွေး၍ ပြုံးလိုက်သည်။ 

ထို့နောက် စောယွန်းက ဘာရယ်မဟုတ်ပဲ အနောက်သို့ လှည့်အကြည့်တွင် နန္ဒဆိုသူက
သူ့အား မျက်လုံးစိမ်းများဖြင့်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ စောယွန်းက ရှေ့သို့ ပြန်လှည့်လိုက်ရင်း တစ်ချက် ပခုံးတွန့်လိုက်ပြီး တွေးသည်။ နန္ဒက စောယွန်းကို မနေ့ထဲက မျက်စိအောက်က အပျောက်မခံသကဲ့သို့ ခံစားရသည်။ ယနေ့လည်း လမ်းတစ်လျှောက်လုံး 
စောယွန်းက လှည့်ကြည့်မိတိုင်း သူ့ကို တစ်ခုခု
မကျေနပ်သည့်အတိုင်း ကြည့်သော အကြည့်များကို တွေ့ရသည်။ စောယွန်းက အရှေ့ကိုသာ ကြည့်နေပြန်လျှင်လည်း တစ်ခါတစ်ခါ  ကျောချမ်းသလို ခံစားရသည်အထိပင်။ ထိုအကြောင်းနှင့် ပတ်သတ်ပြီး သုန္ဓကို အကျိုးအကြောင်းမေးမှ သင့်သည်ဟု တွေးလိုက်သည်။ 

စောယွန်း အတွေးလွန်နေစဥ် သုန္ဓက မြင်းကို
ရပ်တန့်စေပြီး အနောက်သို့ လှည့်ကြည့်ရင်း စကားဆိုသည်။ 

"အားလုံးပဲ ဒီနေရာမှာ ခဏ နားမယ်။"

သုန္ဓ စကားကြားသည်နှင့် အားလုံးက ရပ်တန့်လိုက်ကြပြီး မြင်းများကို အနီးရှိ မြက်နုများပေါသော  စားကျက်တစ်ခုအတွင်း အနားပေးကာ သူတို့ကိုယ်တိုင်လည်း အပင်များခက်ဖြာနေသည့် အရိပ်ကောင်းစွာရသော နေရာတစ်နေရာတွင် ခေတ္တအနားယူရန် ပြင်ဆင်ကြသည်။ 

"နောင့်စိုင်း ပီအိုက်ရေဖြည့်ချင်လို့ ဒီအနီးအနားကို ခဏလိုက်ခဲ့ပေးပါလား"

စောယွန်းက ရေဗူးအား မြှောက်ပြရင်းပြောသည်။

"ကျွန်ုပ်လိုက်ခဲ့မယ်။"

ရုတ်တရက် နန္ဒက ထိုင်နေရာမှ မတ်တပ်ထရပ်လိုက်ပြီး ဝင်ပြောသည်။ သို့သော် စောယွန်းက သုန္ဓကို လှမ်းကြည့်ရင်း  သူ့ကိုစကားပြောရန်ခေါ်ထုတ်နေခြင်းဖြစ်ကြောင်း မျက်လုံးနှင့် ပြသည်။ သုန္ဓနားလည်မည်ဟု စောယွန်း အရမ်းကာရော
မမျှော်လင့်ထားသော်ငြား သုန္ဓက သူနားလည်သဘောပေါက်ကြောင်း မျက်တောင်နက်များကို ခတ်ပြသည်။

"ရပါတယ် ၊  အကိုပဲ လိုက်သွားလိုက်ပါ့မယ်၊ မြင်းစီးရတာကြာတော့ အညောင်းအညာပြေအောင် လမ်းလျှောက်ချင်တယ် ညီငယ်။"

နန္ဒက သူ့အကိုတော်၏ စကားကို မလွန်ဆန်နိုင်သည့်အပြင် အထွန့်လည်းမတက်ရဲပေ။ သူက နှုတ်ခမ်းကို မသိမသာစူလိုက်ပြီး စောယွန်းကို မျက်လုံးထောင့်များမှ ကြည့်လိုက်သည်။
စောယွန်းကလည်း အနေရခက်သော အပြုံးဖြင့် နန္ဒကို ပြုံးပြလိုက်ရာ နန္ဒက ချာခနဲ လှည့်သွားသည်။ 

"ပီအိုက် ၊ သွားကြစို့။"

"ကောင်းပါပြီ။"

နန္ဒက သုန္ဓကို တရင်းတနှီးဆက်ဆံနေသည့်
သူ့ကို အမြင်မကြည်မှန်း စောယွန်း နားလည်လိုက်သည်။ ကလေးဆန်လှသော နန္ဒကို ပို၍ ကလိကလိဖြစ်နေစေရန် စောယွန်းက နောက်ချင်မိသည်။ ထို့ကြောင့်လည်း စောယွန်းက သုန္ဓ လက်မောင်းကို ကိုင်ကာ ခပ်သုတ်သုတ်
ထွက်သွားသည်။ နန္ဒက ပါးစပ်အဟောင်းသားနှင့် သူတို့နှစ်ဦးကို စိုက်ကြည့်နေရာ လေဆာတန်းများနှင့် နောက်ကျောကို အထိုးခံနေရသည်ဟုပင် စောယွန်းခံစားမိပြီး ကြိတ်ရယ်မိသည်။ ခပ်လှမ်းလှမ်းရောက်ကာမှ စောယွန်းက စကားဆိုသည်။ 

"ပီအိုက် မေးစရာရှိလို့ နောင့်စိုင်း။ "

သုန္ဓက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး
စောယွန်းဘက်သို့လှည့်ကာ ပြန်ဖြေသည်။ သို့သော် သူ့လက်မောင်းတစ်ဖက်ကို ကိုင်ထားသည့် စောယွန်း၏ လက်ကိုမူ မဖြုတ်လိုက်ပေ။

"မေးပါ။ "

"နောင့်စိုင်းရဲ့ ညီတော် နန္ဒမင်းသားက ပီအိုက်ကို အမြင်မကြည်သလိုပဲ။ သူရကလည်း နောင့်စိုင်းရဲ့ ညီတော်ပဲမဟုတ်လား ? သူကကျတော့ အေးအေးဆေးဆေးပဲကို။"   

"နန္ဒက မြောက်နန်းဆောင် မိဖုရားကြီးရဲ့ သားတော်ဆိုပေမယ့် သူက  ကျွန်ုပ်နဲ့ အတူကြီးပြင်းလာခဲ့တော့ သူရထက်စာရင် နန္ဒက ကျွန်ုပ်ကို
ပိုပြီးခင်တွယ်တယ်ပ။"

စောယွန်းက မေးစေ့အား လက်ဖြင့် ပွတ်ရင်းဖြေသည်။

"ဪ "

သုန္ဓက သူ၏လက်မောင်းပေါ်မှ စောယွန်း၏ လက်ကို ညွှန်ပြလျက် ပြုံးကာဆိုသည်။

"သို့ပေမယ့် ပီအိုက်ကို အမြင်မကြည့်ရတဲ့ အကြောင်းကတော့ ကျွန်ုပ်ကို ဆက်ဆံပုံရဲတင်းလွန်းလို့ပဲဖြစ်ရမယ်။"

စောယွန်းက သုန္ဓ၏ စကားကြားသည်နှင့် ဗိုက်ကို လက်ဖြင့် နှိပ်ကာပင် ရယ်သည်။ အတန်ကြာမှ မောဟိုက်နေသံဖြင့် ပြန်ပြောသည်။ 

"လတ်စသတ်တော့ အရှင့်သားကို ရဲရဲတင်းတင်း ဆက်ဆံမိလို့ကိုး ၊ သဘောပေါက်ပြီ။ "

အရယ် ရပ်အောင် ထိန်းနေသော စောယွန်းကို
သုန္ဓက ကြည့်နေရင်း အပြုံးမပျက်ပဲ စကားဆက်သည်။ 

"ရွေနန်းတော်မယ် မင်းညီမင်းသားတွေထဲမှာတောင် ကျွန်ုပ်ကို မော်ဖူးခွင့်ပင် မရှိပဲကိုး၊ အခွင့်ပေးမှသာ မျက်နှာတော် မြင်ခွင့်ရသည်လေ။ သာမန်လူဆိုလျှင် တရင်းတနှီး စကားပြောဖို့
ဝေးစွ ၊ ကိုယ်ထိလက်ရောက်ထိကိုင်တာနှင့် 
မတော်အသက်နှင့်ကိုယ် အိုးစားကွဲနိုင်သည်အထိလေ ၊ ပီအိုက်ကသာ မကြောက်မရွံ့ဆက်ဆံရဲတာ။"

စောယွန်းက ရုတ်တရက် သတိရလိုက်မိသည်။
ဒီကောင်လေးက အိမ်ရှေ့မင်းသားအလောင်းအလျာ မင်းသားတစ်ပါးဖြစ်သည်ကိုပင် သူရံဖန်ရံခါ မေ့လျော့နေမိသည်။ ချွေးတို့ပင် စို့လာသဖြင့် ကပျာကယာ စကားလုံးရှာကာ ဖြေသည်။

"ဒါကတော့ နောင့်စိုင်းစိတ်ကို သိလို့ပါ၊ ပီအိုက်က အရိပ်အကဲတော့ သိပါတယ်။ နောင့်စိုင်းက ခွင့်ပေးလို့သာ လုပ်ရဲတာပေါ့။"

စောယွန်းစကားကြောင့် သုန္ဓက တစ်ချက်မျှ ပြုံးသည်။ သို့သော် ချက်ချင်းပင် မျက်နှာသေနှင့် ဆိုသည်။

"ပီအိုက်ရဲ့ အပြုအမှုတွေကို ကျွန်ုပ်က အပြစ်
မမြင်ဘူးထင်နေတာလား ၊ ကျွန်ုပ်လည်း
မင်သားတစ်ပါးပေမို့ အချိန်မရွေး ပီအိုက်ကို အန္တရာယ်ပေးနိုင်သည်ပ။ "

"နောင့်စိုင်းက တစ်နှစ်ပြည့်လို့ ရွှေနန်းတော်ပြန်ရောက်မှ ပီအိုက်ကို စုပြီး အပြစ်ပေးမလို့လား?"

စောယွန်းက သူ့ထက် အရပ်မြင့်သော သုန္ဓကို  မျက်လုံးလှန်ကြည့်ရင်းပြောသည်။ သုန္ဓက ပိုင်စိုးပိုင်နင်းနိုင်သည့် အကိုကြီးအားကြည့်ရင်းပြန်ဖြေသည်။ 

"ဘယ်လိုလဲ ကြောက်နေပြီလား ?"

"မပြောတတ်သေးဘူး ၊ တစ်နှစ်အတွင်း
နောင့်စိုင်းက ဒီပီအိုက်မှ ဒီပီအိုက် ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ ၊ စိတ်ဆိုတာ ပြောင်းလဲနေတတ်တာပဲ။"

ပိုင်နိုင်သူအပြုံးဖြင့် ပြန်ပြောသော စောယွန်းကြောင့် သုန္ဓက ရှားရှားပါးပါး အသံထွက်သည်အထိရယ်မိသည်။ သူ နောက်ဆုံးအကြိမ် ဤသို့ အားပါးတရ ရယ်မောမိသည့်အချိန်ကို မမှတ်မိတော့ပေ။ ပြုံးရသည်ထက် တည်ရသည်က
များလှသဖြင့် သုန္ဓက သူ့ရယ်သံကိုပင် သူတအံ့တသြဖြစ်မိသည်။ မျက်နှာပြန်လည် တည်ကာ ဆိုသည်။

"ဒါဆိုလည်း စောင့်ကြည့်တာပေါ့"

"စောင့်ကြည့်ပါဗျာ၊စောင့်ကြည့်ပါ၊ ဒါနဲ့
ရှေ့လျှောက် နန္ဒတော့ ပိုအမြင်မကြည်တော့မှာပဲ။"

စောယွန်း စကားကြောင့် သုန္ဓက မျက်မှောင့်ကြုံ့ကာ “ဘာအကြောင်းကြောင့် ပိုအမြင်မကြည်ဖြစ်ရမှာလဲ ” ဟူသော အကြည့်ဖြင့် ကြည့်သည်။ 

"ဒီက ပီအိုက်က  နောင့်စိုင်းနဲ့ ပိုပြီး ရင်းနှီးချင်လို့ပေါ့။ "

စောယွန်းက သွားများပေါ်သည်အထိ ပြုံးရင်းဆိုသည်။ သုန္ဓကတော့ မခန့်မှန်းနိုင်သော အကြံများနှင့်ပြည့်နေသော ပီအိုက်ဟုသာ မှတ်ချက်ချသည်။ 

" ပြန်ကြရအောင်"

စောယွန်းက သိချင်တာလည်း သိရပြီမို့ ပြန်ရန်ပြင်သည်။  

"ရေဖြည့်မလို့ဆို ?"

သုန္ဓက ကြောင်အမ်းအမ်းဖြင့် ပြန်မေးသည်။

စောယွန်းက သုန္ဓ၏ လက်တစ်ဖက်ကို ယူကာ ဘူးသီးခြောက်ရေဘူး၏ အလေးချိန်ကို ချိန်ဆစေသည်။ ရေဘူးက ရေအပြည့်ရှိနေပုံပင်။

"ရေက ရှိပြီးသား ၊မေးချင်တာရှိလို့ ရေဘူးကို အကြောင်းပြလိုက်တာ။ "

သုန္ဓကတော့ တတ်လည်း တတ်နိုင်ပါပေ့ဟု တွေးသည်။ ထို့နောက် သုန္ဓက ရုတ်တရက် မေးသည်။

"ပီအိုက် ခေါင်းထဲမှာ အမြဲ အကြံအစည်တွေနဲ့
ပြည့်နေတာလား?"

၂၁ ရာစုတွင်သာ ထိုစကားအပြောခံရပါမူ သုန္ဓကို သုံးချက်လောက်ထိုးမိမည်ထင်သည်။ သို့သော်လည်း သုန္ဓစကားကမမှားပေ။
စောယွန်း၏ ခေါင်းထဲတွင် အကြံအစည်ပေါင်းသောင်းခြောက်ထောင်မက ရှိနေပြီး
ဒီကောင်လေးကို သူ့အား ပီအိုက်ဟု ခေါ်စေနိုင်ခဲ့သည်ကိုသာ ကြည့်ပါလေ။

"ဒါပေါ့ ၊ ပီအိုက်ရဲ့ ဉာဏ်နီဉာဏ်နက်တွေကို
နောင့်စိုင်းလိုက်မှီမယ်မထင်ဘူး။”

စောယွန်းက အတည်တစ်ဝက် စနောက်ခြင်းတစ်ဝက်နှင့် ပြောသည်။ သို့သော် သုန္ဓက ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်သည်။ 

"ပီအိုက်လည်း ကျွမ်းကျင်ရာတော့ရှိပါတယ်၊
မနေ့က ငါးဖမ်းတုန်းက အကူအညီမရဘူးပြောလို့ ဒီက ပီအိုက်က စိတ်မကောင်းဖြစ်သွားသေးတာ"

သုန္ဓက မျက်ခုံးများကို ပင့်လျက်ပြောသည်။

"ဒီမယ် ၊ ပီအိုက်လို သူဌေးသားတစ်ယောက်တောင်  မလုပ်တတ်မကိုင်တတ်တာ ၊ ကျွန်ုပ်က မင်းသားတစ်ပါးမို့ ပိုလို့တောင် အခွင့်ထူးခံစားပြီး ကြီးပြင်းလာရသည်မို့ မလုပ်တတ်မကိုင်တတ်ဖြစ်နေရမှာ မဟုတ်ပေဘူးလား?"

စောယွန်းက သူ၏ ပန်းနုရောင်သမ်းနေပြီး
ဖြူဖျော့နေသည့် လက်ဖဝါးအစုံကို သုန္ဓကို ပြသည်။

"ဒီလက်တွေက အများကြီး~အများကြီး တန်ဖိုးရှိတာ နောင့်စိုင်းသိလား ? ဒီလက်တွေကို ပီအိုက်က အမြဲတမ်း မထိခိုက်အောင် အနာတရမရအောင် ထိန်းသိမ်းထားရတာ။"

သုန္ဓက ရုတ်တရက် စောယွန်း၏ လက်များကို
ဆွဲယူကာ မြှေက်ကိုင်၍ ကြည့်သည်။ 

"တစ်ခါမှ အလုပ်ကြမ်းမလုပ်ဖူးပဲ လက်နက်လည်း ကိုင်ဖူးတဲ့ ပုံစံမရှိဘူး။ သို့ပေမယ့်
လက်ချင်းယှဉ်ရင် မင်းသားတစ်ပါးဖြစ်တဲ့ ကျွန်ုပ်ရဲ့ လက်က ပိုလို့တောင် တန်ဖိုးရှိတယ်မဟုတ်လား? ပီအိုက်ရဲ့ လက်တွေက လှတာတော့ လှပါပေတယ်။လူနဲ့လည်း လိုက်ဖက်တယ်။"

သူ့လက်ချောင်းများက ရှည်သွယ်သော်လည်း
သုန္ဓ၏ လက်များနှင့် ယှဉ်လျှင် ကလေးလက်များနှင့်ပင် တူနေတော့သည်။ သုန္ဓ၏ လက်ဖဝါးတစ်ဖက်က စောယွန်း၏ လက်သီးဆုပ်နှစ်ဖက်လုံးကို အုပ်ကိုင်လျှင်ပင် ရလောက်သည်။
စောယွန်းက သူ့လက်များက ပူလာသည်ဟု ခံစားမိပြီး လက်မှ အပူက လက်တစ်လျှောက်စီးဆင်းလာပြီး နားရွက်များနှင့် မျက်နှာထံရောက်လာသည်။ စောယွန်းက သူ့လက်ကို သုန္ဓလက်ထဲမှ ကပျာကယာ ပြန်ယူလိုက်ပြီး ပြောသည်။

"လှ. . လှဖို့ထက် လက်တွေကို ဂရုစိုက်တာပါ။
ပြီးတော့ အရှင်မင်းသားက ကျွန်တော်မျိုးတို့လို ပြည်သူပြည်သားတွေကို စောင့်ရှောက်ရမယ်မဟုတ်ဘူလား ? ငါးဖမ်းတာမျိုး ခွန်အားနဲ့ လက်နက်သုံးရတာမဟုတ်တဲ့ တခြား ဉာဏ်သုံးရတဲ့ အလုပ်ဆိုရင်တော့ ကျွန်တော်မျိုး လုပ်နိုင်ပါတယ်။ "

တစ်ချိန်လုံး နောင့်စိုင်း ၊  ပီအိုက် ဟု ခေါ်ဝေါ်နေသော စောယွန်းထံမှ အရှင်မင်းသားနှင့် ကျွန်တော်မျိုးဟူသည့်စကားများကို ကြားရသည့်အခါ ထူးထူးဆန်းဆန်း သုန္ဓ၏ နားတို့က ယားယံနေပြီး လက်မခံချင်သည့်အလားဖြစ်နေသည်။ ပထမဆုံး နန်းတော်ပြင်ပတွင်ရသော မိတ်ဆွေတစ်ဦး ၊ အကိုတစ်ယောက်ကို သုန္ဓမဆုံးရှုံးချင်ပေ။ ထို့အပြင် သည်လို ယုန်လေးတစ်ကောင်နှင့် တူသော လူက သူ့ကို အန္တရာယ်မပေးနိုင်ဟု သုန္ဓ တွေးမိသည်။ သုန္ဓက စောယွန်း၏ ပုခုံးများကို သိုင်းဖက်လိုက်သည်။

"ဒီလိုဆိုတော့လည်း ဒီကနောင့်စိုင်းက ခွန်အားနဲ့ လက်နက်ပါမှ ဖြစ်မယ့်အလုပ်ကို ပီအိုက်အစား လုပ်ပေးရမှာပ။"

ထို့နောက် စောယွန်းတို့ နားနေရာနေရာသို့ ပြန်ရောက်ကြပြီး ထိုနေရာမှာပင် စားသောက်ကြကာ ခေတ္တ နား​ကြပြီးနောက် ခရီးဆက်ကြသည်။

ဤသို့ဖြင့် နားလိုက် သွားလိုက်ဖြင့် ခရီးဆက်ကြရာ နောက်တစ်နေ့ မွန့်တည့်ချိန် မရောက်ခင်မှာပင် သိန္နီမြို့သို့ရောက်ကြသည်။ မြို့အဝင် တံခါးတွင် သူတို့ကို စောင့်ဆိုင်းနေပုံရသည့် ရှမ်းအမျိုးသားတစ်ဦးကို တွေ့ရသည်။ ထိုသူက
သူတို့အရှေ့မှ ဦးဆောင်ကာ မြို့တွင်းသို့ ခေါ်သွားသည်။

သိန္နီမြို့မှာ အင်းဝမြို့နီးနီး အလွန်ခမ်းနားကြီးကျယ်ခြင်းမျိုးမဟုတ်ပဲ ပုံမှန်တိုးတက်နေသည့် အရပ်ဒေသမျိုးဖြစ်သည်။မြို့ထဲဝင်သည်
နှင့် လူအများ စုပြုံ ဝယ်ယူနေကြသော စျေးဆိုင်များ ၊ လမ်းပေါ်ရှိ သွားလာလှုပ်ရှားနေကြသူများနှင့် အသက်ဝင်နေလေသည်။ 

စောယွန်းက ​လမ်းတစ်လျှောက် စူးစမ်းကာ လိုက်ပါလာရင်း  ထိုခေတ်က အင်းဝပြည်သည် မည်မျှကျယ်ပြောပါသနည်းဟု စောယွန်းတွေးမိသည်။ သူသိသလောက်ဆိုလျှင် ထိုအချိန်အပိုင်းအခြားကာလက အတန်အသင့်တိုးတက်မှုရှိနေပြီဖြစ်သော်ငြား ယခုသူမြင်တွေ့နေရသော အင်းဝမြို့နှင့် သန္နီမြို့တို့က အလွန်ပင်တိုးတက်နေပြီဖြစ်သည်။  ဈေးဆိုင်ငယ်အများစုတွင် မြန်မာစကားတတ်သော တိုင်းတစ်ပါးသားများကို တွေ့မြင်ရသည်။ သွားလာနေကြသည့် သာမန်ပြည်သူပြည်သားများပင် အဝတ်အစားကောင်းဝတ်ဆင်နိုင်ကြကာ အပူအပင်မရှိကြသည့်နှယ်ပင်။ ကုန်သွယ်စီးပွားရေးတိုးတက်ရုံတင်မကပဲ အဆောက်အဦးအချို့တွင် တိုင်းတပါးလက်ရာ ပန်းပုရုပ်ကြွများကိုပင် အလှဆင်ထားသဖြင့် ကောင်းသောယဉ်ကျေးမှုဖလှယ်ခြင်းများကို မြင်တွေ့ရသည်။ စျေးတန်းကို ဖြတ်ပြီးနောက် ပညာသင်ကြားမည့် ဆရာကြီး၏ အိမ်ခြံဝင်းရှေ့သို့ရောက်သည်။

စောယွန်းတို့ ခြံဝရောက်သည်နှင့် လမ်းပြသော လူငယ်က ခြံတံခါးစောင့်သူကို တီးတိုးပြောလိုက်သည်။ ထိုလူက ခြံတံခါးဖွင့်ပေးအပြီးတွင် လမ်းပြပေးသည့်လူငယ်က စောယွန်းတို့၏ မြင်းများကို မြင်းဇောင်းသို့ ခေါ်သွားသည်။  အထဲမှလူတစ်ဦးက လာရောက်ကြိုဆိုသည်။ ​ သုန္ဓနှင့် အိမ်ကြီးထဲမှ ထွက်လာသူက စကားအနည်းငယ်ပြောကြပြီး ထိုသူက သူတို့အားလုံးကို အိမ်ကြီးဆီသို့ လမ်းပြသည်။ ခြံဝင်းက အလွန်ပင် ကျယ်ဝန်းလှသည်။ မျက်စိတစ်ဆုံးကြည့်လျှင်ပင် ခြံ၏ အဆုံးတစ်ဖက်ကို မမြင်ရပေ။ ခြံဝမှ အစပြု၍ လမ်းသုံးလမ်းကွဲသွားသည်။

 သူတို့မြင်းများကို ခေါ်သွားသည့်လမ်းက ဘယ်ဖက်က လမ်းဖြစ်ပြီး လမ်းကို မျှော်ကြည့်လိုက်လျှင် ထိုလမ်း၏ ဘယ်ညာနှစ်ဖက်တွင် သက်တမ်းကြာပုံရသည့် သစ်ပင်ကြီးများစွာကို တွေ့မြင်ရသည်။ ညာဘက်လမ်းကို ကြည့်လျှင်မူ လမ်းအဝင်တွင်  သစ်သားအိမ်ငယ်တစ်လုံးရှိသည်။ လမ်းဆုံးကိုမူ မတွေ့ရပေ။

သူတို့ ယခုဝင်လာသည့်လမ်းက အလယ်လမ်းဖြစ်သည်။ အလယ်လမ်းအဆုံးတွင် နှစ်ထပ်အိမ်ဆောင်ကြီးကို လှမ်းမြင်နေရသည်။ နှစ်ထပ်အိမ်ဆောင်ကြီး၏ ဘယ်ဖက်တွင် အိမ်တန်းလျားငယ်တစ်ခုရှိပြီး ညာဖက်တွင်မူ တစ်ထပ်အိမ်တစ်အိမ်ရှိသည်။ အလယ်လမ်း၏ ဝဲယာနှစ်ဖက်တွင် အလှစိုက်သော ညီညာစွာလမ်းဖော်ထားသည့် စောယွန်း၏ခါးအထိ မြင့်သော ခြုံပုတ်များရှိသည်။ လမ်းကလည်း စောယွန်းအပါအဝင် လူခြောက်ယောက်ခန့်က ဘေးနှစ်ဖက်ကို လက်ဆန့်တန်းကာ ဘေးချင်းယှဉ်သွားနိုင်ရုံမျှ
ကျယ်သည်။ ခြေလှမ်း ၂၀မျှ ပုံမှန်အရှိန်ဖြင့် လမ်းလျှောက်ပြီးလျှင်  အနောက်တိုင်းအနည်းငယ်ဆန်သည့် ပန်းခြံငယ်တစ်ခုကို တွေ့ရသည်။ ထိုပန်းခြံကို ဝိုင်းပတ်၍ လမ်းနှစ်ခုကွဲထွက်သွားပြန်သည်။ 

ပန်းခြံကား မရှုပ်ထွေးသော ဝင်္ကပါငယ်တစ်ခုအသွင်ရှိပြီး ခြုံပုတ်နှင့် ပန်းပင်များနှင့် ဝင်္ကပါပြုလုပ်ထားခြင်းဖြစ်သည်။ ပန်းခြံ၏ အလယ်တွင် ရေပန်းကြီးတစ်ခုရှိနေပြီး အသက်ဝင်လှသော ကိန္နရီ ၊ ကိန္နရာမောင်နှံနှစ်ဖော်၏ ပန်းပုကို ရေပန်းထိပ်တွင် မြင်တွေ့ရသည်။

ထို့နောက် စောယွန်းတို့က အိမ်အတွင်းသို့ ဝင်ရောက်ခဲ့သည်။ အိမ်၏ ဖွဲ့စည်းပုံမှာ အုတ်နှင့် သစ်ကို ပေါင်းစပ်တည်ဆောက်ထားပြီး လေးထောင့်ပုံစံဖွဲ့စည်းထားသည်။ အိမ်အတွင်းဝင်သည်နှင့် အလယ်တွင် ဧည့်ခန်းပုံစံ ရှိပြီး စားပွဲနှင့် ထိုင်ခုံအချို့ရှိသည်။ အိမ်ကြီးမှာ နှစ်ထပ်ဖြစ်ပြီး စားဖိုဆောင်ကိုအနောက်ဘက်တွင် သပ်သပ်ထုတ်ထားသည်။  အလယ် ဟောပုံစံ ဧည့်ခန်းအနောက်ဖက်တွင်တော့ အပေါ်ထပ်သို့ ဆက်သွယ်ပေးသည့် ရှေးပွတ်လုံးလက်ရမ်းများဖြင့် လှပသည့် လှေကားကြီးက ထည်ဝါစွာရှိသည်။ စောယွန်းက အခန်းဖွဲ့စည်းပုံကို အကဲခတ်ကြည့်ရာ အောက်ထပ်တွင် အရပ်လေးမျက်နှာ တစ်မျက်နှာစီတွင် အခန်းတစ်ခန်းရှိရာ စုစုပေါင်းအခန်း ၄ ခန်းရှိပြီး အပေါ်ထပ်တွင်လည်း ထိုနည်း၄င်းပင် လေးခန်းရှိသည်ကို တွေ့ရသည်။ ထို့ပြင် သူတို့ထက် မရှေးမနှောင်းမှာပင် ရောက်ရှိနေသည့်  စာသင်သားအချို့ကိုလည်းတွေ့ရသည်။ 

"ရောက်လာကြပြီပေါ့ ၊ ခရီးပန်းလာရော့မယ် ၊ ထိုင်ကြဦး။ "

အသက်ကြီးကြီး အမျိုးသားကြီးတစ်ဦးက
စောယွန်းတို့ကို မြင်သည်နှင့် ခရီးဦးကြိုနှုတ်ဆက်ကာ ထိုင်ရန်ပြောသည်။ ထိုသူကအသက်၆၀ခန့်ရှိလောက်သော်လည်း  ခန္ဓာကိုယ်က တောင့်တင်းသန်မာမည့် ပုံစံပင်။ ရှမ်းပင်နီအင်္ကျီနှင့် ဘောင်းဘီကို ဝတ်ဆင်ထားပြီး ထိုသူက မျက်နှာချိုလှသည်။      

"ခရီးရောက်မဆိုက် ပညာတော်သင် လက်ဆောင်အရင်ဆုံးရွေးယူကြပါဦး။  လူလေးတို့ ဒီအထဲက သဘောကျနှစ်ခြိုက်တဲ့ ဘယ်အရာမဆို လက်ဆောင်အဖြစ်ယူနိုင်တယ်။ လူလေးတို့ရွေးတဲ့လက်ဆောင်က လူလေးတို့ ဘဝကိုပြောင်းလဲကောင်းပြောင်းလဲလိမ့်မယ်။ ဒါပေမယ့် ဒါက အရေးမဟုတ်ပါဘူး။ ပစ္စည်းထက် လူက အရေးကြီးတာမဟုတ်လား။ "

ဆရာကြီး၏ စကားဆုံးသည်နှင့် အစေခံများက ပစ္စည်း အချို့ထည့်ထားသော ယွန်းဗန်းများကို စားပွဲပေါ်တွင် နေရာချပေးကြသည်။ စောယွန်းလည်း စိတ်ဝင်စားသောကြောင့် ထိုပစ္စည်းများကို စူးစမ်းကြည့်မိသည်။ ထိုပစ္စည်းများမှာ ပေစာထုပ် ၊ ကညစ် ၊ ဓား ၊ လှံ ၊ မြှား ၊ ပိုးထည်စ အချို့ အပြင် အဆင်လှလှဖြင့်ယက်ထားသည့် လုံချည်စများပင်ပါသည်။ ထို့ပြင် တိုင်းရင်းဆေးဝါး အချို့နှင့် ဒေသထွက် အသုံးအဆောင် ပစ္စည်းအချို့ကိုလည်း တွေ့ရသည်။ 

စောယွန်းက ဆရာကြီးအနေဖြင့် ဤပစ္စည်းများကို  သာမန်လက်ဆောင်ပေးခြင်း မဟုတ်ကြောင်း ရိပ်စားမိသည်။ စောယွန်းက ပစ္စည်များကို လေ့လာကြည့်ရာ အမျိုးအစားအနေဖြင့် ခွဲခြားလျှင် တူရာ တူရာ အစုရှိသည်။  စောယွန်း၏ နှုတ်ခမ်းများက မသိမသာ ဘေးသို့စောင်းကာ ပြုံးမယောင်ဖြစ်သွားသည်။

“လူလေးတို့ရွေးတဲ့လက်ဆောင်က လူလေးတို့ ဘဝကိုပြောင်းလဲကောင်းပြောင်းလဲလိမ့်မယ်။ ဒါပေမယ့် ဒါက အရေးမဟုတ်ပါဘူး။ ပစ္စည်းထက် လူက အရေးကြီးတာမဟုတ်လား။”လက်ဆောင်ထက် လူက အရေးကြီးသည်ဆိုသော အဓိပ္ပာယ်ကို ကွက်ကွက်ကွင်းကွင်း သူနားလည်လိုက်သည်။

"လူလေးတို့ နှစ်သက်ရာ ရွေးပါ။"

ဆရာကြီးမှ အခွင့်ပေးသည်နှင့် လူငယ်များက .သူတို့နှစ်သက်ရာကို ရွေးကာ ယူဆောင်ကြသည်။ စောယွန်းက တခဏမျှစောင့်နေသည်။ သို့သော် သုန္ဓရွေးပြီးသည်နှင့် သူလည်း ရွေးလိုက်သည်။ သူ့လက်ထဲတွင် ပါလာသော ပစ္စည်းက ကညစ်တံတစ်ချောင်းဖြစ်ပြီး ကညစ်၏ပုံစံက ထူးခြားလှသည်။ ကညစ်တံက ကြာရိုးနှင့် တူပြီး ကညစ်ဖျားတွင် ပွင့်ချပ် ၂၀ ပါဝင်သော ပွင့်အာနေသည့် ကြာပန်းသဏ္ဌာန်ရွိသည်။

စောယွန်းက ကညစ်ကို ရွေးချယ်လိုက်ရသည့် ပထမဆုံးသော အကြောင်းအရင်းက သုန္ဓက ပေစာထုပ်ကို ရွေးချယ်ခြင်းကြောင့်ပင်။ ဒုတိယအကြောင်းအရင်းက ထူးဆန်းလှသော ကညစ်၏ ကြာပန်းပုံစံကြောင့်ဖြစ်သည်။ သုန္ဓ၏ လက်ထဲမှ ပေစာထုပ်၏ အပေါ်အဖုံးတွင်လည်း ကြာပန်းတစ်ပွင့်ကို ထွင်းထားပြီး ကညစ်တံနှင့် ပေစာဟူသည် တစ်တွဲတည်းဖြစ်သောကြောင့် ဖြစ်သည်။ ပစ္စည်းများ ကုန်သည်နှင့် ဆရာကြီးက အလွန်နားဝင်ပီယံဖြစ်လှသော အသံဖြင့်ဆိုသည်။

"လူလေးတို့က ပညာသင်စဥ်ကာလအတွင်း ဤအဆောင်မှာ နေထိုင်ရမှာဖြစ်တယ်၊ အခန်းတွေကတော့ အောက်ထပ်မှာ ၃ယောက်ခန်း လေးခန်းရှိပြီး အပေါ်မှာ ၂ယောက်ခန်း လေး ခန်းရှိပေတယ်။ လူလေးတို့က ယောက်အယောက် ၂၀ ဖြစ်သည်မို့ အခန်းက လောက်ငှပါတယ်။ လူလေးတို့ ရွေးချယ်လိုက်တဲ့ ပစ္စည်းတွေက လူလေးတို့ အခန်းရွေးတာနဲ့ တူတူပါပဲ ။ မနက်ဖြန်မှ သင်ကြားမှုတွေ စ ပါမယ်။ ပညာသင်နေစဉ်ကာလအတွင်း ကျင့်သုံးရမယ့် စည်းကမ်းချက်တွေကတော့ လူလေးတို့ အိပ်စက်မယ့် အိပ်ယာပေါ်မှာ တင်ထားပါတယ်။ ဖတ်ကြည့်ကြပေါ့။ အနားယူကြပေတော့။"

ဆရာကြီးက ပြောပြီးသည်နှင့် အိမ်ထဲမှ ထွက်သွားသည်။ အစေခံများက  သူတို့ ရွေးချယ်ထားသည့် ပစ္စည်းများပေါ်မူတည်၍ အခန်းများဆီသို့ ပို့ဆောင်ပေးကြသည်။ စောယွန်းက မိမိ
ခန့်မှန်းသည်မှာ မှန်နေသဖြင့် တစ်ချက်ပြုံးမိသည်။ အနည်းဆုံးတော့ သုန္ဓနှင့် နှစ်ယောက်ထဲ တစ်ခန်းနေရမည်ဖြစ်သည်။ 

စောယွန်းတို့နှင့်ပါလာသော အစေခံများကိုတော့အဆောင်မကြီး၏ ဘယ်ဖက်က အိမ်တန်းလျားတွင် နေထိုင်စေသည်။ စောယွန်းနှင့် သုန္ဓ တို့က အပေါ်ထပ်ရှိ နှစ်ယောက်ခန်းတစ်ခန်းတွင် နေရသည်။ သုံးယောက်အထိ အသုံးပြုနိုင်သည့်အခန်းမို့ နှစ်ယောက်ထဲနေလျှင် အတော်ပင်ကျယ်သည်။ စောယွန်းက ကုတင်ပေါ်တွင် အဝတ်အစားထုပ်ကို ချကာ ပြတင်းပေါက်သို့သွားသည်။ ထို့နောက် အပြင်သို့ကြည့်ကာ ပတ်ဝန်းကျင်ကို လေ့လာသည်။

ထို့နောက် စောယွန်းက လေတစ်ရှိုက်ကို ရှုသွင်းရင်း ပြတင်းပေါက်ကို ကျောခိုင်းကာ အခန်းအတွင်းသို ပြန်လည်မျက်နှာမူလိုက်သည်။ သုန္ဓက ပုဆိုး တစ်ထည်ကို ယူကာ အခန်းထဲမှ ထွက်ရန်ပြင်သည်။

"နောင့်စိုင်း ဘယ်လဲ?"

"ရေချိုးမလို့ ... "

"ဟုတ်သားပဲ ၊ ခရီးတစ်လျှောက်လုံး ဖုန်တွေချည်းကို ၊ ပီအိုက်လည်း လိုက်မယ်"

စောယွန်းက ပြောပြောဆိုဆို အထုပ်ထဲမှ ပုဆိုးတစ်ထည် ယူလိုက်ရင်း သုန္ဓ နောက်သို့ လိုက်သည်။ 

ရေချိုးရန်နေရာမှာ အဆောင်အပြင်ဘက်ကို ထုတ်ထားသော စားဖိုဆောင်ဘေးဘက်မှ သွားရပြီး ဘေးပတ်ပတ်လည်ကို ကာရံထားကာ အလယ်တွင် အုတ်ကန်ကြီး တစ်ခုရှိသည်။
ထောင့်တစ်နေရာတွင်တော့ ပစ္စည်းတင်ရန်စင်အချို့နှင့် ပုဝါအချို့ တွေ့ရသည်။ 

စောယွန်းက ဟိုကြည့်ဒီကြည့်ဖြင့် ခေါင်းတစ်ငြိမ့်ငြိမ့်လုပ်နေသည်။ သုန္ဓကမူ စောယွန်းဆီသို့ တစ်ချက် လှမ်းကြည့်ကာ ခေါင်းခါမိသည်။ စောယွန်းဆိုသူမှာ အပြင်ပန်းမှကြည့်လျှင် ပေါ့ပေါ့ပါးပါး နေပုံရသော်ငြား လျှော့တွက်၍မရပဲ ဉာဏ်များသူဖြစ်ကြောင်း သုန္ဓက တွေးသည်။ ယခုလည်း ရောက်ထဲက စူးစမ်းနေသည်မှာ မရပ်သေးပေ။ 
စောယွန်းမှာတော့ သပ်သပ်ရပ်ရပ်နှင့် စီမံထား
သည့် ရေချိုးသည့်နေရာကို သဘောကျနေသည်။ ထို့နောက် သုန္ဓဘက်သို့ တစ်ချက်လှည့်ကြည့်ပြီး စကားပြောရန်ပြင်သည်။ 

"ဒီအဆောင်က အားလုံး သေသေသပ်သပ်နဲ့ စနစ်ကျ….. "

သို့သော် စောယွန်းက သုန္ဓကို မြင်ပြီး လန့်သွားကာ ပြောလက်စ စကားပင် ရပ်သွားသည်။

"ဟုတ်တယ်ပ။"

သုန္ဓက ပြန်ဖြေရင်း ရေတစ်ခွက်ခပ်ကာ ရေချိုးသည်။ 

"နောင့်စိုင်း ၁၇ နှစ် ဟုတ်ပါတယ်နော် "

ရေလောင်းနေသော သုန္ဓ၏ လက်များက လမ်းမှာတင် ​ရပ်တန့်သွားသည်။ ထို့နောက် စောယွန်းဘက်သို့ တစ်ချက်လှည့်ကြည့်ရင် ပြန်ဖြေသည်။ 

"ပီအိုက်ကို ဘာကြောင့် မုသားစကားပြောရမှာလဲ ?"

သုန္ဓက  အပေါ်ပိုင်းဗလာကျင်းဖြင့် ခါးတွင် ပုဆိုးကိုဝတ်ထားသည်။ ဝမ်းဗိုက်မှာ ချပ်ကပ်နေပြီး ၂၁ရာစုအခေါ် Six pack ကလည်း အထင်းသားပင်။ လက်မောင်းကြွက်သားများကလည်း အမို့အမောက်များနှင့် ဖြစ်နေသော်ငြား အရုပ်ဆိုးလှသည်မဟုတ်။ အသားညိုညို အရပ်ရှည်ရှည်ကိုမှ ခန္ဓာကိုယ်အနေအထားကပါ ကြည့်ကောင်းနေသည်မို့ အရွယ်ရောက်ပြီးသား ယောက်ျားသား တစ်ဦးကို မြင်နေရသလိုပင်ဖြစ်သည်။ ထိုပုံစံကို မြင်လိုက်ရသော စောယွန်းမှာ သုန္ဓကို ၁၇နှစ်ဆိုသည်ကို မယုံနိုင်ပေ။ 

စောယွန်းက ပြန်မဖြေနိုင်ပဲ ပါးစပ်အဟောင်းသားနှင့်  သူ့လက်မောင်းကို ကွေးကာ ကျန်လက်တစ်ဖက်ဖြင့် လက်မောင်းကို ဆုပ်ကိုင်ပြသည်။ ထို့နောက် ဗိုက်ကို ပွတ်ပြသည်။ သုန္ဓက သူ၏ ခန္ဓာကိုယ်ကို သူပြန်ကြည့်ကာ ပခုံးနှစ်ဖက်တွန့်ပြသည်။

"ဒါက ပုံမှန်ပါပဲ ၊ ပီအိုက်သာ အသက်ကြီးပြီး
ဖြူဖြူသေးသေးနဲ့ ညှပ်နေတာပ။"

စောယွန်းစိတ်ထဲ ထောင်းခနဲ့ ဒေါသထွက်သွားသည်။ မိမိမှာ အရပ် ၅ပေ ၁၁လက်မရှိပြီး
သူ့အရပ်အမောင်းနှင့်ဆို ကြည့်ကောင်းသည့် ခန္ဓာကိုယ်အနေအထားလည်း ရှိသည်ကို ညှပ်သည်ဟု အပြောခံရသည်မှာ ရင်နာစရာ ကောင်းလှသည်။ မိမိမှာ ပုံမှန်ဖြစ်ပြီး ထို ၁၇နှစ်သားကသာ အထွားလွန်နေခြင်းဟု တွေးကာ
စောယွန်းသည် ဒေါသများ အလိပ်လိုက်ထွက်လာသည်။ 

"မင်းသာ ထွားနေတာ ၊ ငါက ပုံမှန်ပဲ"

စောယွန်း အလွန်တိုးသော အသံနှင့် ပြောပြီးနောက် အပေါ်အဝတ်ချွတ်ကာ ရေချိုးရန်ပြင်သည်။ 

သုန္ဓက  အပေါ်ဝတ်မပါသော စောယွန်းကို လှမ်းကြည့်ရင်ပြောသည်။ 

"ကျွန်ုပ် ရှမ်းအမျိုးအနွယ် အတော်များများတွေ့ဖူးကြုံဖူးပါတယ်၊ ဒါပေမယ့် ပီအိုက် က အတော်အသားဖြူတာပဲ။"

"မနာလိုတာလား ?"

စောယွန်း၏ လေသံကအနည်းငယ် မြောက်ကြွကြွနှင့်။

"မဟုတ်ပါဘူး ၊ ယောက်ျားသားဆိုတာ အသားညိုညိုနှင့် ခန့်ညားသင့်တာမဟုတ်ပေလော။
ဒါမှ အားကိုးချင်စရာကောင်းမည်လေ။"

သုန္ဓက ပြုံးစစဖြင့် ပြန်ပြောသည်။

"မနာလိုရင် မနာလိုတယ်ပေါ့။"

သုန္ဓက အမူအရာသုံးခုကို တဆက်တည်းလုပ်ပြသည်။ မျက်မှောင်ကြုံ့သည်။ ထို့နောက် ပြုံးလျက် ခေါင်းခါသည်။ စောယွန်းက လက်ထဲက ရေဖလားနှင့် သုန္ဓကို ခေါင်းခေါက်ပစ်ချင်စိတ်ကို မနည်းချုပ်တည်းထားရသည်။

"အသားအရောင် မခွဲခြားပါနဲ့။ အသားဖြူပြီး ဗလမရှိရင်တောင် အားကိုးလို့ရတာပဲ။ ဒီလိုသာဆို အရှင့်သားကို ကျွန်တော်မျိုးက တစ်သက်လုံး အားကိုးနေရမှာပေါ့ !"

 "ပီအိုက်သဘောပ။ အသားညိုညို ဗလငါးတန်ပြည့်စုံတဲ့ ဟောဒီက နောင့်စိုင်းကို တစ်သက်လုံးအားကိုးမယ်ဆိုလည်း ကိုးပေါ့။"

စောယွန်း၏ ဒေါသများက လေနှင့်အတူပါသွားပုံရသည်။ စောယွန်း၏ နှုတ်ခမ်းများက အပေါ်သို့ ကွေးညွတ်သွားပြီး သူ့ မျက်လုံးများကလည်း လိုက်ပြုံးကြသည်။

"ဘာတွေပြုံးနေပြန်ပြီလဲ ၊ ခုနကပဲ စိတ်တိုနေတာမဟုတ်ဘူးလား?"

စောယွန်းက အုတ်ကန်ပေါ် လက်တင်ကာ မေးထောက်၍ သုန္ဓကို မျက်ခုံးပင့်ပြသည်။ 

"တကယ် တစ်သက်လုံးနောင့်စိုင်းကို အားကိုး
မလားလို့ တွေးနေတာ။ ဒီ ၃ ရက်အတွင်း ပီအိုက်ရဲ့ ဉာဏ်နီဉာဏ်နက် တချို့ကို နောင့်စိုင်းမြင်ထားတယ်ဟုတ်? အခုလည်း ဉာဏ်ဖြူ ဉာဏ်ပြာ ဉာဏ်အရောင်စုံထုတ်ပြီး တစ်သက်လုံး ဘယ်လို ကပ်ပြီး အားကိုးရမလဲတွေးနေတာလေ
အဟင်း။"

သုန္ဓကတော့ ကြောင်အမ်းအမ်းဖြစ်သွားကာ ရပ်နေမိသည်။

"အားကိုးမယ်နော်။"

စောယွန်းက  သုန္ဓ၏ Six pack ကို   လက်သီးဖြင့် အသာထိကာ မျက်လုံးတစ်ဖက်မှိတ်ပြသည်။ 

သုန္ဓမှာတော့ ကြက်သီးများပင်ထလာကာ အန္တရာယ် အငွေ့အသက် များကို ခံစားနေရသည်။ စောယွန်းကတော့ သုန္ဓကိုကြည့်ကာ ကြိတ်ပြုံးပြုံးသည်။  

"ရေချိုးတော့ ၊ အချိန်ကြာနေပြီ ။"

သုန္ဓက အခြေအနေကိုပြောင်းရန် ကြိုးစားသည်။ သို့သော် စောယွန်းက ပြန်မေးခွန်းထုတ်သည်။

"ပီအိုက်နေမကောင်းဖြစ်မှာ စိုးရိမ်လို့လား?"

သုန္ဓက ရေချိုးနေရင်း ရုတ်တရက်  ပူလာသလိုပင် ခံစားလာရသည်။ 

"....."

ပြန်မဖြေသော်လည်း နားရွက်များနီနေသည်မို့ စောယွန်းက ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည်။ ထို့နောက် ရေအမြန်ချိုးရန်သာ ဦးတည်လိုက်သည်။ ကြာလျှင် အအေးပတ်ကာ ဖျားပေဦးမည်။

နှစ်ဦးသား ခပ်မြန်မြန်ပင် ရေချိုးခြင်းကို လတ်စသတ်ပြီး အခန်းပြန်ကြသည်။ အခန်းထဲ ရောက်တော့လည်း ပစ္စည်းအချို့နေရာချရင်းဖြင့် အချိန်က ညနေစောင်းသို့ ရောက်သည်။ စာသင်သားများအားလုံး စားဖိုဆောင်တွင် ပြင်ဆင်ပေးသော ညစာကို အတူစားကြသည်။ အားလုံး ပြီးစီးသည်နှင့် အစေခံ တစ်ဦးက ဆရာကြီးမှာကြားသည်ကို အသိပေးသည်။

"ဆရာကြီးက မနက်ဖြန် နံနက် အာရုဏ်ချိန်ရောက်သည်နှင့် စာသင်ဆောင်ကို အရောက်လာပေးဖို့ မှာကြားထားပါတယ်။ မြို့တော်သားများကတော့ အချိန်ကို ပဟိုရ်စည် မြည်မှ သိတာကြောင့် စာသင်သားအားလုံးတို့ကို မနက်အရုဏ်တက်ချိန်ရောက်တာနှင့် အခန်းတိုင်းကို တံခါး ပြင်ပကနေ ၃ ချက်ခေါက်ပြီး နှိုးပေးပါမည်။ "

အားလုံးလည်း ဆိုလိုရင်းကို သိပြီးသည်နှင့် မိမိအခန်းသို့ပြန်ကာ အနားယူကြသည်။ 

စောယွန်းကတော့ အခန်းထဲ ရောက်သည်နှင့် ပြတင်းပေါက်နားသို့ ထိုင်ခုံကို ဆွဲယူရင်း ထိုင်သည်။ ထို့နောက် အေးချမ်းလှကာ ထွန်းလင်းနေသော လမင်းကို တစ်ချက်ကြည့်ကာ လေအေးများကို တစ်ရှိုက်ရှုသွင်းသည်။ ခံစားမှုက အေးချမ်းလွန်းလှသည်။ ထို့နောက် ဘေးရှိခုံပေါ်မှ ချယ်ရီသားဖြင့် ပြုလုပ်ထားသော ဘီးကို လှမ်းယူရင်း သျှောင်ထုံးကို ဖြည်သည်။ ဝေ့ဝဲကျလာသော ဆံနွယ်တွေကို ဖြီးသင်ရင်း ထုံးစံအတိုင်း အနောက်သို့ ခပ်လျော့လျော့စုစည်းသည်။ ထိုအလုပ်မှာလည်း စောယွန်းဘဝရဲ့ နေ့စဥ်လုပ်ဆောင်မှု တစ်ခုလိုပင်ဖြစ်နေသည်။ 
စောယွန်း ဆံပင်စည်းပြီး အနောက်ကို တစ်ချက်လှည့်ကြည့်ရာ သူ့ကို မမှိတ်မသုန် ကြည့်နေသော သုန္ဓနှင့် အကြည့်ချင်း ဆုံသွားသည်။ အကြည့်ဆုံချိန်ကား မျက်တောင်တစ်ခါခတ်ယုံမျှသာ ကြာလိုက်ပြီး သုန္ဓက ချက်ချင်း ပြန်လှည့်သွားကာ အိပ်ရာပြင်သည်။ စောယွန်းက တစ်ချက်ပြုံးလိုက်ပြီး စကားဆိုသည်။ 

"နောင့်စိုင်း အိပ်တော့မလို့လား ?"

"အင်း"

သုန္ဓက လှည့်မကြည့်ပဲ လုပ်စရာရှိတာလုပ်ရင်း တိုတိုတုတ်တုတ် ပြန်ဖြေသည်။

"မအိပ်ခင် ခဏလောက် ဒီကိုလာပါလား ?
ပီအိုက် စကားပြောချင်လို့။"

စောယွန်းက အနားကို ခုံတစ်လုံး ဆွဲယူရင်းပြောသည်။ သုန္ဓက အနည်းငယ်မျက်မှောင်ကြုံ့ရင်း ပြောသည်။

"မလာတော့ဘူး ၊ ကျွန်ုပ် နားချင်ပြီ။"

"အာ….၊ နောင့်စိုင်းကလည်း ခဏလေးပဲဆို ၅မိနစ်လောက်ပဲ ။"

"၅မိနစ် ?"

သုန္ဓက စောယွန်းကို ထူးဆန်းသည့်အကြည့်နှင့်ကြည့်သည်။

"ခဏဆို ရပြီပြောတာ ၊ လာပါဆို။"

စောယွန်းက ခုံကို ပုတ်ပြရင်းပြောတော့ သုန္ဓလည်း မလွန်ဆန်နိုင်သည်မို့ အနားကို သွားမိသည်။ 

"ဘာပြောမလို့လဲ?"

သုန္ဓက ခုံမှာထိုင်လိုက်ရင်း မေးသည်။

"ပီအိုက်ပြောချင်တာက ဘာအကြောင်းရယ်လို့မဟုတ်ပဲ ၊ ဒီအတိုင်း စကားစမြည်ပြောချင်လို့ပါ။ ပြီးတော့ အပြင်ကို ကြည့်ပါလား လ ကလည်းသာလို့ ၊ လေကလည်း အေးနေတာ ခဏလောက် စကားပြောကြတော့ ပိုမကောင်းဘူးလား။ ထမင်းစားပြီးပြီးချင်း အိပ်တာမကောင်းဘူးပ။ ပြီးရင်တော့ အိပ်ကြမယ်လေ"

"အင်း။"

သုန္ဓက ပြတင်းပေါက်မှ တစ်ဆင့် မြင်ရသော လမင်းအား ကြည့်ရင်း ဖြေသည်။ 

" အင်း တစ်လုံးပဲပြောတတ်တာလား?"

"အင်း "

စောယွန်းစိတ်မရှည်တော့။ မိမိက အကောင်းပြောနေသော်လည်း သုန္ဓက စိတ်မပါသလို ပြုမူနေသည်မို့ ။

"တော်ပြီ မပြောတော့ဘူး ၊ စကားပြောရမှာ ပင်ပန်းနေရင်လည်းမပြောနဲ့တော့ ၊ ခေါ်မိတဲ့ ဒီက မှားတာ။"

စောယွန်းက ပွစိပွစိ ပြောရင်း ထိုင်ခုံမှ ထကာ
ကုတင်ဘက်ကို သွားရန်ပြင်သည်။ သို့သော်
သုန္ဓက သူ့ လက်ကို အားနှင့် ဆောင့်ဆွဲလိုက်သဖြင့် စောယွန်းက ထိုင်ခုံပေါ်သို့ ဖင်ထိုင်ရက်ပြန်ကျသည်။ အရှိန်ပါသောကြောင့် နာသွားသ
ဖြင့် စောယွန်းက ဘုကြည့် ကြည်သည်။ ထိုအခါမှသာ သုန္ဓက လက်ကို လွှတ်သည်။

"မပြောတော့ဘူး သွားအိပ်တော့လေ၊ အိပ်ချင်နေတယ်ဆို ၊ သွား သွား။ "

စောယွန်းက ဘောက်ဆတ်ဆတ်ပြန်ပြောသည်။

"စကားပြောကြမယ်လေ။"

"အိပ်ချင်နေပြီ ၊ အိပ်တော့မယ်"

"ပီအိုက်က ကလေးလား? "

စောယွန်းက တစ်ချက် မျက်စောင်းထိုးမိသည်။ သုန္ဓကတော့ ပြုံးလိုက်ရင်း စကားဆက်သည်။ 

"လာပါ စကားပြောမယ်၊ပီအိုက်ကို မေးစရာရှိတာနဲ့ အတော်ပဲ။ ပီအိုက်က ပီအိုက်ရဲ့ လက်တွေကို လှနေဖို့သက်သက် အနာတရမဖြစ်စေတာ မဟုတ်ဘူးလို့ ဆိုခဲ့တယ်မဟုတ်လား ? ဘာအကြောင်းကြောင့် လက်ကို အထိခိုက်မခံတာများလဲ ? "

စောယွန်းက နဖူးပေါ်တွင် ဝဲကျနေသော ဆံပင်အချို့ကို နားနောက်သို့ သိမ်းလိုက်ပြီး ပြောသည်။ 

"ပန်းချီဆွဲတဲ့သူမို့ လက်ကို တန်ဖိုးထားတာ။"

"ပန်းချီဆွဲတယ်လား ?"

"မယုံလည်း မတတ်နိုင်ဘူး။"

"တွေ့ပြီလား ? နောင့်စိုင်းကို အသက် ၁၇ နှစ်မှဟုတ်ရဲ့လားလို့ မေးရင် နောင့်စိုင်းလည်း ဒေါသဖြစ်မိတာပ။"

သုန္ဓက လေပြေနှင့် ပြောသဖြင့် စောယွန်းက ခေါင်းညိတ်လိုက်ရသည်။ စကားတတ်လှသော ထိုကောင်လေး။ ထွက်လုဆဲဆဲ ဒေါသပင် သူ့စကားကြောင့် ပြန်ဝင်သွားရသည်။

လရောင်က အခန်းထဲတွင် ဖြာကျနေပြီး သူတို့နှစ်ယောက်လုံး၏ အရိပ်များက ကြမ်းပေါ်တွင် နီးကပ်စွာရှိနေကြသည်။ သုန္ဓကလည်း ဆံပင်များကို ဖြည်ချထားပြီး သူ့ဆံပင်များက ပုခုံးနှစ်ဖက်ပေါ်တွင်တင်နေသည်။ လေတိုက်သည့်အခါတိုင်း သူ၏ မည်းနက်ရှည်လျားသော မျက်တောင်များကပါ လှုပ်ခါသွားပြီး ဆံပင်များကလည်း အလိုက်သင့် မျောလွင့်ကြသည်။
စောယွန်းက သူ့ကို အတော်ကြာ ကြည့်နေပြီးမှ ရုတ်တရက်ပြောသည်။

"အင်းဝရွှေနန်းတော်မှာ ပီအိုက်တို့ ပထမဆုံးအကြိမ် တွေ့ဖူးတာကို သတိရမိတယ်။ "

"လသာဆောင်လား ?"

"ပီအိုက် မျက်လုံးထဲမှာ အတော်ပြည့်စုံလွန်းတယ်။ သဘာဝကော ၊ အဆောင်တော်ကော ၊
စာကို စိတ်ဝင်တစားဖတ်နေပြီး
ဘေးပတ်ဝန်းကျင်ကို သတိမထားမိတဲ့ နောင့်စိုင်းကော ၊ အရာအားလုံးက ပြည့်စုံနေတဲ့ ပန်းချီကားတစ်ချပ်လိုပဲ။  ကြည့်ရတာ အဲဒီအချိန်နဲ့ အဲဒီ မြင်ကွင်းကို တစ်သက်လုံးမေ့နိုင်မယ်မထင်ဘူး။"

သုန္ဓ၏ မျက်ခုံးများက အနည်းငယ်တွန့်သွားသည်။ သို့သော် စောယွန်း၏ စကားမဆုံးသေးကြောင်း သူသတိထားမိပြီး ဆက်၍ နားထောင်နေသည်။

"ပြီးတော့ ဒုတိယအခေါက် တောထဲမှာ နောင့်စိုင်းကို တွေ့တော့ ပီအိုက်သိလိုက်တယ်။ ဒါက 
ကံကြမ္မာပဲပေါ့။  အဲဒီအချိန်မှာ ငါတော့
ဒီမင်းသားလေးနဲ့ ရင်းနှီးချင်လိုက်တာ~လို့ အတွေးဝင်မိတယ်။  ဒီဘက်လောကမှာ သူစိမ်းတစ်ယောက်ကို မိတ်ဆွေဖွဲ့ရတာ လွယ်မယ်မထင်ဘူး။ ငွေကြေးဥစ္စာတို့ ရာထူးနောက်ခံတို့ကြောင့်မဟုတ်ပဲ မိတ်ဆွေကောင်းတစ်ယောက်ရဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ မသိဘူး။  ချမ်းသာတဲ့ မိဘတွေရှိတဲ့ သူဌေးသား စောယွန်းမဟုတ်ပဲ ဒီအတိုင်း စောယွန်းဆိုတဲ့ သာမန်လူတစ်ယောက်အဖြစ်နဲ့ မိတ်ဆွေရဖို့ မလွယ်ဘူး။"

"ဒါကြောင့် အခုအချိန်ကစပြီး နောင့်စိုင်းနဲ့
ပီအိုက်တို့ တစ်ယောက်ကို တစ်ယောက်ကူညီပြီး အကြာကြီး ခင်မင်သွားချင်တယ်။ ဒါပေမယ့် ဒီနှစ်တစ်နှစ်စာတော့ နောင့်စိုင်းက သာမန် သုန္ဓဆိုတဲ့ ကောင်လေးတစ်ယောက်ပဲ။ ပီအိုက်ကလည်း စောယွန်းဆိုတဲ့ သာမန်လူတစ်ယောက်ပဲ။ ပီအိုက်က အကူအညီမပေးနိုင်ဘူးလို့တော့ ပြောလို့မရဘူး . . . ပီအိုက်က ပျော်ပါးသောက်စားနေတဲ့ သူဌေးသားလို့ ထင်ရပေမယ့် ပီအိုက်သိတာ တတ်တာ မြင်တာ ကြားတာတွေ အများကြီးပဲရှိတယ်။ ပီအိုက်က  အနာဂတ်က . .အဲ အနာဂတ်မှာ နောင့်စိုင်းရဲ့ ဒုတိယဦးနှောက်ဖြစ်ပေးလို့ရတာပေါ့။"

သုန္ဓနှင့် စောယွန်းက စကားမပြောပဲ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြမိသည်။ သုန္ဓက နောက်ဆုံးတွင် ပြုံးကာ ခေါင်းညိတ်လိုက်သည်။

"ဒါပေမယ့် တစ်နှစ်ကြာသွားရင်လည်း ကျွန်တော်က ပီအိုက်ရဲ့ နောင့်စိုင်းပါပဲ။"

စောယွန်း၏ မျက်တောင်များက အနည်းငယ်တုန်ခါသွားသည်။ ၂၁ ရာစုမှာသာ ဤစကားကို သူကြားပါလျှင် သည်ကောင်လေး၏ စကားကို တစ်မျိုးတစ်ဖုံ အဓိပ္ပာယ်ကောက်မိမည်ထင်သည်။ သို့သော် စောယွန်းက မတ်တပ်ထရပ်လိုက်ပြီး သုန္ဓ၏ ပခုံးတစ်ဖက်ကို သတိကြီးစွာထားလျက် လက်ဖြင့် ခပ်ဖွဖွထိကိုင်လိုက်သည်။

"ဒါပေါ့။ နောင့်စိုင်းကလည်း ပီအိုက်ရဲ့ တစ်ယောက်တည်းသော နောင့်စိုင်းပါပဲ။"

စောယွန်း အမြင်မှားသလောမပြောတတ်။
သုန္ဓ၏ မျက်နှာအမူအရာက စက္ကန့်ပိုင်းမျှ
စောယွန်းကို အတွေးမှားစေသည့် အမူအရာမျိုး ဖြစ်သွားသည်။ စောယွန်းက အိပ်ယာဆီသို့ လျှောက်သွားရင်း ဆိုသည်။

"မနက်စောစော ထရမှာမို့ အိပ်ယာဝင်ကြရအောင်။"

"ကောင်းပါပြီ ပီအိုက်။"

သုန္ဓဘာတွေးနေသည်ကို သူ့နောက်ကျောကို ကြည့်ရုံနှင့် စောယွန်း အတတ်မပြောနိုင်ပေ။ ကဆုန်လ၏ ဆန်းသစ်စ လကို သုန္ဓက မိနစ်အနည်းငယ်မျှ မော့ကြည့်နေသည်။ 

"ဒါနဲ့ ဒီအိမ်မှာ သရဲတစ္ဆေတို့ဘာတို့ မရှိလောက်ပါဘူးနော်။ ဒါပေမယ့်လည်း နောင့်စိုင်းကို အားကိုးမယ်ပြောထားတာပဲ။ သရဲခြောက်ရင် အားကိုးမယ်နော်။"

သုန္ဓထံမှ ရယ်သံတိုးတိုးကို စောယွန်းကြားလိုက်ပြီး ပြုံးလိုက်သည်။ ခဏအကြာတွင်  သုန္ဓထံမှ မေတ္တသုတ်ရွတ်သံကို ခပ်ရေးရေးကြားလိုက်ရသည်။ အိပ်ယာဝင်ခါနီး ဘုရားရှိခိုးရန်ပင် မေ့လျော့နေသော စောယွန်းက အိပ်ယာပေါ်တွင် လှဲလျောင်းနေရင်း လိုက်ရွတ်သည်။ ခဏအကြာတွင် တစ်စုံတစ်ယောက်က သူ့ကို စောင်ပါးတစ်ထည်ခြုံပေးသည်ကို သိလိုက်ပြီးနောက် နှစ်ခြိုက်စွာ အိပ်ပျော်သွားသည်။

[ZAWGYI]

ေစာယြန္းတို႔ ခရီးဆက္ခဲ့ၾကသည္မွာ ႏွစ္ရက္ေျမာက္ေန႔သို႔ ေရာက္႐ွိခဲ့ၿပီျဖစ္သည္။
ေစာယြန္းက ေ႐ွ႕မွ ဦးေဆာင္သြားေနေသာ သုႏၶအနားသို႔ေရာက္ေစရန္ ျမင္းကို အနည္းငယ္
ေ႐ွ႕သို႔ သြားေစသည္။ ထို႔ေနာက္ ေဘးခ်င္းကပ္သို႔ ေရာက္လွ်င္ သုႏၶဘက္သို႔ လွည့္ၾကည့္ရင္း စကားဆိုသည္။

"ေနာင့္စိုင္း ခရီးက ေရာက္ဖို႔ လိုေသးလား?"

"မနက္ျဖန္ မြန္းတည့္ခ်ိန္ေလာက္ေတာ့ ေရာက္ႏိုင္ေလာက္တယ္ပ။ "

"ဪ --"

ေစာယြန္းက အနည္းငယ္ ေခါင္းၿငိမ့္ရင္း
ျပန္ေျဖသည္။ Google Mapလည္း ၾကည့္မရသည္မို႔ သုႏၶကိုသာေမးရသည္။ ေလာေလာဆယ္ေတာ့ သုႏၶက Google Map ျဖစ္ေနၿပီး သူက
သုႏၶဟူသည့္ လူေျမပုံကို အားကိုးေနရေသာ လူျဖစ္ေနသည္။ အနည္းဆုံးေတာ့ သုႏၶက သူ မၾကာခဏေမးတိုင္း စိတ္ညစ္သည့္ပုံမျပပဲ အၿမဲစိတ္႐ွည္စြာ ျပန္ေျဖေပးသည္။

အသက္မကြာလြန္းသည့္ လူငယ္မ်ားႏွင့္အတူ ခရီးသြားေနရင္း ၂၁ ရာစုက  သူငယ္ခ်င္းတစ္စုႏွင့္ က်ိဳက္ထီး႐ိုးေတာင္ေပၚတက္ခဲ့သည္ကိုပင္ ေစာယြန္း ႐ုတ္တရက္ သတိရမိသည္။ ထိုစဥ္က ကိုးတန္း အတန္းတင္စာေမးပြဲေျဖအၿပီး အတန္းတူသည့္ ဆယ္ေက်ာ္သက္ေယာက်္ားေလးသူငယ္ခ်င္းတစ္စုလုံး က်ိဳက္ထီး႐ိုးေတာင္တက္ခဲ့ၾကသည္။ လမ္းမသိပဲ အေ႐ွ႕က လူေတြသြားသည့္အတိုင္း သူတို႔အေနာက္မွ လိုက္ၾကသည္။ ေတာင္မ်ားစြာေက်ာ္ၿပီးသည့္အခါ သူတို႔ ေျခကုန္လက္ပန္းက်စျပဳလာခဲ့သည္။ ထိုစဥ္က ေတာင္ေပၚက ဆင္းလာသူမ်ားကို ျမင္လွ်င္ နီးၿပီလားခင္ဗ် ၊  လိုေသးလား ခင္ဗ်ဟု သူတို႔လိုက္ေမးခဲ့ၾကသည္။ ဆင္းလာသူမ်ားကလည္း သူတို႔ကို အေျဖတစ္ခုတည္းသာေပးၾကသည္-- ဆက္သြား ေ႐ွ႕က်ရင္ ေရာက္ၿပီဟူ၍။ သို႔ေသာ္ မည္မွ်ပင္ေလွ်ာက္ေလွ်ာက္ ေ႐ွ႕က်ရင္ေရာက္ၿပီဟူသည့္စကားက ဘယ္ေ႐ွ႕ကို ေျပာမွန္း သူတို႔မသိၾကေတာ့ေပ။ ေနာက္ဆုံး ရင္ျပင္သို႔တက္သည့္ေလွကားဆီေရာက္ပါမွ ေ႐ွ႕က်ရင္ေရာက္ၿပီဟူသည့္စကားကို သူတို႔လက္ခံမိၾကသည္။ မည္မွ်ပင္ေဝးလံေနသည္ျဖစ္ေစကာမူ အေနာက္ျပန္မလွည့္မခ်င္း တစ္ခ်ိန္ခ်ိန္ေတာ့ ေရာက္လိမ့္မည္။ 
ေစာယြန္းက သုႏၶကို နားမပူခ်င္ေတာ့ပဲ အခ်ိန္တန္ရင္ ေရာက္မည္ဟုသာ ေတြး၍ ျပဳံးလိုက္သည္။ 

ထို႔ေနာက္ ေစာယြန္းက ဘာရယ္မဟုတ္ပဲ အေနာက္သို႔ လွည့္အၾကည့္တြင္ နႏၵဆိုသူက
သူ႕အား မ်က္လုံးစိမ္းမ်ားျဖင့္ၾကည့္ေနသည္ကို ေတြ႕လိုက္ရသည္။ ေစာယြန္းက ေ႐ွ႕သို႔ ျပန္လွည့္လိုက္ရင္း တစ္ခ်က္ ပခုံးတြန္႔လိုက္ၿပီး ေတြးသည္။ နႏၵက ေစာယြန္းကို မေန႔ထဲက မ်က္စိေအာက္က အေပ်ာက္မခံသကဲ့သို႔ ခံစားရသည္။ ယေန႔လည္း လမ္းတစ္ေလွ်ာက္လုံး 
ေစာယြန္းက လွည့္ၾကည့္မိတိုင္း သူ႕ကို တစ္ခုခု
မေက်နပ္သည့္အတိုင္း ၾကည့္ေသာ အၾကည့္မ်ားကို ေတြ႕ရသည္။ ေစာယြန္းက အေ႐ွ႕ကိုသာ ၾကည့္ေနျပန္လွ်င္လည္း တစ္ခါတစ္ခါ  ေက်ာခ်မ္းသလို ခံစားရသည္အထိပင္။ ထိုအေၾကာင္းႏွင့္ ပတ္သတ္ၿပီး သုႏၶကို အက်ိဳးအေၾကာင္းေမးမွ သင့္သည္ဟု ေတြးလိုက္သည္။ 

ေစာယြန္း အေတြးလြန္ေနစဥ္ သုႏၶက ျမင္းကို
ရပ္တန္႔ေစၿပီး အေနာက္သို႔ လွည့္ၾကည့္ရင္း စကားဆိုသည္။ 

"အားလုံးပဲ ဒီေနရာမွာ ခဏ နားမယ္။"

သုႏၶ စကားၾကားသည္ႏွင့္ အားလုံးက ရပ္တန္႔လိုက္ၾကၿပီး ျမင္းမ်ားကို အနီး႐ွိ ျမက္ႏုမ်ားေပါေသာ  စားက်က္တစ္ခုအတြင္း အနားေပးကာ သူတို႔ကိုယ္တိုင္လည္း အပင္မ်ားခက္ျဖာေနသည့္ အရိပ္ေကာင္းစြာရေသာ ေနရာတစ္ေနရာတြင္ ေခတၱအနားယူရန္ ျပင္ဆင္ၾကသည္။ 

"ေနာင့္စိုင္း ပီအိုက္ေရျဖည့္ခ်င္လို႔ ဒီအနီးအနားကို ခဏလိုက္ခဲ့ေပးပါလား"

ေစာယြန္းက ေရဗူးအား ေျမႇာက္ျပရင္းေျပာသည္။

"ကြၽႏ္ုပ္လိုက္ခဲ့မယ္။"

႐ုတ္တရက္ နႏၵက ထိုင္ေနရာမွ မတ္တပ္ထရပ္လိုက္ၿပီး ဝင္ေျပာသည္။ သို႔ေသာ္ ေစာယြန္းက သုႏၶကို လွမ္းၾကည့္ရင္း  သူ႕ကိုစကားေျပာရန္ေခၚထုတ္ေနျခင္းျဖစ္ေၾကာင္း မ်က္လုံးႏွင့္ ျပသည္။ သုႏၶနားလည္မည္ဟု ေစာယြန္း အရမ္းကာေရာ
မေမွ်ာ္လင့္ထားေသာ္ျငား သုႏၶက သူနားလည္သေဘာေပါက္ေၾကာင္း မ်က္ေတာင္နက္မ်ားကို ခတ္ျပသည္။

"ရပါတယ္ ၊  အကိုပဲ လိုက္သြားလိုက္ပါ့မယ္၊ ျမင္းစီးရတာၾကာေတာ့ အေညာင္းအညာေျပေအာင္ လမ္းေလွ်ာက္ခ်င္တယ္ ညီငယ္။"

နႏၵက သူ႕အကိုေတာ္၏ စကားကို မလြန္ဆန္ႏိုင္သည့္အျပင္ အထြန္႔လည္းမတက္ရဲေပ။ သူက ႏႈတ္ခမ္းကို မသိမသာစူလိုက္ၿပီး ေစာယြန္းကို မ်က္လုံးေထာင့္မ်ားမွ ၾကည့္လိုက္သည္။
ေစာယြန္းကလည္း အေနရခက္ေသာ အျပဳံးျဖင့္ နႏၵကို ျပဳံးျပလိုက္ရာ နႏၵက ခ်ာခနဲ လွည့္သြားသည္။ 

"ပီအိုက္ ၊ သြားၾကစို႔။"

"ေကာင္းပါၿပီ။"

နႏၵက သုႏၶကို တရင္းတႏွီးဆက္ဆံေနသည့္
သူ႕ကို အျမင္မၾကည္မွန္း ေစာယြန္း နားလည္လိုက္သည္။ ကေလးဆန္လွေသာ နႏၵကို ပို၍ ကလိကလိျဖစ္ေနေစရန္ ေစာယြန္းက ေနာက္ခ်င္မိသည္။ ထို႔ေၾကာင့္လည္း ေစာယြန္းက သုႏၶ လက္ေမာင္းကို ကိုင္ကာ ခပ္သုတ္သုတ္
ထြက္သြားသည္။ နႏၵက ပါးစပ္အေဟာင္းသားႏွင့္ သူတို႔ႏွစ္ဦးကို စိုက္ၾကည့္ေနရာ ေလဆာတန္းမ်ားႏွင့္ ေနာက္ေက်ာကို အထိုးခံေနရသည္ဟုပင္ ေစာယြန္းခံစားမိၿပီး ႀကိတ္ရယ္မိသည္။ ခပ္လွမ္းလွမ္းေရာက္ကာမွ ေစာယြန္းက စကားဆိုသည္။ 

"ပီအိုက္ ေမးစရာ႐ွိလို႔ ေနာင့္စိုင္း။ "

သုႏၶက ေျခလွမ္းမ်ားကို ရပ္တန္႔လိုက္ၿပီး
ေစာယြန္းဘက္သို႔လွည့္ကာ ျပန္ေျဖသည္။ သို႔ေသာ္ သူ႕လက္ေမာင္းတစ္ဖက္ကို ကိုင္ထားသည့္ ေစာယြန္း၏ လက္ကိုမူ မျဖဳတ္လိုက္ေပ။

"ေမးပါ။ "

"ေနာင့္စိုင္းရဲ႕ ညီေတာ္ နႏၵမင္းသားက ပီအိုက္ကို အျမင္မၾကည္သလိုပဲ။ သူရကလည္း ေနာင့္စိုင္းရဲ႕ ညီေတာ္ပဲမဟုတ္လား ? သူကက်ေတာ့ ေအးေအးေဆးေဆးပဲကို။"   

"နႏၵက ေျမာက္နန္းေဆာင္ မိဖုရားႀကီးရဲ႕ သားေတာ္ဆိုေပမယ့္ သူက  ကြၽႏ္ုပ္နဲ႔ အတူႀကီးျပင္းလာခဲ့ေတာ့ သူရထက္စာရင္ နႏၵက ကြၽႏ္ုပ္ကို
ပိုၿပီးခင္တြယ္တယ္ပ။"

ေစာယြန္းက ေမးေစ့အား လက္ျဖင့္ ပြတ္ရင္းေျဖသည္။

"ဪ "

သုႏၶက သူ၏လက္ေမာင္းေပၚမွ ေစာယြန္း၏ လက္ကို ၫႊန္ျပလ်က္ ျပဳံးကာဆိုသည္။

"သို႔ေပမယ့္ ပီအိုက္ကို အျမင္မၾကည့္ရတဲ့ အေၾကာင္းကေတာ့ ကြၽႏ္ုပ္ကို ဆက္ဆံပုံရဲတင္းလြန္းလို႔ပဲျဖစ္ရမယ္။"

ေစာယြန္းက သုႏၶ၏ စကားၾကားသည္ႏွင့္ ဗိုက္ကို လက္ျဖင့္ ႏွိပ္ကာပင္ ရယ္သည္။ အတန္ၾကာမွ ေမာဟိုက္ေနသံျဖင့္ ျပန္ေျပာသည္။ 

"လတ္စသတ္ေတာ့ အ႐ွင့္သားကို ရဲရဲတင္းတင္း ဆက္ဆံမိလို႔ကိုး ၊ သေဘာေပါက္ၿပီ။ "

အရယ္ ရပ္ေအာင္ ထိန္းေနေသာ ေစာယြန္းကို
သုႏၶက ၾကည့္ေနရင္း အျပဳံးမပ်က္ပဲ စကားဆက္သည္။ 

"ေ႐ြနန္းေတာ္မယ္ မင္းညီမင္းသားေတြထဲမွာေတာင္ ကြၽႏ္ုပ္ကို ေမာ္ဖူးခြင့္ပင္ မ႐ွိပဲကိုး၊ အခြင့္ေပးမွသာ မ်က္ႏွာေတာ္ ျမင္ခြင့္ရသည္ေလ။ သာမန္လူဆိုလွ်င္ တရင္းတႏွီး စကားေျပာဖို႔
ေဝးစြ ၊ ကိုယ္ထိလက္ေရာက္ထိကိုင္တာႏွင့္ 
မေတာ္အသက္ႏွင့္ကိုယ္ အိုးစားကြဲႏိုင္သည္အထိေလ ၊ ပီအိုက္ကသာ မေၾကာက္မ႐ြံ႕ဆက္ဆံရဲတာ။"

ေစာယြန္းက ႐ုတ္တရက္ သတိရလိုက္မိသည္။
ဒီေကာင္ေလးက အိမ္ေ႐ွ႕မင္းသားအေလာင္းအလ်ာ မင္းသားတစ္ပါးျဖစ္သည္ကိုပင္ သူရံဖန္ရံခါ ေမ့ေလ်ာ့ေနမိသည္။ ေခြၽးတို႔ပင္ စို႔လာသျဖင့္ ကပ်ာကယာ စကားလုံး႐ွာကာ ေျဖသည္။

"ဒါကေတာ့ ေနာင့္စိုင္းစိတ္ကို သိလို႔ပါ၊ ပီအိုက္က အရိပ္အကဲေတာ့ သိပါတယ္။ ေနာင့္စိုင္းက ခြင့္ေပးလို႔သာ လုပ္ရဲတာေပါ့။"

ေစာယြန္းစကားေၾကာင့္ သုႏၶက တစ္ခ်က္မွ် ျပဳံးသည္။ သို႔ေသာ္ ခ်က္ခ်င္းပင္ မ်က္ႏွာေသႏွင့္ ဆိုသည္။

"ပီအိုက္ရဲ႕ အျပဳအမႈေတြကို ကြၽႏ္ုပ္က အျပစ္
မျမင္ဘူးထင္ေနတာလား ၊ ကြၽႏ္ုပ္လည္း
မင္သားတစ္ပါးေပမို႔ အခ်ိန္မေ႐ြး ပီအိုက္ကို အႏၲရာယ္ေပးႏိုင္သည္ပ။ "

"ေနာင့္စိုင္းက တစ္ႏွစ္ျပည့္လို႔ ေ႐ႊနန္းေတာ္ျပန္ေရာက္မွ ပီအိုက္ကို စုၿပီး အျပစ္ေပးမလို႔လား?"

ေစာယြန္းက သူ႕ထက္ အရပ္ျမင့္ေသာ သုႏၶကို  မ်က္လုံးလွန္ၾကည့္ရင္းေျပာသည္။ သုႏၶက ပိုင္စိုးပိုင္နင္းႏိုင္သည့္ အကိုႀကီးအားၾကည့္ရင္းျပန္ေျဖသည္။ 

"ဘယ္လိုလဲ ေၾကာက္ေနၿပီလား ?"

"မေျပာတတ္ေသးဘူး ၊ တစ္ႏွစ္အတြင္း
ေနာင့္စိုင္းက ဒီပီအိုက္မွ ဒီပီအိုက္ ျဖစ္သြားရင္ ဘယ္လိုလုပ္မလဲ ၊ စိတ္ဆိုတာ ေျပာင္းလဲေနတတ္တာပဲ။"

ပိုင္ႏိုင္သူအျပဳံးျဖင့္ ျပန္ေျပာေသာ ေစာယြန္းေၾကာင့္ သုႏၶက ႐ွား႐ွားပါးပါး အသံထြက္သည္အထိရယ္မိသည္။ သူ ေနာက္ဆုံးအႀကိမ္ ဤသို႔ အားပါးတရ ရယ္ေမာမိသည့္အခ်ိန္ကို မမွတ္မိေတာ့ေပ။ ျပဳံးရသည္ထက္ တည္ရသည္က
မ်ားလွသျဖင့္ သုႏၶက သူ႕ရယ္သံကိုပင္ သူတအံ့တၾသျဖစ္မိသည္။ မ်က္ႏွာျပန္လည္ တည္ကာ ဆိုသည္။

"ဒါဆိုလည္း ေစာင့္ၾကည့္တာေပါ့"

"ေစာင့္ၾကည့္ပါဗ်ာ၊ေစာင့္ၾကည့္ပါ၊ ဒါနဲ႔
ေ႐ွ႕ေလွ်ာက္ နႏၵေတာ့ ပိုအျမင္မၾကည္ေတာ့မွာပဲ။"

ေစာယြန္း စကားေၾကာင့္ သုႏၶက မ်က္ေမွာင့္ၾကဳံ႕ကာ “ဘာအေၾကာင္းေၾကာင့္ ပိုအျမင္မၾကည္ျဖစ္ရမွာလဲ ” ဟူေသာ အၾကည့္ျဖင့္ ၾကည့္သည္။ 

"ဒီက ပီအိုက္က  ေနာင့္စိုင္းနဲ႔ ပိုၿပီး ရင္းႏွီးခ်င္လို႔ေပါ့။ "

ေစာယြန္းက သြားမ်ားေပၚသည္အထိ ျပဳံးရင္းဆိုသည္။ သုႏၶကေတာ့ မခန္႔မွန္းႏိုင္ေသာ အၾကံမ်ားႏွင့္ျပည့္ေနေသာ ပီအိုက္ဟုသာ မွတ္ခ်က္ခ်သည္။ 

" ျပန္ၾကရေအာင္"

ေစာယြန္းက သိခ်င္တာလည္း သိရၿပီမို႔ ျပန္ရန္ျပင္သည္။  

"ေရျဖည့္မလို႔ဆို ?"

သုႏၶက ေၾကာင္အမ္းအမ္းျဖင့္ ျပန္ေမးသည္။

ေစာယြန္းက သုႏၶ၏ လက္တစ္ဖက္ကို ယူကာ ဘူးသီးေျခာက္ေရဘူး၏ အေလးခ်ိန္ကို ခ်ိန္ဆေစသည္။ ေရဘူးက ေရအျပည့္႐ွိေနပုံပင္။

"ေရက ႐ွိၿပီးသား ၊ေမးခ်င္တာ႐ွိလို႔ ေရဘူးကို အေၾကာင္းျပလိုက္တာ။ "

သုႏၶကေတာ့ တတ္လည္း တတ္ႏိုင္ပါေပ့ဟု ေတြးသည္။ ထို႔ေနာက္ သုႏၶက ႐ုတ္တရက္ ေမးသည္။

"ပီအိုက္ ေခါင္းထဲမွာ အၿမဲ အၾကံအစည္ေတြနဲ႔
ျပည့္ေနတာလား?"

၂၁ ရာစုတြင္သာ ထိုစကားအေျပာခံရပါမူ သုႏၶကို သုံးခ်က္ေလာက္ထိုးမိမည္ထင္သည္။ သို႔ေသာ္လည္း သုႏၶစကားကမမွားေပ။
ေစာယြန္း၏ ေခါင္းထဲတြင္ အၾကံအစည္ေပါင္းေသာင္းေျခာက္ေထာင္မက ႐ွိေနၿပီး
ဒီေကာင္ေလးကို သူ႕အား ပီအိုက္ဟု ေခၚေစႏိုင္ခဲ့သည္ကိုသာ ၾကည့္ပါေလ။

"ဒါေပါ့ ၊ ပီအိုက္ရဲ႕ ဉာဏ္နီဉာဏ္နက္ေတြကို
ေနာင့္စိုင္းလိုက္မွီမယ္မထင္ဘူး။”

ေစာယြန္းက အတည္တစ္ဝက္ စေနာက္ျခင္းတစ္ဝက္ႏွင့္ ေျပာသည္။ သို႔ေသာ္ သုႏၶက ေထာက္ခံသည့္အေနျဖင့္ ေခါင္းညိတ္သည္။ 

"ပီအိုက္လည္း ကြၽမ္းက်င္ရာေတာ့႐ွိပါတယ္၊
မေန႔က ငါးဖမ္းတုန္းက အကူအညီမရဘူးေျပာလို႔ ဒီက ပီအိုက္က စိတ္မေကာင္းျဖစ္သြားေသးတာ"

သုႏၶက မ်က္ခုံးမ်ားကို ပင့္လ်က္ေျပာသည္။

"ဒီမယ္ ၊ ပီအိုက္လို သူေဌးသားတစ္ေယာက္ေတာင္  မလုပ္တတ္မကိုင္တတ္တာ ၊ ကြၽႏ္ုပ္က မင္းသားတစ္ပါးမို႔ ပိုလို႔ေတာင္ အခြင့္ထူးခံစားၿပီး ႀကီးျပင္းလာရသည္မို႔ မလုပ္တတ္မကိုင္တတ္ျဖစ္ေနရမွာ မဟုတ္ေပဘူးလား?"

ေစာယြန္းက သူ၏ ပန္းႏုေရာင္သမ္းေနၿပီး
ျဖဴေဖ်ာ့ေနသည့္ လက္ဖဝါးအစုံကို သုႏၶကို ျပသည္။

"ဒီလက္ေတြက အမ်ားႀကီး~အမ်ားႀကီး တန္ဖိုး႐ွိတာ ေနာင့္စိုင္းသိလား ? ဒီလက္ေတြကို ပီအိုက္က အၿမဲတမ္း မထိခိုက္ေအာင္ အနာတရမရေအာင္ ထိန္းသိမ္းထားရတာ။"

သုႏၶက ႐ုတ္တရက္ ေစာယြန္း၏ လက္မ်ားကို
ဆြဲယူကာ ေျမႇက္ကိုင္၍ ၾကည့္သည္။ 

"တစ္ခါမွ အလုပ္ၾကမ္းမလုပ္ဖူးပဲ လက္နက္လည္း ကိုင္ဖူးတဲ့ ပုံစံမ႐ွိဘူး။ သို႔ေပမယ့္
လက္ခ်င္းယွဥ္ရင္ မင္းသားတစ္ပါးျဖစ္တဲ့ ကြၽႏ္ုပ္ရဲ႕ လက္က ပိုလို႔ေတာင္ တန္ဖိုး႐ွိတယ္မဟုတ္လား? ပီအိုက္ရဲ႕ လက္ေတြက လွတာေတာ့ လွပါေပတယ္။လူနဲ႔လည္း လိုက္ဖက္တယ္။"

သူ႕လက္ေခ်ာင္းမ်ားက ႐ွည္သြယ္ေသာ္လည္း
သုႏၶ၏ လက္မ်ားႏွင့္ ယွဥ္လွ်င္ ကေလးလက္မ်ားႏွင့္ပင္ တူေနေတာ့သည္။ သုႏၶ၏ လက္ဖဝါးတစ္ဖက္က ေစာယြန္း၏ လက္သီးဆုပ္ႏွစ္ဖက္လုံးကို အုပ္ကိုင္လွ်င္ပင္ ရေလာက္သည္။
ေစာယြန္းက သူ႕လက္မ်ားက ပူလာသည္ဟု ခံစားမိၿပီး လက္မွ အပူက လက္တစ္ေလွ်ာက္စီးဆင္းလာၿပီး နား႐ြက္မ်ားႏွင့္ မ်က္ႏွာထံေရာက္လာသည္။ ေစာယြန္းက သူ႕လက္ကို သုႏၶလက္ထဲမွ ကပ်ာကယာ ျပန္ယူလိုက္ၿပီး ေျပာသည္။

"လွ. . လွဖို႔ထက္ လက္ေတြကို ဂ႐ုစိုက္တာပါ။
ၿပီးေတာ့ အ႐ွင္မင္းသားက ကြၽန္ေတာ္မ်ိဳးတို႔လို ျပည္သူျပည္သားေတြကို ေစာင့္ေ႐ွာက္ရမယ္မဟုတ္ဘူလား ? ငါးဖမ္းတာမ်ိဳး ခြန္အားနဲ႔ လက္နက္သုံးရတာမဟုတ္တဲ့ တျခား ဉာဏ္သုံးရတဲ့ အလုပ္ဆိုရင္ေတာ့ ကြၽန္ေတာ္မ်ိဳး လုပ္ႏိုင္ပါတယ္။ "

တစ္ခ်ိန္လုံး ေနာင့္စိုင္း ၊  ပီအိုက္ ဟု ေခၚေဝၚေနေသာ ေစာယြန္းထံမွ အ႐ွင္မင္းသားႏွင့္ ကြၽန္ေတာ္မ်ိဳးဟူသည့္စကားမ်ားကို ၾကားရသည့္အခါ ထူးထူးဆန္းဆန္း သုႏၶ၏ နားတို႔က ယားယံေနၿပီး လက္မခံခ်င္သည့္အလားျဖစ္ေနသည္။ ပထမဆုံး နန္းေတာ္ျပင္ပတြင္ရေသာ မိတ္ေဆြတစ္ဦး ၊ အကိုတစ္ေယာက္ကို သုႏၶမဆုံး႐ႈံးခ်င္ေပ။ ထို႔အျပင္ သည္လို ယုန္ေလးတစ္ေကာင္ႏွင့္ တူေသာ လူက သူ႕ကို အႏၲရာယ္မေပးႏိုင္ဟု သုႏၶ ေတြးမိသည္။ သုႏၶက ေစာယြန္း၏ ပုခုံးမ်ားကို သိုင္းဖက္လိုက္သည္။

"ဒီလိုဆိုေတာ့လည္း ဒီကေနာင့္စိုင္းက ခြန္အားနဲ႔ လက္နက္ပါမွ ျဖစ္မယ့္အလုပ္ကို ပီအိုက္အစား လုပ္ေပးရမွာပ။"

ထို႔ေနာက္ ေစာယြန္းတို႔ နားေနရာေနရာသို႔ ျပန္ေရာက္ၾကၿပီး ထိုေနရာမွာပင္ စားေသာက္ၾကကာ ေခတၱ နား​ၾကၿပီးေနာက္ ခရီးဆက္ၾကသည္။

ဤသို႔ျဖင့္ နားလိုက္ သြားလိုက္ျဖင့္ ခရီးဆက္ၾကရာ ေနာက္တစ္ေန႔ မြန္႔တည့္ခ်ိန္ မေရာက္ခင္မွာပင္ သိႏၷီၿမိဳ႕သို႔ေရာက္ၾကသည္။ ၿမိဳ႕အဝင္ တံခါးတြင္ သူတို႔ကို ေစာင့္ဆိုင္းေနပုံရသည့္ ႐ွမ္းအမ်ိဳးသားတစ္ဦးကို ေတြ႕ရသည္။ ထိုသူက
သူတို႔အေ႐ွ႕မွ ဦးေဆာင္ကာ ၿမိဳ႕တြင္းသို႔ ေခၚသြားသည္။

သိႏၷီၿမိဳ႕မွာ အင္းဝၿမိဳ႕နီးနီး အလြန္ခမ္းနားႀကီးက်ယ္ျခင္းမ်ိဳးမဟုတ္ပဲ ပုံမွန္တိုးတက္ေနသည့္ အရပ္ေဒသမ်ိဳးျဖစ္သည္။ၿမိဳ႕ထဲဝင္သည္
ႏွင့္ လူအမ်ား စုျပဳံ ဝယ္ယူေနၾကေသာ ေစ်းဆိုင္မ်ား ၊ လမ္းေပၚ႐ွိ သြားလာလႈပ္႐ွားေနၾကသူမ်ားႏွင့္ အသက္ဝင္ေနေလသည္။ 

ေစာယြန္းက ​လမ္းတစ္ေလွ်ာက္ စူးစမ္းကာ လိုက္ပါလာရင္း  ထိုေခတ္က အင္းဝျပည္သည္ မည္မွ်က်ယ္ေျပာပါသနည္းဟု ေစာယြန္းေတြးမိသည္။ သူသိသေလာက္ဆိုလွ်င္ ထိုအခ်ိန္အပိုင္းအျခားကာလက အတန္အသင့္တိုးတက္မႈ႐ွိေနၿပီျဖစ္ေသာ္ျငား ယခုသူျမင္ေတြ႕ေနရေသာ အင္းဝၿမိဳ႕ႏွင့္ သႏၷီၿမိဳ႕တို႔က အလြန္ပင္တိုးတက္ေနၿပီျဖစ္သည္။  ေဈးဆိုင္ငယ္အမ်ားစုတြင္ ျမန္မာစကားတတ္ေသာ တိုင္းတစ္ပါးသားမ်ားကို ေတြ႕ျမင္ရသည္။ သြားလာေနၾကသည့္ သာမန္ျပည္သူျပည္သားမ်ားပင္ အဝတ္အစားေကာင္းဝတ္ဆင္ႏိုင္ၾကကာ အပူအပင္မ႐ွိၾကသည့္ႏွယ္ပင္။ ကုန္သြယ္စီးပြားေရးတိုးတက္႐ုံတင္မကပဲ အေဆာက္အဦးအခ်ိဳ႕တြင္ တိုင္းတပါးလက္ရာ ပန္းပု႐ုပ္ႂကြမ်ားကိုပင္ အလွဆင္ထားသျဖင့္ ေကာင္းေသာယဥ္ေက်းမႈဖလွယ္ျခင္းမ်ားကို ျမင္ေတြ႕ရသည္။ ေစ်းတန္းကို ျဖတ္ၿပီးေနာက္ ပညာသင္ၾကားမည့္ ဆရာႀကီး၏ အိမ္ျခံဝင္းေ႐ွ႕သို႔ေရာက္သည္။

ေစာယြန္းတို႔ ျခံဝေရာက္သည္ႏွင့္ လမ္းျပေသာ လူငယ္က ျခံတံခါးေစာင့္သူကို တီးတိုးေျပာလိုက္သည္။ ထိုလူက ျခံတံခါးဖြင့္ေပးအၿပီးတြင္ လမ္းျပေပးသည့္လူငယ္က ေစာယြန္းတို႔၏ ျမင္းမ်ားကို ျမင္းေဇာင္းသို႔ ေခၚသြားသည္။  အထဲမွလူတစ္ဦးက လာေရာက္ႀကိဳဆိုသည္။ ​ သုႏၶႏွင့္ အိမ္ႀကီးထဲမွ ထြက္လာသူက စကားအနည္းငယ္ေျပာၾကၿပီး ထိုသူက သူတို႔အားလုံးကို အိမ္ႀကီးဆီသို႔ လမ္းျပသည္။ ျခံဝင္းက အလြန္ပင္ က်ယ္ဝန္းလွသည္။ မ်က္စိတစ္ဆုံးၾကည့္လွ်င္ပင္ ျခံ၏ အဆုံးတစ္ဖက္ကို မျမင္ရေပ။ ျခံဝမွ အစျပဳ၍ လမ္းသုံးလမ္းကြဲသြားသည္။

 သူတို႔ျမင္းမ်ားကို ေခၚသြားသည့္လမ္းက ဘယ္ဖက္က လမ္းျဖစ္ၿပီး လမ္းကို ေမွ်ာ္ၾကည့္လိုက္လွ်င္ ထိုလမ္း၏ ဘယ္ညာႏွစ္ဖက္တြင္ သက္တမ္းၾကာပုံရသည့္ သစ္ပင္ႀကီးမ်ားစြာကို ေတြ႕ျမင္ရသည္။ ညာဘက္လမ္းကို ၾကည့္လွ်င္မူ လမ္းအဝင္တြင္  သစ္သားအိမ္ငယ္တစ္လုံး႐ွိသည္။ လမ္းဆုံးကိုမူ မေတြ႕ရေပ။

သူတို႔ ယခုဝင္လာသည့္လမ္းက အလယ္လမ္းျဖစ္သည္။ အလယ္လမ္းအဆုံးတြင္ ႏွစ္ထပ္အိမ္ေဆာင္ႀကီးကို လွမ္းျမင္ေနရသည္။ ႏွစ္ထပ္အိမ္ေဆာင္ႀကီး၏ ဘယ္ဖက္တြင္ အိမ္တန္းလ်ားငယ္တစ္ခု႐ွိၿပီး ညာဖက္တြင္မူ တစ္ထပ္အိမ္တစ္အိမ္႐ွိသည္။ အလယ္လမ္း၏ ဝဲယာႏွစ္ဖက္တြင္ အလွစိုက္ေသာ ညီညာစြာလမ္းေဖာ္ထားသည့္ ေစာယြန္း၏ခါးအထိ ျမင့္ေသာ ျခဳံပုတ္မ်ား႐ွိသည္။ လမ္းကလည္း ေစာယြန္းအပါအဝင္ လူေျခာက္ေယာက္ခန္႔က ေဘးႏွစ္ဖက္ကို လက္ဆန္႔တန္းကာ ေဘးခ်င္းယွဥ္သြားႏိုင္႐ုံမွ်
က်ယ္သည္။ ေျခလွမ္း ၂၀မွ် ပုံမွန္အ႐ွိန္ျဖင့္ လမ္းေလွ်ာက္ၿပီးလွ်င္  အေနာက္တိုင္းအနည္းငယ္ဆန္သည့္ ပန္းျခံငယ္တစ္ခုကို ေတြ႕ရသည္။ ထိုပန္းျခံကို ဝိုင္းပတ္၍ လမ္းႏွစ္ခုကြဲထြက္သြားျပန္သည္။ 

ပန္းျခံကား မ႐ႈပ္ေထြးေသာ ဝကၤပါငယ္တစ္ခုအသြင္႐ွိၿပီး ျခဳံပုတ္ႏွင့္ ပန္းပင္မ်ားႏွင့္ ဝကၤပါျပဳလုပ္ထားျခင္းျဖစ္သည္။ ပန္းျခံ၏ အလယ္တြင္ ေရပန္းႀကီးတစ္ခု႐ွိေနၿပီး အသက္ဝင္လွေသာ ကိႏၷရီ ၊ ကိႏၷရာေမာင္ႏွံႏွစ္ေဖာ္၏ ပန္းပုကို ေရပန္းထိပ္တြင္ ျမင္ေတြ႕ရသည္။

ထို႔ေနာက္ ေစာယြန္းတို႔က အိမ္အတြင္းသို႔ ဝင္ေရာက္ခဲ့သည္။ အိမ္၏ ဖြဲ႕စည္းပုံမွာ အုတ္ႏွင့္ သစ္ကို ေပါင္းစပ္တည္ေဆာက္ထားၿပီး ေလးေထာင့္ပုံစံဖြဲ႕စည္းထားသည္။ အိမ္အတြင္းဝင္သည္ႏွင့္ အလယ္တြင္ ဧည့္ခန္းပုံစံ ႐ွိၿပီး စားပြဲႏွင့္ ထိုင္ခုံအခ်ိဳ႕႐ွိသည္။ အိမ္ႀကီးမွာ ႏွစ္ထပ္ျဖစ္ၿပီး စားဖိုေဆာင္ကိုအေနာက္ဘက္တြင္ သပ္သပ္ထုတ္ထားသည္။  အလယ္ ေဟာပုံစံ ဧည့္ခန္းအေနာက္ဖက္တြင္ေတာ့ အေပၚထပ္သို႔ ဆက္သြယ္ေပးသည့္ ေ႐ွးပြတ္လုံးလက္ရမ္းမ်ားျဖင့္ လွပသည့္ ေလွကားႀကီးက ထည္ဝါစြာ႐ွိသည္။ ေစာယြန္းက အခန္းဖြဲ႕စည္းပုံကို အကဲခတ္ၾကည့္ရာ ေအာက္ထပ္တြင္ အရပ္ေလးမ်က္ႏွာ တစ္မ်က္ႏွာစီတြင္ အခန္းတစ္ခန္း႐ွိရာ စုစုေပါင္းအခန္း ၄ ခန္း႐ွိၿပီး အေပၚထပ္တြင္လည္း ထိုနည္း၎ပင္ ေလးခန္း႐ွိသည္ကို ေတြ႕ရသည္။ ထို႔ျပင္ သူတို႔ထက္ မေ႐ွးမေႏွာင္းမွာပင္ ေရာက္႐ွိေနသည့္  စာသင္သားအခ်ိဳ႕ကိုလည္းေတြ႕ရသည္။ 

"ေရာက္လာၾကၿပီေပါ့ ၊ ခရီးပန္းလာေရာ့မယ္ ၊ ထိုင္ၾကဦး။ "

အသက္ႀကီးႀကီး အမ်ိဳးသားႀကီးတစ္ဦးက
ေစာယြန္းတို႔ကို ျမင္သည္ႏွင့္ ခရီးဦးႀကိဳႏႈတ္ဆက္ကာ ထိုင္ရန္ေျပာသည္။ ထိုသူကအသက္၆၀ခန္႔႐ွိေလာက္ေသာ္လည္း  ခႏၶာကိုယ္က ေတာင့္တင္းသန္မာမည့္ ပုံစံပင္။ ႐ွမ္းပင္နီအက်ႌႏွင့္ ေဘာင္းဘီကို ဝတ္ဆင္ထားၿပီး ထိုသူက မ်က္ႏွာခ်ိဳလွသည္။      

"ခရီးေရာက္မဆိုက္ ပညာေတာ္သင္ လက္ေဆာင္အရင္ဆုံးေ႐ြးယူၾကပါဦး။  လူေလးတို႔ ဒီအထဲက သေဘာက်ႏွစ္ၿခိဳက္တဲ့ ဘယ္အရာမဆို လက္ေဆာင္အျဖစ္ယူႏိုင္တယ္။ လူေလးတို႔ေ႐ြးတဲ့လက္ေဆာင္က လူေလးတို႔ ဘဝကိုေျပာင္းလဲေကာင္းေျပာင္းလဲလိမ့္မယ္။ ဒါေပမယ့္ ဒါက အေရးမဟုတ္ပါဘူး။ ပစၥည္းထက္ လူက အေရးႀကီးတာမဟုတ္လား။ "

ဆရာႀကီး၏ စကားဆုံးသည္ႏွင့္ အေစခံမ်ားက ပစၥည္း အခ်ိဳ႕ထည့္ထားေသာ ယြန္းဗန္းမ်ားကို စားပြဲေပၚတြင္ ေနရာခ်ေပးၾကသည္။ ေစာယြန္းလည္း စိတ္ဝင္စားေသာေၾကာင့္ ထိုပစၥည္းမ်ားကို စူးစမ္းၾကည့္မိသည္။ ထိုပစၥည္းမ်ားမွာ ေပစာထုပ္ ၊ ကညစ္ ၊ ဓား ၊ လွံ ၊ ျမႇား ၊ ပိုးထည္စ အခ်ိဳ႕ အျပင္ အဆင္လွလွျဖင့္ယက္ထားသည့္ လုံခ်ည္စမ်ားပင္ပါသည္။ ထို႔ျပင္ တိုင္းရင္းေဆးဝါး အခ်ိဳ႕ႏွင့္ ေဒသထြက္ အသုံးအေဆာင္ ပစၥည္းအခ်ိဳ႕ကိုလည္း ေတြ႕ရသည္။ 

ေစာယြန္းက ဆရာႀကီးအေနျဖင့္ ဤပစၥည္းမ်ားကို  သာမန္လက္ေဆာင္ေပးျခင္း မဟုတ္ေၾကာင္း ရိပ္စားမိသည္။ ေစာယြန္းက ပစၥည္မ်ားကို ေလ့လာၾကည့္ရာ အမ်ိဳးအစားအေနျဖင့္ ခြဲျခားလွ်င္ တူရာ တူရာ အစု႐ွိသည္။  ေစာယြန္း၏ ႏႈတ္ခမ္းမ်ားက မသိမသာ ေဘးသို႔ေစာင္းကာ ျပဳံးမေယာင္ျဖစ္သြားသည္။

“လူေလးတို႔ေ႐ြးတဲ့လက္ေဆာင္က လူေလးတို႔ ဘဝကိုေျပာင္းလဲေကာင္းေျပာင္းလဲလိမ့္မယ္။ ဒါေပမယ့္ ဒါက အေရးမဟုတ္ပါဘူး။ ပစၥည္းထက္ လူက အေရးႀကီးတာမဟုတ္လား။”လက္ေဆာင္ထက္ လူက အေရးႀကီးသည္ဆိုေသာ အဓိပၸာယ္ကို ကြက္ကြက္ကြင္းကြင္း သူနားလည္လိုက္သည္။

"လူေလးတို႔ ႏွစ္သက္ရာ ေ႐ြးပါ။"

ဆရာႀကီးမွ အခြင့္ေပးသည္ႏွင့္ လူငယ္မ်ားက .သူတို႔ႏွစ္သက္ရာကို ေ႐ြးကာ ယူေဆာင္ၾကသည္။ ေစာယြန္းက တခဏမွ်ေစာင့္ေနသည္။ သို႔ေသာ္ သုႏၶေ႐ြးၿပီးသည္ႏွင့္ သူလည္း ေ႐ြးလိုက္သည္။ သူ႕လက္ထဲတြင္ ပါလာေသာ ပစၥည္းက ကညစ္တံတစ္ေခ်ာင္းျဖစ္ၿပီး ကညစ္၏ပုံစံက ထူးျခားလွသည္။ ကညစ္တံက ၾကာ႐ိုးႏွင့္ တူၿပီး ကညစ္ဖ်ားတြင္ ပြင့္ခ်ပ္ ၂၀ ပါဝင္ေသာ ပြင့္အာေနသည့္ ၾကာပန္းသဏၭာန္႐ြိသည္။

ေစာယြန္းက ကညစ္ကို ေ႐ြးခ်ယ္လိုက္ရသည့္ ပထမဆုံးေသာ အေၾကာင္းအရင္းက သုႏၶက ေပစာထုပ္ကို ေ႐ြးခ်ယ္ျခင္းေၾကာင့္ပင္။ ဒုတိယအေၾကာင္းအရင္းက ထူးဆန္းလွေသာ ကညစ္၏ ၾကာပန္းပုံစံေၾကာင့္ျဖစ္သည္။ သုႏၶ၏ လက္ထဲမွ ေပစာထုပ္၏ အေပၚအဖုံးတြင္လည္း ၾကာပန္းတစ္ပြင့္ကို ထြင္းထားၿပီး ကညစ္တံႏွင့္ ေပစာဟူသည္ တစ္တြဲတည္းျဖစ္ေသာေၾကာင့္ ျဖစ္သည္။ ပစၥည္းမ်ား ကုန္သည္ႏွင့္ ဆရာႀကီးက အလြန္နားဝင္ပီယံျဖစ္လွေသာ အသံျဖင့္ဆိုသည္။

"လူေလးတို႔က ပညာသင္စဥ္ကာလအတြင္း ဤအေဆာင္မွာ ေနထိုင္ရမွာျဖစ္တယ္၊ အခန္းေတြကေတာ့ ေအာက္ထပ္မွာ ၃ေယာက္ခန္း ေလးခန္း႐ွိၿပီး အေပၚမွာ ၂ေယာက္ခန္း ေလး ခန္း႐ွိေပတယ္။ လူေလးတို႔က ေယာက္အေယာက္ ၂၀ ျဖစ္သည္မို႔ အခန္းက ေလာက္ငွပါတယ္။ လူေလးတို႔ ေ႐ြးခ်ယ္လိုက္တဲ့ ပစၥည္းေတြက လူေလးတို႔ အခန္းေ႐ြးတာနဲ႔ တူတူပါပဲ ။ မနက္ျဖန္မွ သင္ၾကားမႈေတြ စ ပါမယ္။ ပညာသင္ေနစဥ္ကာလအတြင္း က်င့္သုံးရမယ့္ စည္းကမ္းခ်က္ေတြကေတာ့ လူေလးတို႔ အိပ္စက္မယ့္ အိပ္ယာေပၚမွာ တင္ထားပါတယ္။ ဖတ္ၾကည့္ၾကေပါ့။ အနားယူၾကေပေတာ့။"

ဆရာႀကီးက ေျပာၿပီးသည္ႏွင့္ အိမ္ထဲမွ ထြက္သြားသည္။ အေစခံမ်ားက  သူတို႔ ေ႐ြးခ်ယ္ထားသည့္ ပစၥည္းမ်ားေပၚမူတည္၍ အခန္းမ်ားဆီသို႔ ပို႔ေဆာင္ေပးၾကသည္။ ေစာယြန္းက မိမိ
ခန္႔မွန္းသည္မွာ မွန္ေနသျဖင့္ တစ္ခ်က္ျပဳံးမိသည္။ အနည္းဆုံးေတာ့ သုႏၶႏွင့္ ႏွစ္ေယာက္ထဲ တစ္ခန္းေနရမည္ျဖစ္သည္။ 

ေစာယြန္းတို႔ႏွင့္ပါလာေသာ အေစခံမ်ားကိုေတာ့အေဆာင္မႀကီး၏ ဘယ္ဖက္က အိမ္တန္းလ်ားတြင္ ေနထိုင္ေစသည္။ ေစာယြန္းႏွင့္ သုႏၶ တို႔က အေပၚထပ္႐ွိ ႏွစ္ေယာက္ခန္းတစ္ခန္းတြင္ ေနရသည္။ သုံးေယာက္အထိ အသုံးျပဳႏိုင္သည့္အခန္းမို႔ ႏွစ္ေယာက္ထဲေနလွ်င္ အေတာ္ပင္က်ယ္သည္။ ေစာယြန္းက ကုတင္ေပၚတြင္ အဝတ္အစားထုပ္ကို ခ်ကာ ျပတင္းေပါက္သို႔သြားသည္။ ထို႔ေနာက္ အျပင္သို႔ၾကည့္ကာ ပတ္ဝန္းက်င္ကို ေလ့လာသည္။

ထို႔ေနာက္ ေစာယြန္းက ေလတစ္႐ိႈက္ကို ႐ႈသြင္းရင္း ျပတင္းေပါက္ကို ေက်ာခိုင္းကာ အခန္းအတြင္းသို ျပန္လည္မ်က္ႏွာမူလိုက္သည္။ သုႏၶက ပုဆိုး တစ္ထည္ကို ယူကာ အခန္းထဲမွ ထြက္ရန္ျပင္သည္။

"ေနာင့္စိုင္း ဘယ္လဲ?"

"ေရခ်ိဳးမလို႔ ... "

"ဟုတ္သားပဲ ၊ ခရီးတစ္ေလွ်ာက္လုံး ဖုန္ေတြခ်ည္းကို ၊ ပီအိုက္လည္း လိုက္မယ္"

ေစာယြန္းက ေျပာေျပာဆိုဆို အထုပ္ထဲမွ ပုဆိုးတစ္ထည္ ယူလိုက္ရင္း သုႏၶ ေနာက္သို႔ လိုက္သည္။ 

ေရခ်ိဳးရန္ေနရာမွာ အေဆာင္အျပင္ဘက္ကို ထုတ္ထားေသာ စားဖိုေဆာင္ေဘးဘက္မွ သြားရၿပီး ေဘးပတ္ပတ္လည္ကို ကာရံထားကာ အလယ္တြင္ အုတ္ကန္ႀကီး တစ္ခု႐ွိသည္။
ေထာင့္တစ္ေနရာတြင္ေတာ့ ပစၥည္းတင္ရန္စင္အခ်ိဳ႕ႏွင့္ ပုဝါအခ်ိဳ႕ ေတြ႕ရသည္။ 

ေစာယြန္းက ဟိုၾကည့္ဒီၾကည့္ျဖင့္ ေခါင္းတစ္ၿငိမ့္ၿငိမ့္လုပ္ေနသည္။ သုႏၶကမူ ေစာယြန္းဆီသို႔ တစ္ခ်က္ လွမ္းၾကည့္ကာ ေခါင္းခါမိသည္။ ေစာယြန္းဆိုသူမွာ အျပင္ပန္းမွၾကည့္လွ်င္ ေပါ့ေပါ့ပါးပါး ေနပုံရေသာ္ျငား ေလွ်ာ့တြက္၍မရပဲ ဉာဏ္မ်ားသူျဖစ္ေၾကာင္း သုႏၶက ေတြးသည္။ ယခုလည္း ေရာက္ထဲက စူးစမ္းေနသည္မွာ မရပ္ေသးေပ။ 
ေစာယြန္းမွာေတာ့ သပ္သပ္ရပ္ရပ္ႏွင့္ စီမံထား
သည့္ ေရခ်ိဳးသည့္ေနရာကို သေဘာက်ေနသည္။ ထို႔ေနာက္ သုႏၶဘက္သို႔ တစ္ခ်က္လွည့္ၾကည့္ၿပီး စကားေျပာရန္ျပင္သည္။ 

"ဒီအေဆာင္က အားလုံး ေသေသသပ္သပ္နဲ႔ စနစ္က်….. "

သို႔ေသာ္ ေစာယြန္းက သုႏၶကို ျမင္ၿပီး လန္႔သြားကာ ေျပာလက္စ စကားပင္ ရပ္သြားသည္။

"ဟုတ္တယ္ပ။"

သုႏၶက ျပန္ေျဖရင္း ေရတစ္ခြက္ခပ္ကာ ေရခ်ိဳးသည္။ 

"ေနာင့္စိုင္း ၁၇ ႏွစ္ ဟုတ္ပါတယ္ေနာ္ "

ေရေလာင္းေနေသာ သုႏၶ၏ လက္မ်ားက လမ္းမွာတင္ ​ရပ္တန္႔သြားသည္။ ထို႔ေနာက္ ေစာယြန္းဘက္သို႔ တစ္ခ်က္လွည့္ၾကည့္ရင္ ျပန္ေျဖသည္။ 

"ပီအိုက္ကို ဘာေၾကာင့္ မုသားစကားေျပာရမွာလဲ ?"

သုႏၶက  အေပၚပိုင္းဗလာက်င္းျဖင့္ ခါးတြင္ ပုဆိုးကိုဝတ္ထားသည္။ ဝမ္းဗိုက္မွာ ခ်ပ္ကပ္ေနၿပီး ၂၁ရာစုအေခၚ Six pack ကလည္း အထင္းသားပင္။ လက္ေမာင္းႂကြက္သားမ်ားကလည္း အမို႔အေမာက္မ်ားႏွင့္ ျဖစ္ေနေသာ္ျငား အ႐ုပ္ဆိုးလွသည္မဟုတ္။ အသားညိဳညိဳ အရပ္႐ွည္႐ွည္ကိုမွ ခႏၶာကိုယ္အေနအထားကပါ ၾကည့္ေကာင္းေနသည္မို႔ အ႐ြယ္ေရာက္ၿပီးသား ေယာက်္ားသား တစ္ဦးကို ျမင္ေနရသလိုပင္ျဖစ္သည္။ ထိုပုံစံကို ျမင္လိုက္ရေသာ ေစာယြန္းမွာ သုႏၶကို ၁၇ႏွစ္ဆိုသည္ကို မယုံႏိုင္ေပ။ 

ေစာယြန္းက ျပန္မေျဖႏိုင္ပဲ ပါးစပ္အေဟာင္းသားႏွင့္  သူ႕လက္ေမာင္းကို ေကြးကာ က်န္လက္တစ္ဖက္ျဖင့္ လက္ေမာင္းကို ဆုပ္ကိုင္ျပသည္။ ထို႔ေနာက္ ဗိုက္ကို ပြတ္ျပသည္။ သုႏၶက သူ၏ ခႏၶာကိုယ္ကို သူျပန္ၾကည့္ကာ ပခုံးႏွစ္ဖက္တြန္႔ျပသည္။

"ဒါက ပုံမွန္ပါပဲ ၊ ပီအိုက္သာ အသက္ႀကီးၿပီး
ျဖဴျဖဴေသးေသးနဲ႔ ညႇပ္ေနတာပ။"

ေစာယြန္းစိတ္ထဲ ေထာင္းခနဲ႔ ေဒါသထြက္သြားသည္။ မိမိမွာ အရပ္ ၅ေပ ၁၁လက္မ႐ွိၿပီး
သူ႕အရပ္အေမာင္းႏွင့္ဆို ၾကည့္ေကာင္းသည့္ ခႏၶာကိုယ္အေနအထားလည္း ႐ွိသည္ကို ညႇပ္သည္ဟု အေျပာခံရသည္မွာ ရင္နာစရာ ေကာင္းလွသည္။ မိမိမွာ ပုံမွန္ျဖစ္ၿပီး ထို ၁၇ႏွစ္သားကသာ အထြားလြန္ေနျခင္းဟု ေတြးကာ
ေစာယြန္းသည္ ေဒါသမ်ား အလိပ္လိုက္ထြက္လာသည္။ 

"မင္းသာ ထြားေနတာ ၊ ငါက ပုံမွန္ပဲ"

ေစာယြန္း အလြန္တိုးေသာ အသံႏွင့္ ေျပာၿပီးေနာက္ အေပၚအဝတ္ခြၽတ္ကာ ေရခ်ိဳးရန္ျပင္သည္။ 

သုႏၶက  အေပၚဝတ္မပါေသာ ေစာယြန္းကို လွမ္းၾကည့္ရင္ေျပာသည္။ 

"ကြၽႏ္ုပ္ ႐ွမ္းအမ်ိဳးအႏြယ္ အေတာ္မ်ားမ်ားေတြ႕ဖူးၾကဳံဖူးပါတယ္၊ ဒါေပမယ့္ ပီအိုက္ က အေတာ္အသားျဖဴတာပဲ။"

"မနာလိုတာလား ?"

ေစာယြန္း၏ ေလသံကအနည္းငယ္ ေျမာက္ႂကြႂကြႏွင့္။

"မဟုတ္ပါဘူး ၊ ေယာက်္ားသားဆိုတာ အသားညိဳညိဳႏွင့္ ခန္႔ညားသင့္တာမဟုတ္ေပေလာ။
ဒါမွ အားကိုးခ်င္စရာေကာင္းမည္ေလ။"

သုႏၶက ျပဳံးစစျဖင့္ ျပန္ေျပာသည္။

"မနာလိုရင္ မနာလိုတယ္ေပါ့။"

သုႏၶက အမူအရာသုံးခုကို တဆက္တည္းလုပ္ျပသည္။ မ်က္ေမွာင္ၾကဳံ႕သည္။ ထို႔ေနာက္ ျပဳံးလ်က္ ေခါင္းခါသည္။ ေစာယြန္းက လက္ထဲက ေရဖလားႏွင့္ သုႏၶကို ေခါင္းေခါက္ပစ္ခ်င္စိတ္ကို မနည္းခ်ဳပ္တည္းထားရသည္။

"အသားအေရာင္ မခြဲျခားပါနဲ႔။ အသားျဖဴၿပီး ဗလမ႐ွိရင္ေတာင္ အားကိုးလို႔ရတာပဲ။ ဒီလိုသာဆို အ႐ွင့္သားကို ကြၽန္ေတာ္မ်ိဳးက တစ္သက္လုံး အားကိုးေနရမွာေပါ့ !"

 "ပီအိုက္သေဘာပ။ အသားညိဳညိဳ ဗလငါးတန္ျပည့္စုံတဲ့ ေဟာဒီက ေနာင့္စိုင္းကို တစ္သက္လုံးအားကိုးမယ္ဆိုလည္း ကိုးေပါ့။"

ေစာယြန္း၏ ေဒါသမ်ားက ေလႏွင့္အတူပါသြားပုံရသည္။ ေစာယြန္း၏ ႏႈတ္ခမ္းမ်ားက အေပၚသို႔ ေကြးၫြတ္သြားၿပီး သူ႕ မ်က္လုံးမ်ားကလည္း လိုက္ျပဳံးၾကသည္။

"ဘာေတြျပဳံးေနျပန္ၿပီလဲ ၊ ခုနကပဲ စိတ္တိုေနတာမဟုတ္ဘူးလား?"

ေစာယြန္းက အုတ္ကန္ေပၚ လက္တင္ကာ ေမးေထာက္၍ သုႏၶကို မ်က္ခုံးပင့္ျပသည္။ 

"တကယ္ တစ္သက္လုံးေနာင့္စိုင္းကို အားကိုး
မလားလို႔ ေတြးေနတာ။ ဒီ ၃ ရက္အတြင္း ပီအိုက္ရဲ႕ ဉာဏ္နီဉာဏ္နက္ တခ်ိဳ႕ကို ေနာင့္စိုင္းျမင္ထားတယ္ဟုတ္? အခုလည္း ဉာဏ္ျဖဴ ဉာဏ္ျပာ ဉာဏ္အေရာင္စုံထုတ္ၿပီး တစ္သက္လုံး ဘယ္လို ကပ္ၿပီး အားကိုးရမလဲေတြးေနတာေလ
အဟင္း။"

သုႏၶကေတာ့ ေၾကာင္အမ္းအမ္းျဖစ္သြားကာ ရပ္ေနမိသည္။

"အားကိုးမယ္ေနာ္။"

ေစာယြန္းက  သုႏၶ၏ Six pack ကို   လက္သီးျဖင့္ အသာထိကာ မ်က္လုံးတစ္ဖက္မွိတ္ျပသည္။ 

သုႏၶမွာေတာ့ ၾကက္သီးမ်ားပင္ထလာကာ အႏၲရာယ္ အေငြ႕အသက္ မ်ားကို ခံစားေနရသည္။ ေစာယြန္းကေတာ့ သုႏၶကိုၾကည့္ကာ ႀကိတ္ျပဳံးျပဳံးသည္။  

"ေရခ်ိဳးေတာ့ ၊ အခ်ိန္ၾကာေနၿပီ ။"

သုႏၶက အေျခအေနကိုေျပာင္းရန္ ႀကိဳးစားသည္။ သို႔ေသာ္ ေစာယြန္းက ျပန္ေမးခြန္းထုတ္သည္။

"ပီအိုက္ေနမေကာင္းျဖစ္မွာ စိုးရိမ္လို႔လား?"

သုႏၶက ေရခ်ိဳးေနရင္း ႐ုတ္တရက္  ပူလာသလိုပင္ ခံစားလာရသည္။ 

"....."

ျပန္မေျဖေသာ္လည္း နား႐ြက္မ်ားနီေနသည္မို႔ ေစာယြန္းက ရယ္ခ်င္စိတ္ကို မနည္းေအာင့္ထားရသည္။ ထို႔ေနာက္ ေရအျမန္ခ်ိဳးရန္သာ ဦးတည္လိုက္သည္။ ၾကာလွ်င္ အေအးပတ္ကာ ဖ်ားေပဦးမည္။

ႏွစ္ဦးသား ခပ္ျမန္ျမန္ပင္ ေရခ်ိဳးျခင္းကို လတ္စသတ္ၿပီး အခန္းျပန္ၾကသည္။ အခန္းထဲ ေရာက္ေတာ့လည္း ပစၥည္းအခ်ိဳ႕ေနရာခ်ရင္းျဖင့္ အခ်ိန္က ညေနေစာင္းသို႔ ေရာက္သည္။ စာသင္သားမ်ားအားလုံး စားဖိုေဆာင္တြင္ ျပင္ဆင္ေပးေသာ ညစာကို အတူစားၾကသည္။ အားလုံး ၿပီးစီးသည္ႏွင့္ အေစခံ တစ္ဦးက ဆရာႀကီးမွာၾကားသည္ကို အသိေပးသည္။

"ဆရာႀကီးက မနက္ျဖန္ နံနက္ အာ႐ုဏ္ခ်ိန္ေရာက္သည္ႏွင့္ စာသင္ေဆာင္ကို အေရာက္လာေပးဖို႔ မွာၾကားထားပါတယ္။ ၿမိဳ႕ေတာ္သားမ်ားကေတာ့ အခ်ိန္ကို ပဟိုရ္စည္ ျမည္မွ သိတာေၾကာင့္ စာသင္သားအားလုံးတို႔ကို မနက္အ႐ုဏ္တက္ခ်ိန္ေရာက္တာႏွင့္ အခန္းတိုင္းကို တံခါး ျပင္ပကေန ၃ ခ်က္ေခါက္ၿပီး ႏိႈးေပးပါမည္။ "

အားလုံးလည္း ဆိုလိုရင္းကို သိၿပီးသည္ႏွင့္ မိမိအခန္းသို႔ျပန္ကာ အနားယူၾကသည္။ 

ေစာယြန္းကေတာ့ အခန္းထဲ ေရာက္သည္ႏွင့္ ျပတင္းေပါက္နားသို႔ ထိုင္ခုံကို ဆြဲယူရင္း ထိုင္သည္။ ထို႔ေနာက္ ေအးခ်မ္းလွကာ ထြန္းလင္းေနေသာ လမင္းကို တစ္ခ်က္ၾကည့္ကာ ေလေအးမ်ားကို တစ္႐ိႈက္႐ႈသြင္းသည္။ ခံစားမႈက ေအးခ်မ္းလြန္းလွသည္။ ထို႔ေနာက္ ေဘး႐ွိခုံေပၚမွ ခ်ယ္ရီသားျဖင့္ ျပဳလုပ္ထားေသာ ဘီးကို လွမ္းယူရင္း ေသွ်ာင္ထုံးကို ျဖည္သည္။ ေဝ့ဝဲက်လာေသာ ဆံႏြယ္ေတြကို ၿဖီးသင္ရင္း ထုံးစံအတိုင္း အေနာက္သို႔ ခပ္ေလ်ာ့ေလ်ာ့စုစည္းသည္။ ထိုအလုပ္မွာလည္း ေစာယြန္းဘဝရဲ႕ ေန႔စဥ္လုပ္ေဆာင္မႈ တစ္ခုလိုပင္ျဖစ္ေနသည္။ 
ေစာယြန္း ဆံပင္စည္းၿပီး အေနာက္ကို တစ္ခ်က္လွည့္ၾကည့္ရာ သူ႕ကို မမွိတ္မသုန္ ၾကည့္ေနေသာ သုႏၶႏွင့္ အၾကည့္ခ်င္း ဆုံသြားသည္။ အၾကည့္ဆုံခ်ိန္ကား မ်က္ေတာင္တစ္ခါခတ္ယုံမွ်သာ ၾကာလိုက္ၿပီး သုႏၶက ခ်က္ခ်င္း ျပန္လွည့္သြားကာ အိပ္ရာျပင္သည္။ ေစာယြန္းက တစ္ခ်က္ျပဳံးလိုက္ၿပီး စကားဆိုသည္။ 

"ေနာင့္စိုင္း အိပ္ေတာ့မလို႔လား ?"

"အင္း"

သုႏၶက လွည့္မၾကည့္ပဲ လုပ္စရာ႐ွိတာလုပ္ရင္း တိုတိုတုတ္တုတ္ ျပန္ေျဖသည္။

"မအိပ္ခင္ ခဏေလာက္ ဒီကိုလာပါလား ?
ပီအိုက္ စကားေျပာခ်င္လို႔။"

ေစာယြန္းက အနားကို ခုံတစ္လုံး ဆြဲယူရင္းေျပာသည္။ သုႏၶက အနည္းငယ္မ်က္ေမွာင္ၾကဳံ႕ရင္း ေျပာသည္။

"မလာေတာ့ဘူး ၊ ကြၽႏ္ုပ္ နားခ်င္ၿပီ။"

"အာ….၊ ေနာင့္စိုင္းကလည္း ခဏေလးပဲဆို ၅မိနစ္ေလာက္ပဲ ။"

"၅မိနစ္ ?"

သုႏၶက ေစာယြန္းကို ထူးဆန္းသည့္အၾကည့္ႏွင့္ၾကည့္သည္။

"ခဏဆို ရၿပီေျပာတာ ၊ လာပါဆို။"

ေစာယြန္းက ခုံကို ပုတ္ျပရင္းေျပာေတာ့ သုႏၶလည္း မလြန္ဆန္ႏိုင္သည္မို႔ အနားကို သြားမိသည္။ 

"ဘာေျပာမလို႔လဲ?"

သုႏၶက ခုံမွာထိုင္လိုက္ရင္း ေမးသည္။

"ပီအိုက္ေျပာခ်င္တာက ဘာအေၾကာင္းရယ္လို႔မဟုတ္ပဲ ၊ ဒီအတိုင္း စကားစျမည္ေျပာခ်င္လို႔ပါ။ ၿပီးေတာ့ အျပင္ကို ၾကည့္ပါလား လ ကလည္းသာလို႔ ၊ ေလကလည္း ေအးေနတာ ခဏေလာက္ စကားေျပာၾကေတာ့ ပိုမေကာင္းဘူးလား။ ထမင္းစားၿပီးၿပီးခ်င္း အိပ္တာမေကာင္းဘူးပ။ ၿပီးရင္ေတာ့ အိပ္ၾကမယ္ေလ"

"အင္း။"

သုႏၶက ျပတင္းေပါက္မွ တစ္ဆင့္ ျမင္ရေသာ လမင္းအား ၾကည့္ရင္း ေျဖသည္။ 

" အင္း တစ္လုံးပဲေျပာတတ္တာလား?"

"အင္း "

ေစာယြန္းစိတ္မ႐ွည္ေတာ့။ မိမိက အေကာင္းေျပာေနေသာ္လည္း သုႏၶက စိတ္မပါသလို ျပဳမူေနသည္မို႔ ။

"ေတာ္ၿပီ မေျပာေတာ့ဘူး ၊ စကားေျပာရမွာ ပင္ပန္းေနရင္လည္းမေျပာနဲ႔ေတာ့ ၊ ေခၚမိတဲ့ ဒီက မွားတာ။"

ေစာယြန္းက ပြစိပြစိ ေျပာရင္း ထိုင္ခုံမွ ထကာ
ကုတင္ဘက္ကို သြားရန္ျပင္သည္။ သို႔ေသာ္
သုႏၶက သူ႕ လက္ကို အားႏွင့္ ေဆာင့္ဆြဲလိုက္သျဖင့္ ေစာယြန္းက ထိုင္ခုံေပၚသို႔ ဖင္ထိုင္ရက္ျပန္က်သည္။ အ႐ွိန္ပါေသာေၾကာင့္ နာသြားသ
ျဖင့္ ေစာယြန္းက ဘုၾကည့္ ၾကည္သည္။ ထိုအခါမွသာ သုႏၶက လက္ကို လႊတ္သည္။

"မေျပာေတာ့ဘူး သြားအိပ္ေတာ့ေလ၊ အိပ္ခ်င္ေနတယ္ဆို ၊ သြား သြား။ "

ေစာယြန္းက ေဘာက္ဆတ္ဆတ္ျပန္ေျပာသည္။

"စကားေျပာၾကမယ္ေလ။"

"အိပ္ခ်င္ေနၿပီ ၊ အိပ္ေတာ့မယ္"

"ပီအိုက္က ကေလးလား? "

ေစာယြန္းက တစ္ခ်က္ မ်က္ေစာင္းထိုးမိသည္။ သုႏၶကေတာ့ ျပဳံးလိုက္ရင္း စကားဆက္သည္။ 

"လာပါ စကားေျပာမယ္၊ပီအိုက္ကို ေမးစရာ႐ွိတာနဲ႔ အေတာ္ပဲ။ ပီအိုက္က ပီအိုက္ရဲ႕ လက္ေတြကို လွေနဖို႔သက္သက္ အနာတရမျဖစ္ေစတာ မဟုတ္ဘူးလို႔ ဆိုခဲ့တယ္မဟုတ္လား ? ဘာအေၾကာင္းေၾကာင့္ လက္ကို အထိခိုက္မခံတာမ်ားလဲ ? "

ေစာယြန္းက နဖူးေပၚတြင္ ဝဲက်ေနေသာ ဆံပင္အခ်ိဳ႕ကို နားေနာက္သို႔ သိမ္းလိုက္ၿပီး ေျပာသည္။ 

"ပန္းခ်ီဆြဲတဲ့သူမို႔ လက္ကို တန္ဖိုးထားတာ။"

"ပန္းခ်ီဆြဲတယ္လား ?"

"မယုံလည္း မတတ္ႏိုင္ဘူး။"

"ေတြ႕ၿပီလား ? ေနာင့္စိုင္းကို အသက္ ၁၇ ႏွစ္မွဟုတ္ရဲ႕လားလို႔ ေမးရင္ ေနာင့္စိုင္းလည္း ေဒါသျဖစ္မိတာပ။"

သုႏၶက ေလေျပႏွင့္ ေျပာသျဖင့္ ေစာယြန္းက ေခါင္းညိတ္လိုက္ရသည္။ စကားတတ္လွေသာ ထိုေကာင္ေလး။ ထြက္လုဆဲဆဲ ေဒါသပင္ သူ႕စကားေၾကာင့္ ျပန္ဝင္သြားရသည္။

လေရာင္က အခန္းထဲတြင္ ျဖာက်ေနၿပီး သူတို႔ႏွစ္ေယာက္လုံး၏ အရိပ္မ်ားက ၾကမ္းေပၚတြင္ နီးကပ္စြာ႐ွိေနၾကသည္။ သုႏၶကလည္း ဆံပင္မ်ားကို ျဖည္ခ်ထားၿပီး သူ႕ဆံပင္မ်ားက ပုခုံးႏွစ္ဖက္ေပၚတြင္တင္ေနသည္။ ေလတိုက္သည့္အခါတိုင္း သူ၏ မည္းနက္႐ွည္လ်ားေသာ မ်က္ေတာင္မ်ားကပါ လႈပ္ခါသြားၿပီး ဆံပင္မ်ားကလည္း အလိုက္သင့္ ေမ်ာလြင့္ၾကသည္။
ေစာယြန္းက သူ႕ကို အေတာ္ၾကာ ၾကည့္ေနၿပီးမွ ႐ုတ္တရက္ေျပာသည္။

"အင္းဝေ႐ႊနန္းေတာ္မွာ ပီအိုက္တို႔ ပထမဆုံးအႀကိမ္ ေတြ႕ဖူးတာကို သတိရမိတယ္။ "

"လသာေဆာင္လား ?"

"ပီအိုက္ မ်က္လုံးထဲမွာ အေတာ္ျပည့္စုံလြန္းတယ္။ သဘာဝေကာ ၊ အေဆာင္ေတာ္ေကာ ၊
စာကို စိတ္ဝင္တစားဖတ္ေနၿပီး
ေဘးပတ္ဝန္းက်င္ကို သတိမထားမိတဲ့ ေနာင့္စိုင္းေကာ ၊ အရာအားလုံးက ျပည့္စုံေနတဲ့ ပန္းခ်ီကားတစ္ခ်ပ္လိုပဲ။  ၾကည့္ရတာ အဲဒီအခ်ိန္နဲ႔ အဲဒီ ျမင္ကြင္းကို တစ္သက္လုံးေမ့ႏိုင္မယ္မထင္ဘူး။"

သုႏၶ၏ မ်က္ခုံးမ်ားက အနည္းငယ္တြန္႔သြားသည္။ သို႔ေသာ္ ေစာယြန္း၏ စကားမဆုံးေသးေၾကာင္း သူသတိထားမိၿပီး ဆက္၍ နားေထာင္ေနသည္။

"ၿပီးေတာ့ ဒုတိယအေခါက္ ေတာထဲမွာ ေနာင့္စိုင္းကို ေတြ႕ေတာ့ ပီအိုက္သိလိုက္တယ္။ ဒါက 
ကံၾကမၼာပဲေပါ့။  အဲဒီအခ်ိန္မွာ ငါေတာ့
ဒီမင္းသားေလးနဲ႔ ရင္းႏွီးခ်င္လိုက္တာ~လို႔ အေတြးဝင္မိတယ္။  ဒီဘက္ေလာကမွာ သူစိမ္းတစ္ေယာက္ကို မိတ္ေဆြဖြဲ႕ရတာ လြယ္မယ္မထင္ဘူး။ ေငြေၾကးဥစၥာတို႔ ရာထူးေနာက္ခံတို႔ေၾကာင့္မဟုတ္ပဲ မိတ္ေဆြေကာင္းတစ္ေယာက္ရဖို႔ ဘယ္လိုလုပ္ရမလဲဆိုတာ မသိဘူး။  ခ်မ္းသာတဲ့ မိဘေတြ႐ွိတဲ့ သူေဌးသား ေစာယြန္းမဟုတ္ပဲ ဒီအတိုင္း ေစာယြန္းဆိုတဲ့ သာမန္လူတစ္ေယာက္အျဖစ္နဲ႔ မိတ္ေဆြရဖို႔ မလြယ္ဘူး။"

"ဒါေၾကာင့္ အခုအခ်ိန္ကစၿပီး ေနာင့္စိုင္းနဲ႔
ပီအိုက္တို႔ တစ္ေယာက္ကို တစ္ေယာက္ကူညီၿပီး အၾကာႀကီး ခင္မင္သြားခ်င္တယ္။ ဒါေပမယ့္ ဒီႏွစ္တစ္ႏွစ္စာေတာ့ ေနာင့္စိုင္းက သာမန္ သုႏၶဆိုတဲ့ ေကာင္ေလးတစ္ေယာက္ပဲ။ ပီအိုက္ကလည္း ေစာယြန္းဆိုတဲ့ သာမန္လူတစ္ေယာက္ပဲ။ ပီအိုက္က အကူအညီမေပးႏိုင္ဘူးလို႔ေတာ့ ေျပာလို႔မရဘူး . . . ပီအိုက္က ေပ်ာ္ပါးေသာက္စားေနတဲ့ သူေဌးသားလို႔ ထင္ရေပမယ့္ ပီအိုက္သိတာ တတ္တာ ျမင္တာ ၾကားတာေတြ အမ်ားႀကီးပဲ႐ွိတယ္။ ပီအိုက္က  အနာဂတ္က . .အဲ အနာဂတ္မွာ ေနာင့္စိုင္းရဲ႕ ဒုတိယဦးေႏွာက္ျဖစ္ေပးလို႔ရတာေပါ့။"

သုႏၶႏွင့္ ေစာယြန္းက စကားမေျပာပဲ တစ္ေယာက္ကို တစ္ေယာက္ စိုက္ၾကည့္ေနၾကမိသည္။ သုႏၶက ေနာက္ဆုံးတြင္ ျပဳံးကာ ေခါင္းညိတ္လိုက္သည္။

"ဒါေပမယ့္ တစ္ႏွစ္ၾကာသြားရင္လည္း ကြၽန္ေတာ္က ပီအိုက္ရဲ႕ ေနာင့္စိုင္းပါပဲ။"

ေစာယြန္း၏ မ်က္ေတာင္မ်ားက အနည္းငယ္တုန္ခါသြားသည္။ ၂၁ ရာစုမွာသာ ဤစကားကို သူၾကားပါလွ်င္ သည္ေကာင္ေလး၏ စကားကို တစ္မ်ိဳးတစ္ဖုံ အဓိပၸာယ္ေကာက္မိမည္ထင္သည္။ သို႔ေသာ္ ေစာယြန္းက မတ္တပ္ထရပ္လိုက္ၿပီး သုႏၶ၏ ပခုံးတစ္ဖက္ကို သတိႀကီးစြာထားလ်က္ လက္ျဖင့္ ခပ္ဖြဖြထိကိုင္လိုက္သည္။

"ဒါေပါ့။ ေနာင့္စိုင္းကလည္း ပီအိုက္ရဲ႕ တစ္ေယာက္တည္းေသာ ေနာင့္စိုင္းပါပဲ။"

ေစာယြန္း အျမင္မွားသေလာမေျပာတတ္။
သုႏၶ၏ မ်က္ႏွာအမူအရာက စကၠန္႔ပိုင္းမွ်
ေစာယြန္းကို အေတြးမွားေစသည့္ အမူအရာမ်ိဳး ျဖစ္သြားသည္။ ေစာယြန္းက အိပ္ယာဆီသို႔ ေလွ်ာက္သြားရင္း ဆိုသည္။

"မနက္ေစာေစာ ထရမွာမို႔ အိပ္ယာဝင္ၾကရေအာင္။"

"ေကာင္းပါၿပီ ပီအိုက္။"

သုႏၶဘာေတြးေနသည္ကို သူ႕ေနာက္ေက်ာကို ၾကည့္႐ုံႏွင့္ ေစာယြန္း အတတ္မေျပာႏိုင္ေပ။ ကဆုန္လ၏ ဆန္းသစ္စ လကို သုႏၶက မိနစ္အနည္းငယ္မွ် ေမာ့ၾကည့္ေနသည္။ 

"ဒါနဲ႔ ဒီအိမ္မွာ သရဲတေစၧတို႔ဘာတို႔ မ႐ွိေလာက္ပါဘူးေနာ္။ ဒါေပမယ့္လည္း ေနာင့္စိုင္းကို အားကိုးမယ္ေျပာထားတာပဲ။ သရဲေျခာက္ရင္ အားကိုးမယ္ေနာ္။"

သုႏၶထံမွ ရယ္သံတိုးတိုးကို ေစာယြန္းၾကားလိုက္ၿပီး ျပဳံးလိုက္သည္။ ခဏအၾကာတြင္  သုႏၶထံမွ ေမတၱသုတ္႐ြတ္သံကို ခပ္ေရးေရးၾကားလိုက္ရသည္။ အိပ္ယာဝင္ခါနီး ဘုရား႐ွိခိုးရန္ပင္ ေမ့ေလ်ာ့ေနေသာ ေစာယြန္းက အိပ္ယာေပၚတြင္ လွဲေလ်ာင္းေနရင္း လိုက္႐ြတ္သည္။ ခဏအၾကာတြင္ တစ္စုံတစ္ေယာက္က သူ႕ကို ေစာင္ပါးတစ္ထည္ျခဳံေပးသည္ကို သိလိုက္ၿပီးေနာက္ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္သြားသည္။


Continue Reading

You'll Also Like

698K 78.7K 200
ဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး...
56.7K 4.1K 8
zaw gyi version Shuu~~~ခင္ဗ်ားတို႔ကို ကြၽန္ေတာ့္ရဲ႕ခ်စ္ရသူ ပိစိေလးနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ ဖတ္ေပးၾကမယ္ ဟုတ္? အခုမွ fic စေရးမွာဆိုေတာ့ အားေပးၾကပါခင္ဗ်...
221K 18.4K 60
Start Date-1/12/2021 End Date-4/4/2022 Rebirthေလးပါ 1900ေခတ္ပိုင္းကို စိတ္ကူးယဥ္ေရးဖြဲ႔ထားတာပါ ေနရာေဒသ အသံုးအေဆာင္ အသံုးအႏႈန္းမ်ားသည္ ယဥ္ေလးရဲ႕စိတ္ကူ...
490K 23.1K 50
Seme က Uke ကို ဘယ္​​ေလာက္​ခ်စ္​သလဲ? ငံုထားမတတ္​ခ်စ္​ပါတယ္​။ 😁😁😁 ကိုယ္​့အႀကိဳက္​ angst ​ေတြ drama ​ေတြ​ေရးၿပီး​ေတာ့ စာဖတ္​သူအႀကိဳက္​​ေလး​ေရးျဖစ္​တာ...