Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.
အခန်း (၁၆)/က
Translator - Shi Sheng
--------------------
ရန်ကျင်းက သူ့သမီးကြီးနှင့် သူ့သမက်ကို ရန်အိမ်တော်တွင် နေကာ ညနေစာစားရန် ဖိတ်ခေါ်ခဲ့သည်။
ရန်ရှီးနဥ်က လိုအပ်တာထက်ပိုပြီး ရန်အိမ်တော်တွင် မနေချင်တာကို ဖေ့ကျင်းသိ၍ ရန်ကျင်း၏ဖိတ်ခေါ်ချက်ကို ယဥ်ယဥ်ကျေးကျေးပဲ ငြင်းပယ်လိုက်၏။
ရန်ကျင်းက ဖေ့ကျင်းနှင့် ရန်ရှီးနဥ်တို့ကို အရှေ့တံခါးသို့ လိုက်ပို့ခဲ့သည်။
"မင်းအမေ ဘယ်မှာလဲ" ရန်ကျင်းက ရန်ရှီးထင်ကို မေးလိုက်၏။
ရန်ကျင်းက မင်းသမီးခန်းဟွာကို စားသောက်ပွဲပြီးကတည်းက မမြင်မိတော့။
"အမေ နေထိုင်မကောင်းလို့"
ရန်ရှီးထင် ဆက်ပြော၏။
"အိပ်ခန်းဆောင်ထဲမှာ နားနေတာ"
မုဆိုးမလီကို တွေ့ပြီးနောက်မှာ သူ့အမေ ရုတ်တရက်ကြီး ထနေထိုင်မကောင်းဖြစ်တာကို ရန်ရှီးထင် သံသယဖြစ်မိသည်။
ရန်ကျင်း မျက်မှောင်ကြုတ်ကာ ခေါင်းခါလိုက်သည်။ မင်းသမီးခန်းဟွာက တဖြည်းဖြည်းနှင့် ယဥ်ကျေးမှုမရှိ ဖြစ်လာသည်ဟု သူ တွေးလိုက်သည်။
သူမအဖေ၏ အပြစ်ရှိသည့်မျက်နှာမျိုးကို ရန်ရှီးနဥ် သေချာမြင်လိုက်ရသည်။ သူ့ကြောင့် သူမခွန်အားတို့ကို အလကားဖြစ်မခံနိုင်၍ ယဥ်ယဥ်ကျေးကျေး နှုတ်ဆက်စကားဆိုလိုက်သည်။
"အဖေ ဖူကျွင်းနှင့်သမီး အရင်သွားတော့မယ် အမေက နေမကောင်းဘူးဆိုမှတော့ အဖေ သူ့ကို ကောင်းကောင်းဂရုစိုက်သင့်တယ်"
ရန်ကျင်း ပိုပြီး အပြစ်ရှိသလို ခံစားလာရသည်။ သူ့သမီးကြီးက တကယ့်ကိုပဲ သားသမီးဝတ္တရားကျေပွန်လှသည်။
ဖေ့ကျင်းနှင့် ရန်ရှီးနဥ်တို့ ထိုင်းမှိုင်းနေသော မြင်းလှည်းထဲတွင် ထိုင်နေကြသည်။
သူမက ပြတင်းပေါက်က ခန်းဆီးကို ဖယ်လိုက်ပြီး ယပ်တောင်လေးကို ဝှေ့ယမ်းလိုက်၏။
အပြင်ဘက်ရှိ ကောင်းကင်သည်ကား တောက်ပနေဆဲဖြစ်ကာ နန်းမြို့တော်ရှိ လမ်းများမှာ လူများဖြင့် ကြိတ်ကြိတ်တိုးစည်ကားနေသည်။
"ကျွန်မတို့ အိမ်ပြန်နေကြတာလား" ရန်ရှီးနဥ် မေးလိုက်၏။
ဖေ့ကျင်းက စားသောက်ပွဲတွင် သေရည်တော်တော်များများ သောက်ခဲ့သည်။ သူ ဣန္ဒြေရရဖြစ်စေရန် မြင်းလှည်းကိုသာ စီးခဲ့သည်။ သူ့မျက်လုံးများက ပိတ်ထားသော်လည်း ရန်ရှီးနဥ်၏ ပျော်ပျော်ရွှင်ရွှင်ဖြစ်နေသောအသံကို ကြားလိုက်ရသည်။
"မင်း မှန်တယ်" ဖေ့ကျင်း ပြောလိုက်၏။ "အခု အစောကြီးရှိသေးတယ်"
ဖေ့ကျင်းက ရန်ရှီးနဥ်၏ လက်မောင်းကို ဆွဲကာ သူ့နားကို ကပ်စေပြီး သူမယပ်တောင်နှင့် ယပ်ခပ်ပေးရန် အမူအယာပြလာသည်။
"ဘာအဓိပ္ပာယ်လဲ" ရန်ရှီးနဥ်က မေးလိုက်၏။
ရန်ရှီးနဥ် စိတ်ကောင်းဝင်နေလေသည်။ ထို့ကြောင့် သူမ ဖေ့ကျင်းမျက်နှာရှေ့တွင် လိုလိုလားလားနှင့် ယပ်ခပ်ပေးလိုက်သည်။
"လက်ထပ်ပြီးကတည်းက ပျော်စရာမကောင်းတော့ဘူး" ဖေ့ကျင်းက ပဟေဠိဆန်ဆန် ပြောလာသည်။
"ငါတို့ နည်းနည်းလောက် ပျော်စရာလေးတွေ သွားရှာရအောင် မင့်ယောက်ျားက ပူပင်ကြောင့်ကြကင်းတဲ့ ငါတို့အနာဂတ်အတွက် အစီအစဥ်တွေ ဆွဲထားတယ် ငါတို့ နန်းမြို့တော်ထဲမှာ ခဏလောက် ကစားမယ် ပြီးရင် နန်းမြို့အပြင်ဘက်က နေရာတိုင်းမှာလည်း ကစားမယ်"
သူ ရန်ရှီးနဥ်၏မျက်နှာအနီးသို့ တိုးကပ်လိုက်၏။
"ရှင်မ ဘယ်လိုထင်လဲ"
ရန်ရှီးနဥ်မျက်ဝန်းများကား စိတ်လှုပ်ရှားမှုတို့ဖြင့် တောက်ပသွားသည်။
"တကယ်လား"
သူမ နန်းမြို့တော်တွင် နေရမည်ကို သေလောက်အောင် မုန်းသည်ကို ဘုရားသာသိမည်။
ဖေ့ကျင်း ပြုံးလျက် ခေါင်းညိတ်၏။
"ရှင်မကို လိမ်စရာလား"
"အစ်ကိုကြီး ရှင် အမြဲတမ်း ကျွန်မကို လိမ်ခဲ့တာပဲ မဟုတ်လား" ရန်ရှီးနဥ်မေးလိုက်၏။
ဖေ့ကျင်းက ရန်ရှီးနဥ်ကို ဖက်လိုက်သည်။
"ရှင်မ နူးညံ့သိမ်မွေ့ဖို့ သတိရဦးလေ"
"အစ်ကိုကြီး ရှင်က မင်းသား မဟုတ်လား" ရန်ရှီးနဥ် မေးလိုက်၏။ "နန်းမြို့အပြင်ဘက်မှာ ဘယ်လိုလုပ်ကစားနိုင်တာလဲ"
ဖေ့ကျင်း ရယ်လိုက်၏။
"ကိုယ်က အပျော်မက်တဲ့မင်းသားဆိုတာ မမေ့နဲ့လေ"
ရန်ရှီးနဥ် အတွေးနက်သွားသည်။
ဖေ့ကျင်းက ကြင်နာတတ်သော မင်းသားကိုးအဖြစ် လူသိများပြီး စိုးရိမ်ကြောင့်ကြကင်းကာ ပျော်ပျော်လည်း နေတတ်သည်။ နန်းတွင်းရုံးတော်တွင် သူ့တာဝန်နှင့် ရာထူးမှာ သိပ်အရေးမပါလှချေ။ တည်ငြိမ်အေးချမ်းနေသောအချိန်ကာလတွင် အပျော်မက်သောမင်းသားဘဝတွင်အခွင့်ထူးခံအဖြစ် နေထိုင်လေသည်။ သို့သော်လည်း ဒုက္ခရောက် ကပ်ဘေးဆိုက်သည့်အချိန်ကာလတွင်မူ မင်းမှုထမ်းရန် ဆင့်ခေါ်ခံရလေသည်။ လွန်ခဲ့သောခြောက်နှစ်က ရွှမ်ချင်းတွင် ရေကြီးတာမျိုး၊ လွန်ခဲ့သောနှစ်နှစ်က တောင်ပိုင်းကျန်းနယ်တွင် ပုန်ကန်မှုလိုမျိုးအချိန်မျိုးတွင်ပေါ့။
ထိုအချိန်မျိုးတွင်တော့ မင်းသားခုနှစ်နှင့် အိမ်ရှေ့စံမင်းသားတို့သည် သူတို့အသက်ကို မစွန့်စားလိုကြ။ သို့သော်လည်း ငြိမ်းချမ်းမှုကို ထိန်းသိမ်းရန် တော်ဝင်ပုံရိပ်တစ်ခု လိုအပ်၍ ဖေ့ကျင်းက အသင့်လျော်ဆုံးသူဖြစ်နေသည်။ ဖေ့ကျင်းက အခြေအနေကို နားလည်ပြီး စိတ်လိုလက်ရ အမှုထမ်းသည်။ နောက်တော့ သာမန်ပြည်သူအရပ်သားများက ဖေ့ကျင်းကို ကြင်နာတတ်သော မင်းသားကိုးအဖြစ် ပြောဆိုကြတော့သည်။
တိုင်းပြည်ကို ခြိမ်းခြောက်နေသည့် အရေးကိစ္စများကို ဖေ့ကျင်း ကိုင်တွယ်ဖြေရှင်းပြီးနောက် သူ၏ အပျော်ပျော်မက်သည့်ဘဝထဲသို့ ပြန်သွားလေသည်။ သူဟာ မင်းသားတစ်ယောက်အနေနှင့် သူ့တာဝန်ဝတ္တရားများကို ဆောင်ရွက်ချင်ရုံသာဖြစ်ပြီး နန်းတွင်းရုံးတော်တွင် မည်သည့်အင်အားမျှ လိုချင်စိတ်မရှိချေ။ သူသည် မြေနီအရောအနှောအဖြစ် အမြင်ခံရပြီး လိုအပ်သည့်နေရာတိုင်းသို့ ပို့ဆောင်ခြင်းခံရလေသည်။ အသုံးချပြီးနောက် အနာဂတ်တွင် ဘေးပို့ခံရမည်သာ။ တောက်ပသောအလင်းရောင်အောက်တွင် သူသည်ကား မျက်နှာသာပေးခံရသော ညီအစ်ကိုများကို ကာကွယ်ရန် ဒိုင်းတစ်ခုအနေဖြင့် အသုံးချခြင်းခံရလေသည်။
ဖေ့ကျင်းက သူ့အရည်အချင်းအတွက် တကယ်ပဲ အသိအမှတ်ပြု မခံချင်ဘူးလားဆိုတာ ရန်ရှီးနဥ် သိချင်မိသည်။
သူမ သူ့အတွက် စားစရာယူလာပေးခဲ့ဖူးသော တစ်ခါတုန်းက ညတစ်ညကို ပြန်သတိရမိသည်။ သူသည် ဖယောင်းတိုင်မီးရောင်အောက်တွင် ရေကြီးမှုကြောင့် ဖြစ်လာရသော ပျက်ဆီးဆုံးရှုံးမှုများကို လျှော့ချရန် နည်းဗျူဟာများကို ကြိုစားပမ်းစား ရေးဆွဲနေခဲ့သည်။ သို့သော်ငြား သူ့နည်းဗျူဟာများကြောင့် ရရှိလာသော ချီးကျူးခံရမှု အသိအမှတ်ပြုခံရမှုတို့ကို တစ်စုံတစ်ယောက်က ယူသွားခဲ့သည်။
ရန်ရှီးနဥ်တွေးမိတာက ဖေ့ကျင်းသည် ရက်စက်ကြမ်းကြုတ်လှသော နန်းတော်အတွင်းတွင် အသက်ရှင်နေထိုင်နိုင်ရန် အသုံးမကျ အချစ်မခံရသော မင်းသားအဖြစ် တစ်ခြားသူများကို ရည်ရွယ်ချက်ရှိရှိ မြင်စေလိုခြင်းပင်။ မဟုတ်လျှင်
တောင်းပိုင်းကျန်းနယ်တွင် ပုန်ကန်သူများကို နှိမ်နင်းပြီးနောက်မှာ စစ်တပ်ကို ထိန်းချုပ်နိုင်ခြင်းကို လက်လွှတ်ကာ အပျော်မက်သော မင်းသားအဖြစ်နှင့် ဆက်နေမည်နည်း။
ရန်ရှီးနဥ် ဖေ့ကျင်းကို စိုက်ကြည့်လိုက်သည်။ သူ့ဦးခေါင်းက သူမပေါင်ပေါ်တွင် တင်ကာ နားနေသည်။ သူက နက်နဲရှုပ်ထွေး
သောသူဟု သူမ တွေးမိသွားသည်။ သူက ထူးချွန်ထက်မြက်သော ဗျူဟာရှင်ဖြစ်ပြီး သူ့ပင်ကိုစွမ်းရည်က အဖိုးမဖြတ်နိုင်သည်ကို သူမ ဝန်မခံလိုသော်လည်း သူက လောကကြီးကို လှည့်စားရန် သူ၏အစစ်အမှန်စွမ်းရည်ကို နူးညံ့သိမ်မွေ့ကြင်နာတတ်သော မျက်နှာဖုံးအောက်တွင် ဖုံးကွယ်ထားလေသည်။ ရေမြေ့အရှင်ဘုရင်မင်းမြတ်က အလိုမရှိသော သူ့လို တစ်စုံတစ်ယောက်က သနားစရာကောင်းလှသည်....ထိုအတွေးက သူမကို လန့်ဖျပ်သွားစေသည်။
ရန်ရှီးနဥ် အချိန်အတော်ကြာသည်အထိ ထိုင်နေမိသည်။ ဖေ့ကျင်းမျက်လုံးများက ပွင့်လာကာ လန့်ဖျပ်နေသော သူမမျက်နှာကို မြင်လိုက်ရသည်။
"ရှင်မ ဘာတွေတွေးနေတာလဲ"
ဖေ့ကျင်း မေးလိုက်၏။
ရန်ရှီးနဥ် ဖေ့ကျင်း၏မျက်ဝန်းများကို အနီးကပ်ကြည့်လိုက်ကာ ပြုံးလိုက်၏။
"ရှင့်မှာ အားနည်းချက်ရှိလားလို့ စဥ်းစားနေတာ"
ဖေ့ကျင်းက ထက်မြက်သောသူဖြစ်၍ သူ့အားနည်းချက်က ဘာလဲဆိုတာ မြင်နိုင်ရန် သူမအတွက် ခက်ခဲလှသည်ဟု ရန်ရှီးနဥ် တွေးမိသည်။ သူမသာ သူ့အားနည်းချက်ကို ရှာတွေ့ထားပါက နောင်အနာဂတ်တွင် သူမကို သူအနိုင်မကျင့်နိုင်တော့ပေ။
ဖေ့ကျင်း ရယ်မောလိုက်၏။ သူ ရန်ရှီးနဥ်၏ လည်ပင်းသားလေးကို ကိုင်လိုက်ကာ သူမခေါင်းကို အောက်ဆွဲချလိုက်ပြီး သူမ အသက်ရှူဖို့ မေ့သည်အထိ
နမ်းပါတော့သည်။
"မင်းလေးလေ" ဖေ့ကျင်းပြော၏။
ဖေ့ကျင်း ဘာကိုဆိုလိုသည်ကို ရန်ရှီးနဥ် သိချင်သွားသည်။ သူမ သူ့ရင်ဘတ်ကို တွန်းထုတ်လိုက်သော်လည်း သူမအာရုံထွေပြားနေတုန်း ထပ်နမ်းပြန်သည်။
ရန်ရှီးနဥ် ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်၏။ လမ်းများပေါ်ရှိ ရာသီဥတုမှာ သက်ဝင်စည်ကားနေသည်။ ပေါက်စီပူပူနွေးနွေးများအားရောင်းနေသော ဆိုင်ခန်းငယ်တစ်ဆိုင်ကို သူမ မြင်လိုက်ရသည်။ အမျိုးသမီးကြီးတစ်ယောက်က ပေါက်စီများကိုဝယ်ပြီးနောက် ဆိုင်ခန်းငယ်ဆီမှ ထွက်သွားလေသည်။ သူမ မျက်မှောင်ကြုတ်မိလိုက်၏။ ဒီအမျိုးသမီးနောက်ကျောကိုကြည့်ရတာ ရင်းနှီးနေသလိုလို။
"ဘာတွေကြည့်နေတာလဲ"
ဖေ့ကျင်း မေးလိုက်၏။
"ကျွန်မနဲ့ ရင်းနှီးတဲ့ တစ်ယောက်ယောက်ကို တွေ့လိုက်သလားလို့" ရန်ရှီးနဥ် ပြောလိုက်၏။
"ဘယ်သူလဲ" ဖေ့ကျင်း မေး၏။
"အစ်ကိုကြီး ရွှမ်ချင်းက မုဆိုးမလီကို မှတ်မိသေးလား" ရန်ရှီးနဥ် မေးလိုက်၏။
ဒေါ်ဒေါ်သွမ်းနှင့် ရန်ရှီးနဥ်၏ အိမ်ရှိ နူးညံ့သိမ်မွေ့သော အစေခံအမျိုးသမီးအိုကြီးကို ဝိုးတဝါးသာ သူမှတ်မိသည်။
"အင်း သူလုပ်တဲ့ နွေဦးကြက်သွန်ပန်ကိတ်က အရသာရှိတာကို မှတ်မိသေးတယ် ဘာလို့လဲ သူ့ကို တွေ့လိုက်လို့လား"
ရန်ရှီးနဥ် ခေါင်းခါလိုက်သည်။
"မသေချာဘူး အဲ့ဒီအမျိုးသမီးရဲ့ နောက်ကျောကိုပဲ မြင်လိုက်ရတာ သူလို့တော့ ကျွန်မ မထင်ဘူး နန်းမြို့တော်ဆီ သူ့ကို ခေါ်လာချင်ခဲ့တာ ဒါပေမယ့် သူ့ဆွေမျိုးတွေနဲ့ ပြန်ဆုံစည်းဖို့ တောင်ပိုင်းကို သွားချင်တယ်လို့ ပြောပြီးတော့ မြောက်ပိုင်းကို လိုက်မလာခဲ့ဘူး နန်းမြို့တော်မှာက သူ့အသိအကျွမ်းတွေမရှိသလို ဆွေမျိုးတွေလည်း မရှိဘူး ဖြစ်နိုင်တာက သူ ကျွန်မကို လာရှာတာများလား"
ရန်ရှီးနဥ် ပြတင်းပေါက်အပြင်ဘက်ကို ထပ်ကြည့်လိုက်သည်။ သို့သော်လည်း အမျိုးသမီးကား ပျောက်သွားချေပြီ။
"သူက မင်းကိုလာရှာတာဆိုရင် အလွယ်တကူရှာနိုင်တာပဲ" ဖေ့ကျင်းပြောလိုက်၏။
"မင်းကို ရှာဖို့ ရန်အိမ်တော်နဲ့ ငါတို့အိမ်တော်ရှိတဲ့နေရာကို နန်းမြို့တော်က ဘယ်သူ့မဆို သူ မေးလို့ရတယ်"
ရန်ရှီးနဥ် သဘောတူလျက် ခေါင်းညိတ်လိုက်၏။
မြင်းလှည်းကား ရပ်သွားသည်။ ဖေ့ကျင်း၏အိမ်တော်သို့ ပြန်လာရသည်ကို ရန်ရှီးနဥ် အလွန်ပျော်သည်။
ဖေ့ကျင်း တံခါးခန်းဆီးကို ဖယ်လိုက်တော့ ရင်းနှီးနေသောဆက်သားတစ်ယောက်ကို တွေ့လိုက်ရသည်။ သူက မတ်တတ်ထရပ်တော့မည့် ရန်ရှီးနဥ်ဘက်လှည့်ကာ အားတုံ့အားနာဖြင့် ပြုံးြပလိုက်၏။
"ကြည့်ရတာ ကိုယ်တို့တွေ မြင်းလှည်းထဲမှာ နည်းနည်းလောက်ကြာအောင် နေရဦးမယ်နဲ့ တူတယ်"
"မင်းသားကိုး သခင်မ ရုံးတော်အရာရှိဟွမ်းကော်က စားသောက်ပွဲ ကျင်းပဧည့်ခံနေလို့ နှစ်ယောက်သားကိုလည်းလာရောက်ဖို့ ဖိတ်ကြားလိုက်ပါတယ်" ဆက်သားက ပြောလိုက်၏။
"ရှင်မရေ ကြည့်ရတာ ကိုယ်တို့တွေ ဒီည သရုပ်ဆောင်ဖို့လိုလာပြီနဲ့တူတယ်" ဖေ့ကျင်း ပြောလိုက်၏။
_______________
Zawgyi
.
.
.
Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.
https://www.novelupdates.com/HusbandBeAGentleman
--------------------
ရန္က်င္းက သူ႔သမီးႀကီးႏွင့္ သူ႔သမက္ကို ရန္အိမ္ေတာ္တြင္ ေနကာ ညေနစာစားရန္ ဖိတ္ေခၚခဲ့သည္။
ရန္ရွီးနဥ္က လိုအပ္တာထက္ပိုၿပီး ရန္အိမ္ေတာ္တြင္ မေနခ်င္တာကို ေဖ့က်င္းသိ၍ ရန္က်င္း၏ဖိတ္ေခၚခ်က္ကို ယဥ္ယဥ္ေက်းေက်းပဲ ျငင္းပယ္လိုက္၏။
ရန္က်င္းက ေဖ့က်င္းႏွင့္ ရန္ရွီးနဥ္တို႔ကို အေရွ႕တံခါးသို႔ လိုက္ပို႔ခဲ့သည္။
"မင္းအေမ ဘယ္မွာလဲ" ရန္က်င္းက ရန္ရွီးထင္ကို ေမးလိုက္၏။
ရန္က်င္းက မင္းသမီးခန္းဟြာကို စားေသာက္ပြဲၿပီးကတည္းက မျမင္မိေတာ့။
"အေမ ေနထိုင္မေကာင္းလို႔"
ရန္ရွီးထင္ ဆက္ေျပာ၏။
"အိပ္ခန္းေဆာင္ထဲမွာ နားေနတာ"
မုဆိုးမလီကို ေတြ႕ၿပီးေနာက္မွာ သူ႔အေမ ႐ုတ္တရက္ႀကီး ထေနထိုင္မေကာင္းျဖစ္တာကို ရန္ရွီးထင္ သံသယျဖစ္မိသည္။
ရန္က်င္း မ်က္ေမွာင္ၾကဳတ္ကာ ေခါင္းခါလိုက္သည္။ မင္းသမီးခန္းဟြာက တျဖည္းျဖည္းႏွင့္ ယဥ္ေက်းမႈမရွိ ျဖစ္လာသည္ဟု သူ ေတြးလိုက္သည္။
သူမအေဖ၏ အျပစ္ရွိသည့္မ်က္ႏွာမ်ိဳးကို ရန္ရွီးနဥ္ ေသခ်ာျမင္လိုက္ရသည္။ သူ႔ေၾကာင့္ သူမခြန္အားတို႔ကို အလကားျဖစ္မခံႏိုင္၍ ယဥ္ယဥ္ေက်းေက်း ႏႈတ္ဆက္စကားဆိုလိုက္သည္။
"အေဖ ဖူကြၽင္းႏွင့္သမီး အရင္သြားေတာ့မယ္ အေမက ေနမေကာင္းဘူးဆိုမွေတာ့ အေဖ သူ႔ကို ေကာင္းေကာင္းဂ႐ုစိုက္သင့္တယ္"
ရန္က်င္း ပိုၿပီး အျပစ္ရွိသလို ခံစားလာရသည္။ သူ႔သမီးႀကီးက တကယ့္ကိုပဲ သားသမီးဝတၱရားေက်ပြန္လွသည္။
ေဖ့က်င္းႏွင့္ ရန္ရွီးနဥ္တို႔ ထိုင္းမႈိင္းေနေသာ ျမင္းလွည္းထဲတြင္ ထိုင္ေနၾကသည္။
သူမက ျပတင္းေပါက္က ခန္းဆီးကို ဖယ္လိုက္ၿပီး ယပ္ေတာင္ေလးကို ေဝွ႔ယမ္းလိုက္၏။
အျပင္ဘက္ရွိ ေကာင္းကင္သည္ကား ေတာက္ပေနဆဲျဖစ္ကာ နန္းၿမိဳ႕ေတာ္ရွိ လမ္းမ်ားမွာ လူမ်ားျဖင့္ ႀကိတ္ႀကိတ္တိုးစည္ကားေနသည္။
"ကြၽန္မတို႔ အိမ္ျပန္ေနၾကတာလား" ရန္ရွီးနဥ္ ေမးလိုက္၏။
ေဖ့က်င္းက စားေသာက္ပြဲတြင္ ေသရည္ေတာ္ေတာ္မ်ားမ်ား ေသာက္ခဲ့သည္။ သူ ဣေျႏၵရရျဖစ္ေစရန္ ျမင္းလွည္းကိုသာ စီးခဲ့သည္။ သူ႔မ်က္လုံးမ်ားက ပိတ္ထားေသာ္လည္း ရန္ရွီးနဥ္၏ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖစ္ေနေသာအသံကို ၾကားလိုက္ရသည္။
"မင္း မွန္တယ္" ေဖ့က်င္း ေျပာလိုက္၏။ "အခု အေစာႀကီးရွိေသးတယ္"
ေဖ့က်င္းက ရန္ရွီးနဥ္၏ လက္ေမာင္းကို ဆြဲကာ သူ႔နားကို ကပ္ေစၿပီး သူမယပ္ေတာင္ႏွင့္ ယပ္ခပ္ေပးရန္ အမူအယာျပလာသည္။
"ဘာအဓိပၸာယ္လဲ" ရန္ရွီးနဥ္က ေမးလိုက္၏။
ရန္ရွီးနဥ္ စိတ္ေကာင္းဝင္ေနေလသည္။ ထို႔ေၾကာင့္ သူမ ေဖ့က်င္းမ်က္ႏွာေရွ႕တြင္ လိုလိုလားလားႏွင့္ ယပ္ခပ္ေပးလိုက္သည္။
"လက္ထပ္ၿပီးကတည္းက ေပ်ာ္စရာမေကာင္းေတာ့ဘူး" ေဖ့က်င္းက ပေဟဠိဆန္ဆန္ ေျပာလာသည္။
"ငါတို႔ နည္းနည္းေလာက္ ေပ်ာ္စရာေလးေတြ သြားရွာရေအာင္ မင့္ေယာက္်ားက ပူပင္ေၾကာင့္ၾကကင္းတဲ့ ငါတို႔အနာဂတ္အတြက္ အစီအစဥ္ေတြ ဆြဲထားတယ္ ငါတို႔ နန္းၿမိဳ႕ေတာ္ထဲမွာ ခဏေလာက္ ကစားမယ္ ၿပီးရင္ နန္းၿမိဳ႕အျပင္ဘက္က ေနရာတိုင္းမွာလည္း ကစားမယ္"
သူ ရန္ရွီးနဥ္၏မ်က္ႏွာအနီးသို႔ တိုးကပ္လိုက္၏။
"ရွင္မ ဘယ္လိုထင္လဲ"
ရန္ရွီးနဥ္မ်က္ဝန္းမ်ားကား စိတ္လႈပ္ရွားမႈတို႔ျဖင့္ ေတာက္ပသြားသည္။
"တကယ္လား"
သူမ နန္းၿမိဳ႕ေတာ္တြင္ ေနရမည္ကို ေသေလာက္ေအာင္ မုန္းသည္ကို ဘုရားသာသိမည္။
ေဖ့က်င္း ၿပဳံးလ်က္ ေခါင္းညိတ္၏။
"ရွင္မကို လိမ္စရာလား"
"အစ္ကိုႀကီး ရွင္ အၿမဲတမ္း ကြၽန္မကို လိမ္ခဲ့တာပဲ မဟုတ္လား" ရန္ရွီးနဥ္ေမးလိုက္၏။
ေဖ့က်င္းက ရန္ရွီးနဥ္ကို ဖက္လိုက္သည္။
"ရွင္မ ႏူးညံ့သိမ္ေမြ႕ဖို႔ သတိရဦးေလ"
"အစ္ကိုႀကီး ရွင္က မင္းသား မဟုတ္လား" ရန္ရွီးနဥ္ ေမးလိုက္၏။ "နန္းၿမိဳ႕အျပင္ဘက္မွာ ဘယ္လိုလုပ္ကစားႏိုင္တာလဲ"
ေဖ့က်င္း ရယ္လိုက္၏။
"ကိုယ္က အေပ်ာ္မက္တဲ့မင္းသားဆိုတာ မေမ့နဲ႔ေလ"
ရန္ရွီးနဥ္ အေတြးနက္သြားသည္။
ေဖ့က်င္းက ၾကင္နာတတ္ေသာ မင္းသားကိုးအျဖစ္ လူသိမ်ားၿပီး စိုးရိမ္ေၾကာင့္ၾကကင္းကာ ေပ်ာ္ေပ်ာ္လည္း ေနတတ္သည္။ နန္းတြင္း႐ုံးေတာ္တြင္ သူ႔တာဝန္ႏွင့္ ရာထူးမွာ သိပ္အေရးမပါလွေခ်။ တည္ၿငိမ္ေအးခ်မ္းေနေသာအခ်ိန္ကာလတြင္ အေပ်ာ္မက္ေသာမင္းသားဘဝတြင္အခြင့္ထူးခံအျဖစ္ ေနထိုင္ေလသည္။ သို႔ေသာ္လည္း ဒုကၡေရာက္ ကပ္ေဘးဆိုက္သည့္အခ်ိန္ကာလတြင္မူ မင္းမႈထမ္းရန္ ဆင့္ေခၚခံရေလသည္။ လြန္ခဲ့ေသာေျခာက္ႏွစ္က ႐ႊမ္ခ်င္းတြင္ ေရႀကီးတာမ်ိဳး၊ လြန္ခဲ့ေသာႏွစ္ႏွစ္က ေတာင္ပိုင္းက်န္းနယ္တြင္ ပုန္ကန္မႈလိုမ်ိဳးအခ်ိန္မ်ိဳးတြင္ေပါ့။
ထိုအခ်ိန္မ်ိဳးတြင္ေတာ့ မင္းသားခုႏွစ္ႏွင့္ အိမ္ေရွ႕စံမင္းသားတို႔သည္ သူတို႔အသက္ကို မစြန္႔စားလိုၾက။ သို႔ေသာ္လည္း ၿငိမ္းခ်မ္းမႈကို ထိန္းသိမ္းရန္ ေတာ္ဝင္ပုံရိပ္တစ္ခု လိုအပ္၍ ေဖ့က်င္းက အသင့္ေလ်ာ္ဆုံးသူျဖစ္ေနသည္။ ေဖ့က်င္းက အေျခအေနကို နားလည္ၿပီး စိတ္လိုလက္ရ အမႈထမ္းသည္။ ေနာက္ေတာ့ သာမန္ျပည္သူအရပ္သားမ်ားက ေဖ့က်င္းကို ၾကင္နာတတ္ေသာ မင္းသားကိုးအျဖစ္ ေျပာဆိုၾကေတာ့သည္။
တိုင္းျပည္ကို ၿခိမ္းေျခာက္ေနသည့္ အေရးကိစၥမ်ားကို ေဖ့က်င္း ကိုင္တြယ္ေျဖရွင္းၿပီးေနာက္ သူ၏ အေပ်ာ္ေပ်ာ္မက္သည့္ဘဝထဲသို႔ ျပန္သြားေလသည္။ သူဟာ မင္းသားတစ္ေယာက္အေနႏွင့္ သူ႔တာဝန္ဝတၱရားမ်ားကို ေဆာင္႐ြက္ခ်င္႐ုံသာျဖစ္ၿပီး နန္းတြင္း႐ုံးေတာ္တြင္ မည္သည့္အင္အားမွ် လိုခ်င္စိတ္မရွိေခ်။ သူသည္ ေျမနီအေရာအေႏွာအျဖစ္ အျမင္ခံရၿပီး လိုအပ္သည့္ေနရာတိုင္းသို႔ ပို႔ေဆာင္ျခင္းခံရေလသည္။ အသုံးခ်ၿပီးေနာက္ အနာဂတ္တြင္ ေဘးပို႔ခံရမည္သာ။ ေတာက္ပေသာအလင္းေရာင္ေအာက္တြင္ သူသည္ကား မ်က္ႏွာသာေပးခံရေသာ ညီအစ္ကိုမ်ားကို ကာကြယ္ရန္ ဒိုင္းတစ္ခုအေနျဖင့္ အသုံးခ်ျခင္းခံရေလသည္။
ေဖ့က်င္းက သူ႔အရည္အခ်င္းအတြက္ တကယ္ပဲ အသိအမွတ္ျပဳ မခံခ်င္ဘူးလားဆိုတာ ရန္ရွီးနဥ္ သိခ်င္မိသည္။
သူမ သူ႔အတြက္ စားစရာယူလာေပးခဲ့ဖူးေသာ တစ္ခါတုန္းက ညတစ္ညကို ျပန္သတိရမိသည္။ သူသည္ ဖေယာင္းတိုင္မီးေရာင္ေအာက္တြင္ ေရႀကီးမႈေၾကာင့္ ျဖစ္လာရေသာ ပ်က္ဆီးဆုံးရႈံးမႈမ်ားကို ေလွ်ာ့ခ်ရန္ နည္းဗ်ဴဟာမ်ားကို ႀကိဳစားပမ္းစား ေရးဆြဲေနခဲ့သည္။ သို႔ေသာ္ျငား သူ႔နည္းဗ်ဴဟာမ်ားေၾကာင့္ ရရွိလာေသာ ခ်ီးက်ဴးခံရမႈ အသိအမွတ္ျပဳခံရမႈတို႔ကို တစ္စုံတစ္ေယာက္က ယူသြားခဲ့သည္။
ရန္ရွီးနဥ္ေတြးမိတာက ေဖ့က်င္းသည္ ရက္စက္ၾကမ္းၾကဳတ္လွေသာ နန္းေတာ္အတြင္းတြင္ အသက္ရွင္ေနထိုင္ႏိုင္ရန္ အသုံးမက် အခ်စ္မခံရေသာ မင္းသားအျဖစ္ တစ္ျခားသူမ်ားကို ရည္႐ြယ္ခ်က္ရွိရွိ ျမင္ေစလိုျခင္းပင္။ မဟုတ္လွ်င္
ေတာင္းပိုင္းက်န္းနယ္တြင္ ပုန္ကန္သူမ်ားကို ႏွိမ္နင္းၿပီးေနာက္မွာ စစ္တပ္ကို ထိန္းခ်ဳပ္ႏိုင္ျခင္းကို လက္လႊတ္ကာ အေပ်ာ္မက္ေသာ မင္းသားအျဖစ္ႏွင့္ ဆက္ေနမည္နည္း။
ရန္ရွီးနဥ္ ေဖ့က်င္းကို စိုက္ၾကည့္လိုက္သည္။ သူ႔ဦးေခါင္းက သူမေပါင္ေပၚတြင္ တင္ကာ နားေနသည္။ သူက နက္နဲရႈပ္ေထြး
ေသာသူဟု သူမ ေတြးမိသြားသည္။ သူက ထူးခြၽန္ထက္ျမက္ေသာ ဗ်ဴဟာရွင္ျဖစ္ၿပီး သူ႔ပင္ကိုစြမ္းရည္က အဖိုးမျဖတ္ႏိုင္သည္ကို သူမ ဝန္မခံလိုေသာ္လည္း သူက ေလာကႀကီးကို လွည့္စားရန္ သူ၏အစစ္အမွန္စြမ္းရည္ကို ႏူးညံ့သိမ္ေမြ႕ၾကင္နာတတ္ေသာ မ်က္ႏွာဖုံးေအာက္တြင္ ဖုံးကြယ္ထားေလသည္။ ေရေျမ့အရွင္ဘုရင္မင္းျမတ္က အလိုမရွိေသာ သူ႔လို တစ္စုံတစ္ေယာက္က သနားစရာေကာင္းလွသည္....ထိုအေတြးက သူမကို လန္႔ဖ်ပ္သြားေစသည္။
ရန္ရွီးနဥ္ အခ်ိန္အေတာ္ၾကာသည္အထိ ထိုင္ေနမိသည္။ ေဖ့က်င္းမ်က္လုံးမ်ားက ပြင့္လာကာ လန္႔ဖ်ပ္ေနေသာ သူမမ်က္ႏွာကို ျမင္လိုက္ရသည္။
"ရွင္မ ဘာေတြေတြးေနတာလဲ"
ေဖ့က်င္း ေမးလိုက္၏။
ရန္ရွီးနဥ္ ေဖ့က်င္း၏မ်က္ဝန္းမ်ားကို အနီးကပ္ၾကည့္လိုက္ကာ ၿပဳံးလိုက္၏။
"ရွင့္မွာ အားနည္းခ်က္ရွိလားလို႔ စဥ္းစားေနတာ"
ေဖ့က်င္းက ထက္ျမက္ေသာသူျဖစ္၍ သူ႔အားနည္းခ်က္က ဘာလဲဆိုတာ ျမင္ႏိုင္ရန္ သူမအတြက္ ခက္ခဲလွသည္ဟု ရန္ရွီးနဥ္ ေတြးမိသည္။ သူမသာ သူ႔အားနည္းခ်က္ကို ရွာေတြ႕ထားပါက ေနာင္အနာဂတ္တြင္ သူမကို သူအႏိုင္မက်င့္ႏိုင္ေတာ့ေပ။
ေဖ့က်င္း ရယ္ေမာလိုက္၏။ သူ ရန္ရွီးနဥ္၏ လည္ပင္းသားေလးကို ကိုင္လိုက္ကာ သူမေခါင္းကို ေအာက္ဆြဲခ်လိုက္ၿပီး သူမ အသက္ရႉဖို႔ ေမ့သည္အထိ
နမ္းပါေတာ့သည္။
"မင္းေလးေလ" ေဖ့က်င္းေျပာ၏။
ေဖ့က်င္း ဘာကိုဆိုလိုသည္ကို ရန္ရွီးနဥ္ သိခ်င္သြားသည္။ သူမ သူ႔ရင္ဘတ္ကို တြန္းထုတ္လိုက္ေသာ္လည္း သူမအာ႐ုံေထြျပားေနတုန္း ထပ္နမ္းျပန္သည္။
ရန္ရွီးနဥ္ ျပတင္းေပါက္အျပင္ဘက္ကို ၾကည့္လိုက္၏။ လမ္းမ်ားေပၚရွိ ရာသီဥတုမွာ သက္ဝင္စည္ကားေနသည္။ ေပါက္စီပူပူေႏြးေႏြးမ်ားအားေရာင္းေနေသာ ဆိုင္ခန္းငယ္တစ္ဆိုင္ကို သူမ ျမင္လိုက္ရသည္။ အမ်ိဳးသမီးႀကီးတစ္ေယာက္က ေပါက္စီမ်ားကိုဝယ္ၿပီးေနာက္ ဆိုင္ခန္းငယ္ဆီမွ ထြက္သြားေလသည္။ သူမ မ်က္ေမွာင္ၾကဳတ္မိလိုက္၏။ ဒီအမ်ိဳးသမီးေနာက္ေက်ာကိုၾကည့္ရတာ ရင္းႏွီးေနသလိုလို။
"ဘာေတြၾကည့္ေနတာလဲ"
ေဖ့က်င္း ေမးလိုက္၏။
"ကြၽန္မနဲ႔ ရင္းႏွီးတဲ့ တစ္ေယာက္ေယာက္ကို ေတြ႕လိုက္သလားလို႔" ရန္ရွီးနဥ္ ေျပာလိုက္၏။
"ဘယ္သူလဲ" ေဖ့က်င္း ေမး၏။
"အစ္ကိုႀကီး ႐ႊမ္ခ်င္းက မုဆိုးမလီကို မွတ္မိေသးလား" ရန္ရွီးနဥ္ ေမးလိုက္၏။
ေဒၚေဒၚသြမ္းႏွင့္ ရန္ရွီးနဥ္၏ အိမ္ရွိ ႏူးညံ့သိမ္ေမြ႕ေသာ အေစခံအမ်ိဳးသမီးအိုႀကီးကို ဝိုးတဝါးသာ သူမွတ္မိသည္။
"အင္း သူလုပ္တဲ့ ေႏြဦးၾကက္သြန္ပန္ကိတ္က အရသာရွိတာကို မွတ္မိေသးတယ္ ဘာလို႔လဲ သူ႔ကို ေတြ႕လိုက္လို႔လား"
ရန္ရွီးနဥ္ ေခါင္းခါလိုက္သည္။
"မေသခ်ာဘူး အဲ့ဒီအမ်ိဳးသမီးရဲ႕ ေနာက္ေက်ာကိုပဲ ျမင္လိုက္ရတာ သူလို႔ေတာ့ ကြၽန္မ မထင္ဘူး နန္းၿမိဳ႕ေတာ္ဆီ သူ႔ကို ေခၚလာခ်င္ခဲ့တာ ဒါေပမယ့္ သူ႔ေဆြမ်ိဳးေတြနဲ႔ ျပန္ဆုံစည္းဖို႔ ေတာင္ပိုင္းကို သြားခ်င္တယ္လို႔ ေျပာၿပီးေတာ့ ေျမာက္ပိုင္းကို လိုက္မလာခဲ့ဘူး နန္းၿမိဳ႕ေတာ္မွာက သူ႔အသိအကြၽမ္းေတြမရွိသလို ေဆြမ်ိဳးေတြလည္း မရွိဘူး ျဖစ္ႏိုင္တာက သူ ကြၽန္မကို လာရွာတာမ်ားလား"
ရန္ရွီးနဥ္ ျပတင္းေပါက္အျပင္ဘက္ကို ထပ္ၾကည့္လိုက္သည္။ သို႔ေသာ္လည္း အမ်ိဳးသမီးကား ေပ်ာက္သြားေခ်ၿပီ။
"သူက မင္းကိုလာရွာတာဆိုရင္ အလြယ္တကူရွာႏိုင္တာပဲ" ေဖ့က်င္းေျပာလိုက္၏။
"မင္းကို ရွာဖို႔ ရန္အိမ္ေတာ္နဲ႔ ငါတို႔အိမ္ေတာ္ရွိတဲ့ေနရာကို နန္းၿမိဳ႕ေတာ္က ဘယ္သူ႔မဆို သူ ေမးလို႔ရတယ္"
ရန္ရွီးနဥ္ သေဘာတူလ်က္ ေခါင္းညိတ္လိုက္၏။
ျမင္းလွည္းကား ရပ္သြားသည္။ ေဖ့က်င္း၏အိမ္ေတာ္သို႔ ျပန္လာရသည္ကို ရန္ရွီးနဥ္ အလြန္ေပ်ာ္သည္။
ေဖ့က်င္း တံခါးခန္းဆီးကို ဖယ္လိုက္ေတာ့ ရင္းႏွီးေနေသာဆက္သားတစ္ေယာက္ကို ေတြ႕လိုက္ရသည္။ သူက မတ္တတ္ထရပ္ေတာ့မည့္ ရန္ရွီးနဥ္ဘက္လွည့္ကာ အားတုံ႔အားနာျဖင့္ ၿပဳံးျပလိုက္၏။
"ၾကည့္ရတာ ကိုယ္တို႔ေတြ ျမင္းလွည္းထဲမွာ နည္းနည္းေလာက္ၾကာေအာင္ ေနရဦးမယ္နဲ႔ တူတယ္"
"မင္းသားကိုး သခင္မ ႐ုံးေတာ္အရာရွိဟြမ္းေကာ္က စားေသာက္ပြဲ က်င္းပဧည့္ခံေနလို႔ ႏွစ္ေယာက္သားကိုလည္းလာေရာက္ဖို႔ ဖိတ္ၾကားလိုက္ပါတယ္" ဆက္သားက ေျပာလိုက္၏။
"ရွင္မေရ ၾကည့္ရတာ ကိုယ္တို႔ေတြ ဒီည သ႐ုပ္ေဆာင္ဖို႔လိုလာၿပီနဲ႔တူတယ္" ေဖ့က်င္း ေျပာလိုက္၏။
_______________