(Zawgyi)
☟︎︎︎☟︎︎︎☟︎︎︎☟︎︎︎☟︎︎︎☟︎︎︎☟︎︎︎
Jungkookတစ်ယောက်koreaကိုပြန်လာဖို့ ညတည်းက အ၀တ်တွေထည့်နေသည်။အလုပ်စားပွဲအရှေ့မှာကပ်ထားတဲ့ taehyungနဲ့အရင်ကပုံတွေ kookieလေးရဲ့ပုံတွေကို တယုတယ ကြည့်ရင်း ခွင့်လွှတ်ပါ့မလားလို့တွေးနေတယ်။ဓာတ်ပုံလေးတွေကို ဖြုတ်ပြီး အိတ်ထဲထည့်သိမ်းကနောက်ဆုံးအနေနဲ့ သူ့တိုက်ခန်းကို လှည့်ကြည့်ပြီး အခန်းတံခါးဆွဲပိတ်ပြီးထွက်လာခဲ့တယ်။
"Hey.....are u going back to korea...."
"Yeah....time to go home...."
"Take care bro....I'm glad you get well that fast"
"Thanks....Wish u will have a long live too....."
Jungkookစပြီးလာနေကတည်းက အဖော်ပြပေးပြီးနေတဲ့ အဖိုးအရွယ်အိမ်နီးချင်းကိုနောက်ဆုံးအကြိမ်နှုတ်ဆက်ပြီးလေဆိပ်ဆီထွက်လာခဲ့တယ်။jungkookတွေးနေတဲ့ တစ်ခုတည်းသော အရာက taehyungနဲ့kookieပင်။
တစ်ဖက်မှာတော့ ညသန်းခေါင်းကြီး kookieလေးငိုနေတော့ taehyung ခင်ဗျာ ချီပြီးအခန်းထဲလမ်းပတ်လျှောက်နေသည်။သူဖွင့်ပေးတဲ့ သီချင်းကလဲ popတို့ rockတို့ဆိုတော့ ကလေးက မကြိုက်။တစ်အိမ်လုံးလဲအိပ်ပြီဆိုတော့ သူဘဲ ကလေးထိန်းနေရတော့တယ်။
"Kookieရယ်.....မငိုပါနဲ့တော့....ဖေဖေလဲအိပ်ချင်လှပြီ....."
Taehyung's pov
"ဒီလောက်ပင်ပန်းမယ်မထင်ခဲ့ဘူး.....kookieကလဲ အခုကျမှ ဘာဖြစ်မှန်းမသိ.....ဟူး.....ငါတစ်ယောက်ထဲ ဒီကလေးနဲ့တော့ ဟုတ်နေပြီ....."
ည၁နာရီလောက်ကနေ ၃နာရီနီးပါးအထိ ချီပြီး လမ်းလျှောက်နေရတာ taehyungအတွက်အဆင်မပြေ။နောက်ဆုံးတော့ kookieအိပ်ပျော်သွားခဲ့တယ်။ပုခက်ထဲထည့်ရင်လဲ ထပ်ငိုနေမှာဆိုးလို့ taehyungက သူ့ဘေးမှာ သာထားလိုက်တော့။
မနက်လဲရောက်ရော taehyungမူးပြီးထလာသည်။ညကလဲမအိပ်ရ မနက်ကျတော့လဲ ကလေးကိုနို့တိုက်ရဦးမယ်မို့လို့ ကလေးချီပြီးဆင်းလာတယ်။
"အဒေါ်ကြီးရေ.....နို့ဖျော်ပေးပါဦးဗျာ....ကျနော်အတွက်ပါ အအေးတစ်ခွက်လောက်မူးလဲတော့မယ်...."
"ဟုတ်ပါပီ သားtae အဒေါ်ကြီး ပြင်လိုက်မယ်ခနနော်......"
ကလေးချီရင်း ထမင်းစားစားပွဲမှာ ထိုင်ငိုက်နေတော့သည်။
"Taehyung.....ညကမအိပ်ရဘူးလား...."
"Mommyကဗျာ....kookieကိုယူပါဦး ကျနော်သေတော့မယ်....."
ကလေးလက်ထဲထည့်ပေးပြီး taehyung ဧည့်ခန်းထဲက ဆိုဖာမှာ လာလှဲနေတော့သည်။
"Taehyung....အပေါ်တပ်အိပ်လေ...."
"Daddyတောင်နိုးပြီလားတော်ပါပီ ကျနော်ဒီမှာဘဲအိပ်တော့မယ်....အော်ဒါနဲ့ yoongiနဲ့jiminကိုပြန်ခေါ်ပေးပါဗျာ.....သူတို့ကလေးကောင်းကောင်းထိန်းတက်တယ်...."
"Taehyungရယ်သူတို့လဲသူတို့အလုပ်နဲ့သူတို့ မင်းကလေးမွေးမှဘဲ ကမ္ဘာလုံးက လူတစ်လှည့်စီထိန်းရမဲ့ပုံ....."
Taehyungအမေက နို့ဘူးတိုက်နေပြီး taehyungအဖေကတော့ အလုပ်သွားဖို့ မနက်စာစားနေတော့တယ်။
"သား ဒီမှာ အအေးရပြီ....."
မထချင်ထချင်နဲ့ထထိုင်အအေးသောက်ကာ အပေါ်တပ်ရေချိုး ပြီးပြန်ဆင်းလာသည်။ရေချိုးအခန်းထဲကပြန်ထွက်လာတော့ ဗီရိုထဲမှာမှောင်ပြီး ထည့်ထားတဲ့ jungkookနဲ့ပုံကိုကြည့်ပြီး ငြိမ်နေပြန်တယ်။
"တော်ပြီ.....တော်ပြီ....ငါနဲ့ဘာမှမဆိုင်တော့တဲ့သူ....ဒီပုံလဲ ဒိုးလိုက်တော့...."
ဓာတ်ပုံကို ယူပြီး ဗီရိုပေါ်က မလိုတဲ့ပစ္စည်းတွေထည့်ထားတဲ့ ဗုံးထဲထည့်ကာ အင်္ကျီလဲပြီးဆင်းလာခဲ့တယ်။
တစ်နေ့တာဟာ ဒါမျိုးတွေနဲ့သာ ကုန်ဆုံးခြင်းပင်။kookieေလးကြောင့်taehyungပင်ပန်းတယ်ဆိုရင်တော့ သူဘယ်တော့မှ စိတ်ကုန်သွားတာမရှိခဲ့ပါဘူး။အပြီးစွန့်လွှတ်သင့်တာတွေစွန့်လွှတ်နိုင်သည်ကိုတွေးရင်း taehyungသူ့ကိုသူ ခံနိုင်ရည်ရှိတယ်လို့သာတွေးနေခဲ့တော့တယ်။
"Jungkook!....."
လေဆိပ်ရှေ့မှာစောင့်နေတဲ့ jungkookက အသံလာရာကိုမော့ကြည့်တော့ jinနဲ့rmပင်။၀မ်းသာအားရနဲ့ပြုံးပြလိုက်တယ်။
"မင်းကို ကွာစောင့်နေခဲ့တာ...."
"ကျနော်လဲ ပြန်လာနိုင်အောင်ကြိုးစားခဲ့ရပါတယ်....."
"မင်းအိမ်ကိုတောင်မနေ့ကဘဲ လူတွေခေါ်ပြီးရှင်းထားသေးတယ်...."
"ကျေးဇူး rm...."
"အိမ်ပြန်ကြရအောင်...."
Rmတို့နှင့်အတူ စိတ်လှုပ်ရှားမှုများစွာနဲ့ အိမ်ကိုမောင်းလာခဲ့ကြတယ်။အချိန်အနည်းငယ်အတွင်း အိမ်ကိုရောက်လာကြတာပေါ့။jinက အထုပ်တွေကူသယ်ပေးပြီး ခြံထဲဝင်လာခဲ့ကြတယ်။
Jungkookကအရင်က taehyungနဲ့အတူရှိနေတဲ့အချိန်တွေကိုပုံဖော်ရင်း ခြံထဲမှာတင်မျက်ရည်က၀ဲနေပြီ။
Jungkook's pov
"ငါ့ကြောင့်....ငါ့ကြောင့်အရာအားလုံး အခုလိုဖြစ်ကုန်တာ....ငါမကောင်းတာတွေပါတယ်....."
"မင်းကလဲကွာ....အရမ်းစိတ်မညစ်ပါနဲ့...."
Rmရဲ့နှစ်သိမ့်မှုကြောင့်အားယူပြုံးပြီး အိမ်ထဲဝင်လာခဲ့တယ်။ရှင်းလင်းပြီး အရင်ကထက်ပိုလှနေတဲ့အိမ်ကိုကြည့်ရင်း rmနဲ့jinကိုကျေးဇူးတင်နေတော့သည်။
ခနလောက်ထိုင်စကားပြောပြီးမကြာပါဘူး jinနဲ့rmလဲ အလုပ်ဆီပြန်လာခဲ့ကြတယ်။ထိုအချိန်ကစလို့ Jungkook တစ်ယောက်အတွေးတွေနဲ့တစ်ယောက်ထဲ စိတ်ညစ်နေတော့တယ်။
အကယ်လို့ taehyungပြန်လက်မခံတော့ရင်ဆိုတဲ့အတွေးက ထပ်တလှဲလှဲနောက်ဆုံး jungkookအိပ်ပျော်သွားသည်အထိ။
နောက်တစ်နေ့အလုပ်မသွားချင်မနက်စောစော rmဆီက ဖုန်းလာထားတော့ jungkookတစ်ယောက်အလုပ်သွားဖို့တစ်ခါတည်းအသင့်ပြင်ပြီးထွက်လာခဲ့တယ်။
ဒီနေ့မနက်အစောကြီး taehyungကkookieလေးနဲ့လမ်းထွက်လျှောက်မယ်ဆိုတာကို jinကသိပြီး rmကိုပြောလိုက်ခြင်းပင်။အဲ့တာကြောင့်တစ်ဆင့်တစ်ဆင့်သိရပြီး jungkookလဲ အဝေးက ဖြစ်ဖြစ်ကြည့်ရဖို့ သူ့ကားနဲ့အတူ taehyungအိမ်နားမှာလာစောင့်နေခဲ့တယ်။
Taehyungကလဲ ကလေးလှည်းနဲ့အတူ သူ့အမေရဲ့အမှာစကားတွေကို ထားထောင်ပြီး ခြံထဲကထွက်လာခဲ့တယ်။လှည်းက taehyungဘက်ကို မျက်နှာမူထားသည့်ပုံမျိုးဆိုတော့ ကားပေါ်ကနေjungkookက kookieလေးကိုမမြင်ရဘူး။taehyungကိုတော့သေချာမြင်ရသည်။
Jungkook's pov
"အရင်အတိုင်းဘဲ ဘာမှမပြောင်းလဲသေးဘူးဘဲ ကြည့်ပါဦး taehyungက ကလေးအဖေသာဖြစ်သွားတာ ၀တ်ထားတာက လူပျိုstyle.....ပုံတွေထဲကပိုချောလာတယ်...."
လှည်းတွန်းရင်း ပလတ်ဖောင်းပေါ်က တရွေ့ရွေ့လျှောက်သွားတဲ့taehyungကိုကြည့်ရင်း jungkookအပြုံးကြီးပြုံးနေတော့တယ်။ကားလဲဆက်လိုက်လို့ကလဲအဆင်မပြေဘူးဆိုတော့ jungkookက ကားပေါ်က ဆင်းပြီး ခပ်ခွာခွာကလိုက်လာခဲ့တယ်။လမ်းမှာကလဲ မနက်အစောကြီးဆိုတော့လူရှင်းနေပြီး တစ်ယောက်စနှစ်ယောက်စလောက်သာရှိတယ်။taehyungမသိအောင်ဝေးဝေးကဖြေးဖြေးချင်းလျှောက်လာခဲ့တယ်။
Taehyung's pov
"တစ်ယောက်ယောက်ကြည့်နေသလိုဘဲ....."
Taehyungကမျက်လုံးထောင့်ကယေးယေးလေး မြင်နေတော့လှည့်ကြည့်လိုက်သည်။ဘယ်သူကိုမှမတွေ့တာကြောင့်လမ်းအတိုင်းဆက်လျှောက်ခဲ့တယ်။
Jungkook's pov
"ကံကောင်းလို့ လမ်းကြားထဲဝင်လိုက်တာ....."
ထိုလမ်းကြားကနေဘဲကြည့်ရင်း jungkookဆက်မလိုက်တော့ချေ။ဒုတိယအကြိမ်ဆိုရင်တော့ taehyungမြင်မှာသေချာနေပြီလေ။တစ်ကြိမ်တွေ့ရမနည်းပါဘူး ဆိုပြီး အလုပ်ဆီလာခဲ့တယ်။
ဘာမှမသိလိုက်တဲ့ taehyungကတော့ kookieလေးနဲ့လမ်းလျှောက်ထွက်ရင်းပျော်နေတာပေါ့။
.
.
.
.
To be continue....
10.11.2020(Tuesday)
Thanks for reading💜
(Unicode)
☟︎︎︎☟︎︎︎☟︎︎︎☟︎︎︎☟︎︎︎☟︎︎︎☟︎︎︎☟︎︎︎
"Yeah....time to go home...."
Taehyung's pov
"သား ဒီမှာ အအေးရပြီ....."
"Jungkook!....."
"ကျေးဇူး rm...."
"အိမ်ပြန်ကြရအောင်...."
Jungkook's pov
Jungkook's pov
Taehyung's pov
Jungkook's pov
.
.
.
.
To be continue....
10.11.2020(Tuesday)
Thanks for reading💜