BAL GYI

By rukishato228

61.6K 6.4K 1.2K

Zawgyi ဘဲကြီးခများက Alcoholလိုဘဲ သောက်လိုက်လို့ခါးသွားပေမယ့် ဆက်သောက်ချင်နေတုန်းဘဲ ဘဲကြီးက မုန်းဖို့ကောင်းပေမ... More

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 19
Part 20
Part 21
Part 22
Part 23
Part 24🔞🔞🔞
Part 25(Final)
ADS😁😁

Part 18

1.8K 219 40
By rukishato228


Unicode

မနက်အိပ်ယာနိုးလို့ နာရီကြည့်တော့8:00နာရီ ကျောင်းနောက်ကျတော့မယ် ကိစ္စမရှိပါဘူး ဘယ်တုန်းကရောမနောက်ကျဖူးလို့လဲ မျက်လုံးနှစ်လုံးဖွင့်လို့ပတ်ဝန်းကျင်ကိုစူးစမ်းမိမှ ဟုတ်သားဘဲညက ဘဲကြီးအိမ်မှာအိပ်တာပဲ အခန်းထဲပတ်ရှာတော့ ဘဲကြီးကိုမတွေ့ဘူး ထသွားပြီလား အစောကြီးထတာလား

အိမ်အောက်က ပေါင်မုန့်မီးကင်နံ့မွှေးမွှေးလေးရတာ ကြောင့် အောက်ဆင်းလာတော့မှ မီးဖိုခန်းထဲ တကုတ်ကုတ်နဲ့အလုပ်ရှုပ်နေတဲ့ဘဲကြီးက အင်းးး မနက်ခင်းနဲ့လိုက်ဖက်ညီစွာဘဲအစိမ်းရောင်ဆွယ်တာနဲ့ကြည့်ကောင်းနေပြန်ရော လွန်လွန်းလိုက်တာဘာလုပ်လုပ်ကြည့်ကောင်းနေတာ ဟွန့်

ခြေသံကြားလို့နောက်လှည့်ကြည့်တော့မှ အိပ်မှုံစုပ်ဖွားနဲ့ စူပုပ်ပုပ်လေးရပ်နေတဲ့ရှဉ့်ပေါက်လေး ညကကိုယ့်အင်္ကျီတွေမတော်တရော်ယူဝတ်ထားတာက$830တန်င်္အကျီနဲ့ဘောင်းဘီ
အင်္ကျီထဲမြှုပ်နေတဲ့ကလေးပေါက်စလေးလိုဘဲ မနက်ခင်းရဲ့စူပုပ်ပုပ်လေး ဖောင်းနေတဲ့ပါးကိုနှားခေါင်းနဲ့နှစ်နေအောင်နမ်းလိုက်မှ မျက်လုံးမဖွင့်ဘဲအိမ်ပေါ်ပြန်တက်သွားတယ် သဘောကMorning kissလာတောင်းတာပေါ့

"ပါးဖောင်းလေး မျက်နှာသစ်ပြီးဆင်းခဲ့ ကိုယ်မနက်စာပြင်ထားတယ် ပြီးရင်ကျောင်းတစ်ခါတည်းလိုက်ပို့ပေးမယ်"

ပြောပြီးမကြာပါဘူး မျက်နှာရေစက်လက်နဲ့ပြန်ရောက်လာတယ်

"မျက်နှာဘာလို့မသုတ်ခဲ့တာလဲ"

ဘဲကြီးသုတ်ပေးတာခံချင်လို့ လို့ပြောရမှာလား

"လာကိုယ်သုတ်ပေးမယ် အဆိုးလေး"

ဟုတ်ပါတယ် JoneJungkookဆီ ချွဲနေတာ JungHoseokမှJungHoseokအစစ်ပါဘဲ လူတွေကအချစ်နဲ့တွေ့ရင် အဲ့လိုဘဲပြောင်းလဲသွားတက်ကြလား

"ရော့ ကိုယ် ကိုယ်တိုင်လုပ်ထားတာ"

ဒီနေ့ရာသီဥတုသာယာတယ် ဘဲကြီးလုပ်ကျွေးတဲ့ Sandwichက ဒီနေ့မှစားကောင်းနေသလို ဘဲကြီးကလဲဒီနေ့မှပိုချောနေသလို
ကျောင်းသွားတဲ့လမ်းတစ်လျောက် အရာရာကဒီနေ့မှပိုလှနေသလို အင်း ကျောင်းကလဲပိုပျော်စရာကောင်းနေတယ်

"ကျောင်းဆင်းရင်လာကြိုမယ် သွားစရာရှိတယ်"

"ဘယ်လဲ"

"တစ်နေရာရာပေါ့"

"ဟွန့် ဈေးကိုင်နေတာ"

"အာဘွားပေး"

"ကျောင်းရှေ့ကြီးမှာလေ"

"ကိုယ့်ကားက အထဲကိုမမြင်ရဘူး"

"ဘဲကြီးခများကြီးညစ်တယ်"

ဒီနေ့အာဘွားမပေးရင် ကျောင်းထဲဝင်ရမယ့်ကိန်းမရှိတာနဲ့ မျက်လုံးမှိတ်ပြီး ဘဲကြီးပါးကိုဖွဖွလေးနမ်းလိုက်တယ်

"အင်း ကလေးကခုထိမနမ်းတက်သေးဘူးဘဲ ကိုယ်သင်ပေးမယ် နမ်းတယ်ဆိုတာဒီလို"

ပြောပြီး ပါးနှစ်ဖတ်ကိုကိုင်ပြီး Hoseokie နှုတ်ခမ်းတွေနဲ့ကပ်လိုက်တယ် နှုတ်ခမ်းပါးလေးနဲ့စွဲဆောင်မှုရှိတဲ့ဒီနှုတ်ခမ်းက ဘယ်လောက်နမ်းနမ်း မဝဘူး နှုတ်ခမ်းတွေကိုအတင်းစေ့ထားလို့ အောက်နှုတ်ခမ်းကိုခပ်စပ်စပ်ကိုက်လိုက်မှ ဖွင့်ဟလာတဲ့နှုတ်ခမ်းထဲ လျှာဖျားနဲ့ မွှေ့ရမ်းလိုက်တယ် အားရအောင်နမ်းပြီးမှ လွတ်ပေးလိုက်တယ် အခုမှအသက်ကိုလုရှုနေတဲ့ နှုတ်ခမ်းဟစိဟစိက ထပ်နမ်းချင်အောင်စွဲဆောင်နေသလိုဘဲ နောက်ဆုံးအနေနဲ့ တစ်ချက်ဖွဖွလေး နမ်းပြီး

"ဒီလိုနမ်းရတယ်"

.........................
နှုတ်ခမ်းထော်ထော်လေးနဲ့ ကျောင်းထဲစူပုပ်ပုပ်လမ်းလျှောက်နေတာJungHoseokလေးပါဘဲ

"Hoba ဘာတွေဖြစ်လာတာလဲ"

"ခွေးကိုက်ခံလာရတာ"

"ခွေးကနှုတ်ခမ်းတက်ကိုက်လိုက်တာလား"

"ခွေးချီးကောင်"

"JungHoseok JungHoseok နောက်ဆုံးတော့လဲ အစားခံလိုက်ရတာဘဲ"

မေးစေ့ကိုလက်နဲ့ပွတ်ပြီး ဆရာကြီးအထာဖမ်းနေတဲ့ခွေးချီးကောင် Joonieက ကျက်သတုံးကောင်ပါဆို

"မင်းကြီးတော်ကိုဘဲ အစားခံလိုက်"

"မဟုတ်လို့လား"

"မဟုတ်ဘူး"

"အင်းယုံတယ်"

"ဘာယုံတာလဲ"

"မင်းအစားခံရတာ"

"ဒီဖေခွေးသူတောင်းစားနဲ့တော့"

JungHoseokလေးအရိုင်းတုန်းလေးဖြစ်နေတာဒီကောင်တွေကြောင့်
...........................
ညနေရောက်တော့ဘဲကြီးလာကြိုတယ်

"ဘဲကြီးအခုဘယ်သွားမှာလဲ"

"အဝတ်အစားသွားရွေးမယ်လေ"

"ဘာလုပ်ဖို့လဲ"

"Party တက်စရာရှိလို့လေ ပါးဖောင်းလေးက ကိုယ့်Partnerလေ အဲ့တော့ကြည့်ကောင်းအောင်ပြင်ရမှာပေါ့"

"အခုကရောကြည့်မကောင်းလို့လား"

"ဟင့်အင်း ကလေးကအလှဆုံးဖြစ်နေရမှာ"

"လာပြန်ပြီလှရအောင်မိန်းကလေးလဲမဟုတ်ဘဲနဲ့"

"မိန်းကလေးဖြစ်စရာမလိုပါဘူး"

ဟိုဟာလဲဟိုနားပေါ်နေလို့ ဒီဟာကလဲကြည့်ရတာတစ်မျိုးဖြစ်နေလို့ ဟိုဟာကလဲမလုံခြုံလို့ဆိုပြီး ရွေးပြီးနောက်ဆုံးတော့လဲ ရိုးရိုးရှင်းရှင်း Suit အနက်ရောင်တစ်စုံနဲ့သာအဆင်ပြေသွားရတယ် အဝတ်လဲပြီးထွက်လာတော့ ဘဲကြီးကလည်ပင်းမှာလည်စည်းကြိုးစည်းပေးတယ်

"ဒါကြီးကဘာလို့လဲရှုတ်ရှုတ်ယှက်ယှက်"

"ကလေးလည်တိုင်လှလှလေးနဲ့ ဒါမျိုးစည်းထားရင်ပိုလှတယ်"

ဘဲကြီးပြောလို့မှန်ထဲကိုယ့်ကိုယ်ကိုပြန်ကြည့်တော့ အင်းမဆိုးပါဘူးလှသားဘဲ

"လှတယ်"

"အဲ့ဒါဘဲထိုင်ပြောမနေနဲ့ရှက်တယ် ဒါနဲ့Jin Hyung ရောတက်မှာလား"

"အင်း ပါတယ်လေ"

"ဒါဆိုJoonieရောပါမှာပေါ့"

"ဆိုပါတော့ ဘာလို့လဲ"

"ဘဲကြီးတို့စကားပြောနေရင် တစ်ယောက်တည်းဆိုပျင်းတယ်လေ"

"ကိုကိုလို့ခေါ်ပါဆို "

"ရှက်လို့ပါဆို"

"အဲ့လိုဘဲခေါ်ပါကွာ နော်"

"ဒီအသက်အရွယ်ကြီးနဲ့"

"ကိုယ်ကနုတယ်လေ"

"ထားပါတော့ ကို ကိုကို"

"အင်းချစ်ဖို့ကောင်းတယ်"

Partyရောက်တော့ Joonieကိုရှာရတာလည်ပင်းတောင်ရှည်တော့မယ် သကောင့်သားကဘူဖေးပေးထားတဲ့မုန့်တန်းနားမှာငတ်နေတာများ သူ့ သရေတွေကရေတောင်ကြီးတော့မယ်

"ကိုကို ကျွန်တော်Joonieနဲ့တူတူရှိနေမယ်နော် စကားပြောပြီးရင်လာခဲ့"

"အင်း ရှန်ပိန်တွေအရမ်းမသောက်နဲ့နော်"

"အင်းပါစိတ်ချ ဟီး"
............................
အစားငမ်းနေတဲ့ Joonieက Hoseokieရောက်လာတာတောင်မသိဘူး ငမ်းလို့ကောင်းတုန်း

"Joonie"

"ဘာလဲ"

"မင်းငမ်းလို့ပြီးဦးမှာလား ငါလာတာရောသိရဲ့လား"

"သိတယ်လေJin Hyungပြောထားတယ်လေ"

"ခွေးကောင် အစားဘဲငမ်းနေ"

"ငါ့ကိုပြောမနေဘဲ မင်းဘဲကြီးကိုသာသေချာဆွဲထား"

"ဘဲကြီးကဘာဖြစ်နေလို့လဲ"

"ဒီနေ့ပွဲလာတဲ့သမီးရှင်တွေက သမက်တော်ချင်နေကြတာလေ ပြီးတော့ မင်းဘဲကြီးအတွက် ကလေးမွေးပေးချင်တဲ့ဟာတွေမှတစ်ပြုံကြီး အခုတောင်ကြည့်ပါလား ဟိုမှာ"

Joonieပြောလို့ကြည့်လိုက်မှ ဘဲကြီးနားရစ်သီရစ်သီလုပ်တဲ့သူနဲ့ စကားသွားပြောတဲ့သူနဲ့ ဘဲကြီးကလဲရီမောပြီးပြန်ပြောနေတာများ မကြိုက်လိုက်တာ ဝန်းရံနေကြတာများ အခုခေတ်မိန်းမတွေ လွယ်ကိုမလွယ်ဘူး ဟက်တော်တော်ကလေးမွေးပေးချင်နေကြတာပေါ့

"ကိုကို "

"ပါးဖောင်းလေး ဘာလို့လဲ"

"လာထပြန်မယ်"

"ဘာလို့ လဲချက်ချင်းကြီး"

"ဘာလဲ ခများကြီးက ကလေးလိုချင်နေလို့လား"

"ဟမ်"

"လာထပြန်မယ်"

လက်မောင်းကနေဆွဲပြီး ပြန်ဖို့ပြောနေပေမယ့် အလိုက်သင့်ပါလာပြီး

"ပါးဖောင်းလေး ဘာလို့ဆိုးနေတာလဲ ကိုယ်မကြိုက်ဘူး"

"ကျွန်တော်က"

"ကိုယ် မိတ်ဆွေတွေနဲ့စကားပြောနေတယ်လေ အဲ့လိုမရိုင်းရဘူး"

"ဘဲကြီးခများ ဟုတ်တယ်ရိုင်းတယ် ကျွန်တော်ကအစတည်းကအရိုင်းအစိုင်းဘဲ ခများကအစတည်းကမသိလို့လား ဟမ် ကျုပ်ကရိုင်းတယ်အဲ့တော့ဘာဖြစ်လဲ"

သူများPartyမှာမို့ ဘာမှမပြောဘဲထွက်လာလိုက်တယ်

ဘဲကြီးခများကိုမုန်းလိုက်တာ ပြောတော့ ချစ်တယ်ဆိုပြီး

#Author-Rukishato
#မျှော်နေကြမယ်လို့ထင်ပါတယ်😁

——————————————————

Zawgyi













"ဘယ်လဲ"

"တစ်နေရာရာပေါ့"

"ဟွန့် ဈေးကိုင်နေတာ"

"အာဘွားပေး"







"ဒီလိုနမ်းရတယ်"

.........................

"Hoba ဘာတွေဖြစ်လာတာလဲ"

"ခွေးကိုက်ခံလာရတာ"


"ခွေးချီးကောင်"




"မဟုတ်လို့လား"

"မဟုတ်ဘူး"

"အင်းယုံတယ်"

"ဘာယုံတာလဲ"

"မင်းအစားခံရတာ"


...........................



"ဘာလုပ်ဖို့လဲ"










"လှတယ်"


"အင်း ပါတယ်လေ"


"ဆိုပါတော့ ဘာလို့လဲ"


"ကိုကိုလို့ခေါ်ပါဆို "

"ရှက်လို့ပါဆို"


"ဒီအသက်အရွယ်ကြီးနဲ့"

"ကိုယ်ကနုတယ်လေ"

"ထားပါတော့ ကို ကိုကို"





"အင်းပါစိတ်ချ ဟီး"
............................

"Joonie"

"ဘာလဲ"








"ကိုကို "


"လာထပြန်မယ်"



"ဟမ်"

"လာထပြန်မယ်"



"ကျွန်တော်က"





#Author-Rukishato

Continue Reading

You'll Also Like

599 69 11
College strangers turn to friends and then gradually grows to lovers , will everybody find their real soulmate ?
12.7K 340 19
You have known Peter Quill for most of your life, sticking with him through thick and thin. What else is there to say? You're in love with him, waiti...
1.8K 283 7
ဟက် ငါဆိုတဲ့အကောင်ကစောက်ရမ်းချစ်ပြနေတော့ မင်းက ငါ့အချစ်တွေကိုစော်ကားချင်တိုင်း စော်ကားနေတာဘဲ!
773K 28.7K 103
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...