๐Ÿ’™Blur๐Ÿ’™(Completed)

By Shoon3333

71.4K 6.6K 966

Sometimes love is complicate Sometimes love is simple Complicate or simple is just a love,the prettiest thing... More

Intro
๐Ÿ’™Blur 1๐Ÿ’™
๐Ÿ’™Blur 2๐Ÿ’™
๐Ÿ’™Blur 3๐Ÿ’™
๐Ÿ’™Blur 4๐Ÿ’™
๐Ÿ’™Blur 5๐Ÿ’™
๐Ÿ’™Blur 6๐Ÿ’™
๐Ÿ’™Blur 7๐Ÿ’™
๐Ÿ’™Blur 8๐Ÿ’™
๐Ÿ’™Blur 9๐Ÿ’™
๐Ÿ’™Blur 10๐Ÿ’™
๐Ÿ’™Blur 11๐Ÿ’™
๐Ÿ’™Blur 12๐Ÿ’™
๐Ÿ’™Part 13๐Ÿ’™
๐Ÿ’™Blur 14๐Ÿ’™
๐Ÿ’™Blur 16๐Ÿ’™
๐Ÿ’™Blur 17๐Ÿ’™
๐Ÿ’™Blur 18๐Ÿ’™
๐Ÿ’™Blur 19๐Ÿ’™
๐Ÿ’™Blur 20๐Ÿ’™
๐Ÿ’™Blur 21๐Ÿ’™
๐Ÿ’™Blur 22๐Ÿ’™
๐Ÿ’™Blur 23๐Ÿ’™Final
Wedding Day
Little Extra

๐Ÿ’™Blur 15๐Ÿ’™

2.1K 238 44
By Shoon3333

ထွဋ်​ခေါင်အလုပ်ကပြန်လာ​တော့အခန်းထဲမှာမိုး​သောက်ကိုမ​တွေ့......တံခါးကိုအရင်​လော့ချကာအခန်းကိုအရင်ပတ်ကြည့်​တော့လည်းမ​တွေ့....ခဏ​နေမှချ​လောက်ဆို​သောအသံ​လေးနဲ့အတူ​ရေချိုးခန်းထဲမှထွက်လာ​သောမိုး​သောက်....ထို​ကောင်​လေး၏မျက်နှာ​လေးမြင်မှသာလျှင်ရင်ထဲကအပူလုံးကကျသွားသလို....နီရဲ​နေ​သောမျက်ခမ်း​လေး​တွေနဲ့မို့​အစ်​နေ​သောမျက်လုံး​လေး​တွေကခုထိများငိုထားလို့သလား....မနက်တည်းကခုထိတစ်​ယောက်ထဲငို​နေရှာမှာကို​​တွေးမိ​တော့ရင်ထဲနင့်ကနဲ့.......

"သခင်ပြန်လာပြီလား"

သူ​ကိုယ်တိုင်​ခေါ်ရမယ်လို့သတ်မှတ်ခဲ့တဲ့စကားလုံး၊အမည်နာမတစ်ခုကထို​ကောင်​လေးနှုတ်ဖျားမှသူ့စိတ်လိုလက်ရထွက်လာတဲ့အခါရင်ထဲမှာခံရခက်လိုက်တာ.....

"မင်း...ငါ့ကိုအကိုလို့ပဲ​ခေါ်လို့ရတယ်"

"ဟင့်အင်း...ကျွန်​တော်ကကိုယ့်အဆင့်ကိုယ်သိတာမို့သခင့်ကိုသခင်လို့ပဲ​ခေါ်ပါရ​စေ"

အဆင့်တဲ့လား...ကိုယ်ဘယ်တုန်းကမှမင်းကိုကျွန်လို့မသတ်မှတ်ခဲ့ပါဘူးက​လေးငယ်....မလွှဲသာခဲ့လို့ပါဆိုတာရှင်းပြချင်တယ်

"ထားပါ...ငါ့ကိုအကျီလာလဲ​ပေး"

"ဟုတ်"

အကျီလဲခိုင်းတယ်ဆိုတာခိုင်း​စေခြင်းမဟုတ်ရပါ...ချစ်ရသူနဲ့နီးနီးကပ်ကပ်ရှိချင်ရုံသာ........

သူ့အနားသို့​ရောက်လာကာအကျီကြယ်သီး​လေး​တွေကိုတစ်လုံးချင်းဖြုတ်​နေတဲ့​ကောင်​လေးကိုငုံမိုးကာခိုးကြည့်ရင်းရင်​တွေတဆစ်ဆစ်နာလာရသည်....

မိဘ​တွေမရှိ​တော့တာ​တောင်သူ့ဘဝကိုသူ့ခွန်သူ့အားနဲ့ရ​အောင်ရုန်းကန်ချင်ခဲ့တဲ့​​ကောင်​လေး...မိုးလင်းရင်ပဲပြုတ်​လေးနဲ့ပဲဖြစ်ဖြစ်မုန့်ဟင်းခါး​လေးနဲ့ထမင်း​လေးနဲ့ဖြစ်ဖြစ်မြိန်ရာဟင်း​ကောင်းလုပ်စားတက်တဲ့​ကောင်​လေး...သူလိုချင်တာ​လေးများရရင်ပါးချို့င့်​လေးတစ်ဖက်​ကိုခွက်ဝင်သွား​အောင်ပြုံးတက်ခဲ့တဲ့​ကောင်​လေး...ဘယ်ကမှန်းမသိခဲ့တဲ့သူ့လိုလူကို​တောင်အိမ်​ထောင်ဦးစီးအကိုကြီးဆိုပြီးရှီခိုးကန်​တော့တက်ခဲ့တဲ့​ကောင်​လေး....ဒီအမူအယာ​လေး​တွေမရှိ​တော့တဲ့က​လေး​လေးကိုကြည့်ရတာဟာသိပ်ကိုဝမ်းနည်းဖို့​ကောင်းတယ်...ဒီလိူ​တွေဖြစ်လာ​အောင်ဖန်တီးခဲ့မိတာကလည်းကိုယ်တိုင်ပဲမလား....တခြားနည်းလမ်းသာရှိမယ်ဆို၊မင်းသာလုံခြုံမယ်ဆိုကိုယ်ဒီနည်းလမ်းကိုမ​ရွေးချယ်ချင်ပါဘူးက​လေးငယ်....ပင်ပန်း​စေခဲ့ပြီ.......

နှလုံးသားရဲ့​စေခိုင်းမှု​ကြောင့်သူ့အားအကျီလဲ​ပေး​နေတဲ့​ကောင်​လေးကိုနဖူး​လေးကိုငုံ့နမ်းမိလိုက်​တော့​အလိုမကျဟန်နောက်သို့ဆုတ်သွား​လေရဲ့.......

"သခင်တစ်​ယောက်ကကျွန်ကိုပိုင်တာမှန်​ပေမယ့်ကျွန်ကလည်းလူပါ...သူမချစ်မနှစ်သက်တဲ့လူရဲ့အနမ်း​တွေကိုမနှစ်သက်တဲ့လူ....တကယ်လို့သခင်နမ်းမယ်ဆိုငါနမ်းမှာမလို့ငြိမ်ခံ​နေလို့အမိန့်​ပေးပါ...အယ့်တာဆိုကျွန်​တော်အသာတကြည်ငြိမ်ခံပါ့မယ်...အယ့်လိုမှမဟုတ်ရင်​တော့ကျွန်​တော်မနှစ်မြို့တဲ့အနမ်း​တွေကိုငြင်းဆန်ပါရ​စေ"

မိုး​​သောက်ရဲ့စကား​​တွေ​ကြောင့်ရင်​တွေကွဲရသူက​တော့ထွဋ်​ခေါင်ရယ်ပါ​လေ....
မနှစ်မြို့ဘူးတဲ့လား
နမ်းမှာမို့ငြိမ်ခံ​နေရမယ်လို့အမိန့်​ပေးရမယ်တဲ့လား......
ဒီ​ကောင်ကဘာခွန်အားနဲ့မင်းမနှစ်မြို့တာ​တွေကိုဆက်လုပ်ရမလဲက​လေးငယ်......

"ရပြီ...ငါ​ရေချိုးဦးမယ်ညစာသွားယူထားလိုက်"

"ဟုတ်"

သူ​ပြောတာမှန်သမျှတဟုတ်ဟုတ်နဲ့နာခံ​နေသလိုသူ့ရဲ့ကြင်နာမှုကိုလည်းအလိမ္မာနည်းနဲ့ငြင်းဆန်​နေ​သောသည်​ကောင်​လေးသည်မနက်ကထိသူ့အသား​လေးကိုနာကျင်​အောင်မလုပ်ခင်အထိအကို အကိုဆိုပြီးစကား​တွေ​ပြောတက်တဲ့​ကောင်​လေးနဲ့လားလားမျှမသက်ဆိုင်..........
မင်းရင်ထဲကိုငါမမြင်ရပါလားStarရယ်...

ထွဋ်​ခေါင်​ရေမိုးချိုးပြီး​တော့အခန်းထဲသို့စိုင်း​နောင်​ရောက်​နေ​လေသည်....မနက်ဖြန်သူ့ပါးပါးအလုပ်သွားရင်ကိုကိုကြီးတို့ကို​ပြောစရာရှိလို့ဆိုပြီး​ပြောလျက်ပြန်ထွက်သွား​လေသည်......

ခဏ​နေ​တော့ထမင်း​ဗန်း​လေးကိုသယ်ကာဝင်လာ​သော​ကောင်​လေး....​ဖေ​ဖေတို့မေ​မေတို့ဆုံးပြီးကတည်းကမိသားစုထမင်းဝိုင်း​လေးမှာသူတို့ညီအကိုနှစ်​ယောက်လုံးမစားဖြစ်ခဲ့ကြ...ထွဋ်ဝင်းကအပြင်မှကြုံသလိုစားသလိုသူကလည်းအခန်းထဲမှာသာစား​လေ့ရှိခဲ့သည်....

ထို​ည​နေကစလို့အခန်း​လေးထဲမှာအကိုဆို​သောတဂျီဂျီ​ခေါ်သံ​လေးဟာတိတ်ဆိတ်​နေသလိုပင်....သူတကယ်မ​နေတက်​တော့ပါ...​နောင်များကိစ္စ​တွေအားလုံးပြီးသွားလို့ဒီက​လေး​လေးသာသူ့ကိုခွင့်မလွှတ်ခဲ့ပါလျှင်ဘယ်လိုများဆက်ရှင်သန်ရပါ့မလဲ​လေ.........

မိုးလင်း​တော့ဦးစိုင်း​အောင်အလုပ်သွားတာနဲ့သူတို့​လေး​ယောက်သားဧည့်ခန်းထဲမှာဆုံကြသည်......

"ကဲ...​နောင်​လေး​ကိုကိုကြီးတို့ကိုဘာ​ပြောမလို့လဲ"

ထွဋ်​ခေါင်​မေး​တော့စိုင်း​​နောင်သည်ဘာမှမ​ပြော​သေးခင်ဆိုဖာ​အောက်သို့ဆင်းထိုင်ကာသူနဲ့ထွဋ်ဝင်းကိုကန်​တော့​လေသည်....

"ဟားဟား...ကိုကိုကြီးတို့က​လေး​လေးကဘာလိုချင်လို့လဲ"

​နောင်​လေးရဲ့အမူအယာကိုသ​ဘောကျစွာထွဋ်​ခေါင်က​မေး​တော့စိုင်း​နောင်သည်ယဲ့ယဲ့​လေးသာပြန်ပြုံးပြ​လေရဲ့

"​နောင်..ကိုကိုကြီးတို့ကို​ပြောစရာရှိတယ်"

"​ပြော​လေက​လေးရဲ့...."

"​နောင်ဦးဦးနဲ့တီတီတို့ကိစ္စကိုသိ​နေတယ်...ဟို​နေ့ကကိုကိုတို့​ပြော​နေတာကြားခဲ့တယ်"

"ဟင်...."

"အယ့်တာ​ဖေ​ဖေ့ကိုခွင့်လွှတ်​ပေးဖို့မ​တောင်းဆိုပါဘူး...ဥပ​ဒေအရအ​ရေးယူပါ...​နောင်​လေးကိုဘာမှငဲ့ကွက်​နေစရာမလိုတဲ့အ​ကြောင်းသိ​စေချင်လို့ပါ..."​နောင်လေးစကား​ကြောင့်သူတို့အားလုံးအံ့အားသင့်ရ​လေသည်.....

"​နောင်​လေးတကယ်ဘာမှမဖြစ်ဘူးလား...ကိုကိုကြီးတို့သာဦး​အောင်ကိုရဲလက်အပ်မယ်ဆို​ထောင်ဒဏ်က၁၅နှစ်နဲ့အထက်ပဲ​နော်....​​လျှော့​ပေါ့ခွင့်​တောင်းရင်​တောင်အများဆုံးရ၃နှစ်၅နှစ်​လောက်​ပေါ့....​နောင်​လေးတကယ်အဆင်​ပြေမှာလား"

"​ဟုတ်...​နောင်​လေး​သေချာစဥ်းစားပြီးပါပြီ...​ဖေဖေ့ကိုအပြစ်​တွေထပ်မလုပ်​စေချင်ဘူး.....​ဖေ​ဖေဘာလို့ဒီလို​တွေကျူးလွန်​နေလဲမသိ​ပေမယ့်ဒီ့ထက်ပိုမဆိုးခင်ရပ်တန့်​စေချင်ပြီ....အယ့်တာ​ကြောင့်ကိုကိုကြီးတို့စိတ်တိုင်းကျလုပ်ပါ...တစ်ခု​လေးပဲ​ဖေဖေ့ကို​တော့အသက်အန္တရာယ်မထိခိုက်ပါနဲ့​နော်....."

"ဟက်"

​နောင်​လေး၏စကားဆုံး​တော့တချိန်လုံးငြိမ်​နေတဲ့ထွဋ်ဝင်းကဟက်ကနဲရယ်​လေသည်.....ထွဋ်ဝင်းကိုလှမ်းကြည့်​တော့ထွဋ်​ခေါင်လိုသနားဂရုဏာသက်တဲ့အကြည့်နဲ့မတူအရိုင်းဆန်​သောမုန်းတီး​သောအကြည့်များနဲ့စိုင်း​နောင်အားကြည့်​နေ​လေရဲ့.....

"​တောင်းပန်ပါတယ်ကိုကို"

"ဟွန်း...မင်းကအခုသိသွားပြီဆို​တော့ငါဟန်​ဆောင်စရာမလို​တော့ဘူး​ပေါ့"

"ညီ့"ထွဋ်ဝင်း၏စကား​တွေကိုထွဋ်​ခေါင်ကလှမ်းဟန့်​လေသည်....

"မတားနဲ့ကိုကြီး...​မာမီတို့ဒယ်ဒီတို့ရဲ့မျက်လုံး​တောင်မမှိတ်နိုင်ခဲ့တဲ့အ​လောင်း​တွေကိုမြင်​ယောင်မိတိုင်းသူ့အ​ဖေကို​ရောသူ့ကို​ရောနှလုံးသားထဲကအ​သွေးအသားထဲက​နေမုန်းတယ်"

"သိပါတယ်ကိုကို​နောင်​လေးသိပါတယ်...မုန်းသင့်ပါတယ်...ကိုကိုမုန်းသ​လောက်​နောင်​လေးခံပါ့မယ်...အမုန်း​တွေ​​ပြေတဲ့တစ်​နေ့​တော့အရင်လိုကိုကို့ညီ​လေးလိုပြန်ချစ်​ပေး​ပေါ့"

"က​လေးရယ်"မျက်ရည်​လေး​တွေဝဲကာ​ပြော​နေ​သော​နောင်​လေးကိုထွဋ်​ခေါင်​ထွေး​ပွေ့လိုက်သည်....ထွဋ်ဝင်းက​တော့​နောင်​လေးအားအမုန်းကြီးစွာစိုက်ကြည့်​နေဆဲပင်....ထိုအချိန်တွင်ပွဲကြည့်ပရိသတ်က​တော့၂​ယောက်ရှိ​လေရဲ့....

စိတ်မ​ကောင်းစွာကြည့်​နေ​​သောမိုး​သောက်​လေးရယ်၊ထိုအပြစ်​တွေရဲ့အဓိကတရားခံတစ်​ယောက်ရယ်​​ပေါ့....

ကိစ္စ​တွေအားလုံးသိပြီး​သောသူတို့​လေး​ယောက်လုံးရဲ့ဆုံးဖြတ်ချက်အရမနက်ဖြန်ပဲချက်ချင်းပင်ဦးစိုင်း​အောင်ကိုရဲလက်အပ်ရန်ဆုံးဖြတ်ခဲ့ကြ​လေသည်...၂နှစ်အတွင်းမှာသက်​သေ​တွေလည်းစု​ဆောင်းပြီးပြီမို့ဦးစိုင်း​အောင်လုံးဝ​ပြေးမလွတ်နိုင်ပါ......

ပြီး​နောက်လူစုခွဲကာပုံမှန်အတိုင်းပြန်​နေကြ​လေသည်...​သေချာ​ပေါက်စိုင်း​နောင်​လေးက​တော့​ကြေကွဲ​နေရှာမှာ​ပေါ့...ဖခင်ကိုကိုယ်တိုင်ရဲလက်မအပ်ရုံတမယ်ပဲမလား......

"ကိုကို...​နောင့်ကို​ကျောင်းလိုက်ပို့ဦးမလား...​နောက်ဆုံးတစ်​ခေါက်​လောက်​လေ"

"မင်း​ကျောင်းချိန်​နောက်ကျ​နေပြီမဟုတ်ဘူးလား.. သွားဦးမလို့လား"

"ဟုတ်သွားချင်လို့​လေ"

"​အေး​လေ...​ငါ၂နှစ်ခွဲ​လောက်သည်းခံခဲ့ပြီးပြီပဲ​နောက်ဆုံးတစ်​ခေါက်​လောက်​တော့ဘာမလုပ်​ပေးနိုင်စရာရှိလို့လဲ...."

ထိုစကားကို​ပြောပြီးသည်နှင့်ထွဋ်ဝင်း၏မျက်နှာအမူအယာမှာချက်ချင်း​ပြေ​လျော့ကာ......

"လာ​နောင်​လေးကိုကိုလိုက်ပို့မယ်"

​လိမ်လည်ဟန်​ဆောင်​နေတာသိ​သော်ငြားသူ့အားကမ်း​ပေးလာ​သောလက်​လေးကိုစိုင်း​နောင်လိုလိုလားလားနဲ့ဆုပ်ကိုင်လိုက်ပါ၏.....

"​ကျေးဇူး​​နော်ကိုကို"

ဟု​ပြော​တော့သူ့​ခေါင်း​လေးအားလာပွတ်သပ်​ပေး​သောကိုကို့လက်က​လေးများဟာနှစ်သိမ့်​ပေး​နေသလိုပါပဲလား....

ထို​နေ့​လေးကို​​နောက်ဆုံးအ​နေနဲ့သတ်မှတ်လို့ကိုကို့ရဲ့ဟန်​ဆောင်​မေတ္တာ​တွေ​အောက်မှာသူအ​ပျော်ကြီး​ပျော်​နေမိ​သေးတာ......

သူတို့နှစ်​ယောက်ထွက်သွား​တော့အိမ်မှာထွဋ်​ခေါင်နှင့်မိုး​သောက်သာကျန်ခဲ့​လေသည်......

"Star..."

​ခေါ်​နေကျနာမည်​လေးကို​ခေါ်လိုက်​တော့ပြတင်း​ပေါက်ကို​ငေး​နေရာကငဲ့ကြည့်လာပါရဲ့.....

"သိ​နေခဲ့တာလား"ဆို​​​သောအ​မေးကိုခေါင်းသာငြိမ့်ပြ​​ဖြေလေ​သောမိုး​သောက်.....

"ကိုယ့်ကို့ခွင့်လွှတ်နိုင်ရဲ့လား...ကိုယ်ကသိသိကြီးနဲ့မင်းတို့​အ​ပေါ်ရက်စက်ခဲ့တာ"

"ကျွန်​တော်"

"ခဏ​လေးပါဘာမှမ​ပြော​သေးခင်ကိုယ်တစ်ခု​ပြောချင်​သေးတယ်...မင်းညီမ​လေး​ဆေးရုံတက်ရတယ်ဆိုတဲ့​နေ့က...."

"ကျွန်​တော်သိတယ်...အယ့်​နေ့ကညီမ​လေးနဲ့အပြိုင်ခွဲရတဲ့လူနာကစိုင်းမလား"

"အင်း...ကိုယ်​တောင်းပန်ပါတယ်...ကိုယ်တို့တစ်ကိုယ်​ကောင်းဆန်ခဲ့တယ်"

"ဟုတ်တာ​ပေါ့သိပ်ကိုတစ်ကိုယ်​ကောင်းဆန်ခဲ့ကြတာ...ကျွန်​တော်အယ့်လူ​တွေကို​တော့ခွင့်မလွှတ်နိုင်ဘူး.....ဒါ​ပေမဲ့ကျွန်​တော့်သူငယ်ချင်းစိုင်းကို​တော့ခွင့်လွှတ်နိုင်ပါတယ်...အယ့်တုန်းကစိုင်းမဟုတ်တဲ့ကျွန်​တော့်သူငယ်ချင်းကို​လေ...ပြီး​တော့ရင်ထဲကအကို့ကို​တော့အမြဲ​မျှော်​နေမယ်...ဒီဒီထွဋ်​ခေါင်ကိုမဟုတ်ဘူး"

"Star"

"ပြီး​တော့အယ့်နာမည်...အယ့်တာအကိုပိုင်တဲ့နာမည်​လေးမို့ခဗျားက​တော့မ​ခေါ်ပါနဲ့လား....ကျွန်​​တော်သိခဲ့ရင်းနှီးခဲ့တဲ့အကို့ကိုပဲ​ခေါ်​စေချင်တယ်...အကိုပိုင်တဲ့နာမည်​လေးမို့...."

"အင်းပါကိုယ်နားလည်ပါပြီမိုး​သောက်....ကိုယ်companyသွား​တော့မယ်ဂရုစိုက်"

"ဟုတ်"

စိုင်းထွက်သွား​တော့မိုး​သောက်လည်းပြတင်း​ပေါက်အပြင်ကိုသာဆက်​ငေးရင်း​တွေ​တွေ​လေးကျန်ခဲ့​လေသည်.....

ကိစ္စ​တွေအားလုံးမကြာခင်ပြီးဆုံး​တော့မှာပါ
အဆင်​ပြေသွား​တော့မှာ

ဖတ်ရတာအဆင်​ပြေရဲ့လားရှင့်🙆‍♀️❤

////////////////////////////

ထြဋ္​ေခါင္အလုပ္ကျပန္လာ​ေတာ့အခန္းထဲမွာမိုး​ေသာက္ကိုမ​ေတြ႕......တံခါးကိုအရင္​ေလာ့ခ်ကာအခန္းကိုအရင္ပတ္ၾကည့္​ေတာ့လည္းမ​ေတြ႕....ခဏ​ေနမွခ်​ေလာက္ဆို​ေသာအသံ​ေလးနဲ႔အတူ​ေရခ်ိဳးခန္းထဲမွထြက္လာ​ေသာမိုး​ေသာက္....ထို​ေကာင္​ေလး၏မ်က္ႏွာ​ေလးျမင္မွသာလွ်င္ရင္ထဲကအပူလုံးကက်သြားသလို....နီရဲ​ေန​ေသာမ်က္ခမ္း​ေလး​ေတြနဲ႔မို႔​အစ္​ေန​ေသာမ်က္လုံး​ေလး​ေတြကခုထိမ်ားငိုထားလို႔သလား....မနက္တည္းကခုထိတစ္​ေယာက္ထဲငို​ေနရွာမွာကို​​ေတြးမိ​ေတာ့ရင္ထဲနင့္ကနဲ႔.......

"သခင္ျပန္လာၿပီလား"

သူ​ကိုယ္တိုင္​ေခၚရမယ္လို႔သတ္မွတ္ခဲ့တဲ့စကားလုံး၊အမည္နာမတစ္ခုကထို​ေကာင္​ေလးႏႈတ္ဖ်ားမွသူ႔စိတ္လိုလက္ရထြက္လာတဲ့အခါရင္ထဲမွာခံရခက္လိုက္တာ.....

"မင္း...ငါ့ကိုအကိုလို႔ပဲ​ေခၚလို႔ရတယ္"

"ဟင့္အင္း...ကြၽန္​ေတာ္ကကိုယ့္အဆင့္ကိုယ္သိတာမို႔သခင့္ကိုသခင္လို႔ပဲ​ေခၚပါရ​ေစ"

အဆင့္တဲ့လား...ကိုယ္ဘယ္တုန္းကမွမင္းကိုကြၽန္လို႔မသတ္မွတ္ခဲ့ပါဘူးက​ေလးငယ္....မလႊဲသာခဲ့လို႔ပါဆိုတာရွင္းျပခ်င္တယ္

"ထားပါ...ငါ့ကိုအက်ီလာလဲ​ေပး"

"ဟုတ္"

အက်ီလဲခိုင္းတယ္ဆိုတာခိုင္း​ေစျခင္းမဟုတ္ရပါ...ခ်စ္ရသူနဲ႔နီးနီးကပ္ကပ္ရွိခ်င္႐ုံသာ........

သူ႔အနားသို႔​ေရာက္လာကာအက်ီၾကယ္သီး​ေလး​ေတြကိုတစ္လုံးခ်င္းျဖဳတ္​ေနတဲ့​ေကာင္​ေလးကိုငုံမိုးကာခိုးၾကည့္ရင္းရင္​ေတြတဆစ္ဆစ္နာလာရသည္....

မိဘ​ေတြမရွိ​ေတာ့တာ​ေတာင္သူ႔ဘဝကိုသူ႔ခြန္သူ႔အားနဲ႔ရ​ေအာင္႐ုန္းကန္ခ်င္ခဲ့တဲ့​​ေကာင္​ေလး...မိုးလင္းရင္ပဲျပဳတ္​ေလးနဲ႔ပဲျဖစ္ျဖစ္မုန္႔ဟင္းခါး​ေလးနဲ႔ထမင္း​ေလးနဲ႔ျဖစ္ျဖစ္ၿမိန္ရာဟင္း​ေကာင္းလုပ္စားတက္တဲ့​ေကာင္​ေလး...သူလိုခ်င္တာ​ေလးမ်ားရရင္ပါးခ်ိဳ႕င့္​ေလးတစ္ဖက္​ကိုခြက္ဝင္သြား​ေအာင္ၿပဳံးတက္ခဲ့တဲ့​ေကာင္​ေလး...ဘယ္ကမွန္းမသိခဲ့တဲ့သူ႔လိုလူကို​ေတာင္အိမ္​ေထာင္ဦးစီးအကိုႀကီးဆိုၿပီးရွီခိုးကန္​ေတာ့တက္ခဲ့တဲ့​ေကာင္​ေလး....ဒီအမူအယာ​ေလး​ေတြမရွိ​ေတာ့တဲ့က​ေလး​ေလးကိုၾကည့္ရတာဟာသိပ္ကိုဝမ္းနည္းဖို႔​ေကာင္းတယ္...ဒီလိူ​ေတြျဖစ္လာ​ေအာင္ဖန္တီးခဲ့မိတာကလည္းကိုယ္တိုင္ပဲမလား....တျခားနည္းလမ္းသာရွိမယ္ဆို၊မင္းသာလုံၿခဳံမယ္ဆိုကိုယ္ဒီနည္းလမ္းကိုမ​ေ႐ြးခ်ယ္ခ်င္ပါဘူးက​ေလးငယ္....ပင္ပန္း​ေစခဲ့ၿပီ.......

ႏွလုံးသားရဲ႕​ေစခိုင္းမႈ​ေၾကာင့္သူ႔အားအက်ီလဲ​ေပး​ေနတဲ့​ေကာင္​ေလးကိုနဖူး​ေလးကိုငုံ႔နမ္းမိလိုက္​ေတာ့​အလိုမက်ဟန္ေနာက္သို႔ဆုတ္သြား​ေလရဲ႕.......

"သခင္တစ္​ေယာက္ကကြၽန္ကိုပိုင္တာမွန္​ေပမယ့္ကြၽန္ကလည္းလူပါ...သူမခ်စ္မႏွစ္သက္တဲ့လူရဲ႕အနမ္း​ေတြကိုမႏွစ္သက္တဲ့လူ....တကယ္လို႔သခင္နမ္းမယ္ဆိုငါနမ္းမွာမလို႔ၿငိမ္ခံ​ေနလို႔အမိန္႔​ေပးပါ...အယ့္တာဆိုကြၽန္​ေတာ္အသာတၾကည္ၿငိမ္ခံပါ့မယ္...အယ့္လိုမွမဟုတ္ရင္​ေတာ့ကြၽန္​ေတာ္မႏွစ္ၿမိဳ႕တဲ့အနမ္း​ေတြကိုျငင္းဆန္ပါရ​ေစ"

မိုး​​ေသာက္ရဲ႕စကား​​ေတြ​ေၾကာင့္ရင္​ေတြကြဲရသူက​ေတာ့ထြဋ္​ေခါင္ရယ္ပါ​ေလ....
မႏွစ္ၿမိဳ႕ဘူးတဲ့လား
နမ္းမွာမို႔ၿငိမ္ခံ​ေနရမယ္လို႔အမိန္႔​ေပးရမယ္တဲ့လား......
ဒီ​ေကာင္ကဘာခြန္အားနဲ႔မင္းမႏွစ္ၿမိဳ႕တာ​ေတြကိုဆက္လုပ္ရမလဲက​ေလးငယ္......

"ရၿပီ...ငါ​ေရခ်ိဳးဦးမယ္ညစာသြားယူထားလိုက္"

"ဟုတ္"

သူ​ေျပာတာမွန္သမွ်တဟုတ္ဟုတ္နဲ႔နာခံ​ေနသလိုသူ႔ရဲ႕ၾကင္နာမႈကိုလည္းအလိမၼာနည္းနဲ႔ျငင္းဆန္​ေန​ေသာသည္​ေကာင္​ေလးသည္မနက္ကထိသူ႔အသား​ေလးကိုနာက်င္​ေအာင္မလုပ္ခင္အထိအကို အကိုဆိုၿပီးစကား​ေတြ​ေျပာတက္တဲ့​ေကာင္​ေလးနဲ႔လားလားမွ်မသက္ဆိုင္..........
မင္းရင္ထဲကိုငါမျမင္ရပါလားStarရယ္...

ထြဋ္​ေခါင္​ေရမိုးခ်ိဳးၿပီး​ေတာ့အခန္းထဲသို႔စိုင္း​ေနာင္​ေရာက္​ေန​ေလသည္....မနက္ျဖန္သူ႔ပါးပါးအလုပ္သြားရင္ကိုကိုႀကီးတို႔ကို​ေျပာစရာရွိလို႔ဆိုၿပီး​ေျပာလ်က္ျပန္ထြက္သြား​ေလသည္......

ခဏ​ေန​ေတာ့ထမင္း​ဗန္း​ေလးကိုသယ္ကာဝင္လာ​ေသာ​ေကာင္​ေလး....​ေဖ​ေဖတို႔ေမ​ေမတို႔ဆုံးၿပီးကတည္းကမိသားစုထမင္းဝိုင္း​ေလးမွာသူတို႔ညီအကိုႏွစ္​ေယာက္လုံးမစားျဖစ္ခဲ့ၾက...ထြဋ္ဝင္းကအျပင္မွႀကဳံသလိုစားသလိုသူကလည္းအခန္းထဲမွာသာစား​ေလ့ရွိခဲ့သည္....

ထို​ည​ေနကစလို႔အခန္း​ေလးထဲမွာအကိုဆို​ေသာတဂ်ီဂ်ီ​ေခၚသံ​ေလးဟာတိတ္ဆိတ္​ေနသလိုပင္....သူတကယ္မ​ေနတက္​ေတာ့ပါ...​ေနာင္မ်ားကိစၥ​ေတြအားလုံးၿပီးသြားလို႔ဒီက​ေလး​ေလးသာသူ႔ကိုခြင့္မလႊတ္ခဲ့ပါလွ်င္ဘယ္လိုမ်ားဆက္ရွင္သန္ရပါ့မလဲ​ေလ.........

မိုးလင္း​ေတာ့ဦးစိုင္း​ေအာင္အလုပ္သြားတာနဲ႔သူတို႔​ေလး​ေယာက္သားဧည့္ခန္းထဲမွာဆုံၾကသည္......

"ကဲ...​ေနာင္​ေလး​ကိုကိုႀကီးတို႔ကိုဘာ​ေျပာမလို႔လဲ"

ထြဋ္​ေခါင္​ေမး​ေတာ့စိုင္း​​ေနာင္သည္ဘာမွမ​ေျပာ​ေသးခင္ဆိုဖာ​ေအာက္သို႔ဆင္းထိုင္ကာသူနဲ႔ထြဋ္ဝင္းကိုကန္​ေတာ့​ေလသည္....

"ဟားဟား...ကိုကိုႀကီးတို႔က​ေလး​ေလးကဘာလိုခ်င္လို႔လဲ"

​ေနာင္​ေလးရဲ႕အမူအယာကိုသ​ေဘာက်စြာထြဋ္​ေခါင္က​ေမး​ေတာ့စိုင္း​ေနာင္သည္ယဲ့ယဲ့​ေလးသာျပန္ၿပဳံးျပ​ေလရဲ႕

"​ေနာင္..ကိုကိုႀကီးတို႔ကို​ေျပာစရာရွိတယ္"

"​ေျပာ​ေလက​ေလးရဲ႕...."

"​ေနာင္ဦးဦးနဲ႔တီတီတို႔ကိစၥကိုသိ​ေနတယ္...ဟို​ေန႔ကကိုကိုတို႔​ေျပာ​ေနတာၾကားခဲ့တယ္"

"ဟင္...."

"အယ့္တာ​ေဖ​ေဖ့ကိုခြင့္လႊတ္​ေပးဖို႔မ​ေတာင္းဆိုပါဘူး...ဥပ​ေဒအရအ​ေရးယူပါ...​ေနာင္​ေလးကိုဘာမွငဲ့ကြက္​ေနစရာမလိုတဲ့အ​ေၾကာင္းသိ​ေစခ်င္လို႔ပါ..."​ေနာင္ေလးစကား​ေၾကာင့္သူတို႔အားလုံးအံ့အားသင့္ရ​ေလသည္.....

"​ေနာင္​ေလးတကယ္ဘာမွမျဖစ္ဘူးလား...ကိုကိုႀကီးတို႔သာဦး​ေအာင္ကိုရဲလက္အပ္မယ္ဆို​ေထာင္ဒဏ္က၁၅ႏွစ္နဲ႔အထက္ပဲ​ေနာ္....​​ေလွ်ာ့​ေပါ့ခြင့္​ေတာင္းရင္​ေတာင္အမ်ားဆုံးရ၃ႏွစ္၅ႏွစ္​ေလာက္​ေပါ့....​ေနာင္​ေလးတကယ္အဆင္​ေျပမွာလား"

"​ဟုတ္...​ေနာင္​ေလး​ေသခ်ာစဥ္းစားၿပီးပါၿပီ...​ေဖေဖ့ကိုအျပစ္​ေတြထပ္မလုပ္​ေစခ်င္ဘူး.....​ေဖ​ေဖဘာလို႔ဒီလို​ေတြက်ဴးလြန္​ေနလဲမသိ​ေပမယ့္ဒီ့ထက္ပိုမဆိုးခင္ရပ္တန္႔​ေစခ်င္ၿပီ....အယ့္တာ​ေၾကာင့္ကိုကိုႀကီးတို႔စိတ္တိုင္းက်လုပ္ပါ...တစ္ခု​ေလးပဲ​ေဖေဖ့ကို​ေတာ့အသက္အႏၲရာယ္မထိခိုက္ပါနဲ႔​ေနာ္....."

"ဟက္"

​ေနာင္​ေလး၏စကားဆုံး​ေတာ့တခ်ိန္လုံးၿငိမ္​ေနတဲ့ထြဋ္ဝင္းကဟက္ကနဲရယ္​ေလသည္.....ထြဋ္ဝင္းကိုလွမ္းၾကည့္​ေတာ့ထြဋ္​ေခါင္လိုသနားဂ႐ုဏာသက္တဲ့အၾကည့္နဲ႔မတူအ႐ိုင္းဆန္​ေသာမုန္းတီး​ေသာအၾကည့္မ်ားနဲ႔စိုင္း​ေနာင္အားၾကည့္​ေန​ေလရဲ႕.....

"​ေတာင္းပန္ပါတယ္ကိုကို"

"ဟြန္း...မင္းကအခုသိသြားၿပီဆို​ေတာ့ငါဟန္​ေဆာင္စရာမလို​ေတာ့ဘူး​ေပါ့"

"ညီ့"ထြဋ္ဝင္း၏စကား​ေတြကိုထြဋ္​ေခါင္ကလွမ္းဟန္႔​ေလသည္....

"မတားနဲ႔ကိုႀကီး...​မာမီတို႔ဒယ္ဒီတို႔ရဲ႕မ်က္လုံး​ေတာင္မမွိတ္ႏိုင္ခဲ့တဲ့အ​ေလာင္း​ေတြကိုျမင္​ေယာင္မိတိုင္းသူ႔အ​ေဖကို​ေရာသူ႔ကို​ေရာႏွလုံးသားထဲကအ​ေသြးအသားထဲက​ေနမုန္းတယ္"

"သိပါတယ္ကိုကို​ေနာင္​ေလးသိပါတယ္...မုန္းသင့္ပါတယ္...ကိုကိုမုန္းသ​ေလာက္​ေနာင္​ေလးခံပါ့မယ္...အမုန္း​ေတြ​​ေျပတဲ့တစ္​ေန႔​ေတာ့အရင္လိုကိုကို႔ညီ​ေလးလိုျပန္ခ်စ္​ေပး​ေပါ့"

"က​ေလးရယ္"မ်က္ရည္​ေလး​ေတြဝဲကာ​ေျပာ​ေန​ေသာ​ေနာင္​ေလးကိုထြဋ္​ေခါင္​ေထြး​ေပြ႕လိုက္သည္....ထြဋ္ဝင္းက​ေတာ့​ေနာင္​ေလးအားအမုန္းႀကီးစြာစိုက္ၾကည့္​ေနဆဲပင္....ထိုအခ်ိန္တြင္ပြဲၾကည့္ပရိသတ္က​ေတာ့၂​ေယာက္ရွိ​ေလရဲ႕....

စိတ္မ​ေကာင္းစြာၾကည့္​ေန​​ေသာမိုး​ေသာက္​ေလးရယ္၊ထိုအျပစ္​ေတြရဲ႕အဓိကတရားခံတစ္​ေယာက္ရယ္​​ေပါ့....

ကိစၥ​ေတြအားလုံးသိၿပီး​ေသာသူတို႔​ေလး​ေယာက္လုံးရဲ႕ဆုံးျဖတ္ခ်က္အရမနက္ျဖန္ပဲခ်က္ခ်င္းပင္ဦးစိုင္း​ေအာင္ကိုရဲလက္အပ္ရန္ဆုံးျဖတ္ခဲ့ၾက​ေလသည္...၂ႏွစ္အတြင္းမွာသက္​ေသ​ေတြလည္းစု​ေဆာင္းၿပီးၿပီမို႔ဦးစိုင္း​ေအာင္လုံးဝ​ေျပးမလြတ္ႏိုင္ပါ......

ၿပီး​ေနာက္လူစုခြဲကာပုံမွန္အတိုင္းျပန္​ေနၾက​ေလသည္...​ေသခ်ာ​ေပါက္စိုင္း​ေနာင္​ေလးက​ေတာ့​ေၾကကြဲ​ေနရွာမွာ​ေပါ့...ဖခင္ကိုကိုယ္တိုင္ရဲလက္မအပ္႐ုံတမယ္ပဲမလား......

"ကိုကို...​ေနာင့္ကို​ေက်ာင္းလိုက္ပို႔ဦးမလား...​ေနာက္ဆုံးတစ္​ေခါက္​ေလာက္​ေလ"

"မင္း​ေက်ာင္းခ်ိန္​ေနာက္က်​ေနၿပီမဟုတ္ဘူးလား.. သြားဦးမလို႔လား"

"ဟုတ္သြားခ်င္လို႔​ေလ"

"​ေအး​ေလ...​ငါ၂ႏွစ္ခြဲ​ေလာက္သည္းခံခဲ့ၿပီးၿပီပဲ​ေနာက္ဆုံးတစ္​ေခါက္​ေလာက္​ေတာ့ဘာမလုပ္​ေပးႏိုင္စရာရွိလို႔လဲ...."

ထိုစကားကို​ေျပာၿပီးသည္ႏွင့္ထြဋ္ဝင္း၏မ်က္ႏွာအမူအယာမွာခ်က္ခ်င္း​ေျပ​ေလ်ာ့ကာ......

"လာ​ေနာင္​ေလးကိုကိုလိုက္ပို႔မယ္"

​လိမ္လည္ဟန္​ေဆာင္​ေနတာသိ​ေသာ္ျငားသူ႔အားကမ္း​ေပးလာ​ေသာလက္​ေလးကိုစိုင္း​ေနာင္လိုလိုလားလားနဲ႔ဆုပ္ကိုင္လိုက္ပါ၏.....

"​ေက်းဇူး​​ေနာ္ကိုကို"

ဟု​ေျပာ​ေတာ့သူ႔​ေခါင္း​ေလးအားလာပြတ္သပ္​ေပး​ေသာကိုကို႔လက္က​ေလးမ်ားဟာႏွစ္သိမ့္​ေပး​ေနသလိုပါပဲလား....

ထို​ေန႔​ေလးကို​​ေနာက္ဆုံးအ​ေနနဲ႔သတ္မွတ္လို႔ကိုကို႔ရဲ႕ဟန္​ေဆာင္​ေမတၱာ​ေတြ​ေအာက္မွာသူအ​ေပ်ာ္ႀကီး​ေပ်ာ္​ေနမိ​ေသးတာ......

သူတို႔ႏွစ္​ေယာက္ထြက္သြား​ေတာ့အိမ္မွာထြဋ္​ေခါင္ႏွင့္မိုး​ေသာက္သာက်န္ခဲ့​ေလသည္......

"Star..."

​ေခၚ​ေနက်နာမည္​ေလးကို​ေခၚလိုက္​ေတာ့ျပတင္း​ေပါက္ကို​ေငး​ေနရာကငဲ့ၾကည့္လာပါရဲ႕.....

"သိ​ေနခဲ့တာလား"ဆို​​​ေသာအ​ေမးကိုေခါင္းသာၿငိမ့္ျပ​​ေျဖေလ​ေသာမိုး​ေသာက္.....

"ကိုယ့္ကို႔ခြင့္လႊတ္ႏိုင္ရဲ႕လား...ကိုယ္ကသိသိႀကီးနဲ႔မင္းတို႔​အ​ေပၚရက္စက္ခဲ့တာ"

"ကြၽန္​ေတာ္"

"ခဏ​ေလးပါဘာမွမ​ေျပာ​ေသးခင္ကိုယ္တစ္ခု​ေျပာခ်င္​ေသးတယ္...မင္းညီမ​ေလး​ေဆး႐ုံတက္ရတယ္ဆိုတဲ့​ေန႔က...."

"ကြၽန္​ေတာ္သိတယ္...အယ့္​ေန႔ကညီမ​ေလးနဲ႔အၿပိဳင္ခြဲရတဲ့လူနာကစိုင္းမလား"

"အင္း...ကိုယ္​ေတာင္းပန္ပါတယ္...ကိုယ္တို႔တစ္ကိုယ္​ေကာင္းဆန္ခဲ့တယ္"

"ဟုတ္တာ​ေပါ့သိပ္ကိုတစ္ကိုယ္​ေကာင္းဆန္ခဲ့ၾကတာ...ကြၽန္​ေတာ္အယ့္လူ​ေတြကို​ေတာ့ခြင့္မလႊတ္ႏိုင္ဘူး.....ဒါ​ေပမဲ့ကြၽန္​ေတာ့္သူငယ္ခ်င္းစိုင္းကို​ေတာ့ခြင့္လႊတ္ႏိုင္ပါတယ္...အယ့္တုန္းကစိုင္းမဟုတ္တဲ့ကြၽန္​ေတာ့္သူငယ္ခ်င္းကို​ေလ...ၿပီး​ေတာ့ရင္ထဲကအကို႔ကို​ေတာ့အၿမဲ​ေမွ်ာ္​ေနမယ္...ဒီဒီထြဋ္​ေခါင္ကိုမဟုတ္ဘူး"

"Star"

"ၿပီး​ေတာ့အယ့္နာမည္...အယ့္တာအကိုပိုင္တဲ့နာမည္​ေလးမို႔ခဗ်ားက​ေတာ့မ​ေခၚပါနဲ႔လား....ကြၽန္​​ေတာ္သိခဲ့ရင္းႏွီးခဲ့တဲ့အကို႔ကိုပဲ​ေခၚ​ေစခ်င္တယ္...အကိုပိုင္တဲ့နာမည္​ေလးမို႔...."

"အင္းပါကိုယ္နားလည္ပါၿပီမိုး​ေသာက္....ကိုယ္companyသြား​ေတာ့မယ္ဂ႐ုစိုက္"

"ဟုတ္"

စိုင္းထြက္သြား​ေတာ့မိုး​ေသာက္လည္းျပတင္း​ေပါက္အျပင္ကိုသာဆက္​ေငးရင္း​ေတြ​ေတြ​ေလးက်န္ခဲ့​ေလသည္.....

ကိစၥ​ေတြအားလုံးမၾကာခင္ၿပီးဆုံး​ေတာ့မွာပါ
အဆင္​ေျပသြား​ေတာ့မွာ

ဖတ္ရတာအဆင္​ေျပရဲ႕လားရွင့္🙆‍♀️❤

Continue Reading

You'll Also Like

264K 8.2K 69
แ€€แ€ญแ€ฏแ€šแ€บโ€‹แ€žแ€ฌโ€‹แ€”แ€ฑแ€€แ€ผแ€ฌแ€•แ€”แ€บแ€ธแ€†แ€ญแ€ฏแ€›แ€„แ€บโ€‹ แ€™แ€„แ€บแ€ธแ€€ โ€‹แ€”แ€ฑแ€™แ€„แ€บแ€ธ แ€Šแ€ฎ... โ€‹แ€”แ€ฑแ€€แ€ผแ€ฌแ€•แ€”แ€บแ€ธแ€†แ€ญแ€ฏแ€แ€ฌ โ€‹แ€”แ€ฑแ€™แ€„แ€บแ€ธแ€€แ€ผแ€ฎแ€ธแ€›แ€พแ€ญแ€›แ€ฌแ€กแ€›แ€•แ€บโ€‹แ€€แ€ญแ€ฏแ€žแ€ฌ แ€™แ€ปแ€€แ€บแ€”แ€พแ€ฌแ€™แ€ฐแ€แ€šแ€บโ€‹.... แ€€แ€ญแ€ฏแ€šแ€บโ€‹แ€œแ€Šแ€บแ€ธ.........
3.6M 326K 79
I'm not a robotแ€‘แ€ฒแ€™แ€ฝโ€‹แ€ฑแ€›แ€ฌแ€‚แ€ซแ€€แ€ญแ€ฏโ€‹แ€ฑแพแ€€แ€ฌแ‚แ€ญแ€ฏแ€ธแ€แ€Šแ€นโ€‹โ€‹แ€ฑแ€›แ€ธแแ‹ Own Creation โ€‹แ€ฑแ€”แ€œโ€‹แ€ฑแ€›แ€ฌแ€„แ€นโ€‹ แ€…แ€ญแ€ฏแ€„แ€นโ€‹แ€ธแ€แ€ญแ€™แ€นโ€‹แ€šแ€ถแ€œแ€„แ€นโ€‹แ€ธ โ€‹แ€ฑแ€”แ€›แ€”แ€นโ€‹ แ€…แ€ญแ€ฏแ€„แ€นโ€‹แ€ธแ€Šแ€ฎแ€šแ€ถแ€œแ€„แ€นโ€‹แ€ธ fan ficแ€™แ€Ÿแ€ฏแ€แ€นโ€‹แ€•แ€ซแ‹๐Ÿ”ฅ๐Ÿ”ฅ๐Ÿ”ฅ๐Ÿ”ฅ
340K 8.4K 79
แ€แ€ฑแ€ฌแ€„แ€บแ€•แ€ฑแ€ซแ€บแ€žแ€ฌแ€ธแ€”แ€ฒแ€ท แ€™แ€ผแ€ฑแ€•แ€ผแ€”แ€ทแ€บแ€žแ€ฐ แ€‡แ€ฌแ€แ€บแ€œแ€™แ€บแ€ธแ€œแ€ฑแ€ธแ€•แ€ซแ€›แ€พแ€„แ€บแ€ท
460K 11K 87
"แ€•แ€ฐแ€แ€„แ€บแ€ธแ€œแ€ฑแ€ธแ€€แ€˜แ€ฌแ€œแ€ฒ" "แ€€แ€ญแ€ฏแ€€แ€ญแ€ฏแ€ทแ€กแ€•แ€ญแ€ฏแ€„แ€บ" "แ€€แ€ญแ€ฏแ€€แ€ญแ€ฏแ€แ€ญแ€ฏแ€ทแ€€แ€›แ€ฑแ€ฌแ€˜แ€ฌแ€œแ€ฒ " "แ€™แ€ฑแ€ฌแ€„แ€บแ€”แ€พแ€™" "แ€Ÿแ€ฌ..."