BAL GYI

By rukishato228

61.2K 6.4K 1.2K

Zawgyi ဘဲကြီးခများက Alcoholလိုဘဲ သောက်လိုက်လို့ခါးသွားပေမယ့် ဆက်သောက်ချင်နေတုန်းဘဲ ဘဲကြီးက မုန်းဖို့ကောင်းပေမ... More

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24🔞🔞🔞
Part 25(Final)
ADS😁😁

Part 17

1.8K 229 45
By rukishato228


Unicode

အခုဘယ်ရောက်နေလဲဆိုတော့ ဟိုဘောမွေးကောင် Joonieကို နှိပ်စက်ဖို့ Barရောက်နေတာ

Yoongi-"ပြောစမ်းပါဦး မင်းဘဲကြီးကိုအဖြေပေးလိုက်တဲ့အကြောင်းလေး"

Jimin,Tae-"ဟုတ်တယ်"

Hoseok-"ဘာပြောရမှာလဲ မင်းဘေးနားထိုင်နေတဲ့ ဟိုမျိုးမစစ်ကောင်ကြောင့်လေ"

Joon-"မင်းကရော မချစ်လို့လား"

Hiseok-"ချစ်တာက ချစ်တာဘဲ အဖြေပေးလိုက်ရတာ မင်းကြောင့်လေ"

Joon-"ငါက ငါ့သူငယ်ချင်းလေးကိုကောင်းစားစေချင်လို့ စေတနာနဲ့ပါကွ စေတနာကိုနားလည်စမ်းပါ"

Hoseok-"မင်းစေတနာကလဲ ကိုယ့်သူငယ်ချင်းကို တစ်ခါတည်းထိုးကြွေးနေတာ"

Joon-"မင်းကို ဟိုကဘာကြည့်ပြီးကြိုက်မှန်းကိုမသိတာ "

Hoseok-"ဟာ ငါက ချောပြီးသားကွ"

Joon-"ခွီး ဟိုကကြိုက်ပေးတာတောင် ကျေးဇူးတင်လိုက်ဦး ကျေးဇူးမတင် ဖင်လှန်ပြဆိုတာ မင်းလိုကောင်မျိုး"

Hoseok-"အတူတူနဲ့အနူနူ အရူးက တစ်မူးသာမနေနဲ့"

Joon-"ဟီး ဟီး"

Jimin-"အာ့တာတွေ အသာထားရောက်တုန်းလေးပျော်ရအောင်"

ဟိုကောင်တွေကတော့သိတဲ့အတိုင်းရောက်တာနဲ့ကဲနေပြီ Hoseokတစ်ယောက်တည်းညBar Counterမှာထိုင်သောက်နေတုန်း ဘေးနားကိုလူတစ်ယောက်လာထိုင်တာ သတိထားမိပေမယ့် ဒီအတိုင်းလာသောက်တဲ့သူလို့ဘဲမှတ်ပြီး အမှုမဲ့အမှတ်မဲ့နေလိုက်တယ် လှည့်တောင်မကြည့်လိုက်မိဘူး
ခဏကြာတော့ ဘေးနားကလူကသူ့ကိုကြည့်နေသလိုခံစားရလို့ လှည့်ကြည့်မိတော့မှ လမ်းသရဲလိုလို ဂျလေပီလိုလိုဝတ်ထားတဲ့လူတစ်ယောက် အသတ်ကတော့Hoseokထက်အနည်းငယ်ကြီးမယ်ထင်တယ် အရမ်းကြီးမချောပေမယ့် ကြည့်ပျော်ရှုပျော်တော့ရှိပါတယ်
ဘာလဲဟ ဒီလူကဘာအထာလဲ လူကိုဝါးစားမတက်ကြည့်နေတာ
ရုပ်ကိုကရွံစရာကြီး

"အလှလေး"

"ခများဘယ်သူ့ကိုခေါ်တာလဲ"

"မင်းလေးကိုခေါ်တာလေ"

"ဒီမှာ အလှလေး လို့ခေါ်ရအောင်ကျုပ်ကယောကျာ်းလေးဗျ"

"လှလို့အလှလေးလို့ခေါ်တာကွာ"

"အာာာ ဒီလူကတော့ ရော့ကွာ "

"ခွပ်      ခွပ်   "

"ခေါ်ဦးမလား ဟမ် ..ခွပ် .ခေါ်ချင်သေးလား ..ခွပ် ..ခေါ်ချင်ဦး..ခွပ်"

ဒေါသကထောင်းကနဲထွက်လာပြီး အဲ့ဒီလူပေါ် တက်ခွထိုးနေတာ အောက်ကလူက မေ့တောင်နေပြီလားမသိ ဒေါသထွက်နေတာဘဲသိတယ်

"ဟာ ဟေ့ရောင် တော်တော့ကွ ဟေ့ရောင်တွေဆွဲလေ ဘာကြည့်နေတာလဲ"

Joonတို့ရောက်လာမှဝိုင်းဆွဲကြတယ် ဘေးနားကလူတွေကကြောင်နေကြတာလားမသိဘူး ဆွဲနေတဲ့ကြားထဲက မမှီ မှီရာခြေထောက်နဲ့ ကန်ပေးလိုက်သေးတယ် သောက်ခွေးနာကြီး သေသွားရမှာ ဒါတောင်အမှတ်မရှိဘူး ဒီလူကထပြီ ကြိမ်းသွားသေးတာ ဘာတဲ့

"အလှလေး မှတ်ထားနော် ကိုယ့်အပေါ်အကြွေးတင်သွားပြီ ပြန်လာယူမယ် ဆပ်ဖို့ပြင်ထား"

"အာာာ ဒီခွေးနာ ကမပြီးသေးဘူးလား ကြိုက်တဲ့အချိန်လာတောင်း သောက်တနာရူး ထိုင်စောင့်နေမယ်"

"မင်းးးးးးး"

ဟွန့် လူကိုဘာများမှတ်နေလဲ သေသွားမယ်

Joon-"Hoba မင်းကိုဘာလုပ်လိုက်လို့လဲ"

Hoseok-"ဘာလုပ်ရမှာလဲ နာဘူး လာထနေလို့လေ ကျွေးလိုက်တာ"

Yoongi-"မင်းကတော့ ပြသာနာ ရှာလိုက်ပြန်ပြီ"

Hoseok-"ဟ ငါ့ကို နာလာထနေတာ ငါကငြိမ်ခံနေရမှာလား မင်းအဖေက တက်ကြိတ်သွားမှာပေါ့ကွ "

Yoongi-"ကျစ် အာ့တာပြောတာမဟုတ်ဘူးကွ"

လေပူတွေမှုတ်ထုတ်နေတဲ့ Yoongiကရောဘာဖြစ်ချင်နေတာလဲ

Yoongi-"Jimin ရှင်းပြလိုက်ကွာ"

Jimin-"မင်း ထိုးလိုက်တဲ့ကောင်က ဒီBar ပိုင်ရှင်ရဲ့သားကွာ ဒီနယ်တစ်ဝိုက်မှာ လူမိုက် သိပြီလား အခုအဲ့လောက်နဲ့ပြီးမသွားဘူး ခဏနေပြန်လာလိမ့်မယ်"

Hoseok-"သောက် မျိုးမစစ်ရယ် အာ့တာကိုအခုမှပြောရလား  ဘာလုပ်နေတာလဲ သွားကြမယ်လေ"

Joon-"နောက်ကျသွားပြီ Hoba"

Joonieကအနောက်ကိုကြည့်ပြီးပြောနေလို့ နောက်လှည့်ကြည့်မိတော့ ဟိုလူဦးဆောင်တဲ့ လူတစ်အုပ်လိုက်ကြီး Barထဲကလူတွေကလဲ ကြောက်လို့ ဒီအတိုင်းကြည့်နေကြတာ ဘယ်သူမှဝင်မပါရဲဘူးထင်တယ်

"ဟက် အလှလေးဘယ်ပြေးမလို့လဲ"

"ဘယ်မှမပြေးဘူး ဒီမှာရပ်နေတာမမြင်လို့လား"

"အစွာလေးဘဲ ဟေ့ရောင်တွေ ချုပ်ထားကြစမ်း"

အချုပ်မခံဘဲပြန်ချနေပေမယ့် အများနဲ့ ၅ယောက် မယှဉ်နိုင်တော့အချုပ်ခံလိုက်ရတယ်

"လွတ် လွတ်စမ်း "

"ဖြည်းဖြည်းပေါ့ ဟက် ဘာလဲအခုမှကြောက်နေပြီလား"

"ထွီး ခများတို့လက်တွေကိုရွံလို့"

"ဖြောင်း"

ဆိုတဲ့အသံနဲ့အတူ ပါးတစ်ဖက်ကထူပူသွားတယ် သေချာပေါက် လက်ယာကြီးထင်နေလိမ့်မယ်

"ငြင်သာ လို့မရတဲ့ဟာလေး တောက်...ဒီမှာမြင်လား မင်းလုပ်လိုက်လို့ ငါ့မျက်နှာယောင်နေတာ"

"မြင်တယ် ခများမျက်နှာကြီးမဲနေလို့ အရောင်တင်ပေးလိုက်တာ ထွီး အဲ့တာခများကိုယ်တိုင်လုပ်တာဘဲလေ"

"အာ ဒီဟာလေးကတော့"

လက်မြောက်ပြီး နောက်တစ်ချက်ရိုက်ဖို့ ရွယ်တာမြင်လိုက်လို့ မျက်လုံးမှိတ်ချလိုက်တယ် အိမ်ကိုဘယ်လိုပြန်ရပါ့မလဲ အပါးတွေ့ရင် အိမ်ထဲထည့်ပိတ်ခံရလိမ့်မယ်

"အွတ်"

အချိန်တန်လို့ ပါးပေါ်ဘယ်အရာမှရောက်မလာဘဲ "အွတ်"ဆိုတဲ့အသံကြားလို့ မျက်လုံးဖွင့်ကြည့်မိတော့ Hoseokရှေ့မှာ နာကျင်စွာ လှဲနေတဲ့ ရွံစရာဟိုလူကြီး အခုမှချုပ်ထားတဲ့လက်ကိုလွတ်ပြီး ကြောက်လန့်တကြားထွက်ပြေးသွားကြတဲ့ လူတစ်သိုက် ဘာတွေဖြစ်သွားတာလဲ
အခုမှကြည့်မိတယ် ဘယ်အချိန်တည်းကရောက်နေမှန်းမသိတဲ့ဘဲကြီး ဘဲကြီးကိုမြင်မှ မျက်ရည်ကအိကနဲထွက်ကြလာကါလေရော

"အီးးးဟီးးး ကိုကို"

"ပါးဖောင်းလေး "

ဘဲကြီးရင်ခွင်ထဲဝင်ပြီး တင်းတင်းဖက်ထားလိုက်တယ် အခုချိန်လိုအပ်နေတာက ဒီရင်ခွင်ကြီးဘဲမဟုတ်လား
ခဏနေမှရင်ခွင်ထဲကထုတ်ပြီး ခေါင်းကို လက်နှစ်ဖက်နဲ့ကိုင်ပြီး ဟိုဘက်လှည့်ကြည့် ဒီဘက်လှည့်ကြည့် လက်ဖဝါးဖြန့်ကြည့် တစ်ကိုယ်လုံးစစ်ကြည့်ပြီးမှမေးလာတာက

"ပါးဖောင်းလေး ဘာဖြစ်သွားသေးလဲ"

လူကိုခြေဆုံးခေါင်းဆုံးကြည့်ပြီးအလုပ်ရှုပ်နေတဲ့ဘဲကြီးကိုကြည့်ပြီး ငိုချင်ရက်လက်တို့ မေးလာတာကြောင့်မျက်ရည်တွေ ညစ်ထုတ်ပလိုက်တယ်

"ပါးကဘာဖြစ်တာလဲ"

"ဒီလူကြီးရိုက်တာ"

အခုမှထလာတဲ့ ဟိုလူကြီးကို ဘာမပြောညာမပြော ဖြန်းကနဲရိုက်ချလိုက်တာ လူတောင်တစ်ပတ်လည်သွားတဲ့အထိ

"ငါတောင်မထိရက် မကိုင်ရက်အမြတ်တနိုးထားတဲ့ လူသားကိုရိုက်တာမင်းပေါ့"

"ဟက် ငါ့အဖေကဒီBarပိုင်ရှင်ကွ မင်းတို့ကိုမောင်းထုတ်ခိုင်းမယ်"

"အခုချက်ချင်းခေါ်လိုက်"

ခဏနေတော့ Barပိုင်ရှင်ဆိုတဲ့ ဟိုခွေးနာကြီးရဲ့အဖေဆိုတဲ့သူရောက်လာတယ် Hoseokလေးကတော့ အခုထိဘဲကြီးရင်ခွင်ထဲကမထွက်မိသေးဘူး Joonieတို့ကတော့ ဘဲကြီးနောက်မှာ အခုမှသတ္တိရှိယောင်ဆောင်နေကြတာ ဘောမွေးကောင်တွေ

"ဘယ်ကောင်လဲ ငါ့သားကိုရိုက်တာ"

လာကတည်းကရှေ့နောက်မကြည့်ဘဲ အော်လာတာ ဗိုက်ရွဲရွှဲနဲ့ လူကြီး သားအဖတွေတစ်ပုံစံတည်း

"အာMr.Jone ဘယ်တုန်းကရောက်နေတာလဲ"

ဘဲကြီးကိုလဲမြင်ရောပြောင်းသွားတဲ့အချိုးကချက်ချင်းဘဲ

"အဖေ ကျွန်တော့်ကိုရိုက်တာ ဒီလူကြီး"

"တိတ်တိတ်နေစမ်း မင်းဘာသိလို့လဲ ဒါစီးပွားရေးလောကရဲ့ ဘုရင်လို့တင်စားကြတဲ့ Mr.Jone Jungkookဆိုတာသူဘဲ "

"ဒါပေမယ့်သူက ကျွန်တော့်ကိုရိုက်တာလေ"

"မင်းဘာတွေသွားမွှေမှန်းမှမသိတာ တစ်ခါတစ်လေလေးအငြိမ်နေပါတော့လား ဒီသားမိုက်နဲ့တော့"

"ဟွန့်အမျိုးမျိုး"

"တိတ်တိတ်နေစမ်း"

"ခများတို့သားအဖညှိလို့ပြီးပြီလား"

"အာ အဟဲဟဲ ပြီးပါပြီ ကျွန်တော့်သားရဲ့အမှားတွေပါဗျာ ကျွန်တော်ကဘဲတောင်းပန်ပါတယ်"

"ခများသားက မထိသင့်တဲ့ အရာကို ထိလိုက်တာဘဲ"

"မြန်မြန်တောင်းပန်လိုက်"

"ဘာလို့တောင်းပန်ရမှာလဲ သားလဲခံရတာလေဗျာ"

"မတောင်းပန်ဘူးလား အဆင်ပြေပါတယ် မနက်ဖြန်ဒီbarက ကျုပ်အပိုင်ပေါ့ ဘယ်လိုလဲ"

"မြန်မြန်တောင်းပန်လိုက်လို့ပြောနေတယ်လေ"

အဖေဆိုတဲ့လူကတောင်းပန်ခိုင်းနေပေမယ့် သားလုပ်သူကအင်တင်တင်မတောင်းပန်ချင်ဘူး လုပ်နေလို့ Barနဲ့ချိန်းခြောက်လိုက်မှ အင်တင်တင်နဲ့တောင်းပန်လာတယ်

"တောင်း တောင်းပန်ပါတယ် ငါ့အမှားပါ"

"အင်း လေသံကိုမကြိုက်သေးဘူး"

"တောင်းပန်ပါတယ် ကျွန်တော့်အမှားပါ"

"ကိုယ့်အမှားကိုယ်သိရင်ပြီးတာဘဲ ဟွန့်ဇမရှိဘဲလာမစစမ်းနဲ့ သေသွားမယ်"

ဘဲကြီးအားကိုးနဲ့စွာနေတဲ့Jung Hoseokလေးပါဘဲ

"နောက်တစ်ခါမဖြစ်စေနဲ့ အထူးသဖြင့် မထိသင့်တဲ့အရာတွေကိုမထိမိစေနဲ့"

"ဟုတ် ဟုတ် "

"သွားတော့"

သွားခွင့်ပေးလိုက်မှ တုတ်တုတ်ထွက်ခွားသွားတဲ့ သားအဖဟက် အပျင်းတော့ပြေပါတယ်

"Hoba ငါတို့ပြန်တော့မယ် မင်းအဆင်ပြေရဲ့လား"

"အင်းပြေတယ် ငါဘဲကြီးနဲ့ပြန်လိုက်မယ် တာ့တာ"

.......................
အလုပ်ကိစ္စနဲ့ နိုင်ငံခြားကလာတဲ့ ကိုယ်စားလှယ်နဲ့ဆွေးနွေးဖို့ Barကိုရောက်လာတာ စကားလေးဘာလေးလဲပြောရင်းပေါ့ စကားပြောနေရင်း ရုန်းရုန်း ရုန်းရုန်း ဖြစ်နေလို့ သတိထားမိလိုက်ပေမယ့် Barမှာရန်ဖြစ်ကြတာသဘာဝဘဲမို့ လွတ်ထားလိုက်တယ် နောက်မှရုန်းရင်းဆန်ခတ်ဖြစ်ရင်း ပါးဖောင်းလေးသူငယ်ချင်းကိုမြင်လိုက်တာကြောင့် သတိထားကြည့်မိတော့မှ တကယ်ကိုပါးဖောင်းလေးဖြစ်နေတာဘဲ အချိန်မှီဝင်တားလိုက်ပေမယ့် ပါးလေးတစ်ဖက်ကရဲနေပြီ ဒေါသထွက်လွန်းလို့ စိတ်ရှိလက်ရှိလုပ်ပြစ်ချင်ပေမယ့် ကိုယ်အရှိန်ကိုယ်ထိန်းထားရတယ်
ဘာမှမဟုတ်တဲ့ ပေါက်စကလေကြီးလေကျယ်တွေလုပ်နေသေးတာ ကိုယ်တောင်မထိရက်လို့အမြတ်တနိုးထားရတဲ့ကလေးကိုထိလို့ စိတ်တိုနေပေမယ့် ပါးတစ်ချက်ပြန်ရိုက်ပြီးတောင်းပန်ခိုင်းယုံနဲ့ ပြီးစီးလိုက်ရတယ် ပါးဖောင်းလေးရှိနေတယ်လေ စိတ်ရှိလက်ရှိလုပ်လို့မရဘူး
ရင်ခွင်ထဲကလှမ်းစွာနေတဲ့ ရှဉ့်ပေါက်လေးက ချစ်စရာကောင်းနေတော့ အချစ်ပိုရပြန်တယ်
အခုလဲ သူငယ်ချင်းတွေကိုနှုတ်ဆက်နေတာမပြီးနိုင်လို့ ပွေ့ချီပြီးခေါ်လာရတယ်

"အာ ဘဲကြီး ဖယ်ပါ ကိုယ့်ဘာသာလမ်းလျှောက်နိုင်တယ် ထိတာက ပါး ခြေထောက်က အကောင်းကြီး"

"ဒါပေမယ့် ကိုယ်ချီချင်လို့"

ကားထဲရောက်မှာချပေးတဲ့ဘဲကြီးက ထိုင်ခုံခါးပတ်ပါပတ်ပေးပြီးမှတစ်ဖက်မှာဝင်ထိုင်တယ် မျက်နှာထားတင်းနေလို့စကားမပြောရဲသေးဘူး ကားမောင်းနေတဲ့ဘဲကြီးကိုခိုးခိုးကြည့်ရအမော

"ကိုယ့်ကိုခိုးကြည့်မနေဘဲ ဖြေရှင်းချက်ပေးသင့်တယ်လို့မထင်ဘူးလား"

"ဘာဖြေရှင်းချက်လဲ"

"ကိုယ်မသိဘဲBarရောက်နေတဲ့အကြောင်းလေး ပြောပါဦး ဘာလို့ကိုယ့်ကိုမပြောတာလဲ"

"မ မလိုဘူးထင်လို့ပေါ့ ပြီးတော့Joonieခေါ်လို့"

"မလိုရအောင် ပါးဖောင်းလေးနဲ့ ကိုယ်ကဘာလဲ"

"ချစ် ချစ်သူတွေလေ"

"အာ့တာမလိုဘူးလား"

"မဟုတ်ပါဘူး အာ့တာ သူများကိုသာပြောနေတာ ခများကြီးကရောဘယ်လိုရောက်တာလဲ ဘယ်မိန်းမနဲ့လာတာလဲ"

"အလုပ်ကိစ္စ ဘယ်မိန်းမ မှမပါဘူး"

"ဟွန့်ပြီးတာဘဲ "

တဖန်ပြန်တိတ်ဆိတ်သွားတဲ့ကားထဲ JungHoseokလေးကတော့Jone Jungkookကိုခိုးကြည့်နေတုန်း

"ဘဲကြီး ဒါကျွန်တော့်အိမ်ပြန်တဲ့လမ်းမဟုတ်ဘူးလေ"

"ကိုယ့်အိမ်ပြန်တဲ့လမ်း"

"ဘာလုပ်ဖို့လဲ"

"အိမ်မှာအိပ် ဒီအတိုင်းကြီး အိမ်ပြန်မလို့လား"

ဘဲကြီးပြောမှပါးကအနီရာကြီးသတိရမိတယ် ဘဲကြီးအိမ်ခြံထဲကားကွေ့ဝင်ပြီး အိမ်ရှေ့ရပ်လိုက်ပြီးမှ ဘဲကြီးကဒီဘက်လှည့်လာတယ်

"အဆိုးလေး အရမ်းဆိုးတာဘဲ"

ခေါင်းကိုဖွလိုက်တဲ့ ဘဲကြီးလက်သွယ်သွယ်ကြား JungHoseokကျရှုံးရပြန်တယ်

"နောက်တစ်ခါ ကိုယ့်ကိုယ်ကို မထိခိုက်ပါဘူးလို့ ကတိပေး"

"ဘာလို့လဲ"

"ကိုယ့်ကလေးကို မထိခိုက်စေချင်လို့ပေါ့"

"အင်း"

"ချစ်တယ် ပါးဖောင်းလေး"

ပြောပြီး နီရဲနေတဲ့ပါးပေါ် ဖွဖွလေးမွှေးကြူလာတယ်

"အင်း ကျွန်တော်ရော ချစ်တယ်"

ခများကြီးဆီကျရှုံးဖို့လုံလောက်ပါတယ်လေ အချစ်က အဲ့လိုဘဲ ဘယ်လောက်ဘဲ သန်မာနေပါစေ သူနဲ့တွေ့ရင် ကိုယ် က အလိုလို အားကိုးချင်လာတာမျိုး

Author-Rukishato
#မိုးအေးအေးလေးနဲ့ ကွေးလို့ရအောင်အရှည်ကြီးupပေးလိုက်ပြီ🥰

——————————————————

Zawgyi



Jimin,Tae-"ဟုတ်တယ်"










Joon-"ဟီး ဟီး"


ရုပ်ကိုကရွံစရာကြီး

"အလှလေး"


"မင်းလေးကိုခေါ်တာလေ"




"ခွပ်      ခွပ်   "







"မင်းးးးးးး"

















"လွတ် လွတ်စမ်း "



"ဖြောင်း"




"အာ ဒီဟာလေးကတော့"


"အွတ်"


"အီးးးဟီးးး ကိုကို"

"ပါးဖောင်းလေး "




"ပါးကဘာဖြစ်တာလဲ"

"ဒီလူကြီးရိုက်တာ"














"ဟွန့်အမျိုးမျိုး"

"တိတ်တိတ်နေစမ်း"















"ဟုတ် ဟုတ် "

"သွားတော့"




.......................





"ဘာဖြေရှင်းချက်လဲ"




"ချစ် ချစ်သူတွေလေ"

"အာ့တာမလိုဘူးလား"



"ဟွန့်ပြီးတာဘဲ "




"ဘာလုပ်ဖို့လဲ"






"ဘာလို့လဲ"


"အင်း"

"ချစ်တယ် ပါးဖောင်းလေး"




Author-Rukishato
#မိုးအေးအေးလေးနဲ့ ကွေးလို့ရအောင်အရှည်ကြီuးpပေးလိုက်ပြီ🥰

Continue Reading

You'll Also Like

1.5K 328 6
ပျော်ရွှင်မူဘဲဖြစ်ဖြစ် နာကျင်မူဘဲဖြစ်ဖြစ်... မင်းနဲ့ပတ်သတ်ရင် လောဘကြီးပါရစေ...။
98.3K 9.6K 19
ငါမာနက တားတယ် ၊ မင်းကိုချစ်တယ်လို ဖွင့်ပြောဖို့ ။
49.2K 1.3K 15
About :Preferences that I will give to the Luxiem Bois . ∩_∩ ٩((๑•̀ᗜ<๑)۶ ┏━∪∪━━━━┓ ♡ REQUEST CLOSE ♡ ┗━━━━━━━┛ Creadits : Cover by @ymsr_0 on...
607K 37K 101
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...