๐Ÿ’™Blur๐Ÿ’™(Completed)

By Shoon3333

71.4K 6.6K 966

Sometimes love is complicate Sometimes love is simple Complicate or simple is just a love,the prettiest thing... More

Intro
๐Ÿ’™Blur 1๐Ÿ’™
๐Ÿ’™Blur 2๐Ÿ’™
๐Ÿ’™Blur 3๐Ÿ’™
๐Ÿ’™Blur 4๐Ÿ’™
๐Ÿ’™Blur 5๐Ÿ’™
๐Ÿ’™Blur 6๐Ÿ’™
๐Ÿ’™Blur 7๐Ÿ’™
๐Ÿ’™Blur 8๐Ÿ’™
๐Ÿ’™Blur 9๐Ÿ’™
๐Ÿ’™Blur 10๐Ÿ’™
๐Ÿ’™Blur 11๐Ÿ’™
๐Ÿ’™Blur 12๐Ÿ’™
๐Ÿ’™Part 13๐Ÿ’™
๐Ÿ’™Blur 15๐Ÿ’™
๐Ÿ’™Blur 16๐Ÿ’™
๐Ÿ’™Blur 17๐Ÿ’™
๐Ÿ’™Blur 18๐Ÿ’™
๐Ÿ’™Blur 19๐Ÿ’™
๐Ÿ’™Blur 20๐Ÿ’™
๐Ÿ’™Blur 21๐Ÿ’™
๐Ÿ’™Blur 22๐Ÿ’™
๐Ÿ’™Blur 23๐Ÿ’™Final
Wedding Day
Little Extra

๐Ÿ’™Blur 14๐Ÿ’™

2K 249 67
By Shoon3333

ထွဋ်​ခေါင်နိုးလာ​တော့ခန္ဓာ​ကိုယ်ပေါ်ကခပ်​လေး​လေးခံစားမှု​ကြောင့်အသက်ကိုပြင်းပြင်းရှုလိုက်ရင်းမျက်လုံးဖွင့်ကြည့်လိုက်သည်....အရင်ဆုံးမြင်ရတာကဖွာစုပ်စုပ်လေး​တွေဖြစ်​နေတဲ့ဆံပင်​လေး​တွေ.....

​နောက်​တော့ရင်ဘတ်​ပေါ်ကခပ်အိအိအထိအ​တွေ့​လေးကိုခံစားမိတာ​ကြောင့်ပြုံးလိုက်၏သူ့ရင်ဘတ်​ပေါ်ပါး​လေး​တွေအပ်လို့အိပ်​နေပါ​သော​ကောင်​လေး....

မထ​သေးပဲထိုဖွာကျဲကျဲနဲ့စင်း​နေတဲ့ဆံပင်​လေး​တွေထဲကိုလက်​လေးအသာထိုးကာသပ်တင်​ပေးလိုက်သည်..ပြီး​နောက်ဂလန်ဂလားအရပ်ကြီးကိုရ​အောင်​ကွေးကာနဖူး​လေးကိုအသာအယာငုံ့ပြီးခိုးနမ်းဖို့လည်းမ​မေ့မိ.....

ခဏ​လောက်​နေမှခန္ဓာကိုယ်​ပေါ်က​ကောင်​လေးကလှုပ်လိလှုပ်လဲ့​လေးနဲ့နိုးလာ​တာ​ကြောင့်အိပ်ချင်​ယောင်ပြန်​ဆောင်​နေလိုက်သည်....ထို​ကောင်​လေးက​တော့သူမနိုး​သေးဘူးအထင်နဲ့သူ့ရင်ဘတ်​ပေါ်က​နေမဆင်း​သေးဘဲရင်ဘတ်ကို​မေး​ထောက်လို့​မှောက်ယက်​လေးသူ့အားကြည့်​နေ​လေရဲ့........

ဒါဟာကျား​ရှေ့​မှောက်ယက်လဲခြင်းမျိုးမဟုတ်ပါ။ကျား​ပေါ်​မှောက်ယက်တက်အိပ်​နေခြင်းသာ......

ဒါတင်လားဆို​တော့မဟုတ်...သူ့​မေး​စေ့​လေးကိုပါဖျက်ခနဲနမ်းလိုက်တာ​ကြောင့်ကြည်နူးပြီး​ပျော်ရွှင်လာတဲ့စိတ်အစဥ်ကအိပ်ချင်​ယောင်​ဆောင်ရန်ပင်မစွမ်းသာနိုင်​တော့....

မျက်လုံးကိုဖျက်ခနဲဖွင့်လိုက်​တော့သူ့အားအလန့်တကြားကြည့်ရှာတဲ့ကြယ်​ရောင်​တောက်​နေတဲ့မျက်လုံးပိုင်ရှင်​ကောင်​လေးနဲ့အကြည့်ချင်းဆုံ​လေသည်....

ထို​ကောင်​လေးကိုဆက်ကနဲ​ဆောင့်တွန်းပြီး​ရေချိုးခန်းထဲသို့​မ​ပြေးရုံတမယ်ဝင်လာခဲ့သည်...​ရေချိုးခန်းထဲ​ရောက်​တော့​မေး​စေ့​လေးကိုကိုင်ကာပြုံးမိ​လေရဲ့....သို့​သော်အပြင်က​​ကောင်​လေးက​တော့သူ့လုပ်ရပ်ကိုမကြိုက်လို့​ဆောင့်တွန်းသွားတယ်လို့ယူဆလျက်မျက်ရည်​လေး​တွေဝဲလို့​ပေါ့.....

ထွဋ်​ခေါင်မှာလည်းဒီ​ကောင်​လေး​ကြောင့်ဖြစ်လာတဲ့morning case​တွေဟာ​နေ့တိုင်းနီးပါးပင်....

"ဟူး...ခက်တယ်ကွာ"

တစ်ခါတည်းလန်းသွား​အောင်​ရေမိုးချိုးကာအပြင်သို့ပြန်ထွက်လာ​တော့ပြတင်း​ပေါက်နားမှာကျုံ့ကျုံ့​လေးထိုင်လို့ငို​နေ​သော​ကောင်​လေး....သူ့ထွက်လာ​တော့ငိုထားတဲ့မျက်နှာ​လေးနဲ့လှည့်ကြည့်ရှာပါရဲ့...

"အကို...ကျွန်​တော်​တောင်းပန်ပါတယ်..."

"ငါ.."

"သားငယ်​ရေ..."​ပြောမယ့်စကားမဆုံးခင်ဦးစိုင်း​အောင်ရဲ့သားငယ်ဆို​သော​ခေါ်သံကိုကြားရ​လေသည်...မနက်ဆိုမနက်စာလာပို့ဖို့အတွက်တံခါးကိုဟထား​ပေးထားသည်မို့ဦး​စိုင်း​အောင်လာ​နေရင်ဒီအ​ခြေအ​နေကိုမြင်သွားနိုင်သည်....မဖြစ်....

"ငါ့နားလာစမ်း..."

"ခါးပတ်ပါယူလာခဲ့"

"အကို..."သူ​ပြော​တော့သူ့အားအသနားခံသည့်မျက်လုံး​လေး​တွေနဲ့ကြည့်လာ​သော​ကောင်​လေး....မတက်နိုင်...မင်းဟာငါ့အားနည်းချက်ပါဆိုတာကိုသူ့ကိုလုံးဝသိခွင့်မ​ပေးနိုင်.....

"ငါ​ပြော​နေတယ်ယူလာခဲ့"

တုန်တုန်ယင်ယင်​လေးနဲ့မိုး​သောက်ဟာခါးပတ်​လေးကိုင်လို့သူ့လက်ထဲထည့်​ပေး​လေသည်....

"ဟိုဘက်လှည့်"

"အကို...ကျွန်​​တော်​တောင်းပန်ပါတယ်...​နောက်..ဟင့်..​နောက်မလုပ်​တော့ပါဘူးလို့"

ထိုအချိန်တွင်ထွဋ်​ခေါင်ထင်ထားသည့်အတိုင်းအခန်း​ရှေ့မှ​နေအ​ခြေအ​နေကိုအကဲခတ်​နေပါ​သောဦးစိုင်း​အောင်...

"ငါ့ကိုဘယ်လို​ခေါ်လိုက်တယ်..ပြန်ပြင်​ခေါ်စမ်း"

"ဟင့်..သ..သခင်..ကျွန်​တော်​တောင်းပန်ပါတယ်လို့..."

"ဟား..လုပ်ချင်တာလုပ်ပြီးရင်​တောင်းပန်ရုံနဲ့ပြီးသွား​ရောလား...​ဖြောင်း..."

"အား...မရိုက်ပါနဲ့...ဟင့်..အီးဟီးဟီး..."

"​ဖြောင်း..."

"​တော်ပါ​တော့...​နောက်မဖြစ်​စေရ​တော့ပါဘူး...​တောင်း...​တောင်းပန်ပါတယ်...ဟင့်...."

မိုး​သောက်က​လေးသည်နာကျင်မှု​ကြောင့်​အော်ကာ​အော်ကာငို​လေသည်...

ရိုက်​နေရ​သောထွဋ်​ခေါင်မှာလည်းထိုနည်းလည်း​ကောင်းပင်...သူ့နှလုံးသားငယ်​လေးဟာနာကျင်​နေသည်မို့သူလည်းပဲထပ်တူထပ်မျှ........ခါးပတ်ကိုင်ထား​​သောလက်​တွေဟာ​အေးစက်တုန်ယင်လို့...ခါတိုင်းလိုသူ့ကိုလာဆွဲမည့်သူကိုသာ​တောင့်တမိ​လေရဲ့......

"တူကြီး"

"​ဪ..ဦး​အောင်..."

"ဦး​အောင်အကုန်​တွေ့ပြီးပါပြီ...ဘာဖြစ်ကြလဲ​တော့မသိ​ပေမယ့်စိတ်​လျှော့ပါတူကြီးရယ်...လက်လွန်ကုန်ပါ့မယ်"

"ဟုတ်ကဲ့ပါဦး​အောင်..."

"ဒါနဲ့သားငယ်​တွေ့မိ​သေးလားကွ"

"သူ့အခန်းထဲမရှိဘူးလားဦး​​အောင်"

"​အေးကွ...မ​တွေ့လို့..."

"ဒါဆို့ညီ့အခန်းထဲမှာများလား...​နောင်​လေးကညီ့အခန်းထဲသွားသွားအိပ်တက်တယ်"

"အင်းဟုတ်မယ်...သွားကြည့်ဦးမယ်ကွာ...ငါ့တူလည်း​တော်ပါ​တော့..ငါ့တူလက်​တွေကိုဒီသတ္တဝါရဲ့​သွေးစွန်းကုန်ပါ့မယ်"

ဦးစိုင်း​အောင်စကား​ကြောင့်မိုး​သောက်လက်သီးတင်းတင်းဆုပ်လိုက်သည်...

ဦးစိုင်း​အောင်က​တော့ငို​နေရှာ​သောမိုး​သောက်က​လေးကိုကြည့်၍ရွံရှာသလို​ပြော​ကာအခန်းထဲမှပြန်ထွက်သွား​လေရဲ့...ဦးစိုင်း​အောင်ထွက်သွားသည်နှင့်ထွဋ်​ခေါင်လည်းတံခါးကို​​လော့ချကာငို​နေ​သောမိုး​သောက်၏ကိုယ်လုံး​လေးကိုသိမ်းကျုံးဖက်လိုက်သည်...မိုး​သောက်သည်မရုန်း​သော်လည်းသူ့အပြုအမူကိုနားမလည်နိုင်စွာဖြစ်လျက်ခန္ဓာကိုယ်တစ်ခုလုံးလည်းတုန်ရီလို့ပင်......

ထို့​နောက်တုန်ရီတိုးညှင်း​သောအသံ​လေးထွက်လာ​လေသည်...

"ဘာလို့လဲ...ဟင့်...ကျွန်​တော်​တောင်းပန်ခဲ့တယ်​လေ"

"အင်းသိတယ်"

"​ကြောက်တယ်အကို့ကို"

"​တောင်းပန်ပါတယ်"

သူ့အား​ကြောက်လို့တုန်ယင်​နေ​သောကိုယ်​လေးကိုပိုတိုးလို့​ထွေး​ပွေ့မိသည်...တကယ်​တောင်းပန်တယ်က​လေးငယ်....ငါမင်းကို​ပေါ်​ပေါ်တင်တင်မကာကွယ်ရဲဘူး...ငါမင်းအနားမှာမရှိတဲ့အခါမင်းကိုဘယ်သူများအနိုင်ကျင့်မလဲနှိပ်စက်မလဲ...မင်းနဲ့ငါ့ကြားကအ​ကြောင်း​တွေရိပ်မိသွားမလား...ငါအနားမှာမရှိချိန်မင်းကိုများထိခိုက်​အောင်လုပ်ကြမလားသိပ်ကိုစိုးရိမ်တယ်က​လေးငယ်...ဦးဒီဒီစိုင်း​အောင်ဆိုတာလူနှစ်​ယောက်ကို​တောင်မျက်​တောင်တစ်ချက်မခတ်သတ်ခဲ့တဲ့သူမို့မင်းကိုလည်းသူသနား​နေမှာမဟုတ်ဘူးက​လေးငယ်...ငါတို့ညီအကိုကိုနင်း​ချေဖို့ဆိုရင်သူဘာပဲလုပ်ရလုပ်ရလုပ်လိမ့်မယ်....အယ့်ထဲမှာမင်းတစ်​ယောက်ကို​တော့လုံးဝအဆုံးရှုံးမခံနိုင်လို့ပါ၊အထိခိုက်မခံနိုင်လို့ပါက​လေးရယ်....​တောင်းပန်ပါတယ်..​တောင်းပန်ပါတယ်...ဒီကိစ္စ​တွေကိုအမြန်ဆုံးအဆုံးသတ်​ပေးပါ့မယ်......

ထွဋ်​ခေါင်စိတ်ထဲမှသာအကြိမ်ကြိမ်​တောင်းပန်မိသည်...

ထိုအခန်း​လေးထဲတွင်တုန်ရီငိုရှိုက်​နေ​သော​ကောင်​လေးကိုထွဋ်​ခေါင်တစ်​ယောက်တင်းတင်း​ပွေ့ဖက်လို့​နှစ်သိမ့်​နေ​လေရဲ့.....

ခုပဲအနာ​ပေးတယ်
ခုပဲ​ဆေး​ပေးပြန်တယ်
ခဗျားဟာမဖိတ်​​ခေါ်ပဲနဲ့ကျွန်​တော့်ဆီဝင်လာတယ်
ချစ်တက်​​အောင်လုပ်တယ်
မနှင်ဘဲနဲ့ပြန်ထွက်သွားပြန်တယ်
ဒဏ်ရာ​တွေ​ပေးဖို့ပြန်လာခဲ့ပြန်တယ်
ခဗျားဟာသိပ်ကိုနားလည်ရခက်​နေပါလားအကို
ခဗျားဆိုတဲ့ဘာသာရပ်ကိုကျွန်​​တော်ဘယ်လို​လေ့လာမှနားလည်နိုင်မှာလဲအကို
.........................

ထွဋ်​ခေါင်နှင့်ထွဋ်ဝင်းအလုပ်သွား​တော့စိုင်း​နောင်ကမိုး​သောက်ရှိရာအခန်းထဲသို့ဝင်လာ​လေသည်....

"အာ..စိုင်း...​ကျောင်းမသွားဘူးလား"

"အင်း...​နေနည်းနည်းမ​ကောင်းလို့"

"ဟုတ်လား...သက်သာရဲ့လား.."

"သက်သာပါတယ်...ဒါနဲ့မင်းငိုထားတာလား"

"မဟုတ်ပါဘူး...ဘယ်ကသာ.."

"ငါ​တောင်းပန်ပါတယ်"

"မဟုတ်တာ..မင်းကလည်း​တောင်းပဲ​တောင်းပန်​နေတာပဲကွာ..."

"ဟင့်အင်း..ငါတကယ်ကို​တောင်းပန်ပါတယ်..တကယ်​တော့အပြစ်ရှိတာကငါပါ...မင်းကအပြစ်ကင်းပါတယ်..."

"မင်း​ပြောတာကိုငါနားမလည်ဘူး"စိုင်း​နောင်၏စကားကိုမိုး​သောက်ကနားမလည်ဟန်​မေး​လေသည်....

"မင်းကိုငါ​ပြောပြပါ့မယ်"

"တကယ်​တော့ကိုကိုကြီးတို့မိဘ​တွေဆုံးတာငါ့အ​ဖေ့​ကြောင့်"

"ဘယ်လို"

"ဟုတ်တယ်...ကိုကိုကြီးတို့မိဘ​တွေကိုငါ့အ​ဖေကသတ်ခဲ့တာ...ငါလည်းတစ်​​လောကမှသိရတာပါကွာ..."စိုင်း​နောင်၏စကား​ကြောင့်မိုး​သောက်မှာအံ့သြခြင်းများစွာဖြင့်သာ....

"ဒါဆိုငါ့မိဘ​တွေက​ရော"

"မင်းမိဘ​တွေကိုငါ့အ​ဖေက​ဂျောက်ချထားတာ...ငါ​တောင်းပန်ပါတယ်Rainရယ်...ငါ..ငါတကယ်မရည်ရွယ်ပါဘူး"

စိုင်း​နောင်သည်ငို၍မိုး​သောက်​ရှေ့၌ဒူး​ထောက်​တောင်းပန်​လေသည်....ခဏတာအတွက်​တော့မိုး​သောက်​ကြောင်သွားခဲ့သည်ပြီးမှ...

"စိုင်း..ဒါကဘာလို့မင်းအပြစ်ဖြစ်ရမှာလဲ...မင်းမှာအပြစ်မရှိဘူး​လေ...ထပါကွာ..."

"ငါတကယ်ကို​တောင်းပန်တာပါ...ကိုကိုကြီးတို့ကအဖြစ်မှန်​တွေကိုသိထားတယ်...ငါ့အ​ဖေကိုလက်စား​ချေလို့ရ​နေ​ပေမယ့်ငါ့မျက်နှာ​ကြောင့်မလုပ်ကြ​သေးတာ...ပြီး​တော့မင်းမိဘ​တွေ..မင်းမိဘ​တွေကိုငါ့အ​ဖေမသိ​အောင်​ထောင်ထဲက​နေထုတ်ပြီးတစ်​နေရာရာမှာထားထားတယ်​ပြောတယ်...."

"မင်း​ပြော​နေတာအမှန်​တွေလား"

မိုး​သောက်ကမယုံနိုင်စွာ​မေး​တော့စိုင်း​နောင်က​ခေါင်းငြိမ့်ပြ​လေသည်....

"ဒါဆို..ဘာလို့ငါ့ကိုဒီလို​တွေလုပ်ရတာလဲ"

"​သေချာတာက​တော့မင်းကိုကယ်တင်ဖို့ဖြစ်မှာပါ..."

"........"

"မိုး​​သောက်မင်းငါ့ကိုခွင့်လွှတ်မယ်မလားဟင်....ငါတကယ်ကို​တောင်းပန်ပါတယ်ကွာ...မင်းခွင့်မလွှတ်လည်းငါ​ကျေနပ်ပါတယ်"

"ငါမင်းကိုအပြစ်မယူပါဘူး...မင်းမှအမှားမလုပ်ထားတာ...ငါတို့က​မြေစာပင်သက်သက်​တွေပါကွာ...."မိုး​သောက်သည်စိုင်း​နောင်နှင့်မျက်လုံးချင်းဆုံကြည့်ကာ​ပြောလိုက်​လေသည်.....

"မင်းကိုလည်းရှင်းပြပြီးပြီဆို​တော့ငါသိ​နေတယ်ဆိုတဲ့အ​ကြောင်းကိုကိုကိုကြီးတို့ကိုဖွင့်​ပြောလိုက်​တော့မယ်...ငါ့အ​ဖေကိုဒီ့ထက်ပိုပြီးမ​ကောင်းတာ​တွေမလုပ်​စေချင်​တော့ဘူး...သူလုပ်​နေတဲ့အမှား​တွေကများသထက်များလာပြီ...ငါသားတစ်​ယောက်အ​နေနဲ့လုပ်သင့်တာကိုလုပ်ရမယ်....ငါ..ငါ့လုပ်ရပ်​တွေမှန်ရဲ့လားကွာ"

"မင်းမှန်ပါတယ်စိုင်းရယ်...မင်းဘက်မှာငါရှိ​နေမယ်​နော်.. ငါတို့ကသူငယ်ချင်း​တွေမလား"

"အင်း...သူငယ်ချင်း..​ကျေးဇူးတင်ပါတယ်Rainရယ်"

ထို့​နေ့ကအခန်းငယ်​လေးထဲမှာ​ကောင်​လေးနှစ်​ယောက်ဟာဖက်လို့ငိုခဲ့ကြသည်...
ကြိုမသိနိုင်တဲ့မနက်ဖြန်မှာသူတို့​လေး​တွေအဆင်မှ​ပြေပါ့မလား​​လေ....

ဖတ်ရတာအဆင်​ပြေရဲ့လားရှင့်❤

///////////////////////////////










"ဟူး...ခက်တယ်ကွာ"



"ငါ.."


"ငါ့နားလာစမ်း..."

"ခါးပတ်ပါယူလာခဲ့"


"ငါ​ပြော​နေတယ်ယူလာခဲ့"


"ဟိုဘက်လှည့်"







"​ဖြောင်း..."




"တူကြီး"

"​ဪ..ဦး​အောင်..."


"ဟုတ်ကဲ့ပါဦး​အောင်..."



"​အေးကွ...မ​တွေ့လို့..."







"အင်းသိတယ်"

"​ကြောက်တယ်အကို့ကို"

"​တောင်းပန်ပါတယ်"




ခုပဲအနာ​ပေးတယ်
ခုပဲ​ဆေး​ပေးပြန်တယ်
ချစ်တက်​​အောင်လုပ်တယ်
.........................




"ဟုတ်လား...သက်သာရဲ့လား.."


"မဟုတ်ပါဘူး...ဘယ်ကသာ.."

"ငါ​တောင်းပန်ပါတယ်"






"ဘယ်လို"


"ဒါဆိုငါ့မိဘ​တွေက​ရော"









"........"









Continue Reading

You'll Also Like

1.2M 120K 48
แ€€แ€ผแฝแ€”แ€นแ€ฑแ€แ€ฌแ€นแ€€ แ€ฑแ€™แ€แฑแ€ฌแ€„แ€แ€นแ€แ€ฒแ€ทแ€แ€ฒแ€ทแ€ฑแ€€แ€ฌแ€„แ€นแ€•แ€ซ แ€แ€…แ€นแ€–แ€ฒแ€ทแ€แ€…แ€นแ€แ€€แ€น แ€‚แ€›แ€ฏแ€แ€ฌแ€†แ€ญแ€ฏแ€›แ€„แ€นแ€ฑแ€แ€ฌแ€„แ€นแ€™แ€ฝ แ€แ€„แ€นแ€—แ€บแ€ฌแ€ธแ€…แ€ผแ€”แ€นแ‚”แ‚€แ€€แ€ฒแ€แ€ฌแ€™แ€œแ€ญแ€ฏแ‚” แ€แ€”แ€นแ€–แ€ญแ€ฏแ€ธแ‚€แ€€แ€ฎแ€ธแ€•แ€ซแ€แ€šแ€น.... ...
260K 16.7K 40
แ€กแ€แ€บแ€…แ€นแ€€แ€ญแ€ฏแ€ฑแ€•แ€ธแ€†แ€•แ€นแ€ปแ€แ€„แ€นแ€ธแ€Ÿแ€ฏแ€žแ€ฌ แ€แ€ถแ€šแ€ฐแ€‘แ€ฌแ€ธแ€ฑแ€žแ€ฌแ€žแ€ฐแ€แ€ญแ€ฏแ‚”แ€กแ€ฑแพแ€€แ€ฌแ€„แ€นแ€ธ แ€กแ€แ€ปแ€…แ€บแ€€แ€ญแ€ฏแ€•แ€ฑแ€ธแ€†แ€•แ€บแ€แ€ผแ€„แ€บแ€ธแ€Ÿแ€ฏแ€žแ€ฌ แ€แ€ถแ€šแ€ฐแ€‘แ€ฌแ€ธแ€žแ€ฑแ€ฌแ€žแ€ฐแ€แ€ญแ€ฏแ€ทแ€กแ€€แ€ผแ€ฑแ€ฌแ€„แ€บแ€ธ Uni & ZG !!! My first OCBL Yuna Chen! Start date-M...
1.2M 63.8K 50
แ€กแ€™แ€ญแ€”แ€นแ‚”แ€…แ€Šแ€นแ€ธ+แ€žแ€แ€ผแ€•แ€นแ‚แ€ญแ€ฏแ€ธ ( แ‚แ€ฝแ€„แ€นแ€™แ‚ˆแ€”แ€นแ€ธแ€”แ€ถแ‚”แ€žแ€ฌ) แ€กแ€™แ€ญแ€”แ€ทแ€บแ€…แ€Šแ€บแ€ธ+แ€žแ€แ€ฝแ€•แ€บแ€›แ€ญแ€ฏแ€ธ ( แ€›แ€พแ€„แ€บแ€™แ€พแ€ฏแ€”แ€บแ€ธแ€”แ€ถแ€ทแ€žแ€ฌ) แ€แ€ผแ€„แ€นแ€ทแ€ปแ€•แ€ณแ€แ€บแ€€แ€นแ€™แ€›แ€•แ€ฒ แ€„แ€ซแ€ทแ€กแ€”แ€ฌแ€ธแ€€แ€‘แ€ผแ€€แ€นแ€แ€ผแ€ฌแ€แ€ผแ€„แ€นแ€ทแ€™แ€ปแ€•แ€ณแ€”แ€ญแ€„แ€นแ€˜แ€ฐแ€ธ แ€กแ€žแ€€แ€นแ€”แ€ฒแ‚”แ€แ‚แถแ€ฌแ€แ€Šแ€นแ€ปแ€™แ€ฒแ€ฑแ€”แ€ž...
833K 78.2K 49
Zawgyi แ€Šแ€ฎแ€›แ€ฒแ‚•แ€•แ€ญแ€ฏแ€„แ€นแ€›แ€ฝแ€„แ€น แ€Šแ€ฎแ€•แ€ญแ€ฏแ€„แ€นแ€แ€ฒแ€ท แ€•แ€ญแ€ฏแ€„แ€นแ€›แ€ฝแ€„แ€น (Zawgyi+Unicode) แ€Šแ€ฎ แ€†แ€ญแ€ฏแ€แ€ฒแ€ทแ€กแ€žแ€ถแ€ฏแ€ธแ€กแ‚แ‚ˆแ€”แ€นแ€ธ แ€กแ€žแ€ถแ€ฏแ€ธแ€™แ€บแ€ฌแ€ธแพแ€€แ€•แ€ซแ€แ€šแ€นแ‹ แ€€แฝแ€ผแ€”แ€นแ€ฑแ€แ€ฌแ€นแ€ทแ€‘แ€€แ€นแ€กแ€›แ€„แ€นแ€ฑแ€›แ€ธแ€แ€ฒแ€ทแ€…แ€ฎแ€”แ€ฎแ€šแ€ฌแ€ฑแ€แ€ผแ€กแ€€แ€ฏแ€”แ€นแ€€แ€ญแ€ฏ Creditแ€ฑแ€•แ€ธ...