"မေမေသားတို့ လက်ထပ်တော့မယ်။"
နေရှိန်မင်းစကားကြောင့် မိခင်ဖြစ်သူဒေါ်မြတ်မို့ သွေးတက်ချင်သလိုခံစားလိုက်ရသည်။
Sheinအခုလိုမှဖွင့်မပြောတော့ရင်မဖြစ်တော့တာမို့ဖွင့်ပြောလိုက်ရသည်။ သွင်နဲ့သူချစ်သူသက်တမ်းကနှစ်အတော်ကြာခဲ့ပြီမဟုတ်ပါလား။
ဒီလောက်နှစ်တွေကြာအောင်တွဲလာခဲ့ခြင်းအားဖြင့် သူတို့အချစ်ဟာ ဘယ်လိုပင်ဖြတ်ဖြတ်မပြတ်နိုင်တော့ဘူးဆိုတာ မေမေကိုသိစေချင်သည်။ အခုလိုနှစ်တွေကြာအောင်တွဲလာရခြင်းကြောင့် သွင့်ကိုသူအားနာမိသည်။ မေမေခွင့်ပြုချက်ရမှာ သူတို့လက်ထပ်ပွဲကို ကျင်းပမည့်စကားကြောင့် မေမေလက်ခံနိုင်အောင် သွင်အမျိုးမျိုးကြိုးစားခဲ့ရသည်မဟုတ်ပါလား။
"မေမေအခုချိန်ထိသားကို အဲ့ဒီကောင်လေးနဲ့သဘောမတူနိုင်သေးဘူးသား။
အချိန်တန်ရင်သားစိတ်တွေပြောင်းလဲလာပြီး မိန်ကလေးတစ်ယောက်နဲ့ လက်ထပ်မယ်လို့မေမေထင်နေတာ။"
"သားတို့အချစ်ကလွယ်လွယ်နဲ့ဖြစ်ပေါ်လာတာမဟုတ်ဘူးမေမေ။ သားတို့ကိုဒီလောက်နဲ့ ခွင့်ပြုပေးစေချင်တယ်။"
ဒေါ်မြတ်မိုးသားဖြစ်သူကို ဘယ်လိုပင်တားတား သားဖြစ်သူကဒီကောင်လေးမှ ဒီကောင်လေးဖြစ်နေပြန်သည််။
"မင်းဘာလို့လရောင်သွင်ဆိုတဲ့ကောင်ကိုမှ ချစ်မိနေရတာလဲ။ အခြားလူဆိုငါလက်ခံပေးနိုင်တယ်။"
"မေမေကဘာလို့သွင့်ကို အဲ့ဒီလောက်မုန်းတီးနေရတာလဲ"
Sheinဒီအဖြေကိုအရမ်းသိချင်နေမိသည်။ မေမေသွင်အပေါ် ဒီလောက်ခါးခါးသီးသီးငြင်းဆန်လိမ့်မယ်လို့ တစ်ခါမှသူတွေးမထားမိ။
"ငါသူ့ကိုမုန်းတာမဟုတ်ဘူး။ ငါ့တို့အသိုင်းအဝိုင်းထဲကို သူ့ကိုဝင်မလာစေချင်တာ။ မိဘမျိုးရိုးက ဘယ်သူဘယ်ဝါမှန်းမသိ။ မျိုးရိုးမကောင်းခဲ့ရင် ငါတို့မိသားစုသိက္ခာအကုန် မြှောင်းထဲကျကုန်လိမ့်မယ်။"
"ဒါဆိုကျွန်တော်ကကော ကျွန်တော်လဲမိဘမဲ့တစ်ယောက်။ မိဘမျိုးရိုးမရှိခဲ့ဘူး။"
Sheinမေမေစကားများကြောင့် စိတ်ပျက်နေမိသည်။ သူသည်လဲမိဘမဲ့ဂေဟာက မွေးစားခံရတဲ့လူတစ်ယောက်မဟုတ်လား။ ဘာကြောင့်သွင့်ကိုမှ... သူဘယ်လိုမှစဥ်းစားလို့မရ။
"မင်းနဲ့သူနဲ့ကမတူညီဘူးသား။ မင်းကမေမေ့သား။ မေမေ့ဝမ်းနဲ့ကိုးလလွယ်ဆယ်လဖွားထားရတဲ့ မေမေ့သား။"
Sheinမေမေ့စကားများကို မယုံကြည်နိုင်ဖွယ်ဖြစ်နေမိသည်။
"မေမေ့စကားအဓိပ္ပါယ်က..."
Sheinအံ့သြစွာ မေးမိသည်။
"ဟုတ်တယ် မင်းကမေမေ့သား။ မေမေ့သွေးတွေစီးဆင်းနေတာ။"
"ဘယ်လိုသက်သေမျိုးနဲ့လဲ။ ဘာကြောင့်ကျွန်တော်ကမိဘမဲ့ဂေဟာကိုရောက်နေခဲ့ရတာလဲ။"
ဒီအခြေအနေရောက်မှတော့ မထူးတော့တဲ့အဆုံး သားကိုအကြောင်းစုံဖွင့်ပြောပြရန်သာဖြစ်သည်။
"မင်းဖွားဖွားက မေမေနဲ့မင်းဖေဖေကိုသူတို့သဘောမတူပဲ ယူခဲ့တာကြောင့်ပါ။ အဲ့ဒီတုန်းကမင်းဖေဖေက ဆင်းရဲပြီး မေမေတို့အမေဖက်က ချမ်းသာကြတယ်။ မေမေကမင်းဖေဖေနဲ့ချစ်ကြိုးသွယ်ပြီး ခိုးရာလိုက်ပြေးခဲ့ဖူးတယ်။
တစ်နေ့မင်းဖွားဖွားက မေမေတို့နေတဲ့နေရာကိုသိသွားခဲ့တယ်။ အဲ့ဒီအချိန်တုန်းက သားကနှစ်နှစ်သားအရွယ်ပဲရှိသေးတာ။ ဒါပေမယ့်မင်းဖေဖေနယ်ကို အလုပ်ကိစ္စနဲ့ခရီးထွက်နေတုန်းမှာ
မင်းဖွားဖွားရောက်လာပြီး မေမေ့ကိုပြန်ခေါ်သွားခဲ့ကြတယ်။ သားကိုတော့သူတို့သဘောမတူတဲ့သူနဲ့ရတာကြောင့် ဒီအိမ်မှာပဲထားခဲ့ခိုင်းတယ်။ မေမေလဲဘယ်လိုမှမတပ်နိုင်တော့ပဲ ဘေးအိမ်ကလူကို သားဖေဖေပြန်မရောက်လာခင်အချိန်ထိစောင့်ရှောက်ထားပေးရန် အကူအညီတောင်းခဲ့တယ်။"
"ဒါဆိုအခုဒီမှာထိုင်နေတဲ့ဖေဖေကကော"
"ဒါကမင်းဖွားဖွားသဘောတူလို့ ယူခဲ့ရတဲ့မေမေနောက်ယောကျ်ားလို့ဆိုရမယ်။ မေမေသားတို့နဲ့အတူပြန်နေမို့ ကြိုးစားခဲ့ပါသေးတယ်။ ဘယ်လိုမှမတပ်နိုင်ခဲ့ဘူး။ ဒါပေမယ့်မေမေမှာ အိမ်ထောင်ရှိပြီး သားတစ်ယောက်ရှိတယ်ဆိုတာကိုတော့ မေမေပြောပြထားလို့ သားဖေဖေကသိထားတယ်။ သူ့ကြောင့်ပဲ မေမေမင်းတို့သားအဖနှစ်ယောက်ကို လိုက်ရှာခဲ့ပေမယ်။ မင်းဖေဖေကတော့ အရက်ကြောင့်သေဆုံးသွားပြီး သားကိုတော့မိဘမဲ့ဂေဟာမှာ ပို့ထားတယ်လို့ပြောခဲ့တယ်။"
"ဒါဆိုကျွန်တော် မေမေ့သားပါလို့ ဘယ်လိုဆုံးဖြတ်လဲ"
Sheinမေးခွန်းများကို သိချင်တာကြောင့်တစ်ခုပြီးတစ်ခုမေးလိုက်သည်။
"မေမေသားကိုပြန်ရှာရလွယ်ကူအောင် သားနဲ့အတူမေမေဆွဲကြိုးလေးတစ်ကုံးသားလည်ပင်းမှာဆွဲထားပေးခဲ့တယ်။"
"ဆွဲကြိုး.."
သူစဥ်းစားရင်း ရေရွတ်နေမိသည်။
"မေမေပြောတဲ့ဆွဲကြိုးဆိုတာ ကြယ်ကလေးနဲ့ရွှေဆွဲကြိုးကိုပြောတာလား။ "
Sheinမေမေဆီကပေါ်ထွက်လာမည့်အဖြေဟာ ဟုတ်မှန်ပါသည်ဆိုတဲ့ သင်္ကေတစ်ခုခုဖြင့် ဝန်ခံလာမည့်အရာကို ငံ့လင့်နေမိသည်။
"ဟုတ်တယ်လေသား မေမေတို့သားကိုခေါ်လာတုန်းက သားလည်ပင်းမှာဆွဲထားတဲ့ဆွဲကြိုးလေးက မေမေသားကိုထားခဲ့တုန်းက တစ်ခါထဲမေမေကိုယ်တိုင် သားကိုဆွဲပေးခဲ့တာ။"
Sheinသဘောပေါက်လာသည်။ သူ့ဆီကဆွဲကြိုးပိုင်ရှင်ဟာ သူမဟုတ်ခဲ့။
"အဲ့ဒီဆွဲကြိုးက သားပစ္စည်းမဟုတ်ဘူး။ သွင့်ရဲ့ဆွဲကြိုး ။"
Sheinစကားကြောင့် ဒေါ်မြတ်မိုးစိတ်တုန်လှုပ်ခြောက်ခြားလွန်းကာ ခန္ဓာကိုယ်တစ်ခုလုံးအားအင်မရှိတော့သလို ခုံပေါ်သို့မိုက်ခနဲ လဲကျသွားသည်။
Sheinလျှင်မြန်စွာ မေမေကိုဝင်ထိန်းလိုက်သည်။ မဟုတ်လျှင်ခုံဇောင်းနဲ့ရိုက်မိသွားနိုင်သည်။
ဒေါ်မြတ်မိုးအလွန်ထိတ်လန့်သွားကာ ဘာစကားသံတို့မှထွက်ပေါ်မလာခဲ့။ သူမ၏ခင်ပွန်း ကမ်းပေးလာသောရေတစ်ခွက်ကို လှမ်းယူ၍ရေတစ်ခွက်လုံးကုန်အောင်မော့သောက်လိုက်သည်။
"သွင်နဲ့သားမိဘမဲ့ဂေဟာမှာ ဆုံခဲ့ကြပြီးသူမိဘအမွေဖြစ်တဲ့ ဒီဆွဲကြိုးလေးကိုသားအတွက်အမှတ်တရအနေနဲ့ပေးခဲ့တာ။"
ဒေါ်မြတ်မိုးနဲ့အတူခင်ပွန်းဖြစ်သူဦးနေရှိန်ပါ သူ့စကားကိုနားထောင်နေကြသည်။
"ဒါ ဒါဆိုရင်လရောင်သွင်က မေမေတို့ရဲ့သားပေါ့နော်။"
Sheinခေါင်းညိတ်ပြလိုက်သည်။
"မေမေသိပ်ကိုမှားသွားပြီသား။ မေမေအရမ်းကိုမှားသွားပြီ။"
သူမမျက်နှာကိုလက်နှစ်ဖက်နဲ့အုပ်ကာ သားဖြစ်သူကို ရင့်သီးစွာပြောဆိုခဲ့သောစကားများကြောင့် နောင်တမျက်ရည်များစီးကျလို့နေသည်။
သူမေမေ့ကို ဘယ်လိုနှစ်သိမ့်စကားများနဲ့ဖြေသိမ့်ပေးရမလဲမသိတော့။ sheinမေမေပုခုံးနှစ်ဖက်ကိုဖက်ထားမိဆဲ။
"သားတို့မနက်ဖန်သွင့်ဆီသွားပြီး အဖြစ်မှန်ကိုရှင်းပြကြရအောင်လား"
ဒေါ်မြတ်မိုးခေါင်းမော့လာကာ သူ့မျက်နာကိုကြည့်နေသည်။
"မဖြစ်နိုင်ဘူးထင်တယ်သား။ "
သူမသားဖြစ်သူမျက်နာကို ယုယစွာအုပ်ကိုင်ပြီးပြောလိုက်သည်။ သူမအခုသားကိုလဲအဆုံးရှုံးမခံနိုင်ဘူးလေ။
" ကျွန်တော်ကိုစိတ်မပူပါနဲ့မေမေ။ သားကအမြဲတမ်းမေမေတို့ရဲ့သားအဖြစ်နဲ့နေမှာပါ။"
သားဖြစ်သူစကားကြောင့် သူမပို၍စိတ်မကောင်းဖြစ်မိသည်။
"ဒီလိုဆိုရင်ကော အဆင်ပြေနိုင်မလား။"
ဦးနေရှိန်စကားကြောင့် သူမတို့သားအမိနှစ်ယောက် တစ်ယောက်မျက်နာတစ်ယောက်ကြည့်မိလိုက်သည်။
"မင်းသားနှစ်ယောက်ကိုလက်ထပ်ပေးလိုက်ရင် သားနှစ်ယောက်လုံးလဲစိတ်ချမ်းသာမယ်။ မင်းလဲသားနှစ်ယောက်လုံးနဲ့အတူနေရမယ်။ ဘယ်သူမှလဲစိတ်မဆင်းရဲတော့ဘူးပေါ့။"
"သွင်ကမေမေတို့ရဲ့သားအဖြစ်သိပေမယ့် သွင်ကိုကျဒီအတိုင်းမပြောပဲထားလိုက်တော့မှာလားမေမေ။ မဖြစ်နိုင်လောက်ဘူးထင်တယ်။"
Sheinဖေဖေစကားကို မနှစ်သက်ပါ။ သူတို့ပဲသိရမယ့်အမှန်းတရား တစ်ချိန်ကျရင် ဒီအမှန်တရားဟာပေါ်ပေါက်လာခဲ့ရင် သွင်အခုထက်ပိုစိတ်ဆင်းရဲသွားနိုင်တယ်။
"မင်းဖေဖေပြောတာကို မေမေလက်ခံနိုင်တယ်။ အခုလက်ရှိမှာလဲ သွင်ကမိသားစုကောင်းမှာနေနေရတာပဲလေ။ အခုလိုလေးကသူ့အတွက်ပိုကောင်းမယ်သား။ ပြီးတော့ သားတို့နှစ်ယောက်ကိုသဘောတူပေးလိုက်ရင် မေမေ့သားနှစ်ယောက်လုံးရှိနေမှာပဲမဟုတ်လား။"
Sheinမေမေတို့ ဘာကြောင့်အခုလိုပြောရသလဲဆိုတာကို စဥ်းစားမရ။
"တစ်ချိန်ချိန်မှာ သွင်သိသွားခဲ့မယ်ဆိုရင်ကော။"
"မေမေတို့သားအမိသုံးယောက်ထဲသိတာလေ။ မေမေကတော့ မင်းဖေဖေပြောတဲ့စကားကကောင်းတယ်လို့ထင်တယ်။"
............................
"ကိုယ့်တို့မင်္ဂဆောင်ကျရင် ဟာရနဲ့ဓနကသတို့သားအရံလုပ်ပေးရမယ်နော်။"
"ကိုသွင်တို့က ဘယ်တော့လောက်မင်္ဂလာဆောင်ကျမှာလဲ။ ကျွန်တော်ကိုကြိုပြောထားမှရမှာနော်။ နောက်ပိုင်းအလုပ်တွေနဲ့ မအားမှာဆိုးလို့။"
ဓနသူ့ဘေးတွင်ရှိနေသော ဟာရကိုတစ်ချက်လှည့်ကြည့်ရင်း ကိုသွင်ကိုပြောလိုက်သည်။ တကယ်ဆိုကိုသွင်တို့ ချစ်သူသက်တမ်းဟာ အတော်ကြာနေခဲ့ပြီမဟုတ်လား။
"တစ်နှစ်လောက်လိုပါသေးတယ်။ ရက်အတိအကျသိရင်ကိုယ်ပြန်ပြောပေးမယ်လေ။"
ဟာရနဲ့အတူဓနပါ ကိုသွင်တို့အတွဲကိုခေါင်းညိတ်ပြလိုက်သည်။
"Congratulationကိုသွင်နဲ့ ကိုနေရှိန်မင်း။"
"ဂုဏ်ယူပါတယ်အကိုတို့။ ကျွန်တော်အရမ်းအားကျမိပါတယ်။"
ဟာရလက်ကမ်းကာ ဂုဏ်ပြုစကားဆိုလိုက်မိသည်။
ဓနတို့ရဲ့တွေ့ဆုံပွဲ ညစာလေးဟာလဲပြီးဆုံးသွားခဲ့သည်။
သွင်နဲ့နေရှိန်တို့ ဓနနဲ့ဟာရကိုနှုတ်ဆက်ကာပြန်လာခဲ့ကြသည်။
"မောင့်မေမေကို ဘယ်လိုစည်းရုံးလိုက်လို့ သွင်နဲ့မောင့်ကိုသဘောတူရတာလဲ။"
Sheinကားမောင်းနေရင်းမှ သွင်ဖက်သို့လှည့်ကာ သွင့်မျက်နာကိုလက်တစ်ဖက်နဲ့ မြတ်နိုးစွာခပ်ဖွဖွကိုင်လိုက်သည်။
"မောင်တို့ရဲ့အချစ်စစ်တွေကြောင့်ပေါ့"
Sheinစိတ်တို့မလုံမလဲ။ သူသွင့်ကိုအားနာမိသည်။ Sheinကားမောင်းနေရာမှ ချွေးစေးတို့ပြန်လာကာ ရင်ဘတ်တစ်နေရာဖြစ်သော နှလုံးသားမှ နာကျင်လာသည်။ တစ်စတစ်ပြင်းထန်စွာ နာကျင်လာသောရင်ဘတ်ကိုလက်နဲ့ အုပ်ကိုင်ထားမိသည်။
"မောင်ဘာဖြစ်တာလဲဟင်"
ကားကိုလမ်းဘေးတစ်နေရာသို့ထိုးရပ်လိုက်သည်။ သွင့်စကားတို့သည် နီးလာလိုက်ဝေးသွားလိုက်နဲ့၊ sheinကြားတစ်ချက်မကြားတစ်ချက်ပင်။
သွင်စိုးရိမ်စိတ်တို့ ပိုကြီးစိုးလာခဲ့သည်။ သွင့်လက်တို့တုန်ရီစွာနဲ့ ဖုန်းနံပါတ်အချို့ကိုနှိပ်ကာ ဖုန်းခေါ်ဆိုလိုက်သည်။ မျက်ရည်စများနဲ့အတူ မောင့်နဖူးစမှာ ချွေးစအချို့ကိုလက်ဖဝါးနုနုနဲ့သုတ်ပေးနေမိသည်။
မောင့်ကိုအရေးပေါ်ခွဲစိတ်ခန်းထဲသို့ခေါ်သွားခဲ့သည်။ သွင်အပြင်မှာရပ်စောင့်နေကာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိလောက်အောင် မောင့်အတွက်စိုးရိမ်စိတ်တို့နဲ့ လမ်းလျှောက်နေသည်။
မောင့်မေမေတို့ကိုဖုန်းခေါ်ဆိုလိုက်သည်။ ထို့အတူမောင့်ကိုကုသပေးနေသော ဆရာဝန်ကိုပါတစ်ခါးထဲဖုန်းဆက်ကာ အကျိုးအကြောင်းပြောပြလိုက်သည်။
သိပ်မကြာလိုက်မောင့်မိဘများရောက်လာကြသည်။
"အန်တီသားလေးက ဘယ်လိုဖြစ်ရတာလဲကွယ်။ "
အိမ်ကနေပျော်ပျော်ရွှင်ရွှင်နဲ့ထွက်သွားသော သားဖြစ်သူဟာ အခုကျအရေးပေါ်အခန်းထဲမှာတဲ့။
"မောင်က နှလုံးအစားထိုးကုသရမယ်တဲ့။ မောင်ကိုကုသပေးနေတဲ့ဆရာဝန်ကိုတော့ဖုန်းဆက်ထားတယ်။ "
သားလေးတစ်ခုခုဖြစ်သွားရင်ဆိုသောစိတ်က ဒေါ်မြတ်မိုးစိတ်ကိုသတ်နေသလိုပင်။ သူမခုံပေါ်တွင်ထိုင်ကာ တက်သလောက်မှတ်သလောက်ဘုရားစာများကို ရွတ်ဆိုကာသားဖြစ်သူအတွက် ဆုတောင်းပေးနေရုံမှလွဲ၍မတက်နိုင်။
ဆရာဝန်ရောက်လာကာ လူနာမိသားစုကိုစိတ်မပူကြရန်ပြောလိုက်သည်။
"သိပ်စိတ်မပူကြပါနဲ့။ ကျွန်တော်တို့ လူနာအတွက်နှလုံးအစားထိုးစရာ အလှူရှင်ရှိပါတယ်။"
အခုမှသွင်တို့အားလုံးစိတ်အေးသွားရပါသည်။
ဒေါ်မြတ်မိုးတစ်ယောက် ဆရာဝန်စကားကြားမှ သက်ပြင်းမောကိုချကာ စိတ်အေးသွားရသည်။
အချိန်အတော်ကြာကြာအထိ မောင်ခွဲစိတ်ခန်းထဲမှ ထွက်မလာသေး။ ဆရာဝန်ရဲ့ စိတ်မပူနဲ့စကားဆိုထားသော်လည်း သူစိတ်ပူနေမိသည်။
"ခွဲစိတ်မှု့အောင်မြင်ပါတယ်ဗျာ။ လူနာကို စိတ်ချရလို့အခန်းထဲပြောင်းပေးထားလိုက်ပါတယ်ဗျ။"
"ဆရာကျွန်မတို့ သားလေးကိုဝင်တွေ့လို့ရပြီလားဟင်။"
ဒေါ်မြတ်မိုးခုံပေါ်မှထရပ်ကာ ဆရာဝန်ကို မေးလိုက်သည်။
"ဝင်တွေ့လို့ရပါတယ်ဗျ"
" ကျေးဇူးတင်ပါတယ်ဆရာ"
ဆရာဝန်ကိုသူမ မျက်ရည်များကြားမှကျေးဇူးတင်စကားဆိုမိလိုက်သည်။
ဟာရကိုတိုက်ခန်းမှာထားခဲ့ကာ ဒေါ်ခင်ခက်ခက်ခိုင်ရှိရာ အိမ်သို့ကားကိုမောင်းထွက်လာခဲ့သည်။
ဘာကြောင့်ရယ်မသိ ဟာရစိတ်တို့လေးပင်နေမိသည်။ ကားကိုတရကြမ်းမောင်းထွက်သွားသော ဓနကိုကြည့်ကာ သူပိုစိတ်ပူနေမိသည်။
ခြံတံခါးကိုကားနဲ့တိုက်ဖွင့်ကာ ဝင်လာရင်း ဓနကားကိုထိုးရပ်ကာ အိမ်ထဲသို့ဝင်လာခဲ့သည်။
"ဒေါ်ခင်ခက်ခက်ခိုင် အခုထွက်လာခဲ့ပါ။ ခင်ဗျားကသိပ်ကိုယုတ်မာလွန်းတဲ့ မြေခွေးအိုမတစ်ကောင်ပဲ။"
ဓနစိတ်တို့ ထိန်းချုပ်မရစွာပေါက်ကွဲထွက်လာသည်။ ဒေါ်ခင်ခက်ခက်ခိုင်ဟာ သူတို့မိသားစုကိုပြိုကွဲအောင် လုပ်ရုံတင်မက အခုလဲသူ့ကိုလူသတ်သမားငှားပြီး သတ်ခိုင်းပြန်သည်။
အိမ်အပေါ်ထပ်မှ ဆင်းလာသောခင်ခက်ခက်ခိုင်ကို သူတွေ့လျှင်သူ့ဒေါသတို့ ထွက်လာကာ ခန္ဓာကိုယ်သွေးကြောထဲ သွေးတို့ဟာမီးစထိုးလိုက်သလို ပွက်ပွက်ဆူလောင်လာခဲ့သည်။
"နင်ဘာကိစ္စနဲ့ ငါ့အိမ်ကိုရောက်လာတာလဲဓန။"
ဓနကိုမြင်တွေ့လိုက်တာနဲ့ ခင်ခက်ခက်ခိုင် မျက်နာပျက်ယွင်းသွားသည်။
လှေကားပေါ်မှ တစ်လှမ်းခြင်းလှမ်းကာ ဆင်းလာရင်းစကားဆိုလိုက်သည်။ ဒီကောင်အခုထိအသက်ရှင်နေသေးတာလား။
"ဘာလဲကျွန်တော်မသေပဲ ခင်ဗျားရှေ့ရောက်လာလို့ စိတ်ပျက်သွားလား"
ဓနနှုတ်ခမ်းကို ခပ်မဲ့မဲ့စကားတုန့်ပြန်လိုက်သည်။
"နင်ပြောနေတာကို ငါမသိဘူး။ နင်ဘာတွေလာပြောနေတာလဲ။"
သူမခပ်ပြတ်ပြတ်ငြင်းဆိုလိုက်သည်။
"ခင်ဗျားဘယ်လိုမှငြင်းမရတဲ့သက်သေတွေရှိနေတာ။ ခင်ဗျားလုပ်ရပ်တွေကို သိပ်မကြာခင်မှာပြန်ပေးဆပ်ရလိမ့်မယ်။"
"ဟား ဟား"
ဒေါ်ခင်ခက်ခက်ခိုင် အားရပါးရရယ်မောလိုက်သည်။
"နင်သိပ်ဟာသပြောတက်တာပဲဓန။ ငါမရယ်ချင်ဘူး။ နင်ဟာသတွေက ငါအတွက်တော့ ရယ်စရာမကောင်းဘူးဓန"
ဒေါ်ခင်ခက်ခက်ခိုင် ဘယ်လိုမှသူမလုပ်ရပ်အတွက် ဝန်ခံချင်စိတ်မရှိဘူးဆိုတာ သူမအပြောကနေသက်သေပြနေသည်။
"ကောင်းပြီလေ။ ခင်ဗျားကဝန်မခံချင်ဘူးဆိုတော့ ကျုပ်ကအမှန်ကိုပြောပေးရတာပေါ့။ ခင်ဗျားသတ်ခိုင်းတဲ့ လူအခုရဲစခန်းမှာအဖမ်းခံထားရပြီ။"
သူ့စကားကြောင့် သူမခြေလှမ်းတို့နောက်သို့ အနည်းငယ်ဆုတ်သွားသည်။
"နင်ဘယ်သူ့ကိုပြောတာလဲ။ ငါမသိဘူး"
"ဒါဆိုရင်လဲ ရဲစခန်းရောက်မှရှင်းရအောင်။"
"ဟုတ်တယ် နင့်အမေသေရတာလဲငါ့ကြောင့်။ နင့်ကိုသတ်ခိုင်းတာလဲငါပဲ။ နင့်အမေသေတာက သူ့ရောဂါနဲ့သူသေတာ။ နင့်ကိုငါဘာလို့သတ်ခိုင်းတယ်ဆိုတာ နင်သိလား။ နင့်အဖေကနင့်အတွက် ဘဏ်မှာအပ်ထားတဲ့ငွေတွေအများကြီးပဲ။ ငါနင့်အဖေကိုချစ်ခဲ့လို့ သည်းခံနိုင်ခဲ့ပေမယ့် ဒီလောက်အထိတော့ ငါခွင့်မပြုနိုင်ဘူးဓန။ ဒါ့ကြောင့်နင်သေမှ အေးမှာ။ "
"ခင်ဗျားသိပ်ကိုယုတ်မာလွန်းတယ်။ ကျုပ်အမေကိုလဲ ခင်ဗျားသတ်တယ်။ အခုကျွန်တော်ကိုကော ။ ခင်ဗျားပြောတဲ့ ပိုက်ဆံတွေမလိုအပ်ဘူး။ လိုလဲမလိုချင်ဘူး။"
"မင်းသိပ်ရက်စက်လွန်းတယ် ခင်။"
အိမ်ရှေ့အပေါက်ဝမှ ပေါ်ထွက်လာသောစကားသံကြောင့် သူမလွန်စွာထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
"ရှင် ရှင်ဘယ်လိုကနေ ဒီကိုရောက်နေတာလဲကိုနေ။ ရှင်ပြောတော့ ဒီနေ့အိမ်ပြန်နောက်ကျမယ်ဆို။"
ခင်ခက်ခက်ခိုင်ယောကျ်ားဖြစ်သူဦးနေဂုဏ်ကိုမြင်တာနဲ့
စိတ်တုန်လှုပ်ခြောက်ခြားကာ မရပ်မနားပြောနေသည်။
"ကျွန်မ ကျွန်မရှင့်ကိုချစ်လွန်းလို့ အခုလိုအမှားမျိုးလုပ်မိတာပါ။ ကျွန်မကိုယ်ခွင့်လွှတ်ပါနော်။"
သူမငိုယိုရင်း လက်နှစ်ဖက်ကိုပွတ်သပ်ကာ လက်အုပ်ချီကာ တောင်းပန်နေသည်။
"ဘယ်လိုမှ မတက်နိုင်တော့ဘူးခင်။ မင်းအမှားကပြင်လို့မရနိုင်တော့ဘူး။ မင်းအပြစ်တွေအတွက် အပြစ်ကြွေးတော့ ပြန်ပေးဆပ်ရလိမ့်မယ်။"
ဦးနေဂုဏ်ပထမဆုံးဇနီးသည် သေဆုံးခြင်းဟာ သွေးရိုးသားရိုးသေဆုံးခြင်းလို့ သတ်မှတ်ထားကာ အခုလိုခင်ခက်ခက်ခိုင် ပရောဂမကင်းတာကို သိလိုက်ရခြင်းကြောင့် စိတ်ထိခိုက်ကြေကွဲရပါသည်။
ရဲများဝင်လာကာ ဒေါ်ခင်ခက်ခက်ကိုဖမ်းဆီကာ ခေါ်ဆောင်သွားခဲ့သည်။
"ကျွန်တော်အတွက် ဘဏ်မှာငွေအမြောက်အမြားအပ်ပေးထားတယ်ဆို။"
"အွန်း"
သားဖြစ်သူအမေးကို ဦးနေဂုဏ် အွန်းတစ်လုံးထဲသာဖြေလိုက်သည်။
"ကျွန်တော်အတွက်စိတ်ပူမနေပါနဲ့ အဲ့ဒီငွေတွေ အကုန်လှူလိုက်ပါ။ ပြီးတော့သားမှာ ချစ်သူရှိနေပြီဖေဖေ။"
ဓနဖခင်ဖြစ်သူဆီမှ တုန့်ပြန်လာမည့်စကားကို မျှော်လင့်နေမိသည်။
"ဖေဖေသိထားတယ်သား။ ဖေဖေမကန့်ကွက်ပါဘူး။ ဒါ့ကြောင့်လဲ သားရှေ့ရေးကို ဖေဖေတွေးပြီး လုပ်ခဲ့တဲ့အရာတွေပါ။ ဖေဖေကိုခွင့်လွှတ်ပါ။ ဖေဖေလဲ ဒီလောကထဲကနေအနားယူလိုက်တော့မယ်။"
ဓနဖေဖေလက်တစ်စုံကိုဆွဲကိုင်ကာ အားပေးစကားဆိုလိုက်သည်။
"ဖေဖေအပြစ်တွေမဟုတ်ပါဘူး။ ဒါကြောင့်ဖေဖေ့ကို ဖေဖေအပြစ်မတင်ပါနဲ့။"
အရာအားလုံးပြီးဆုံးသွားခဲ့ပြီမဟုတ်လား။ သူဖေဖေကိုထွေးပွေးထားလိုက်သည်။ သူ့အတွက်ဖေဖေဟာ ဖခင်ကောင်းတစ်ယောက်ဖြစ်ခဲ့ပါတယ်။
" ကျေးဇူးတင်ပါတယ်ဖေဖေ"