"ဘာအရောင်လေးဆိုးမှာလဲ မောင်လေး"
ဆိုင်ကအစ်မက ကျွန်တော်ထိုင်စောင့်
နေတဲ့ဆီလာပြီး နမူနာလေးတွေလာ
ပြသည်။ဆံပင်ညှပ်ဆိုင်ကို လာသာ
လာခဲ့တယ် တစ်ကယ်တမ်း တစ်ခါမှ
မလုပ်ဖူးတော့ ဆုံးဖြတ်ရခက်နေသည်။
"ဒီအရောင် အစ်မ"
နောက်ဆုံးအမည်းဘေးက ဆံပင်နမူနာ
လေးကို ကျွန်တော်ထောက်ပြလိုက်တော့
ဆိုင်ဝန်ထမ်းအစ်မက ကျွန်တော့်ကို
တစ်ချက် ပြန်ကြည့်လေသည်။
"ဒါက ဘာမှသိပ်မထူးခြားဘူးနော်
အမည်းနဲ့ ဘာမှမကွာဘူး"
"ဟုတ် ရတယ် အစ်မ"
"မောင်လေးကလည်း ဆံပင်လာဆိုးပြီး
ဒီအရောင်က ဘာထူးမှာလဲ။ဒါမှမဟုတ် ဒီdarkbrownလေး ဆိုရင်ရော
အရောင်နည်းနည်းရှိတော့ မျက်နှာလေး
ပိုပေါ်သွားတာပေါ့"
"ကျွန်တော် မနေတတ်လို့ပါ"
"ဟုတ်ပါပြီ ကွယ်"
အရောင်စိုးလို့ပြီး နောက်ဆုံးဆံပင်
လေမှုတ်လို့ပြီးတော့ မှန်ရှေ့မှာပေါ်နေ
တဲ့ ကျွန်တော့်မျက်နှာကျွန်တော် ပြန်
ကြည့်ချိန် ဆံပင်အရောင်ဆိုးထားမှန်း
မသိသာတာမို့ ကျေနပ်သွားသည်။
မဟုတ်ရင် ကျွန်တော်နေတတ်မှာ
မဟုတ်ဘူး
"ကဲ ပြီးပြီ အရောင်တော့မပေါ်ဘူးနော်
မောင်လေး။နေပူထဲမှာပဲ နည်းနည်း
သိသာလိမ့်မယ်"
"ဟုတ်ကဲ့ ကျေးဇူးပါအစ်မ"
ကျွန်တော့်ကို ဆံပင်လုပ်ပေးတဲ့အစ်မကို
ပြုံးပြလိုက်ပြီး ဒီနေ့ဆံပင်အရောင်လာ
ချိန်းတာစိတ်ကျေနပ်နေသည်။ဘာမှ
ထူးထူးခြားခြား မပြောင်းလဲသွားပေမဲ့ပေါ့။
______________________________
အိမ်ရှေ့မှာ မနက်ထဲကရပ်စောင့်နေတာ
တော်တော်ကြာပြီ ဖြစ်သော်လည်း
ကိုစစ်ကြောင်းကအလုပ်သွားဖို့ အခုထိမထွက်လာသေးဘူး။ကျွန်တော်ကတော့
သူနဲ့ တွေ့ရဖို့ စိတ်ရှည်ရှည်နဲ့
လာစောင့်နေမြဲပါ။
ကျွန်တော် ထင်ထားတဲ့အတိုင်းပဲ
သူ သူ့မိဘတွေအိမ်မှာပဲပြန်ရောက်
ထဲက နေနေတယ်လေ။သူ့အိမ်မှာ
ကျွန်တော် သွားစောင့်နေခဲ့ပေမဲ့လည်း
သူလာတာကို လုံးဝမတွေ့ရဘူး။
သူ့အိမ်ကိုတစ်ခါလေးတောင် ပြန်မှပြန်
ပါရဲ့လား။
နာရီတစ်ကြည့်ကြည့်နဲ့ စောင့်နေတုန်း
ခြံတံခါး ပွင့်လာပြီး ကားတစ်စီးမောင်း
ထွက်လာသည်။ကိုစစ်ကြောင်း မောင်းတဲ့ကားပင်။
စိတ်တွေလှုပ်ရှားလာပြီး ကျွန်တော်
အနားအမြန်သွားမလို့ပဲရှိသေးသည်
ကိုစစ်ကြောင်းက ခြံတံခါးအပြင်ကိုရောက်တာနဲ့ ကားမှန်ကိုတင်လိုက်ပြီး ခြံရှေ့
ကနေ မောင်းထွက်သွားလေပြီ။
"ကိုကို"
အနောက်ကနေ ရပ်ကြည့်ရင်း အသံတိတ်
ခေါ်နေရင်းသာ ကျန်ခဲ့ရတော့သည်။
သူ ကျွန်တော့်ကိုမတွေ့တာလား
မမြင်ချင် ယောင်ဆောင်သွားတာလား။
သူအလုပ်သွားဖို့ အရေးကြီးနေလို့
ဖြစ်မှာပါလေ။သူကအခု သူ့ဖေဖေ
ရဲ့လက်အောက်မှာ အလုပ်ဝင်လုပ်နေ
ပြီ။သူပြန်ရောက်ထဲက တွေ့နိုင်ဖို့
ကျွန်တော် အကြိမ်ကြိမ်အခါခါ ကြိုးစား
နေပင်မဲ့ မအောင်မြင်ခဲ့။သူ့အလုပ်ထိ
တော့ ကျွန်တော်တစ်ခါမှလိုက်ပြီး
မနှောင့်ယှက်ခဲ့ပါ။
ကိုစစ်ကြောင်းအလုပ်သွားရင် ကားပြောင်း
စီးသွားတယ်။သူက BMWစီးနေပေ
မဲ့ကျွန်တော်က အခုထိကျွန်တော့်ရဲ့
scoopyလေးကို မလဲနိုင်သေးဘူး။
ဒီအတိုင်းဆို သူ့ကို ဖေဖေနဲ့မေမေ
ဆီကနေ တောင်းဖို့ ကျွန်တော်အလုပ်
တွေအများကြီး ကြိုးစားရအုံးမှာပဲ။
ကျွန်တော်လည်း အလုပ်သွားဖို့နောက်
ကျနေပြီ။ဒီနေ့လည်း သူနဲ့စကားမ
ပြောရပဲ ဒီအတိုင်းပြန်ရအုံးမှာလား။
သက်ပြင်းတွေချမိရင်း ဆိုင်ကယ်ရပ်
ထားတဲ့ဆီပြန်သွားမလို့လုပ်နေတုန်း
ခြံတံခါးအထဲကနေ ကျွန်တော်ကြောက်
တဲ့ခြံစောင့်ဦးလေးကြီးက ကျွန်တော့်
ကိုကြည့်နေကြအတိုင်း ဒီကောင်လေး
ဘာလာလုပ်ပြန်ပြီလဲ ဆိုသည့်ပုံစံနှင့်
ရပ်ကြည့်နေလေသည်။အရင်ကဆို
ထွက်ပြေးနေကြပေမဲ့ ဒီတစ်ခါတော့
စိတ်ကအဆင်မပြေနေတာမို့ ခပ်တည်
တည်နှင့်ပင်အေးအေးဆေးဆေး လှည့်
ထွက်လာခဲ့လိုက်သည်။သူပြန်ရောက်
နေတာမို့ မကြောက်တော့တာလည်း
ပါတယ်။မကြောက်ပါဘူး ဘယ်သူ့မှ။
_______________________________
"ကိုစစ် လာမှာပါ ကလေးရယ်။ခဏလေး
ထိုင်နေပါအုံး ရပ်စောင့်နေတာ မမောဘူးလား"
ဆိုင်ရဲ့ ခေါင်မိုးထပ်အပေါ်ကနေဆိုင်
အောက်ကိုပဲရပ်ကြည့်နေတဲ့ ကျွန်တော့်
ကို အနားက စားပွဲကခုံမှာထိုင်နေတဲ့
အစ်မမြတ်က လှမ်းပြောသည်။
အစ်မမြတ်ကို ဘာမှပြန်မပြောနိုင်။
အပေါ်ကနေ လမ်းမဘက်ကိုပဲ တစ်ကြည့်
ကြည့်ဖြစ်နေရသည်။ဒီနေ့ ကအလုပ်
ပိတ်ရက်လေ။ကိုစစ်ကြောင်းဒီနေ့ ဒီဆိုင်ကို
ကိုကျော်ထွန်းနဲ့တစ်ခြားသူ့သူငယ်ချင်း
တွေနဲ့ပါ ချိန်းထားလို့လာမယ်ဆိုပြီး
အစ်မမြတ်တို့အတွဲဆီကနေသိထားလို့
သူမရောက်လာခင် အစ်မမြတ်တို့
အတွဲနဲ့လိုက်လာပြီး အစောကြီးလာ
စောင့်နေတာ။ဆိုင်က အောက်မှာ
billiardနဲ့အပေါ်ခေါင်မိုးထပ်က
barတွဲဖွင့်ထားတယ်။ကိုစစ်ကြောင်းသူငယ်ချင်းတွေထဲက တစ်ယောက်ရဲ့ဆိုင်ပဲလေ။
အပေါ်ထပ်မှာ အစ်မမြတ်နဲ့ကျွန်တော်
အပြင် တစ်ခြားကောင်မလေးတွေ
ထိုင်နေတဲ့ဝိုင်းနှင့် လူတော့သိပ်မရှိ။
ကျွန်တော် စောင့်နေတာတော်တော်
ကြာနေပြီ။အောက်ထပ်မှာဆိုင်ရှေ့ရပ်
ထားတဲ့ ဆိုင်ကယ်တွေပေါ်မှာတော့
ကိုကျော်ထွန်းနဲ့ တစ်ခြားသူတွေထိုင်ပြီး
စကားပြောနေကြသည်။ညနေစောင်း
တော့မယ်။သူက အခုထိမရောက်လာ
သေး။
တစ်ခဏကြာတော့ အစ်မမြတ်က
တစ်မျှော်မျှော် ဖြစ်နေတဲ့ ကျွန်တော့်ကို
ကြည့်ပြီး မနေနိုင်တော့ဘူးထင် ထိုင်ရာ
ကနေထလာပြီး ကျွန်တော့်ဘေးမှာ
လာရပ်သည်။
"အစ်မပြောကြားရဲ့လား ဒီကလေး"
မမြတ်ကိုကြည့်လိုက်တော့ မမြတ်က
ဘေးကနေ ပြုံးလျက်သာကျွန်တော့်ကို
ကြည့်နေသည်။
"ကျွန်တော် ကလေးမဟုတ်တော့ဘူးလေ အစ်မ"
"အစ်မမျက်လုံးထဲမှာတော့ အစ်မ
မောင်လေးက ကျောင်းမှာစတွေ့တုန်း
ကလိုပဲ ဆယ့်ခြောက်နှစ်သား ကလေးလေးပဲ"
"မမြတ်ကတော့ လုပ်ပြီဗျာ"
မမြတ်က ရယ်ရင်းပင် ကျွန်တော့်
ပါးတစ်ဖက်ကိုလာဆွဲသည်။ကျွန်တော်
လည်း ပြုံးလိုက်မိပြီး အစ်မမြတ်နဲ့
စကားပြောရင်း စိတ်တွေနည်းနည်း
ပေါ့သွားသလိုရှိသည်။မမြတ်က
ကျွန်တော်တို့အတွက် အစ်မတစ်
ယောက်လိုပါပဲ။
ကျောင်းတက်နေတဲ့ ကာလတစ်
လျှောက်မှာလည်း အစ်မမြတ်က
ကျွန်တော့်ကို ကူညီချင်လို့အိမ်မှာ
လာတွေ့ခဲ့တယ်။ကျွန်တော်ကပဲ
လက်မခံခဲ့တာ။
"ခဏနေ ကိုစစ်လာရင် ကိုယ့်ကိုကိုယ်
ယုံကြည်မှုရှိရှိနဲ့ ခပ်မိုက်မိုက်လေးနေ။
ကိုယ်ကပြန်လိုက်ရမဲ့သူ အိုကေလား"
မမြတ်က ကျွန်တော့်ပုခုံးတစ်ဖက်ကို
ကိုင်ကာ အနားကပ်ပြီး အားပေးစကား
ပြောနေပါသည်။
ခေါင်းညိတ်လိုက်ရင်းသာ ဘာမှပြန်
မပြောမိပဲ အစ်မမြတ်နဲ့ ကျွန်တော်
မျက်နှာချင်းဆိုင်ရင်း အသံတိတ်
ဖိုက်တင်း လုပ်လိုက်သည်။
လက်မှာ ပတ်ထားတဲ့ နာရီကို အချိန်
တစ်ကြည့်ကြည့်နဲ့ စောင့်နေရင်း
ကောင်းကင်က တိမ်တွေတောင်ညနေ
စောင်းလို့ အရောင်ပြောင်းနေပြီ။
စိတ်ကိုအေးအေးထားပြီး အပေါ်ထပ်
ကနေလမ်းမဘက်ကို တစ်ကြည့်ကြည့်
စောင့်နေတဲ့အချိန် ကျွန်တော်ရင်းနှီး
နေတဲ့ ကားသံကျယ်ကို လမ်းမဘက်
ကနေအရင်ကြားလိုက်ရသည်။ကားကို
တော့မတွေ့သေးပေမဲ့ သူရောက်
လာပြီဆိုတာ ကျွန်တော်သိလိုက်ပြီလေ။
စိတ်တွေလှုပ်ရှားပြီး ကျွန်တော်မငြိမ်
မသက်ဖြစ်နေသည်ကို အစ်မမြတ်က
ဘေးကနေ အဖော်လုပ်ပေးနေလို့
သာတော်သေးတယ်။
အဲ့ဒီအချိန်မှာပဲ ကားသံကတစ်ဖြည်းဖြည်း
နီးလာပြီး ဒီဆိုင်ရှိရာဘက်ကို လမ်းချိုး
ကနေကွေ့ဝင်လာတဲ့ သူ့ပြိုင်ကားက
ဆိုင်ရှေ့မှာ ထိုးရပ်သွားလေပြီ။ကိုစစ်ကြောင်း ကားပေါ်ကဆင်းလာတာနဲ့ သူ့
သူငယ်ချင်းတွေနဲ့ မတွေ့တာကြာတော့
ချက်ချင်းပင် ပုခုံးတစ်ဖက်ဖက်ပင်။
သူ့ကို ကြည့်ရတာ ပျော်နေတယ်
ထင်ပါတယ်။
ဒါပေမယ့်အဲဒီအချိန်မှာပဲ ကားတံခါး
ထပ်ပွင့်လာပြီးကိုစစ်ကြောင်း ကားပေါ်
ကနေ ဆင်းလာတဲ့ ခပ်ချောချော ခပ်မိုက်မိုက်ကောင်မလေးတစ်ယောက်။
ကျွန်တော်အပေါ်ကနေ ရပ်ကြည့်နေ
သည့် နေရာမှာပဲရင်ထဲ စိုးထိတ်လွန်း
စွာနဲ့ဖြစ်သွားရသည်။ဘယ်သူလဲ။
ဘာဖြစ်လို့ကိုစစ်ကြောင်းကားထဲကနေ ထွက်လာရတာလဲ။
မျက်နှာပျက်သွားသည့်ကျနော်ကို
အစ်မမြတ်က ဘေးကနေတကြည့်
ကြည့်။
အစ်မမြတ်လည်း အံ့သြနေပုံရ ဘယ်
သူမှန်းမသိဘူး ထင်ပါတယ်။
သူ့ ဘေးရောက်လာတဲ့ ကောင်မလေး
ကို ကိုစစ်ကြောင်းက သူ့သူငယ်ချင်း
တွေနဲ့မိတ်ဆက်ပေးလိုက်ပြီးသူ့ သူ
ငယ်ချင်းတွေရဲ့ အားပေးသလို အော်ဟစ်သံ
တွေကိုပါ ကြားလိုက်ရသည်။
ဘေးကအစ်မကြီးကလည်း ကိုစစ်ကြောင်း
ဘေးမှာပြုံးလို့ရွှင်လို့။
ကျွန်တော့် ရင်တွေ ပြောပြလို့မတတ်
အောင် တကယ်ထိတ်နေပါပြီ။
ဘယ်သူလဲ အဲဒီအစ်မက။
ဆိုင်ရှေ့မှာ ကိုစစ်ကြောင်း
နဲ့သူ့သူငယ်ချင်းတွေတစ်အုပ်ရပ်ပြီး
စကားပြောနေကြတာကို အပေါ်ကနေ
တိတ်တဆိတ် ကြည့်နေရင်း။
ကိုကျော်ထွန်းက ဆိုင်ကယ်ပေါ်မှာ
ထိုင်နေပြီးဘေးက သူ့ကိုဘာတွေပြော
နေလည်းမသိပါ။ကျွန်တော်ကြည့်နေ
ရင်းပင် ခဏအကြာသူ ကျွန်တော်
ရှိနေသည့်အပေါ်ကိုကြည့်လာ သည်မို့
ရင်ထိတ်သွားရပြီး သူတွေ့သွားတာနဲ့
အကြည့်ချင်းဆုံတဲ့တစ်ခဏ ဘာလုပ်ရ
မည်မသိတော့ပဲ အောက်ကိုမြန်မြန်ထိုင်ချ
ပြီးပုန်းလိုက်မိသည်။
မဟုတ်ဘူးနော်။ သူပြန်လာတာမှ
ဘယ်နှစ်ရက်မှမရှိသေးဘူး
ချက်ချင်းကြီး ကောင်မလေး
ရသွားပြီဆိုတာမဖြစ်နိုင်ဘူး။
ကိုယ့်ကိုကိုယ် အားပေးနေပေမယ့်
အခုချိန်ကျွန်တော့် စိတ်ထဲမှာ
ဘယ်လောက်တောင်ကြောက်နေမိ
လဲဆိုတာကျွန်တော် ကိုယ်တိုင်
ပဲသိသည်။
-----------
တစ်ခဏနေတော့ သူတို့တစ်အုပ်
အပေါ်တက်လာပါသည်။ ကိုစစ်ကြောင်း
ဘေးမှာ အဲဒီအစ်မပါ ကပ်ပါလာသည်။
သေချာအနီးကပ်စစတွေ့ရချင်းပင်
အချောအလှလေးဆိုတာ ပြောစရာပင်
မလို ဆွဲဆောင်မှုရှိရှိနဲ့ ပေါ်လွင်နေပြီး
သိသာလှသည်။ ပြောရမယ်ဆိုရင်
ကိုစစ်ကြောင်းအကြိုက်ကောင်မလေးပုံစံမျိုး။
သူတို့ဝိုင်းမှာ အဲဒီအမကပြုံးရယ်လျက်
ကိုစစ်ကြောင်းနဲ့ယှဉ်တွဲကာအတူ
ထိုင်နေပြီး သူက အဲဒီအစ်မသောက်
ဖို့ အအေးပင်မှာပေးလိုက်သေးသည်။
ဆက်မကြည့်နိုင်တော့တာမို့မျက်နှာ
လွှဲလိုက်ပေမယ့် ကျနော့်ရင်ထဲ
ဆူးစူးခဲ့ပြီ။
ကျွန်တော်ကိုတော့ သူ မတွေ့
ချင်ယောင်ဆောင် နေတယ်လေ။
သူ့သူငယ်ချင်းတွေနဲ့ တစ်ဝိုင်းထိုင်
နေပြီးကျွန်တော်ရှိရာဘက်ကိုတော့
အပေါ်တက်လာထဲကသူ တစ်
ချက်လေးတောင် မကြည့်လာပါ။
သူ့သူငယ်ချင်းတွေနဲ့ မတွေ့ရတာကြာ
တော့ သောက်နေကြပြီး သူ့ကိုကြည့်
ရတာ လွတ်လပ်နေတဲ့ပုံပါပဲ။
အဲဒီအစ်မလည်း အဲ့ဒီဝိုင်းမှာ
မိန်းကလေးတယောက်ထဲပေမယ့်
သူတို့စကားဝိုင်းမှာ ပြုံးရယ်လျက်
ပေါင်းတတ်သင်းတတ်ပြီး ဆက်ဆံ
ရေးကောင်းတဲ့ပုံပင်။
ကျွန်တော်ကတော့ ထောင့်ဆုံးက
ဝိုင်းမှာအစ်မမြတ်နဲ့ နှစ်ယောက်ထဲအတူ
ထိုင်ရင်း သူ့ကို ဒီအတိုင်းတစ်ချက်
တစ်ချက် ခိုးကြည့်နေရင်းသာ
ရင်ထဲဗလောင်ဆူနေရတော့တယ်။
အစ်မမြတ်က သူတို့ဝိုင်းက
ကိုကျော်ထွန်းဆီမသွားပဲ ကျွန်တော်
နဲ့ပဲအဖော်နေပေးနေတယ်။
ကျနော့်ကိုစိတ်ပူနေတာလဲ ပါတာပေါ့။
"လာ ကလေး သူတို့ဝိုင်းမှာ သွားထိုင်
မယ်။ကိုစစ်အနားမှာ ထိုင်လို့ရအောင်
အစ်မလုပ် ပေးမယ်"
တစ်ခဏအကြာ အစ်မမြတ်က
ကျွန်တော့်လက်ကိုဆွဲပြီး သူတို့ဝိုင်း
မှာသွားထိုင်ဖို့ခေါ်နေသည်။
အစ်မက ကူညီချင်နေတာ သိပေမဲ့
ကျွန်တော် သူ့ကိုခိုးကြည့်နေရင်းသာ
ထိုင်နေရာကနေမထမိ။
"ကျ ကျွန်တော်မသွားရဲဘူး အစ်မ"
"ဘာဖြစ်လို့လဲ ဘာလို့မသွားရဲရမှာလဲ "
"သူ့သူငယ်ချင်းတွေနဲ့ မတွေ့တာ
ကြာပြီ သူ့တို့ဘာသာ နေပါစေ။
ကျွန်တော် သွားလိုက်ရင်အနှောင့်
အယှက်ဖြစ်သွားမယ် သူပြန်မှပဲ"
သူ့ကိုပဲ ကြည့်နေရင်းအားအင်မဲ့
စွာအသာပြောလိုက်တော့ အစ်မမြတ်ကလည်းသက်ပြင်းတွေချရင်း ကျွန်တော့်ကို
အဖော်လုပ်ပြီး ထိုင်ပေးနေရင်းသာ
မျက်နှာမကောင်းတော့။
ကျွန်တော်ထိုင်နေတဲ့နေရာကနေ
ကြည့်ရင်ကိုစစ်ကြောင်းကို ဘေးတစ်စောင်း
မြင်နေရတဲ့ အနေအထားပါ။
ကျွန်တော် ရှိနေတာကို သိတာတောင်
အဲ့ဒီအစ်မနဲ့စကားပြောနေရင်း
သူ့သူငယ်ချင်းတွေနဲ့ပဲ အေးအေးဆေး
ဆေးထိုင်နေတဲ့အထိ သူကျွန်တော့်
ကိုမေ့နေတာလား။ဥပက္ခာပြု
ထားတာလား။
"ဟိုမှာ ကိုစစ်ထသွားပြီ။လိုက်သွား
မြန်မြန်သွား ကလေး"
အစ်မမြတ်က ကျွန်တော့်ကို ထိုင်နေရာ
ကနေ အမြန်ထခိုင်းပြီး သူ့အနောက်
လိုက်ဖို့ပြောနေပါသည်။
ကျွန်တော်ကြည့်လိုက်တော့ ကိုစစ်
ကြောင်းနဲ့တစ်ခြားသူ့သူငယ်ချင်းတွေ အောက်ထပ်ကို ဆင်းသွားကြပြီ။ဒါပေမဲ့
သူနဲ့ပါလာတဲ့အစ်မကတော့ အအေး
သောက်နေရင်း ကျန်နေခဲ့တယ်။
ကိုကျော်ထွန်းကလည်း ထိုင်
နေမြဲဖြစ်ပြီးအပေါ်မှာပဲအဲ့အစ်မနဲ့
နေခဲ့တယ် ။ဒါမှမဟုတ် သူနဲ့ပါလာတဲ့
ကောင်မလေး အဖော်ရှိအောင်
နေခိုင်းထားတာလဲ ဖြစ်နိုင်တယ်။
အဲ့ဒီအမက အအေးဆက်သောက်
နေတုန်းဖြစ်ပြီး ကိုကျော်ထွန်းနဲ့
စကားပြောလျက် အပေါ်ထပ်မှာပဲ
ကျန်ခဲ့တယ်လေ။
။အစ်မမြတ်က သူဆင်းသွားတာ
တွေ့တာနဲ့ကျွန်တော့်လက်ကိုဆွဲလာပြီး အောက်ကိုလိုက်ဆင်းသွားဖို့ တိုက်
တွန်းနေသည်။
လှေကားထိပ်ကနေ အောက်မဆင်းခင်
ကျွန်တော်ပြန်ကြည့်လိုက်တော့
ကိုကျော်ထွန်းနဲ့စကားပြောရင်း
အအေးသောက်နေတဲ့ အဲဒီအစ်မက
ကျွန်တော့်ကိုလှမ်းကြည့်လာသည်
နှင့် အကြည့်ချင်းဆုံသွားသည်။
မမြတ်ကတော့ ကိုကျော်ထွန်းဘေးမှာ
သွားထိုင်နေပြီး ကျွန်တော့်ကိုဖိုက်တင်း
ဆိုသည့်ပုံစံနှင့်လက်ကို လုပ်ပြသည်။
အဲ့ဒီအစ်မ ကိုစစ်ကြောင်းနဲ့ ဘယ်လိုပတ်
သက်နေလည်းဆိုတာသိချင်နေပေမယ့်
အခုချိန်သူ့နောက်လိုက်ပြီး စကား
ပြောခွင့်ရဖို့က ပိုအရေးကြီးတယ်။
အမမြတ်ကလည်းကျွန်တော့်အတွက်
အဲ့ဒီအစ်မနဲ့စကားသွားပြောပြီး ထောက်လှမ်းပေးတော့
မှာလေ။
ကျွန်တော် အားတင်းလိုက်ပြီး
အပေါ်ထပ်လှေကားကနေ ကိုစစ်ကြောင်း
အနောက်ကိုလိုက်ဖို့ အောက်ကို
အမြန်ဆင်းလာခဲ့လိုက်သည်။
ဆိုင်ရဲ့လှေကားကခေါင်မိုးထပ်နဲ့
တစ်ဆက်ထဲ အပြင်မှာ
ဆောက်ထားသည်။
အောက်ကို ရောက်လာတော့
သူ့ကား နဲ့တစ်ခြားရပ်ထားတဲ့ ဆိုင်ကယ်
တွေလည်း ရှိနေပြီး ကိုစစ်ကြောင်းကိုတော့
မတွေ့။သူအထဲဝင်သွားတယ် ဖြစ်မယ်။
တံခါးဖွင့်ပြီး ရုံအထဲကိုလိုက်ဝင်ခဲ့တော့
အထဲမှာ ဘိလိယပ်ထိုးနေကြတဲ့ သူတွေ
နည်းနည်းများသည်။သူ့ကိုလိုက်ရှာ
ကြည့်တော့ တစ်ခုံမှာ သူနဲ့ ကျန်တဲ့
သူ့သူငယ်ချင်းနှစ်ယောက် ဘိလိယပ်
ထိုးနေကြတာကို တွေ့လိုက်ရတယ်။
ကျွန်တော် အလျင်မြန်ပင်ကိုစစ်ကြောင်း မြင်နေရသည့် နံရံထောင့်တစ်နေရာကခုံမှာ
ဝင်ထိုင်ရင်း စောင့်နေလိုက်သည်။
ကျွန်တော် ဝင်လာတာတာ သူ
မသိပဲ မနေပါဘူး။
ကျွန်တော်သူနဲ့စကားအရမ်းသွား
ပြောချင်နေပေမဲ့ကြောက်နေမိပြီး
မရဲဘူးဖြစ်နေတယ်။ကျွန်တော်အခု
သူ့ကိုကြောက်နေမိသည့်စိတ်က
ကျောင်းမှာသူနဲ့စတွေ့တုန်းကလိုမျိုး။
သူ့ကိုကြည့်ရတာ သူ့သူငယ်ချင်း
တွေနဲ့ စိတ်ဝင်တစားနဲ့ကို ဘိလိယက်
ထိုးနေပြီး သူချိန်လိုက်တိုင်းတစ်ချက်
ဆိုတစ်ချက် ဖြောင့်ဖြောင့်တန်းတန်းပင်။
ကျနော်သူနဲ့လိုက်သွားပြီးကျောင်း
ပြေးခဲ့တဲ့ အချိန်များကိုတောင် လွမ်း
မိသွားရသည်။ကိုစစ်ကြောင်းကတော့
အရင်ကအတိုင်းပဲ အမြဲလက်
ဖြောင့် နေတော့တာပါပဲ။
သူ့ကို ကြည့်နေရင်း သူ့အနောက်
လိုက်ခဲ့သည့် အရင်အချိန်တွေကို
သတိရမိလို့ စကားသွားပြောဖို့
မကြိုးစားတော့ပဲ ဒီအတိုင်းသာထိုင်
စောင့်နေမိတော့သည်။အရင်တုန်းက
တော့ သူပြန်လာရင် သူ့အနား
ကပ်ပြီး ဘယ်လိုတောင်းပန်ရမလည်း
ဆိုတာပဲစဉ်းစားခဲ့တာ အခုလက်တွေ့
မှာ ကိုစစ်ကြောင်းကိုပြန်မြင်ရတော့။
အခု သူ့ရဲ့ပုံစံကိုမြင်ရတာ ကျွန်တော်
သူ့ကို ကျောင်းမှာစတွေ့တုန်းကလိုပဲ။
သူ အဆင်ပြေနေတာမြင်ရတာ
ကျွန်တော်လည်းစိတ်ထဲမှာ သက်သာ
ပေမဲ့ ကျွန်တော်မရှိလည်းသူနေနိုင်
သွားပြီဆိုတာကိုတော့ ယောင်လို့တောင်
မတွေးရဲဘူး။သူ ကျွန်တော့်ကိုအခု
မတွေ့ချင်သေးလို့ ဥပက္ခာပြုထားသလို
ပဲနေနေတာမလား။ကျွန်တော် လုပ်ခဲ့မိတဲ့အမှားတွေပြောခဲ့မိတဲ့ စကားတွေ
ကြောင့်ပဲမလား။ အဲဒီအစ်မနဲ့ သူ
ဘာမှ မပတ်သက်ဘူးမလား။ ဒီအတိုင်း ခင်မင်ရင်းနှီးကြတဲ့သူတွေပဲမလား။
ရင်ထဲမှာများစွာစိုးထိတ်နေရရင်းသူ ဘိလိယက်ထိုးတာကို ထိုင်စောင့်
နေရင်း အတော်ကြာနေတဲ့အချိန်မှာ
ကိုကျော်ထွန်းက အပေါက်ဝကနေ
ရုံထဲဝင်လာပြီး ကျွန်တော့်ဘေးမှာ
လာထိုင်သည်။အစ်မမြတ် လွှတ်လိုက်
တာထင်ပါတယ်။
"မင်းဒီမှာ ဘာထိုင်လုပ်နေတာလဲ"
ကိုကျော်ထွန်းက ဘေးမှလာထိုင်ပြီး
ကျွန်တော့်ကို စကားစလာသည်။
"သူ့ကို စောင့်နေတာ"
"ဒီအတိုင်း စောင့်နေရုံနဲ့ပြီးမလား။
စစ်ကြောင်းကိုလာတွေ့တာဆိုရင်ရင်
မင်းကိုယ်တိုင်စကားသွားပြောမှပေါ့"
" အဲဒီအစ်မက ဘယ် ဘယ်သူ....
မဟုတ်ဘူးမပြောနဲ့ ကိုစစ်ကြောင်း
ကိုယ်တိုင် ပြောတာပဲကျနော် နားထောင်မယ်"
ကြားလူစကားတွေ မကြားချင်တာမို့
ကိုယ့်ကိုယ်ကိုအားပေးနေရင်း လက်
သီးကို ခပ်တင်းတင်းဆုတ်လိုက်သည်။
ကျွန်တော် ဘာမှပြန်မပြောတော့ပဲ
ကိုစစ်ကြောင်းကို ဒီအတိုင်းထိုင်ကြည့်နေ
သည်ကို ကိုကျော်ထွန်းက။
"သတ္တိတွေရှိလာပြီပဲ သူ တွဲနေတဲ့ကောင်မလေးဆိုရင် ဘယ်လိုလုပ်မလဲ စစ်ကြောင်းအသစ်ရသွားမှာ
မကြောက်ဘူးလား"
" ကျနော့်ကို အတည်ပေါက်လိုမျိုး
လာ ပြောနေလို့ကျနော်စိုးရိမ်နေ
မယ်လို့ ထင်နေတာလား ။ကိုစစ်ကြောင်းကိုယ်တိုင်ပြောတာဘဲကျနော်ယုံမယ်"
ကိုကျော်ထွန်းကို မျက်နှာမပျက်ဘဲ
ပြန်ပြောလိုက်ပေမယ့် ရင်ထဲမှာဘယ်လောက်တောင်စိုးထိတ်နေမှန်း
ကိုယ်ကိုတိုင်ပဲသိသည်။
ဒါပင်မဲ့လည်း ဒီအချိန်မှာ ဖုံးကွယ်
ထားနိုင်ဖို့ကြိုးစားရမည်။
" အဲ့တာဆိုလည်း စစ်ကြောင်း
ကိုယ်တိုင်ပြောတာ ကြားရအောင်
သူ့ကိုသွားမေးလေ"
"ကျွန်တော် သူဘိလိယက်ထိုးနေတာကို
စောင့်ပေးနေတယ်လို့ပြောနေတယ်
မလား။ရတယ် ကျွန်တော်စောင့်နိုင်
တယ် သူပြန်မှကျွန်တော်လည်းပြန်မယ်။
စကားသွားပြောဖို့က သူဘိလိယပ်ထိုး
နေတာကိုအနှောက်အယှက်မဖြစ်
စေချင်လို့ ကျွန်တော်သူ့ကိုစောင့်နေ
တာ သူသိရင်ရပြီ"
သူ့ကိုပဲ ကြည့်နေရင်း ပြောလိုက်တော့
ကိုကျော်ထွန်းကဘေးမှာထိုင်နေရာကနေ
ကျွန်တော့်ဘက် လှည့်လာသည်။
"ကြည့်စမ်း ဒါငါတို့မင်းသား မဖြစ်နိုင်
ဘူး လူအစားထိုးခံရတာများလား"
အတည်ပေါက်နဲ့ ပြောနေသည့်ကို
ကျော်ထွန်းကိုဘာမှပြန်မပြောတော့ပဲ
ဆက်ထိုင်နေတုန်း ကိုကျော်ထွန်းက
သက်ပြင်းတွေချပြီး
ကျွန်တော် ပြန်ကြည့်လိုက်တော့
ကိုကျော်ထွန်းကလည်း ကျွန်တော့်ကို
အားမရသလို ကြည့်နေလျက်။
" ငါတို့ကောင်တော့ ပြန်အလိုက်ခံ
နေရပြီပဲ။ မင်းကိုစကြိုက်ထဲကနေ
ပြတ်သွားတယ့်ချိန်ထိ တစ်ဖတ်သတ်
လိုပဲဖြစ်ခဲ့ရတဲ့ စစ်ကြောင်းအတွက်
ဝမ်းသာပါတယ်။ဒါပေမယ့်မင်းသိ
ထားဖို့က အခုအချိန်မှ ပြန်ဂရုစိုက်
ပြပြီး ပြန်ချစ်ပြဖို့အတွက်က မင်း
နောက်ကျသွားပြီလားဆိုတာ "
"ကိုကျော်ထွန်း"
ဟန်ပါပါပြုံးလိုက်သည် ကိုကျော်ထွန်း
ရဲ့အပြုံးတွေနောက် မျက်နှာပျက်
သွားသည်ကို ဘယ်လိုမှမထိန်းထားနိုင်တော့။
ရုတ်တရက် ပြန်ပြောမည့်စကားတွေ
လည်းရှာမရ ဖြစ်သွားရသည်။
ကိုကျော်ထွန်းကို ဘာမှမပြော
နိုင်တော့ပဲ အားအင်မဲ့စွာနဲ့ကြောက်ရွှံ့
စိတ်တွေနဲ့ကျွန်တော် ထိုင်နေမိတုန်း။
"စစ်ကြောင်း ဒီမှာ မင်းအနောက်
တစ်ကောက်ကောက် လိုက်နေတဲ့
ကောင်လေးက မင်းကို စကားပြော
ချင်လို့တဲ့"
"မဟုတ်ဘူး ကိုကျော်ထွန်း ခင်ဗျား"
ကိုကျော်ထွန်း အော်လိုက်တဲ့အသံက
ဘယ်လောက်တောင် ကျယ်လည်း
ဆိုတာ တစ်ရုံလုံးကိုဟိန်းလို့ ကိုစစ်ကြောင်း
ကပါကျွန်တော်ကို လှည့်ကြည့်လာသည်။
သူနဲ့ အဝေးကနေအကြည့်ချင်း
ဆုံချိန် ဒီအတိုင်းပဲ ထိုင်နေရမလို
ထရမလိုနဲ့ ကျွန်တော် စိတ်တွေ
မတည်မငြိမ်ဖြစ်ပြီး ဘာလုပ်ရမည်
မသိတော့ပါ။
တစ်ခြားသူတွေပါ ကိုစစ်ကြောင်းနဲ့
ကျွန်တော့်ကိုကြည့်လာကြပြီး ပြုံးစိစိ။
ကိုကျော်ထွန်း
အော်လိုက်တဲ့ပုံစံက မသိရင်ကျွန်တော်
က ကိုစစ်ကြောင်းကိုလိုက်ကပ်နေတဲ့
ကောင်လေးလို။ကျွန်တော်မရှက်နိုင်တော့ပါ။
ကိုစစ်ကြောင်းက မျက်နှာတည်နေလျက်
သူ့သူငယ်ချင်းတွေနဲ့ဘိလိယက်ထိုး
နေရာကနေ ရုံအပြင်ကိုထွက်သွား
လေပြီ။ကျွန်တော့်ကိုစကားပြောခွင့်
ပေးတယ် ဆိုတဲ့သဘောလား။
"ဘာလုပ်နေတာလဲ မြန်မြန် လိုက်သွားလေ"
ကိုကျော်ထွန်းကို ကျေးဇူးတင် စကား
တောင်မပြောခဲ့ရပါ။ကိုစစ်ကြောင်း
အနောက်အမြန်ပြေးပြီးလိုက်ရတာ
အပြင်ရောက်တော့သူက သူ့ကားရပ်
ထားတဲ့ဆီကိုသွားနေတာတွေ့လိုက်ရ
သည်။
အပြင်မှာနေရောင်တောင်မရှိတော့ပဲ ပတ်ဝန်းကျင်တစ်ခွင် ညနေစောင်း
အချိန်ကို ကျော်လွန်
နေပြီ။
သူပြန်တော့မလို့လား။
သူနဲ့စကားမပြောလိုက်ရမှာ စိုးရိမ်နေတဲ့
စိတ်နဲ့ အလျင်အမြန်ပင်အနောက်
ကနေပြေးလိုက်ပြီး ကားတံခါးရှေ့မှာ
ပိတ်ရပ်လိုက်ရသည်။အနောက်ကနေ
အမြန်ပြေးလိုက်ခဲ့ရတာ သူ့ကိုတား
လိုက်နိုင်ချိန် ကျွန်တော့်ရင်တွေလဲ
မောဟိုက်ပြီး အဆမတန် အခုန်မြန်လို့။
သူလည်း ကျွန်တော်သူ့ရှေ့မှာပိတ်ရပ်
လိုက်တာနဲ့ ခြေလှမ်းတွေရပ်သွားပါ
သည်။ဒါပေမဲ့ ချက်ချင်းပင်မျက်နှာ
လွှဲပြီးကျွန်တော့်ကို မကြည့်လာပါ။
အခု ကျွန်တော့်ရှေ့မှာ သူရပ်နေ
တယ်။ဘယ်လောက်မှာမကွာတဲ့
အနေအထားမှာ။အရင်တုန်းကလိုပဲ
မပြောင်းမလဲ ကိုစစ်ကြောင်းကိုကျွန်တော်
မော့ကြည့် နေရမြဲပါ။
ကျွန်တော် သူ့ကို
ဘယ်လောက်တောင် လွမ်းနေခဲ့ရလဲ။
"ပြန်တော့ မလို့လား"
တိတ်ဆိတ်လွန်းနေတဲ့ အခြေအနေမှာ
ကျွန်တော့်ဘက်ကပင် နှစ်ကိုယ်ထဲကြား
ရုံစကားစပြီးပြောလိုက်သည်။
သူ့ကို ကျွန်တော်အကြည့်မလွှဲစတမ်း
မော့ ကြည့်နေပေမဲ့ သူကတော့မျက်နှာ
လွှဲနေလျက်သာ ကျွန်တော့်ကိုဘာမှ
ပြန်မဖြေပါ။
ခင်ဗျား ကျွန်တော်နဲ့စကားတောင်
မပြောချင်တော့ဘူးလား။
"ကျ ကျွန်တော်လည်းလိုက်မယ်။
ဆိုင်ကယ်မပါလာလို့ ကျွန်တော့်ကို
အိမ်ပြန် ပို့ပေးပါလား"
ဘာမှပြန်မဖြေသလို ကျွန်တော့်မျက်နှာ
ကိုလုံးဝ မကြည့်။
"ကျွန်တော်လည်း လိုက်မယ်လို့"
သူ့အနားကို တိုးကပ်ပြီး ပြောလိုက်မှ
ပင်မျက်နှာလွှဲထားရာကနေ ကျွန်တော့်
ဘက်လှည့်လာသည်။
ဒါပေမဲ့ ငုံ့မိုးထားလျက်သာ ကျွန်တော့်
မျက်နှာကိုမကြည့်ပဲ ကျွန်တော့်ဆံပင်တွေ
ကိုသာ စူးစိုက်ကြည့်နေသည်။
"မင်းလာတတ်တယ်မလား။လာတတ်
ရင်ပြန်တတ် ရမယ်"
သူ့အသံက ဘာခံစားချက်မှမရှိသလို
အေးစက်လွန်းစွာနဲ့ပင်။
ကျွန်တော် မျက်နှာမပျက်သွားအောင်
မနဲထိန်းလိုက်ရပြီး အားတင်းကာ
သူ့အနားကိုပို၍ကပ်လိုက်သည်။သူ
ကျွန်တော့်ကိုလွယ်လွယ်နဲ့ ပြန်မလက်ခံ
နိုင်လောက်ဘူးဆိုတာ သိပါတယ်။
ဒီလောက်နဲ့ ကျွန်တော် အားမလျှော့ပါ။
အနားကိုပို၍ကပ်ကာ သူ့လက်
တစ်ဖက်ကို မရဲတရဲနှင့်ဆွဲယူဖို့ပဲလုပ်
ရသေးပေမဲ့ သူက ချက်ချင်းပင်
ရှောင်ဖယ်သွားသည်။အပြင်ကအကျီ
လက်ရှည်ထပ်ဝတ်ထားတော့ ကျွန်
တော်မြင်ချင်သည်ကို မြင်ခွင့်မရခဲ့။
သူ့ဘယ်ဘက်လက်မှာ ကျွန်တော့်
အတွက်အမှတ်အသားလေး ရှိနေသေး
တယ်မလား။
"အဲ့တာဆိုကျွန်တော့်ကို စကားပြောဖို့
အချိန်ခဏလောက်ပေး ခဏလေးပဲ"
"ဘာပြောမှာလဲ မြန်မြန်ပြော။ငါ့မှာ
အချိန် မရှိဘူး"
ငါတဲ့လား။သူက ကျွန်တော့်ကိုအခု
မင်းနဲ့ငါ ဆိုပြီး သူစိမ်းဆန်ဆန်သုံးနှုန်း
နေတာလား။
ကျနော်အသံတိတ်သွားရသော်လည်း
ကျနော်ကိုမကြည့်ဘဲနဲ့ သူ့ဖုန်းကို
ထုတ်ကာ အပေါ်မှာကျန်ခဲ့တဲ့
အစ်မကြီးကိုဖုန်းဆက်ကာ ပြန်
တော့မလို့အောက်ဆင်းလာဖို့
လှမ်းခေါ်နေလေသည်။
သူ့မျက်နှာကို မျှော်လင့်တကြီးကြည့်
နေတဲ့ ကျွန်တော့်ဆီမှာ ရှေ့ဆက်တိုးဖို့
အားအင်တွေ ရုတ်တရက် မရှိတော့
သလိုပင်။
မျက်နှာပျက် သွားသည်ကိုလည်း
မထိန်းနိုင်တော့ပါ။သူ့ကို တောင်းပန်စကားပြောမည့် နေ့နေ့ညညစာစီ
ထားသည့်စကားတွေကလည်း
ချက်ချင်းပင် ပျောက်ကွယ်
သွားရသည်။
"ကျ ကျွန်တော်"
သူ့ မျက်နှာကိုသာကြည့်ရင်း ဆက်
ပြောမည့်စကားတွေ ထွက်ကျလာဖို့
မနည်းကြိုးစားနေပေမဲ့ မလွယ်ကူ။
" အဲဒီအစ်မကဘယ်သူလဲ ဘာဖြစ်
လို့ ခင်များနဲ့အတူတူလာတာလဲ"
သူကကျနော့်ကို မျက်နှာတည်နဲ့ ပြန်
ကြည့်လာသည်။
" အဲ့တာမင်းနဲ့ ဘာဆိုင်လဲ မင်းသိစရာ
မလိုဘူး"
မျက်နှာမပျက်သွားအောင် ထိန်းထား
တယ်။အခုချိန် ကျနော်ထိန်းထားမှ
ရမယ်။
" ကျနော့်ကိုပြောပါ ခင်များနဲ့ဘယ်လိုပတ်သက်တာလဲ။ ခင်များကမိတ်ဆွေ
တွေများတော့ ဒီအတိုင်းရင်းနှီးကြတဲ့
ဆက်ဆံရေးပဲမလား"
"ငါ့ဘာသာဘယ်သူနဲ့ဘယ်လို
ပတ်သက် မင်းနဲ့မဆိုင်ဘူး"
" ကျနော်မေးတာကို ကျေးဇူးပြုပြီး
ဖြေပေးပါ တစ်ခြားသူတွေကိုမေး
လို့ရပေမယ့် ခင်ဗျားကိုယ်တိုင်ပြော
တာပဲကျွန်တော်ကြားချင်တယ်"
"ငါပြောတာကိုပဲ မင်းကကြားချင်တယ်"
သူ့မျက်နှာက တည်တင်းသွားသည်။
" ငါ့စကားကို မင်းကယုံမှာတဲ့လား"
" ယုံတယ် ခင်ဗျားကိုယ်တိုင်ပြောတာပဲ
ကျနော်ကြားချင်တာမို့လို့"
သူ့မျက်နှာကအပြုံးတစ်ခု။
လှောင်ပြုံးလို့သတ်မှတ်လို့မရတဲ့
နာကျင်ခြင်းတွေပါနေသည့်အပြုံး။
သူ့ရင်ထဲက နာကျင်ခြင်းတွေကို
ကျနော်ပါထပ်တူ ခံစားလိုက်ရပြီး
အခုချိန် ကိုယ့်ကိုကိုယ်လွန်စွာမုန်းတီး
နေမိသည့်စိတ်က။
သူ့ကိုထပ်ပြီး အတိတ်ကဒဏ်ရာတွေကို
ပြန်သတိရအောင်လုပ်ပြီး
ခံစားရအောင် လုပ်လိုက်မိပြန်ပြီလား။
" မင်းနဲ့ဘာမှမဆိုင်တာမို့လို့ ထင်ချင်
သလိုထင်"
ကျနော်စကားဆက်ပြောဖို့ သူအရှေ့
ခြေတလှမ်းတိုးလိုက်စဉ်မှာပဲ ကျနော်တို့အနားကိုရောက်လာသည့်ကိုစစ်ကြောင်းနဲ့အတူပါလာသည့်အစ်မကြီး။
"ဟိုင်း ဘယ်သူလေးလဲ။စစ်ကြောင်းရဲ့
အသိလား"
အဲ့ဒီအစ်မက ကျနော်ကိုပြုံးရယ်ပြပြီး
နှုတ်ဆက်ပေမယ့်ကိုစစ်ကြောင်းကို ကြည့်နေရင်းသာ ကျွန်တော်ဘာမှပြန်မပြောလိုက်။
"နင့်အသိညီလေးလား ငါနဲ့မိတ်ဆက်
ပေးအုံးလေ စစ်ကြောင်း"
"ပြန်မယ် ကားပေါ်တက်"
ကျနော့်ကိုမျက်နှာလွှဲပြီး သူက
အဲဒီအစ်မကိုပြောလိုက်သည်။
ကျနော်နဲ့ကိုစစ်ကြောင်းကို တချက်
ပြန်ကြည့်ပြီး ဘာမှမပြောတော့ပဲနဲ့
အဲဒီအစ်မက သူ့စကားနားထောင်စွာ
ကားထဲကိုဝင်သွားသည်။
သူကားမောင်းရင် သူ့ဘေးက
ကျနော်ထိုင်တဲ့နေရာ။ အဲဒါကျွန်တော့်နေ
ရာ။
"ကျွန်တော် ဘွဲ့ယူတဲ့နေ့က လာသွား
တယ်မလား"
သူ့ဘက်ကကားတံခါးကိုဖွင့်ဖို့လုပ်
နေပြီဖြစ်သည့်သူကို အလျင်အမြန်ပင်
အနောက်ကနေပြောတော့
သူကကျွန်တော့်ကို ပြန်လှည့်ကြည့်
လာပြီး စိတ်မရှည်တော့သလိုမျိုး။
"လမ်းကြုံလို့"
အေးစက်နေတဲ့ သူ့အသံနောက်မှာ
ကျွန်တော် ဆက်လက်ပြီး သူ့အရှေ့
မတိုးရဲတော့ပါ။ရင်ဘတ်ထဲမှာ
မွန်းကြပ်ပြီးနေရခက်
လာသည်နှင့်အတူ ဆက်ပြောမည့်စကား
တွေကို ခဏရပ်လိုက်ရသည်။
ခင်ဗျား ညာနေတာ ကျွန်တော်သိတယ်။
ကျွန်တော့်ကို သူစိမ်းဆန်ဆန်တွေ
ပြောနေပြီး ညာနေတာ။ကျွန်တော်
ခံစားရအောင် သူတမင်ပြော
နေတယ်ဆိုရင်တောင် သူကကျွန်တော်
မဟုတ်တဲ့တစ်ခြားသူတစ်ယောက်ကို
ကျွန်တော့်ရှေ့မှာသူ့ကားပေါ်တင်ပြပြီးဒီလောက်လေးပြောလိုက်ရုံနဲ့တင်
ကျွန်တော့်ရင်ထဲမှာ။
"ကျ ကျွန်တော် တောင်းပန်"
ပြောင်းလဲခြင်းမရှိတဲ့ သူ့မျက်နှာကို
ကြည့်ပြီး ဆက်ပြောမည့်စကားတွေက
ရပ်တန့်သွားရသည်။
"ပြောစရာမရှိတော့ရင် သွားပြီ"
သူစိမ်းတွေလိုပင် နှုတ်ဆက်လျက်
အေးစက်လွန်းသည့် အပြုအမူတွေနဲ့
ကျွန်တော့်ကို ကျောခိုင်းလိုက်သည်။
တွေ။ကျနော် ခွန်အားတွေမဲ့စွာနဲ့ပဲ ။
သူကျွန်တော့်ကို တစ်ကယ်ပဲ မပတ်သက်
ချင်တော့ဘူးလား။
သူပြန်ရောက်နေထဲက ဒီနေ့မှ
ခက်ခက်ခဲခဲ တွေ့ရပြီး စကားပြောခွင့်
ရတာ ဒီအတိုင်းပဲနှုတ်ဆက်ရမှာလား။
သူ့မျက်နှာကိုတောင် ကျွန်တော်အလွမ်း
ပြေအောင် မကြည့်ရသေးဘူး။
ကျွန်တော့်ကို ကျောခိုင်းထားတဲ့သူ့ရဲ့
ကျောပြင်ကို ငေးကြည့်ရင်းအလွမ်းတွေ
များစွာနဲ့။
"ကိုကို"
နှစ်ကိုယ်ထဲကြားရုံ ကျွန်တော့်ရဲ့ခေါ်သံ
နောက်ကားတံခါးကို ဖွင့်နေသည့်
သူ့ရဲ့လက်တွေ ရပ်တန့်သွားသည်။
ဒါပေမဲ့ ခဏပါပဲ။အထဲဝင်ပြီးတာနဲ့
ချက်ချင်းပင် ကားတံခါးကိုပြန်ပိတ်ပြီး
အရှိန်ပြင်းပြင်း ကားကို မောင်းထွက်
သွားသည်။သူ့ကား မောင်းထွက်
သွားရာ လမ်းမကိုသာ ရပ်ကြည့်နေ
မိပြီးကျန်ခဲ့တဲ့နေရာမှာပဲ ကျွန်တော်
မလှုပ်မယှက်နှင့်သာ ဘယ်လောက်ကြာ
ကြာရပ်နေမိမှန်းမသိတော့ ပါ။
ကျွန်တော့်ရဲ့အပြစ်တွေအတွက် ခင်ဗျား
ခွင့်လွှတ်နိုင်မဲ့ အချိန်ထိကြိုးစားရမယ်
လို့ စိတ်တင်းထားပေမယ့်သူက
ကျွန်တော့်ကိုဒီလောက်လေးဥပက္ခာ
ပြုထားရုံနဲ့တင်ကျွန်တော် ခံစားရခက်
နေရပြီ။
ပြီးတော့ ကျနော်မဟုတ်တဲ့ တခြားကောင်မလေးတစ်ယောက်ကို ပေါ်တင်
တွဲသွားတွဲလာလုပ်နေပြီး ဂရုစိုက်
ပေးနေတဲ့သူ။ အဲ့ဒီအစ်မနဲ့သူက
ဘယ်လိုပတ်သက်ကြတာလဲ။
"အခြေအနေဘယ်လိုလဲ ကလေး"
သူ့ကားထွက်သွားတာနဲ့အစ်မမြတ်က
အပေါ်ကနေဆင်းလာပြီး ကျွန်တော့်
ဘေးနားကိုစိုးရိမ်တစ်ကြီး ရောက်လာ
ပါသည်။
"သူ ကျွန်တော့်ကို မုန်းသွားပြီ။
စိတ်နာသွားပြီ ထင်တယ်"
"မဟုတ်တာတွေ"
"ကျွန်တော့် မျက်နှာကိုလည်း လုံးဝ
မကြည့်ဘူး"
သူထွက်သွားရာ လမ်းမဘက်ကိုကြည့်
နေရင်းသာ အစ်မမြတ်ကို ပြောပြပြီး
ကျွန်တော့်မှာဆက်လက်ရပ်နေဖို့
အားအင်တွေ မရှိနေပါ။
ကျွန်တော့်ကို ဒေါသထွက်နေမယ်
အပြစ်တင်နေမယ် ဆိုရင်တောင် သူ
ခွင့်မလွှတ်မချင်း သူ့အနောက်ကို
လိုက်ပြီး တောင်းပန်စကားပြောဖို့
အားအင်တွေရှိအုံးမယ်။အခုက ကျွန်
တော့်အပေါ် ဘာခံစားချက်မှမရှိတော့
တဲ့ပုံနဲ့။သူတစ်ကယ်ပဲကျွန်တော့်
မျက်နှာကိုမမြင်ချင်တော့ဘူး ကျွန်တော်နဲ့
လုံးဝကို မပတ်သက်ချင်တော့ဘူးလား။
အသစ်တွေ့နေပြီလား။
"သူစကားမပြောချင်လဲ ကိုယ့်ဘက်က
သေချာတောင်းပန်ရမယ်လေ။သူမခေါ်
လည်း အတင်းလိုက်ရမှာပေါ့။ကိုစစ်က
ကလေးကိုပစ်ပစ်ခါခါတော့ မလုပ်ပါဘူး"
"သူကျွန်တော့်ကို မချစ်တော့ဘူးထင်တယ်"
"မဖြစ်နိုင်ပါဘူး။ကိုစစ်က ကလေးကို
ဒီလောက်ချစ်ခဲ့တာ အစ်မတို့အားလုံး
အသိပဲ သူကလေးကို မမေ့နိုင်ပါဘူး"
"အဲ့ဒီအစ်မ သူနဲ့ပါလာတဲ့ အစ်မက
ဘယ်သူလဲ။ သူနဲ့ဘယ်လိုပတ်သက်
ကြတဲ့ဆက်ဆံရေးမျိုးလဲ ဘယ်အချိန်
ထဲကလဲသိတာလဲ မမြတ်သိပြီလား"
"ဖြေးဖြေးမေးပါ ကလေးရယ်။ အဲဒီတယောက်က ကိုစစ်နဲ့ အသက်အတူတူပဲ။
ဟိုမှာမြန်မာအချင်းချင်းဆိုတော့
ကျောင်းတက်နေရင်း ခင်ခဲ့ကြတဲ့classmateတွေတဲ့။ကိုစစ်နဲ့
အတူတူပဲပြန်လာတာ ဒါပေမယ့်သူက
မန်းလေးသူမဟုတ်ဘူး ရန်ကုန်သူ
အဲဒါကြောင့် မန်းလေးကို
လာလည်တုန်းကိုစစ်က သူသွား
သမျှခေါ်သွားပြီး လိုက်ပို့ပေးနေတာ။
ဟိုမှာခင်နေကြတာကြာပြီဆိုတော့
တော်တော်လေးတော့ ရင်းနှီးကြတဲ့ပုံပဲ
နာမည်က ခြူးသက်ပန်တဲ့"
" အဲဒါဆိုဒီအတိုင်း ရင်းနှီးကြတဲ့ သူငယ်ချင်းတွေပဲလား ကိုစစ်ကြောင်း
နဲ့ဘာမှမပတ်သတ်ဘူးမလား ဟုတ်
တယ်မလားအစ်မ"
အလောတကြီး မေးလိုက်သည့်ကျနော့်စကားကို အမမြတ်က။
"အဲ့ အဲ့တာတော့ အမလည်းသေချာမသိ"
အစ်မမြတ်က မျက်နှာမကောင်းတော့ပါ။
" အစ်မမေးတာကို ဖော်ဖော်ရွေရွေနဲ့
အကုန်ဖြေပေးပေမယ့် ကိုစစ်နဲ့ ဘယ်လိုပတ်သက်လည်းမေးတော့ အဲဒါတော့
သိချင်ရင် စစ်ကြောင်းကိုပဲကိုယ်တိုင်
သွားမေးပါတဲ့"
အစ်မမြတ်ကို ဘာမှပြန်မပြောနိုင်
တော့ပါ။
အားအင်တွေမဲ့စွာနဲ့ သူ ထားခဲ့တဲ့
နေရာမှာပဲ ငုတ်တုတ်ထိုင်ချပြီး ဒူးနှစ်ဖက်
ကိုပိုက်ပြီး ခေါင်းငုံ့ကာနှစ်တွေနဲ့ကြာ
ထိန်းထားခဲ့သမျှ အသံတိတ်ငိုနေမိ
တော့သည်။သူများဆိုင်ရှေ့ လမ်းမဘေး
မှာဆိုတာကိုလည်း ဂရုမစိုက်နိုင်တော့ပါ။
အစ်မမြတ်က ကျွန်တော့်ဘေးမှာ
ထိုင်ချပြီး အလိုက်သတိနဲ့ပင်
ဘာမှမပြောတော့ပဲ ခေါင်းကိုပွတ်သပ်
ပေးကာအဖော်လုပ်ပေးပြီး နှစ်သိမ့်နေပါသည်။
ကျွန်တော် မရှက်နိုင်တော့ပါ။
ဘယ်သူ့ဆီက သနားတာကိုမှမလို
ချင်ဘူး။ဘယ်သူ့ဆီက နှစ်သိမ့်ပေးတာ
ကိုမှမလိုချင်ဘူး။ကျွန်တော် အရမ်းပင်ပန်း
ခဲ့တယ်။သူကြောင့်ပဲ အခုချိန်ထိ
အားတင်းနိုင်ခဲ့တာ။သူပြန်လာရင်
ပွေ့ဖက်ထား ပေးမှာကိုလိုချင်ခဲ့တာ။
တစ်စုံတစ်ယောက်ဆီက ထားသွားခြင်း
ခံရတဲ့ ခံစားချက်က ဒီလိုမျိုးလား။
ကိုယ့်နေရာကို သူများရသွားမှာ စိုးရိမ်
နေတဲ့ ခံစားချက်က ဒီလိုမျိုးလား။
ခင်ဗျား ကျွန်တော့်ကို ဒီလောက်လေး
ဥပက္ခာပြုထားတာတောင် ကျွန်တော်
ဒီလိုမျိုးခံစားနေရရင် ကျွန်တော်လမ်းခွဲခဲ့
တုန်းက ခင်ဗျားဘယ်လိုဖြစ်နေခဲ့မလဲ။
ဝဋ်လည်တယ်ဆိုရင်လည်း ကျွန်တော်
ကျေကျေနပ်နပ်ကြီးခံယူပါ့မယ်။
ကျေးဇူးပြုပြီး ကျွန်တော့်ကိုမမုန်းလိုက်
ပါနဲ့။ကျွန်တော် ခင်ဗျားမုန်းတဲ့သူ
မဖြစ်ချင်ဘူး။
အဲဒီအစ်မက ခင်များနဲ့ဘယ်လိုပဲ
ပတ်သက်နေပါစေ ကျွန်တော်ဂရု
မစိုက်ဘူး။ခင်ဗျားကို ကျွန်တော်ရ
အောင်ပြန်လိုက်မှာမို့လို့ ခင်ဗျားဘေး
ကကျွန်တော့်နေရာကိုကျွန်တော်ရ
အောင် ပြန်ယူမှာမို့လို့ကိုစစ်ကြောင်း
ခင်ဗျား စောင့်နေပါ။
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
"ဒီအရောင် အစ်မ"
အမည်းနဲ့ ဘာမှမကွာဘူး"
"ဟုတ် ရတယ် အစ်မ"
ပိုပေါ်သွားတာပေါ့"
"ဟုတ်ပါပြီ ကွယ်"
မဟုတ်ဘူး
မောင်လေး။နေပူထဲမှာပဲ နည်းနည်း
သိသာလိမ့်မယ်"
______________________________
ကိုကိုကအလုပ်သွားဖို့ အခုထိမထွက်
လာသေးဘူး။ကျွန်တော်ကတော့
ကိုကိုနဲ့ တွေ့ရဖို့ စိတ်ရှည်ရှည်နဲ့
လာစောင့်နေမြဲပါ။
ကိုကို သူ့မိဘတွေအိမ်မှာပဲပြန်ရောက်
ထဲက နေနေတယ်လေ။သူ့အိမ်မှာ
ပါရဲ့လား။
ထွက်လာသည်။ကိုကို မောင်းတဲ့ကား
ပင်။
ကိုကိုက ခြံတံခါးအပြင်ကိုရောက်တာ
"ကိုကို"
ကိုကို ကျွန်တော့်ကိုမတွေ့တာလား
ဖြစ်မှာပါလေ။ကိုကိုကအခု ကိုကို့ဖေဖေ
မနှောင့်ယှက်ခဲ့ပါ။
ကိုကိုအလုပ်သွားရင် ကားပြောင်းစီး
သွားတယ်။ကိုကိုက BMWစီးနေပေ
ဒီအတိုင်းဆို ကိုကို့ကို ဖေဖေနဲ့မေမေ
ကျနေပြီ။ဒီနေ့လည်း ကိုကိုနဲ့စကားမ
ရပ်ကြည့်နေလေသည်။အရင်ကဆို
ထွက်လာခဲ့လိုက်သည်။ကိုကိုပြန်ရောက်
_______________________________
ကြည့်ဖြစ်နေရသည်။ဒီနေ့ ကအလုပ်
ပိတ်ရက်လေ။ကိုကို ဒီနေ့ ဒီဆိုင်ကို
ကိုကိုမရောက်လာခင် အစ်မမြတ်တို့
စောင့်နေတာ။ဆိုင်က အောက်မှာ
barတွဲဖွင့်ထားတယ်။ကိုကို့သူငယ်ချင်း
စကားပြောနေကြသည်။ညနေစောင်း
တော့မယ်။ကိုကိုက အခုထိမရောက်လာ
သေး။
လာရပ်သည်။
ကြည့်နေသည်။
ပေါ့သွားသလိုရှိသည်။မမြတ်က
ယောက်လိုပါပဲ။
လာတွေ့ခဲ့တယ်။ကျွန်တော်ကပဲ
လက်မခံခဲ့တာ။
ပြောနေပါသည်။
တော့မတွေ့သေးပေမဲ့ ကိုကိုရောက်
သာတော်သေးတယ်။
ကနေကွေ့ဝင်လာတဲ့ ကိုကို့ပြိုင်ကားက
ကိုကိုကားပေါ်ကဆင်းလာတာနဲ့ သူ့
ကိုကို့ကို ကြည့်ရတာ ပျော်နေတယ်
ထင်ပါတယ်။
ထပ်ပွင့်လာပြီးကိုကို့ ကားပေါ်ကနေ
စွာနဲ့ဖြစ်သွားရသည်။ဘယ်သူလဲ။
ဘာဖြစ်လို့ကိုကို့ကားထဲကနေ ထွက်
လာရတာလဲ။
ကြည့်။
ကို ကိုကိုက သူ့သူငယ်ချင်းတွေနဲ့
ဘေးကအစ်မကြီးကလည်း ကိုကို့
ဘယ်သူလဲ အဲဒီအစ်မက။
ဆိုင်ရှေ့မှာ ကိုကို
နေလည်းမသိပါ။ကျွန်တော်ကြည့်နေ
ရင်းပင် ခဏအကြာကိုကို ကျွန်တော်
ပြီးပုန်းလိုက်မိသည်။
မဟုတ်ဘူးနော်။ သူပြန်လာတာမှ
ပဲသိသည်။
-----------
အပေါ်တက်လာပါသည်။ ကိုစစ်ကြောင်း
သိသာလှသည်။ ပြောရမယ်ဆိုရင်
ကိုကို့အကြိုက်ကောင်မလေးပုံစံမျိုး။
ထိုင်နေပြီး ကိုကိုက အဲဒီအစ်မသောက်
ဆူးစူးခဲ့ပြီ။
အပေါ်တက်လာထဲကကိုကို တစ်
တော့ သောက်နေကြပြီး ကိုကို့ကိုကြည့်
ကိုကိုတို့စကားဝိုင်းမှာ ပြုံးရယ်လျက်
ရေးကောင်းတဲ့ပုံပင်။
ထိုင်ရင်း ကိုကို့ကို ဒီအတိုင်းတစ်ချက်
အစ်မလုပ် ပေးမယ်"
တစ်ခဏအကြာ အစ်မမြတ်က
ထိုင်နေရာကနေမထမိ။
ကိုကို့ကိုပဲ ကြည့်နေရင်းအားအင်မဲ့
မျက်နှာမကောင်းတော့။
ကြည့်ရင် ကိုကို့ကို ဘေးတစ်စောင်း
မြင်နေရတဲ့ အနေအထားပါ။
ဆေးထိုင်နေတဲ့အထိ ကိုကိုကျွန်တော့်
ကိုမေ့နေတာလား။ဥပက္ခာပြု
ထားတာလား။
မြန်မြန်သွား ကလေး"
ကနေ အမြန်ထခိုင်းပြီး ကိုကို့အနောက်
ကျွန်တော်ကြည့်လိုက်တော့ ကိုကိုနဲ့
ထပ်ကို ဆင်းသွားကြပြီ။ဒါပေမဲ့
ကျန်ခဲ့တယ်လေ။
။အစ်မမြတ်ကကိုကို ဆင်းသွားတာ
တွန်းနေသည်။
အဲ့ဒီအစ်မ ကိုကိုနဲ့ ဘယ်လိုပတ်
အခုချိန်ကိုကို့နောက်လိုက်ပြီး စကား
မှာလေ။
အပေါ်ထပ်လှေကားကနေ ကိုကို့
တစ်ဆက်ထဲ အပြင်မှာ
ဆောက်ထားသည်လေ။
အောက်ကို ရောက်လာတော့
တွေလည်း ရှိနေပြီးကိုကို့ကိုတော့
နည်းနည်းများသည်။ကိုကို့ကိုလိုက်ရှာ
ကြည့်တော့ တစ်ခုံမှာ ကိုကိုနဲ့ ကျန်တဲ့
ကျွန်တော် အလျင်မြန်ပင် ကိုကို့ကိုမြင်
ကျွန်တော် ဝင်လာတာတာ ကိုကို
မသိပဲ မနေပါဘူး။
မရဲဘူးဖြစ်နေတယ်။ကျွန်တော်အခု
ကိုကို့ကိုကြည့်ရတာ သူ့သူငယ်ချင်း
ထိုးနေပြီး ကိုကိုချိန်လိုက်တိုင်းတစ်ချက်
မိသွားရသည်။ကိုစစ်ကြောင်းကတော့
ဖြောင့် နေတော့တာပါပဲ။
ကိုကို့ကို ကြည့်နေရင်း ကိုကို့အနောက်
စောင့်နေမိတော့သည်။အရင်တုန်းက
တော့ ကိုကိုပြန်လာရင် ကိုကို့အနား
မှာ ကိုကို့ကိုပြန်မြင်ရတော့။
အခု ကိုကို့ရဲ့ပုံစံကိုမြင်ရတာ ကျွန်တော်
ကိုကို အဆင်ပြေနေတာမြင်ရတာ
ပေမဲ့ ကျွန်တော်မရှိလည်းကိုကိုနေနိုင်
မတွေးရဲဘူး။ကိုကို ကျွန်တော့်ကိုအခု
ကြောင့်ပဲမလား။ အဲဒီအစ်မနဲ့ ကိုကို
လာထိုင်သည်။အစ်မမြတ် လွှတ်လိုက်
တာထင်ပါတယ်။
"သူ့ကို စောင့်နေတာ"
" အဲဒီအစ်မက ဘယ် ဘယ်သူ....
ကိုကို့ကို ဒီအတိုင်းထိုင်ကြည့်နေ
မကြောက်ဘူးလား"
သူ့ကိုသွားမေးလေ"
တာ သူသိရင်ရပြီ"
ကိုကို့ပဲ ကြည့်နေရင်း ပြောလိုက်တော့
သက်ပြင်းတွေချပြီး
နေရပြီပဲ။ မင်းကိုစကြိုက်ထဲကနေ
ဝမ်းသာပါတယ်။ဒါပေမယ့်မင်းသိ
"ကိုကျော်ထွန်း"
ချင်လို့တဲ့"
ဆိုတာ တစ်ရုံလုံးကိုဟိန်းလို့ ကိုကိုက
ကိုကိုနဲ့ အဝေးကနေအကြည့်ချင်း
မသိတော့ပါ။
တစ်ခြားသူတွေပါ ကိုကိုနဲ့ ကျွန်တော့်
က ကိုကို့ကို လိုက်ကပ်နေတဲ့ကောင်
ကိုကိုက မျက်နှာတည်နေလျက်သူ့သူငယ်ချင်းတွေနဲ့ဘိလိယက်ထိုး
ပေးတယ် ဆိုတဲ့သဘောလား။
တောင်မပြောခဲ့ရပါ။ကိုကို့အနောက်
တော့ကိုကိုက သူ့ကားရပ်ထားတဲ့ဆီကို
နေပြီ။
သူပြန်တော့မလို့လား။
ပိတ်ရပ်လိုက်ရသည်။အနောက်ကနေ
အမြန်ပြေးလိုက်ခဲ့ရတာ ကိုကို့ကိုတား
အခု ကျွန်တော့်ရှေ့မှာ ကိုကိုရပ်နေ
တယ်။ဘယ်လောက်မှာမကွာတဲ့
အနေအထားမှာ။အရင်တုန်းကလိုပဲ
မပြောင်းမလဲ ကိုကို့ကို ကျွန်တော်
မော့ကြည့် နေရမြဲပါ။
ကျွန်တော် သူ့ကို
"ပြန်တော့ မလို့လား"
ပြန်မဖြေပါ။
မပြောချင်တော့ဘူးလား။
ကိုလုံးဝ မကြည့်။
ဘက်လှည့်လာသည်။
"မင်းလာတတ်တယ်မလား။လာတတ်
ရင်ပြန်တတ် ရမယ်"
အနားကိုပို၍ကပ်ကာ ကိုကို့လက်
ရသေးပေမဲ့ ကိုကိုက ချက်ချင်းပင်
ရှောင်ဖယ်သွားသည်။အပြင်ကအကျီ
ကိုကို့ဘယ်ဘက်လက်မှာ ကျွန်တော့်
တယ်မလား။
အချိန် မရှိဘူး"
ငါတဲ့လား။ကိုကိုက ကျွန်တော့်ကိုအခု
နေတာလား။
လှမ်းခေါ်နေလေသည်။
သလိုပင်။
ထားသည့်စကားတွေကလည်း
သွားရသည်။
"ကျ ကျွန်တော်"
ကိုကို့ မျက်နှာကိုသာကြည့်ရင်း ဆက်
ကြည့်လာသည်။
မလိုဘူး"
ရမယ်။
ဆက်ဆံရေးပဲမလား"
ကိုကို့မျက်နှာကအပြုံးတစ်ခု။
ကိုကို့ ရင်ထဲက နာကျင်ခြင်းတွေကို
နေမိသည့်စိတ်က။
သလိုထင်"
ခြေတလှမ်းတိုးလိုက်စဉ်မှာပဲ ကျနော်တို့အနားကိုရောက်လာသည့်ကိုကိုနဲ့အတူ
ပါလာသည့်အစ်မကြီး။
"ဟိုင်း ဘယ်သူလေးလဲ။စစ်ကြောင်းရဲ့
အသိလား"
နှုတ်ဆက်ပေမယ့် ကိုကို့ကိုကြည့်နေ
ပေးအုံးလေ စစ်ကြောင်း"
"ပြန်မယ် ကားပေါ်တက်"
ကျနော့်ကိုမျက်နှာလွှဲပြီး ကိုကိုက
အဲဒီအစ်မက ကိုကို့စကားနားထောင်စွာ
ကားထဲကိုဝင်သွားသည်။
ကိုကိုကားမောင်းရင် ကိုကို့ဘေးက
ကျနော်ထိုင်တဲ့နေရာ။ အဲဒါကျွန်တော့်နေ
ရာ။
တယ်မလား"
အနောက်ကနေပြောတော့
"လမ်းကြုံလို့"
မတိုးရဲတော့ပါ။ရင်ဘတ်ထဲမှာ
မွန်းကြပ်ပြီးနေရခက်
ကိုကို ညာနေတာ ကျွန်တော်သိတယ်။
ပြောနေပြီး ညာနေတာ။ကျွန်တော်
နေတယ်ဆိုရင်တောင် ကိုကိုကကျွန်တော်
ကျွန်တော့်ရင်ထဲမှာ။
ရပ်တန့်သွားရသည်။
ချင်တော့ဘူးလား။
များစွာနဲ့။
"ကိုကို"
ဒါပေမဲ့ ခဏပါပဲ။အထဲဝင်ပြီးတာနဲ့
သွားသည်။ကိုကို့ကား မောင်းထွက်
ကျွန်တော့်ရဲ့အပြစ်တွေအတွက် ကိုကို
လို့ စိတ်တင်းထားပေမယ့်ကိုကိုက
နေရပြီ။
ပေးနေတဲ့သူ။ အဲ့ဒီအစ်မနဲ့ကိုကိုက
ဘယ်လိုပတ်သက်ကြတာလဲ။
"အခြေအနေဘယ်လိုလဲ ကလေး"
ပါသည်။
စိတ်နာသွားပြီ ထင်တယ်"
"မဟုတ်တာတွေ"
မကြည့်ဘူး"
အားအင်တွေ မရှိနေပါ။
အားအင်တွေရှိအုံးမယ်။အခုက ကျွန်
တဲ့ပုံနဲ့။ကိုကို တစ်ကယ်ပဲကျွန်တော့်
အသစ်တွေ့နေပြီလား။
"မဖြစ်နိုင်ပါဘူး။ကိုစစ်က ကလေးကို
"အဲ့ဒီအစ်မ ကိုကိုနဲ့ပါလာတဲ့ အစ်မက
ဘယ်သူလဲ။ ကိုကိုနဲ့ဘယ်လိုပတ်သက်
နာမည်က ခြူးသက်ပန်တဲ့"
တယ်မလားအစ်မ"
သွားမေးပါတဲ့"
တော့ပါ။
အားအင်တွေမဲ့စွာနဲ့ ကိုကို ထားခဲ့တဲ့
ခဲ့တယ်။ကိုကို့ကြောင့်ပဲ အခုချိန်ထိ
အားတင်းနိုင်ခဲ့တာ။ကိုကိုပြန်လာရင်
ပါနဲ့။ကျွန်တော် ကိုကိုမုန်းတဲ့သူ မဖြစ်ချင်ဘူး။
မစိုက်ဘူး။ ကိုကို့ကို ကျွန်တော်ရ
ခင်ဗျား စောင့်နေပါ။
•••••••••••••••••••••••••••••••••••••••••••