A Boy Named JeonJungKook [Co...
By Yon_Di
310K 31K 3.5K
ကျွန်တော့်ရဲ့ ဘေဘီ Hyung....🐯💜 (OwnCreation) 💜 More
!! Part 1 !!
!! Part 2 !!
!! Part 3 !!
!! Part 4 !!
!! Part 5 !!
!! Part 6 !!
!! Part 7 !!
!! Part 8 !!
!! Part 9 !!
!! Part 10 !!
!! Part 10 !!
!! Part 11 !!
!! Part 12 !!
!! Part 13 !!
!! Part 15 !!
!! Part 16 !!
!! Part 17 !!
!! Part 18 !!
!! Part 19 !!
!! Part 20 !!
!! Part 21 !! (Final)
ABNJJK Limited Gift
Comic
Book Cover
Order Announcement
Book [Second Edition]
!! Part 14 !!
11.2K 1.3K 110
By Yon_Di
Unicode
ကပွဲမစမချင်းအကတိုက်ရတာမလို့ ဂျောင်ဂုတို့ ကျောင်းရောက်တာနှင့် အခန်းထဲတောင်မရောက်တော့ ။ အကတိုက်တဲ့ခန်းမထဲပဲ အစောကြီးသွားပြီးထိုင်ထိုင်နေသည် ။ တစ်ရက်ပြီးတစ်ရက် ကကွက်တွေနှင့်အသားကျလာသလို Baby Hyung မှာလည်းမထူးဇာတ်ခင်းလိုက်သည်နှင့်တူသည် ။ သူ့ထက်တောင်မှ ကကွက်တွေကပိုအသက်ဝင်လာသလို ။ ဒီနေ့တစ်ရက်တိုက်ပြီးရင်တော့ သန်ဖက်ခါဆို ကပွဲကစတော့မှာဖြစ်လို့ ဂျောင်ဂု တော်တော်လေးကိုစိတ်လှုပ်ရှားနေပြီဖြစ်သည် ။ အခုထိတင်လုံးလုံးလေးကိုင်လိုက်ရတာကိုလည်းအိမ်မက်တစ်ခုလိုထင်နေမိတုန်းပင် ။
.
.
ကျောင်းခေါင်မိုးထပ်မှာ မကိုင်တာကြာပြီဖြစ်တဲ့ဂစ်တာကိုလက်ရည်ပြန်သွေးနေတဲ့ ယွန်ဂီ မှာပြင်ပသို့အာရုံပျံ့လွင့်မှုမရှိ ။ ချစ်ရတဲ့သူကိုမျက်နှာကိုမြင်ယောင်တော့ မျက်နှာကခပ်ပြုံးပြုံး ။ လှပတဲ့သံစဉ်တွေကိုတီးခတ်တော့ သံစဉ်ချိုချိုတွေက လေညှင်းရဲ့သယ်ဆောင်ရာအတိုင်း ။
~ A Boy Named JeonJungKook ~
မနက်အစောကြီးမိတ်ကပ်ဗူးကိုင်ပြီးအိမ်ရောက်လာတဲ့ ဂျီမင်း မှာသူ့ကိုမိတ်ကပ်လိမ်းပေးရန်တာဆူနေသည် ။
ပွဲနေ့ရောက်ပြီမလို့ ထယ်ယောင်း လည်းကျောင်းစောစောထပြီးပြင်ဆင်စရာရှိတာပြင်ဆင်နေရသည် ။ ကိုယ့်ဘာသာကိုယ် ရိုးရိုးရှင်းရှင်းလေးပဲပြင်ဆင်သွားမလို့လုပ်နေတာကိုမရ ။ အဲ့ဆန်မုန့်လုံးက မရရအောက်ပြင်ပေးချင်နေသည့်ပုံ ။
"ငါမပြင်ဘူးနော် ဂျီမင်း"
"ဟာ မပြင်လို့မရဘူး...ဟိုကောင် ဂျောင်ဂု အကြောင်းငါသိတယ်...အပြတ်ရွှိုင်းလာမှာ...အဲ့မှာမင်းက ပုံတုံးကြီးဖြစ်နေရင်ဘယ်လိုက်မှာလဲ"
"ဟာ မပြင်ချင်ဘူးကွာ"
"မရဘူး ငါပြင်ပေးမယ် ဘာမှမကြာဘူး...ငါပြင်နေကျ"
မျက်လုံးနားကို smoky eyes ခြယ်ပေးမည်ဟုပဲတဇွတ်ထိုးပြောနေတဲ့ ဆန်မုန့်လုံး ။ မပြင်ရမခြင်းသူအိမ်ကထွက်ရမှာမဟုတ်တော့ ထယ်ယောင်း ငြိမ်ငြိမ်လေးသာအပြင်ခံလိုက်တော့သည် ။ မိနစ် 20 ခန့်ကြာတော့ပြင်ဆင်ခြယ်သပြီးသွားပြီဖြစ်သည် ။ မှန်ထဲကကိုယ့်ပုံကိုယ်ကြည့်ပြီး သူပါလားဆိုပြီးယုံတောင်မယုံနိုင် ။ မျက်ကပ်မှန်အစိမ်းလေးက မျက်ဝန်းလှလှတွေနဲ့လိုက်ဖက်လွန်းလှသည် ။
"ဒါ ငါ့ပုံလား"
"ငါမပြောဘူးလား ပိုလှသွားမှာလို့...မင်းဟာမင်းဆို ပုံတုံးကြီးနေမှာ...သွား သွား အဝတ်အစားသွားလဲ"
ထယ်ယောင်း ကိုအဝတ်အစားလဲဖို့တွန်းလွှတ်လိုက်ပြီး ဂျီမင်းမှာလည်းတစ်စုံတစ်ယောင်ရဲ့မျက်လုံးထဲမယ် ကြည့်ကောင်းနေဖို့ပြင်ရတော့သည် ။
.
.
Baby Hyung နဲ့တွဲကမယ်လို့ confirm တဲ့နေ့ကတည်းကသူ့မှာကျောင်းပြန်တိုင်း gym ကိုသွားကာ ခန္ဓာကိုယ်ကိုနည်းနည်းပါးပါးကြည့်ကောင်းအောင်အသဲအသန်ဆော့ရသည် ။ အခုတော့သူမျှော်လင့်နေတယ့် ကပွဲကရောက်လို့လာပြီ ။ မျက်နှာလည်းသေချာပြင်ဆင်ပြီးပြီမလို့ under hair cut ထားတဲ့ဆံပင်တွေကိုဂျယ်နှင့်အနောက်သို့သပ်တင်လိုက်သည် ။
"ဟိုက်ရှားပါး ဒီကောင်တော်တော်ကြည့်ကောင်းတာပဲ"
မှန်ထဲကကိုယ့်မျက်နှာကိုယ်ကျေနပ်မှုအပြည့်နှင့်ကြည့်ပြီးကွန်ဖီးဒန့်လယ်ဗယ်မြင့်စွာပြောနေတဲ့ဂျောင်ဂု ။
"Baby Hyung ငါ့ကိုမြင်ရင်လုံးဝကြွေကျသွားမှာ"
သူ့ Baby Hyung ပုံစံလေးကိုလည်းမြင်ချင်နေသည်မှာတစ်ပိုင်းသေနေပြီဖြစ်သည် ။ သီချင်းလေးတညီးညီးနှင့် ပြင်ဆင်ထားတဲ့အင်္ကျီကိုထုတ်ဝတ်လိုက်သည် ။
"လုံးဝ perfect ဖြစ်သွားပြီ အာဟ"
အကုန်ပြင်ဆင်ပြီးတော့ ဟိုတနေ့ကရေမွှေးဆိုင်မှာ ဆွဲဆောင်မှုရှိတဲ့ရေမွှေးနံ့ကိုပေးပါဆိုပြီးသွားဝယ်ထားတဲ့ ရေမွှေးကို ခေါင်းပေါ်ကစပြီး ဖြန်းချလိုက်သည် ။ အပြီးသတ်ပြင်ဆင်ပြီးတော့ ကျောင်းကိုအရောက်ရမယ့်အချိန်လည်းနီးနေပြီမလို့ အိမ်ကထွက်လာလိုက်တော့သည် ။
~ A Boy Named JeonJungKook ~
Hey yo man!!!
ဂစ်တာတစ်လက်ကိုင်ပြီးဝင်လာတဲ့ ယွန်ဂီကို ဂျောင်ဂုလက်လှမ်းပြလိုက်သည် ။ ပျင်းတွဲတွဲပုံကြီးနှင့်ကျောင်းထဲထဲ ဂစ်တာအိတ်လွယ်ပြီးဝင်လာတဲ့ ယွန်ဂီ ကအနားရောက်လာတော့ သူ့အားအထူးအဆန်းလိုကြည့်သည် ။
"under hair cut တွေဘာတွေနဲ့"
"ဟဲဟဲ အချစ်ကလေးရှေ့မိမိုက်နေရမယ်လေကွာ"
"အော်...."
အသံရှည်ပြုရင်း သူ့ကိုကြည့်ရုံသာကြည့်ပြီး အကြည့်လွှဲသွားတဲ့ ယွန်ဂီ ကစိတ်ဝင်စားမှုတစ်ခုမှမရှိ ။
"မင်းက ဂစ်တာတစ်လက်နဲ့ဘာလုပ်မလို့လဲ"
"မင်းကိုရိုက်မလို့"
"အကောင်းမေးနေတာ ဟျောင့်ရ"
"သီချင်းဆိုမလို့ပေါ့ကွ"
"အမယ်...ဟိုသီချင်းပဲလား"
ဂျောင်ဂုက ပြောင်စပ်စပ်ရယ်ကာပြောတော့ ယွန်ဂီ မျက်လုံးတွေကမကြည့်သည့်အကြည့်နှင့်ကြည့်သည် ။
"ဘာဖြစ်လဲ အဲ့တာဆိုတော့"
"မင်းဟာလေးကြွေသွားမယ်လို့ပြောမလို့ပါကွာ"
ယွန်ဂီအကြိုက်ဆုံးနဲ့အရဆုံးကထိုသီချင်းတစ်ပုဒ်ပဲရှိတာမလို့ ဂစ်တာကိုင်တာနှင့်ဘာသီချင်းဆိုမယ်မှန်း ဂျောင်ဂုတန်းသိသည် ။ နှစ်ယောက်သားကပွဲကျင်းပမည့်ခန်းမထဲကိုဝင်လာတော့ ကောင်မလေးတွေက သူ့စတိုင်မလိုင်ကိုကြည့်ပြီး အာခေါင်ခြစ်အော်ကြသလို တချို့ကလည်း တီးတိုး တီးတိုးနှင့်ပြောနေကြသည် ။
"ဟဲ့ အဲ့တာ Trouble maker ကမယ့်တစ်ယောက်မလား"
"အေး...ဒီဇိုင်းကတော့လန်ထွက်နေတာပဲ"
"နောက်တစ်ယောက်ရောက်မလာသေးဘူးမလား...အမလေး ငါမြင်ချင်နေပါပြီ"
ပွဲခင်းတစ်ခုလုံးနီးပါးဆူညံသွားတာကိုကြည့်ပြီးဂျောင်ဂုသဘောကျပြီးရင်းကျနေမိသည် ။ ဒီလိုပဲဖြစ်နေရမှာ ။ Baby Hyung ကတော့သူ့ကိုကြွေနေတော့မှာပဲ ။ ကိုယ့်စိတ်ကူးနဲ့ကိုယ်ကတော့သာယာနေသည် ။ ဝတ်ထားတဲ့အပေါ့ကုတ်အရှည်ကိုခါးပြီးခါးကော့ရင်ကော့နှင့် ဖျော်ဖြေသူတွေထိုင်ရမည့်ခုံဘက်သို့လျှောက်လာလိုက်သည် ။
.
.
သိပ်မကြာခင်မှာပဲ အော်သံတွေကြားလိုက်ရတာမလို့ ဂျောင်ဂုလှမ်းကြည့်လိုက်တော့ ခန်းမထဲဝင်ပြီဖြစ်တဲ့ Baby Hyung ။ All black ကိုမှ ခပ်ကျပ်ကျပ်ဘောင်းဘီလေးနှင့်တွဲဝတ်ထားတော့ ခြေတံသွယ်သွယ်တို့ကထင်းသား ။ မျက်လုံးလေးတွေက make up ပြင်လာသည်ထင်သည် ။ မျက်ကပ်မှန်အစိမ်းလေးနှင့် ရီဝေတွေမျက်ဝန်းလေးတွေက သူလုံးဝရုံးထွက်မရအောင်ကိုပြုစားထားပြီဖြစ်သည် ။ ထိုင်နေရာကနေထလာပြီး Baby Hyung ရှိရာသို့ထွက်လာပြီး သွားကြိုတော့ Baby Hyung ကသူ့ကိုမမှတ်မိဘူးထင်သည် အကြည့်တောင်လွှဲသွားသည် ။ ပြီးမှ ပြန်ကြည့်လာတဲ့မျက်လုံးလေးတွေကတအံတဩ ။
ကျွန်တော်ပြောပါတယ် BabyHyung ကြွေကျသွားမှာလို့ ။
"Baby Hyung....လှနေတယ်နော်"
အနားကိုရောက်လာတဲ့ ဂျောင်ဂု ကိုကြည့်ပြီး ထယ်ယောင်းမျက်လုံးလေးတွေအဝိုင်းသား ။ ဘယ်လိုဖြစ်လို့ဒီလောက်ကြီးထိပြင်လာရတာတုန်း ။ ကျားသစ်အဆင် ရင်ဘတ်ကွဲအင်္ကျီကြီးက တော်တော်လေးကိုဟထားပြီး အပေါ်ကအနီရောင်ကုတ်အင်္ကျီအရှည်က တလွင့်လွင့် ။
ဘောင်းဘီအနီကျပ်ကျပ်မှာထင်းနေတဲ့ ပေါင်ကြွက်သားတွေက တုတ်တုတ်တခိုင်ခိုင် ။ ကိုယ့်ပေါင်လေးကိုယ်ပြန်ကြည့်ပြီးအားတောင်ငယ်ရသည် ။
အနီးကပ်ရောက်လာမှ under hair cut ထိလုပ်လာတဲ့ဟာလေးကြောင့် ထယ်ယောင်း စိတ်ပိန်သွားရသည် ။ ဒင်းကအပိုကိုလုပ်လွန်းတာ ။
"အဟဲ စကားတောင်မပြောနိုင်လောက်အောင် ကြွေကျသွားတာလား"
"ချီး....မင်းဆံပင်ကြီးသောက်မြင်ကပ်လို့ကြည့်နေတာ"
"စတိုင်လေ စတိုင် စတိုင် ဟဲဟဲ"
ဆံပင်ကိုလက်နှင့်အနောက်သို့သပ်တင်ပြပြီးဟရုပ်ကစပ်ဖြဲဖြဲ ။ ပုံမှန်ထက်ကြီးမားနေတဲ့ခန္ဓာကိုယ်ကြီးကြောင့် ထယ်ယောင်း မထိတ်သာမလန့်သာဖြစ်နေရသည် ။
"တော်တော်လှနေတာ Baby Hyung က...လူတွေကိုပြရတာတောင် မကြိုက်တော့ဘူး"
"အပိုတွေလာလုပ်နေမနေနဲ့...ဒါ ကပွဲ"
"ချစ်တာကိုးလို့"
"မင်းဘိုးအေသွားချစ်"
"ဟင်အင်း...ဒီကဘိုးတော်လေးကိုပဲချစ်မှာ မွမွ"
မျက်လုံးမှိတ်နှုတ်ခမ်းကိုစူကာမွစိမွစိနှင့်လုပ်ပြသည့်ဟာလေးကြောင့် ထယ်ယောင်းကြက်သီးတွေပါထသည် ။
မကြာခင်ပွဲကစတော့မှာမလို့သာ ထယ်ယောင်းဘာမှမပြောတော့ပဲ ဖျော်ဖြေရမယ့်သူတွေထိုင်မယ့်အတန်းတွင်ဝင်ထိုင်လိုက်သည် ။
.
.
ပါမောက္ခကြီးက ပမထဦးစွာ မိန့်ခွန်းမိန့်တမ်းတွေချွေပြီးတော့ ဒုပါမောက္ခကထပ်ပြီး မိန့်ခွန်းတွေချွေသည် ။
ဂျောင်ဂုတစ်ယောက်အရည်ပျော်ကျမတတ်ထိုင်ပြီး မိန့်ခွန့်ထိုင်နားထောင်နေရလေသည် ။ နောက်ဆုံးတော့တော့ဖျော်ဖြေရေးသမားတွေအလှည့်ရောက်လာပြီမလို့ သူတို့အလှည့်မရောက်ခင် သုံးလေးယောက်လောက်စောင့်လိုက်ရသေးသည် ။
နောက်ဆုံး သူတို့အလှည့်ရောက်ခါနီးမလို့ စင်အနောက်မှာ နေရာယူခိုင်းထားပြီဖြစ်သည် ။ ထယ်ယောင်းစင်ပေါ်တက်ခါနီး ဂျီမင်းမှာ ဘယ်ဂျောင်ကထွက်လို့ထွက်လာမှန်းမသိ ဘေးနားကနေဘွားခနဲပေါ်လာလေသည် ။
"ထယ်ယောင်း ခဏလေး"
"ဘုရား...ဘယ်ကပေါ်လာတာလဲ"
"ဘယ်ကပေါ်လာလာအရေးမကြီးဘူး..ငါလုပ်ပေးစရာရှိလို့ခဏ"
"ဟ စင်ပေါ်တက်ရတော့မှာ"
"အေး အဲ့တာကြောင့်ပဲလုပ်ပေးမလို့"
ဂျီမင်းက သူ့အနားကပ်လာပြီး လည်ပင်းထိတပ်ထားသည့် ရှပ်အင်္ကျီကြယ်သီးတွေကို နှစ်လုံးလောက်ထိဖြုတ်ချလိုက်သည် ။
"ဟာ ဘာလုပ်တာတုန်း"
"ဒါမှ sexy ကျနေမှာ...သွားတော့"
စင်ပေည်ကိုတွန်းလွှတ်လိုက်တဲ့ဂျီမင်းကြောင့် ထယ်ယောင်းကြယ်သီးပြန်တက်လိုက်ချိန်တောင်မရ ။ မျက်နှာချင်းဆိုင်က ဝဲစားလေးကသူ့ကိုပြုံးစိစိကြည့်လို့ ။ သီချင်းသံကစလာပြီမလို့ ထယ်ယောင်းတို့စင်အရှေ့သို့စထွက်ရပြီဖြစ်သည် ။
ထယ်ယောင်း ဂျောင်ဂုထံမျက်နှာချင်းဆိုလမ်းလျှောက်လာပြီးအနားရောက်လာတော့ ဂျောင်ဂုက လက်ကမ်းပေးတော့ ထိုလက်တွေပေါ်ထယ်ယောင်းလက်တွေကိုတင်လိုက်သည်နှင့် ဂျောင်ဂုကအနမ်းပေးလိုက်သည် ။ ထိုဖျောဖြေမှုကြောင့်အောက်ကအားပေးသံတွေကတော့ဆူညံကြဲနေပြီဖြစ်သည် ။
1,2,3....
♬ 니 눈을 보면 난 Trouble maker
[မင်းမျက်လုံးတွေထဲကြည့်လိုက်တဲ့အချိန်မှာ ကိုယ်ကပြဿနာဖန်တီးတဲ့သူတစ်ယောက်ပဲ]
♬ 니 곁에 서면 난 Trouble maker
[မင်းဘေးနားရှိနေတဲ့အချိန်မှာ ငါကပြဿနာဖန်တီးတဲ့သူတစ်ယောက်ပဲ]
♬ 조금씩 더 더 더
[တဖြည်းဖြည်း တဖြည်းဖြည်းနဲ့]
ထယ်ယောင်းမေးဖျားလေးကိုဂျောင်ဂုကဆွဲယူလိုက်တော့ အော်ဟစ်လိုက်သည့်အသံတွေကနားစည်ကွဲနိုင်လောက်သည် ။
♬ 갈수록 더 더 더
[ပိုပိုပြီးတော့....]
ဂျောင်ဂုနားတိုးကပ်ကာ 더 더 더 ဆိုတဲ့သံစဉ်အတိုင်း ပွင့်ဟနေတဲ့ရင်အုပ်ကျယ်ကျယ်ပေါ်လက်ချောင်းလေးတွေနဲ့လမ်းလျှောက်လိုက်တော့ ဂျောင်ဂုရဲ့ခပ်မိုက်မိုက်အပြုံးတွေက အထင်းသား ။
♬ 이젠 내 맘을 나도 어쩔 수 없어
[ကိုယ်စိတ်တွေထိန်းချုပ်နိုင်တော့မယ်မထင်ဘူး]
တကယ်အဓိကကျတဲ့ကကွက်နေရာလည်းရောက်တော့ နှစ်ယောက်စလုံးကစီးချက်ညီစွာ ခန္ဓာတို့ကထပ်တူကျသည် ။
♬ 니가 나를 잊지 못하게 자꾸 니 앞에서 또
[မင်းလေးကကိုယ့်ကိုမမေ့နိုင်အောင် မင်းရဲ့အရှေ့ကိုနောက်ထပ်တိုးသွားလိုက်မယ်]
သံစဉ်အတိုင်း ခန္ဓာနှစ်ခုကထပ်တူကျကာ ညီညာတဲ့ကကွက်တွေက ဖန်တီးယူထားခြင်းမရှိလောက်တဲ့အထိအသားကျနေသည် ။ ခန္ဓာကိုယ်နှစ်ခုထပ်တူကျတော့ ဂျောင်ဂုကထယ်ယောင်းခါးလေးပေါ်လက်တင်သည် ။ ထယ်ယောင်းဘယ်ဘက်လက်ကခါးလေးမှာထောက်ထားကာ ညာဘက်လက်ကိုလက်ပြန်လှန်ပြီး ဂျောင်ဂုရဲ့မျက်နှာလေးကိုအသာထိကိုင်လိုက်တော့ အားပေးသံတွေကပြန်ပြီးဆူညံလာသည် ။
♬ 니 맘 자꾸 내가 흔들어 벗어날 수 없도록
[မင်းနှလုံးသားလေးကလှုပ်ခါနေတော့ ကိုယ်ရုံးထွက်လို့မရနိုင်တော့]
ဂျောင်ဂုကသန်မာတဲ့လက်တွေနှင့် ထယ်ယောင်းခါးလေးတွေကိုပွေ့ဖက်ကာ ဘေးသို့ရွှေ့လိုက်တော့ ထယ်ယောင်းရဲ့ဘယ်ဘက်လက်လေးက အော်တိုကိုဆန့်ထုတ်ပြီးသား ။
니 입술을 또 훔치고 멀리 달아나버려
[မင်းရဲ့နှုတ်ခမ်းလေးကိုခိုးယူပြီး အဝေးကိုပြေးထွက်သွားလိုက်မယ်]
ဂျောင်ဂုကဆန့်တန်းထားတဲ့လက်တစ်လျှောက်ကို မျက်နှာစောင်းလေးနှင့်အသာပွတ်ဆွဲယူလာတော့ ထယ်ယောင်းရင်တို့ကတလှပ်လှပ် ။ အကတိုက်တုန်းကအတိုင်း လှည့်ထွက်သွားမယ်ထင်ခဲ့ပေမယ့် ဂျောင်ဂုက သူ့နှုတ်ခမ်းပါးတွေရဲ့အနီးဆုံးထိကပ်လာပြီး ပွတ်ဆွဲသွားခဲ့တော့ ထယ်ယောင်းကကွက်တွေတောင်မှားသွားရသည် ။ အောက်ကဆူညံစွာအားပေးသံတွေမှာ ငယ်သံပါအောင်အော်တဲ့အထိအားပေးသည့်အော်သံတွေတောင်ကြားရသည် ။
မထိတထိစလိုက်ရတာမလို့ ဂျောင်ဂုရဲ့ကျေနပ်နေတဲ့ရုပ်ကြီးကအထင်းသား ။
난 Trou-ou-ou-ouble! Trouble! Trou-trouble maker!
[ကိုယ်က ပြဿနာဖန်တီးတဲ့ကောင်ပဲ]
ဂျောင်ဂုနှင့်ကျောခြင်းကပ်လိုက်ကာ ဂျောင်ဂုရဲ့ပေါင်တံတွေမထိတထိပွတ်ဆွဲပြီးထိုင်ချဟန်လုပ်လိုက်တော့ ထယ်ယောင်းလက်တွေကမာကျစ်ကျစ်ပေါင်တွေရဲ့အထိအတွေ့မှာ အသည်းတယားယား ။
လေချွန်သံနှင့်အတူ ထယ်ယောင်းစင်ကိုကျောပေးလိုက်ကာ တင်လေးကိုလှုပ်တော့ ဂျောင်ဂုက တကမ္ဘာလုံးအပိုင်စားရသည့်ရုပ်နှင့် တင်ပေါ်သို့လက်တင်ကာ ထယ်ယောင်းလှုပ်တဲ့အတိုင်း လိုက်ကသည် ။
Trouble maker!
Trouble maker!
Trouble maker!
Trouble maker!
ဒီတစ်ခါတော့ဂျောင်ဂုကစင်ကိုကျောပေးရပ်ပြီး ထယ်ယောင်းကဂျောင်ဂုနှင့်မျက်နှာချင်းဆိုင်ရပ်ကာ လက်တစ်ဖက်က ဂျောင်ဂုလည်ပင်းကိုဖက်တွယ်ပြီး ကျန်လက်တစ်ဖက်က ပခုံးတစ်လျှောက်လက်သည်းတွေနှင့်ခြစ်ခြလိုက်သည် ။
Baby Hyung ရဲ့ လက်ချောင်းထိပ်တွေရဲ့အထိအတွေ့က ဂျောင်ဂုရဲ့ခန္ဓာတစ်ခုလုံးကြက်သီးတဖြန်းဖြန်းကိုထသွားတော့သည် ။ ရီဝေဝေမျက်ဝန်းစိမ်းစိမ်းလေးကသူ့ကိုပြန်မော့ကြည့်တော့ တကယ်ကိုထိန်းချုပ်နိုင်စွမ်းမဲ့ရသည် ။
Solo ကရတဲ့အပိုင်းတွေလည်းပါတာမလို့ ထယ်ယောင်းကတော့ ဂျောင်ဂုကဘေးကနေ စားမတတ်ဝါးမတတ်ရုပ်နှင့်ကြည့်နေလေတော့သည် ။ လုံးတစ်နေတဲ့တင်လေးကဘောင်းဘီကျပ်ကျပ်မှာ အထင်းသားပင် ။ ကြယ်သီးကနှစ်လုံးလောက်ဖြုတ်ထားတာမလို့ ကလိုက်တိုင်း တစ်ချက်တစ်ချက်လစ်ဟာသွားတဲ့ညှပ်ရိုးဖွေးဖွေးက တံတွေးတောင်မြိုချမိတဲ့အထိ ။
ဂျောင်ဂုရဲ့ Solo dance မှာကျွမ်းကျင်လှပတဲ့ကကွက်တွေကြောင့် အားပေးသံတွေကဆူညံကြဲလို့ ။ Daddy type ဖမ်းလာသည့်ဒင်းက ကျေနပ်နေမှာကသေချာပေါက် ။ သီချင်းတစ်ပုဒ်လုံး ပြီးဆုံးသွားချိန်မှာတော့ စင်အောက်ကလက်ခုတ်သံ အားပေးသံတွေကသောင်းသောင်းဖြဖြ ။ တော်တော်ကိုစိတ်နှစ်ပြီးကထားတဲ့ ဂျောင်ဂု မှာဆံပင်တွေပုံပျက်နေတာတောင်သိမည်မဟုတ် ။ under hair cut ညှပ်ထားပြီးအနောက်ကိုလှန်တင်ထားတဲ့ဆံပင်က မှိုပွင့်လိုဘေးကိုကားထွက်နေပြီဖြစ်သည် ။ ထယ်ယောင်းမှာ ဂျောင်ဂုပုံကြည့်ပြီး ရယ်ချင်တာကိုထိန်းချုပ်ထားရတော့ ပြုံးစိစိ ။
ဂျောင်ဂုမှာ သူ့ကိုထယ်ယောင်းကြည့်ရယ်နေတာသိပေမယ့် ဘာကိုရယ်လို့ရယ်နေမှန်းမသိ ။ ပြုံးစိစိဖြစ်နေတဲ့မျက်နှာကပါးမို့မို့လေးကအနမ်းမိုးတို့ကြဲချချင်စရာရပ်ဝန်းလေး ။ ဘာကိုရယ်လို့ရယ်နေမှန်းမသိလို့ စင်အောက်ရောက်မှပဲ ဒီအကိုပေါက်စလေးကိုမေးရဦးမည်။ စိတ်ထဲမှာတော့ သိချင်စိတ်ကတပိုင်းသေနေပြီဖြစ်သည် ။
~ A Boy Named Jeon Jung Kook ~
TBC ——
မပြီးသေးဘူးနော် ဂျောင်ကြီးရော ယွန်ဂီပါထက်ရိုဦးမှာ 🌝
#Zawgyi
.
.
"ဟာ မပြင်ချင်ဘူးကွာ"
"ဒါ ငါ့ပုံလား"
.
.
Hey yo man!!!
"အော်...."
"မင်းကိုရိုက်မလို့"
"အမယ်...ဟိုသီချင်းပဲလား"
.
.
"ချစ်တာကိုးလို့"
"မင်းဘိုးအေသွားချစ်"
.
.
"ထယ်ယောင်း ခဏလေး"
"ဘုရား...ဘယ်ကပေါ်လာတာလဲ"
"ဟ စင်ပေါ်တက်ရတော့မှာ"
"ဟာ ဘာလုပ်တာတုန်း"
1,2,3....
♬ 니 눈을 보면 난 Trouble maker
♬ 니 곁에 서면 난 Trouble maker
♬ 조금씩 더 더 더
♬ 갈수록 더 더 더
[ပိုပိုပြီးတော့....]
♬ 이젠 내 맘을 나도 어쩔 수 없어
♬ 니가 나를 잊지 못하게 자꾸 니 앞에서 또
♬ 니 맘 자꾸 내가 흔들어 벗어날 수 없도록
니 입술을 또 훔치고 멀리 달아나버려
Trouble maker!
Trouble maker!
Trouble maker!
Trouble maker!
TBC ——
မြင်ယောင်လို့ရအောင်ပါ 😁
Continue Reading
You'll Also Like
30.6K 4.8K 34
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
81.2K 20.2K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
87.1K 11.5K 42
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
56.4K 4.3K 60
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...