စိုင်းနောင်တစ်ယောက်ထွဋ်ခေါင်ပြန်မလာခင်အထိမိုးသောက်ဆီ၌ငိုချင်းချနေလေရဲ့....ဘာဖြစ်လာလဲဆိုတော့လဲလုံးဝမေးလို့မရပါချေ......တော်တော်ကြာငိုပြီးမှသာကိုယ့်အခန်းကိုယ်ပြန်သွားလေရဲ့....
ထိုညကထွဋ်ခေါင်လည်းအိမ်ပြန်နောက်ကျလေသည်။မိုးသောက်ကလေးကတော့သူချစ်ရတဲ့အကိုနဲ့ဒီဒီထွဋ်ခေါင်ဟာတစ်ယောက်ထဲဆိုတာသိနေပြီမို့ချစ်ရသူအိမ်ပြန်မရောက်မချင်းမအိပ်နိုင်။အခန်းထဲ၌သာအလုံပိတ်ပြတင်းပေါက်လေးကိုငေးရင်းထိုင်စောင့်လို့.......
ပြတင်းပေါက်လေးကနေခြံတံခါးဝကိုကြည့်နေစဥ်ဝင်လာသောကားလေးကြောင့်မိုးသောက်ပျော်သွားလေရဲ့.....
ခဏကြာတော့သူ့ချစ်ရသူဟာအခန်းထဲသို့ဝင်လာလေသည်။သို့သော်ဒယိမ်းဒယိုင်......
"အကို"
ယိုင်ထိုးနေတဲ့ထွဋ်ခေါင်ရဲ့ခန္ဓာကိုယ်ကိုပြေးထိန်းလိုက်သည်....
"အကို...သောက်လာတာလား..."
ထွဋ်ခေါင်ရဲ့ခန္ဓာကိုယ်ကိုထိန်းကာကုတင်ပေါ်သို့လှဲပေးလိုက်သည်။ကုတင်ပေါ်သို့လှဲပေးပြီးသည့်တိုင်မိုးသောက်အားရီဝေဝေသာကြည့်နေပါသောထွဋ်ခေါင်....
"အကိုတအားမူးလာတာပဲ...အိပ်လိုက်တော့နော်"
သူပြောတော့သူ့အားရီဝေဝေသာကြည့်နေသေးပါသောထွဋ်ခေါင်.....
"Star"
"ဗျာ"
"လာပါဦး"
ကုတင်ပေါ်ကနေလှမ်းခေါ်တော့အနားသို့သွားလိုက်ကာအစွန်းလေးတွင်တင်လေးလွှဲထိုင်လိုက်လေသည်...
"မဟုတ်ဘူးဒီနား"
သူ့ရင်ဘတ်ကိုပုတ်ပြကာမိုးသောက်ကိုလည်းလက်ကောက်ဝတ်ကနေဆွဲချလိုက်တာကြောင့်ထွဋ်ခေါင်ရင်ဘတ်ပေါ်သို့မှောက်ယက်လေးကျသွားလေသည်....
"အကို...ကျွန်တော်မိုးသောက်လေ...အကိုမုန်းတဲ့မိုးသောက်...."
"အင်းသိတယ်"
"သိရင်လွှတ်ပါ"
"ဟင့်အင်း...မလွှတ်ဘူး...သေလောက်အောင်နာကျင်ရလည်းပဲဆွဲထားဦးမှာ"
"အကို.."
"တောင်းပန်ပါတယ်...ထပ်ခါထပ်ခါနာကျင်စေခဲ့လို့....ကိုယ့်မှာအကြောင်းရှိလို့ပါ"
"ဘာအကြောင်းလဲအကို"
"အင်း...."
ထွဋ်ခေါင်၏အင်းဆိုသောအသံကြောင့်မိုးသောက်ပြုံးလိုက်မိပါရဲ့...ဒီအမူးသမားကြီးသည်မူးနေတာတောင်ပြောသင့်တာနဲ့မပြောသင့်တာခွဲခြားသိသေးသည်မို့.....
"ဘာအကြောင်းပဲဖြစ်ဖြစ်ပါအကို...အကို့မှာခိုင်လုံတဲ့အကြောင်းပြချက်ရှိမယ်လို့ကျွန်တော်ယုံတယ်နော်....အချိန်တန်ရင်ပြောပြမယ်မလား"
"အင်း..."
ထိုအင်းသည်ဖြေသံတော့မဟုတ်...အိပ်မောကျသွားလို့ထွက်လာသောအသံ...မိုးသောက်အားသူ့ရင်ဘတ်ပေါ်တွင်မှောက်ယက်လေးတင်ကာအိပ်မောကျသွားသောထွဋ်ခေါင်....ထိုညကသူ့မေးဖျားလေးပေါ်သို့အနမ်းနွေးနွေးလေးတစ်ခုရလိုက်တာကိုတော့သူမသိလိုက်ပါ....
အချိန်အားဖြင့်ညလယ်၃နာရီ..ထွဋ်ခေါင်မှာမိုးသောက်လေးကိုဖက်လို့အိပ်မောကျနေသလိုမိုးသောက်လေးမှာလည်းထွဋ်ခေါင်ရင်ခွင်ထဲ၍အိပ်မောကျနေလေရဲ့....အိပ်မပျော်နိုင်သူကတော့စိုင်းနောင်....ခေါင်းအုံးလေးနဲ့ဖက်လုံးလေးကိုပိုက်လို့ထွဋ်ဝင်းရဲ့အခန်းသို့သွားလေရဲ့.......
အခန်းတံခါးခေါက်လိုက်တော့ထွဋ်ဝင်းမှာအိပ်မှုံစုတ်ဖွားနှင့်တံခါးလာဖွင့်လေရဲ့.....
"နောင်လေး...ဘာလာလုပ်တာလဲ"
"နောင်အိပ်မပျော်လို့...ဒဏ်ရာကနာနေလို့...."
"ဟုတ်လား...လာလေ..အထဲဝင်"
"ဟုတ်"
အထဲဝင်ခွင့်ရတော့ခေါင်းအုံးလေးတွေပိုက်လို့ကုတင်ပေါ်သို့တန်းမတ်နေအောင်သွားလေရဲ့.....
"ပြောလေ...ဘယ်နားကနာနေသေးတာလဲ"
"ပေါင်တွေပူနေတုန်းပဲ..."
"ဟုတ်လား..ကိုကို့ကိုပြကြည့်..ဆေးထက်လူးပေးမယ်လေ..."
"ဒီမှာ..."
စိုင်းနောင်ညဝတ်ဘောင်းဘီအပွလေးကိုလိပ်တင်လိုက်တော့အထဲကပေါင်တံလေးတွေကရဲလို့...လက်တစ်ဖက်ကလည်းရဲတွတ်နေသေးသည်.....
"ကျစ်..ဒီကောင်ကွာ..."ထွဋ်ဝင်းမှာထိုအပူလောင်ရာလေးတွေကိုကြည့်ကာစုတ်သတ်မိသည်အထိ....ဒီလောက်ထိဖြစ်စေရန်ရည်မှမရည်ရွယ်ခဲ့ပဲ....
"ကိုကိုဆေးလိမ်းပေးမယ်နော်"
"ဟုတ်..."
ထိုအပူလောင်နာလေးတွေကိုဆေးလေးခပ်ထူထူထပ်လူးကာကောင်လေးကိုကုတင်ထက်ဝယ်အသေအချာနေရာချပေးပြီးစောင်ထုပ်လေးထဲထည့်ပေးလိုက်သည်....
"အိပ်တော့..."
"ပုတ်သိပ်"
"အင်း..."
စိုင်းနောင်ကပုတ်သိပ်ခိုင်းတော့ထွဋ်ဝင်းကလည်းအပေါ်ကနေသိုင်းဖက်လို့ကျောလေးကိုပုတ်သိပ်လေရဲ့....စိုင်းနောင်လေးကတော့ပျော်လွန်းလို့မျက်ရည်လေးတွေကျလို့ပေါ့....
တကယ်ဆိုသူသိနေခဲ့သည်...သူ့ရဲ့အဖေကကိုကိုတို့အဖေကိုသတ်ခဲ့တဲ့အကြောင်း...အယ့်တာကလည်းမထင်မှတ်ပဲသိခဲ့ရတာ..အယ့်တာကြောင့်ကိုကိုသူ့အပေါ်မုန်းတာကိုအပြည့်အဝနားလည်သည်...အယ့်အကြောင်းတွေသိခဲ့ရတဲ့နေ့တုန်းကသူသိပ်ကိုပျော်သလိုသိပ်ကိုလည်းဝမ်းနည်းခဲ့ရသေးတာ။ဘာလို့ဆိုတော့သူချစ်တဲ့ကိုကိုနဲ့သူ့ကြားမှာညီအကိုဆိုတဲ့စည်းကြီးမရှိတော့လို့အချစ်တွေကိုချိုးနှိမ်မျိုသိပ်နေစရာမလိုတော့လို့။နောက်တစ်ခုကတော့သူဟာကိုကို့အတွက်အပြစ်သားမို့လို့...ကိုကိုမုန်းတဲ့သူမို့လို့...ခံစားချက်တွေစုံခဲ့တဲ့မေ့မရခဲ့တဲ့နေ့လေး...အယ့်နေ့တည်းကကိုကိုကသူ့ကိုဆိုတစ်နည်းနည်းနဲ့နာကျင်အောင်လုပ်တက်သလိုသူကလည်းထိုနာကျင်မှုတွေကိုမရှောင်တိမ်းခဲ့ဘူး....ဘာလို့ဆိုတော့အနာပေးပြီးဆေးပေးတက်တဲ့ကိုကိုကအနာတွေပေးပြီးရင်ဆေးပေးတဲ့အခါသိပ်ကိုကြင်နာသည်မို့....ဒီနေ့လည်းပဲသူကျေကျေနပ်နပ်နဲ့ကိုအပူလောင်ခံခဲ့တာ...ကိုကိုပေးမယ့်ဆေးလေးတစ်ခွက်ကိုလိုချင်မိလို့....ကိုကို့ကိုအယ့်လောက်ထိကိုချစ်တာ...ကိုကို့အမုန်းတွေကုန်မယ့်တစ်နေ့တော့သူ့ကိုပြန်ချစ်လာမယ်လို့ယုံကြည်ထားတယ်....
စိုင်းနောင်သည်ထွဋ်ဝင်း၏ရင်ခွင်ထဲသို့ပို၍တိုးဝင်ရင်းအိပ်စက်ရန်ပြင်လိုက်သည်။ခုတော့ကောင်းကောင်းအိပ်နိုင်ပါပြီကိုကို့ရင်ခွင်ထဲမှာမို့....တောင်းပန်ပါတယ်ကိုကို၊ချစ်တယ်..........
ထိုနေ့ညကရင်ခွင်ကျယ်တစ်ခုထဲမှာအိပ်ပျော်သွားတဲ့ကောင်လေး...သူမသိလိုက်တာလေးတစ်ခုရှိပါသေးသည်...အယ့်တာကတော့သူခေါင်းလေးကိုတစ်ညလုံးခိုးနမ်းနေတဲ့ကောင်လေးရှိသည်ဆိုတာကိုပေါ့........
ဖတ်ရတာအဆင်ပြေရဲ့လားရှင့်
တိုတယ်လို့မထင်ပါနဲ့နော်တကယ်လည်းတိုတာမို့😂
စတာပါသီတင်းကျွတ်နေ့လေးမှာအတူးလေးတို့ကိုပျော်ပဲပျော်နေစေချင်လို့ပါ။နောက်ဟာတွေဆက်ရေးရင်ဒေါသတွေထွက်နေကြမှာစိုးလို့ဒီမှာတင်ဖြတ်လိုက်တာပါ။ဒီနေ့တော့ပုစိလေးroလိုက်တယ်နော်။
ပျော်စရာသီတင်းကျွတ်လေးဖြစ်ပါစေနော်အသည်းအသက်ကလေးတို့ရေ။
ရွှန်းကပြောမှားဆိုမှားတွေရှိခဲ့ရင်လည်းခွင့်လွှတ်ပေးကြပါ။စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ကိုယ့်ဘဝလေးနဲ့ကိုယ်ပျော်ကြပါစေနော်❤
ချစ်လျက်
အရွှန်းလေး🙆♀️
////////////////////////////////
စိုင္းေနာင္တစ္ေယာက္ထြဋ္ေခါင္ျပန္မလာခင္အထိမိုးေသာက္ဆီ၌ငိုခ်င္းခ်ေနေလရဲ႕....ဘာျဖစ္လာလဲဆိုေတာ့လဲလုံးဝေမးလို႔မရပါေခ်......ေတာ္ေတာ္ၾကာငိုၿပီးမွသာကိုယ့္အခန္းကိုယ္ျပန္သြားေလရဲ႕....
ထိုညကထြဋ္ေခါင္လည္းအိမ္ျပန္ေနာက္က်ေလသည္။မိုးေသာက္ကေလးကေတာ့သူခ်စ္ရတဲ့အကိုနဲ႔ဒီဒီထြဋ္ေခါင္ဟာတစ္ေယာက္ထဲဆိုတာသိေနၿပီမို႔ခ်စ္ရသူအိမ္ျပန္မေရာက္မခ်င္းမအိပ္ႏိုင္။အခန္းထဲ၌သာအလုံပိတ္ျပတင္းေပါက္ေလးကိုေငးရင္းထိုင္ေစာင့္လို႔.......
ျပတင္းေပါက္ေလးကေနၿခံတံခါးဝကိုၾကည့္ေနစဥ္ဝင္လာေသာကားေလးေၾကာင့္မိုးေသာက္ေပ်ာ္သြားေလရဲ႕.....
ခဏၾကာေတာ့သူ႔ခ်စ္ရသူဟာအခန္းထဲသို႔ဝင္လာေလသည္။သို႔ေသာ္ဒယိမ္းဒယိုင္......
"အကို"
ယိုင္ထိုးေနတဲ့ထြဋ္ေခါင္ရဲ႕ခႏၶာကိုယ္ကိုေျပးထိန္းလိုက္သည္....
"အကို...ေသာက္လာတာလား..."
ထြဋ္ေခါင္ရဲ႕ခႏၶာကိုယ္ကိုထိန္းကာကုတင္ေပၚသို႔လွဲေပးလိုက္သည္။ကုတင္ေပၚသို႔လွဲေပးၿပီးသည့္တိုင္မိုးေသာက္အားရီေဝေဝသာၾကည့္ေနပါေသာထြဋ္ေခါင္....
"အကိုတအားမူးလာတာပဲ...အိပ္လိုက္ေတာ့ေနာ္"
သူေျပာေတာ့သူ႔အားရီေဝေဝသာၾကည့္ေနေသးပါေသာထြဋ္ေခါင္.....
"Star"
"ဗ်ာ"
"လာပါဦး"
ကုတင္ေပၚကေနလွမ္းေခၚေတာ့အနားသို႔သြားလိုက္ကာအစြန္းေလးတြင္တင္ေလးလႊဲထိုင္လိုက္ေလသည္...
"မဟုတ္ဘူးဒီနား"
သူ႔ရင္ဘတ္ကိုပုတ္ျပကာမိုးေသာက္ကိုလည္းလက္ေကာက္ဝတ္ကေနဆြဲခ်လိုက္တာေၾကာင့္ထြဋ္ေခါင္ရင္ဘတ္ေပၚသို႔ေမွာက္ယက္ေလးက်သြားေလသည္....
"အကို...ကြၽန္ေတာ္မိုးေသာက္ေလ...အကိုမုန္းတဲ့မိုးေသာက္...."
"အင္းသိတယ္"
"သိရင္လႊတ္ပါ"
"ဟင့္အင္း...မလႊတ္ဘူး...ေသေလာက္ေအာင္နာက်င္ရလည္းပဲဆြဲထားဦးမွာ"
"အကို.."
"ေတာင္းပန္ပါတယ္...ထပ္ခါထပ္ခါနာက်င္ေစခဲ့လို႔....ကိုယ့္မွာအေၾကာင္းရွိလို႔ပါ"
"ဘာအေၾကာင္းလဲအကို"
"အင္း...."
ထြဋ္ေခါင္၏အင္းဆိုေသာအသံေၾကာင့္မိုးေသာက္ၿပဳံးလိုက္မိပါရဲ႕...ဒီအမူးသမားႀကီးသည္မူးေနတာေတာင္ေျပာသင့္တာနဲ႔မေျပာသင့္တာခြဲျခားသိေသးသည္မို႔.....
"ဘာအေၾကာင္းပဲျဖစ္ျဖစ္ပါအကို...အကို႔မွာခိုင္လုံတဲ့အေၾကာင္းျပခ်က္ရွိမယ္လို႔ကြၽန္ေတာ္ယုံတယ္ေနာ္....အခ်ိန္တန္ရင္ေျပာျပမယ္မလား"
"အင္း..."
ထိုအင္းသည္ေျဖသံေတာ့မဟုတ္...အိပ္ေမာက်သြားလို႔ထြက္လာေသာအသံ...မိုးေသာက္အားသူ႔ရင္ဘတ္ေပၚတြင္ေမွာက္ယက္ေလးတင္ကာအိပ္ေမာက်သြားေသာထြဋ္ေခါင္....ထိုညကသူ႔ေမးဖ်ားေလးေပၚသို႔အနမ္းေႏြးေႏြးေလးတစ္ခုရလိုက္တာကိုေတာ့သူမသိလိုက္ပါ....
အခ်ိန္အားျဖင့္ညလယ္၃နာရီ..ထြဋ္ေခါင္မွာမိုးေသာက္ေလးကိုဖက္လို႔အိပ္ေမာက်ေနသလိုမိုးေသာက္ေလးမွာလည္းထြဋ္ေခါင္ရင္ခြင္ထဲ၍အိပ္ေမာက်ေနေလရဲ႕....အိပ္မေပ်ာ္ႏိုင္သူကေတာ့စိုင္းေနာင္....ေခါင္းအုံးေလးနဲ႔ဖက္လုံးေလးကိုပိုက္လို႔ထြဋ္ဝင္းရဲ႕အခန္းသို႔သြားေလရဲ႕.......
အခန္းတံခါးေခါက္လိုက္ေတာ့ထြဋ္ဝင္းမွာအိပ္မႈံစုတ္ဖြားႏွင့္တံခါးလာဖြင့္ေလရဲ႕.....
"ေနာင္ေလး...ဘာလာလုပ္တာလဲ"
"ေနာင္အိပ္မေပ်ာ္လို႔...ဒဏ္ရာကနာေနလို႔...."
"ဟုတ္လား...လာေလ..အထဲဝင္"
"ဟုတ္"
အထဲဝင္ခြင့္ရေတာ့ေခါင္းအုံးေလးေတြပိုက္လို႔ကုတင္ေပၚသို႔တန္းမတ္ေနေအာင္သြားေလရဲ႕.....
"ေျပာေလ...ဘယ္နားကနာေနေသးတာလဲ"
"ေပါင္ေတြပူေနတုန္းပဲ..."
"ဟုတ္လား..ကိုကို႔ကိုျပၾကည့္..ေဆးထက္လူးေပးမယ္ေလ..."
"ဒီမွာ..."
စိုင္းေနာင္ညဝတ္ေဘာင္းဘီအပြေလးကိုလိပ္တင္လိုက္ေတာ့အထဲကေပါင္တံေလးေတြကရဲလို႔...လက္တစ္ဖက္ကလည္းရဲတြတ္ေနေသးသည္.....
"က်စ္..ဒီေကာင္ကြာ..."ထြဋ္ဝင္းမွာထိုအပူေလာင္ရာေလးေတြကိုၾကည့္ကာစုတ္သတ္မိသည္အထိ....ဒီေလာက္ထိျဖစ္ေစရန္ရည္မွမရည္႐ြယ္ခဲ့ပဲ....
"ကိုကိုေဆးလိမ္းေပးမယ္ေနာ္"
"ဟုတ္..."
ထိုအပူေလာင္နာေလးေတြကိုေဆးေလးခပ္ထူထူထပ္လူးကာေကာင္ေလးကိုကုတင္ထက္ဝယ္အေသအခ်ာေနရာခ်ေပးၿပီးေစာင္ထုပ္ေလးထဲထည့္ေပးလိုက္သည္....
"အိပ္ေတာ့..."
"ပုတ္သိပ္"
"အင္း..."
စိုင္းေနာင္ကပုတ္သိပ္ခိုင္းေတာ့ထြဋ္ဝင္းကလည္းအေပၚကေနသိုင္းဖက္လို႔ေက်ာေလးကိုပုတ္သိပ္ေလရဲ႕....စိုင္းေနာင္ေလးကေတာ့ေပ်ာ္လြန္းလို႔မ်က္ရည္ေလးေတြက်လို႔ေပါ့....
တကယ္ဆိုသူသိေနခဲ့သည္...သူ႔ရဲ႕အေဖကကိုကိုတို႔အေဖကိုသတ္ခဲ့တဲ့အေၾကာင္း...အယ့္တာကလည္းမထင္မွတ္ပဲသိခဲ့ရတာ..အယ့္တာေၾကာင့္ကိုကိုသူ႔အေပၚမုန္းတာကိုအျပည့္အဝနားလည္သည္...အယ့္အေၾကာင္းေတြသိခဲ့ရတဲ့ေန႔တုန္းကသူသိပ္ကိုေပ်ာ္သလိုသိပ္ကိုလည္းဝမ္းနည္းခဲ့ရေသးတာ။ဘာလို႔ဆိုေတာ့သူခ်စ္တဲ့ကိုကိုနဲ႔သူ႔ၾကားမွာညီအကိုဆိုတဲ့စည္းႀကီးမရွိေတာ့လို႔အခ်စ္ေတြကိုခ်ိဳးႏွိမ္မ်ိဳသိပ္ေနစရာမလိုေတာ့လို႔။ေနာက္တစ္ခုကေတာ့သူဟာကိုကို႔အတြက္အျပစ္သားမို႔လို႔...ကိုကိုမုန္းတဲ့သူမို႔လို႔...ခံစားခ်က္ေတြစုံခဲ့တဲ့ေမ့မရခဲ့တဲ့ေန႔ေလး...အယ့္ေန႔တည္းကကိုကိုကသူ႔ကိုဆိုတစ္နည္းနည္းနဲ႔နာက်င္ေအာင္လုပ္တက္သလိုသူကလည္းထိုနာက်င္မႈေတြကိုမေရွာင္တိမ္းခဲ့ဘူး....ဘာလို႔ဆိုေတာ့အနာေပးၿပီးေဆးေပးတက္တဲ့ကိုကိုကအနာေတြေပးၿပီးရင္ေဆးေပးတဲ့အခါသိပ္ကိုၾကင္နာသည္မို႔....ဒီေန႔လည္းပဲသူေက်ေက်နပ္နပ္နဲ႔ကိုအပူေလာင္ခံခဲ့တာ...ကိုကိုေပးမယ့္ေဆးေလးတစ္ခြက္ကိုလိုခ်င္မိလို႔....ကိုကို႔ကိုအယ့္ေလာက္ထိကိုခ်စ္တာ...ကိုကို႔အမုန္းေတြကုန္မယ့္တစ္ေန႔ေတာ့သူ႔ကိုျပန္ခ်စ္လာမယ္လို႔ယုံၾကည္ထားတယ္....
စိုင္းေနာင္သည္ထြဋ္ဝင္း၏ရင္ခြင္ထဲသို႔ပို၍တိုးဝင္ရင္းအိပ္စက္ရန္ျပင္လိုက္သည္။ခုေတာ့ေကာင္းေကာင္းအိပ္ႏိုင္ပါၿပီကိုကို႔ရင္ခြင္ထဲမွာမို႔....ေတာင္းပန္ပါတယ္ကိုကို၊ခ်စ္တယ္..........
ထိုေန႔ညကရင္ခြင္က်ယ္တစ္ခုထဲမွာအိပ္ေပ်ာ္သြားတဲ့ေကာင္ေလး...သူမသိလိုက္တာေလးတစ္ခုရွိပါေသးသည္...အယ့္တာကေတာ့သူေခါင္းေလးကိုတစ္ညလုံးခိုးနမ္းေနတဲ့ေကာင္ေလးရွိသည္ဆိုတာကိုေပါ့........
ဖတ္ရတာအဆင္ေျပရဲ႕လားရွင့္
တိုတယ္လို႔မထင္ပါနဲ႔ေနာ္တကယ္လည္းတိုတာမို႔😂
စတာပါသီတင္းကြၽတ္ေန႔ေလးမွာအတူးေလးတို႔ကိုေပ်ာ္ပဲေပ်ာ္ေနေစခ်င္လို႔ပါ။ေနာက္ဟာေတြဆက္ေရးရင္ေဒါသေတြထြက္ေနၾကမွာစိုးလို႔ဒီမွာတင္ျဖတ္လိုက္တာပါ။ဒီေန႔ေတာ့ပုစိေလးroလိုက္တယ္ေနာ္။
ေပ်ာ္စရာသီတင္းကြၽတ္ေလးျဖစ္ပါေစေနာ္အသည္းအသက္ကေလးတို႔ေရ။
႐ႊန္းကေျပာမွားဆိုမွားေတြရွိခဲ့ရင္လည္းခြင့္လႊတ္ေပးၾကပါ။စိတ္ခ်မ္းသာကိုယ္က်န္းမာနဲ႔ကိုယ့္ဘဝေလးနဲ႔ကိုယ္ေပ်ာ္ၾကပါေစေနာ္❤
ခ်စ္လ်က္
အ႐ႊန္းေလး🙆♀️