Unicode&Zawgyi
Unicode
"ဒီနေ့meetingရှိတယ်နော်huyng"
"အင်းသိတယ်Namjoon"
"အင်း...အဲ့ဒါဆိုညနေမှစုံမယ်"
"အေး"
ညီလေးရဲ့ဖုန်းကိုဖြေပြီးတော့ကြည့်လက်စစာရွက်စာတမ်းတွေနဲ့လုပ်လက်စအလုပ်တွေကိုပဲဆက်လုပ်နေမိတယ်....ဒီနေ့ညနေဆိုညီအစ်ကိုသုံးယောက်ဆုံကြဉီးမှာပဲ။တစ်ပတ်တစ်ခါလောက်ပဲညီအစ်ကိုသုံးယောက်ဆုံပြီးတော့လုပ်ငန်းတွေအကြောင်းတိုင်ပင်လေ့ရှိတယ်။
ဒါတောင်တစ်ပတ်တစ်ခါ။ညီအစ်ကိုသုံးယောက်တူတူနေရတယ်လို့ကိုမရှိ။မိသားစုပုံစုံနွေးနွေးထွေးထွေးလည်းမနေရ။ဒါတွေအကုန်လုံးသူတို့ကြောင့်မို့။
စောင့်နေလိုက်ပါ....လောကကြီးရဲ့တရားမျှတမှုဆိုတာကိုကျုပ်ကိုယ်တိုင်ဆက်ဆက်ပြမှာမို့....စောင့်နေလိုက်ပါ။
~~~~~~~~~
"ဉက္ကဌစုံစမ်းခိုင်းထားတဲ့ J&K Groupရဲ့ရှယ်ယာအတက်အကျနဲ့သူတို့ရဲ့လုပ်ငန်းလည်ပတ်မှုတွေပါ။
ခုလောလောဆယ်သူတို့groupကနေပြီးတော့ Brandအသစ်မိတ်ဆက်မယ်လို့ကြားပါတယ်။
နောက်ပြီးစီးပွားရေးပညာရှင်တွေကတော့သူတို့ရဲ့နောက်ထွက်မယ့်brandအသစ်ကအောင်မြင်နိုင်ချေများတယ်လို့လည်းခန့်မှန်းနေကြပါတယ်"
"ကောင်းတယ်....ထားလိုက်ခုတော့သူတို့အောင်မြင်လက်စနဲ့ပိုပြီးအောင်မြင်ပါစေဉီး။လူဆိုတာအမြင့်ဆုံးကိုရောက်လေလေပိုပြီးလောဘတက်လေလေပဲ။
ဟိုးအမြင့်ဆုံးကိုရောက်မှရိုက်ချလိုက်ရင်။
ဘယ်လောက်တောင်ချိုမြိန်လိုက်မလဲ...တွေးကြည့်လိုက်စမ်း....အဟက်"
နှုတ်ခမ်းကိုမဲ့ကာဆိုလာတဲ့သူ့စကားတွေကသူ့ရဲ့သွေးအေးစွာရက်စက်တတ်တဲ့အကျင့်ရဲ့သက်ေသတွေဆိုလည်းမမှား။
စီးပွားရေးလောကဆိုတာအမေဇုန်တောကြီးလိုပဲလေ။သူတို့တွေကတော့တောထဲကတိရစ္ဆာန်ပေါ့။
အမဲမလိုက်နိုင်တဲ့သားရဲကတော့အစာငတ်မှာပဲ။
သားရဲထက်ကျော်မပြေးနိုင်တဲ့တိရစ္ဆာန်ကလည်းသေမှာပဲ။ ဒါကိုကစီးပွားရေးလောကရဲ့နိယာမ။
"ဒါနဲ့....hyungတို့ကိုကျွန်တော်ပြောစရာရှိတယ်"
"အင်း...ပြောလေTaehyung"
"ဟိုဟာလေ...ကျွန်တော်Jiminနဲ့တွဲနေပြီ"
"ဘာ.."
ဒီတစ်ခါတော့ထပြောလိုက်တာNamjoon
"အင်း...အဲ့တော့"
"မဟုတ်မှလွဲရော..မင်းတို့လက်ထပ်ဖို့စဉ်းစားနေတာတော့မဟုတ်ပါဘူးနော်"
"Namjoon hyungကလည်း....ကျွန်တော်တို့ရဲ့ပန်းတိုင်ကိုမရောက်မချင်းကျွန်တော်လက်ထပ်ဖို့မတွေးသေးဘူး....ခုကလည်းတွဲနေရုံပါ"
"အင်း...ကောင်းကောင်းတွဲကြည့်ပေါ့.....Mochiလေးကလည်းလိမ္မာပါတယ်...သူ့ကိုစိတ်ညစ်အောင်မလုပ်မိစေနဲ့ပေါ့"
"Jin hyungကလည်းကျွန်တော့်Mochiလေးကိုကျွန်တော်စောင့်ရှောက်နိုင်ပါတယ်"
"ဒါနဲ့Namjoonရော.....အလုပ်တွေအဆင်ပြေရဲ့လား"
"ဟုတ်....အားလုံးအဆင်ပြေပါတယ်...hyung"
"အေးပါ...hyungညီတွေကိုhyungကယုံပြီးသား"
"ယောင်းငယ်လေးရော LAဘယ်တော့ပြန်မှာလည်း"
"အင်း...သိပ်တော့မသေချာသေးဘူး တစ်ပတ်လောက်နေဖြစ်ဉီးမယ်ထင်တယ်....သေချာတာကတော့အကြာကြီးမနေဘူး....ဟိုကဒေါသအိုးပေါက်စကိုကြောက်ရတယ်လေ"
"အေးပါ...နောက်တစ်ခါပြန်လာရင်လည်းMochiလေးကိုခေါ်ခဲ့ဉီး.....သတိရလွန်းလို့"
"အဲ့တာတော့hyungပဲပြောတော့...သိတယ်မို့လားသူကhyungစကားကိုပဲစကားလို့သတ်မှတ်တာလေ"
Jiminဆိုတာသူတို့ညီအစ်ကိုသုံးယောက်လုံးနိုင်ငံခြားမှာကျောင်းသွားတက်တုန်းကTaehyungရဲ့အခန်းဖော်....သူကအိမ်သက်သက်ခွဲမနေဘဲသူ့တို့နဲ့တူတူနေတာမို့လို့မိသားစုတွေလိုတောင်ဖြစ်နေပြီ
အေးလေ....ဒီလောက်ရင်းနှီးနေတာဆိုတော့မဆန်းပါဘူး....
"ယောင်းငယ်လေးကတော့hyungဆီမှာနေမယ်မဟုတ်လား"
"ဟုတ်hyung...ကျွန်တော်မပြန်ခင်hyungဆီမှာပဲနေတော့မယ်"
"အဲ့ဒါဆိုJin hyungကျွန်တော်ပြန်တော့မယ်"
"အေး..အေး...လက်စနဲ့Soobinကိုပါပြန်ပို့လိုက်တော့လေ....Namjoonနဲ့လိုက်သွားလိုက်တော့နော်Soobin"
"ဟုတ်...ဉက္ကဌ"
~~~~~~~~~~~
ဒီညနေလည်းဂျောင်ကုတစ်ယောက်Book Cafeကိုရောက်လာပြန်သည်။အားတဲ့အချိန်တိုင်းဒီကိုလာပြီးကော်ဖီလေးသောက်စာအုပ်လေးဖတ်အပြင်ကိုငေးနေရတာကိုကဘာနဲ့မှမလဲနိုင်တဲ့ခံစားမှု။ သေးငယ်တယ်ဆိုပေမယ့်သူ့အတွက်တော့ပျော်ရွင်မှုတစ်ခု။
Book Cafeကိုရောက်တယ်ဆိုရင်ပဲအစ်ကို့ကိုသတိရမိပြန်သည်။ ခုရက်ပိုင်းသူအစ်ကိုနဲ့အရမ်းတွေ့ချင်လာသည်။ ဘာလို့လည်းတော့သူကိုယ်တိုင်လည်းမသိ။
သူလည်းကော်ဖီတစ်ခွက်မှာကာစာအုပ်လေးရွေးပြီးထိုင်ဖို့ရာဘေးဘီကိုဝေ့ကြည့်လိုက်တော့မြင်လိုက်ရတဲ့အရိပ်လေးကြောင့်ပျော်သွားတာတော့အမှန်။
စာအုပ်ထဲမှာပဲနစ်မြုပ်နေပုံရတဲ့အစ်ကိုကသူလာနေတာကိုမမြင်
Shirtလက်ရှည်အဖြူလေးကိုတံတောင်ထိခေါက်တင်ထားပြီးမျက်မှန်လေးတပ်ထားတဲ့အစ်ကိုကလူအများကြားထဲထင်းထွက်နေအောင်ကိုချောလွန်းသည်။
စာအုပ်ဖတ်မပြတ်စေဘဲလက်တစ်ဖက်ကကော်ဖီခွက်ကိုယူကာနှုတ်ခမ်းကိုတေ့ပြီးသောက်လိုက်ပုံကအစခမ်းနားလွန်းသည်။ ပြည့်စုံလွန်းပါတယ်အစ်ကိုရယ်။
နေပါဉီး..သူဘာတွေတွေးနေတာပါလိမ့်.....အစ်ကို့ကိုမြင်တာနဲ့တင်ဘယ်ဘက်ရင်အုံကပုံမှန်ထက်အခုန်မြန်နေတာဘာကြောင့်လည်း....မျက်နှာတစ်ခုလုံးလည်းပူရှိန်းရှိန်းနဲ့
Jeon Jungkookရေစိတ်ထိန်းစမ်း။
ခေါင်းကိုတစ်ချက်ခါယမ်းလိုက်ပြီးအစ်ကို့ဆီကိုပဲတည့်တည့်မတ်မတ်လျှောက်သွားလိုက်သည်။လှမ်းတာတောင်ခြေလှမ်းတွေကသိပ်မခိုင်ချင်.....ဟူး မလွယ်ပါလားနော်။
"အစ်ကို "
"ဪ.....ဂျောင်ကု.လာလေ ကော်ဖီလာသောက်တာလား"
"ဟုတ်...အစ်ကို ဒါနဲ့အစ်ကိုကရော"
"ဒီလာမှပေါ့စာအုပ်ဖတ်ရင်းကော်ဖီသောက်ဖို့ပေါ့ CEOပေါက်စရဲ့"
အစ်ကို့ရဲ့နာမ်စားကြောင့်သူ့ရင်ထဲတစ်မျိုးတစ်မည်တော့ခံစားသွားရတာတော့ငြင်းလို့မရ။ရှေ့ကလူကြီးကိုကြည့်လိုက်တော့သူမဟုတ်တဲ့အတိုင်းစာအုပ်ဖတ်မပျက်။
"ဒါနဲ့အစ်ကိုကဘာအလုပ်လုပ်လည်း"
"ဘာမှမလုပ်ဘူး"
"ဟင်"
ပြောလိုက်တော့မျက်လုံးလေးပြူသွားပြီးသူ့ကိုတအံံ့တသြနဲ့ပြန်ကြည့်လာတဲ့သူ့ရှေ့ကကောင်လေးဟာဖြင့်တကယ်ကိုဖြူစင်ပြီးရိုးသားလွန်းသည်။
ဒီကလေးဘယ်လိုပုံစံမျိုးနဲ့စီးပွားရေးလုပ်နေတာပါလိမ့်နော်။
"အစ်ကိုမနောက်ပါနဲ့....ဘာမှမလုပ်ဘဲဘယ်လိုစားသောက်နေထိုင်မှာလဲ"
"ဒီတိုင်းသူငယ်ချင်းတစ်ယောက်ရဲ့ကုမ္ပဏီမှာရှယ်ယာဝင်ထားပြီးရတဲ့အကျိုးအမြတ်နဲ့ပဲအေးအေးဆေးဆေးနေတယ်"
ကုမ္ပဏီတော်တော်များများရဲ့ရှယ်ယာအများဆုံးနဲ့မရေမတွက်နိုင်တဲ့ကုမ္ပဏီတော်တော်များများရဲ့ဉက္ကဌဆိုတာတော့ထုတ်မပြောဖြစ်လိုက်။
ဒီကလေးကိုသူ့ရဲ့သာမန်ဘဝကိုပဲပြချင်သည်။
"မိုက်တာပေါ့နော်.....ဒါနဲ့ဒီတစ်ပတ်ပိတ်ရက်အစ်ကိုအားလား"
"ဪ....ဒီပေါက်စနဲ့ အလုပ်လက်မဲ့ပါဆိုမအားဘဲရှိမလား"
"အစ်ကိုကလည်းကျွန်တော်ကိုပေါက်စ...ပေါက်စနဲ့မခေါ်ပါနဲ့..ကျွန်တော်ကုမ္ပဏီမှာဆိုအထက်လူကြီးဗျ"
"ဘာလည်း...မူကြိုကလေးတွေရဲ့အထက်လူကြီးလား"
"ဟာ...အစ်ကိုနော်"
သူစလိုက်တော့နှုတ်ခမ်းလေးထော်လာပြီးသူ့ကိုပြန်ပြောတဲ့ပုံစံလေးကတကယ့်ကိုချစ်စရာကောင်းလွန်းသည်။ဘယ်စီးပွားရေးလုပ်ငန်းရှင်ကိုမှအလုပ်စကားကလွဲပီးအပိုစကားမပြောတတ်တဲ့သူကဒီပေါက်စကြတော့စလို့နောက်လို့ပါလား။
ကင်ဆော့ဂျင်ရေ......မင်းတော့ပူလောင်မယ့်အရိပ်အယောင်တွေမြင်နေရပြီ။
"ဒါနဲ့ခုနကအားလားလို့ဘာလို့မေးတာလဲ"
"မဟုတ်ပါဘူး...ပိတ်ရက်တွေဆိုပျင်းလို့အပြင်သွားချင်တာတစ်ယောက်တည်းဖြစ်နေလို့ အစ်ကို့ကိုအဖော်ညှိမလို့".
"ကိုယ်နဲ့သက်တူရွယ်တူသူငယ်ချင်းတွေနဲ့သွားပါလား....ကိုယ်နဲ့ကျအဆင်ပြေပါ့မလား"
"အစ်ကိုကလည်းကျွန်တော့်မှာသူငယ်ချင်းမှမရှိတာ"
ပြောရင်းနဲ့မျက်နှာလေးညိုးကျသွားပြီးအသံလေးပါတိမ်ဝင်သွားတဲ့ကောင်လေးကြောင့်စိတ်မကောင်းဖြစ်မိသည်။
နေပါဉီးဒီကောင်လေးသူငယ်ချင်းမရှိဘူးဆိုတော့ကျောင်းတက်နေတဲ့တစ်လျှောက်လုံးဘယ်လိုနေခဲ့ပါလိမ့်။သူ့လိုလူတောင်Yoongiဆိုတဲ့သူငယ်ချင်းရှိခဲ့သေးတာကို။
"ရတယ်လေ..တွေ့ကြတာပေါ့......ဘယ်သွားချင်လို့လည်း"
"အစ်ကိုစက်ဘီးစီးတတ်လား"
"အင်း စီးတတ်တယ်....ဘာလို့လည်း"
"အဲ့တာဆိုကျွန်တော့်ကိုသင်ပေး"
"အသက်၂၀ကေျာ်နေတာကိုစက်ဘီးမစီးတတ်ဘူးလား.....အထက်လူကြီးလေးရဲ့"
"အစ်ကိုကလည်း....အသက်၂၀ကေျာ်တိုင်းစက်ဘီးစီးတတ်ရမယ်လို့ဘယ်သူပြောလို့လည်း....ပြီးတော့လည်းစက်ဘီးစီးတတ်မှCEOလုပ်ရမှာလား"
"ဟုတ်ပါပြီဗျာ.....အဲ့တာဆိုhyungပြန်တော့မယ်.....ပိတ်ရက်မှတွေ့မယ်...ပေါက်စ"
ပြောရင်းနဲ့ခေါင်းကိုပုတ်ပြီးထထွက်သွားတဲ့အစ်ကို။
ဘာပဲဖြစ်ဖြစ်ပါလေ...ဒီတစ်ပတ်ပိတ်ရက်ကတော့သေချာပေါက်လှပနေတော့မှာပါ။
~~~~~~~~~~~
နောက်တစ်ပိုင်းလည်းပြီးသွားပြန်ပြီ။
ဖြစ်နိုင်ရင်လေဒီficလေးပတ်သတ်ပြီးတစ်ခုလောက်ပြောသွားပေးနိုင်မလား။ခုမှစရေးတာဆိုတော့လိုအပ်ချက်တွေရှိနေနိုင်လို့ပါ။
ဖတ်ပေးကြတဲ့တစ်ယောက်ချင်းဆီကိုလည်းကျေးဇူးတင်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi
"အင်းသိတယ်Namjoon"
"အေး"
~~~~~~~~~
နှုတ်ခမ်းကိုမဲ့ကာဆိုလာတဲ့သူ့စကားတွေကသူ့ရဲ့သွေးအေးစွာရက်စက်တတ်တဲ့အကျင့်ရဲ့သက်သေတွေဆိုလည်းမမှား။
"အင်း...ပြောလေTaehyung"
"ဘာ.."
"အင်း...အဲ့တော့"
"Jin hyungကလည်းကျွန်တော်Mochiလေးကိုကျွန်တော်စောင့်ရှောက်နိုင်ပါတယ်"
"အဲ့တာတော့hyungပဲပြောတော့...သိတယ္မို့လားသူကhyungစကားကိုပဲစကားလို့သတ်မှတ်တာလေ"
"ဟုတ်...ဉက္ကဌ"
~~~~~~~~~~~
"အစ္ကို "
"ဟုတ်...အစ္ကို ဒါနဲ့အစ်ကိုကရော"
"ဘာမွမလုပ္ဘူး"
"ဟင်"
ပြောလိုက်တော့မျက်လုံးလေးပြူသွားပြီးသူ့ကိုတအံ့တသြနဲ့ပြန်ကြည့်လာတဲ့သူ့ရှေ့ကကောင်လေးဟာဖြင့်တကယ်ကိုဖြူစင်ပြီးရိုးသားလွန်းသည်။
"ဟာ...အစ်ကိုနော်"
"အစ္ကိုစက္ဘီးစီးတတ္လား"
"အသက်၂၀ကျော်နေတာကိုစက်ဘီးမစီးတတ်ဘူးလား.....အထက်လူကြီးရဲ့"
"အစ်ကိုကလည်း....အသက်၂၀ကျော်တိုင်းစက်ဘီးစီးတတ်ရမယ်လို့ဘယ်သူပြောလို့လည်း....ပြီးတော့လည်းစက်ဘီးစီးတတ်မှCEOလုပ်ရမှာလား"
~~~~~~~~~~~