Devil System(U+Z)

By Yukichan65

488K 44.6K 918

စက်​ပညာတိုးတက်​​ခေတ်​မှီလာ​သောအချိန်​တစ်​ခု.... လူသားများကိုယ်​တိုင်​ဝင်​​ရောက်​ကစားနိုင်​​သောsystemကြီးဟာထိ... More

Devil System
Arc1-1
Arc1-2
Arc1-3
Arc1-4
Arc1-5
Arc1-6
Arc1-7
Arc1-8
Arc1-9
Arc1-10
Arc1-final
Devil System (in the space)
တောင်းပန်​ခြင်း...
Arc2-1
Arc2-2
Arc2-3
Arc2-4
အ​ကြောင်းကြားခြင်း....
Arc2-5
Arc2-6
Arc2-7
Arc2-8
Arc2-9
Arc2-10
Arc2-11
Arc2-final..
Arc3-1
Arc3-2
Arc3-3
No update
Arc3-4
Arc3-6
Arc3-7
Arc3-8
Arc3-9
Arc3-10
Arc3-11
Arc3-12
Arc3-13
Devil System-In Space
Arc4-1
Arc4-2
Arc4-3
Arc4-4
Arc4-5
Arc4-6
sorry for late
Arc4-7
Arc4-8
Arc4-9
Arc4-10(🚨🚨🚨)
Arc4-11
Arc4-12
Devil System-(Real life)
Arc5-1
Arc5-2
Arc5-3
Arc5-4
Arc5-5
Arc5-6
Arc-5-7
Arc5-8
Arc6-1
Arc6-2
Arc6-3
Arc6-4
Arc6-5
Arc6-6
Arc6-7
Arc6-8
Arc6-9
Pov:3
Arc7-1
Arc7-2
Arc7-3
Arc7-4
Arc7-5
Arc7-6
Arc7-7
Arc7-8
Arc7-9
Arc7-10
Arc7-11
Arc7-12
Han Hyung
In the Space
Arc8-1
Arc8-2
Arc8-3
Arc8-(4+5)
Arc8-4
Arc8-6
Arc8-7
Hi! I'm Allie
Arc8-8
Arc8-9
Arc8-10
Arc8-11
Arc8-12
Arc8-13
Arc8-Final
Real Life-1
Real life-2
Real Life-3
Real Life-4
Real life-5
Real Life-6
Real Life-7
Real Life-8
Real Life -9
Real Life-10
Real lie-11
Real Life -12
Real Life -13
Real Life-14
Real Life-15
Real Life-16
Real Life -End

Arc3-5

4.9K 479 2
By Yukichan65

" အားရွယ်​...အားရွယ်​...သား​လေးပြန်​လာပြီလား.."

ဟန်​ရွယ်​အိမ်​​တော်​သို့​ရောက်​သည်​နှင့်​ဖခင်​နှင့်​မိခင်ဆီသို့ဦးစွာဂါရဝပြုလိုက်​သည်​......။

ထုံးစံအတိုင်းဖခင်​သည်​​တော့​အေး​ဆေး​နေမြဲ....သို့​သော်​လည်း...သားတို့အားမိခင်​ကပိုချစ်​သည်​ဟူ​သောစကားနှင့်​အညီမိမိကိုစိတ်​ပူး​ပေးသည့်​လူရှိသည်​ဟူ​သောအ​တွေးသည်​နှင့်​မိမိအားပိုမိုအားတက်​​စေသည်​.....။

မိမိအားဂရုမပြု​သော်​လည်း...ဖခင်​ဟူသည့်​စိတ်​ကိုထည့်​၍ဂါရဝပြုလိုက်​သည်​.......။

" ညီမ​တော်​​လေး​ရောအဆင်​​ပြေပါရဲ့လား.."

ဟန်​ရွယ်​​ဘေးနားတွင်​​ရောက်​​နေသည့်​ညီမ​တော်​အား​မေးလိုက်​သည်​......။

ဝမ်​ရယ်​၏မိန်းမဖြစ်​သွားသူမို့မာနသည်​​ခေါင်​ခိုက်​​နေ​လေသည်​....သို့​သော်​လည်းမိမိဂရုမစိုက်​​ချေ.....ယခုဆိုလျှင်​သူမသည်​မူလဇာတ်​လမ်းနှင့်​​​လွဲ​ချေပြီဖြစ်​သည်​......။

အိမ်​​ထောင်​ရှိ​နေပြီဖြစ်​၍မိမိအားလုပ်​ကြံရန်​ဟူသည့်​သူ၏အ​တွေးတို့သည်​​ဝေးကွာ​လောက်​​ချေပြီဖြစ်​သည်​.......။

ဟန်​ရွယ်​မိမိအ​​တွေးနှင့်​မိမိမို့ပြုံး​နေမိသည်​.......။

" ​နေ​ကောင်းပါတယ်​...အစ်​ကို​တော်​​ရောကျန်းမာပါရဲ့လား...ကြည့်​ရတာ​တော့....ခန္ဓာကိုယ်​ကအရင်​ကထက်​သန်​မာလာတယ်​ထင်​တယ်​..."

မိမိအားခနဲ့တဲ့တဲ့ဆိုလာသည့်​သူမ...........။

" သန်​မာလာသင့်​တာ​ပေါ့...ဘာလို့ဆို...ရန်​သူဆိုတာ​ဘေးနားမှာရှိ​နေရင်​​တောင်​သိနိုင်​တာမဟုတ်​ဘူး​လေ...အရင်​လိုသာ​ပျော့ညံ​နေခဲ့ရင်​...ဒီကအစ်​ကို​တော်​ညံရာကျ​နေပြီ​ပေါ့...မဟုတ်​ဘူးလား...လူတကာကိုနိုင်​ခွင့်​မ​ပေးသင့်​​တော့ဘူး....အ​ခြေအ​နေအရကိုယ့်​ကိုတက်​နင်းသွားမဲ့လူကြီးပဲ​လေ...."

ဟန်​ရွယ်​မိမိအ​ပြော​ကြောင့်​မဲ​မှောင်​ကျသွားသည့်​လူတစ်​ချို့၏မျက်​နှာတို့အားအကဲခတ်​ကာစကားတို့အားရပ်​လိုက်​​လေသည်​......။

" အာ..ဒီကအစ်​ကို​တော်​စကားများသွားတယ်​...အနားယူဖို့သွားလိုက်​ပါအုံးမယ်​.."

**********************

" ဟွန့်​....အလကား...လူကြည့်​​တော့​ပျော့ညံတဲ့စိတ်​ကအခုထိမ​ပျောက်​​သေးပဲ...ဂုဏ်​ယူချင်​​နေတာ..ဟန်​ရွယ်​...နင်​အဲ့လိုလုပ်​​တော့​ရော....အ​ဖေကနင့်​ကိုအထင်​ကြီးလာမယ်​ထင်​​နေလား.."

လျူ​မေအခန်းထဲရှိပစ္စည်းတို့အားလွှင့်​ပစ်​၍ထင်​တိုင်းကြဲ​နေ​လေ၏....။
ထို့​နောက်​အခန်းထဲဝင်​လာသည့်​ဝမ်​ရယ်​........။

" ဝမ်​ရယ်​ကိုဂါရဝပြုပါတယ်​.."

ဝမ်​ရယ်​သူ၏ဇနီး​ချော​လေးအားစိတ်​​ပျော်​​စေရန်​ကျီစယ်​လိုက်​၏.....။

" ပစ္စည်း​တွေကိုခွဲရတာ​ကျေနပ်​ရဲ့လားအား​မေ...မ​ကျေနပ်​​သေးရင်​ကိုယ်​ဘာလုပ်​​ပေးရမလဲ.."

" မဟုတ်​ပါဘူး...အဲ့ဟန်​ရွယ်​ရဲ့မာန်​မာန​မောက်​မာ​နေမှုကိုကြည့်​မရတာပါ..အရင်​ကဆိုကျွန်​မကိုအဲ့​လောက်​ထိပြန်​မ​ပြောရဲတဲ့လူက.."

" စိတ်​မပူပါနဲ့...တကယ်​လို့အား​မေသာမကြိုက်​ရင်​ကိုယ်​စီစဉ်​​ပေးပါမယ်​..."

" ရှင်​​ပြောလို့စိတ်​ချရပါပြီ.....ရှင်​စုံစမ်း​နေတဲ့ကိစ္စ​ရောသိရပြီလား.."

" အင်း....ကိစ္စအားလုံးရှင်းလို့ပြီး​တော့မှာပါ...ဘယ်​သူမှ​တောင်​သိလိုက်​မှာမဟုတ်​လို့စိတ်​မပူပါနဲ့...ပြီး​တော့အဲ့​နေရာကကိုယ်​ပဲပိုင်​ရမှာ...မင်းက​တော့...ကိုယ့်​​ဘေးမှာ​အေး​ဆေး​လေး​နေ​ပြီး...ကိုယ့်​ကိုအား​ပေး​နေရုံပဲ.."

ဝမ်​ရယ်​မိမိချစ်​ရသူ​လေး၏ခန္ဓာကိုယ်​​လေး၏ရင်​ခွင်​ထဲထည့်​၍မျက်​လုံးတို့အား​မှေးစက်​ထားလိုက်​သည်​......။

နှုတ်​ခမ်းစတွင်​​တော့နာကျည်းမုန်းတီးမှုမနာလိုမှုဟူ​သောအပြုံးတစ်​ပွင့်​အားလဲချိတ်​ဆွဲထား၏.........။

*********************

" မနက်​ဖြန်​မနက်​အမတ်​ချုပ်​ကြီး၏အိမ်​​တော်​ကိုကြွမယ်​.."

ကျူးလင့်​ဘုရင်​၏ရုတ်​တရက်​ဆန်​လှ​သောအ​ပြော​ကြောင့်​အံသြသွား​လေသည်​.......။

ဝမ်​ရယ်​လက်​ထပ်​တည်းကတစ်​ခါမှလက်​ထပ်​ပွဲကိစ္စနှင့်​ဆိုင်​၍လည်းမသွားခဲ့​ချေ........။

ယခုမှအဘယ်​​ကြောင့်​.....။

ထပ်​မံအထွန့်​မတက်​ရဲ​သူမို့အမိန့်​အားနာခံကာထွက်​လာလိုက်​သည်​.........။

မင်​ဝမ်​ကျူးလင့်​အားမိန့်​ပြီး​နောက်​အနားယူရန်​ပြင်​လိုက်​သည်​.......။

ထို့​နောက်​တွင်​​တော့​ဘေးတွင်​ရှိသည့်​စားပွဲခုံ​ပေါ်မှ​ကျောက်​စိမ်းဆွဲပါး​လေးအားရင်​ဘတ်​၌တင်​ကာ​မှေးစက်​လာသည့်​မျက်​ဝန်းတို့.........။

ထို့​နောက်​လှပလွန်းသည့်​အိပ်​မက်​​လေး​ခေါ်​ဆောင်​ရာသို့..........။

သာယာလှသည့်​​နေ​ရောင်​ခြည်​​လေး၏​အောက်​တွင်​ပွင့်​လန်း​နေသည့်​ဇီးပန်းပွင့်​တို့.......။

လေနှင်​ရာ​ကြွေကျလာသည့်​ထိုပွင့်​ဖတ်​​လေးတို့အားဖမ်းယူ​ဆော့ကစား​နေသည့်​က​လေးနှစ်​ဦး............။

" အားရွယ်​....​ရော့ဒါ​လေးကိုယူထား.."

"ဒါကဘာလဲ.."

" မယ်​​တော်​မဆုံးခင်​ငါ့ကို​ပေးခဲ့တာ​လေ.....မယ်​​တော်​က​ပြောတယ်​ဒါ​လေးကခမည်း​တော်​သူ့ကို​တွေ့တုန်းက​ပေးခဲ့တာတဲ့....ပြီး​တော့...ငါတန်​ဖိုးထားတဲ့လူဆီကိုပဲဒါ​လေး​ပေးပါတဲ့.."

" ဟင်​...ဒါဆိုဘာလို့ကျွန်ေ​​​တာ့ကို​ပေးတာလဲ...."

" မင်းက...မင်းကငါအချစ်​ဆုံးညီ​လေး​လေ..ဒါ..ဒါ​ကြောင့်​​ပေးတာ..."

**********************

" မင်းကြီးကြွ..ကြွလာတယ်​..ဒီလိုနိမ့်​ကျတဲ့အိမ်​​တော်​ကိုကြွလာ​ပေးလို့​ကျေးဇူးတင်​ပါတယ်​.."

" အဆင်​​ပြေသလို​နေ​ပါ..."

မင်​ဝမ်​မိမိအားဂါရဝပြုလာသည့်​ထိုသူတို့အား​နေသာ​စေရန်​အမိန့်​​ပေးလိုက်​သည်​......။

ထို့​နောက်​မိမိ​ရှေ့မှနက်​​မှောင်​​နေသဘ့်​ဆံနွယ်​ရှည်​တို့အားထုံးဖွဲ့ထားကာကျက်​သ​ရေရှိလွန်းလှသည့်​​ကောင်​​လေးအားကြည့်​မိသည်​........။

ဦး​ခေါင်းကိုငုံ့ထားကာစကားတစ်​ခွန်းဆိုတစ်​ခွန်းမှဆိုမလာသည့်​ထိုလူသား​လေး​ကြောင့်​မိမိကပင်​​နေမရထိုင်​မရ​ပြောရ​လေ​တော့သည်​......။

" ဒီကစစ်​သုကြီးက...ကိုယ်​​တော့်​ကိုအိမ်​​တော်​တစ်​​လျှောက်​လိုက်​လြဲပသ​ပေး​စေချင်​ပါတယ်​.."

ထိုအခါမှ​မော့လာသည့်​ထိုလူသား​လေး...မျက်​နှာတစ်​ဝိုက်​တွင်​​တော့အံသြမှုတို့ကအတိုင်းသား.....။

မိုးပြာ​ရောင်​မျက်​ဝန်း​လေးတို့ကဝိုင်းစက်​လာ​လေသည်​.......။

မင်​ဝမ်​မိမိစိတ်​ထဲမှထိုလူသား​လေးအားပိုင်​ဆိုင်​ချင်​စိတ်​အားချိုးနှိမ်​ထားခဲ့လိုက်​သည်​.......။

'အခုချိန်​ထိ​ရှောင်​​နေ​သေးတာပဲ...မကြာပါဘူး..မင်းကကိုယ့်​အပိုင်​ဆိုတာအားလုံးသိရ​တော့မှာ..."

" အခွင့်​အ​ရေး​ပေးတဲ့အတွက်​မင်းကြီးကို​ကျေးဇူးတင်​ပါတယ်​.."

ခြံဝန်းထဲ​ရောက်​သည်​နှင့်​စတင်​စကားဆိုလာသည့်​သူ....ဆိုလာ​တော့လဲ​'​ကျေးဇူးတင်​ပါတယ်​တဲ့..'ဘာကိုတင်​တာလဲ...ဥယျာဉ်​ထဲ​ခေါ်လာခိုင်းလို့လား...ဒါမှမဟုတ်....ဘာကိုဆိုလိုသည်​ကို​တော့မိမိအားဆို​လေသည့်​ထိုစကားတို့၏ပိုင်​ရှင်​သာသိ​ပေလိမ့်​မည်​........။

(သာသာ့ကိုမ​မေးနဲ့​​နော်​သာသာလဲသိဘူးရယ်​😜😜​ပြောတဲ့လူပဲသိမှာဆို​တော့သာသာ​ပြောတဟုဘူး​လေ....သာသာ့ရဲ့အားရွယ်​​လေး​ပြောတာဆို​တော့..😁)

မင်​ဝမ်​ထိုစကားတို့၏အနက်​အဓိပ္ပါယ်​တို့အား​မေး၍မ​နေ...လက်​ထဲမှ​ကျောက်​စိမ်းဆွဲပြား​လေးအားမိမိ​ရှေ့မှထိုလူသား​လေးဆီသို့..........။

******************

ဟန်​ရွယ်​မိမိလက်​ထဲသို့ရုတ်​တရက်​​ရောက်​လာသည့်​ထို​ကျောက်​စိမ်းဆွဲပြား​လေးအား​သေချာကြည့်​ပြီး​နောက်​​ရှေ့မှထိုလူအားကြည့်​လိုက်​သည်​.........။

ခေါင်းထဲတွင်​​တော့​မေးခွန်းများစွာ.......။

(A/N:ဘာလဲဟ...ဟန်​ရွယ်​​လေးကသိဘူးထင်​တယ်​​နော်​😝😝
ဘိုလုပ်​ကြမလဲ...)

















Continue Reading

You'll Also Like

398K 53.3K 75
ရတယ်။ ကမ္ဘာပျက်တာ သိပ်အရေးမကြီးဘူး။ ငါရှိတယ်။ ငါက မင်းရဲ့ကမ္ဘာ။
1.9M 149K 180
Yaoi Ongoing ရည်းစားဖြစ်သူက အိမ်ကိုရောင်းပြီးအကြွေတွေ့နဲ့ပြစ်ထားခဲ့ချိန်မှာ ကလေးငယ်တစ်ဦးကကံကောင်းခြင်းတွေ့ကိုယူဆောင်လာပြီးနောက် yakuzaခေါင်းဆောင်နဲ...
1M 134K 174
(Myanmar*system fic) When MC and the Final Boss was the same person...... What about the boy who gave his soul to save the Final boss? What do you th...
28.7K 1.7K 10
Commentလေးတွေလိုက်ဖတ်ကြည့်တော့တစ်ယောက်တစ်မျိုးဆီဘယ်ဟာတော့ဘာရေးပေးပါလို့တောင်းထားတာလေးတွေတွေ့တယ် ဒါကြောင့်ဒီတစ်ခေါက်ရေးထားတဲ့One Shot မှာအကုန်ပေါင်းေ...