ဒီနေ့ မနက်ခင်းလေးက အရင်နေ့တွေထက်ပိုပြီး သာယာနေတယ်။ အိပ်ရေးဝလို့ ကြည်လင်နေတဲ့ စိတ်ရယ်ကြောင့် ပိုသာယာသလိုပဲ။
တစုံတခုရဲ့  အနွေးဓာတ်ကြောင့် တညလုံး ကောင်းကောင်း အိပ်ပျော်တယ်ထင်ပါရဲ့။
တစုံတယောက်ရဲ့ စိုက်ကြည့်နေသလိုခံစားချက်ကြောင့် မျက်လုံးလေးကို ဖွင့်ကမော့ကြည့်လိုက်သည်။
မနက်ခင်းလေးမှာ မိမိကိုရင်ခွင်ထဲ ထည့်ကာ အကြင်နာမျက်ဝန်းတွေနဲ့စိုက်ကြည့်နေတဲ့ ကျန့်ကော
"ကျန့်...ကျန့်ကော"
"နိုးပြီလား .."
"ဖယ်...ဖယ်အုံး"
"ဘာလို့လဲ တညလုံး ဟောဒီရင်ခွင်ကြီးထဲမှာ နှစ်နှစ် ခြိုက်ခြိုက်အိပ်နေပြီးတော့"
ရှက်သွေးဖျာနေတဲ့ ပါးလေးနဲ့ ရဲတွက်နေတဲ့နားရွတ်လေးက လုံးဝကို အသဲယာစရာကောင်းလွန်းတယ်။
"ရိပေါ်..မင်းရှက်နေတာလား?"
"မဟုတ်ပါဘူး.ဖယ် ထတော့မယ်"
ပြောပြီး ရိပေါ်က ရှုန်ထွက်တယ်။ ရှောင်ကျန့်က ပြန်ဆွဲဖက်ပြီး နားနားကပ်ခါပြောလိုင်သည်။
"မင်းသိလား..မင်းရှက်နေရင်အရမ်းလှတာပဲ"
ရှောင်ကျန့်ပြောလိုက်မှ ရိပေါ်မျက်နှာ တခုလုံး အရင်ထက် နီရဲလာသည်။ ရှောက်ကျန့်က ရိပေါ်ကို ကြည့်ပြီး သဘောကျစွားပြုံးလိုက်သည်။
ရှောင်ကျန့် အပြုံးကြောင့် ရိပေါ်တယောက် ရုတ်တရတ် ဝိညာဉ်လွင့်သလိုခံစားလိုက်ရသည်။
"မင်းသိလား ရိပေါ် ငါရဲ့ အချစ်ဦးကလဲမင်းပဲ"
.......
ငါရဲ့ အချစ်ဦးကလဲမင်းပဲ
ငါရဲ့ အချစ်ဦးကလဲမင်းပဲ
ငါရဲ့ အချစ်ဦးကလဲမင်းပဲ
ကျန့်ကော အဲ့လူကြီးနောက်နေတာတော့ မဟုတ်ပါဘူးနော်။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ
ငါ .. ငါက ရှောင်းရှောင်ကျန့်ရဲ့ အချစ်ဦး
ကျောင်းတုန်းကဆို ဟိုလူနဲ့ သတင်းထွက် ဒီလူနဲ့ သတင်းထွက်နဲ့
အဲ့လိုလူရဲ့ အချစ်ဦး
တကယ်ကြီးလား
ဘယ်ကထဲကလဲ ???
ဒေါက်ဒေါက်
"ရိပေါ် ကြာနေပြီ အအေးပတ်လိမ့်မယ် ထွက်ခဲ့တော့"
"အာ..အွန်းအွန်း"
တယောက်ထဲ ရေပန်းအောက်မှာ အတွေးများနေလိုက်တာ ကျန့်ကောရဲ့ သတိပေးသံကြားမှ သတိရလာတော့တယ်။
ဒီနေ့ ရှောင်ကျန့်နဲ့ dateဖို့ စီစဉ်ထားတယ်။
ကလေးနှစ်ယောက်ရမှ သူငယ်ပြန်နေရတာ နဲနဲတော့ ထူးဆန်းပေမယ့် ရင်လဲ ခုန်မိတယ်။
တကယ်တော့ ကလေးတွေကိုပြန်ခေါ်ဖို့ လုပ်ထားပေမယ့် ရှောင်ကျန့်က နောက့်နေမှဆိုလို့ ဒီနေ့ အပြင်ထွက်ဖြစ်ကြသည်။
မြစ်ကမ်းဘေးမှာ လမ်းရှောက်ရတာက တကယ်ကောင်းပါတယ်။
ဒါပေမယ့် ရိပေါ် စိတ်ထဲမှာတော့
'ငါရဲ့ အချစ်ဦးကလဲမင်းပဲ' ဆိုတာကြီးကပဲ ရောက်ရောက်နေတယ်
"ရိပေါ် ဂရုစိုက်"
ရှေ့ကိုကို မမြင်အောင် အတွေးများနေတဲ့ ကျွန်တော် ခလုပ်တိုက်ပြီးလဲကျတော့မလို့ ဖြစ်တော့ ဝင်ထိန်းပြီးပြောတယ်။
"နေမကောင်းဘူးလား မျက်နှာတွေလဲရဲနေသလိုပဲ"
"ဘာ..ဘာမှမဖြစ်ပါဘူး"
"ဟိုနားလောက်မှာထိုင်ခုံတခုရှိတယ် ခနလောက် ထိုင်ရအောင်"
"နေပါအုံး ခန
ပြောတော့ ကျွန်တော်က အချစ်ဦးဆို"
"အွန်းလေ"
"ဒါဆို ဒီလိုမြစ်ကမ်းဘေးမှာ အတွဲတွေ တလပုံတခေါင်းရှိတဲ့ ပန်ခြံထဲက အဲဒီခုံရှိမှန်းဘယ်လိုသိတာတုန်း
အဲ့နားမှာ ခုံရှိမှန်း ဘယ်လိုသိတာတုန်း
ရောက်ဖူးတယ်မို့ လား
ဒီကို ဘယ်ကောင်မနဲ့တုန်း ပြောပါအုံး"
"ရိပေါ်ရားးးး အဲ့လိုမဟုတ်ပါဘူး
ဒီတိုင်း သူငယ်ချင်းတွေနဲ့ တခေါက်လောက်ရောက်ဖူးရုံပါ"
"အော် သူငယ်ချင်းဆိုတာက
ယောက်ျားလေးလား မိန်းကလေးလား
တယောက်လား နှစ်ယောက်လား
သူငယ်ချင်းတွေနဲ့ တော်တော်ပျော်ခဲ့မှာပဲနော်
တော်ပြီ
ဗိုက်ဆာတယ်"
"အွန်း တခုခုသွားစားအောင်
ကို ဆိုင်ကောင်းကောင်းသိတယ်"
........
"ဆိုင်လေးက
အရမ်းroတာပဲနော်"
"ဟင်!!??"
"ပြောစမ်းပါအုံး ဒီလိုနေရာမျိုးကကော ဘယ်လို..."
"ရှာထားတာ."
"ဟမ်"
"မနက်က...မနက်က ရှာထားတာလို့
ကိုတို့ရဲ့ ပထမဆုံး dateဟုတ်သလို
ကိုရဲ့ ပထမဆုံး dateလဲမဟုတ်လား
ကိုနဲနဲလောက် ရှောက်စုံစမ်းထားတာ အဲ့ဒါကြောင့် သံသရတွေများမနေပဲ
စားတော့"
ကျန့်ကောက တကယ်ကို ချစ်ဖို့ကောင်းလွန်းတယ်။
2628words
27.10.2020
ပျောက်နေတာမဟုတ်ပါဘူးနော် ပစ်ထားတဲ့ VVIPလေးပြန်ရေးနေတာ
နောက်ပြီးWhite Oaths ဆိုတဲ့OCအသစ်လေးရေးထားတယ် ဖတ်ကြည့်ကြပါအုံးနော်
နတ်ဘုရားတွေကြားထဲ နဖူးပေါ်က အနီရောင် ကျောက်ကလေးနဲ့ "အဖြူရောင်နတ်ဘုရားလေး" နဲ့ မိစ္ဆာ လောကကို ချုပ်ကိုင်နိုင်တဲ့ အင်အားအကြီးဆုံး အနက်ရောင်နှဂါးမျိုးနွယ်ရဲ့ ဆက်ခံသူ
မိစ္ဆာလောကနဲ့ ကောင်ကင်ဘုံကြား ကျိန်စာသင့်ခဲ့ရတဲ့သူတို့နှစ်ယောက်
တယောက်ကနတ်သက်ကြွေပီး လူ့ပြည်ကို သက်ဆင်းခဲ့ရတယ်
တယောက်က နှစ်ပေါင်းမျွာားတိုင်အောင်ပျောက်ဆုံးနေတယ် တချိုက လုံးစပျောက်ကွယ်သွားပြီလို့ ထင်ကြေးပေးကြတယ်
နတ်ပြည်ကိုဆံမြန်းခွင့်ရတဲ့သူတိုင်း ကောင်းကင်ဘုံကို မတက်ခင် ကောင်ကင်ဘုံရဲ့ တာဝန်တခုကို ထမ်းဆောင်ရတယ်။ လူငယ်လေးတဦးက ခက်ခဲလွန်းတဲ့ တာဝန်ကို ထမ်းဆောင်ဖို့အတွက် လူပြည်မှာ နှစ်ပေါင်းအတော်ကြာ ကုန်ဆုံးခဲ့ရတယ်။ မိန်မပျိုလေးတဦးက သူရဲ့နှလုံးသားကိုမခိုးယူခင်အထိပေါ့။ နောက်ဆုံး သူကို ကောင်ကင်ဘုံက ဒါဏ်ခတ်တာကိုခံခဲ့ရတယ်။
ကောင်ကင်ဘုံရဲ့ "အဖြူရောင်နတ်ဘုရားလေး" ကိုပြန်ခေါ် ဖို့ပဲ။
သူမအောင်မြင်ခဲ့ဘူး
ခြေဖျားထိအောင်ရှိတဲ့ အဖြူရောင် ဆံနွယ်ရှည်တွေနဲ့ ကျွန်တော့ရဲ့ ရှောင်းရှစ်ဇွင်း
သူရဲ့ သူရဲ့ ဝတ်ရုံဖြူကြီးက လေထဲမှာ တလွင့်လွင့်နဲ့
သူရဲ့ နှဖူးပေါ်က အနီရောင် အမှတ်အသားလေး လင်းလက်မလာခင်အထိ အပြုံး နုနုလေးနဲ့ ကျွန်တော့အပေါ်ကိုစွန့်ကျဲနေကျ
နောက်ဆုံးတခေါက်တွေခဲ့တုန်းကတော့ ကျွန်တော်ရဲ့  ရုပ်ညံ့တဲ့သွေးကြောင့် ဓားဒါဏ်ရာတချက်နဲ့ တောင်အောက်ကိုပြုတ်ကျသွားတာကို မျက်တောင်မခတ်ကြည့်နေခဲ့တယ်
ဒါပေမယ့် အခုထိရှစ်စွန်းကိုလိုချင်နေတုန်းပဲ
ကျွန်တော် မသေပဲရှင်နေခဲ့တဲ့ အကြောင်းပြချက်က တခုထဲပဲ အကြောင်းပြချက်ကို သိချင်ခဲ့မိရုံပဲ
လသားအရွယ် ကျွန်တော့ရှေ့မှာပဲ ကျွန်တော့ အမေကိုသတ်ခဲ့တဲ့သူ
ကျွန်တော့်ကို သတ်ဖို့ကြိုးစားခဲ့တဲ့သူ
ကျွန်တော်တို့ အနက်ရောင်နှဂါးမျိုးနွယ်တခုလုံးကို ရှင်းလင်းခဲ့တဲ့သူ
ကျွန်တော်ကတော့ အဲ့ဒီသူကို လိုချင်နေတုန်းပဲ
အဲ့ဒီသူပြုံးနေတာကိုမြင်ချင်နေတုန်း
အံဒီသူ ဘေးမှာ ကပ်တွယ်နေချင်တုန်းဘဲ
........