အနောက်တောင်အရပ်က လွမ်းတဲ့အလွမ...
By flickstar1
40.6K 2.4K 42
❤ကိုယ်နေထိုင်ရာ အနောက်တောင်အရပ်ကနေ ခင်ဗျားရှိရာ အရပ်ကို လွမ်းတဲ့အလွမ်း❤ More
အပိုင်း-(၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
ဇာတ်သိမ်း
Special Part
အပိုင်း-(၁) (Unicode)
အပိုင်း-(၂) (Unicode)
အပိုင်း-(၃) (Unicode)
အပိုင်း-(၄) (Unicode)
အပိုင်း-(၅) (Unicode)
အပိုင်း-(၆) (Unicode)
ဇာတ်သိမ်း(Unicode)
အပိုင်း (၆)
1.1K 135 0
By flickstar1
အချစ်ဆိုတဲ့ ခံစားမှုရဲ့ သတ်မှတ်ချက်တစ်ခုမှာ
ကျွန်မက တစ်စုံတစ်ယောက်ကို ပထမနေရာပေးထားရင်
ကျွန်မကိုလည်း ပထမနေရာ ပြန်ပေးတာကိုပဲ လိုချင်ခဲ့တာပါ…။
********
"တို့တောင်းပန်ပါတယ် ကာ…ဒီရွေးချယ်မှုက မင်းအတွက် တရားမမျှတဘူးဆိုရင်လည်း တို့ကိုခွင့်မလွှတ်ဘဲ မုန်းပစ်လိုက်ပါ"
အစ်မရဲ့ စကားလုံးတိုင်းက လင်္ကာ့ရင်ကို အဆိပ်ပါတဲ့ဆူးတွေနဲ့ ပစ်သလိုတစ်ဆစ်ဆစ် နာကျင်ရတယ်ဆိုတာ အစ်မ မသိဘူးတဲ့လား…။ ထိန်းထားလို့ မရဘဲ ကျလာတဲ့ မျက်ရည်တွေကို လင်္ကာမသုတ်ဖြစ်ဘဲ ဟီးကနဲ အသံပြုကာ ငိုချလိုက်သည်။
"အီး…ဟီး…အစ်မ…ဟင့် ကျွန်မကို ကျွန်မကို အဲ့လို…မပြောပါနဲ့…ကျွန်မ အစ်မမရှိတဲ့ ဘ၀မှာမနေနိုင်လို့ပါ…ကျွန်မ အစ်မကို သိပ်ချစ်တာ…အစ်မကို လက်လွှတ်ဖို့ ဆိုတဲ့အကြောင်းကို မပြောပါနဲ့လား"
လင်္ကာက ငိုသံတွေရောစွတ်ရင်း ပြောတော့ အစ်မက ထိုင်နေတဲ့ ကုတင်အစွန်းလေးကနေပဲ လင်္ကာ့ကို ပြန်စောင်းကြည့်ကာ…
"အခုချိန် သူ့အနားမှာ တို့ရှိမှ ရမှာမို့လို့ပါ ကာ…သူနေမကောင်းဘူး…မကြာခင်ရက်ပိုင်းအတွင်းမှာ နှလုံးစက်တပ်ရမှာမို့လို့ operation၀င်ရတော့မယ်…ဒီနိုင်ငံမှာ တို့ကလွဲပြီး သူ့မှာတစ်ခြားတစ်ယောက်ဆိုတာ မရှိလို့ တို့ကိုနားလည်ပေးပါကာရယ်…ပြီးတော့ အစ်မတို့တွေ လမ်းခွဲလိုက်တယ်ဆိုပေမဲ့…ဒီတိုက်ခန်းကို အစ်မပြန်မတောင်းပါဘူး…တို့…"
"အစ်မ ကျွန်မကို ဘာလို့ အခုလိုဆက်ဆံရတာလဲ…ကျွန်မက အမရဲ့ လိုသုံးတစ်ယောက်မှန်း သိခဲ့တယ်…ဒါပေမဲ့ ကျွန်မ အစ်မကို သိပ်ချစ်ခဲ့တာတွေကြောင့် ကျွန်မအရာရာကို မသိချင်ယောင်ဆောင်ခဲ့တယ်…အခုကိစ္စကိုလည်း ကျွန်မ မသိသလိုနေပေးပါ့မယ် အစ်မရယ်…အစ်မ သူ့ဆီကိုသွားပါ…။အဲ့ယောကျာ်းကို ကြိုက်သလောက်ပြုစုစောင့်ရှောက်ပါ…။ ဒါပေမဲ့ ကျွန်မကိုတော့ အစ်မအနားကနေ အဝေးကိုတွန်းမလွှတ်ပါနဲ့…။ လမ်းခွဲမယ်ဆိုတဲ့ စကားမျိုး မပြောဘဲ…ကျွန်မကို အစ်မနားမှာပဲ နေခွင့်ပေးပါ…။ ကျွန်မ အရာအားလုံးကို နားလည်ပေးပါ့မယ်…။ အဲ့ကိစ္စအတွက် နောက်နောင်ကျွန်မ ပြဿနာလည်း မရှာသလို…."
"တော်ပြီ ကာ…မင်း တို့ကို ဘယ်လို မိန်းမစားလို သတ်မှတ်လိုက်တာလဲ…တို့ မင်းအပေါ်ကို မလုပ်သင့်တာတွေ လုပ်ခဲ့တယ် ဆိုတာမှန်ပါတယ်…ဒါပေမဲ့ ဒီထက်ပိုပြီး တို့တွေ မဖြစ်သင့်တော့ဘူး ကာ…တို့အတွက်ကြောင့်နဲ့ ဒီထက်ပိုပြီး မင်းကိုမနာကျင်စေချင်တော့ဖူး…တို့အကောင်းဆုံး လမ်းကိုရွေးလိုက်တာပါ…အစ်မကို မုန်းလိုက်ပါ ကာရယ်နော်…။"
ရှင်း က နောက်ဆုံးပြောလိုက်တဲ့ စကားအဆုံးမှာ မျက်ရည်တွေ ထွေကျလာပြီး ရင်ဘတ်ထဲမှာလည်း တစ်ခုခုက ထုရိုက်နေသလို နာနာကျင်ကျင် ခံစားလိုက်ရ၏။
မဖြစ်နိုင်ပါဘူးလို့ အတွေးထဲမှာ ငြင်းလိုက်ပြီး ဆေးရုံမှာ နှာခေါင်းမှာ ပိုက်တပ်ထားတဲ့ မာန့်ပုံလေးကို မြင်ယောင်လိုက်ကာ စိတ်တွေကို မာန့်ဆီကိုသာ ပို့ထားလိုက်သည်။ မာန့်မှာ ငါက လွဲပြီး ဘယ်သူမှမရှိဘူး ဆိုတာလေးပေါ့…။
"အကယ်၍ ကျွန်မလည်း အစ်မစွဲလမ်းနေတဲ့ အမျိုးသားလို အဖြစ်မျိုးဖြစ်ခဲ့မယ်ဆိုရင် ကျွန်မဆီကို အစ်မပြန်လာမှာလားဟင် အစ်မ"
ရှင်း တစ်သက်မှာ အခုလိုမျိုး ရှင်းဘ၀တစ်ခုလုံး ထိတ်လန့်စေမဲ့ စကားမျိုး တစ်ခါမှ မကြားဖူးဘူး…ရင်တွေဟာ တစ်ဒိန်းဒိန်း ခုန်လာရသည်။ ပြီးတော့ ရှင်းရဲ့ ခြေဖျားလက်ဖျားတွေဟာ အေးစက်ထုံကျင်လာတယ်…ကာ့ရဲ့ အဲ့စကားတစ်ခွန်းကြောင့်ပဲ…ရှင်း စိတ်တွေဘယ်လိုဖြစ်သွားမှန်း မသိ…။ တစ်ဖက်မှာက ရှင်း ဆယ်စုနှစ်တစ်ခုလောက် ချစ်ခဲ့ရသော ယောကျာ်း…နောက်တစ်ဖက်မှာတော့ ရှင်း လပိုင်းလေးသာ ရင်းနှီးကျွမ်းဝင်ဖူးခဲ့သော သူမ…။
"ကျွန်မကို မထားခဲ့ပါနဲ့ အစ်မရယ်…ကျွန်မဘ၀မှာ ထားခဲ့ခံရတာတွေနဲ့ နေသားကျနေကျဆိုတာ မှန်ပါတယ်။ ကျွန်မ လူမှန်း မသိတတ်တဲ့ အရွယ်ထဲက ကျွန်မမိဘတွေရဲ့ ထားခဲ့ခြင်းကို ခံရတယ်…။ ကျွန်မရဲ့ မွေးနေ့ မွေးရက် ဘယ်နေ့ဆိုတာ ကျွန်မ မသိဘူး…ကျွန်မရဲ့ ဆွေမျိုးသားချင်းဘယ်သူဆိုတာမျိုး ကျွန်မ မသိဘူး…ကျွန်မရဲ့ သိတတ်စအရွယ်ထဲက ကျွန်မသံယောဇဉ်ဆိုတာတွေကို ကျွန်မ မသိခဲ့ဘူး…အစ်မကို တွေ့တော့မှ ကျွန်မ ချစ်တတ်လာ…သံယောဇဉ်ဖြစ်တတ်လာတာပါ…ကျွန်မကိုဘယ်သူကပဲ ဘယ်လိုပုံစံနဲ့ ထားခဲ့ ထားခဲ့…ဘယ်သူကပဲ စွန့်ပစ် စွန့်ပစ် ကျွန်မ အဆင်ပြေပါတယ်။ဒါပေမဲ့ အစ်မ ထားခဲ့ခံရမှာကိုတော့ နေသားမကျချင်ဘူး…။ ကျွန်မကို…"
"တော်ပါတော့ ကာရယ်…တို့တွေ ဇာတ်လမ်းပြီးသွားပါပြီ။ တို့ ကိုမေ့လိုက်ပါတော့ ကလေးရယ်"
ရှင်းက ဒီနေရာမှာ ဒီထက်ကြာကြာရှိလာရင် ဆေးရုံပေါ်က မာန့်ကို စွန့်လွှတ်နိုင်တော့မဲ့ စိတ်တွေ ဖြစ်လာမယ်ဆိုတာ သိနေတာကြောင့် handbagလေးကောက်ကိုင်ပြီး ကာနေတဲ့ တိုက်ခန်းလေးကနေ ပြေးထွက်လာခဲ့သည်။ အံ့သြဖို့ကောင်းတာက ရှင်း မျက်ဝန်းမှာ မျက်ရည်တွေနဲ့ ရွှဲစိုလို့နေလေသည်။
ရှင်းတို့ရဲ့ တိုက်ခန်းလေးထဲမှာတော့ ကာ့ရဲ့ ငိုရှိုက်သံတွေနဲ့ စကားတွေကို ရှင်းမကြားနိုင်ခဲ့ပေ…။
"အစ်မ ကျွန်မကို အဲ့လိုမလုပ်လိုက်ပါနဲ့…ကျွန်မ ဘ၀မှာ အစ်မ မရှိရင် ကျွန်မရဲ့လက်ကျန်ဘ၀ကို ဘယ်လိုဖြတ်သန်းရမလဲ…ကျွန်မကို အဲ့လို မလုပ်လိုက်ပါနဲ့ အစ်မရယ်…ကျွန်မကို လမ်းမခွဲလိုက်ပါနဲ့"
"ကျွန်မ ဘ၀မှာ အစ်မ မရှိရင် မဖြစ်လို့ပါ…"
******
"ရှင်း"
"ရှင်း"
မာန့်ရဲ့ ခပ်ဆတ်ဆတ် အသံကြားတော့မှ ဖန်ခွက်ထဲထည့်နေတဲ့ ရေတွေဟာ ရှင်းလက်ပေါ်လျှံကျနေတာကို သတိထားမိသည်။ ရေသန့်ဗူးက ဘားကိုအလျင်အမြန်ပိတ်လိုက်ပြီး စားပွဲပေါ်ဖိတ်ကျနေသော ရေတွေကို ရှင်းက တစ်ရှူးစတွေ ယူပြီးသုတ်ပစ်လိုက်သည်။
"တစ်ခုခု ဖြစ်နေတာလား ရှင်း…ကိုယ့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဆရာဝန်က တစ်ခုခုပြောလိုက်လို့လား"
"မဟုတ်ပါဘူးး မာန်ရယ်…အဲ့လိုတွေ မတွေးပါနဲ့…ရှင်း ကုမ္ပဏီက အလုပ်လေးတွေးမိလို့ပါ…"
လိမ်လိုက်ရတာအား မာန့်ကို အားနာလွန်းလို့ ရှင်း မာန့်မျက်နှာကို စေ့စေ့မကြည့်ဖြစ်ခဲ့ပေ။ မာန့်အနားမှာ နေနေတဲ့ ဒီ၅ရက်တာက ရှင်းရဲ့ စိတ်တွေဟာ မာန့်ဆီမှာ မရှိတာကို ရှင်းကိုယ်တိုင်သာသိနေလေသည်။
"ရှင်း…ကိုယ်တို့ ခဏလောက်ဆေးရုံအပြင်လေး လေညှင်းခံထွက်မလား"
"မာန် လမ်းလျှောက်ချင်လို့လားဟင်"
"အင်း…ရှင်းလည်း လန်းသွားအောင်ရော…ကိုယ်လည်း အခန်းထဲ အမြဲကြီးနေရတော့ မွန်းကျပ်နေရတာကြောင့်ရောလေ"
"အင်းပါ မာန်ရယ်…"
ရှင်းက ဆေးရုံအင်္ကျီလေးသာဝတ်ထားတဲ့ မာန့်ကို အပေါ်ထပ်အင်္ကျီ လက်ရှည်လေးထုတ်ကာ ၀တ်ပေးလိုက်သည်။ မာန်က မွေးရာပါ နှလုံးရောဂါ ရှိတဲ့သူဖြစ်ပြီး အခုမြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ရောဂါဖြစ်ခြင်းပါ…။ ဒီမှာပဲ နှလုံးစက်တပ်ဖို့ ကိစ္စက ရောဂါအခြေအနေကြောင့် မြန်မြန်ဆန်ဆန်ဖြစ်သွားရသည်။
မာန့် မိဘတွေက မာန့်ရဲ့ အခြေအနေကြောင့် ဟိုကိုလည်း ပြန်ခေါ်လို့မရ…သူတို့ကလည်း ဒီကို ချက်ချင်းလာလို့မရတာကြောင့် မာန့်ဘေးနားမှာ ပြုစုဖို့ဆိုတာ ရှင်းတစ်ယောက်ပဲရှိတယ်ဆိုတဲ့ အသိနဲ့ မာန့်ကို ရှင်းရွေးချယ်လိုက်ရခြင်းပါ။
နွေးခနဲဖြစ်တဲ့ နှုတ်ခမ်းပေါ်က အနမ်းတွေနောက်မှာ မာန့်ရဲ့ မွတ်သိပ်ပြင်းရှတဲ့ အနမ်းတွေက နေရာယူကြ၏။ ရှင်းရဲ့ ပခုံးနှစ်ဖက်ကို ဖွဖွလေး ဆုပ်ကိုင်ထားတဲ့မာန့်ရဲ့ လက်နှစ်ဖက်က ရှင်းရဲ့ ပါးလေးနှစ်ဖက်ကို ကိုင်လိုက်ပြီး နမ်းတဲ့ အနမ်းတွေအောက်မှာ ရှင်းက အလိုက်သင့်လေးသာ တုံ့ပြန်နေလိုက်သည်။
ထူးထူးဆန်းဆန်း ရင်ခုန်သံတွေဟာ ရပ်တန့်နေပြီး မျက်ရည်တွေဝေ့လာရသည်ကို ရှင်းတစ်ယောက်သာသိနေလေသည်။ မာန်က အတော်ကြာကာမှ ရှင်း နှုတ်ခမ်းလေးတွေကို လွတ်လပ်ခွင့်ပေးလိုက်ပြီး ရှင်းကို သူ့ရင်ခွင်ကျယ်ထဲ ထည့်၍ ဖက်လိုက်ကာ…
"ကိုယ် မင်းကို သိပ်လွမ်းနေခဲ့တာ ရှင်းရဲ့…ဒီတစ်ခါတော့ မင်းကိုပဲ ကိုယ်ရွေးချယ်ပါတော့မယ် ရှင်းရယ်…"
"ရှင်းတို့ သွားကြရအောင်လေ မာန်"
မာန် ပြောတဲ့စကားကို ရှင်းက ဆက်နားမထောင်ဘဲ ဖြတ်ပြောကာ…မာန်ထိုင်ဖို့ ၀ှီးချဲလေးကို မာန့်အရှေ့ကို တိုးပေးလိုက်သည်။ မာန်က ဘာလုပ်မောမောနေတာကြောင့် ၀ှီးချဲအကူအညီဖြင့်သာ သွားနေရသည်လေ။
မာန့်ကိုသာ ၀ှီးချဲတွန်းပေးပြီး ဆေးရုံပန်းခြံကိုလျှောက်နေတာ ရှင်းစိတ်တွေက လွန်ခဲ့တဲ့ ရက်ပိုင်းထဲက တိုက်ခန်းကနေ ပျောက်သွားတဲ့ ကာ့ဆီမှာသာ…ဖုန်းဆက်တော့လည်း စက်ပိတ်ထား…ဆက်သွယ်လို့လည်းမရ…ရှင်းရဲ့ အတွင်းရေးမှူးမလေးအား ကာ့ရဲ့ ရုံးကိုသွားစုံစမ်းခိုင်းတော့လဲ လွန်ခဲ့တဲ့ ရက်ထဲက ဆေးခွင့်ယူထားတယ်လို့သာ သိရပြီး အဲ့ထက်ပို၍ ဘာမှမသိရ။ ရှင်းနဲ့ မတွေ့ခင်နေခဲ့သော အဆောင်မှာ စုံစမ်းခိုင်းတော့လည်း ကာက အဆောင်ကို မလာဘူးဟုသာ ပြောတာကြောင့် ကာ ဘယ်ရောက်နေသည်ဆိုတာ ရှင်း လုံးဝစုံစမ်း၍ မရခဲ့ပေ။
ရှင်းမှာ သူနဲ့ ချစ်သူသာ ဖြစ်ခဲ့တာ တွဲလာတဲ့ တစ်လျှောက်လုံးက သူ့ရဲ့ ဘာကိုမှ ရှင်းမသိခဲ့…မမေးခဲ့..ပြီးတော့ ရှင်း မသိချင်ခဲ့ပေ…အခုလိုအချိန်ကျမှ သူပြောသော နောက်ဆုံးစကားကြောင့် ရှင်း ကာ့ကိုစိုးရိမ်လို့နေလေသည်။
"အရေးပေါ်လူနာပါ….နည်းနည်းလေး လမ်းဖယ်ပေးကြပါ…အရေးပေါ်လူနာမို့လို့ပါ…"
အသံနှင့်အတူ ပြေးလွှားနေတဲ့ ဆရာဝန်တွေနဲ့နာ့စ်တွေကြောင့် ရှင်းက မာန့်ကိုတွန်းလာတဲ့ ၀ှီးချဲလေးကို ဘေးကိုကပ်လိုက်သည်။ လူနာကုတင်တွန်းလှည်းလေးပေါ်က မိန်းကလေးတစ်ယောက်သာ သိပြီး ဘယ်သူဆိုတာတော့ မမြင်လိုက်ရ…။
ပြီးတော့ ထူးထူးခြားခြား မြင်လိုက်ရတာက ရှပ်အကွက် ရေညှိစိမ်းရောင်လေးကိုပါ…အဲ့လို အင်္ကျီလေးလည်း ကာ့ဆီမှာရှိလို့လေ။ကာ့ကိုလည်း သတိရသွားပြီး ရှင်းစိတ်ထဲကလည်း တစ်ခုခုတော့ ထင့်နေမိပြန်သည်။
ဘာကိုတော့ ရှင်းမသိ…။
*****
အသိက နိုးတစ်ဝက် မေ့တစ်ဝက်ဆိုပေမဲ့ လင်္ကာ့ နားထဲမှာ အသံတွေကြားနေရသည်။ ပြီးတော့ စကားတွေ ပြောချင်နေပေမဲ့ ပါးစပ်ထဲက စကားသံတွေမထွက်ခဲ့…။ ဆရာဝန်တွေရဲ့ အသံတွေ မျက်လုံးကို မီးရောင်ထိုးနေတာတွေ…အေရးပေါ် အခန်းကို လင်္ကာ့အားခေါ်သွားတာတွေ…ခေါင်းတွေကိုခါယမ်းတော့ လင်္ကာ့ကို ဆရာမတစ်ယောက်က ချုပ်ထားလိုက်တာတွေ…လင်္ကာအကုန်သိနေသည်။
မျက်လုံးကိုအားကုန် ဖွင့်လိုက်တော့ ဆေးရုံတစ်ခုပေါ်ရောက်နေပြီး လင်္ကာက တွန်းလှန်းတစ်ခုပေါ်မှာ ပြီးတော့ မျက်လုံးထဲ မြင်လိုက်တာက ယောကျာ်းတစ်ယောက်ထိုင်နေတဲ့ ၀ှီးချဲကို တွန်းပေးနေတဲ့ အစ်မ…မျက်နှာက ပြုံးနေတာမှ အပြုံးတွေကြောင့် လှလိုက်တာ…လင်္ကာ့ကို အဲ့အပြုံးတွေမျိုး တစ်ခါမှ မပြုံးပြခဲ့ဖူးဘူးလေ…။
မြင်လိုက်တဲ့ မြင်ကွင်းကြောင့်လား ဘာရယ်ကြောင့်တော့ မသိ…လင်္ကာ့ ရင်ထဲက ပူလောင်လာကာ တစ်ခုခုကိုအန်ချလိုက်မှန်းတော့ သိသည်။ ပြီးမှ လွန်ခဲ့သော နာရီပိုင်းလောက်ထဲက သောက်ထားသည့် ဆေးတွေဆိုတာကို သတိရသွားပြီး ပျော်သွားသည်။
ထို့နောက် ခေါင်းတွေကို အတင်းခါယမ်းပြီး လက်ကိုထိုးနေသော အပ်ပိုက်တွေကို ဖြုတ်ပစ်သည်။ လင်္ကာ့ နှုတ်ကနေပြောနေတဲ့ စကားသံတွေက အပြင်ကို မထွက်လာဘဲ လည်ချောင်းဝမှာပင် တစ်စို့နေ၏။
"လင်္ကာအသက် မရှင်ချင်တော့ဘူး…ကျွန်မကို သေခွင့်ပေးပါ"
"လူနာ အခြေအနေမကောင်းဘူး…သတိလစ်လိုက် ပြန်လည်လိုက်ဖြစ်နေတယ်"
"သူက အတင်းရုန်းနေတာ ဆရာ…"
"အဲ့တာဆို သူ့လက်ကိုချုပ်ထားလိုက်လေ…မဟုတ်ရင် သူ့ကို မကယ်နိုင်ဘဲနေမယ်…"
"လူနာရှင်…လူနာရှင် ရှိလား"
"ကျွန်မပါ…ကျွန်မရှိပါတယ်"
"ချက်ချင်းခွဲရမှာမို့လို့ လက်မှတ်ထိုးပေးပါ"
"ဆရာ လူနာက လှုပ်ရှားမှုနည်းလာပြီး…အဆက်မပြတ် အန်နေတယ် ဆရာ"
"…………………………………….."
မကြီးမြင့်မြတ်ရဲ့ စကားသံတွေနဲ့ ဆရာဝန်တွေရဲ့ အသံတွေကို တိုးတိုးလေးတွေသာကြားရတော့ပြီး လင်္ကာ့ကမ္ဘာကြီး အမှောင်ကျသွားလေတော့သည်။
******
ရှင်း မျက်လုံးက ဆေးဝယ်ကောင်တာက အဲ့အမျိုးသမီးကို တွေ့လိုက်တော့ သေချာအထပ်ထပ် စဉ်းစားသည်။ ဟုတ်ပါတယ် ကာ့ရုံးမှာ ကာ့ရဲ့ အထက်က အစ်မကြီးဆိုတဲ့ တစ်ယောက်ဆိုတာ…။ ထွေထွေထူးထူး ဘာမှ မစဉ်းစားမိဘဲ ရှင်း အဲ့တစ်ယောက်ဆီကိုသာ ဦးတည်လိုက်သည်။
"ဒီက ဟိုလေ…"
ရှင်းစကားကြောင့် သူမက ရှင်းကိုမသိသည့် အကြည့်ဖြင့် ကြည့်သည်။
"ဟိုလေ လင်္ကာဖြူတို့ ရုံးကလား မသိဖူးရှင့်"
"လကာင့်္ကို ညီမက သိလို့လား"
"ဟုတ် သိပါတယ်…ညီမ နာမည် ရှင်းအမရာလင်း"
"သြော်"
ရှင်း အသံကြားတော့ သူမက အော်လို့သာတစ်ခွန်းပြောပြီး ၀ယ်စရာရှိသည့် ဆေးများကို ကောင်တာတွင် ဆက်ဝယ်သည်။
"ဟိုလေ…အစ်မ…ရှင်း…ကာနဲ့ အဆက်အသွယ်ပြတ်နေလို့ပါ….အစ်မရော ကာနဲ့ အဆက်အသွယ်ရလားသိချင်လို့ပါ…အကယ်၍"
"ကာ ဒီဆေးရုံမှာလေ…မနေ့ကပဲ ဆေးသောက်ပြီး ကိုယ့်ကိုယ်ကို သတ်သေလို့ ဒီကိုရောက်နေတာ…ညီမကျေနပ်လိုက်တော့နော်...သူလည်းတော်တော်လေးခံစားနေရလို့ အခုလိုလုပ်လိုက်တာနေမယ်"
ရင်တစ်ခုလုံးက ဆွဲဆုတ်ခံထားရသလို ရှင်းအသက်ရှူတွေ ကျပ်နေခဲ့တာ…နာကျင်လိုက်ရတာ…ကာရော ရှင်းလိုခံစားခဲ့ရဖူးတာလား…ကာ လို့ ရင်ထဲမှာ အထပ်ထပ်အခါခါခေါ်နေမိပြီး ကာ့ကိုစိုးရိမ်စိတ်တွေက ဒီရေလှိုင်းတွေလိုပါပဲ…ခြေလက်တွေအေးစက်လာပြီး…လူတစ်ကိုယ်လုံးကလည်း နေလို့ထိုင်လို့မရ ကတုန်ကယင်နဲ့…
"ကာ…ကာ…ဘယ်မှာလဲဟင် အစ်မ ပြောပြပေးပါ…ကာ ဘယ်မှာလဲဟင်…သူ…သူ သက်သာရဲ့လားဟင်"
"သက်သာပါတယ်…အခြေအနေက စောင့်ကြည့်ရမယ်လို့ပြောတာပဲ…ဒါပေမဲ့ ဒီနေ့ပဲ ဆေးရုံဆင်းပြီး တစ်ခြားဆေးရုံကိုပြောင်းတော့မှာ"
"ဟို ဘာဖြစ်လို့လဲဟင်…အစ်မ"
ထိုအစ်မက ရှင်းကိုကြည့်ပြီး ပြောဖို့ အင်တင်တင် ဖြစ်နေတာကြောင့်….ရှင်းက ထိုအစ်မရဲ့ လက်ကိုကိုင်လိုက်ကာ…
"ရှင်းကို ပြောပြပေးပါ…ကာနဲ့ပတ်သက်တဲ့ အကြောင်းက ရှင်းနဲ့လည်း သက်ဆိုင်နေတာမို့လို့ပါနော်"
"လင်္ကာက ဆေးရုံပြောင်းမယ်ပြောလို့ပါ…အရင်ကတော့ သူစုထားတဲ့ ပိုက်ဆံတွေကို တိုက်ခန်းဝယ်လို့ တစ်ဝက်ငွေချေလိုက်တယ်ပြောတာပဲ…အခုလည်း အစ်မတို့လို အခြေအနေနဲ့ဆိုရင် ဒီလိုဆေးရုံဆိုတာ အရမ်းကိုတတ်နိုင်ဖို့မလွယ်ဘူးလေ…မတတ်နိုင်ဖူးလို့ပဲပြောရမလား…သူဖြစ်တဲ့ အချိန်တုန်းကလည်း အနီးအနားဆိုလို့ ဒီဝိတိုရိယပဲ ရှိတော့ အစ်မတို့က ချက်ချင်းတင်လိုက်တာပါ…အစ်မက သူ့ကိုပြောပါတယ် ဒီမှာပဲဆက်နေဖို့နဲ့…ရုံးကနေ ထောက်ပံ့ကြေးတစ်ဝက်ရအောင်လုပ်ပေးမယ်လို့…ဒါပေမဲ့လည်း သူက suicide case ဆိုတော့ ရုံးကထောက်ပံ့ကြေးရဖို့လည်း မလွယ်လောက်သလို…သူကလည်း ဆေးရုံပြောင်းမယ်ပဲ အတင်းပြောနေလို့လေ…"
"သူ့ အခန်းဘယ်မှာလဲဟင် အစ်မ ရှင်းတွေ့လို့ရနိုင်မလား….သူ့ရဲ့ ဆေးကုသစရိတ် အကုန်ကိုရှင်းတာဝန် ယူပေးပါ့မယ်။ ရှင်းသူ့ကို တွေ့ချင်လို့ အစ်မ သူရှိမဲ့နေရာလေးကိုပြောပြပေးပါနော်"
ရှင်းရင်တွေဟာ အရမ်းကို မွန်းကျပ်လို့နေလေသည်။ တစ်ဖက်မှာ မာန်ဖြစ်နေပြီး တစ်ဖက်မှာတော့ ကာဖြစ်လို့နေလေသည်။ ရွေးချယ်ပါဆိုရင်တောင် ဘယ်သူ့ကိုရွေးချယ်ရမှန်း မသိသည့် အခြေအနေမှာ ဖြစ်နေပြီး တစ်ယောက်ယောက်ကို ရွေးချယ်လိုက်ရင်လည်း တစ်ယောက်ယောက်ဟာ ရှင်းကြောင့်နဲ့ပဲ ကျိန်းသေကို ပျက်စီးဖို့ရာဆိုတာ သေချာနေလေပြီ…။
မှိတ်ချလိုက်တဲ့ မျက်ဝန်းတွေအနောက်မှာ ပူနွေးနွေးမျက်ရည်တွေ ဖြစ်ပြီး အဲ့မျက်ရည်တွေနောက်မှာတော့ ကာ့ကို စိုးရိမ်သည့် စိတ်တွေနှင့်အတူ…မျက်နှာငယ်လေးနှင့်သာ ရှင်းကိုအရိပ်ရိပ်တကြည့်ကြည့်နေသော မကြာခင်ရက်ပိုင်းအတွင်းမှာ operation အခန်းထဲဝင်ရတော့မည် မာန့်ပုံရိပ်လေးက ထင်ဟပ်လာပြန်သည်။
ရှင်း ကို အမှန်တရားတစ်ခုတော့ သေချာအောင် သိခွင့်ပေးပါ…။
********
❤love you all❤
flickstar
Continue Reading
You'll Also Like
86.8K 5K 42
សរសេរដោយ : ជុងឈូ Jungguk Top X Jimin Bottom take ur own responsible for reading this.
45.3K 3.6K 52
တက္ကသိုလ်အချစ်ဇာတ်လမ်းလေးပါပဲ Age gap မို့ ဖတ်ရှု့ခံစားပေးပါဦး နူးညံ့ချိုမြိန်သောအချစ်ရဲ့ရသတွေခံစားကြဦးစို့
1M 48.5K 100
Taekook Dark One Shrot⚠️ 18Plus 21Plus Wraning Rating မဖတ္ခ်င္ေက်ာ္သြား❗️ Taekook Dark One Shrot⚠️ 18Plus 21Plus Wraning Rating မဖတ်ချင်ကျော်သွား❗️
93.5K 6.7K 40