အနောက်တောင်အရပ်က လွမ်းတဲ့အလွမ...

By flickstar1

42.1K 2.4K 42

❤ကိုယ်နေထိုင်ရာ အနောက်တောင်အရပ်ကနေ ခင်ဗျားရှိရာ အရပ်ကို လွမ်းတဲ့အလွမ်း❤ More

အပိုင်း-(၁)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
ဇာတ်သိမ်း
Special Part
အပိုင်း-(၁) (Unicode)
အပိုင်း-(၂) (Unicode)
အပိုင်း-(၃) (Unicode)
အပိုင်း-(၄) (Unicode)
အပိုင်း-(၅) (Unicode)
အပိုင်း-(၆) (Unicode)
ဇာတ်သိမ်း(Unicode)

အပိုင်း (၂)

2.7K 138 0
By flickstar1

အလိုက်တသိနဲ့ မသိချင်ယောင်ဆောင် နေတတ်တယ်ဆိုတာ
တုံးအနေလို့ မဟုတ်ဘဲ သိပ်ချစ်မိသူတစ်ယောက်ရဲ့ ချစ်တတ်ခြင်း တစ်မျိုးပါဆိုရင်...
အစ်မဟာ ဒီကမ္ဘာမှာ သိပ်ကံကောင်းတဲ့ အမျိုးသမီးတစ်ယောက် ဆိုပြီး ဂုဏ်ယူလိုက်ပါ..။

*****

မနေ့ညက အမှောင်ထဲလျှောက်ခဲ့ရတဲ့ ခနော်နီခနော်နဲ့ လမ်းလေးက အခုမနက်ဝေလီဝေလင်းအချိန်မှာတွေ့လိုက်ရတော့ အရမ်းကို လှပလွန်းနေသည်။ မျက်စိတစ်ဆုံးမြင်နေရသော မြေနီလမ်းလေး ဘေးတစ်ဖက်တစ်ချက်စီမှာ စိမ်းစိုနေသည့် အပင်များကို မြေနီလမ်းလေးနည်းတူ မျက်စိတစ်ဆုံးမြင်နေရပြီး လင်္ကာ့အမြင်အာရုံတွေဆုံးသည်အထိ မြင်နေရသော အဲ့မြေနီလမ်းလေးဟာ မနက်ခင်းအစတွင် သိပ်ကိုလှပနေပြန်သည်။ ဆောင်းတွင်းရဲ့ အစောဆုံးကာလမို့ မနက်ခင်းရဲ့ ဝေလီဝေလင်းအချိန်မှာ မြူနှင်းတွေအပြည့်ဖြင့်ပင် လင်္ကာတို့လျှောက်နေသော မြေနီလမ်းလေးဟာ အရမ်းကို အသက်ဝင်ကာ လှပလွန်းနေ၏။

လင်္ကာ့ဘေးက အစ်မကတော့ နားကြပ်တစ်စုံကို နားထဲတပ်ထားပြီး လင်္ကာသူ့ဘေးမှာ ပါလာတယ်ဆိုတာကိုတောင် ဂရုစိုက်ရဲ့လား မသိ...။လမ်းတူတူလျှောက်နေတယ် ဆိုပေမဲ့ လင်္ကာက တစ်ယောက်တည်းဖြစ်နေရသော အခြေအနေတွင် အနေခက်နေသည်လေ။ အဲ့တော့ လင်္ကာက ဘောင်းဘီအိတ်ထဲက ဖုန်းလေးကိုထုတ်လိုက်ပြီး မြေနီလမ်းလေးတစ်လျှောက် လင်္ကာတစ်ခါမှ မမြင်ဖူးသည့် အမျိုးအမည်မသိသော ပန်းလှလှလေးတွေ အပင်လှလှလေးတွေအား ဓာတ်ပုံလိုက်ရိုက်သည်။ လင်္ကာ့အကျင့်က တစ်ခုခုမှာ အာရုံဝင်စားသွားပြီဆို ပတ်ဝန်းကျင်ကို မေ့သွားတတ်ခြင်းပါ။ ပန်းတွေအလှမှာ မျောသွားတဲ့ လင်္ကာက အဲ့အစ်မကိုပါ မေ့သွားခဲ့လေသည်။

"ပန်းတွေကို သဘောကျလို့လား ကာ"

အသံကြားမှ ပန်းတွေကိုသာ ဓာတ်ပုံရိုက်ဖို့ စိတ်ရောက်နေတဲ့ လင်္ကာ့အာရုံတွေက ပုံမှန်ပြန်ဖြစ်ပြီး ဆောင့်ကြောင့်လေး ထိုင်နေရာက အသံလာရာဆီ မော့ကြည့်တော့ နဖူးနားလေးတစ်ဝိုက်တွင် ချွေးအနည်းငယ်စို့နေကာ ပြေပြစ်ပြီး လှလွန်းရက်နိုင်သည့် မျက်နှာလေးကို မြူနှင်းတွေကြားထဲ နတ်သမီးတစ်ပါးရောက်နေသကဲ့သို့ အရင်မြင်၏။

လင်္ကာဖြစ်သွားတဲ့ပုံက အခုလို အလှတွေနဲ့ ပြည့်စုံနေတဲ့ သဘာဝ ပတ်ဝန်းကျင်အောက်မှာပဲ အစ်မရဲ့ လှပလွန်းတဲ့ မျက်နှာလေးကို မြင်လိုက်ရတော့ အရာရာက ရပ်တန့်သွားပြီး အစ်မအလှတွေအောက်၌သာ စူးစူးစိုက်စိုက်ယစ်မူးနေတာမျိုးပေါ့...

"ဟေ့...ကလေးမ"

အစ်မရဲ့ နောက်တစ်ကြိမ် ခေါ်သံကြားတော့မှ အစ်မအလှတွေကြား ယစ်မူးနေတဲ့ ကိုယ်က အသိပြန်ဝင်လာပြီး ရှက်မိကာ မျက်နှာကြီးကို အစွမ်းကုန် အောက်ကိုငုံ့ထားလိုက်၍...

"ပန်းလေးတွေ လှလို့လေ အစ်မ...ကျွန်မ စိတ်ဝင်စားတဲ့ အရာဆိုရင်အဲ့လိုပဲ နစ်မြောမိတတ်လို့ပါ"

"ဟုတ်လား...တို့က အရှေ့တော်တော်တောင် ရောက်နေပြီ ကိုယ့်အာရုံနဲ့ ကိုယ်လျှောက်နေတော့ ကာကျန်ခဲ့တာ မသိလိုက်ဘူးလေ...အဲ့တာကြောင့်ပါ...ပြီးတော့ ဟိုဘက်ကုန်းနားလေးမှာ အိမ်လေးတစ်အိမ်ရှိတယ်...အဲ့အိမ်လေးမြင်ရင် မင်းပိုပြီးတောင် စိတ်ဝင်စားသွားအုံးမယ်...ဒါနဲ့ ကာလို့ မပြောဘူးလား"

"ဟုတ်ကဲ့ အစ်မ ကျွန်မ ကာလို့ မသုံးတတ်လို့ပါ"

"ဟုတ်ပါပြီ ဒါလည်း မဆိုးပါဘူး ကျွန်မနဲ့ အစ်မပေါ့"

အစ်မကတော့ ဘယ်လို အဓိပ္ပာယ်နဲ့ပြောလိုက်လဲ မသိပေမဲ့ အစ်မ ပြောလိုက်တဲ့ စကားကြောင့် လင်္ကာ့ရင်ထဲမှာတော့ ဗလောင်ဆူနေပြီ။ လင်္ကာ အဖြေရှာမရသေးတဲ့ ငါဘာဖြစ်နေတာလဲ ဆိုသည့် စကားဟာလည်း အခုထက်ထိကိုရင်ထဲမှာ ပဲ့တင်နေပြန်၏။

"အော် ဒါနဲ့ တို့ကို ကာ့ဖုန်းနဲ့ ဓာတ်ပုံမရိုက်ပေးချင်ဘူးလား...ကာ့ဖုန်းထဲမှာ တို့ပုံရှိသွားရင် ခုနကလို တို့ကို အကြာကြီးစိုက်ကြည့်နေစရာမလိုတော့ဘူးလေ"

စလိုက်တာလား နောက်လိုက်တာလား မသိသည့် အစ်မရဲ့ စကားနောက်မှာ လင်္ကာ့ရင်တွေ ခုန်နေတာ လင်္ကာသာသိသည်။ပြီးတော့ ငါ အစ်မကို ကြည့်လိုက်မိတာ အဲ့လောက်တောင်များ သိသာသွားပြီလားတွေးကာ အတွေးတွေဖြင့်ပင် ရှက်လိုက်ရတာ...

"ဟိတ် ကာ ဓာတ်ပုံရိုက်ပေးလေ"

အစ်မရဲ့ ဒုတိယအသံကြောင့် လကာင်္က မြေနီလမ်းလေးအား နောက်ခံထားလျက်ပင် အမကို ဓာတ်ပုံရိုက်ပေးလိုက်လေသည်။ လင်္ကာ စိတ်ကူးထားတာက တစ်ပုံနှစ်ပုံလောက်သာ ရိုက်ဖို့ပါ ဒါပေမဲ့ ပုံရိုက်လိုက်တဲ့ အချိန်မှာ အစ်မရဲ့ ပိုစ့်ပေးနေတဲ့ ပုံလေးကို အရမ်းသဘောကျတာကြောင့် တစ်ခါတည်း ပိုစ့်တစ်မျိုးတည်းကိုပင် ၁၀ပုံလောက် ရိုက်မိသွား၏။ အစ်မကတော့ လင်္ကာရိုက်ပေးတဲ့ ပုံကို ကြည့်တောင်မကြည့်ဘဲ သိမ်းထားနော် တစ်ခွန်းပြောပြီး လမ်းသာဆက်လျှောက်နေလေသည်။

လင်္ကာတစ်ယောက်တည်းသာ အစ်မနဲ့ ပတ်သက်ပြီး အခုလို ယောက်ယက်ခက်နေခဲ့တာပါ။ အစ်မကတော့အခုလို အခြေအနေကို အေးအေးသက်သာပင် ဖြစ်နေပြန်သည်။ဒါ့ကြောင့် အစ်မဟာ ပွင့်လင်းလွန်းသည့် အမျိုးသမီးတစ်ယောက်လို့ လင်္ကာ မှတ်ချက်ချလိုက်မိသည်။

အစက အစ်မပြောခဲ့သလိုပါပဲ အစ်မသွားသမျှ နေရာတွေဟာ မနက်ခင်း အလင်းရောင်ဖွဖွအောက်မှာ အမှန်တကယ်ကို စိတ်အပန်းပြေပြီး လှလွန်းတဲ့ နေရာတွေပါ။ နေရာတစ်ခုရောက်တိုင်း အစ်မက လင်္ကာ့ကို ဓာတ်ပုံရိုက်ပေးတာလေးကလည်း လင်္ကာ့စိတ်ထဲ အဲ့အခြေအနေလေးအား တစ်မျိုးလေးခံစားနေရပြန်၏။

အစ်မထက် အသားပိုညိုပြီး အရပ်အနည်းငယ်မြင့်သည့် လင်္ကာ့ကို ညိုချော တစ်ယောက်ဟု အစ်မရဲ့ ချီးမွန်းမှုတွေအောက်မှာလည်း ကျေနပ်နေမိကာ လင်္ကာ့ရဲ့ ဖြစ်တည်မှုကို ဒီတစ်ခါမှာတော့ သဘောကျနေမိတာ ကိုယ်ကိုယ်တိုင်သာ သိနေသည်။

လင်္ကာတို့ ရောက်နေသည့် Resort က ကိုယ်ထူကိုယ်ထစနစ်ဖြင့်သာ တည်းခိုရသော နေရာတစ်ခုပါ။ ဥပမာ မနေ့ည ညစာစားချိန်ကဆို ဘူဖေးစနစ်နဲ့ စကောလေးတွေပေါ်မှာ ဟင်းတွေမျိုးစုံကို တစ်မျိုးစီ ချခင်းထားပေးပြီး ကိုယ့်ဘာသာကိုယ်ယူစား။ ကိုယ်စားပြီးသား ပန်းကန်ကိုလည်း ကိုယ့်ဘာသာကိုယ်ဆေး...အဲ့လို စနစ်ပါ။

နောက်ထပ် ကော်ဖီဖျော်သောက်တာ...ဂျင်းပြုတ်ရည်၊ လက်ဖက်ခြောက်၊ ရေနွေးကြမ်းသောက်တာက အစ ကိုယ့်ဘာသာကိုယ် ဖျော်သောက်...သောက်ပြီးသားခွက် ကိုယ့်ဘာသာကိုယ်ဆေး..အဲ့လိုပုံစံနဲ့ နေရတာပါ။

လမ်းလျှောက်ပြီးတော့ အစ်မက Dining room ကိုတစ်ခါတည်းသွားမယ်ဆိုလို့ လင်္ကာတို့ dining room ကိုတန်းတန်းမတ်မတ် ရောက်သွားလေသည်။ ကုန်းမြင့်လေးပေါ်မှာ သီးသန့်လေးလိုရှိနေတဲ့ Dining room ရဲ့ ဘေးပတ်ပတ်လည်မှာတော့ ပန်းပင်လေးတွေ မျိုးစုံကို အလှဆင်စိုက်ထားပြီး dining room ကနေ လှမ်းမျှော်ကြည့်မယ်ဆိုလျှင် ရိုးမတောကြီးကို မြင်နေရတာမို့ လင်္ကာ့အတွက်ကတော့ သိပ်ကို သာယာလွန်းနေပြန်၏။

မနက်စာကို ထမင်းကြော်ရယ် ကြက်အူချောင်းကြော်လေးရယ်၊ ရေနွေးတစ်ခွက်ရယ်ကြောင့်ပဲ ပြီးပြည့်စုံနေသည့် မနက်ခင်းကြောင့် လင်္ကာ လမ်းလျှောက်လာရ၍ ဆာနေသည့် ဗိုက်ကိုဖြည့်တင်းရန် ဟန်မဆောင်နိုင်ပင် စားမိသည်။

"ဟင်းချိုမသောက်ဘူးလား ကာ...ကြည့်ပါအုံး ဘယ်လိုဖြစ်လို့ ထမင်းကြော်လဲ အများကြီးစားရတာတုန်း...အများကြီးစားရင် ရင်ပြည့်လိမ့်မယ်...ရော့ ကာ့အတွက် အစ်မဟင်းချိုခပ်လာတယ်...ပြီးတော့ ဂျင်းဖျော်ရည်လေးသောက်...အဲ့တာမှ အချမ်းဒဏ်လည်း ခံနိုင်သလို အစာချေစနစ်အတွက်လည်း ကောင်းလိမ့်မယ်"

ကိုယ်က ဗိုက်ဆာလို့ ပလုပ်ပလောင်းစားနေတာတွေက အစ်မ စကားတစ်ခွန်းတည်းနှင့်ပင် လင်္ကာ့အတွက် ယူလာပေးသော ဟင်းချိုရယ် ဂျင်းဖျော်ရည်ရယ်ကို လကာင့်္ပန်းကန်ရှေ့ ချပေးပြီး လင်္ကာ့ဘေးဝင်ထိုင် လိုက်တဲ့အစ်မကြောင့် လင်္ကာ့မှာ တစ်ခုမှပြန်မပြောနိုင်ဘဲ ကြောင်တောင်တောင်လေးရယ်။ အဲ့တာကို အစ်မက အသင့်ခွဲထားတဲ့ သစ်သီးစိပ်ပန်းကန်လေးကို လင်္ကာတို့ နှစ်ယောက်ကြားထဲ ချကာ...

"ရော့ ဒီမှာ သစ်သီးလည်းစား...ဘယ်လိုလုပ် တစ်မျိုးတည်းပဲ စားနေရတာလဲ ကာရဲ့...အစားအစာဆိုတာ အမျိုးစုံအောင် စားမှ အာဟာရဓာတ်ရပြီး အားပြည့်မှာပေါ့...ဒီမှာရှိတဲ့အစာတွေအကုန်လုံးက ကြိုက်ရာယူစားလို့ရပါတယ် ကာရယ်"

"ဟုတ်...ဟုတ်ကဲ့ပါ အစ်မ...ကျေးဇူးပါနော်"

လင်္ကာ အစ်မစားတာကိုကြည့်တော့ အစ်မက အများကြီးမစားဘဲ ပေါင်မုန့်ယိုသုပ်လေးရယ်၊ ဂျင်းဖျော်ရည်တစ်ခွက်ရယ်၊ လင်္ကာတို့နှစ်ယောက်ကြားချထားတဲ့ သစ်သီးပန်းကန်လေးရယ် ဒါပဲရှိလေသည်။ အဲ့တော့ လင်္ကာက ပန်းကန်တွေဆီက အကြည့်လွှဲပြီး အစ်မကို ပြန်ကြည့်ကာ...

"အစ်မကရော စားတာနည်းလိုက်တာ...ထမင်းကြော်တွေဘာတွေရော မစားဘူးလား...ကျွန်မ သွားယူပေးရမလားဟင်"

လင်္ကာ့ စကားကြောင့် အစ်မက လင်္ကာ့ကို ပြုံးပြလိုက်ပြီး...

"ရပါတယ် ကာရဲ့ အစ်မက မနက်စာကို အများကြီးမစားတတ်လို့လေ...အစ်မအတွက် မနက်စာက ကော်ဖီနဲ့ အသီးတွေရှိရင် ရပြီ"

ပြီးတော့ လင်္ကာတို့ စကားဝိုင်းလေးက တိတ်ဆိတ်သွားပြန်သည်။ လင်္ကာကတော့ ဘာကြောင့်မှန်းမသိ အစ်မကို ခိုးခိုးကြည့်နေမိတာ အခါခါပါ...အခုလိုခံစားချက်မျိုးဆိုတာလည်း အစ်မကြောင့်သာ ဖြစ်လာခဲ့တယ်ဆိုတာ လင်္ကာသိသည်။ ဒါပေမဲ့ ဘာလို့ဆိုတာကိုတော့ လင်္ကာ သေချာမခွဲခြားတတ်သေးပေ။

*****

လင်္ကာ့တို့ သင်တန်းလေးက ၉နာရီဆိုစတာပါ။ အစ်မက လင်္ကာ့ထက် မနက်စာကိုအရင်စားပြီးတော့ အခန်းပြန်ရေချိုးမယ်ဆိုပြီး ထွက်သွားပြီး လင်္ကာအခန်းရောက်တော့ အစ်မကို မတွေ့ရတော့ပြန်ပေ။

အကုန်ပြင်ဆင်ပြီးရင်တော့ စာသင်ခန်းကိုပဲ တန်းသွားမယ်ဟု ပြောသွားတာကြောင့် လင်္ကာလည်း သင်တန်းချိန်မှီအောင်လို့ တစ်ကိုယ်ရေသန့်ရှင်းရေးကို အမြန်အဆန်ပဲ ပြုလုပ်လိုက်သည်။

လကာင်္တို့ စာသင်ရတော့လည်း အစ်မဟာ လင်္ကာ့ကို ညကရော မနက်ကပါ ရင်းနှီးခဲ့သည့် အပြုအမူတွေပျောက်ပြီး ကျောင်းသူတစ်ယောက်လိုသာ တည်တည်တင်းတင်း ဆက်ဆံတော့ လင်္ကာ အစ်မစိတ်ကို တွေးမရခဲ့ ပြန်ပေ။

Break time အချိန်နားပြန်တော့လည်း အစ်မနဲ့ တူတူနေရတာ ဖြစ်တာကြောင့် တစ်ခြားအဖွဲ့တွေနဲ့ မရင်းနှီးတဲ့ လင်္ကာက နဂိုထဲကမှ စကားလည်း နည်းတော့ သီးသီသန့်သန့်လေးလို တစ်ယောက်တည်း ဖြစ်နေပြန်တော့လည်း လင်္ကာနဲ့တူတူ အစ်မက နေ့လည်စာ မစားဘဲ တစ်ခြား ဆရာမတွေနဲ့ စကားတွေဖောင်ဖွဲ့ ပြောနေပြန်၏။

လင်္ကာကလည်း အစ်မ လင်္ကာ့ကို အခုလိုဂရုမစိုက်တာကို အလိုမကျသလို စိတ်တိုနေသလိုဖြစ်နေတာ ဘာကြောင့်မှန်း မသိ။ အဲ့တော့ ငါက ငယ်ငယ်ထဲက အခုလို အပယ်ခံ ဘ၀နဲ့နေခဲ့ရတာပဲ ဒီတစ်ခါလည်း အခုလိုဖြစ်တာ ဘာမှမခံစားနေနဲ့ လင်္ကာဆိုပြီးတော့ ကိုယ်ကိုယ့်ကို အားပေးလိုက်တော့ အတော်လေးတော့ နေရတာ အဆင်ပြေသွားလေသည်။

တစ်နေကုန် အစ်မက လင်္က့ာကို ပုံမှန်ဆက်ဆံတော့ လင်္ကာလည်း ပုံမှန်ပဲ ပြန်ဆက်ဆံလိုက်တော့တယ်။ သူများတွေက တီချယ်ခေါ်တော့ ကိုယ်လည်း တီချယ်ပဲခေါ်တာပေါ့။ အဲ့ထက်ဘာမှ မပိုတာပဲ ကောင်းပါတယ်လေဆိုတဲ့ စိတ်တစ်ခုနဲ့ပါပဲ။

"ကာ..."

ကိုယ့်ကို ခေါ်နေသည့် အသံကြောင့် လင်္ကာ့ ဘန်ဂလိုကိုပြန်တဲ့ လမ်းလေးမှာပဲ အနောက်ကိုလှည့်ကြည့်ဖြစ်သည်။ ဒီအသံပိုင်ရှင်ဟာ ဘယ်သူလဲဆိုတာ လင်္ကာကောင်းကောင်းသိတယ်လေ။

"ကလေးမ အစ်မကို စိတ်ကောက်နေတာလား"

နောက်ထပ်ထပ်ထွက်လာသော စကားကြောင့် လင်္ကာ့တစ်ကိုယ်လုံး ကြက်သီးလေးများထသွားသည် အထိအောင် မေးခွန်းကသတ်ပြန်သည်။

"မဟုတ်ပါဘူး...စိတ်ကောက်ရအောင် ကျွန်မက ကလေးမှမဟုတ်တာ အစ်မရဲ့"

"ခစ်ခစ်...ဟုတ်လား အစ်မက မသိပါဘူး...အစ်မကိုများ ကာတစ်ယောက် အမြင်မကြည်ဖြစ်နေသလားလို့ပါ။ စာသင်ခန်းမှာဆိုတော့ တစ်ခြားကျောင်းသားတွေလည်း ရှိနေတာလေ...အဲ့တော့ အစ်မက အကုန်လုံးကို တန်းတူညီတူဆက်ဆံရမယ်။ ဒါပေမဲ့ အစ်မကတော့ ကာ့ကိုပဲ ချစ်တာပါနော်"

ချစ်တယ်ဆိုတာ အစ်မတစ်ယောက်ကတော့ ရိုးရိုးသာသား ပြောတာဖြစ်ပါလိမ့်မယ်ဆိုပေမဲ့ လင်္ကာ့ရင်ထဲမှာတော့ ဗြောင်းဆန်နေပြီ...လျှောက်နေတဲ့ လမ်းမှာပင် ဒူးတွေတုန်နေလို့ ထိုင်ချလိုက်ရမလား...အခုချက်ချင်းပဲ အစ်မရှေ့က ပြေးထွက်လိုက်ရမလားဆိုတဲ့ ပုံမှန်မဟုတ်တဲ့ အတွေးအခေါ်တွေကလည်း အတွေးထဲတွင် ယောက်ယက်ခတ်နေလေသည်။

"ကာ"

"ဟင်...ဟုတ်...ဟုတ်ကဲ့ အစ်မ"

အစ်မရဲ့ စကားတစ်ခွန်းကြောင့် လင်္ကာ့မှာ လူက အာစေးမိနေသလို စကားစပြောခါစ ကလေးငယ်လိုဖြင့် နှုတ်ထွက်စကားတွေက ယောင်နဲ့နဲ့...

"ဘယ်လိုဖြစ်တာတုန်း...ကြောင်တောင်တောင်လေးနဲ့...အစ်မကို စာသင်ပေးတဲ့ ဆရာမဆိုပြီး ကြောက်နေတာလား"

"မ...မ..မဟုတ်ပါဘူး အစ်မ....ကျွန်မ နည်းနည်းအေးနေလို့ပါ"

ဖြတ်တိုက်သွားတဲ့ ဆောင်းလေအေးလေးကို အကာအကွယ်ယူပြီး လင်္ကာကပြောတော့ အစ်မကသွားတန်းဖြူဖြူလေးတွေ ပေါ်အောင်ရယ်လိုက်ပြီး...

"ချမ်းတတ်တယ်ပေါ့...အခုလို အအေးဓာတ်ရလာတဲ့ အချိန်ဆို ရင်ခွင်နွေနွေးလေး တစ်စုံတော့ ရှိထားသင့်တယ်နော်"

လင်္ကာ သတိထားလိုက်မိတာက အဲ့လို ပြောလိုက်တဲ့ အစ်မရဲ့ မျက်ဝန်းလှလှလေးတွေက အနည်းငယ် ၀မ်းနည်းရိပ်သန်းသွားတာကိုပါ။ဘာရယ်ကြောင့်တော့ မသိခဲ့။

"ကာ...အခု စာသင်တာလည်း ပြီးပြီဆိုတော့ အားသွားပြီ မဟုတ်လား"

"ဟုတ်ကဲ့ အစ်မ"

"အင်း...အဲ့တာဆို အစ်မနဲ့ ရိုးမနားလေးက ခြံကိုလိုက်ခဲ့...အဲ့မှာ အစ်မသူငယ်ချင်းတစ်ယောက်နေတာ...သူက အခုနောက်ပိုင်းအဲ့မှာပဲ အဖေအမေတွေနဲ့ နေတယ်လေ။ အစ်မဒီလာတိုင်း သူ့ဆီကို သွားနေကျ...လိုက်မယ်မဟုတ်လား"

"ဟိုလေ...အစ်မ ကျွန်မ မကြည်ပြာကို ခွင့်တောင်းရမယ်ထင်တယ်...သူက ဘာပဲပြောပြောလေ ကျွန်မတို့အဖွဲ့ရဲ့ တာဝန်ကိုယူထားရတော့လေ"

"အဲ့အတွက် မပူနဲ့..တို့ သူ့ကို ပြောထားပြီးပြီ...ကာ့ကို တို့ဒီနားကခြံကို ခနခေါ်သွားမယ်ဆိုပြီးလေ"

အစ်မက ဘယ်လောက်စေ့စပ်လိုက်သည့် အမျိုးသမီးလဲ...လင်္ကာ့ကို ခေါ်သွားမယ်ဆိုတာ လင်္ကာငြင်းမရအောင်ကို တစ်ခါတည်းစီစဉ်ထားခဲ့တာ...လင်္ကာက နေရာအသစ်အဆန်း တစ်နေရာရောက်ရင် ပတ်ဝန်းကျင်ကို စူးစူးစမ်းစမ်းရှိတတ်သည့် စိတ်လေးက ရှိတော့ အစ်မရဲ့ ဖိတ်ခေါ်မှုကို မငြင်းခဲ့ပေ။

အစ်မသူငယ်ချင်းရဲ့ ခြံဆိုတာက လင်္ကာတို့နေတဲ့ Resort လေးဝင်ပေါက်က ထွက်လိုက်ပြီး လမ်းလေးအတိုင်း အနောက်ကို နာရီဝက်လောက် အတန်ငယ်ဆက်သွားတာနဲ့ ရောက်လေသည်။ ခြံက ဧကတော်တော်များများလောက် ကျယ်နိုင်ပြီး ခြံထဲမှာ အပင်ကြီးတော်တော်များများလည်း ရှိသည်။ အစ်မကားလေးက ထိုခြံဝန်းထဲဝင်ပြီး တစ်ထပ်တိုက် ပုလေးရှေ့ရောက်တော့ ရပ်လိုက်ကာ အစ်မ ကားပေါ်ကဆင်းတော့ လင်္ကာလည်း လိုက်ဆင်းလိုက်သည်။ တိုက်လေးဆောက်ထားတာက ဂျပန်ဒီဇိုင်းလေး ဆောက်ထားပြီး တော်တော်လေးလည်း လက်ရာမြောက်လှသည်။ လင်္ကာတို့ တိုက်ရှေ့ရောက်တယ်ဆိုရင်ပဲ အစ်မတို့ အရွယ်အသားဖြူဖြူ ချောချော အစ်မတစ်ယောက် တိုက်ထဲမှာထွက်လာကာ...

"ရှင်း...လာလာ...မတွေ့ရတာကြာပြီ...ငါ နင်ကြိုက်တတ်တာတွေ ရှယ်ပြင်ထားတယ်နော်"

ထိုအစ်မက လင်္က့ာကို ကြည့်ပြီး အစ်မကို ပြန်ကြည့်၍...

"သူကရော ဘယ်သူလေးလဲ ရှင်း"

"အာ အေး ဟုတ်သားပဲ။ မိတ်ဆက်ပေးရမယ်။ သူက လင်္ကာဖြူတဲ့။ ငါနဲ့ အခု တစ်ခန်းထဲနေတာ တပည့် ညီမလေးပေါ့။ သူအခန်းမှာ တစ်ယောက်တည်း ကျန်ခဲ့မှာစိုးလို့လေ...ငါခေါ်လာတာ"

"အေးပါ...ရတယ် ဘယ်သူ့ခေါ်လာလာ...ဟိုတစ်ယောက်ရော ရှင်း အဆင်ပြေရဲ့လား"

"ငါ သူ့အကြောင်း မပြောချင်ဘူး ခြည်"

"အော် ကာ...ဒါက နေခြည်မွန်တဲ့ အစ်မ သူငယ်ချင်း အစ်မလိုပဲ ခင်လို့ရတယ်နော်"

အစ်မ သူငယ်ချင်းရဲ့ နာမည်ကို လင်္ကာသေချာမှတ်လိုက်ပေမဲ့ လင်္ကာ့ အတွေးတွေထဲ စိုးမိုးနေတာ မနေခြည်မေးလိုက်တဲ့ ဟိုတစ်ယောက်ဆိုတာကိုပါပဲ။

အစ်မသူငယ်ချင်းက ညနေစာကို ကောင်းကောင်းမွန်မွန်ကို ပြင်ဆင်ထားလေသည်။ တိုက်ပုလေးရဲ့ ဘေးဘက်ဝရံတာလေးမှာ အလှဆင်မီးလေးတွေရော အလင်းရောင် နည်းလာတာနဲ့အမျှ အေးစိမ့်တက်လာတာမို့ ချမ်းမှာစိုးလို့ မီးပုံလေးထားထားသေးသည်။ အစားအသောက်အပြင်ကို ၀ိုင်အချို့လည်း ချထားပေးသေးသည်။

မနေခြည်ရဲ့ မိဘတွေကတော့ အစ်မနဲ့ တော်တော်လေးရင်းနှီးပုံရပြီး သမီးကနေကို ပါးစပ်ဖျားက မချ။ အဲ့တော့ အပြင်လူဆိုလို့ လင်္ကာတစ်ယောက်တည်းသာ ရှိနေသလို ခံစားရပြန်သည်။ ဒါဟာလည်း မထူးဆန်းတော့ပါ။ လင်္ကာငယ်ငယ်ထဲက ဒီလို အခြေအနေအများအပြားကို ကြုံတွေ့ဖူးနေကျမို့လေ...။

လင်္ကာတို့ရဲ့ ညစာစားပွဲလေးက အစ်မနဲ့ အစ်မခြည်တို့ရဲ့ စကားဝိုင်းသပ်သပ်ပါ။သူတို့ ပြောဆိုသမျှ ရယ်မောသမျှ အရာမှန်သမျှကို လင်္ကာက တစ်ခွန်းမှ နားမလည်တော့ ငြိမ်ပြီးတော့သာ နားထောင်နေရသည်။ မီးပုံလေး ဖိုထားတယ်ဆိုပေမဲ့ စိမ့်တက်လာတဲ့ အအေးဓာတ်ကြောင့် အစ်မ ထည့်ပေးထားတဲ့ မလျော့သေးတဲ့ ၀ိုင်ခွက်ကို တစ်ရှိန်ထိုးမော့သောက်လိုက်သည်။ မသောက်လို့လည်း မရ အတန်းပြီးထဲက ဒီကိုလိုက်ခဲ့ဖို့ရာ အစ်မခေါ်လာကတည်းက အင်္ကျီလက်တိုလေးနဲ့ပါလာတဲ့ လင်္ကာက ရာသီဥတုရဲ့ အအေးဓာတ်ကြောင့် တော်တော်လေး ချမ်းနေပြီ။

"ခြည် ငါ့ကို အနွေးထည် တစ်ထည်လောက်ပေးပါအုံး"

စကားသံနဲ့အတူ လင်္ကာ့ပခုံးပေါ်ကို အစ်မရဲ့ အပေါ်ထပ်ကုတ်လေးက ၀တ်ပေးပြီးသားဖြစ်၏။ လင်္ကာက အံ့သြဟန်ရော အားနာဟန်ရော အစ်မကို ပြန်ကြည့်တော့...

"ရတယ်...တို့က ခြည့်အနွေးထည်ဝတ်လိုက်မယ်...ကာ ကတော့ အစ်မအင်္ကျီဝတ်ထားပေါ့"

တစ်ဆက်တည်းဆိုသလို အစ်မက လင်္ကာ့ လက်တွေကို ရုတ်တရက်ကိုင်လိုက်ပြီး...

"ကြည့်စမ်း လက်တွေ အေးစက်နေတာပဲ...အေးနေတာကို အစထဲက မပြောဘူး"

လင်္ကာ့မှာ အစ်မရဲ့ အခုလို ဂရုစိုက်ပေးမှုကြောင့် ရင်တွေခုန်နေပြီး...အခုလို အခြေအနေလေးကို ရပ်တန့်ထားချင်မိပြန်သည်။ အစ်မက လင်္ကာ့လက်ကို ကိုင်ထားပြီးထဲက မလွှတ်တော့ လင်္ကာ့မှာ ရင်တွေခုန်ပြီး လက်တွေတုန်နေတာကို အစ်မ မရိပ်မိအောင်ကို ထိန်းထားနေရလေသည်။

"ရှင်း ရော့ အနွေးထည်...ကာက အရပ်မြင့်တော့ တော်ပါ့မလား မသိဘူး...ငါက အရပ်ပုတယ်လေ"

"ရတယ် ခြည်...ကာက ငါ့အင်္ကျီပဲ ၀တ်ပါစေ...နင့်အင်္ကျီကို ငါပဲ ၀တ်မယ်"

အစ်မက အနွေးထည်ဝတ်ပြီးတော့လည်း လင်္ကာ့လက်တွေက အေးစက်နေတာပဲဆိုပြီး ဆုပ်ကိုင်ထားလျက်သာ အစ်မခြည်နဲ့ စကားတွေ ပြောနေခဲ့၏။

အစ်မရေ လင်္ကာ့ကို အခုလို ပုံစံမျိုးနဲ့တော့ နှလုံးခုန်ရပ်အောင် မလုပ်ပါနဲ့။

အစ်မနဲ့ သူ့သူငယ်ချင်းနဲ့ စကားတွေ ဖောင်ဖွဲ့ပြောပြီး လင်္ကာတို့ပြန်တော့ ၈ခွဲလောက်တော့ရှိနေပြီ။ ၀ိုင်တွေ တစ်ခွက်ပြီးတစ်ခွက် သောက်ထားတဲ့ အရှိန်ကြောင့် အစ်မက လင်္ကာ့ကို ကားမောင်းတတ်လားမေးပြီး ကားမောင်းခိုင်းသည်။ သူတော်တော်လေး မူးနေလို့ဆိုပြီးလေ။

လင်္ကာတို့ ဘန်ဂလိုလေးရှေ့ရောက်တဲ့ထိကို အစ်မက အမူး မပြေသေး...အဲ့တော့ လင်္ကာကပဲ အစ်မကို အခန်းထဲ တွဲခေါ်ရပြန်သည်။မူးတယ်ဆိုတာ ဘယ်လိုမှန်း မသောက်တတ်တဲ့ လင်္ကာက သိပ်ပြီးသေချာမသိ...ဒါပေမဲ့ အချမ်းပြေအောင် ၀ိုင်တစ်ခွက်သောက်ထားတဲ့ လင်္ကာကမျက်နှာတွေက ရှိန်းတိန်းဖိန်းတိန်း ဖြစ်သလိုတော့ ခံစားရသည်။

အစ်မကတော့ ယိုင်နဲ့နဲ့ ဖြစ်နေတာမို့ အစ်မကို တစ်ဖက်ကလည်းထိန်း...လက်တစ်ဖက်ကလည်း အခန်းသော့ကို ဖွင့်ရတာတကယ်တော့ မလွယ်...။ အခန်းပွင့်တော့လည်း အစ်မကို ထိန်းထားပြီး အခန်းတံခါးကို ဂျက်ပြန်ထိုးရတာ လူက ချွေးတောင်ပြန်၏။ အစ်မကတော့ လင်္ကာ့ပခုံးပေါ်မှာ မျက်နှာလေးအပ်ပြီး မှိန်းနေလေသည်။ အစ်မကို ဖြေးဖြေးချင်းတွဲပြီး အစ်မအိပ်ယာပေါ်ဆီကို တွဲခေါ်ပြီး အစ်မ အိပ်ယာပေါ်ကို အစ်မအရင်ထိုင်ဖို့ရာ အသာချပေးတော့ အစ်မရဲ့ မျက်ဝန်းလှလှတွေက ဖျက်ခနဲပွင့်လာပြီး လင်္ကာ့ လည်တိုင်ကို အစ်မ၏ လက်သွယ်သွယ်လေးတွေဖြင့် ဖက်တွယ်ထားကာ လင်္ကာ့ကို စိုက်ကြည့်၍...

"ကာ...ဒီည အစ်မနားမှာပဲ နေပေးပါ။ အစ်မ နွေးထွေးတဲ့ရင်ခွင်တစ်ခု သိပ်ကို လိုအပ်လို့ပါ ကာ...။ အစ်မနားမှာ နေပေးပါနော်"

အစ်မက ပြောပြီးတာနဲ့ကို လင်္ကာ့ရဲ့ နှုတ်ခမ်းလေးကို ဖွဖွလေး ဖိကပ်နမ်းလိုက်၏။ လင်္ကာ့ရဲ့ ရင်ခုန်သံတွေဟာ ဆူနာမီ လှိုင်းတွေထက်ကို မြင့်တက်နေမယ်ဆိုတာကို လင်္ကာသိနေသည်။

ခနတာသာ ဖိကပ်နမ်းလိုက်သည့် အနမ်းတွေပြီးတော့ အစ်မက လင်္ကာ့ရင်ခွင်ထဲ အတင်းတိုးဝင်ကာ လင်္ကာ့ကို တင်းတင်းဖက်ထားလေတော့သည်။

အစ်မက လင်္ကာ့ရင်ခုန်သံတွေကို ကြားနေမှာ အသေချာပါပဲ...။ ထူးဆန်းတာက အစ်မရဲ့ ရင်ခုန်သံတွေကို လင်္ကာ လုံးဝမခံစားရတာပါပဲ။ လင်္ကာ့ရင်ခွင်ထဲ တင်းတင်းကျပ်ကျပ်ဖက်ထားတဲ့ အစ်မဆီက ဘာကြောင့်မှန်း မသိသည့် မျက်ရည်တွေက လင်္ကာအင်္ကျီမှာ စိုရွှဲနေတာကို လင်္ကာသိလိုက်ရသည်။

တစ်ခဏအတွင်းမှာ ပြောင်းလဲသွားတဲ့ အခြေအနေကြောင့် ဘာ့ကြောင့်မှန်း လင်္ကာ အစ်မကို မမေးမိတော့ပါဘူး။ အစ်မ ကျောပြင်လေးကို လင်္ကာ့လက်လေးနဲ့ ဖွဖွလေးသာ ပွတ်ပေးရင်း...

"ဒီည အစ်မဘေးနားမှာ ကျွန်မ ရှိနေပေးပါ့မယ်နော် အစ်မ"

********

❤love you all ❤
flickstar

Continue Reading

You'll Also Like

836K 1.6K 33
နာမည်ကြီး သဘောကျခဲ့သော စာအုပ်များကို ပြန်တင်ပေးထားချင်းသာဖြစ်ပါသည်
11.3K 983 11
We fall in LOVE by CHANCE ... We stay in LOVE by CHOICE ...
7.8K 922 20
စိတ်ထဲမှာ တစ်ခုခုကိုလွမ်းဆွတ်ချိန်တိုင်း မင်းကိုပဲ အမြဲသတိရတယ် ဆူးလ်.......။
107K 3.5K 26
G x G (OC) ~Romance~ About - Forgive you!