အစ်မရှိရာ အရပ်တိုင်း အလွမ်းဆိုတဲ့ စကားလုံးမြင်မိရင်
အစ်မတစ်ယောက်ကိုပဲ လွမ်းနေမိတဲ့ လူတစ်ယောက်ရှိတယ်ဆိုတာ
သတိရပေးပါ။
********
'ညီမလေးတို့ မောင်လေးတို့ကားလာပြီနော်' လို့ ဒီခရီးစဉ်ကို စီစဉ်သော အစ်မရဲ့အသံကြောင့် လင်္ကာက အင်္ကျီတွေထည့်ထားသော အိတ်လေးကိုကောက်လွယ်လိုက်ပြီး ရပ်ထားသော ကားပေါ်သို့ တန်းစီကာတက်နေကြသည့် လင်္ကာမသိသေးသောလူတွေနောက်တွင် ကားပေါ်သို့တက်ရန် တန်းစီလိုက်သည်။ လကာၤက INGOတစ္ခုမွာ အလုပ္လုပ္တာပါ။ လင်္ကာတို့ organisationရဲ့ partner organization က trainingတစ်ခု တက်ဖို့ ဖိတ်ခံရတာကြောင့် လင်္ကာတို့ရုံးက ဒီသင်တန်းအား လင်္ကာ့ကိုjoinခိုင်းလိုက်ခြင်းပါ။
လကာင်္ကလည်း ဒီtraining အကြောင်းကြားကတည်းက တက်ချင်နေခဲ့ပြီး လင်္ကာဘာ့ကြောင့် ဒီtraining ကိုတက်ချင်ရသလဲဆိုတော့ ဒီ trainingက ရိုးရိုးသင်တန်းတွေလို ရန်ကုန်မြို့ထဲမှာ အချိန်ပိုင်းတက်ရတာမဟုတ်။ ပဲခူးရိုးမနားက Eco Friendly Resort တစ်ခုမှာ campသဘောမျိုးလေး တစ်နေကုန်တက်ရသော (၃)ရက်တာ သင်တန်းဖြစ်နေတာမို့လို့ပင်။ သဘာဝပတ်ဝန်းကျင်ကိုလည်း ခံစားရမယ်။ ရုံးကနေလည်း ခွင့်ယူစရာမလိုဘဲ ခရီးထွက်ဖြစ်မယ်။ လင်္ကာမသိသေးတာတွေကိုလည်း သင်ယူခွင့်ရမယ် ဆိုသည့်အတွက် လင်္ကာဒီ training ကို အရမ်းကိုစိတ်ဝင်စားခဲ့ခြင်းဖြစ်ပါတယ်။
ရန်ကုန်မြို့ပြင်ကို ရောက်လာလေလေ...လေထုကပိုပြီး လတ်ဆတ်လာလေလေပါ။.လင်္ကာက ကားပေါ်တွင် သင်တန်းတူတူတက်ရန် ပါလာသော လင်္ကာတို့လို့ အသက်အရွယ် မတိမ်းမယိမ်းလူငယ်များအား တစ်ယောက်နှင့်တစ်ယောက် မိတ်ဆက်အပြီးမှာတော့ နားကြပ်လေးတပ်သီချင်းလေးနားထောင်ရင်းသာ ခရီးစဉ်ကိုအစပြုလိုက်သည်။
ပြောရရင် လင်္ကာ့typeက တစ်ယောက်တည်း အေးဆေးနေရတာကို သဘောကျသည့် typeမျိုး...။
လင်္ကာတို့ ရန်ကုန်ကထွက်လာတော့ ညနေ(၃)နာရီခွဲ ကျော်ကျော်လောက်ပါ...။ ရန်ကုန်ရဲ့ ကားလမ်းအနေအထားက သိတဲ့အတိုင်း ကျပ်ညှပ်နေတော့ လင်္ကာတို့ ပဲခူးအဝင်ကို ရောက်တဲ့အချိန်က (၇)နာရီထိုးနေပြီ။လင်္ကာထင်တာက resortဆိုတာ ပဲခူးကားလမ်းဘေးက ဒါမှမဟုတ် အထဲဝင်ရလည်း ၅မိနစ် ၁၀မိနစ်ပေါ့...ဒါပေမဲ့ တကယ့်တကယ် ဒီprojectကို စီစဉ်တဲ့အစ်မက ရောက်တော့မယ်နော်လို့ ပြောတဲ့အချိန်ကနေ လကာင်္တို့ရဲ့ကားလေး ကားလမ်းမကြီးဘေး တောလမ်းကျဉ်းကျဉ်းလေးရဲ့ အထဲကို မောင်းဝင်လာတဲ့အချိန်နဲ့ဆို နာရီဝက်လောက်ရှိနေပြီ။ Resortဆိုတာကို မရောက်သေး။ လင်္ကာ့ဘေး ကားပြတင်းပေါက်မှန်ထဲကနေ မြင်ရသော ပတ်ဝန်းကျင်က သစ်ပင်ချုံနွယ်များဖြင့် မှောင်မဲနေကာ လင်္ကာတို့ စီးလာသော ကားတစ်စီးစာသာ ၀င်လို့ရသည့် လမ်းကျဉ်းကျဉ်းလေးရယ်ပါ။
ရောက်ပြီလို့ ပြောတော့လည်း ကားပေါ်ကနေ ကိုယ့်အိတ်ကိုယ်ယူပြီးဆင်းတော့ လင်္ကာတို့ အိတ်တွေကို သယ်သွားပေးဖို့ တုတ်တုတ်လေးတစ်စီးက အဆင်သင့်။ လင်္ကာတို့ကတော့ ကုန်းမြင့်လေးပေါ်မှာရှိနေတဲ့ Resortလေးဆီကို မှောင်မှောင်မဲမဲထဲမှာပင် ဖုန်းမီးလေးတွေကိုယ်စီဖြင့် သွားကြရသည်။ ဆောင်းတွင်းဘက် ဖြစ်တာမို့ စိမ့်ခနဲ တိုက်လာသော လေအေးတွေကြောင့် မောပန်းနေမှုများကလည်း အနည်းငယ်တော့ ပြေပျောက်သွား၏။
လင်္ကာတို့ resortရဲ့ Recptionလေးလိုလည်းဖြစ် dinning roomလေးလည်း ဖြစ်တဲ့ နေရာလေးကို ရောက်တော့ ဒီprogram လေးကို စီစဉ်သော အဖွဲ့မှ အစ်မတစ်ချို့က ကြိုရောက်နေကြပြီး သူတို့တွေက လင်္ကာတို့ကို စောင့်လို့နေလေသည်။နေရမဲ့ အခန်းတွေနဲ့ လူတွေအကုန်ကို ခွဲတမ်းချလိုက်တော့ တစ်ယောက်တည်းလာသည့် လင်္ကာက နောက်ဆုံးတွင်တစ်ယောက်တည်း ဘက်ပဲ့၍သာကျန်၏။ အဲ့တော့ အခန်းတွေစီစဉ်ပေးသည့် ကြည်ပြာဟုခေါ်သော အစ်မက လင်္ကာတို့ကို စာသင်ပေးမည့် ဆရာမ(၃)ယောက်တွင် တစ်ယောက်တည်း တစ်ခန်းနေနေရသည့် ဆရာမတစ်ယောက်၏အခန်းတွင် တူတူနေရန် မေတ္တာရပ်ခံသည်။
"တီချယ်ရှင်း" လို့ ခေါ်လိုက်သည့် မကြည်ပြာ၏ အသံနောက် စက္ကန့်ပိုင်းမျှတွင် လင်္ကာနေရမည့် ဘန်ဂလိုလေး၏ တံခါးပေါက်နှစ်ချက်က ပွင့်လာ၏။ ထိုတံခါးပေါက် အလယ်တည့်တည့်တွင်တော့ အသားရောင် ဒူးဖုံးလည်ဟိုက်night dressလေးအား အပေါ်ထပ်လက်ရှည် အပါးလေးထပ်ဝတ်ထားသည့် လင်္ကာ့ထက် အသက်အနည်းငယ်မျှကြီးမည်ဟု ထင်ရသော မိန်းမတစ်ယောက်က တံခါးရွက်နှစ်ချက်အား ခပ်ကျယ်ကျယ်ဖွင့်ထုတ်ပြီး လကာင်္တို့ကို ပြုံးပြီးကြည့်ကာ…
"ကြည်ပြာလာလေ…ဘာကိစ္စရှိလို့လဲ"
"အထွေအထူး ဘာကိစ္စမှတော့ မရှိပါဘူး တီချယ်ရှင်းရဲ့…ဒီညီမလေးကို တီချယ်ရှင်းနဲ့ ထားဖို့ပါ…အခန်းတွေကလည်း လူပြည့်နေပြီဆိုတော့လေ…သူတစ်ယောက်တည်းပဲဖြစ်နေလို့ပါ…အခန်းလွတ်တွေကတော့ ရှိပါသေးတယ်…ဒါပေမဲ့ ညီမလေးတစ်ယောက်တည်းတော့ မနေစေချင်လို့လေ…အဲ့တာ တီချယ်ရှင်းနဲ့ အခန်းတူတူသုံးရင် အဆင်ပြေမလားလို့ လာမေးတာပါ…အကယ်၍မှ အဆင်မပြေဘူးဆိုရင်တော့…"
မကြည်ပြာစကားတောင် မဆုံးသေး တီချယ်ရှင်းဆိုသည့် အမျိုးသမီးက လင်္ကာ့ကို တစ်ချက်ပြုံးကြည့်၍ မကြည်ပြာဆီသို့ အကြည့်တွေပြန်လွှဲကာ…
"နေလို့ရပါတယ် ကြည်ပြာရယ်…အစ်မလည်း အဖော်ရတာပေါ့"
"ဟုတ်ကဲ့ပါ တီချယ်ရှင်းရယ်…ကျေးဇူးပါပဲနော်"
"ကဲ ညီမလေး…ဒီက တီချယ်က ရှင်းအမရာလင်းတဲ့…ညီမလေးတို့ကို trainingပေးမဲ့ ဆရာမတွေထဲက တစ်ယောက်ပဲ…ညီမလေးက တီချယ်နဲ့ နေလိုက်နော်။ ဖြစ်တယ်မဟုတ်လား"
"ဟုတ်ကဲ့ ဖြစ်ပါတယ် အစ်မရဲ့…လင်္ကာ့ကြောင့် တီချယ်အနှောက်အယှက်ဖြစ်မှာပဲ စိုးရိမ်တာပါ"
လင်္ကာ့စကားကြောင့် တီချယ်ရှင်း ဆိုသည့် သူမက လင်္ကာ့ကိုကြည့်ပြီး ပြုံးကာပင်…
"တီချယ်နေတတ်ပါတယ်…ကလေးရဲ့။ တစ်ယောက်တည်းဆိုရင် ပျင်းနေမှာ နှစ်ယောက်ဆိုတော့ စကားပြောဖော်လေးရှိတာပေါ့"
တီချယ်ရှင်းဆိုတဲ့ သူက သူ့ကိုယ်သူ တီချယ်လို့သုံးလိုက်ရတာကို မ၀ံ့မရဲအသံဖြစ်သွားတယ်လို့တော့ လင်္ကာရိပ်မိလိုက်သည်။။ ဘာဖြစ်လို့ဆိုတာမျိုးတော့ လင်္ကာ မသိ…ဒါကတော့ သူ့အကြောင်းနဲ့ သူရှိမှာပဲလို့သာ လင်္ကာတွေးလိုက်သည်။
'၀င်လေ ကလေး' ဆိုသည့်စကားနောက်တွင်တော့ လင်္ကာက သစ်သားတွေအများဆုံးဖြင့်သာ သဘာဝဆန်ဆန်ဆောက်ထားသော ဘန်ဂလိုလေးထဲသို့ ၀င်လိုက်သည်။ ဘန်ဂလိုထဲရောက်ရောက်ခြင်းပင် သစ်သားအနံ့ကိုသာ ဦးစွာရပြီး တစ်ယောက်အိပ်ကုတင် နှစ်လုံးက အခန်း၏ တစ်ဖက်တစ်ချက်စီတွင် နေရာယူထားလေသည်။ Eco friendly အားဦးစားပေးထားတာကြောင့် အခန်းတွင်းတွင် အဲကွန်းဆိုတာမျိုး မရှိ။ ခေါင်မြင့်မြင့်ဖြင့် ဆောက်ထားသော ဘန်ဂလိုအလယ်တွင် ဒလက်ပန်ကာ အကြီးကြီးတစ်လုံးသာရှိလေသည်။တစ်ယောက်အိပ် ကုတင်တစ်လုံးပေါ်တွင် laptopတစ်လုံးနှင့် စာရွက်အချို့ရှိနေပြီး night standလေးပေါ်တွင်တော့ အငွေ့ထနေသော ကော်ဖီတစ်ခွက်သာရှိနေ၏။
"ဒါနဲ့ နာမည်က"
"အာ…ဟုတ်ကဲ့ လင်္ကာဖြူပါ တီချယ်…သူငယ်ချင်းတွေကတော့ လင်္ကာလို့ခေါ်ကြပါတယ်။ တီချယ်အဆင်ပြေသလို ခေါ်လို့ရပါတယ်”
"အင်း…တို့သူငယ်ချင်းတွေမှာလည်း လင်္ကာတွေရှိတော့…ကာလို့ပဲ ခေါ်မယ်လေ…ဒါနဲ့ အသက်က"
"၂၆ပြည့်ပြီးပါပြီတီချယ်"
"အယ်…တို့နဲ့ သိပ်မကွာပါဘူး ကာရဲ့…တို့ အသက်က၃၀ ဆိုတော့ အစ်မလို့ပဲ ခေါ်ပါ…စာသင်ပေးတယ်ဆိုပေမဲ့ တို့က ဆရာမ မဟုတ်ဘူးလေ"
ရယ်ပြုံးပြုံးဖြင့် ပြောလာသော ရှင်းအမရာဆိုသည့် ဆရာမကို လင်္ကာငေးမိသွားသည်။ ချောမွေ့သော နို့နှစ်ရောင် အသားရေဖြင့် မျက်ခုံးမျက်လုံး ကောင်းကောင်း နှာတံသွယ်လျလျ ရှိသော သူမဟာ မိန်းကလေး အချင်းချင်းတောင် ငေးကြည့်ရအောင်ထိလှရက်နိုင်သော မိန်းမတစ်ယောက်ပါ။ အဲ့လောက်လှရက်လွန်းသော မိန်းမတစ်ယောက်ကို လင်္ကာ ရုပ်ရှင်တွေထဲမှာပဲ မြင်ဖူးတာ အပြင်မှာ တစ်ခါများမှ အဲ့ဆရာမထက် လှသော မိန်းမမျိုး မမြင်ဖူးပေ။
"ဟိတ်…ဘာတွေတွေးနေတာလဲ…သက်တောင့်သက်သာနဲ့နေနော်…ဘာမှမစိုးရိမ်နဲ့ လွတ်လွတ်လပ်လပ်ပဲ နေ…အစ်မကို ဆရာမဆိုပေမဲ့ ရှိန်မနေပါနဲ့။ အစ်မက freedom ပါပဲနော် ကာ"
ပြောရရင် အဲ့ညက လင်္ကာတို့ တစ်ယောက်နဲ့ တစ်ယောက် ရင်းရင်းနှီးနှီးဖြစ်သွားကြသည်။
အစ်မက companyပိုင်ရှင် တစ်ယောက်ရဲ့သမီးပါ။ပြီးတော့ နိုင်ငံခြားမှာသာ ဘွဲရခဲ့တဲ့ သူမက သူကိုယ်တိုင်ကလည်း သူ့အဖေcompay မှာဝင်လုပ်ပြီး management ဘာသာရပ်တွေမှာ Coach တစ်ယောက်လုပ်ရင်း မြန်မာနိုင်ငံရဲ့ ထိပ်တန်းအမျိုးသမီးတစ်ယောက်အဖြစ် ရပ်တည်နေတဲ့သူပေါ့။
လင်္ကာ့လို မိဘမဲ့တစ်ယောက်နဲ့ဆိုရင်တော့ အစ်မက မိုးနဲ့မြေလိုကွာခြားလွန်းပါတယ်။
*******
သင်းခနဲရတဲ့ ကော်ဖီနံ့ကြောင့်ပဲ လင်္ကာ့အသိစိတ်တွေက နိုးထခြင်းကိုရောက်သည်။ မျက်လုံးကို ပွတ်သပ်ကြည့်တော့ ဘေးကုတင်က အစ်မက ကော်ဖီဖျော်ကာ laptop တစ်လုံးဖြင့် အလုပ်ရှုပ်နေတာကိုတွေ့ရသည်။ ည၀တ်အိပ်အင်္ကျီတွေဘာတွေကို ဘယ်အချိန်ထဲက လဲလိုက်သည် မသိ။ မိတ်ကပ်ပါးပါး လိမ်းခြယ်ထားသော ထိုမျက်နှာလှလေးနှင့် sport suit နှင့်က လိုက်ဖက်နေပြန်သည်။ လင်္ကာက အစ်မထံမှ အကြည့်တို့ကိုလွှဲလိုက်ပြီး ခေါင်းအုံးဘေးနားထားထားသော ဖုန်းအား ကောက်ယူကြည့်တော့ ဘုရားရေ (၄)နာရီခွဲပဲရှိသေးတာကို သူမက အလုပ်တွေလုပ်နေပြီ။ လင်္ကာထင်လိုက်တာက ၆နာရီ၊ ၇နာရီလောက်ပေါ့…။ ဒါ့ကြောင့်လည်း အစ်မက အောင်မြင်တဲ့သူတစ်ယောက်ဖြစ်နေတာပေါ့ဆိုပြီး စိတ်ထဲကနေ တွေးလိုက်ပြန်သည်။
"နိုးပြီလား အစောကြီးကို"
အသံကြောင့် လင်္ကာက ခြုံထားသော စောင်ကိုဖယ်လိုက်ကာ ဆံပင်တွေအားသပ်သပ်ရပ်ရပ်ဖြစ်အောင် သပ်တင်လိုက်ပြီး အိပ်နေရာမှထ၍…
"ဟုတ်ကဲ့အစ်မ လင်္ကာ ဆက်အိပ်လို့မရတော့လို့ပါ"
"အယ်…တို့ကြောင့် အိပ်တာအနှောက်အယှက် ဖြစ်သွားတာလား"
"ဟို မဟုတ်ပါဘူး…လင်္ကာ အမှန်တိုင်းဝန်ခံရရင် အစ်မကော်ဖီအနံ့ကြောင့် နိုးလာတာပါ။ လင်္ကာက ကော်ဖီသိပ်ကြိုက်တယ်လေ"
လင်္ကာ့စကားကြောင့် သူမက တစ်ချက်ပြုံးလိုက်ပြီး…
"ကလေးကျလို့ အမှန်တိုင်းတွေ ပြောနေတာပဲ…အဲ့တာဆိုလည်း မျက်နှာအရင်သစ်လေ။ တို့ ကော်ဖီဖျော်ပေးမယ်။ တို့လည်း ကော်ဖီကြိုက်တတ်လို့ သွားလေရာကိုတို့ ကြိုက်တတ်တဲ့ ကော်ဖီထုပ်လေး ယူယူလာတာ"
"ဟုတ်…အစ်မ"
အစ်မရဲ့ အမိန့်ဆန်ဆန် စကားတစ်ချို့ကို လင်္ကာငြင်းဆန်နိုင်စွမ်းမရှိတာ ဘာ့ကြောင့်မှန်း လင်္ကာ စဉ်းစားမရဘူး။ အစ်မ စကားအတိုင်း လင်္ကာ့အိတ်ထဲ ပါလာသော သွားတိုက်တံနဲ့ သွားတိုက်ဆေးကို ထုတ်တော့ အစ်မက လကာင့်္နားကိုပဲ အသားချင်းထိလောက်သည်အထိ တိုးကပ်လာပြီး…
"ဒီမှာလည်းရှိတယ်လေ ကာရဲ့…ဒီက ပစ္စည်းတွေအကုန်လုံးက nature handmade တွေချည်းပဲမို့ ဒီမှာရှိနေတုန်းလေး သုံးသင့်တယ်လို့ တို့ထင်တယ် ကာ"
ညထဲကတော့ လင်္ကာ့နာမည်ကို ကာလို့ခေါ်နေပေမဲ့ အခုလို အစ်မရဲ့ သင်းပျံ့ပျံ့ရေမွှေးအနံ့တွေရနေပြီး ကာလို့ပဲ ခေါ်ကာ နီးနီးကပ်ကပ်ကြီးစကားလာပြောနေတော့ လင်္ကာ့မှာ တစ်ကိုယ်လုံးရှိန်းတိန်းဖိန်းတိန်းဖြစ်ကာ နေရတာတစ်မျိုးကြီး…
အဲ့တော့ အခုလိုအပြုအမူတွေကို အမ မသိအောင် ဖုံးကွယ်ဖို့ကြိုးစားလိုက်ပြီး တုန်ယင်နေနိုင်သည့် အသံတို့ကို ထိန်းလိုက်ကာ…
"ဟုတ်…ဟုတ်ကဲ့ အစ်မ လင်္ကာ မသိလို့ပါ"
"အော် ပြီးတော့…တို့နဲ့ပြောရင် ကာလို့ပဲ ပြောပါ…တို့ကကျတော့ ကာလို့ ခေါ်ပြီး ကာက ကျတော့ လင်္ကာလို့သုံးနှုန်းနေတော့ အဆင်မပြေဘူးလားလို့လေ"
"ဟုတ်…ဟုတ်ကဲ့ လင်္ကာက ငယ်ငယ်ထဲက လင်္ကာလို့ပဲ ကိုယ့်ကိုယ်ကို ပြောနေကျဆိုတော့လေ"
"အင်း…ဟုတ်ပါတယ်။ ဒါပေမဲ့ အသစ်အဆန်းလေး ဖြစ်အောင်ပြောင်းသုံးကြည့်ပေါ့…မဟုတ်ဘူးလား ကာ"
"ဟုတ်…ဟုတ်ကဲ့ပါ အစ်မ"
"အယ် တို့ မကိုက်စားပါဘူး ကာရယ်…ဘယ်လိုလုပ် ဟုတ်ကဲ့ချည်း ဖြစ်နေရတာတုန်း…ရင်းရင်းနှီးနှီးဆက်ဆံပါ…အော် ပြီးတော့ နေရောင်နည်းနည်းထွက်လာရင် တို့လမ်းလျှောက်မလို့ ကာရော လိုက်မလား…ဒီနေရာတွေက မိုးမလင်းတလင်းအချိန် လမ်းလျှောက်ရင် သိပ်လှတာ…တို့က ဒီကို ခနခနရောက်ဖူးတယ်လေ။ လိုက်ခဲ့မလား ကာ…သဘာဝအလှတွေကို လက်မလွတ်စေချင်တဲ့ စေတနာပါနော်"
ဟုတ် ဆိုသည့် စကားပဲပြောနိုင်ပြီးလင်္ကာ အစ်မရှေ့မှ အပြေးရေချိုးခန်းထဲ ရှောင်ထွက်ခဲ့သည်။ပြီးတော့ ကိုယ့်ကိုယ်ကို ထပ်ခါထပ်ခါမေးမိတဲ့ မေးခွန်းက ငါဘာဖြစ်နေတာလဲ…။
လင်္ကာကိုယ်လက်သန့်စင်ပြီး ထွက်လာတော့ အစ်မက ထုံးစံအတိုင်း laptopတစ်လုံးရယ်…လင်္ကာတို့ကို သင်မည့် စာတွေရယ်ဖြင့် အလုပ်ရှုပ်နေပြန်၏။ လင်္ကာ ရေချိုးခန်းထဲက ထွက်လာတာမြင်တော့ အစ်မက လင်္ကာ့ကို လှမ်းကြည့်ကာ ကုတင်ပေါ်မှ ဆင်းလာပြီး သူမကော်ဖီခွက်ဘေးတွင်ရှိသော ခွက်တစ်ခွက်ကိုပါယူ၍ လင်္ကာ့ကို လှမ်းပေးလိုက်ပြီး…
"ကော်ဖီကြိုက်တယ် မဟုတ်လား ကာ…ရော့ တို့ ကာ့အတွက်ကော်ဖီဖျော်ထားပေးတယ်"
လကာင်္က အစ်မကိုရော ကော်ဖီခွက်ကိုရော တစ်လှည့်စီကြည့်ရင်း ရင်ထဲအမည်မသိသည့် frequency တစ်ခုဖြတ်ပြေးသွားသည်ကို သတိထားလိုက်မိသည်။ လကာင်္က အစ်မလက်ထဲက ကော်ဖီခွက်ကို လှမ်းယူပြီး ခေါင်းကြီးကို ငုံ့ချကာ အမကို ပြောလိုက်သည်က…
"ကျေးဇူးပါနော် အစ်မ…ကာ ကော်ဖီသောက်ချင်နေတာ"
လင်္ကာ့အတွေးတွေထဲ ပဲ့တင်နေတဲ့ စကားသံတွေက…
/ငါ ဘာတွေဖြစ်နေတာလဲ/
******
Coming soon
❤love you all❤
flickstar