Into the Cultivation world (က...

By Xiao_Xing13

633 76 10

Modern ​ေခတ္​က xiao xing ​ေလးတစ္​​ေယာက္​ ကံအ​ေၾကာင္​းတိုက္​ဆိုက္​စြာနဲ႔ သူအႀကိဳက္​ဆံုး ၀တၱဳထဲကို​ေရာက္​သြားတဲ... More

[1]into the cultivation world
(2)ကမာၻသစ္​သို႔​ေရာက္​႐ွိျခင္​း (ကမ္ဘာသစ်သို့ရောက်ရှိခြင်း)
(3)မျဖစ္​ႏုိင္​ဘူး! (မဖြစ်နိုင်ဘူး!)
(4)mo dao ဇာတ္​ထဲ၀င္​ကျခင္​း(mo dao ဇာတ်ထဲဝင်ကခြင်း)
(5)အတိတ္​တစ္​ခ်ိန္​ (အတိတ်တစ်ချိန်)
(6)ဇယ္​၀ူကြၽင္​း (ဇယ်ဝူကျွင်း)

(7)မိုရြာသို႔အလည္​တစ္​​ေခါက္​ (မိုရွာသို့အလည်တစ်ခေါက်)

61 8 1
By Xiao_Xing13

ရက္​အနည္​းငယ္​ၾကာသည္​့အခါမွာ​ေတာ့ လန္​စစ္​​ေကြၽးႏွင္​့ လန္​က်င္​့ရီတို႔မိုရြာသို႔သြားဖို႔အ​ေၾကာင္​းဖန္​လာသည္​။ ႏွစ္​​ေယာက္​သားက စိတ္​လႈပ္​ရွားစြာပဲဤသတင္​းကို အားယန္​ကို​ေျပာျပ​ေလသည္​။ အားယန္​၏​ေခါင္​းထဲ​တြင္​​ေတာ့မီးလံုး​ေလးလင္​းလက္​သြားသည္​။

'မိုရြာကိုသြားမွာဆို​ေတာ့ ဒါ ​ေ၀့၀ူ႐ွန္​းျပန္​​ေရာက္​လာတဲ့အခန္​းပဲ! ​​ေ၀့၀ူ႐ွန္​းက ရီလင္​း​ေလာင္​ဇူဆို​ေတာ့ ​ေမွာ္​ပညာကြၽမ္​းက်င္​မွာ အ​ေသအခ်ာပဲ။ သူသာဆိုရင္​ ငါ့ကမာၻကိုျပန္​သြားလို႔ရမယ္​့နည္​းကိုသိခ်င္​သိႏိုင္​တယ္​!´

"အစ္​ကိုတို႔! အားယန္​ကိုလည္​း​ေခၚသြားပါ"

"ဟင္​? အားယန္​ ​ေန​ေကာင္​း​ေသးလို႔လား။ ၿပီး​ေတာ့အခုခရီးက မ​ေကာင္​းဆိုး၀ါးႏွိမ္​နင္​းဖို႔သြားရမွာ အႏၱရာယ္​မ်ားတယ္​ အားရန္​"

လန္​စစ္​​ေကြၽးက​ေတာ့ ထံုးစံအတိုင္​း သူ၏ညီ​ေလးကိုပူပန္​​ေနျပန္​သည္​။

"ကြၽန္​​ေတာ္​​ေန​ေကာင္​းပါတယ္​။ ၿပီး​ေတာ့အစ္​ကိုတို႔လည္​းပါမွာပဲဟာ"

"လိုက္​ခ်င္​ရင္​ ဟန္​ကြမ္​ကြၽင္​း ဆီမွာသြားခြင္​့​ေတာင္​း​ေလအားယန္​" က်င္​့ရီကအၾကံ​ေပးသည္​။

"အခုပဲခြင္​့သြား​ေတာင္​းမယ္​!"

အလ်ွင္​စလိုထြက္​သြား​ေသာ အားယန္​ကိုစစ္​​ေကြၽးတားခ်ိန္​ပင္​မရလိုက္​။ စိတ္​ထဲမွာ​ေတာ့ က်င္​့ရီကိုအခါတစ္​ရာ​ေလာက္​႐ိုက္​ၿပီး​ေနၿပီျဖစ္​သည္​။ သူတို႔ညီ​ေလးကို အႏ ၱရာယ္​မ်ားသည္​့ခရီးမလိုက္​​ေစခ်င္​ပါ။

_____________________________________

"ဟန္​ကြမ္​ကြၽင္​း အားယန္​ကို အစ္​ကိုစစ္​​ေကြၽးတို႔နဲ႔လိုက္​ခြင္​့ျပဳပါ"

အစဥ္​မ​ေျပာင္​းလဲ​ေသာမ်က္​ႏွာထားႏွင္​့ လန္​၀မ္​က်ီးက အားယန္​ကိုၾကည္​့သည္​။ စိတ္​ထဲတြင္​​ေတာ့ ဘာရယ္​မသိသည္​့ အလိုမက်မႈတစ္​ခု။ ယခု လန္​႐ွင္​းလ်န္​က အတိတ္​မ​ေမ့ခင္​ လန္​႐ွင္​းလ်န္​ ႏွင္​့နည္​းနည္​းမွမသက္​ဆိုင္​။ ခရီး​ေ၀းသြားဖို႔မ​ေျပာႏွင္​့ တိမ္​လႊာနန္​းၿမိဳင္​၏အျပင္​ဘက္​ထြက္​ဖို႔ပင္​ ၀န္​​ေလးတတ္​​ေသာ အားယန္​မွာ စစ္​​ေကြၽးတို႔ႏွင္​့ခရီးအတူသြားခ်င္​သည္​ ဆိုသည္​ကထူးဆန္​းလွသည္​။

"အင္​း။ သြားလို႔ရတယ္​"

အားယန္​ကိုသြားခြင္​့ျပဳသည္​့အ​ေျဖ​ေပးၿပီးတာႏွင္​့ လန္​က်န္​႔ကိုယ္​့အ​ေဆာင္​ကိုယ္​ျပန္​လာခဲ့သည္​။ သူ႔အစ္​ကို​ေတာ္​၏​ေမြးစားက​ေလးမွာ အ​ေတာ္​ထူးဆန္​း​ေနသည္​ပင္​။
တစ္​ရက္​​ေနလို႔ စကားတစ္​ခြန္​းမ​ေျပာတတ္​သည္​့ လန္​႐ွင္​းလ်န္​က ယခု​က်င္​့ရီႏွင္​့​ေပါက္​​ေပါက္​​ေဖာက္​​ေနသည္​။ ​ေမြးထားသည္​့ယုန္​​ေတြကိုအဖက္​ပင္​မလုပ္​ခဲ့သည္​့သူက ယခု​ေတာ့ ​ထိုယုန္​​ေတြကိုနာမည္​​ေပးၿပီး​ေပ်ာ္​​ေပ်ာ္​ပါးပါး​ေဆာ့​ေနသည္​။ အျခားလူတစ္​​ေယာက္​ႏွင္​့မ်ားမွားလာသလားဟု လန္​က်န္​႔သံသယ၀င္​မိပါ၏။

_____________________________________

​ေနာက္​ဆံုး​ေတာ့ မိုအိမ္​​ေတာ္​ကိုသြားရန္​ ​ေန႔ရက္​​ေရာက္​လာၿပီျဖစ္​သည္​။ အားယန္​က​ေတာ့ ​စိတ္​ခ်မ္​းသာ​ေပ်ာ္​ရႊင္​စြာပင္​ အစ္​ကိုႏွစ္​​ေယာက္​ႏွင္​့လိုက္​လာခဲ့သည္​။ အားယန္​အတြက္​ ထူးဆန္​းစြာပင္​ ဓားပ်ံစီးရသည္​မွာအဆင္​​ေျပ​ေန​ေလသည္​။ မိုအိမ္​​ေတာ္​ကို​ေရာက္​သည္​ႏွင္​့တစ္​ၿပိဳင္​နက္​ အားယန္​မွာဟိုၾကည္​့သည္​ၾကည္​့ႏွင္​့ ​ေ၀့၀ူ႐ွန္​းကိုစတင္​႐ွာ​ေဖြ​ေတာ့သည္​။

"လန္​ဂိုဏ္​းကသခင္​​ေလးတို႔​ဒီဘက္​ႂကြပါ"

မိုအိမ္​​ေတာ္​မွအ​ေစခံတစ္​​ေယာက္​က အားယန္​တို႔ကို ဧည္​့ခန္​းသို႔ဦးတည္​​ေခၚ​ေဆာင္​သြားသည္​။ ဧည္​့ခန္​းထဲတြင္​​ေတာ့ မိုသခင္​မက​ေစာင္​့ႀကိဳလ်ွက္​႐ွိသည္​။

'အင္​း​ေလ ​​ေနာက္​က်ရင္​ဒီမွာ​ေတြ႔ရမွာပဲဟာ တကူးတက႐ွာမ​ေန​ေတာ့ပါဘူး´

"လန္​ဂိုဏ္​းကတပည္​့​ေတြက သတၱိ႐ွိတဲ့သူရဲ​ေကာင္​း​ေတြလို႔ၾကားပါတယ္​။ ​ၿပီး​ေတာ့​ေခ်ာလိုက္​ၾကတာ"

၀တၱဳကိုတစ္​ရာ့ဆယ္​့ႏွစ္​​ေခါက္​​ေလာက္​ဖတ္​ၿပီးသည္​့ အားယန္​က​ေတာ့ သခင္​မဘာ​ေျပာမည္​ဆိုသည္​ကိုႀကိဳသိ​ေန​ေလသည္​။ ထို႔​ေၾကာင္​့ပင္​ ​မိမိ​ေ႐ွ႕မွ​ေရ​ေႏြးခြက္​ကိုကိုင္​လ်ွက္​ ​မိုရႊမ္​းယြီ တစ္​ျဖစ္​လဲ​ ​ေ၀့၀ူ႐ွန္​း​ေပၚလာမည္​့အခ်ိန္​ကို​ေစာင္​့​ေန​ေလသည္​။

"အ​ေမ အ​ေမ!!"

ထိုအခ်ိန္​မွာပင္​ အခန္​းထဲသို႔ မိုဇီယြမ္​အ​ေလာတႀကီး​ေျပး၀င္​လာသည္​။

'​မိုရႊမ္​းယြီက ​ေမွာ္​ပညာ​ေလးနည္​းနည္​းတတ္​တာနဲ႔ပဲသားကိုအႏုိင္​က်င္​့လိုက္​တယ္​´ အားယန္​​ေခါင္​းထဲတြင္​​ေျပာလိုက္​သည္။

"အ​ေမ! မိုရႊမ္​းယြီ သူ သူ​ ေမွာ္​ပညာ​ေလး နည္​းနည္​းတတ္​တာနဲ႔ပဲသားကို အႏိုင္​က်င္​့တယ္​"

"ဘာရယ္​ သူသားကို႐ိုက္​လိုက္​​ေသးလား!"

မိုသခင္​မႏွင္​့ မုိဇီယြမ္​တို႔စကား​ေျပာ​ေနစဥ္​ အားယန္​မွာ​ေတာ့ စိတ္​လႈပ္​ရွား​ေန​ေလသည္​။ မၾကာခင္​အခ်ိန္​တြင္​ ​ေ၀့၀ူ႐ွန္​း​ေရာက္​လာ​ေတာ့မည္​။

"မင္​း ဒီထဲ၀င္​လို႔မရဘူး"

"သြားစမ္​း"

"မသြားဘူး မသြားဘူး ငါက​စားခ်င္​​ေသးတယ္​"

တံခါးအျပင္​ဘက္​မွစကားသံမ်ားကိုၾကားလိုက္​ရသည္​ႏွင္​့ အားယန္​မည္​သ​ူ​ေရာက္​​ေနၿပီဆိုတာသိလိုက္​ပါ၏။ အခုခ်က္​ခ်င္​း ထ​ေျပးၿပီးမႏႈတ္​ဆက္​မိ​ေအာင္​ ကိုယ္​့ကိုယ္​ကိုထိန္​းခ်ဳပ္​ထားရသည္​။

ထိုအခ်ိန္​တြင္​ပင္​ မိုရႊမ္​းယြီတစ္​​ေယာက္​ ဧည္​့ခန္​း​ထဲသို႔​ေျပး၀င္​လာ​ေလရာ တံခါး​ေဘာင္​ႏွင္​့ ခလုတ္​တိုက္​​ေလသည္​။

"သတိထား!"

​မိုရႊမ္​းယြီလဲမက်ခင္​ အားယန္​ကဖမ္​းထိန္​း​ေပးလိုက္​သည္​။

'အား!! ​ေခ်ာလိုက္​တာ! ​ေ၀့၀ူ႐ွန္​းကို အခုလိုအနီးကပ္​ျမင္​​ေနရတာမယံုႏိုင္​ဘူး! ငါ​ေသလို႔ရၿပီ!!!´

အားယန္​တစ္​​ေယာက္​အ​ေတြးထဲတြင္​ Fangirl ​ေနစဥ္​မွာပင္​ မိုရႊမ္​းယြီ၏ခုန္​အုပ္ျခင္​းခံလိုက္​ရသည္​။

"ငါ့ပစၥည္​း​ေတြကိုဖြက္​ထားတာမင္​းလား!"

"လာၾကစမ္​း ဒီအ႐ူးကိုဆြဲထုတ္​သြားၾကစမ္​း"

"ငါမသြားဘူး ငါမသြားဘူး!!"

မိုအိမ္​​ေတာ္​ဧည္​့ခန္​းတြင္​ ႐ုန္​းရင္​းဆန္​ခတ္​ျဖစ္​​ေနခ်ိန္​ လန္​႐ွင္​းလ်န္​မွာထိုင္​ၾကည္​့ရံုကလြဲ၍မတတ္​ႏိုင္​​ေပ။

______________________________________

႐ုတ္​႐ုတ္​သဲသဲအျဖစ္​အပ်က္​​ေတြအၿပီးမွာ​ေတာ့ အားယန္​တစ္​​ေယာက္​ စစ္​​ေကြၽးႏွင္​့က်င္​့ရီတို႔ကိုကူႁပီး အလံ​ေတြ​ေထာင္​​ေပးသည္​။ ​ေ၀့၀ူ႐ွန္​းႏွင္​့ဘယ္​အခ်ိန္​​ေတြ႔၍ဘယ္​အခ်ိန္​​တြင္​​ အကူအညီ​ေတာင္​းရမည္​တိုသည္​ကိုလည္​း စဥ္​းစား​ေနရသည္​။ အားယန္​အတြက္​​ေတာ့ အမွတ္​ရစရာ​ေန႔​ေလးတစ္​​ေန႔ပါ​ေပ။





[Unicode]

ရက်အနည်းငယ်ကြာသည့်အခါမှာတော့ လန်စစ်ကျွေးနှင့် လန်ကျင့်ရီတို့မိုရွာသို့သွားဖို့အကြောင်းဖန်လာသည်။ နှစ်ယောက်သားက စိတ်လှုပ်ရှားစွာပဲဤသတင်းကို အားယန်ကိုပြောပြလေသည်။ အားယန်၏ခေါင်းထဲတွင်တော့မီးလုံးလေးလင်းလက်သွားသည်။

'မိုရွာကိုသွားမှာဆိုတော့ ဒါ ဝေ့ဝူရှန်းပြန်ရောက်လာတဲ့အခန်းပဲ! ဝေ့ဝူရှန်းက ရီလင်းလောင်ဇူဆိုတော့ မှော်ပညာကျွမ်းကျင်မှာ အသေအချာပဲ။ သူသာဆိုရင် ငါ့ကမ္ဘာကိုပြန်သွားလို့ရမယ့်နည်းကိုသိချင်သိနိုင်တယ်!´

"အစ်ကိုတို့! အားယန်ကိုလည်းခေါ်သွားပါ"

"ဟင်? အားယန် နေကောင်းသေးလို့လား။ ပြီးတော့အခုခရီးက မကောင်းဆိုးဝါးနှိမ်နင်းဖို့သွားရမှာ အန္တရာယ်များတယ် အားရန်"

လန်စစ်ကျွေးကတော့ ထုံးစံအတိုင်း သူ၏ညီလေးကိုပူပန်နေပြန်သည်။

"ကျွန်တော်နေကောင်းပါတယ်။ ပြီးတော့အစ်ကိုတို့လည်းပါမှာပဲဟာ"

"လိုက်ချင်ရင် ဟန်ကွမ်ကျွင်း ဆီမှာသွားခွင့်တောင်းလေအားယန်" ကျင့်ရီကအကြံပေးသည်။

"အခုပဲခွင့်သွားတောင်းမယ်!"

အလျှင်စလိုထွက်သွားသော အားယန်ကိုစစ်ကျွေးတားချိန်ပင်မရလိုက်။ စိတ်ထဲမှာတော့ ကျင့်ရီကိုအခါတစ်ရာလောက်ရိုက်ပြီးနေပြီဖြစ်သည်။ သူတို့ညီလေးကို အန ္တရာယ်များသည့်ခရီးမလိုက်စေချင်ပါ။

_____________________________________

"ဟန်ကွမ်ကျွင်း အားယန်ကို အစ်ကိုစစ်ကျွေးတို့နဲ့လိုက်ခွင့်ပြုပါ"

အစဉ်မပြောင်းလဲသောမျက်နှာထားနှင့် လန်ဝမ်ကျီးက အားယန်ကိုကြည့်သည်။ စိတ်ထဲတွင်တော့ ဘာရယ်မသိသည့် အလိုမကျမှုတစ်ခု။ ယခု လန်ရှင်းလျန်က အတိတ်မမေ့ခင် လန်ရှင်းလျန် နှင့်နည်းနည်းမှမသက်ဆိုင်။ ခရီးဝေးသွားဖို့မပြောနှင့် တိမ်လွှာနန်းမြိုင်၏အပြင်ဘက်ထွက်ဖို့ပင် ဝန်လေးတတ်သော အားယန်မှာ စစ်ကျွေးတို့နှင့်ခရီးအတူသွားချင်သည် ဆိုသည်ကထူးဆန်းလှသည်။

"အင်း။ သွားလို့ရတယ်"

အားယန်ကိုသွားခွင့်ပြုသည့်အဖြေပေးပြီးတာနှင့် လန်ကျန့်ကိုယ့်အဆောင်ကိုယ်ပြန်လာခဲ့သည်။ သူ့အစ်ကိုတော်၏မွေးစားကလေးမှာ အတော်ထူးဆန်းနေသည်ပင်။
တစ်ရက်နေလို့ စကားတစ်ခွန်းမပြောတတ်သည့် လန်ရှင်းလျန်က ယခုကျင့်ရီနှင့်ပေါက်ပေါက်ဖောက်နေသည်။ မွေးထားသည့်ယုန်တွေကိုအဖက်ပင်မလုပ်ခဲ့သည့်သူက ယခုတော့ ထိုယုန်တွေကိုနာမည်ပေးပြီးပျော်ပျော်ပါးပါးဆော့နေသည်။ အခြားလူတစ်ယောက်နှင့်များမှားလာသလားဟု လန်ကျန့်သံသယဝင်မိပါ၏။

_____________________________________

နောက်ဆုံးတော့ မိုအိမ်တော်ကိုသွားရန် နေ့ရက်ရောက်လာပြီဖြစ်သည်။ အားယန်ကတော့ စိတ်ချမ်းသာပျော်ရွှင်စွာပင် အစ်ကိုနှစ်ယောက်နှင့်လိုက်လာခဲ့သည်။ အားယန်အတွက် ထူးဆန်းစွာပင် ဓားပျံစီးရသည်မှာအဆင်ပြေနေလေသည်။ မိုအိမ်တော်ကိုရောက်သည်နှင့်တစ်ပြိုင်နက် အားယန်မှာဟိုကြည့်သည်ကြည့်နှင့် ဝေ့ဝူရှန်းကိုစတင်ရှာဖွေတော့သည်။

"လန်ဂိုဏ်းကသခင်လေးတို့ဒီဘက်ကြွပါ"

မိုအိမ်တော်မှအစေခံတစ်ယောက်က အားယန်တို့ကို ဧည့်ခန်းသို့ဦးတည်ခေါ်ဆောင်သွားသည်။ ဧည့်ခန်းထဲတွင်တော့ မိုသခင်မကစောင့်ကြိုလျှက်ရှိသည်။

'အင်းလေ နောက်ကျရင်ဒီမှာတွေ့ရမှာပဲဟာ တကူးတကရှာမနေတော့ပါဘူး´

"လန်ဂိုဏ်းကတပည့်တွေက သတ္တိရှိတဲ့သူရဲကောင်းတွေလို့ကြားပါတယ်။ ပြီးတော့ချောလိုက်ကြတာ"

ဝတ္တုကိုတစ်ရာ့ဆယ့်နှစ်ခေါက်လောက်ဖတ်ပြီးသည့် အားယန်ကတော့ သခင်မဘာပြောမည်ဆိုသည်ကိုကြိုသိနေလေသည်။ ထို့ကြောင့်ပင် မိမိရှေ့မှရေနွေးခွက်ကိုကိုင်လျှက် မိုရွှမ်းယွီ တစ်ဖြစ်လဲ ဝေ့ဝူရှန်းပေါ်လာမည့်အချိန်ကိုစောင့်နေလေသည်။

"အမေ အမေ!!"

ထိုအချိန်မှာပင် အခန်းထဲသို့ မိုဇီယွမ်အလောတကြီးပြေးဝင်လာသည်။

'မိုရွှမ်းယွီက မှော်ပညာလေးနည်းနည်းတတ်တာနဲ့ပဲသားကိုအနိုင်ကျင့်လိုက်တယ်´ အားယန်ခေါင်းထဲတွင်ပြောလိုက်သည်။

"အမေ! မိုရွှမ်းယွီ သူ သူ မှော်ပညာလေး နည်းနည်းတတ်တာနဲ့ပဲသားကို အနိုင်ကျင့်တယ်"

"ဘာရယ် သူသားကိုရိုက်လိုက်သေးလား!"

မိုသခင်မနှင့် မိုဇီယွမ်တို့စကားပြောနေစဉ် အားယန်မှာတော့ စိတ်လှုပ်ရှားနေလေသည်။ မကြာခင်အချိန်တွင် ဝေ့ဝူရှန်းရောက်လာတော့မည်။

"မင်း ဒီထဲဝင်လို့မရဘူး"

"သွားစမ်း"

"မသွားဘူး မသွားဘူး ငါကစားချင်သေးတယ်"

တံခါးအပြင်ဘက်မှစကားသံများကိုကြားလိုက်ရသည်နှင့် အားယန်မည်သူရောက်နေပြီဆိုတာသိလိုက်ပါ၏။ အခုချက်ချင်း ထပြေးပြီးမနှုတ်ဆက်မိအောင် ကိုယ့်ကိုယ်ကိုထိန်းချုပ်ထားရသည်။

ထိုအချိန်တွင်ပင် မိုရွှမ်းယွီတစ်ယောက် ဧည့်ခန်းထဲသို့ပြေးဝင်လာလေရာ တံခါးဘောင်နှင့် ခလုတ်တိုက်လေသည်။

"သတိထား!"

မိုရွှမ်းယွီလဲမကျခင် အားယန်ကဖမ်းထိန်းပေးလိုက်သည်။

'အား!! ချောလိုက်တာ! ဝေ့ဝူရှန်းကို အခုလိုအနီးကပ်မြင်နေရတာမယုံနိုင်ဘူး! ငါသေလို့ရပြီ!!!´

အားယန်တစ်ယောက်အတွေးထဲတွင် Fangirl နေစဉ်မှာပင် မိုရွှမ်းယွီ၏ခုန်အုပ်ခြင်းခံလိုက်ရသည်။

"ငါ့ပစ္စည်းတွေကိုဖွက်ထားတာမင်းလား!"

"လာကြစမ်း ဒီအရူးကိုဆွဲထုတ်သွားကြစမ်း"

"ငါမသွားဘူး ငါမသွားဘူး!!"

မိုအိမ်တော်ဧည့်ခန်းတွင် ရုန်းရင်းဆန်ခတ်ဖြစ်နေချိန် လန်ရှင်းလျန်မှာထိုင်ကြည့်ရုံကလွဲ၍မတတ်နိုင်ပေ။

______________________________________

ရုတ်ရုတ်သဲသဲအဖြစ်အပျက်တွေအပြီးမှာတော့ အားယန်တစ်ယောက် စစ်ကျွေးနှင့်ကျင့်ရီတို့ကိုကူပြီး အလံတွေထောင်ပေးသည်။ ဝေ့ဝူရှန်းနှင့်ဘယ်အချိန်တွေ့၍ဘယ်အချိန်တွင် အကူအညီတောင်းရမည်တိုသည်ကိုလည်း စဉ်းစားနေရသည်။ အားယန်အတွက်တော့ အမှတ်ရစရာနေ့လေးတစ်နေ့ပါပေ။

Continue Reading

You'll Also Like

1.1M 38K 63
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
662K 33.4K 61
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
617K 18.6K 75
Hiraeth - A homesickness for a home to which you cannot return, a home which maybe never was; the nostalgia, the yearning, the grief for the lost pla...
180K 4.8K 42
" She is my wife, stay away from her!" " Keep trying she will remain mine. " " Show me your scars, I want to see how many times you needed...