Reward[Him From Final Year]

By Aelennar

1.1M 90.8K 10.7K

တစ်စုံတစ်ယောက်ရဲ့ပိုင်ဆိုင်ခြင်းဖြစ်ခဲ့သည့်နောက်.... More

Intro
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-43
Whys
Chapter-45
Chapter-46
Chapter-47
hello
Ending
Reward
Between Us
Extra-1
Extra-2
Extra-3
Extra-4
Extra-5
On His Side

Chapter-42

15.9K 1.6K 337
By Aelennar

မနက္အေစာျကီး ထြက္လာခဲ႕ျပီး
က်ြန္ေတာ္ အခုေရာက္ေနတာက
ကိုကို႕မိဘေတြ အိမ္ေရွ႕။ဒီအိမ္လိပ္စာ
ကိုသိရဖို႕ လြယ္လြယ္နဲ႕ေတာ့ စံုစမ္းလို႕
ရခဲ႕တာေတာ့မဟုတ္ပါ။

ဒါနဲ႕ဆို က်ြန္ေတာ္ဒီအိမ္ေရွ႕ကိုေရာက္ေန
တာ ဆယ့္ငါးျကိမ္ေျမာက္။ျခံတံတိုင္းက
က်ယ္လြန္းလို႕ ဆိုင္ကယ္ကိုျဖည္းျဖည္း
ခ်င္းေမာင္းလာျပီး ျခံတံခါးအလြန္ နည္း
နည္းေဝးေဝးမွာ မသိမသာနဲ႕ရပ္လိုက္
သည္။ဝတ္လာတဲ႕hoodieေခါင္းစြပ္က
ျကိဳးကိုမ်က္နွာလံုေအာင္ မ်က္လံုးနွစ္လံုး
ပဲေပၚတဲ႕အထိ ဆြဲခ်ျပီးဟိုဘက္ဒီဘက္
ျကည့္ကာ ဆိုင္ကယ္ေပၚကေန မသိမသာ
ဆင္းလိုက္သည္။

က်ြန္ေတာ္ ေသခ်ာေလ့လာျပီး ျကည့္ျပီး
သြားျပီ။ျခံေထာင့္တစ္ဖက္ဆီမွာ cctv
နွစ္လံုးရွိေနသည္။အိမ္ထဲမွာေတာ့ ဘယ္
ေလာက္ရွိမွန္းမသိပါ။က်ြန္ေတာ့္အရပ္
ေလးနဲ႕ ဒီျခံတံတိုင္းအျမင့္ျကီးကိုေက်ာ္
ျပီး ျခံထဲကိုျမင္ေအာင္ျကည့္ဖို႕ဆိုတာ
လည္းဘယ္နည္းနဲ႕မွမျဖစ္နိုင္။

လက္မွာပတ္ထားတဲ႕ နာရီကိုအခ်ိန္ဖြင့္
ျကည့္လိုက္ေတာ့ မနက္ကိုးနာရီထိုး
ခါနီးေနျပီ။ျခံတံတိုင္းအနားကေန
ကပ္ကာ ေျဖးေျဖးခ်င္းဆီသြားရင္းျခံ
တံခါးအေရာက္ ေခါင္းကိုမ်က္လံုးပဲေပၚ
တဲ႕အထိတိုးျပီး ျခံတံခါးသံတိုင္ေဖာ္ထား
သည့္ေနရာကေန ျမင္လို႕ရသေလာက္
မနည္းေခ်ာင္းျကည့္ရသည္။ျခံအထဲမွာ
အေတာ္က်ယ္ပါသည္။အိမ္ကသံုးထပ္
ျဖစ္ျပီးျကီးလြန္းလို႕ အျမင္နဲ႕တင္ေတာ္
ေတာ္ထည္ဝါေနျပီ။အိမ္ရဲ႕စျကၤန္လမ္းမွာ
ေတာ့ကားေလးစီးရပ္ထားျပီး ဘယ္သူ႕
ကိုမွေတာ့မေတြ႕။

တစ္ခဏအျကာ ကိုကို႕ေဖေဖနဲ႕ေမေမ
အိမ္ထဲကေနထြက္လာတာ က်ြန္ေတာ္
ေတြ႕လိုက္ရသည္။လက္ေတြေအးစက္
လာကာရင္ေတြတုန္ေနျပီး ဆက္ျကည့္
ေနတုန္းကိုကို႕ေမေမကို ေဖေဖကစကား
ေျပာေနသည္။လက္ဆြဲအိတ္ကိုကိုင္
ထားေပးတဲ႕ လူယံုလို႕ထင္ရတဲ႕ဦးေလး
တစ္ေယာက္က ကားအေရွ႕ခန္းကိုအရင္
တက္သြားျပီး ဒါရိုင္ဘာအသင့္ဖြင့္ေပး
ထားသည့္ ကားအေနာက္ခန္းေပၚ ကိုကို႕
ေဖေဖကတက္ဖို႕ျပင္ေနေလျပီ။ေဖေဖ
ဒီေန႕ကုမၸဏီမွာအေရးျကီး ကိစၥရွိလို႕
လား။ကိုကို႕ေဖေဖက စီးပြားေရးနယ္ပယ္
မွာနမယ္ျကီးသည့္ ပုဂၢိဳလ္ျဖစ္ျပီးအလွဴ
အတန္းလည္းရက္ေရာလို႕ အမ်ားက
ေလးစားရတဲ႕သူျဖစ္သည္။ကိုကို႕ေဖေဖ
လို႕မေျပာရဘူး ခန္႕ညားျပီးသိပ္ျကည့္လို႕
ေကာင္းတာပဲ။

က်ြန္ေတာ္ရပ္ေနရာကေန အျမန္ပင္
ျခံတံခါးအေရွ႕ကေနခြာျပီး ေျပးပုန္းရ
သည္။မွန္အနက္ခ်ထားသည့္ကားက
အိမ္ေရွ႕ကေနေမာင္းထြက္သြားတာနဲ႕
ျခံတံခါးကလည္းျပန္ပိတ္သြားေလျပီ။
ေတာ္ပါေသးရဲ႕ ေျပးတာျမန္လို႕။

ေဖေဖ က်ြန္ေတာ့္ကိုမေတြ႕သြားေလာက္
ပါဘူးေနာ္။ေကာင္းေကာင္းသြားပါ ေဖေဖ။

သက္ျပင္းေတြခ်မိျပီး အိမ္ျကီးကိုျပန္ေမာ့
ျကည့္ကာ က်ြန္ေတာ္လည္းဆိုင္ကယ္ရပ္
ထားတဲ႕နား ျပန္သြားဖို႕ျပင္ရသည္။သူေ႒း
အိမ္ကို ေစာင့္ျကည့္ရတာလည္း မလြယ္
ပါလား။

ကိုကို ျပန္လာမဲ႕အေျခအေနေလးမ်ား
သိရမလားမလို႕လာေစာင့္ျကည့္ေနတာ
ဒီေန႕လည္းဘာမွမထူးျခားဘူး ဒီအတိုင္း
ျပန္ရမွာပဲ။တစ္ခါကျခံေစာင့္လို႕ထင္
ရတဲ႕ဦးေလးတစ္ေယာက္နဲ႕ ေတြ႕လို႕
စကားေလးစမလား ျခံတံခါးအနားကို
မေယာင္မလည္သြားရပ္မိပါတယ္။
က်ြန္ေတာ့္ကိုမိုက္ျကည့္ ျကည့္ေနလို႕
ေျကာက္ျပီးအျမန္ျပန္ေျပးခဲ႕ရတယ္။

ဒီအိမ္က အေစာင့္ေတြေသခ်ာထား
ထားတာ။က်ြန္ေတာ္ ေတာ္ေတာ္ေလး
ေျကာက္ေပမဲ႕လည္းလာမေစာင့္ျကည့္
လို႕မွမရတာ။ကိုကိုက သူျပန္လာရင္
သူ႕မိဘေတြအိမ္မွာပဲ အရင္ေနမွာပဲ။
ကိုကိုျပန္လာရင္ အရင္ဆံုးသိ
ရတဲ႕သူက က်ြန္ေတာ္ပဲျဖစ္ရမယ္။

ေနာက္တစ္ပတ္လည္း က်ြန္ေတာ္လာ
ျပီးေစာင့္ျကည့္မွာပဲ။မေျကာက္ပါဘူး။
တစ္ခုခုဆိုရင္ က်ြန္ေတာ္ကထြက္ေျပးတဲ႕
ေနရာမွာ က်ြမ္းက်င္တယ္ေလ။

_______________________________

"ဟိုေကာင္ေလး ျခံတံတိုင္းအျပင္ကေန
အိမ္ကိုအျမဲ လာလာေစာင့္ျကည့္
ေနတယ္တဲ႕ အန္တီ"

ဧည့္ခန္းက ဆိုဖာေပၚမွာထိုင္ေနသည့္
ေဒၚျမခက္ရဲ႕ မ်က္နွာကတည္ျကည္ေန
ျပီးေသာက္လက္စ ေကာ္ဖီခြက္ကို
ေဘးက ေကာင္မေလးဆီ ေပးလိုက္သည္။

"အဲ႕ေကာင္ေလး အေျခအေနဘယ္လိုလဲ
အရင္အတိုင္းပဲလား"

"စာေမးပြဲေအာင္ျပီး အခုအလုပ္ဆက္
လုပ္ေနတယ္။အန္တီရဲ႕သား ျပန္မလာ
မခ်င္း လာေစာင့္ျကည့္ေနမဲ႕ပံုပဲ။ဘယ္လို
လုပ္လိုက္ရမလဲ အန္တီ။က်ြန္ေတာ္
ျခံထဲက လူလႊတ္ျပီး ေနာက္မလာဖို႕
သတိေပး လိုက္ရမလား"

"မလိုဘူး ထားလိုက္ သူလာခ်င္ေနတာလာပါေစ"

ေဒၚျမခက္ရဲ႕မ်က္နွာမွာ အျပံဳးေတြျဖစ္
လာသည္။

သားက ဒီေကာင္ေလးအေပၚမွာ ထူးျခား
ေနတာလည္းမေျပာနဲ႕ ေကာင္ေလးက
ပထမဆံုးအျကိမ္ေတြ႕ထဲက ခ်စ္ခင္စဖြယ္
ေလးပဲ။ရိုးတယ္ဆိုတာလည္း သိတယ္။
ဒါေပမဲ႕ေျကာက္ေနတာကလြဲျပီး ေမးတာ
ကိုျပန္မေျဖခဲ႕ဘူး။သားအေပၚမွာေလးနက္
မႈကိုမေတြ႕ရဘူး။

အေမတစ္ေယာက္အေနနဲ႕ ဒီလိုမ်ိဳး
ဘယ္ျဖစ္ေစခ်င္ပါ့မလဲ။ဘယ္လိုလုပ္ျပီး
သေဘာတူ လက္ခံနိုင္ခဲ႕မလဲ။ဒါေပမဲ႕
လည္းနွစ္ေတြျကာခဲ႕ျပီ။သားသာ ျပန္
လာခဲ႕ရင္ ဒီေကာင္ေလးအေပၚစိတ္ေတြ
ေျပာင္းလဲသြားမလား။အရင္အတိုင္းပဲ
ျဖစ္ေနမလား။အရြယ္ေရာက္ေနတဲ႕သား
တစ္ေယာက္ကို မိဘေတြကထိန္းခ်ဳပ္ဖို႕
ဆိုတာေတာ့ ဘယ္လိုလုပ္ျပီးျဖစ္နိုင္ပါ့
မလဲေလ။

________________________________

က်ြန္ေတာ္တို႕ အခုေရာက္ေနတာက
ေမမီရဲ႕ အိမ္မွာ။ဘြဲ႕ေန႕အတြက္ ေမမီနဲ႕
ရည္မြန္ အလွျပင္ဖို႕စကားသြားေျပာ
အထည္ေတြလိုက္ဝယ္တာကို ကိုဝဏၰ
လိုက္ပို႕ေပးအျပီး အခုက်ြန္ေတာ္တို႕
ေမမီရဲ႕အိမ္ကို ေရာက္ေနတာပင္။

ရည္မြန္႕အိမ္မွာသာဆို ရည္မြန္႕အေဖ
ရွိေနေတာ့ ကိုဝဏၰဝင္လို႕မေကာင္းဘူး
ေလ။ေမမီ႔အေမက်ေတာ့ လူငယ္ေတြကို
နားလည္ေပးေတာ့ ကိုဝဏၰကိုစကားေတြ
ဘာေတြေတာင္ေျပာျပီး နႈတ္ဆက္သြား
သည္။ေမမီ႕အိမ္မွာပဲကိုဝဏၰ ရည္မြန္နဲ႕
စကားေျပာေနရင္း မျပန္ေသးပါ။

ထိုင္ခံုေတြမွာ ကိုဝဏၰနဲ႕ က်ြန္ေတာ္ထိုင္
ေနျပီး ရည္မြန္နဲ႕ေမမီကေတာ့ ျကမ္းျပင္
မွာထိုင္ျပီးဝယ္လာတဲ႕ အိတ္ေတြကိုေျဖ
ျပီး ပိတ္စေတြျပန္ျဖန္႕ျကည့္ေနသည္။
ဒီဇိုင္နာနဲ႕ အပ္မယ္ဆိုလား။က်ြန္ေတာ္
လည္း မိန္းကေလးေတြျကားမပါခ်င္
တာမို႕ အေဖာ္ပဲလိုက္ေပးျပီး က်ြန္ေတာ့္
အတြက္လည္းသူတို႕ပဲျကည့္ေပးတာ။

အျပင္ကျပန္လာတာ ပူလြန္းလို႕က်ြန္ေတာ့္
မွာ ထိုင္ခံုမွာထိုင္ေနရင္း အေအးေသာက္
ျပီး ယပ္ခပ္ေနရသည္။အျပင္မွာ ေနေတာ္
ေတာ္ပူတာ။

က်ြန္ေတာ္အေအးေသာက္ေနတုန္း ေဘး
ကခံုမွာ ထိုင္ေနတဲ႕ ကိုဝဏၰက ရည္မြန္႕
ကိုလွမ္းျပီးစကားေျပာေနရာကေန က်ြန္
ေတာ့္ဘက္လွည့္လာသည္။သူတို႕ေတြက
ေက်ာင္းျပီးသြားေတာ့ က်န္တဲ႕သူေတြနဲ႕
သိပ္မေတြ႕ျဖစ္ေပမဲ႕ ကိုဝဏၰကေတာ့
ရည္မြန္႕ကို ေက်ာင္းမွာလာေတြ႕တိုင္း
က်ြန္ေတာ္တို႕နဲ႕ အျမဲေတြ႕ျဖစ္တယ္
ေလ။

"က်ြန္ေတာ့္ကို ဘာျဖစ္လို႕ျကည့္ေနတာ
လဲ။ဘာေျပာ မလို႕လဲ"

ကိုဝဏၰက က်ြန္ေတာ့္ကိုဒီအတိုင္းသာ
ျကည့္ေနသည္။

"စစ္ေျကာင္း မင္းကိုတစ္ခါေလးမွ မဆက္
သြယ္လာဘူးလား"

နွစ္ေယာက္ထဲျကားရံု ေမးေနသည့္
ကိုဝဏၰ။

ဘာမွျပန္မေျဖနိုင္ပဲ အေအးဘူးကို
ကိုင္ထားသည့္ က်ြန္ေတာ့္လက္ေတြ
ရုတ္တရက္ ရပ္တန္႕ သြားရသည္။

"ျကည့္ရတာ ဒီေကာင္လံုးဝျပန္မလာ
ေတာ့ဘူး။ဟိုမွာမ်က္လံုးျပာမေလး
ေခ်ာေခ်ာေလးနဲ႕ ျငိသြားျပီထင္တယ္။
မင္းေတာ့ က်န္ရစ္ျဖစ္မွာေသခ်ာေနျပီ"

"မဟုတ္ဘူး"

ကေယာင္ကတမ္း ျငင္းရင္းပင္ ကိုဝဏၰ
ကိုမျကည့္ရဲေတာ့ပါ။ျငိမ္ျငိမ္သက္သက္
ထိုင္ေနေပမဲ႕ စိတ္က ဂေယာင္ေျခာက္
ျခားနဲ႕ မတည္ျငိမ္နိုင္။

ကိုဝဏၰ က်ြန္ေတာ့္ကို အခုဘာေတြ
လာေျပာေနတာလဲ။အရင္ကက်ြန္ေတာ္
တို႕ေတြ႕ရင္ သူ႕အေျကာင္းလံုးဝမေျပာခဲ႕
ဘူးေလ။

က်ြန္ေတာ္လည္း လံုးဝ မေမးခဲ႕ဘူး။

"မင္းလည္း တစ္ေယာက္တည္းမေနနဲ႕
အခ်ိန္ကုန္ခံျပီး ေစာင့္မေနနဲ႕ေတာ့။
စစ္ေျကာင္းျပန္လာလည္း မင္းကိုေတြ႕
ခ်င္ေတာ့မွာ မဟုတ္ဘူး။ဒီေကာင္က
ျပတ္ျပီးသားသူကို ျပန္တြဲတဲ႕ေကာင္
မဟုတ္ဘူး။မင္းေတာ့ ေသခ်ာေနပါျပီ
က်န္ရစ္ျဖစ္မွာ"

"က်ြန္ေတာ့္ကိုဘာေတြ လာေျပာေနတာလဲ"

မ်က္နွာပ်က္သြားသည္ကို ဘယ္လိုမွ
ဟန္ေဆာင္ျပီးေနလို႕ မရေတာ့ပါ။
ကိုဝဏၰကို စိတ္မသက္မသာနဲ႕ပင္
စိုက္ျကည့္လိုက္မိသည္။

ကိုဝဏၰကိုျကည့္ရတာ မ်က္နွာ
တည္ေနျပီး ေနာက္ေနသည့္ပံုမေပၚ
တာမလို႕ ပိုျပီးရင္ေတြပူလာသည္
ကို ထိန္း၍မရ။က်ြန္ေတာ္ကေရာဒါကို
မေတြးမိပဲေနမလား။အဲ႕လိုအေတြးေတြ
ဝင္လာတိုင္း ညဘက္ေတြအိပ္မေပ်ာ္
ေအာင္ျဖစ္ေနရလြန္းလို႕။

"ငါ့ကိုဘာေတြေျပာေနလဲ လာမေမးနဲ႕။
ဒီေကာင္သြားတက္တဲ႕ေက်ာင္းက
တစ္နွစ္ပဲ။အဲ႕တာကိုဒီေလာက္နွစ္ေတြ
ျကာေနတာေတာင္ ျပန္မလာေသးတာ
တစ္ျခားဘာကိစၥ ရွိအံုးမွာလဲ။ဟိုမွာ
မထားခဲ႕နိုင္တဲ႕ ေကာင္မေလးရွိေနျပီ
ျဖစ္မွာေပါ့"

"မဟုတ္ဘူး ခင္ဗ်ား ေလ်ွာက္ေျပာေနတာ"

ကိုဝဏၰကိုေအာ္လိုက္မိတဲ႕ အသံက
ဘယ္ေလာက္ပင္ က်ယ္သြားလည္း
မသိပါ။ရည္မြန္နဲ႕ေမမီ သတိထားမိ
သြားျပီး က်ြန္ေတာ္တို႕ဘက္ျကည့္
လာေတာ့ ကိုဝဏၰကိုမ်က္နွာလႊဲျပီး
ဟိုဘက္လွည့္ေနလိုက္သည္။ကိုဝဏၰ
ကိုမွမဟုတ္ဘူး အကုန္လံုးကိုေက်ာခိုင္း
ပလိုက္တာ။အခုခ်ိန္ က်ြန္ေတာ့္မ်က္နွာ
ကို ေမမီတို႕ကိုမျမင္ေစခ်င္ဘူး။

သိပ္မျကာ ေမမီကက်ြန္ေတာ့္အနား
လာရပ္ျပီး ပုခံုးကိုဖက္ကာ က်ြန္ေတာ့္
မ်က္နွာကိုလိုက္ျကည့္ေနသည္။

"ကိုဝဏၰ ဘာေတြ လိုက္ေျပာေနတာလဲ။
လိုက္စ မေနနဲ႕။ဆုလာဘ္ ေနသိပ္
ေကာင္းေနတာ မဟုတ္ဘူး"

ေမမီ ကိုဝဏၰကို လွမ္းေျပာလိုက္ျပီး
က်ြန္ေတာ့္ေခါင္းကို တစ္ဖြဖြကိုင္ကာ
"မဟုတ္ဘူး"လို႕ေျပာျပီးနွစ္သိမ့္ေပး
ေနသည္။လူကေနသိပ္မေကာင္းေတာ့
အလိုလိုေနရင္း အားငယ္သလိုျဖစ္ေန
တာ ေမမီကက်ြန္ေတာ့္ကိုကေလးကို
လာေခ်ာ့ေနေတာ့ စိတ္ကပိုျပီးေပ်ာ့လာသည္။

က်ြန္ေတာ္ ေခါင္းျပန္မေမာ့လာေတာ့
ေမမီနဲ႕ ရည္မြန္ ထိုင္မရထမရျဖစ္ေနျက
ျပီး ကိုဝဏၰကေတာ့ တရားခံပင္။

ရည္မြန္နဲ႕ကိုဝဏၰ စကားမ်ား
ေနျကတဲ႕အသံေတြျကားလိုက္ရျပီး
တစ္ခဏအျကာကိုဝဏၰရဲ႕ ရယ္သံေတြ
ပါျကားလိုက္ရသည္။

"ဘာလဲ ဒါေလးေတာင္ စလို႕မရဘူး
လား။သူပဲ လံုးဝ မျမင္ခ်င္ပါဘူးဆိုျပီး
ေမာင္းထုတ္ခဲ႕တာေလ။အဲ႕ဒီတုန္းက
ငါတို႕ေကာင္ ခံစားခဲ႕ရတာေတြကို
ျပန္ေတာင္ မေျပာခ်င္ေတာ့ဘူး"

ကိုဝဏၰရဲ႕ မေက်မနပ္သံေတြက
က်ြန္ေတာ့္ကို ဦးတည္ေနသည္။

"ေဟ့ေရာင္ အဲ႕ေလာက္ျဖစ္မေနနဲ႕
မင္းကိုငါစေနတာ။ဒီမွာ မင္းအစ္မေတြ
ငါ့ကိုသတ္ေတာ့မယ္။ငါဒီေလာက္ေလး
ေျပာလိုက္တာကိုေတာင္ မင္းအဲ႕
ေလာက္ ေျကာက္ေနရင္ အစထဲက
ဘာလို႕ လမ္းခြဲ႕ခဲ႕ေသးလဲ"

က်ြန္ေတာ့္ေခါင္းကို ကိုဝဏၰသူ႕လက္ျကီး
ခပ္ျကမ္းျကမ္းကိုင္ကာ တစ္ခ်က္ရိုက္
သြားျပီး ရည္မြန္အနားမွာေနကာ စကား
သြားေျပာေနသည္။

က်ြန္ေတာ္လည္း အခုမွ အသက္ရႈ
မွန္လာျပီး မ်က္နွာကိုမသာမယာနဲ႕
ေမာ့နိုင္ေတာ့သည္။က်ြန္ေတာ့္ကိုေခ်ာ့
ေနတဲ႕ ေမမီ႕ကိုေတာ့မ်က္နွာပူေနလို႕
မျကည့္ရဲေတာ့ပါ။

ေတာ္ေတာ္ အက်င့္ပုတ္တဲ႕ ကိုဝဏၰ။
က်ြန္ေတာ့္ကိုအတည္ေပါက္နဲ႕ ေျပာေနမွ
ေတာ့ က်ြန္ေတာ္က ရင္မပူေတာ့ပဲေန
မလား။တစ္ျခားဟာ စလို႕မရဘူးလား။

က်ြန္ေတာ့္ကိုလာျကည့္ပါအံုး။
ခင္ဗ်ားမရွိေတာ့ က်ြန္ေတာ့္ကို
အနိုင္က်င့္ေနျကျပီ။

ဒါေတာင္ က်ြန္ေတာ္မ်က္ျမင္ေတြ႕တာ
မဟုတ္ေသးဘူး။သူမ်ားေျပာတာျကားရံု
နဲ႕ဒီေလာက္ေျကာက္ေနရရင္ ကိုကိုသာ
တစ္ကယ္ပဲ တစ္ျခားေကာင္မေလး
တစ္ေယာက္နဲ႕တြဲေနျပီသာဆိုရင္
အေတြးနဲ႕တင္ က်ြန္ေတာ္…။

_____________________________

က်ြန္ေတာ္တို႕ rehersalျပီးလို႕
အတည္ယူတဲ႕ေန႕သို႕ ေရာက္လာေလ
ျပီ။ဘြဲ႕နွင္းသဘင္ကေန ျပန္အထြက္
ေမမီတို႕ဓာတ္ပံုေတြရိုက္ေနတာကို
ေစာင့္ေပးျပီးက်ြန္ေတာ္လည္းမေနရ။
အမွတ္တရ တစ္ခ်ိဳ႕ေတာ့ သူငယ္ခ်င္း
ေတြနဲ႕ရိုက္ျဖစ္ပါသည္။

ရည္မြန္႕ေဘးမွာ ကိုဝဏၰက တစ္တြဲတြဲ။
ခ်မ္းေျမ့ကေတာ့ သူ႕မိဘေတြနဲ႕အစ္ကို
ျဖစ္တဲ႕ ကိုရန္နိုင္ကပါ ကိုဝဏၰနဲ႕လိုက္
လာေပးသည္။ကိုရန္နိုင္နဲ႕မေတြ႕တာ
ျကာေတာ့ စကားေျပာျဖစ္ျပီးက်ြန္ေတာ့္
ကိုလည္း သူျပန္လာမွာပါဆိုျပီး အားေပး
စကားကပ္ေျပာသြားသည္။ေမမီက်ေတာ့
ေျပာစရာမလိုတစ္အိမ္လံုးက လိုက္လာ
ေပးျပီးက်ြန္ေတာ္လည္း တစ္ေယာက္
တည္းမဟုတ္ပါဘူး က်ြန္ေတာ့္ညီေလး
ပါလာတယ္ေလ။ေမမီတို႕အိမ္ကကားနဲ႕
ပဲလိုက္လာခဲ႕တာ ေမမီ႔အေမကလည္း
က်ြန္ေတာ့္ကို အစစအရာရာ ဂရုစိုက္
ေပးတယ္။

ဘြဲ႕နွင္းသဘင္အျပင္ဘက္မွာ ဓာတ္ပံုရိုက္
ေနျကတဲ႕ သူေတြျကားကေနထြက္ျပီး
က်ြန္ေတာ့္ ညီေလးလက္ကို ဆြဲကာ
ေလွကားထစ္ေတြနားမွာထိုင္ခ်လိုက္
သည္။ေနကလည္း ပူေတာ့ဝတ္ထား
တာနဲ႕ ေတာ္ေတာ္ပူေနျပီ။က်ြန္ေတာ့္
ညီေလးကေတာ့ လိုက္ျကည့္ျပီးေပ်ာ္
ေနတာ မျပီးေတာ့ဘူး။

"ဟဲ႕ ဆုလာဘ္ လာေလ ငါတို႕စုရိုက္မယ္"

ကိုဝဏၰဓာတ္ပံုရိုက္ေပးေနသည့္ ဟိုသံုး
ေယာက္က က်ြန္ေတာ့္ကိုလွမ္းေခၚသည္။

ေခါင္းသာခါျပလိုက္ရတယ္။ရိုက္လဲရိုက္
နိုင္ျကတယ္။ျပီးရင္ က်ံဳးျမိဳ႕ရိုးနဲ႕ကုသိုလ္
ေတာ္မွာ ကင္မရာသမားနဲ႕ရိုက္ျကအုန္း
မယ္တဲ႕။က်ြန္ေတာ္ကေတာ့ မနိုင္ေတာ့
ဘူး။အပူရွပ္ျပီး ေနလဲ သိပ္မေကာင္း
ေတာ့ထိုင္ေစာင့္ျပီးျငိမ္ျငိမ္ေလးပဲ နားေန
ခ်င္ေတာ့သည္။ဗိုက္ကလည္းဆာေနျပီ။

ရည္မြန္ကေတာ့ ဒီေန႕ယဥ္ယဥ္ေလးနဲ႕
တစ္ကယ္လွေန ပါသည္။ကိုဝဏၰ
ရည္မြန္႕ကို ပန္းစည္းေပးလိုက္တဲ႕အခ်ိန္
ရည္မြန္႕မ်က္နွာက အျပံဳးေတြျဖစ္လို႕။
သူတို႕အတြဲက အသက္ကြာေပမဲ႕
ရည္မြန္က အရပ္ရွိျပီးေဒါင္ေကာင္း
ေကာင္းမို႕ ယွဥ္ျပီးရပ္လိုက္ရင္ ငယ္
တယ္လို႕မထင္ရပဲ လိုက္ဖက္လြန္းပါ
သည္။

ရည္မြန္နဲ႕ကိုဝဏၰတို႕အတြဲနဲ႕ တစ္ျခားသူ
ေတြကို ေငးျကည့္ျပီးက်ြန္ေတာ္သက္ျပင္း
ေတြခ်မိရင္း ဒီအတိုင္းထိုင္ေနမိသည္။
အမွန္အတိုင္းေျပာရရင္ မေပ်ာ္ေနပါ။
အိမ္ကိုပဲ ျပန္ျပီးနားခ်င္ေနျပီ။

"ဆုလာဘ္ ဒီဘက္လွည့္။ငယ္ေလးနဲ႕နင့္
ကို ငါဓာတ္ပံုရိုက္ေပးမယ္"

သိပ္မျကာ ေမမီက က်ြန္ေတာ္နဲ႕
အငယ္ေလးထိုင္ေနတဲ႕နား ေရာက္
လာျပီး အေရွ႕မွာရပ္ကာ ဓာတ္ပံုရိုက္
ေပးဖို႕ျပင္ေနသည္။

ေမမီတို႕က က်ြန္ေတာ့္ကိုတစ္ခါေလးမွ
မပစ္ထားပါ။က်ြန္ေတာ္ကပဲ စိတ္မေပ်ာ္
ေနလို႕ဒီမွာျငိမ္ျငိမ္ေလး ထိုင္ေနတာ။

အငယ္ေလးကိုက်ြန္ေတာ္ ဖက္လိုက္
ေတာ့ က်ြန္ေတာ့္ညီေလးကလည္း
သူ႕ကိုဓာတ္ပံုရိုက္ရင္လုပ္ေနျကအတိုင္း
လက္နွစ္ေခ်ာင္းေထာင္ျပီး ျပံဳးရယ္လို႕။
က်ြန္ေတာ္တို႕ညီအစ္ကို နွစ္ေယာက္
ေမမီ႕ေက်းဇူးနဲ႕ ပံုမိုက္မိုက္ေလးထြက္
ခဲ႕သည္။

"ဗိုက္ဆာေနျပီလား"

"ေစာနက ျကီးျကီး မုန္႕ေက်ြးထားတယ္"

အငယ္ေလးက ျပံဳးရယ္ကာ
ေခါင္းခါျပျပီး ေမမီ႕အေမ သူ႕ကိုမုန္႕ေက်ြး
ထားတာ ေျပာျပေနသည္။လိုက္ခဲ႕ရ
လို႕ တအား ေပ်ာ္ေနတာ ဒီကေလး။

က်ြန္ေတာ္လည္း က်ြန္ေတာ့္ညီေလးကို
ျကည့္ကာ ျပံဳးလိုက္မိျပီး ဆံပင္ေတြကို
သပ္သပ္ရပ္ရပ္ျဖစ္ေအာင္ လုပ္ေပး
လိုက္သည္။ျပီးတာနဲ႕ က်ြန္ေတာ္တို႕
ထိုင္ေနသည့္ေနရာက သူမ်ားေတြ
ဓာတ္ပံုရိုက္ေနသည့္ စက္ကြင္းနဲ႕
မလြတ္ပဲ ေနအေတာ္ေလးပူေနသည္မို႕
ေနရာေရႊ႕မလို႕ လုပ္ေနတုန္း။

"ဆု ဆုလာဘ္ ဟိုမွာ ကိုစစ္ေျကာင္း
မဟုတ္ဘူးလား"

က်ြန္ေတာ့္ ရင္ထဲ လံုးဝကိုထိတ္ခနဲပင္။

ေဘးမွာ ရပ္ေနသည့္ ခ်မ္းေျမ့ကို
အလ်င္အျမန္ေမာ့ ျကည့္လိုက္မိ
ေတာ့ ခ်မ္းေျမ႕က အေပါက္ဝကို
ဘက္ကို ျကည့္ျပီး ေျပာေနတာ။

က်ြန္ေတာ္ ဘယ္လိုေတာင္ခ်က္ခ်င္း
မတ္တပ္ရပ္လိုက္ မိမွန္းမသိပါ။
ခ်မ္းေျမ႕ျပေနတဲ႕ဘက္ကို ရင္ေတြတုန္
ျပီး အလ်င္အျမန္ျကည့္လိုက္ေတာ့
ဘြဲ႕နွင္းသဘင္ အထြက္ေပါက္မွာ
တစ္ျခားသူေတြျကားထဲ ရပ္ေနျပီး
က်ြန္ေတာ္တို႕ဘက္ကိုျကည့္ေနသည့္သူ။

အေဝးကေနမို႕ သူ႕မ်က္နွာကိုေကာင္း
ေကာင္းမျမင္ရေပမဲ႕ က်ြန္ေတာ္ဘယ္လို
လုပ္ျပီး လူမွားမွာတဲ႕လဲ။

"ကိုကို"

ဘြဲ႕နွင္းသဘင္ရဲ႕ေအာက္ေျခေလွကား
ထစ္ေတြကို ဘယ္လိုေျပးဆင္းခဲ႕မိမွန္း
ေတာင္ကိုယ့္ကိုကိုယ္ မသိနိုင္ေတာ့ပါ။
အငယ္ေလးကို ေမမီ႕အေမလက္ထဲ
ထားခဲ႕ရသည္။လူေတြတစ္အားမ်ား
ေနေတာ့ ဓာတ္ပံုရိုက္ေနျကတဲ႕လူ
ေတြျကားထဲ စိတ္ေလာကာအလ်င္
အျမန္ေျပးလာခဲ႕ရင္း က်ြန္ေတာ့္အျမင္
ေတြမမွားဘူးဆိုတာ ေသခ်ာသိေနသည္။

အခုခ်ိန္မွာ သူ႕ကိုမေတြ႕လိုက္ရမွာ
ေျကာက္ေနတဲ႕ စိတ္က ေျခလွမ္းေတြ
ကိုပို၍အရွိန္တင္ေစျပီး သူရပ္ေနတဲ႕
ေနရာကို ေရာက္ေတာ့ သူမရွိေတာ့။
လူေတြျကားထဲ ရပ္ျပီးပတ္ပတ္လည္
လိုက္ျကည့္မိေတာ့လည္း သူ႕ကိုအရိပ္
အေယာင္ေတာင္ မေတြ႕ေတာ့ပါ။
သူရပ္ျကည့္ေနသည့္အထြက္ေပါက္ရဲ႕
လမ္းေဘးက အုတ္ခံုမွာေတာ့သူခ်န္ရစ္
ထားခဲ႕သည့္ ပန္းစည္းနဲ႕အရုပ္ေလး။

ခ်က္ခ်င္းပင္ မ်က္ရည္ေတြဝဲတက္လာ
သည္ကိုထိန္းေနရျပီး နႈတ္ခမ္းေတြက
ျပံဳးေနမိတာ အရူးတစ္ေယာက္လိုပင္။

ကိုကို တစ္ကယ္ျပန္ေရာက္ေနျပီ။
က်ြန္ေတာ့္ဆီ တစ္ကယ္လာသြားတာ။

အနီေရာင္နွင္းဆီ ပန္းစည္းကိုက်ြန္ေတာ္
ယူျပီး ပိုက္လိုက္တဲ႕အခ်ိန္ပန္းစည္းက
ျကီးလြန္းလို႕ က်ြန္ေတာ့္မ်က္နွာကိုပါဖံုး
သြားျပီး လက္နွစ္ဖက္နဲ႕မနဲပိုက္ထားရ
သည္။ဘြဲ႕အရုပ္ေလးကိုလည္းတစ္ဖြဖြ
ကိုင္ျကည့္ျပီး က်ြန္ေတာ့္မွာရပ္ေနတဲ႕
ေနရာမွာပဲ။

"ဆုလာဘ္ ဘယ္မွာလဲ ကိုစစ္ေျကာင္း
ငါအျမင္မွားတာလား"

က်ြန္ေတာ့္ေဘးနားကို ခ်မ္းေျမ႕က အရင္
ေရာက္လာျပီး အသည္းအသန္
ေမးသည္။

"ဟဲ႕ ဆုလာဘ္နင့္ကို ဒါဘယ္သူေပး
တာလဲ။တစ္ကယ္ပဲကိုစစ္ေျကာင္းလား
ဘယ္မွာလဲ လုပ္အံုး"

ျပီးတာနဲ႕ေမမီ ထပ္ေရာက္လာျပီးဝတ္ရံု
ကိုတစ္ကိုင္ကိုင္နဲ႕ ဟိုဘက္သြားမလို
ဒီဘက္သြားမလိုေတြ ျဖစ္ေနသည္။

"ဘယ္မွာလဲ ငါတို႕ကိုျကီး တစ္ကယ္
ျပန္ေရာက္ေနတာလား။ဆုလာဘ္
နင္ ေသခ်ာေတြ႕လိုက္တာလား။ငါ
နင္တို႕အေနာက္ကေန ေျပးလိုက္
လာတာ ဖိနပ္ေတာင္က်ြတ္တယ္။
ကိုစစ္ေျကာင္း ျပန္ေရာက္ေနတာသူ႕
သူငယ္ခ်င္းေတြ သိမွာပဲ။ကိုဝဏၰငါ့ကို
ဘာမွမေျပာျပဘူး အဲ႕လူ ေတြ႕မယ္"

ရည္မြန္ကပါ လူေတြျကားထဲ ဘယ္လို
ေျပးလာခဲ႕လည္းမသိ ဝတ္ထားတဲ႕
ေဒါက္ဖိနပ္ကို လက္နွစ္ဖက္မွာကိုင္
ထားျပီး ေျပးလာတာေမာေနသည့္ျကား
ကေမးေနသည္။ရည္မြန္ဒီေလာက္
စကားအမ်ားျကီးေျပာတာ ဒါပထမဆံုးပဲ။

က်ြန္ေတာ္ ဘယ္သူ႕ကိုမွျပန္မေျဖနိုင္ပဲ
အထြက္ေပါက္ကိုသာျကည့္လို႕ အခု
ခ်ိန္မွာ ရင္ထဲဘယ္လိုျဖစ္ေနမွန္းမသိ
ေအာင္ပဲ။က်ြန္ေတာ့္ သူငယ္ခ်င္းေတြ
ေတာင္ ဒီေလာက္ေပ်ာ္ေနတာ က်ြန္
ေတာ္သာ ဆိုရင္ဘယ္လိုျဖစ္ေနမလဲ။

သူဘယ္တုန္းက ျပန္ေရာက္ေနတာ
လဲ က်ြန္ေတာ္ဘြဲ႕ယူတဲ႕ရက္ အမွီ
ျပန္လာတာလား။အဲ႕တာေျကာင့္ကိုဝဏၰ
က်ြန္ေတာ့္ကို သူ႕အေျကာင္းေတြ
ရုတ္တရက္လာေျပာျပီး စေနတာ။

မ်က္ရည္ေတြဝဲေန ပါေသာ္လည္း
နွစ္နွစ္ျခိဳက္ျခိဳက္ပင္ နႈတ္ခမ္းေတြက
အျပံဳးမရပ္နိုင္ေအာင္ ျဖစ္ေနမိျပီး
လက္ထဲကပန္းစည္းကိုပို၍ပင္ ရင္ခြင္
ထဲပိုက္ထားလိုက္မိသည္။က်န္တာ
ဘာမွမလိုဘူး ကိုကိုျပန္ေရာက္ေနတာ
နဲ႕က်ြန္ေတာ့္ကို လာေတြ႕တယ္ဆိုတာ
နဲ႕တင္ ဒီေန႕မွာက်ြန္ေတာ္ဟာ အေပ်ာ္
ေတြလြန္ေနတဲ႕သူျဖစ္သြားျပီ။ကိုကို
က်ြန္ေတာ့္ကိုမေမ့နိုင္ပါဘူး။သူသာ
က်ြန္ေတာ့္ကို ေမ႔နိုင္သြားျပီဆိုရင္
ဒီေန႕လာေတြ႕မွာေတာင္ မဟုတ္ဘူး။

ကိုကိုမလာခ်င္ရင္လည္း အဲ႕ဒီမွာပဲ
ရပ္ေနပါ။ေျခတစ္လွမ္းေတာင္တိုးစရာ
မလိုဘူး။ဒီတစ္ခါ က်ြန္ေတာ္ ကိုကို႕ဆီ
လာခဲ႕ေပးမယ္။

က်ြန္ေတာ့္မွာ ျကိဳးစားခြင့္ေတာ့ ရွိေသး
တယ္မလား။

••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

Unicode

မနက်အစောကြီး ထွက်လာခဲ့ပြီး
ကျွန်တော် အခုရောက်နေတာက
ကိုစစ်​ကြောင်းမိဘတွေ အိမ်ရှေ့။ဒီအိမ်လိပ်စာကိုသိရဖို့ လွယ်လွယ်နဲ့တော့
စုံစမ်းလို့ရခဲ့တာတော့မဟုတ်ပါ။

ဒါနဲ့ဆို ကျွန်တော်ဒီအိမ်ရှေ့ကိုရောက်နေ
တာ ဆယ့်ငါးကြိမ်မြောက်။ခြံတံတိုင်းက
ကျယ်လွန်းလို့ ဆိုင်ကယ်ကိုဖြည်းဖြည်း
ချင်းမောင်းလာပြီး ခြံတံခါးအလွန် နည်း
နည်းဝေးဝေးမှာ မသိမသာနဲ့ရပ်လိုက်
သည်။ဝတ်လာတဲ့hoodieခေါင်းစွပ်က
ကြိုးကိုမျက်နှာလုံအောင် မျက်လုံးနှစ်လုံး
ပဲပေါ်တဲ့အထိ ဆွဲချပြီးဟိုဘက်ဒီဘက်
ကြည့်ကာ ဆိုင်ကယ်ပေါ်ကနေ မသိမသာ
ဆင်းလိုက်သည်။

ကျွန်တော် သေချာလေ့လာပြီး ကြည့်ပြီး
သွားပြီ။ခြံထောင့်တစ်ဖက်ဆီမှာ cctv
နှစ်လုံးရှိနေသည်။အိမ်ထဲမှာတော့ ဘယ်
လောက်ရှိမှန်းမသိပါ။ကျွန်တော့်အရပ်
လေးနဲ့ ဒီခြံတံတိုင်းအမြင့်ကြီးကိုကျော်
ပြီး ခြံထဲကိုမြင်အောင်ကြည့်ဖို့ဆိုတာ
လည်းဘယ်နည်းနဲ့မှမဖြစ်နိုင်။

လက်မှာပတ်ထားတဲ့ နာရီကိုအချိန်ဖွင့်
ကြည့်လိုက်တော့ မနက်ကိုးနာရီထိုး
ခါနီးနေပြီ။ခြံတံတိုင်းအနားကနေ
ကပ်ကာ ဖြေးဖြေးချင်းဆီသွားရင်းခြံ
တံခါးအရောက် ခေါင်းကိုမျက်လုံးပဲပေါ်
တဲ့အထိတိုးပြီး ခြံတံခါးသံတိုင်ဖော်ထား
သည့်နေရာကနေ မြင်လို့ရသလောက်
မနည်းချောင်းကြည့်ရသည်။ခြံအထဲမှာ
အတော်ကျယ်ပါသည်။အိမ်ကသုံးထပ်
ဖြစ်ပြီးကြီးလွန်းလို့ အမြင်နဲ့တင်တော်
တော်ထည်ဝါနေပြီ။အိမ်ရဲ့စင်္ကြန်လမ်းမှာ
တော့ကားလေးစီးရပ်ထားပြီး ဘယ်သူ့
ကိုမှတော့မတွေ့။

တစ်ခဏအကြာ ကိုစစ်​ကြောင်းဖေဖေနဲ့မေမေအိမ်ထဲကနေထွက်လာတာ ကျွန်တော်
တွေ့လိုက်ရသည်။လက်တွေအေးစက်
လာကာရင်တွေတုန်နေပြီး ဆက်ကြည့်
နေတုန်းကိုစစ်​ကြောင်းမေမေကို
ဖေဖေကစကားပြောနေသည်။
လက်ဆွဲအိတ်ကိုကိုင်
ထားပေးတဲ့ လူယုံလို့ထင်ရတဲ့ဦးလေး
တစ်ယောက်က ကားအရှေ့ခန်းကိုအရင်
တက်သွားပြီး ဒါရိုင်ဘာအသင့်ဖွင့်ပေး
ထားသည့် ကားအနောက်ခန်းပေါ်
ကိုစစ်​ကြောင်းဖေဖေကတက်ဖို့ပြင်နေ
လေပြီ။ဖေဖေဒီနေ့ရုံးမှာအရေးကြီး
ကိစ္စရှိလို့လား။ကိုစစ်​ကြောင်းဖေဖေက စီးပွားရေးနယ်ပယ်မှာနမယ်ကြီးသည့် ပုဂ္ဂိုလ်ဖြစ်ပြီးအလှူအတန်းလည်းရက်ရောလို့ အများကလေးစားရတဲ့သူဖြစ်သည်။
ကိုစစ်​ကြောင်းဖေဖေလို့မပြောရဘူး
ခန့်ညားပြီးသိပ်ကြည့်လို့
ကောင်းတာပဲ။

ကျွန်တော်ရပ်နေရာကနေ အမြန်ပင်
ခြံတံခါးအရှေ့ကနေခွာပြီး ပြေးပုန်းရ
သည်။မှန်အနက်ချထားသည့်ကားက
အိမ်ရှေ့ကနေမောင်းထွက်သွားတာနဲ့
ခြံတံခါးကလည်းပြန်ပိတ်သွားလေပြီ။
တော်ပါသေးရဲ့ ပြေးတာမြန်လို့။

ဖေဖေ ကျွန်တော့်ကိုမတွေ့သွားလောက်
ပါဘူးနော်။ကောင်းကောင်းသွားပါ ဖေဖေ။

သက်ပြင်းတွေချမိပြီး အိမ်ကြီးကိုပြန်မော့
ကြည့်ကာ ကျွန်တော်လည်းဆိုင်ကယ်ရပ်
ထားတဲ့နား ပြန်သွားဖို့ပြင်ရသည်။သူဋ္ဌေး
အိမ်ကို စောင့်ကြည့်ရတာလည်း မလွယ်
ပါလား။

ကိုစစ်​ကြောင်း ပြန်လာမဲ့အခြေအနေလေးများသိရမလားမလို့လာစောင့်ကြည့်နေတာ
ဒီနေ့လည်းဘာမှမထူးခြားဘူး ဒီအတိုင်း
ပြန်ရမှာပဲ။တစ်ခါကခြံစောင့်လို့ထင်
ရတဲ့ဦးလေးတစ်ယောက်နဲ့ တွေ့လို့
စကားလေးစမလား ခြံတံခါးအနားကို
မယောင်မလည်သွားရပ်မိပါတယ်။
ကျွန်တော့်ကိုမိုက်ကြည့် ကြည့်နေလို့
ကြောက်ပြီးအမြန်ပြန်ပြေးခဲ့ရတယ်။

ဒီအိမ်က အစောင့်တွေသေချာထား
ထားတာ။ကျွန်တော် တော်တော်လေး
ကြောက်ပေမဲ့လည်းလာမစောင့်ကြည့်
လို့မှမရတာ။ကိုစစ်​ကြောင်းက သူပြန်လာရင်သူ့မိဘတွေအိမ်မှာပဲ အရင်နေမှာပဲ။
ကိုကိုပြန်လာရင် အရင်ဆုံးသိ
ရတဲ့သူက ကျွန်တော်ပဲဖြစ်ရမယ်။

နောက်တစ်ပတ်လည်း ကျွန်တော်လာ
ပြီးစောင့်ကြည့်မှာပဲ။မကြောက်ပါဘူး။
တစ်ခုခုဆိုရင် ကျွန်တော်ကထွက်ပြေးတဲ့
နေရာမှာ ကျွမ်းကျင်တယ်လေ။

_______________________________

"ဟိုကောင်လေး ခြံတံတိုင်းအပြင်ကနေ
အိမ်ကိုအမြဲ လာလာစောင့်ကြည့်
နေတယ်တဲ့ အန်တီ"

ဧည့်ခန်းက ဆိုဖာပေါ်မှာထိုင်နေသည့်
ဒေါ်မြခက်ရဲ့ မျက်နှာကတည်ကြည်နေ
ပြီးသောက်လက်စ ကော်ဖီခွက်ကို
ဘေးက ကောင်မလေးဆီ ပေးလိုက်သည်။

"အဲ့ကောင်လေး အခြေအနေဘယ်လိုလဲ
အရင်အတိုင်းပဲလား"

"စာမေးပွဲအောင်ပြီး အခုအလုပ်ဆက်
လုပ်နေတယ်။အန်တီရဲ့သား ပြန်မလာ
မချင်း လာစောင့်ကြည့်နေမဲ့ပုံပဲ။ဘယ်လို
လုပ်လိုက်ရမလဲ အန်တီ။ကျွန်တော်
ခြံထဲက လူလွှတ်ပြီး နောက်မလာဖို့
သတိပေး လိုက်ရမလား"

"မလိုဘူး ထားလိုက် သူလာချင်နေတာလာပါစေ"

ဒေါ်မြခက်နွယ်ရဲ့မျက်နှာမှာ အပြုံးတွေ
ဖြစ်လာသည်။

သားက ဒီကောင်လေးအပေါ်မှာ ထူးခြား
နေတာလည်းမပြောနဲ့ ကောင်လေးက
ပထမဆုံးအကြိမ်တွေ့ထဲက ချစ်ခင်စဖွယ်
လေးပဲ။ရိုးတယ်ဆိုတာလည်း သိတယ်။
ဒါပေမဲ့ကြောက်နေတာကလွဲပြီး မေးတာ
ကိုပြန်မဖြေခဲ့ဘူး။သားအပေါ်မှာလေးနက်
မှုကိုမတွေ့ရဘူး။

အမေတစ်ယောက်အနေနဲ့ ဒီလိုမျိုး
ဘယ်ဖြစ်စေချင်ပါ့မလဲ။ဘယ်လိုလုပ်ပြီး
သဘောတူ လက်ခံနိုင်ခဲ့မလဲ။ဒါပေမဲ့
လည်းနှစ်တွေကြာခဲ့ပြီ။သားသာ ပြန်
လာခဲ့ရင် ဒီကောင်လေးအပေါ်စိတ်တွေ
ပြောင်းလဲသွားမလား။အရင်အတိုင်းပဲ
ဖြစ်နေမလား။အရွယ်ရောက်နေတဲ့သား
တစ်ယောက်ကို မိဘတွေကထိန်းချုပ်ဖို့
ဆိုတာတော့ ဘယ်လိုလုပ်ပြီးဖြစ်နိုင်ပါ့
မလဲလေ။

________________________________

ကျွန်တော်တို့ အခုရောက်နေတာက
မေမီရဲ့ အိမ်မှာ။ဘွဲ့နေ့အတွက် မေမီနဲ့
ရည်မွန် အလှပြင်ဖို့စကားသွားပြော
အထည်တွေလိုက်ဝယ်တာကို ကိုဝဏ္ဏ
လိုက်ပို့ပေးအပြီး အခုကျွန်တော်တို့
မေမီရဲ့အိမ်ကို ရောက်နေတာပင်။

ရည်မွန့်အိမ်မှာသာဆို ရည်မွန့်အဖေ
ရှိနေတော့ ကိုဝဏ္ဏဝင်လို့မကောင်းဘူး
လေ။မေမီ့အမေကျတော့ လူငယ်တွေကို
နားလည်ပေးတော့ ကိုဝဏ္ဏကိုစကားတွေ
ဘာတွေတောင်ပြောပြီး နှုတ်ဆက်သွား
သည်။မေမီ့အိမ်မှာပဲကိုဝဏ္ဏ ရည်မွန်နဲ့
စကားပြောနေရင်း မပြန်သေးပါ။

ထိုင်ခုံတွေမှာ ကိုဝဏ္ဏနဲ့ ကျွန်တော်ထိုင်
နေပြီး ရည်မွန်နဲ့မေမီကတော့ ကြမ်းပြင်
မှာထိုင်ပြီးဝယ်လာတဲ့ အိတ်တွေကိုဖြေ
ပြီး ပိတ်စတွေပြန်ဖြန့်ကြည့်နေသည်။
ဒီဇိုင်နာနဲ့ အပ်မယ်ဆိုလား။ကျွန်တော်
လည်း မိန်းကလေးတွေကြားမပါချင်
တာမို့ အဖော်ပဲလိုက်ပေးပြီး ကျွန်တော့်
အတွက်လည်းသူတို့ပဲကြည့်ပေးတာ။

အပြင်ကပြန်လာတာ ပူလွန်းလို့ကျွန်တော့်
မှာ ထိုင်ခုံမှာထိုင်နေရင်း အအေးသောက်
ပြီး ယပ်ခပ်နေရသည်။အပြင်မှာ နေတော်
တော်ပူတာ။

ကျွန်တော်အအေးသောက်နေတုန်း ဘေး
ကခုံမှာ ထိုင်နေတဲ့ ကိုဝဏ္ဏက ရည်မွန့်
ကိုလှမ်းပြီးစကားပြောနေရာကနေ ကျွန်
တော့်ဘက်လှည့်လာသည်။သူတို့တွေက
ကျောင်းပြီးသွားတော့ ကျန်တဲ့သူတွေနဲ့
သိပ်မတွေ့ဖြစ်ပေမဲ့ ကိုဝဏ္ဏကတော့
ရည်မွန့်ကို ကျောင်းမှာလာတွေ့တိုင်း
ကျွန်တော်တို့နဲ့ အမြဲတွေ့ဖြစ်တယ်
လေ။

"ကျွန်တော့်ကို ဘာဖြစ်လို့ကြည့်နေတာ
လဲ။ဘာပြော မလို့လဲ"

ကိုဝဏ္ဏက ကျွန်တော့်ကိုဒီအတိုင်းသာ
ကြည့်နေသည်။

"စစ်ကြောင်း မင်းကိုတစ်ခါလေးမှ မဆက်
သွယ်လာဘူးလား"

နှစ်ယောက်ထဲကြားရုံ မေးနေသည့်
ကိုဝဏ္ဏ။

ဘာမှပြန်မဖြေနိုင်ပဲ အအေးဘူးကို
ကိုင်ထားသည့် ကျွန်တော့်လက်တွေ
ရုတ်တရက် ရပ်တန့် သွားရသည်။

"ကြည့်ရတာ ဒီကောင်လုံးဝပြန်မလာ
တော့ဘူး။ဟိုမှာမျက်လုံးပြာမလေး
ချောချောလေးနဲ့ ငြိသွားပြီထင်တယ်။
မင်းတော့ ကျန်ရစ်ဖြစ်မှာသေချာနေပြီ"

"မဟုတ်ဘူး"

ကယောင်ကတမ်း ငြင်းရင်းပင် ကိုဝဏ္ဏ
ကိုမကြည့်ရဲတော့ပါ။ငြိမ်ငြိမ်သက်သက်
ထိုင်နေပေမဲ့ စိတ်က ဂယောင်ခြောက်
ခြားနဲ့ မတည်ငြိမ်နိုင်။

ကိုဝဏ္ဏ ကျွန်တော့်ကို အခုဘာတွေ
လာပြောနေတာလဲ။အရင်ကကျွန်တော်
တို့တွေ့ရင် သူ့အကြောင်းလုံးဝမပြောခဲ့
ဘူးလေ။

ကျွန်တော်လည်း လုံးဝ မမေးခဲ့ဘူး။

"မင်းလည်း တစ်ယောက်တည်းမနေနဲ့
အချိန်ကုန်ခံပြီး စောင့်မနေနဲ့တော့။
စစ်ကြောင်းပြန်လာလည်း မင်းကိုတွေ့
ချင်တော့မှာ မဟုတ်ဘူး။ဒီကောင်က
ပြတ်ပြီးသားသူကို ပြန်တွဲတဲ့ကောင်
မဟုတ်ဘူး။မင်းတော့ သေချာနေပါပြီ
ကျန်ရစ်ဖြစ်မှာ"

"ကျွန်တော့်ကိုဘာတွေ လာပြောနေတာလဲ"

မျက်နှာပျက်သွားသည်ကို ဘယ်လိုမှ
ဟန်ဆောင်ပြီးနေလို့ မရတော့ပါ။
ကိုဝဏ္ဏကို စိတ်မသက်မသာနဲ့ပင်
စိုက်ကြည့်လိုက်မိသည်။

ကိုဝဏ္ဏကိုကြည့်ရတာ မျက်နှာ
တည်နေပြီး နောက်နေသည့်ပုံမပေါ်
တာမလို့ ပိုပြီးရင်တွေပူလာသည်
ကို ထိန်း၍မရ။ကျွန်တော်ကရောဒါကို
မတွေးမိပဲနေမလား။အဲ့လိုအတွေးတွေ
ဝင်လာတိုင်း ညဘက်တွေအိပ်မပျော်
အောင်ဖြစ်နေရလွန်းလို့။

"ငါ့ကိုဘာတွေပြောနေလဲ လာမမေးနဲ့။
ဒီကောင်သွားတက်တဲ့ကျောင်းက
တစ်နှစ်ပဲ။အဲ့တာကိုဒီလောက်နှစ်တွေ
ကြာနေတာတောင် ပြန်မလာသေးတာ
တစ်ခြားဘာကိစ္စ ရှိအုံးမှာလဲ။ဟိုမှာ
မထားခဲ့နိုင်တဲ့ ကောင်မလေးရှိနေပြီ
ဖြစ်မှာပေါ့"

"မဟုတ်ဘူး ခင်ဗျား လျှောက်ပြောနေတာ"

ကိုဝဏ္ဏကိုအော်လိုက်မိတဲ့ အသံက
ဘယ်လောက်ပင် ကျယ်သွားလည်း
မသိပါ။ရည်မွန်နဲ့မေမီ သတိထားမိ
သွားပြီး ကျွန်တော်တို့ဘက်ကြည့်
လာတော့ ကိုဝဏ္ဏကိုမျက်နှာလွှဲပြီး
ဟိုဘက်လှည့်နေလိုက်သည်။ကိုဝဏ္ဏ
ကိုမှမဟုတ်ဘူး အကုန်လုံးကိုကျောခိုင်း
ပလိုက်တာ။အခုချိန် ကျွန်တော့်မျက်နှာ
ကို မေမီတို့ကိုမမြင်စေချင်ဘူး။

သိပ်မကြာ မေမီကကျွန်တော့်အနား
လာရပ်ပြီး ပုခုံးကိုဖက်ကာ ကျွန်တော့်
မျက်နှာကိုလိုက်ကြည့်နေသည်။

"ကိုဝဏ္ဏ ဘာတွေ လိုက်ပြောနေတာလဲ။
လိုက်စ မနေနဲ့။ဆုလာဘ် နေသိပ်
ကောင်းနေတာ မဟုတ်ဘူး"

မေမီ ကိုဝဏ္ဏကို လှမ်းပြောလိုက်ပြီး
ကျွန်တော့်ခေါင်းကို တစ်ဖွဖွကိုင်ကာ
"မဟုတ်ဘူး"လို့ပြောပြီးနှစ်သိမ့်ပေး
နေသည်။လူကနေသိပ်မကောင်းတော့
အလိုလိုနေရင်း အားငယ်သလိုဖြစ်နေ
တာ မေမီကကျွန်တော့်ကိုကလေးကို
လာချော့နေတော့ စိတ်ကပိုပြီးပျော့လာသည်။

ကျွန်တော် ခေါင်းပြန်မမော့လာတော့
မေမီနဲ့ ရည်မွန် ထိုင်မရထမရဖြစ်နေကြ
ပြီး ကိုဝဏ္ဏကတော့ တရားခံပင်။

ရည်မွန်နဲ့ကိုဝဏ္ဏ စကားများ
နေကြတဲ့အသံတွေကြားလိုက်ရပြီး
တစ်ခဏအကြာကိုဝဏ္ဏရဲ့ ရယ်သံတွေ
ပါကြားလိုက်ရသည်။

"ဘာလဲ ဒါလေးတောင် စလို့မရဘူး
လား။သူပဲ လုံးဝ မမြင်ချင်ပါဘူးဆိုပြီး
မောင်းထုတ်ခဲ့တာလေ။အဲ့ဒီတုန်းက
ငါတို့ကောင် ခံစားခဲ့ရတာတွေကို
ပြန်တောင် မပြောချင်တော့ဘူး"

ကိုဝဏ္ဏရဲ့ မကျေမနပ်သံတွေက
ကျွန်တော့်ကို ဦးတည်နေသည်။

"ဟေ့ရောင် အဲ့လောက်ဖြစ်မနေနဲ့
မင်းကိုငါစနေတာ။ဒီမှာ မင်းအစ်မတွေ
ငါ့ကိုသတ်တော့မယ်။ငါဒီလောက်လေး
ပြောလိုက်တာကိုတောင် မင်းအဲ့
လောက် ကြောက်နေရင် အစထဲက
ဘာလို့ လမ်းခွဲ့ခဲ့သေးလဲ"

ကျွန်တော့်ခေါင်းကို ကိုဝဏ္ဏသူ့လက်ကြီး
ခပ်ကြမ်းကြမ်းကိုင်ကာ တစ်ချက်ရိုက်
သွားပြီး ရည်မွန်အနားမှာနေကာ စကား
သွားပြောနေသည်။

ကျွန်တော်လည်း အခုမှ အသက်ရှု
မှန်လာပြီး မျက်နှာကိုမသာမယာနဲ့
မော့နိုင်တော့သည်။ကျွန်တော့်ကိုချော့
နေတဲ့ မေမီ့ကိုတော့မျက်နှာပူနေလို့
မကြည့်ရဲတော့ပါ။

တော်တော် အကျင့်ပုတ်တဲ့ ကိုဝဏ္ဏ။
ကျွန်တော့်ကိုအတည်ပေါက်နဲ့ ပြောနေမှ
တော့ ကျွန်တော်က ရင်မပူတော့ပဲနေ
မလား။တစ်ခြားဟာ စလို့မရဘူးလား။

ကျွန်တော့်ကိုလာကြည့်ပါအုံး။
ခင်ဗျားမရှိတော့ ကျွန်တော့်ကို
အနိုင်ကျင့်နေကြပြီ။

ဒါတောင် ကျွန်တော်မျက်မြင်တွေ့တာ
မဟုတ်သေးဘူး။သူများပြောတာကြားရုံ
နဲ့ဒီလောက်ကြောက်နေရရင် ကိုကိုသာ
တစ်ကယ်ပဲ တစ်ခြားကောင်မလေး
တစ်ယောက်နဲ့တွဲနေပြီသာဆိုရင်
အတွေးနဲ့တင် ကျွန်တော်…။

_____________________________

ကျွန်တော်တို့ rehersalပြီးလို့
အတည်ယူတဲ့နေ့သို့ ရောက်လာလေ
ပြီ။ဘွဲ့နှင်းသဘင်ကနေ ပြန်အထွက်
မေမီတို့ဓာတ်ပုံတွေရိုက်နေတာကို
စောင့်ပေးပြီးကျွန်တော်လည်းမနေရ။
အမှတ်တရ တစ်ချို့တော့ သူငယ်ချင်း
တွေနဲ့ရိုက်ဖြစ်ပါသည်။

ရည်မွန့်ဘေးမှာ ကိုဝဏ္ဏက တစ်တွဲတွဲ။
ချမ်းမြေ့ကတော့ သူ့မိဘတွေနဲ့အစ်ကို
ဖြစ်တဲ့ ကိုရန်နိုင်ကပါ ကိုဝဏ္ဏနဲ့လိုက်
လာပေးသည်။ကိုရန်နိုင်နဲ့မတွေ့တာ
ကြာတော့ စကားပြောဖြစ်ပြီးကျွန်တော့်
ကိုလည်း သူပြန်လာမှာပါဆိုပြီး အားပေး
စကားကပ်ပြောသွားသည်။မေမီကျတော့
ပြောစရာမလိုတစ်အိမ်လုံးက လိုက်လာ
ပေးပြီးကျွန်တော်လည်း တစ်ယောက်
တည်းမဟုတ်ပါဘူး ကျွန်တော့်ညီလေး
ပါလာတယ်လေ။မေမီတို့အိမ်ကကားနဲ့
ပဲလိုက်လာခဲ့တာ မေမီ့အမေကလည်း
ကျွန်တော့်ကို အစစအရာရာ ဂရုစိုက်
ပေးတယ်။

ဘွဲ့နှင်းသဘင်အပြင်ဘက်မှာ ဓာတ်ပုံရိုက်
နေကြတဲ့ သူတွေကြားကနေထွက်ပြီး
ကျွန်တော့် ညီလေးလက်ကို ဆွဲကာ
လှေကားထစ်တွေနားမှာထိုင်ချလိုက်
သည်။နေကလည်း ပူတော့ဝတ်ထား
တာနဲ့ တော်တော်ပူနေပြီ။ကျွန်တော့်
ညီလေးကတော့ လိုက်ကြည့်ပြီးပျော်
နေတာ မပြီးတော့ဘူး။

"ဟဲ့ ဆုလာဘ် လာလေ ငါတို့စုရိုက်မယ်"

ကိုဝဏ္ဏဓာတ်ပုံရိုက်ပေးနေသည့် ဟိုသုံး
ယောက်က ကျွန်တော့်ကိုလှမ်းခေါ်သည်။

ခေါင်းသာခါပြလိုက်ရတယ်။ရိုက်လဲရိုက်
နိုင်ကြတယ်။ပြီးရင် ကျုံးမြို့ရိုးနဲ့ကုသိုလ်
တော်မှာ ကင်မရာသမားနဲ့ရိုက်ကြအုန်း
မယ်တဲ့။ကျွန်တော်ကတော့ မနိုင်တော့
ဘူး။အပူရှပ်ပြီး နေလဲ သိပ်မကောင်း
တော့ထိုင်စောင့်ပြီးငြိမ်ငြိမ်လေးပဲ နားနေ
ချင်တော့သည်။ဗိုက်ကလည်းဆာနေပြီ။

ရည်မွန်ကတော့ ဒီနေ့ယဉ်ယဉ်လေးနဲ့
တစ်ကယ်လှနေ ပါသည်။ကိုဝဏ္ဏ
ရည်မွန့်ကို ပန်းစည်းပေးလိုက်တဲ့အချိန်
ရည်မွန့်မျက်နှာက အပြုံးတွေဖြစ်လို့။
သူတို့အတွဲက အသက်ကွာပေမဲ့
ရည်မွန်က အရပ်ရှိပြီးဒေါင်ကောင်း
ကောင်းမို့ ယှဉ်ပြီးရပ်လိုက်ရင် ငယ်
တယ်လို့မထင်ရပဲ လိုက်ဖက်လွန်းပါ
သည်။

ရည်မွန်နဲ့ကိုဝဏ္ဏတို့အတွဲနဲ့ တစ်ခြားသူ
တွေကို ငေးကြည့်ပြီးကျွန်တော်သက်ပြင်း
တွေချမိရင်း ဒီအတိုင်းထိုင်နေမိသည်။
အမှန်အတိုင်းပြောရရင် မပျော်နေပါ။
အိမ်ကိုပဲ ပြန်ပြီးနားချင်နေပြီ။

"ဆုလာဘ် ဒီဘက်လှည့်။ငယ်လေးနဲ့နင့်
ကို ငါဓာတ်ပုံရိုက်ပေးမယ်"

သိပ်မကြာ မေမီက ကျွန်တော်နဲ့
အငယ်လေးထိုင်နေတဲ့နား ရောက်
လာပြီး အရှေ့မှာရပ်ကာ ဓာတ်ပုံရိုက်
ပေးဖို့ပြင်နေသည်။

မေမီတို့က ကျွန်တော့်ကိုတစ်ခါလေးမှ
မပစ်ထားပါ။ကျွန်တော်ကပဲ စိတ်မပျော်
နေလို့ဒီမှာငြိမ်ငြိမ်လေး ထိုင်နေတာ။

အငယ်လေးကိုကျွန်တော် ဖက်လိုက်
တော့ ကျွန်တော့်ညီလေးကလည်း
သူ့ကိုဓာတ်ပုံရိုက်ရင်လုပ်နေကြအတိုင်း
လက်နှစ်ချောင်းထောင်ပြီး ပြုံးရယ်လို့။
ကျွန်တော်တို့ညီအစ်ကို နှစ်ယောက်
မေမီ့ကျေးဇူးနဲ့ ပုံမိုက်မိုက်လေးထွက်
ခဲ့သည်။

"ဗိုက်ဆာနေပြီလား"

"စောနက ကြီးကြီး မုန့်ကျွေးထားတယ်"

အငယ်လေးက ပြုံးရယ်ကာ
ခေါင်းခါပြပြီး မေမီ့အမေ သူ့ကိုမုန့်ကျွေး
ထားတာ ပြောပြနေသည်။လိုက်ခဲ့ရ
လို့ တအား ပျော်နေတာ ဒီကလေး။

ကျွန်တော်လည်း ကျွန်တော့်ညီလေးကို
ကြည့်ကာ ပြုံးလိုက်မိပြီး ဆံပင်တွေကို
သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်ပေး
လိုက်သည်။ပြီးတာနဲ့ ကျွန်တော်တို့
ထိုင်နေသည့်နေရာက သူများတွေ
ဓာတ်ပုံရိုက်နေသည့် စက်ကွင်းနဲ့
မလွတ်ပဲ နေအတော်လေးပူနေသည်မို့
နေရာရွှေ့မလို့ လုပ်နေတုန်း။

"ဆု ဆုလာဘ် ဟိုမှာ ကိုစစ်ကြောင်း
မဟုတ်ဘူးလား"

ကျွန်တော့် ရင်ထဲ လုံးဝကိုထိတ်ခနဲပင်။

ဘေးမှာ ရပ်နေသည့် ချမ်းမြေ့ကို
အလျင်အမြန်မော့ ကြည့်လိုက်မိ
တော့ ချမ်းမြေ့က အပေါက်ဝကို
ဘက်ကို ကြည့်ပြီး ပြောနေတာ။

ကျွန်တော် ဘယ်လိုတောင်ချက်ချင်း
မတ်တပ်ရပ်လိုက် မိမှန်းမသိပါ။
ချမ်းမြေ့ပြနေတဲ့ဘက်ကို ရင်တွေတုန်
ပြီး အလျင်အမြန်ကြည့်လိုက်တော့
ဘွဲ့နှင်းသဘင် အထွက်ပေါက်မှာ
တစ်ခြားသူတွေကြားထဲ ရပ်နေပြီး
ကျွန်တော်တို့ဘက်ကိုကြည့်နေသည့်သူ။

အဝေးကနေမို့ သူ့မျက်နှာကိုကောင်း
ကောင်းမမြင်ရပေမဲ့ ကျွန်တော်ဘယ်လို
လုပ်ပြီး လူမှားမှာတဲ့လဲ။

"ကိုကို"

ဘွဲ့နှင်းသဘင်ရဲ့အောက်ခြေလှေကား
ထစ်တွေကို ဘယ်လိုပြေးဆင်းခဲ့မိမှန်း
တောင်ကိုယ့်ကိုကိုယ် မသိနိုင်တော့ပါ။
အငယ်လေးကို မေမီ့အမေလက်ထဲ
ထားခဲ့ရသည်။လူတွေတစ်အားများ
နေတော့ ဓာတ်ပုံရိုက်နေကြတဲ့လူ
တွေကြားထဲ စိတ်လောကာအလျင်
အမြန်ပြေးလာခဲ့ရင်း ကျွန်တော့်အမြင်
တွေမမှားဘူးဆိုတာ သေချာသိနေသည်။

အခုချိန်မှာ သူ့ကိုမတွေ့လိုက်ရမှာ
ကြောက်နေတဲ့ စိတ်က ခြေလှမ်းတွေ
ကိုပို၍အရှိန်တင်စေပြီး သူရပ်နေတဲ့
နေရာကို ရောက်တော့ သူမရှိတော့။
လူတွေကြားထဲ ရပ်ပြီးပတ်ပတ်လည်
လိုက်ကြည့်မိတော့လည်း သူ့ကိုအရိပ်
အယောင်တောင် မတွေ့တော့ပါ။
သူရပ်ကြည့်နေသည့်အထွက်ပေါက်ရဲ့
လမ်းဘေးက အုတ်ခုံမှာတော့သူချန်ရစ်
ထားခဲ့သည့် ပန်းစည်းနဲ့အရုပ်လေး။

ချက်ချင်းပင် မျက်ရည်တွေဝဲတက်လာ
သည်ကိုထိန်းနေရပြီး နှုတ်ခမ်းတွေက
ပြုံးနေမိတာ အရူးတစ်ယောက်လိုပင်။

ကိုစစ်​ကြောင်း တစ်ကယ်ပြန်ရောက်နေပြီ။
ကျွန်တော့်ဆီ တစ်ကယ်လာသွားတာ။

အနီရောင်နှင်းဆီ ပန်းစည်းကိုကျွန်တော်
ယူပြီး ပိုက်လိုက်တဲ့အချိန်ပန်းစည်းက
ကြီးလွန်းလို့ ကျွန်တော့်မျက်နှာကိုပါဖုံး
သွားပြီး လက်နှစ်ဖက်နဲ့မနဲပိုက်ထားရ
သည်။ဘွဲ့အရုပ်လေးကိုလည်းတစ်ဖွဖွ
ကိုင်ကြည့်ပြီး ကျွန်တော့်မှာရပ်နေတဲ့
နေရာမှာပဲ။

"ဆုလာဘ် ဘယ်မှာလဲ ကိုစစ်ကြောင်း
ငါအမြင်မှားတာလား"

ကျွန်တော့်ဘေးနားကို ချမ်းမြေ့က အရင်
ရောက်လာပြီး အသည်းအသန်
မေးသည်။

"ဟဲ့ ဆုလာဘ်နင့်ကို ဒါဘယ်သူပေး
တာလဲ။တစ်ကယ်ပဲကိုစစ်ကြောင်းလား
ဘယ်မှာလဲ လုပ်အုံး"

ပြီးတာနဲ့မေမီ ထပ်ရောက်လာပြီးဝတ်ရုံ
ကိုတစ်ကိုင်ကိုင်နဲ့ ဟိုဘက်သွားမလို
ဒီဘက်သွားမလိုတွေ ဖြစ်နေသည်။

"ဘယ်မှာလဲ ငါတို့ကိုကြီး တစ်ကယ်
ပြန်ရောက်နေတာလား။ဆုလာဘ်
နင် သေချာတွေ့လိုက်တာလား။ငါ
နင်တို့အနောက်ကနေ ပြေးလိုက်
လာတာ ဖိနပ်တောင်ကျွတ်တယ်။
ကိုစစ်ကြောင်း ပြန်ရောက်နေတာသူ့
သူငယ်ချင်းတွေ သိမှာပဲ။ကိုဝဏ္ဏငါ့ကို
ဘာမှမပြောပြဘူး အဲ့လူ တွေ့မယ်"

ရည်မွန်ကပါ လူတွေကြားထဲ ဘယ်လို
ပြေးလာခဲ့လည်းမသိ ဝတ်ထားတဲ့
ဒေါက်ဖိနပ်ကို လက်နှစ်ဖက်မှာကိုင်
ထားပြီး ပြေးလာတာမောနေသည့်ကြား
ကမေးနေသည်။ရည်မွန်ဒီလောက်
စကားအများကြီးပြောတာ ဒါပထမဆုံးပဲ။

ကျွန်တော် ဘယ်သူ့ကိုမှပြန်မဖြေနိုင်ပဲ
အထွက်ပေါက်ကိုသာကြည့်လို့ အခု
ချိန်မှာ ရင်ထဲဘယ်လိုဖြစ်နေမှန်းမသိ
အောင်ပဲ။ကျွန်တော့် သူငယ်ချင်းတွေ
တောင် ဒီလောက်ပျော်နေတာ ကျွန်
တော်သာ ဆိုရင်ဘယ်လိုဖြစ်နေမလဲ။

သူဘယ်တုန်းက ပြန်ရောက်နေတာ
လဲ ကျွန်တော်ဘွဲ့ယူတဲ့ရက် အမှီ
ပြန်လာတာလား။အဲ့တာကြောင့်ကိုဝဏ္ဏ
ကျွန်တော့်ကို သူ့အကြောင်းတွေ
ရုတ်တရက်လာပြောပြီး စနေတာ။

မျက်ရည်တွေဝဲနေ ပါသော်လည်း
နှစ်နှစ်ခြိုက်ခြိုက်ပင် နှုတ်ခမ်းတွေက
အပြုံးမရပ်နိုင်အောင် ဖြစ်နေမိပြီး
လက်ထဲကပန်းစည်းကိုပို၍ပင် ရင်ခွင်
ထဲပိုက်ထားလိုက်မိသည်။ကျန်တာ
ဘာမှမလိုဘူး ခင်ဗျားပြန်ရောက်နေတာ
နဲ့ကျွန်တော့်ကို လာတွေ့တယ်ဆိုတာ
နဲ့တင် ဒီနေ့မှာကျွန်တော်ဟာ အပျော်
တွေလွန်နေတဲ့သူဖြစ်သွားပြီ။သူ
ကျွန်တော့်ကိုမမေ့နိုင်ပါဘူး။သူသာ
ကျွန်တော့်ကို မေ့နိုင်သွားပြီဆိုရင်
ဒီနေ့လာတွေ့မှာတောင် မဟုတ်ဘူး။

ခင်ဗျားမလာချင်ရင်လည်း အဲ့ဒီမှာပဲ
ရပ်နေပါ။ခြေတစ်လှမ်းတောင်တိုးစရာ
မလိုဘူး။ဒီတစ်ခါ ကျွန်တော်က
ခင်ဗျားဆီ လာခဲ့ပေးမယ်။

ကျွန်တော့်မှာ ကြိုးစားခွင့်တော့ ရှိသေး
တယ်မလား။

••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••


Continue Reading

You'll Also Like

861K 54K 26
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 ၿမိဳ႔အုပ္မင္းကိုမွ ခ်စ္မိသြားတဲ့ ဓားျပေခါင္းေဆာင္ႀကီး🤓 1950 BL (Time travel) Unicode an...
92.1K 11.7K 74
English title - The Green Tea's Crushing Victories in the '70s [ လက်ဖက်စိမ်းမလေး၏ ၇၀ပြည့်နှစ်များဆီက အောင်ပွဲများ ] translation novel
2.3M 149K 95
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
260K 9.4K 40
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...