Good VS Evil

By nayeon_taengoo

21.4K 1.2K 82

Good vs Evil fanfic #GoodvsEvil #Intro - 9 chosen chidren - born with super power - their parents also have s... More

Chapter - 1 Part 1
Chapter - 1 Part 2
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6 Part 1
Chapter - 6 Part 2
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13

Chapter - 1 Part 3

1.9K 74 11
By nayeon_taengoo

Kim Taeyeon

Dad - Kim Taehyung

Mom - Jang Eunju

……………………………………

Jessica Jung Sooyeon

Dad - Daniel Jung Jaehyuk

Mom - Go Soyeon

……………………………………

Lee Sunkyu (Sunny Lee)

Dad - Lee Jungwoo

Mom - Han Hyejung

………………………………………

Stephanie Hwang Miyoung (Tiffany)

Dad - Henry Hwang Jihoon

Mom - Shin Saeeun

……………………………………

Kim Hyoyeon

Dad - Kim Jaemin

Mom - Kang Eunseol

………………………………………

Kwon Yuri

Dad - Kwon Dongwook

Mom - Min Yoonhee

………………………………………

Choi Sooyoung

Dad - Choi Minsuk

Mom - Yoo Inyoung

………………………………………

Im Yoona

Dad - Im Kangho

Mom - Yoon Hana

……………………………………

Seo Juhyun

Dad - Seo Inwoo

Mom - Na Minkyung

……………………………………………………………………………

ဒေါက် ဒေါက် ဒေါက်

Taehyung - ဝင်ခဲ့။

Maid - Mr. Kim အောက်မှာ ဧည့်သည်ရောက်နေတယ်။ ဦးလေးလို့ပြောတယ်။

Taehyung - ဘာ! အေး အေး။ ငါဆင်းလာခဲ့မယ်။

Maid - Nae.

ဧည့်ခန်းထဲတွင်

Uncle - ငါ့ရဲ့တူလေးကတော်တော်လေးခန့်နေပါလား။ အရင်တုန်းက ဆိုးတဲ့တူလေးက သူဌေးကြီးလုပ်လိမ့်မယ်လို့ ထင်မထားဘူး။

Taehyung - Samchoon(ဦးလေး) ဘာကိစ္စရှိလို့လာတာလဲ?

Uncle - ငါ့တူဆီလာတာ ကိစ္စရှိမှ လာရမှာလား?

Taehyung - ကျွန်တော့်မိန်းမ အိမ်မှာရှိတယ်။ samchoon ကို သူကကြိုဆိုမှာမဟုတ်ဘူးနော်။ သူမတွေ့ခင်ပြန်တာကောင်းလိမ့်မယ်။

Uncle - သူမကြိုဆိုလည်းဘာဖြစ်လည်း။ ငါကသူနဲ့တွေ့ဖို့ လာတာမှမဟုတ်တာ။

အဲ့ဒီအချိန်မှာ အပေါ်ထပ်ကနေ Taeyeon က ပြေးဆင်းလာတယ်။ Taehyung ကလည်း ကောက်ချီလိုက်တယ်။

Taeyeon - appa!!

Uncle - ဒါဘယ်သူလေးလဲ? မင်းရဲ့သမီးလေးလား? သမီးလေး ဘိုးဘိုးကိုမှတ်မိလား?

Taeyeon - dugusaeyo(ဘယ်သူလဲ)?

Taehyung - သမီးဘာလို့ဆင်းလာတာလဲ? eomma ရော အပေါ်မှာလား?

Taeyeon - eun. eomma လည်းဆင်းလာနေပြီ Sunny ဆီသွားမလို့ ^_^ *Tae က အဖေရဲ့နား နားကပ်ပြီး တိုးတိုးလေးနဲ့* appa အဲ့ဒီ ajusshi ကြီးက ဘယ်သူလဲ?

အဲ့ဒီ အချိန်မှာပဲ Eunju ရောက်လာတယ်။

Uncle - Jang Eunju… ကလေးမွေးပြီးတာတောင် မပြောင်းလဲသေးပါလား? အရင်လိုလှတုန်းပဲ။

Eunju - ရှင် ရှင် ဒီကို ဘာလာလုပ်တာလဲ?

Uncle - ငါ့တူကို ငါလာတွေ့တာလေ။ ဘာလဲ လာခွင့်မရှိဘူးလား? ပြီးတော့ ကိုယ့်ယောက်ျားရဲ့ ဦးလေးကို ကောင်းကောင်းဆက်ဆံရမှာပေါ့။

Eunju - ဦးလေးဆိုလည်း ဦးလေးလိုနေမှပေါ့။ ပြီးတော့ ဒီအိမ်မှာ ရှင့်ကိုကြိုဆိုတဲ့သူတစ်ယောက်မှမရှိဘူး။

Uncle - သေချာလို့လား။ သမီးလေးကကြိုဆိုမှာပေါ့။

Eunju - Ajumma!!!

Ajumma - *အပြေးရောက်လာပြီး* nae?

Eunju - သမီးလေးကို Sunny တို့အိမ် ခေါ်သွားလိုက်။

Ajumma - nae. လာ Tae. Ajumma နဲ့တူတူ Sunny တို့အိမ်သွားရအောင်။

Taeyeon လည်း Ajumma နဲ့ တူတူထွက်သွားကော Eunju က စိတ်နဲ့ ဧည်ခန်းမှာရှိတဲ့ တံခါးတွေအကုန် ပိတ်ပြီး lock ချလိုက်တယ်။ ပြတင်းပေါက်ကိုလည်း ခန်းစီးတွေပိတ်သွားအောင်လုပ်လိုက်တယ်။ ပြီးလည်းပြီးရော သူရဲ့ လေဆာသေနက်က Taehyung ရဲ့ ဦးလေး မျက်နှာရှေ့မှာပေါ်လာပြီး

Eunju - ရှင် ပြန်တော့ရင်ကောင်းမယ်နော်။ မပြန်ဘူးဆိုရင်တော့ ကျွန်မ အဆိုးမဆိုနဲ့။ အမျိုးတော်တယ်ဆိုပြီး ခွင့်လွှတ်ပေးမှာမဟုတ်ဘူး။ ဒီတခါတော့ ဘာမှမလုပ်ဘဲ ကောင်းကောင်းပြန်လွှတ်ပေမယ့် နောက်တခါဆိုရင်တော့မရဘူး။

Uncle - အေး နင်လည်း သတိထားနေချည် ငါကလည်း ဒီအတိုင်း ငြိမ်နေမှာမဟုတ်ဘူး။ ပြီးတော့ ကိုယ့်သမီးကိုယ် သေချာလည်းစောင့်ကြည့်အုံးနော် *smirk*

Eunju က စိတ်နဲ့ main door ကို ဖွင့်လိုက်ပြီး

Eunju - ကောင်းကောင်းပြန်ပါ။

Uncle လည်း ထွက်သွားရော Eunju လည်း လဲကျသွားတယ်။

Taehyung - Yeobo!!

Taehyung က Eunju ကိုအခန်းထဲချီခေါ်သွားပြီး ကုတင်ပေါ်မှာလှဲလိုက်တယ်။

Taehyung - yeobo ရယ် ဘာလို့ နေမကောင်းဘဲနဲ့ အားတွေအရမ်းသုံးလိုက်တာလဲ။

……………………………………………………………………………

ရက် အနည်းငယ်ကြာသော်

Hyejung က Sunny ရယ် Taeyeon ရယ်ကို ခေါ်ပြီး Hogwarts School Center ကို တူတူသွား ကြတယ်။ Hogwarts School Center လည်းရောက်ရော Hyejung က reception desk ကို သွားပြီး

Hyejung - sorting ceremonyအတွက်လာတာပါ

Receptionist - ah, nae. ကလေးနာမည်က?

Hyejung - Lee Sunkyu ရယ် Kim Taeyeon ရယ်ပါ။

Receptionist - ah ဟုတ်ကဲ့ ခဏနော်

ခဏကြာသော်

Receptionist - ဒီမှာ သူတို့ယာယီကျောင်းသားကဒ်ပါ။ သမီးတို့နှစ်ယောက်က ဒါလေးတွေဆွဲထားနော် 8:30 ကျရင် ဆရာ တစ်ယောက်ကလာခေါ်လိမ့်မယ်။ သူနဲ့တူတူ လိုက်သွားချည် အခုတော့ ဟိုဘက်က waiting room မှာ အမေနဲ့တူတူနေလို့ရတယ်။

Taeyeon & Sunny - Nae :-)

Hyejung ရယ် Sunny ရယ် Tae ရယ် တူတူ waiting room ကို လျှောက်လာကြတယ်။

*** - Han Haejung??

Haejung - Go Soyeon? ဟုတ်တယ်မလား?

Soyeon - ဟုတ်တယ်။ Hyejung မလား?

Haejung - အင်း *Soyeon ကိုဖက်လိုက်ပြီး* ငါတို့တွေ မတွေ့ရတာတောင်တော်တော်ကြာပြီ။

Soyeon - အေးလေ ဒီလိုမျိုးပြန်တွေ့ရတော့ ဝမ်းသာလိုက်တာ။ ဒါနဲ့ နင်က ဒီကို ဘာလာလုပ်? Lee Sooman ဆီလာတာလား?

Haejung - မဟုတ်ဘူး ငါ့သမီးလေးက ဒီနှစ် ပထမနှစ်စတက်မှာလေ။ အဲ့ဒါ sorting ceremony ရှိလို့လာတာ။ နင်ကကော?

Soyeon - ငါ့သမီးရောပဲ ဒီနှစ်ပထမနှစ်တက်မှာ။

Haejung - ဟုတ်လား? ခဏနော်။

Haejung က Sunny ကိုလှမ်းခေါ်လိုက်တော့ Sunny နဲ့ Tae နဲ့ ပြောလာကြတယ်။

Soyeon - နင်က အမွှာလေးမွေးတာလား?

Haejung - ဟုတ်ဘူး။ ဒါက ငါ့သမီး Sunny လေ နာမည်အရင်းကတော့ Lee Sunkyu. သူက Eunju ရဲ့ သမီး Kim Taeyeon. Eunju က အလုပ်ကိစ္စနဲ့ ခရီးထွက်သွားလို့ငါခေါ်လာပေးတာ။

Soyeon - ဟုတ်လား။ Eunjuကတော့အရင်လိုပါပဲလား အမြဲ နင့်ပဲ အကူအညီတောင်းနေတာပဲ

Haejung - အေးလေ

အဲ့ဒီ အချိန်မှာပဲ Jessica က Tiffany နဲ့တူတူ ရောက်လာတယ်။

Soyeon - ဒါက ငါ့သမီး Jessica Jung Sooyeon. သူက Saeeun ရဲ့ သမီး Tiffany Hwang လေ။ Jessi သမီး Tiffany ရယ် ဒီက သူငယ်ချင်းနှစ်ယောက်ရယ်နဲ့တူတူ ဟိုနားမှာ သွားဆော့နေကြနော် eommaတို့စကားပြောလိုက်အုံးမယ်။

Jessica - nae eomma

Hyejung - သမီးတို့သွားဆော့နေနော်

Tae & Sun - nae

Soyeon - Saeeun က ဆုံးသွားပြီ။

Hyejung - ဘာ!!

Soyeon - ဟုတ်တယ်။ Tiffany ၆ နှစ်သမီးတုန်းက car accident နဲ့ဆုံးသွားတာ။ ဒါပေမယ့် ငါထင်တာတော့ accident ထက်ပိုလိမ့်မယ်။

Hyejung - ဒါဆို Tiffany က ဘယ်သူနဲ့ လာတာလဲ?

Soyeon - သူ့အဖေ Henry နဲ့လာတာ။ Henry က ငါ့ယောက်ျား Daniel နဲ့တူတူ textbook တွေသွားဝယ်ကြတယ်။ ဟို reception နားက Eunseol နဲ့ Yoonhee မလား?

Hyejung - အေး ဟုတ်မယ်ထင်တယ်။ လာ သူတို့ဆီသွားရအောင်။

Eunseol - ငါတို့ သူငယ်ချင်းတွေဒီလိုပြန်ဆုံမယ်လို့ ထင်မထားဘူး။ ပြီးတော့လည်း ကလေးတွေက တူတူ တစ်နှစ်တည်းတက်ရတာ။

Yoonhee - အေးလေ။ ဟို ၃ ယောက်ကော ဘယ်လိုလဲမသိဘူး။ သူတို့လည်း ကလေးတွေဘာတွေ ရှိလားလဲမသိရဘူး။

Hyejung - Hana ကသမီးလေးတစ်ယောက် ရှိတယ်။ သူက Sunny တို့ထက် တစ်နှစ်ငယ်တယ်။ နောက်နှစ်တက်မယ်ထင်တယ်။

Eunseol - အဲ့ဒါဆိုကောင်းတာပေါ့။ :-)

Soyeon - ဒါနဲ့ နင်တို့တွေ ထူးဆန်းတယ်မထင်ဘူးလား?

Eunseol - ဘာကိုလဲ?

Soyeon - ငါတို့တွေ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက K နဲ့ ဖြစ်ခဲ့တဲ့ကိစ္စလေ မှတ်မိလား?

Hyejung - မှတ်မိတာပေါ့

Yoonhee - ဘယ်လိုမှမေ့မရတဲ့ အတိတ်ပဲကို

Soyeon - အဲ့တုန်းကအရဆိုရင် ငါတို့ကလေးတွေမှာ ဘာစွမ်းအားမှပါမလာနိုင်ဘူးလေ အခုဟာက သူတို့တွေက စွမ်းအားနဲ့

Hyejung - သူတို့တွေ စွမ်းအားပါလာဖို့ဆိုရင် အဖြေကတစ်ခုပဲရှိတယ်

All - ဟောကိန်း

……………………………………………………………………………

Jessica - annyeong နင်ကော ပထမနှစ်လား?

Taeyeon - အင်း

Jessica - ဘယ် house ကိုဝင်လောက်လဲသိလား?

Taeyeon - မသိဘူး

Jessica - အေးလေ ဘယ်သူမှလည်းကြိုမသိပါဘူး။ ဒါပေမယ့် ငါကတော့ Slytherin ပဲရောက်မှာ ငါ့ app ကော eomma ကောက Slytherin ကလေ အဲ့တော့ ငါ Slytherin ရောက်မှာ။ နင်ကော?

Taeyeon - ငါကတော့ ဘယ် house ရောက်ရောက် ကိစ္စမရှိဘူး။

Man - ပထမနှစ်တက်မယ့်ကလေးတွေအားလုံးကျွန်တော်နဲ့ လိုက်ခဲ့ပါ။

ကလေးတွေလည်းအပေါ်ထပ်လိုက်တက်သွားပြီးLecture1 လို့ရေးထားတဲ့အခန်းထဲကိုဝင်သွားကြတယ်။

Teacher - ဆရာမ နာမည်က Kang Haneul ပါ။

မင်းတို့ကို main hall ထဲ မသွားခင် သိသင့်တာတွေ ပြောပြဖို့ ဒီကို အရင်ခေါ်တာ။ မင်းတို့သိတဲ့အတိုင်း ဒီကျောင်းက စွမ်းအားရှင်တွေတက်တဲ့ကျောင်း။ ဒါပေမယ့် မင်းတို့ စွမ်းအားနဲ့ ပက်သပ်လို့သင်ပေးတဲ့အချိန်ကလွဲပြီး ကျောင်းမှာစွမ်းအားထုတ်သုံးခွင့်မရှိဘူး အချင်းချင်း ရန်ဖြစ်တဲ့အခါလည်း စွမ်းအားမသုံးရဘူး။ ပြီးတော့ မင်းတို့ ပထမနှစ် ဒုတိယနှစ်နဲ့ တတိယနှစ်တွေမှာ စွမ်းအားသုံးနည်း မသင်ပေးသေးဘူး ဒီအတိုင်း ကိုယ်ခံပညာပဲသင်ပေးမှာ။ ကျောင်းမှာကျောင်းဝတ်စုံအပြည့်အစုံဝတ်ရမယ်။ ကျောင်းစည်းကမ်းအဆောင်စည်းကမ်းတွေကိုလိုက်နာရမယ်။ ပြီးတော့ ကျောင်းစည်းကမ်းဖောက်ပျက်ရင် ညမထွက်ရကို ထွက်ရင်မသွားရတားမြစ်ထားတဲ့နေရာတွေကိုသွားရင် ပြင်းထန်စွာအပြစ်ပေးခံရမယ်။ အဲ့ထက်ပိုဆိုးရင်ကျောင်းထုတ်ခံရမယ်။ နားလည်တယ်နော်။

Students - nae seongsaengnim(ဆရာမ)

Tr. Haneul - ကဲ အဲ့ဒါဆို ငါ့နောက်ကနေလိုက်ခဲ့ကြ main hall ကိုသွားမယ်

Students - nae

ကျောင်းသားတွေက ဆရာမနဲ့အတူတူ main hall ထဲလည်းဝင်လာရော စားပွဲတန်းအရှည်ကြီး ၄ ခုမှာ အရောင်လိုက် uniform တွေနဲ့ ကျောင်းသားတွေထိုင်နေတာကိုတွေ့တယ်။ အခန်းထိပ်လည်းရောက်ကော

Tr. Haneul - နာမည်ခေါ်ခံရတဲ့ကျောင်းသားက ရှေ့ကိုထွက်လာခဲ့ ဒီက ဆရာက မင်းတို့ရဲ့ စိတ်ကို ဖတ်ပြီး house ခွဲပေးလိမ့်မယ်။ ပြီးရင် ကိုယ့် house စားပွဲမှာ သွားထိုင်လို့ရပြီ။

Students - nae.

Tr. Haneul - Tiffany Hwang Miyoung

ဆရာကနေ Tiffany ရဲ့ ခေါင်းကိုကိုင်လိုက်ပြီး

Sir - Hufflepuff!

Hufflepuff စားပွဲမှာထိုင်နေတဲ့ကျောင်းသားတွေအကုန် လက်ခုပ်တီးပြီးကြိုဆိုကြတယ်။

Tr. Haneul - Jessica Jung Sooyeon

Sir - Slytherine!

Tr. Haneul - Kim Hyoyeon

Sir - Grydfindor!

Tr. Haneul - Kim Taeyeon

Sir - ဟင်းးး ခက်တယ်။ တော်တော်လေးကိုခက်တယ်။ ရဲရင့်မှုကလည်းအပြည့် ဥာဏ်ကလည်းတော်ရုံမဟုတ် တရားမျှတမှုကိုလိုလားတယ် ah! ဦးဆောင်နိုင်စွမ်းလည်းရှိ ဟင်းး ဘယ် house ကို ထည့်ပေးရမလဲ?

Taeyeon - *whispers* Slytherin မဖြစ်ပါစေနဲ့ Slytherin မဖြစ်ပါစေနဲ့ Slytherin မဖြစ်ပါစေနဲ့

Sir - Slytherin မဖြစ်ပါစေနဲ့?? သေချာရဲ့လား? မင်း အောင်မြင်နိုင်တယ်နော် Slytherin က မင်းကို အင်အားကြီးမားပြီးအောင်မြင်ဖို့ ကူညီပေးနိုင်တယ်။

Taeyeon - *whispers* Slytherin မဖြစ်ပါစေနဲ့

Sir - အေးလေ အဲ့လောက်တောင်သေချာနေမှလဲ…………… Gryffindor!!!

Tr. Haneul - Kwon Yuri

Sir - Slytherin!

Tr. Haneul - Lee Sunkyu

Sir - Gryffindor!

ကျောင်းသားတွေအကုန် house လည်းခွဲပြီးရော

Tr. Haneul - Hogwarts ကျောင်းကြီးရဲ့ ပထမနှစ်ကျောင်းသားတွေအတွက်sorting ceremony အောင်မြင်စွားပြီးဆုံးကြောင်းကြေငြာအပ်ပါတယ်။ ကဲ မင်းတို့တွေအကုန်လုံးသွားလို့ရပါပြီ။ပထမဆုံးကျောင်းတက်ရမယ့်နေကျရင်ဘူတာရုံလာတာနောက်မကျစေပါနဲ့။ ကဲ အားလုံး သွားလို့ရပါပြီ။

Sunny နဲ့ Taeyeon က ပြေးထွက်လာတယ်။

Hyejung - eomma ရဲ့ Sunny လေး ဘယ် house ရောက်လဲ?

Sunny - သမီးက Gryffindor :-)

Hyejung - Taeyeon သမီးကကော?

Taeyeon - Gryffindor ပဲ :-)

Hyejung - house တစ်ခုတည်းဆိုတော့ ပိုကောင်းတာပေါ့။

Sunny - eomma နဲ့ appa တုန်းကကော?

Hyejung - eomma ကော appa ကော Gryffindor ပဲ။

Taeyeon - Auntie သမီးတစ်ခုမေးလို့ရမလား?

Hyejung - အင်း မေးလေ။

Taeyeon - သမီး မိဘတွေကကော ဘယ်house ကလဲ? Slytherin ကလား?

Hyejung - ဘာလို့လဲ?

Taeyeon - ဒီနေ့ house ရွေးပေးတဲ့ seongsaengnim(ဆရာ)က သမီးကို Slytherin ရောက်ရင်အောင်မြင်နိုင်တယ်လို့ပြောတယ်။ Slytherin က ပိုအင်အားကြီးအောင်လုပ်ပေးနိုင်တယ်လို့ပြောတယ်။

Hyejung - သမီးအမေက Gryffindor က သမီးအဖေက Slytherin က အဲ့ဒါကြောင့်နေပါလိမ့်မယ်။

Hyejung *အတွေးထဲတွင်* မဖြစ်ဖူး ငါ Eunju ကို ဒီကိစ္စ ပြောပြမှဖြစ်မယ်။

Hyejung - လာသမီးတို့ ကျောင်းအတွက်လိုအပ်တာတွေ သွားဝယ်ရအောင် အပြန်ကျရင် eomma ရေခဲမုန့်ဝယ်ကျွေးမယ်။

Sunny & Taeyeon - yay!!!!!

…………………………………………

Hogwarts ရထားပေါ်တွင်

Taeyeon နဲ့ Sunny ထိုင်နေသော ရထားတွဲ အခန်းတံခါး ပွင့်လာပြီး

Tiffany - ဒီမှာထိုင်လို့ရမလား?

Taeyeon - ရပါတယ်။

Hyoyeon - ငါရောထိုင်လို့ရမလား?

Sunny - ထိုင်ပါ ဒီမှာ ငါတို့နှစ်ယောက်ပဲရှိတာ။

Tiffany - Thanks ^_^

Hyoyeon - တော်သေးတာပေါ့ ရထားတွဲတွေအကုန် ပြည့်နေလို့စိတ်ညစ်နေတာ။ Annyeong ငါ့နာမည်က Kim Hyoyeon.

Tiffany - Annyeon ငါ့နာမည်က Tiffany.

Sunny - အင်း ငါတို့မှတ်မိပါတယ်။ ငါက Sunny သူက Taeyeon. ဒါနဲ့ နင်က ဟို Jessica Jung နဲ့ သူငယ်ချင်းမလား? သူနဲ့တူတူမထိုင်ဘူးလား?

Tiffany - သူက Slytherin တွေနဲ့ထိုင်နေတာ :-(

Taeyeon - house တွေက ဘာများအရေးကြီးလို့ ဒီလိုမျိုးခွဲခြားခွဲခြားဆက်ဆံနေရတာလဲ??

Tiffany - well. Hogwarts မှာ house လိုက်ပဲနေကြတယ် အရောဝင်တာသိပ်မရှိဘူး ကိစ္စရှိမှ တခြား house က လူတွေနဲ့ စကားပြောကြတာ။

Taeyeon - ဘယ်သူပဲ ဒီ rule ကို ထုတ်ခဲ့ထုတ်ခဲ့ ငါကတော့မလိုက်နာနိုင်ဘူး။

Tiffany - အဲ့ဒါဆို ငါ သူငယ်ချင်းအသစ်မရခင် နင်တို့ ၃ ယောက်နဲ့ သူငယ်ချင်းလုပ်လို့ရမလား?

Sunny - ရတာပေါ့။ ^_^

Hyoyeon - ငါရော?

Sunny - ခုချိန်က စပြီး Tiffany ကော Hyoyeon ကော ငါတို့ရဲ့သူငယ်ချင်းဖြစ်သွားပြီ ^_^ ^_^

Hyoyeon - Taeyeon ကကောလက်ခံရဲ့လား?

Tiffany - အေးလေ။ Taeyeon, ငါတို့ကိုနင် လက်မခံချင်လည်း ရပါတယ် ပွင့်ပွင့်လင်းလင်းသာပြောပါ။

Taeyeon - ah မဟုတ်ပါဘူး ငါလည်းနင်တို့နဲ့ သူငယ်ချင်းလုပ်ချင်ပါတယ် Hyoyeon Tippany.

Tiffany *laughs*

Taeyeon - *ခေါင်းလေးစောင်းလိုက်ပြီး* ဘာဖြစ်တာလဲ Tippany?

Tiffany - It's Tiffany not Tippany.

Taeyeon - အေးလေ ငါလည်း Tippany လိုပဲပြောတာ

Tiffany - လိုက်ပြော T-I-F-F-A-N-Y

Taeyeon - T-I-F-F-A-N-Y

Tiffany - Tiffany

Taeyeon - Tippany

Tiffany - aish အာ့ဆို Fany လို့ပဲခေါ်တော့

Taeyeon - Pany?

Sunny - yah တော်ပါတော့ဟာ။ Tae က နင်ပြောလည်း ရမှာမဟုတ်ဘူး သူက babo လေ

Sunny, Tiffany & Hyoyeon laughs

……………………………………………………………………………

About Hogwarts

"Hogwarts High School" ဆိုတာ စွမ်းအားရှိတဲ့သူတွေတက်ရတဲ့ကျောင်းပါ။ ကျောင်းက ၁၀ နှစ်တက်ရပြီး အသက် ၁၀ နှစ်ကနေ ၁၉ နှစ်ထိတက်ရပါတယ်။ ဒီကျောင်းကြီးမှာဆိုရင် သာမန်လူတွေတက်တဲ့ ကျောင်းတွေကသင်ရိုးတွေသင်ပေးပြီး စွမ်းအားရှင်တွေသိသင့်တဲ့ တခြားဘာသာရပ်တွေလည်း သင်ပေးပါတယ်။ ကျောင်းပြီးသွားရင် သာမန်လူတွေတက်တဲ့ university တွေကို တက်လို့ရပါတယ်။ Hogwarts ကျောင်းဟာဆိုရင်စွမ်းအားရှင်တွေပဲတက်တဲ့ကျောင်းဆိုတာ ဘယ်သူမှမသိပါဘူး အပြင်လူတွေအမြင်မှာဆိုရင်တော့ ကျောင်းသားတိုင်းကိုလက်မခံပဲ စိစစ်ပြီးခေါ်တဲ့လို့ထင်ရတဲ့ ကျောင်းကြီးပါ။

ကျောင်းကြီးဟာ မြို့ပြင်ဘက် ကွင်းပြင်ကျယ်ကြီးမှာ တည်ရှိပြီးကျောင်းဝင်းကြီးဟာလည်းတကယ့်ကိုအကြီးကြီးပါပဲ။ ကျောင်းကြီးက castle ပုံကြီးနဲ့ ခြံဝင်းကြီးကလည်း အကြီးကြီးဖြစ်ပြီး ကျောင်းသားတွေနေထိုင်ရတဲ့ အဆောင် အဆောက်အဦးကြီးလည်းရှိပါတယ်။ လယ်ကွက်တွေ ပန်းတွေ သစ်သီးတွေ ပြီးတော့ Black Lake လို့ခေါ်တဲ့ ရေကန်ကြီးရယ် Forbidden Forest လို့ခေါ်တဲ့ တောနက်ကြီးရယ် greenhouse တွေအများကြီးရယ် ပြီးတော့ အားကစားကွင်းကြီးရယ်တွေရှိပါတယ်။

Hogwarts ကျောင်းကြီးဟာ တစ်နှစ်မှာ ကျောင်းသားသစ် အယောက် ၈၀ သာလက်ခံပါတယ်။ Hogwarts ကျောင်းကြီးဟာဆိုရင်တော့ secondary boarding school ပါ။ ကျောင်းသားတွေဟာ ကျောင်းစတက်ကတည်းကကျောင်းမှာပဲ နေရပြီး holiday တွေမှာသာအိမ်ပြန်ခွင့်ရှိပါတယ်။ holiday မှာ အိမ်မပြန်ချင်တဲ့သူတွေကကျောင်းမှာနေနေလို့လည်းရပါတယ်။ final စာမေးပွဲကြီးက တစ်နှစ်သာကျခွင့်ရှိပြီး နောက်တစ်နှစ်ထပ်ကျရင် ကျောင်းထွက်ရပါတယ်။

အသက် ၁၀ နှစ်ပြည့်ပြီဆိုရင် ကျောင်းသားတွေက form ဖြည့်ပြီး ကျောင်းလျှောက်လို့ရပါတယ်။ ကျောင်းကလက်ခံကြောင်းကို စာပို့ပြီး အကြောင်းကြားပါတယ်။ အဲ့ဒီစာထဲမှာဆိုရင်တော့ ဝယ်ရမယ့် text books တွေ uniform တွေ နဲ့တခြားလိုအပ်တဲ့ပစ္စည်းတွေကို ထည့်သွင်းရေးထားပါတယ်။ ကျောင်းပစ္စည်းဖိုး မတက်နိုင်တဲ့သူတွေက ကျောင်းကနေ ထောက်ပံ့ကြေးလျှောက်လို့ရပါတယ်။

ကျောင်းပစ္စည်းတွေဟာဆိုရင် မြို့ထဲမှာ Hogwarts School Center ဆိုတဲ့ အဆောက်အဦးကြီးမှာ ဝယ်လို့ရပါတယ်။ကျောင်းအပ်တာတွေကလည်းအဲ့ဒီမှာပဲလုပ်ရတာပါ။

ကျောင်းကိုသွားရတာကတော့ Hogwarts Express နဲ့ပါ။ ကျောင်းသားတွေက Seoul ဘူတာရုံ platform no. 9 ကနေစီးရပါတယ်။ ရထားက ၁၁ နာရီမှာထွက်ပြီးတော့ Hogwarts ကျောင်းနားကို ညနေစောင်းလောက်မှာ ရောက်ပါတယ်။

အဲ့ဒီကိုရောက်တဲ့အခါ ပထမနှစ်ကျောင်းသားတွေက ကျောင်းစောင့်ကြီးရဲ့နောက်ကနေလိုက်ပြီးကျောင်းကိုသွားရပါတယ်။ နှစ်ကြီးတန်းတွေကတော့ သူတို့ဘာသာသူတို့ သွားရုံပါပဲ။

ကျောင်းစမတက်ခင်နှစ်ပတ်အလိုမှာ Hogwarts School Centre ကိုသွားရပါတယ်။ ပထမနှစ်ကျောင်းသားတွေက အဲ့ဒီ school centre ကြီးရဲ့ main hall ရဲ့ တံခါရှေ့မှာရပ်စောင့်နေရပါတယ်။ နှစ်ကြီးတန်းတွေ အထဲမှာထိုင်နေရာယူပြီးတော့မှ သူတို့တွေကို အထဲဝင်ခွင့်ပေးပါတယ်။ အဲ့ဒီလို ကျောင်းမဖွင့်ခင် ခေါ်တာကတော့ Hogwarts ရဲ့ နာမည်အကြီးဆုံးဖြစ်တဲ့ 'Sorting Ceremony' အတွက်ပါ။ ဒီပွဲကိုကျောင်းမဖွင့်ခင် နှစ်ပတ်အလိုမှာလုပ်ရတာကနေတာ့ ပထမနှစ်ကျောင်းသာတွေအင်္ကျီဝယ်ရင် ကိုယ့် house အရောင်နဲ့ကိုယ်ဝယ်ဖို့ကြိုလုပ်ရခြင်းဖြစ်ပါတယ်။

Sorting Ceremony က Hogwarts မှာ အရမ်းအရေးကြီးတဲ့ပွဲလေးပါ။ ဘာဖြစ်လို့လဲဆိုတော့ Hogwarts မှာရှိတဲ့ House ၄ ခုထဲက တစ်ခုက ကိုယ့်ရဲ့ မိသားစုလိုမျိုးဖြစ်မှာပါ။ ဒီ ကိုယ်နဲ့ house တူတဲ့လူတွေနဲ့ပဲတောက်လျှောက်ကျောင်းတူတူတက်ပြီး အဆောင်တစ်ခုထဲမှာအိပ်ပြီး အားတဲ့အချိန် နားနေဆောင်မှာ တူတူကုန်ဆုံးကြရမှာပါ။

ပထမနှစ်ကျောင်းသားတွေက hall ခန်းထဲဝင်လာပြီး ကျောင်းအုပ်ကြီးနဲ့ ကျောင်းဆရာဆရာမတွေရဲ့ စားပွဲရှေ့မှာရှိတဲ့ ထိုင်ခုံရှေ့မှာ ရပ်လိုက်ကြပါတယ်။ အကုန်နေရာယူပြီးသွားကြရင် ဆရာမတစ်ယောက်က ပထမနှစ်ကျောင်းသား list ထဲက နာမည်တွေကို တစ်ယောက်ချင်းဆီခေါ်ပါတယ်။နာမည်အခေါ်ခံရတဲ့ကျောင်းသားကအဲ့ဒီအရှေ့ကထိုင်ခုံပေါ်မှာထိုင်ပြီးဆရာတစ်ယောက်က ကျောင်းသားရဲ့ခေါင်းကိုကိုင်ပြီး အဲ့ဒီကျောင်းသားရဲ့ စိတ်ဓာတ်ကိုကြည့်ပြီး ဘယ် house လဲဆိုတာ သူတို့ရဲ့ ability, personality and preferences တွေပေါ်မူတည်ပြီး assign လုပ်ပါတယ်။ Sorting Ceremony ပြီးတဲ့အခါမှာ ကိုယ့် house က senior တွေထိုင်တဲ့စားပွဲဆီ အသီးသီးသွားပြီး အတူတူ စားသောက်ကြပါတယ်။

Hogwarts ရဲ့ ကျောင်းပညာသင်နှစ်ကတော့ 1st June မှာ ကျောင်းစတက်ရပြီး February လကုန်မှာကျောင်းပြီးပါတယ်။ December ကတော့ holiday အနေနဲ့ ကျောင်းတစ်လပိတ်ပေးပြီးအဲ့ဒီပိတ်ပေးတဲ့လမှာအိမ်ပြန်ချင်တဲ့သူကပြန်ပြီးမပြန်ချင်တဲ့သူကကျောင်းမှာနေနေလို့ရပါတယ်။ တခြား public holiday တွေမှာ အိမ်ပြန်ခွင့်မပေးပေမယ့် ကျောင်းပိတ်ပေးပါတယ်။ ကျောင်းကို May 30 မှာ Hogwarts Express နဲ့သွားရပြီး အဲ့ဒီနေ့ညမှာ ကျောင်းသားသစ်တွေကို ကြိုဆိုတဲ့အနေနဲ့ Hogwarts ရဲ့ Great Hall မှာစားသောက်ပွဲကျင်းပပါတယ်။

တတိယနှစ်နဲ့အထက်ကျောင်းသားတွေကတစ်နှစ်မှာနှစ်ခေါက် Hogwarts နားက Hogmates ဆိုတဲ့ စွမ်းအားရှင်တွေပဲနေထိုင်တဲ့ရွာလေးကိုသွားလည်ခွင့်ရှိပါတယ်။ ဒါပေမယ့်အဲ့ဒီကိုသွားလည်ဖို့ကိုအုပ်ထိန်းသူရဲ့သွာလည်ခွင့်ပြုကြောင်းလက်မှတ်ပါမှလိုက်ခွင့်ရှိပါတယ်။ကျောင်းမှာစားသောက်ပွဲကြီးက ၂ ကြိမ်သာရှိပါတယ်။ နှစ်စစားသောက်ပွဲ နှစ်ကုန်စားသောက်ပွဲတွေဖြစ်ပါတယ်။

Student Life

ကျောင်းတက်ရတဲ့တစ်နေ့တာဟာ မနက် ၈း၅၀ အချိန်မှာ bell တီးပါတယ်။ အတန်းက ၉း၀၀ မှာစပါတယ်။ အတန်းတစ်တန်းကို မိနစ် ၅၀ ကြာပါတယ်။ အတန်းတစ်တန်းပြီးရင် bell တီးပြီး နောက်တစ်တန်းမစခင် ၁၀ မိနစ်အချိန်ရပါတယ်။

Lunch break က ၁၂း၀၀ မှာဖြစ်ပြီး ၁း၀၀ မှာ နောက်အတန်းချိန်ပြန်စပါတယ်။ ညနေ ၃း၀၀ ကျမှ တစ်နေ့တာအတန်းချိန်တွေအကုန်ပြီးပါတယ်။သောကြာနေ့ဆိုရင် ၂း၀၀ မှာ ကျောင်းဆင်းပေးပါတယ်။

ကျောင်းသားတွေအကုန်လုံးက မနက်စာစားချိန်ကို မနက် ၆း၀၀ နာရီမှာ စစားလို့ရပါတယ်။ Lunch break မှာတော့ အဆောင် canteen ဆီပြန်စရာမလိုပါဘူး ကျောင်းရဲ့ canteen မှာ Lunch စားရပါတယ်။ ညနေ ၆း၀၀ မှာ အဆောင်ရဲ့ ထမင်းစားဆောင်မှာ ညစာစားကြပြီး ၇း၀၀ ကျရင် သူတို့တွေရဲ့ သက်ဆိုင်ရာအိပ်ခန်းကိုသွားရပါတယ်။ ညဘက် အပြင်ထွက်ခွင့်မရှိပါဘူး။

အဆောင် အဆောက်အဦးကြီးရဲ့ ညာဘက်ခြမ်းမှာ မိန်းကလေးအိပ်ဆောင်နဲ့ ဘယ်ဘက်မှာ ယောက်ျားလေးအိပ်ဆောင်ရှိပါတယ်။ အိပ်ဆောင်ရဲ့ အိပ်ခန်းတစ်ခန်းမှာ ကျောင်းသား ၂ ယောက် တူတူနေရပါတယ်။ ကျောင်းသား house ခေါင်းဆောင် (prefect) ကတော့ အခန်း သပ်သပ်ရပါတယ်။ ယောက်ျားလေးတွေမိန်းကလေးအခန်းဘက်ဝင်ခွင့်မရှိသလို မိန်းကလေးတွေကလည်းယောက်ျားလေးခန်းဘက်သွားလို့မရပါဘူး။ သွားခဲ့ရင်ပြင်းထန်စွားအပြစ်ပေးပါတယ်။ ကျောင်းသားတစ်ယောက်ကို ကုတင်တစ်လုံး စာကြည့်စားပွဲတစ်ခုနဲ့ ဗီရိုတစ်ခုစီ ရပါတယ်။

Discipline and Prefecture

သူတို့ကျောင်းမှာ အရောင်လိုက် အမှတ်ပေးတဲ့ board ရှိပါတယ်။ သူတို့ကောင်းတာလုပ်ရင်အမှတ်တိုးပေးပြီး အပြစ်လုပ်ရင်အမှတ်လျော့ပါတယ်။

အဲ့ဒီ အမှတ်ပေး board အပြင် professor တွေကို စိတ်ဆိုးစေရင် detention ခေါ်တာလဲရှိပါတယ်။

ဒီထက်ပိုဆိုးတဲ့အပြစ်တွေလုပ်ရင်တော့ ကျောင်းနားခံရပြီး အဲ့ဒီထက်ပိုဆိုးရင်တော့ ကျောင်းပါထုတ်ခံရနိုင်ပါတယ်။

ကျောင်းသားတွေထဲက နောက်ဆုံးနှစ် ကျောင်းသား or ကျောင်းသူတစ်ယောက်ကို ကျောင်းသားခေါင်းဆောင်(prefect) အဖြစ်ခန့်ပြီး သူတို့က စည်းကမ်းဖောက်ဖျက်တဲ့သူတွေကို ကိုယ့် house ကဖြစ်ဖြစ် တခြား house ကပဲဖြစ်ဖြစ် အပြစ်ပေးခွင့်ရှိပါတယ် အမှားလုပ်ရင်လည်း အမှတ်လျှော့ခွင့်ရှိပါတယ်။

…………………………………………………………………………………

Houses

Hogwarts မှာ houses ၄ ခုခွဲထားတယ်။ ဒီကျောင်ကြီးကိုတည်ထောင်ခဲ့တဲ့သူ ၄ ယောက်က ပြုလုပ်ထားတာပါ။ အဲ့ဒီ house ၄ ခုရဲ့ နာမည်တွေကတော့ Gryffindor, Slytherine, Ravenclaw & Hufflepuff တို့ဖြစ်တယ်။ ကျောင်းစာသင်နှစ်ရဲ့ နောက်ဆုံးနေ့စားပွဲမှာ ဒီ house ၄ ခုထဲက အမှတ်အများဆုံးရတဲ့ house က house cup ရဲ့ အောင်နိုင်သူဖြစ်ပြီး ခန်းမထဲမှာ သူတို့ house ရဲ့ logo flags တွေကိုအပြည့်ချိတ်ဆွဲထားတယ်။

House တစ်ခုချင်းစီမှာ သူ့ အားကစားအဖွဲ့ အဖွဲ့နဲ့သူရှိနေပြီး နှစ်တိုင်း Cup အတွက်ပြိုင်ကြရတယ်။

ဒီလိုမျိုး Cup ရယ် House Cup ရယ်တွေကြောင့် house အချင်းချင်း ယှဉ်ပြိုင်မှုတွေများလာတယ်။

House တစ်ခုကို professor တစ်ယောက်စီက အုပ်ချုပ်ပြီး သူတို့တွေကပဲ အရေးကြီးတဲ့ information တွေပေးတာ house မှာတစ်ခုခုဖြစ်ရင်လုပ်ပေးတာတွေ ကျောင်းသားတွေနဲ့ ဆွေးနွေးတာတွေ etc လုပ်ပေးရတယ်။

House ခွဲပေးတာကတော့ personality, ability တို့ character တို့ကို ဖတ်နိုင်တဲ့စွမ်းအားရှင်ကနေ ခွဲပေးပါတယ်။

Gryffindor

Gryffindor က courage(သတ္တိ), bravery(ရဲစွမ်းသတ္တိ), nerve(ရဲတင်းမှု) & chivalry(အားနွဲ့သူအပေါ်ကြင်နာစွာဆက်ဆံမှု) တွေကို တန်ဖိုးထားပါတယ်။ Gryffindor ရဲ့ လာဘ်ကောင်က lion ဖြစ်ပြီး သူတို့အရောင်က scarlet & gold ဖြစ်ပါတယ်။ Gryffindor ရဲ့ head ကတော့ Professor Kang Haneul ဖြစ်ပြီး ဒုကျောင်းအုပ်ဖြစ်ပါတယ်။

Hufflepuff

Hufflepuff က hard work(ကြိုးစားအားထုတ်မှု), patience(စိတ်ရှည်မှု), justice(တရားမျှတမှု) & loyalty(သစ္စာရှိမှု) တွေကို တန်ဖိုးထားပါတယ်။ Hufflepuff ရဲ့ လာဘ်ကောင်က badger(ခွေးတူဝက်တူကောင်) ဖြစ်ပြီး သူတို့အရောင်က canary yellow & black ဖြစ်ပါတယ်။ Hufflepuff ရဲ့ Head ကတော့ Professor Song Boyoung ဖြစ်ပါတယ်။

Ravenclaw

Ravenclaw က intelligence(ဥာဏ်ပညာ), creativity(တီထွင်နိုင်စွမ်း), learning(လေ့လာမှု) & wit(ဟာသဥာဏ်) တွေကို တန်ဖိုးထားပါတယ်။ Ravenclaw ရဲ့ လာဘ်ကောင်ကတော့ eagle ဖြစ်ပြီး သူတို့အရောင်က blue & bronze ဖြစ်ပါတယ်။ Ravenclaw ရဲ့ head က Na Minwo ဖြစ်ပါတယ်။

Slytherin

Slytherin က ambition(ပြင်းပြသောရည်မှန်းချက်), cunning(ဥာဏ်နီဥာဏ်နက်များသော), leadership(ဦးဆောင်နိုင်စွမ်းရည်), resourcefullness(အင်အားကြီးမားမှု) တွေကို တန်ဖိုးထာတယ်။ Slytherine ရဲ့ လာဘ်ကောင်က serpent ဖြစ်ပြီး သူတို့အရောင်က green & silver ဖြစ်ပါတယ်။ Slytherine ရဲ့ head က Professor Humbert Kendall ဖြစ်ပါတယ်။

Continue Reading

You'll Also Like

208K 4.7K 50
သေလောက်အောင်မုန်းတယ်သေသည်ထိချစ်မယ် introလေးပါ Seme. မုန်းတံတိုင်း အရပ်. 6ပေ1လက်မ အသက်.29 "မင်က ကိုယ့်ရဲ့နယ်ရုပ်လေးပဲဟုတယ်ကိုယ်သိပ်ချစ်တဲ့ကိုယ့်ရဲ့သက...
14.6K 1K 13
အချစ်ဇာတ်လမ်းလေးဆိုပေမယ့် ပရလောက ဆန်ဆန်၊ လျှို့ဝှက်သည်းဖို ဆန်ဆန်ရေးထားတာပါ။ အစမှာ မာန်ရှင်းဆိုတဲ့ ကောင်လေးက ယာဉ်မတော်တဆမှုနဲ့ ဆေးရုံပေါ်ရောက်နေပြီး...
36.6K 1.7K 29
នាងកើតមកដើម្បីតែអោយមនុស្សជុំវិញខ្លួន លះបង់មួយចំណែករបស់ពួកគេដើម្បីនាង។