BAL GYI

Από rukishato228

61.2K 6.4K 1.2K

Zawgyi ဘဲကြီးခများက Alcoholလိုဘဲ သောက်လိုက်လို့ခါးသွားပေမယ့် ဆက်သောက်ချင်နေတုန်းဘဲ ဘဲကြီးက မုန်းဖို့ကောင်းပေမ... Περισσότερα

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24🔞🔞🔞
Part 25(Final)
ADS😁😁

Part 13

1.9K 245 69
Από rukishato228


Unicode

အချိန်တွေက ကိုယ်မသိလိုက်ခင်မှာဘဲ အသာလေးလျှော ထွက်သွားတယ် တစ်လရှိပြီ ဘဲကြီးကိုရှောင်နေတာတစ်လ စိတ်ထဲမှာလွမ်းသလိုလိုတော့ရှိပေမယ့် တင်းထားမှရမယ် ဘာလို့ရှောင်တာလဲဆိုတော့ တွေ့တိုင်းအဖြေတောင်းနေလို့ ကိုယ့်ကိုကိုယ်လဲပြန်စမ်းစစ်နေရတယ်လေ ဘဲကြီးကိုချစ်လား မုန်းလားဆိုတဲ့ အချစ်နဲ့အမုန်းကြား ဗျာများပြီးနောက်မှာ သိလိုက်ရတာကတော့ ဘဲကြီးကိုသိပ်ချစ်ပါတယ်တဲ့လေ
အချစ်ကတကယ်ကြီးကို Alcoholလိုဘဲ လူတွေကခါးပါတယ်ဆိုတဲ့ Alcoholကို အမူးခံပြီးသောက်သလိုပေါ့ ပူလောင်ပါတယ်ဆိုတဲ့အချစ်ကိုမှ ဇွတ်အတင်းတွေချစ်ချင်နေကြတာ
မုန်းလိုက်တာဘဲကြီး လူကိုချစ်မိအောင်လုပ်လို့ဘဲကြီးကိုမုန်းတယ်

"သား Omaဝင်လာမယ်နော်"

"ဟုတ်Omaဝင်လာလေ"

"သားလေး အောက်ဆင်းလာဦးလေ"

"ဘာလို့လဲ"

"CEO Jone ရောက်နေတယ် သား"

"ဘာ သူကဘာလာလုပ်တာလဲ"

"သားကိုလာခေါ်တာတဲ့လေ"

"မလိုက်ဘူးလို့ ပြောလိုက်Omaရာ လုံးဝမလိုက်ချင်ဘူး"

"ဘာလို့မလိုက်ချင်တာလဲ ပါးဖောင်းလေးရဲ့"

"အား  OMA ဘဲကြီးခများဘယ်လို ကျုပ်အခန်းထဲဝင်လာတာလဲ"

"အပါးကိုပြောပြီးဝင်လာတာလေ"

"ဘယ်ကအပါးလဲ"

"အပါးပါဆို ပါးဖောင်းလေးအပါးပေါ့"

"အာ့တာကျုပ်အပါး ခများကြီးအပါးမဟုတ်ဘူး အပါးလို့မခေါ်နဲ့"

အပါးကိုနှမျောနေတဲ့ ပါးဖောင်းလေးက မတွေ့ရတဲ့ရက်အတွင်း လွမ်းနာကျလို့နေမယ် ပါးလေးတောင်ပိုဖောင်းလာသလိုဘဲ
တစ်မျိုးမတွေးနဲ့ ပါးဖောင်းလေးက စိတ်ညစ်နေရင်အစားပိုစားတယ်တဲ့ အပါးကပြောတယ်လေ အဲ့တော့ ကိုယ့်ကိုလွမ်းတဲ့အချိန်တိုင်း ပိုစားလို့ ပါးလေးဖောင်းလာတာပေါ့ မဟုတ်ဘူးလား

"မရပါဘူး အပါးကိုယ်တိုင်ကခွင့်ပြုထားတာ ပြီးတော့နောက်လဲ မိသားစုတွေဖြစ်လာမှာဘဲကို"

"ဘာကိစ္စမိသားစုဖြစ်ရမှာလဲ"

"ဟဲ့သား စကားကိုအဲ့လိုမပြောရဘူးလေ ကိုကို သားထက်အကြီးကို"

"ဟုတ်တယ်Omaရာ ကျွန်တော်ပါးဖောင်းလေးကိုဆုံးမရဦးမယ်"

အော့ ကိုကိုတဲ့ ဘောကြီးကိုဘဲကိုကို

"အေးအေးသားရယ် အဆင်မပြေတာရှိရင်ပြောနော် ဒီကလေးဆိုးနေရင်လဲဆုံးမလိုက်ပါဦး"

"ဟုတ်Oma စိတ်ချပါ ကိုယ်ဖိရင်ဖိကိုဆုံးမမှာ"

"အေးပါသားရယ် ဒါဆိုသားတို့စကားပြောကြအုန်း Oma သားတို့စားဖို့တစ်ခုခုစီစဉ်လိုက်ဦးမယ်"

"ဟုတ်Oma "

ဟွန့်Omaတို့များ ဘဲကြီးကသူ့သားလား ဒီကHoseokလေးကသူ့သားလားမသဲကွဲဘူး တစ်သားသားနဲ့ ပါးစပ်ဖျားကမချဘူး အမလေးဆုံးမပေးပါဦးတဲ့ Hoseokလေးကဆိုးနေလို့လားဆုံးမရအောင် ဟိုလူကြီးကလဲ Omaရှေ့ကျမျက်နှာတစ်မျိုး Omaရေ Omaသားကို ဟိုလူကြီးက ကိုယ်ဖိရင်ဖိကိုဆုံးမပေးပါလိမ့်မယ် Omaသားလေး ကလေးမမွေးရရင်ကံကောင်း

"ရှဉ့်ပေါက်လေး ဘာတွေတွေးနေတာလဲ ကိုယ်ခေါ်နေတာကြာပြီ"

"ဘာတွေးရမှာလဲ ဘာမှတွေးမနေဘူး"

"ဟုတ်ပါပြီ ပြောပါဦး ကိုယ့်ကိုဘာလို့ရှောင်နေတာလဲ"

"ဘယ်မှာရှောင်လို့လဲ"

"ကျောင်းမှာတွေ့တုန်းကမျက်စိရှေ့တည့်တည့်လမ်းလျှောက်လာတာတောင် တမင်မမြင်ချင်ယောင်ဆောင်သွားတာမရှောင်တာလား"

"အာ့တာက သူငယ်ချင်းတွေနဲ့မုန့်သွားစားမလို့ကို ဘဲကြီးကိုမှမမြင်တာ အင်းဟုတ်တယ် တကယ်ကိုမမြင်တာ အေးအာ့တာ့မမြင်လို့ကွာ"

"မလိမ်တက်ဘဲလိမ်ရင်ငရဲကြီးတက်တယ်နော်"

"မကြားဖူးတာတွေပြောပြန်ပြီ"

မလိမ်တက်ဘဲ လိမ်နေတဲ့ပါးဖောင်းလေးက အဖြေပေးရမှာစိုးလို့ရှောင်နေမှန်း ကိုယ်ကမသိဘူးထင်နေလို့လား အင်းလိမ်နေလဲချစ်ဖို့ကောင်းနေတုန်းပါဘဲလေ

"ကိုယ်နဲ့လိုက်ခဲ့ "

"ဘယ်လိုက်ရမှာလဲ ဘယ်မှမလိုက်ဘူး"

"အင်းးးးးးShoppingထွက်ပြီးတစ်ခုခုသွားစားရင်ကောင်းမလားလို့ ပါးဖောင်းလေးကမလိုက်ဘူးဆိုတော့လဲ Andelinaကိုဘဲခေါ်သွားရတော့မယ်"

"လာပြန်ပြီဒီAndelina ဒီမိန်းမ မပါရင်မပြီးဘူးလားမသိဘူး"

"ဘာတွေပွစိပွစိပြောနေတာလဲ"

"ဘာမှမဟုတ်ဘူး သွားမယ်လို့ ခဏစောင့် အဝတ်အစားလဲလိုက်ဦးမယ်"

ဘာမှန်းကိုမသိဘူး မုန်းဖို့ကောင်းတဲ့ဘဲကြီး လဲမယ့်အဝတ်အစားယူပြီးရေချိုးခန်းထဲဝင်မလို့လုပ်တော့ လက်မောင်းကိုဆွဲထားတဲ့လက်တစ်ဖတ်

"ဘယ်သွားမလို့လဲ"

"ဘယ်သွားရမှာလဲ အဝတ်လဲမလို့လေ"

"ဒီမှာဘဲလဲလေ"

"ဟင်း ဟင်း ညပါအိပ်နေရလိမ့်မယ် လွတ်"

ဒီနာဘူးဘဲကြီးနဲ့ လွယ်ကူတယ်လို့ထင်နေကြတာလား လုံးဝလွယ်ကူမနေဘူးနော် သူ့ရှေ့မှာသာအဝတ်လဲကြည့်ပါလား ဒီနေ့Shoppingသွားလိုက်ရမှာမဟုတ်ဘူး Shoppingထွက်မှာဆိုတော့ရိုးရိုးရှင်းရှင်းလေးဘဲဝတ်လိုက်ပါတယ်
အဖြူရောင်လက်ရှည်အပါးကို မှ ဘောင်းဘီအဖြူရောင်အပါးလေးနဲ့ ရင်ဘတ်နားမှာ ကနုတ်ပန်းလေးတွေပါတယ် အတွင်းသားလေးနဲနဲ မြင်နေရတာကလွဲရင် အဆင်ပြေပါတယ်

"ပါးဖောင်းလေး ဘယ်လိုကြီးဝတ်လာတာလဲ"

"ဘယ်လိုဝတ်လို့လဲ ဒီလိုဘဲလေ"

"ဘာဘဲဖြစ်ဖြစ်မကောင်းဘူးလဲလိုက်"

"ဘာကိစ္စလဲရမှာလဲ"

ဝတ်ထားတာကအတွင်းသားတွေတောင်မြင်နေရတာ ဒီလိုကြီးသာထွက်ရင်လူတကာငမ်းကြမှာပေါ့ ကိုယ်ကအဲ့လောက် သဒ္ဓါတရားတွေထက်သန်မနေဘူးလေ
ဒီဘဲကြီးဘာဖြစ်ချင်နေတာလဲ ဒီအတိုင်းဘဲဝတ်လာတာကို ဘာလို့လဲရမှာလဲမေးတော့ ဘဲကြီးရဲ့သန်မာတဲ့လက်တွေကHoseokခါးသေးသေးလေးကိုဆွဲဖတ်လိုက်တယ် ပြီးတော့နား နားကပ်ပြီးတိုးတိုးလေးပြောလိုက်တာက

"မင်းလေးက စောက်ရမ်းလှနေတော့ ကိုယ်မနာလိုတယ်ကွာ"

"အွန်း ရိုးရိုးပြောလဲရတာကို အဲ့လိုပြောမှဖြစ်မှာလား ဖယ်လဲလိုက်မယ်"

"ချစ်တယ်နော် လုံလုံခြုံခြုံဝတ်ခဲ့"

ဘဲကြီးစကားနားထောင်လို့လဲတာမဟုတ်ဘူးနော် ဒီအတိုင်းစိတ်ထဲအဲ့ဝတ်စုံမကြိုက်တော့လို့လဲတာ
အစိမ်းညိုညောင် hoodie ကိုမှ အောက်ကဘောင်းဘီအမဲရောင်အပွ ရွေးဝတ်လိုက်တယ် ဘာဝတ်ဝတ် JungHoseok လေးက မော်ရှီးစော

ကျစ် ဘာလို့အဲ့လောက်ချစ်ဖို့ကောင်းနေတာလဲ မဖြစ်သေးပါဘူး အပါးဆီမြန်မြန်တောင်းရမယ်

"ဘာကြည့်နေတာလဲ သွားမယ်"

"အင်း ကိုယ့်လက်ကိုတွဲ"

"ဘာလို့တွဲရမှာလဲ"

"မတွဲရင် အပါးဆီအခုချက်ချင်း ပါးဖောင်းလေးကိုတောင်းလိုက်ရမလား"

"ဘဲကြီးခများ"

လက်မတွဲချင်ပေမယ့်တွဲလိုက်ရတယ် ကြောက်တာမဟုတ်ဘူး ကိုယ့်အပါးအကြောင်းကိုယ်သိတယ် ဒီဘဲကြီးသာတောင်းကြည့်ပါလား အထုတ်နဲ့အထည်နဲ့ထိုးထည့်ပေးလိမ့်မယ် ဒါတော့ယုံကြည့်ပြီးသား တော်ကြာနေလူပျိုလေးJung Hoseokတို့အသက်ငယ်ငယ်နဲ့ လင်ရနေရင်ကြားမကောင်းဘူး
မုန်းဖို့ကောင်းတဲ့ဘဲကြီး လူကိုချိန်းခြောက်တယ် ခများကြီးကိုမုန်းတယ်

Author-Rukishato
#သာသာနေမကောင်းလို့အများကြီးနောက်ကျသွားတယ်Sorryပါနော် ကျန်းမာရေးဂရုစိုက်ကြနော် ရာသီဥတုအပြောင်းအလဲကြောင့်နေမကောင်းဖြစ်တက်တယ်😘😘

—————————————————

Zawgyi


"သား Omaဝင်လာမယ်နော်"

"ဟုတ်Omaဝင်လာလေ"


"ဘာလို့လဲ"


"ဘာ သူကဘာလာလုပ်တာလဲ"

"သားကိုလာခေါ်တာတဲ့လေ"





"ဘယ်ကအပါးလဲ"












"ဟုတ်Oma "





"ဘယ်မှာရှောင်လို့လဲ"






"ကိုယ်နဲ့လိုက်ခဲ့ "







"ဘယ်သွားမလို့လဲ"


"ဒီမှာဘဲလဲလေ"






"ဘာကိစ္စလဲရမှာလဲ"








"အင်း ကိုယ့်လက်ကိုတွဲ"

"ဘာလို့တွဲရမှာလဲ"


"ဘဲကြီးခများ"


Author-Rukishato

Συνέχεια Ανάγνωσης

Θα σας αρέσει επίσης

98K 2.8K 12
They did it. They had won, but at a big cost, everyone was gone. This left it up to a blonde and Nine Tailed Beasts to fix it. All the while Shikamar...
56.1K 7.9K 29
දගකාර කෙල්ලෙක්ගෙයි 🌝 නපුරැ කොල්ලෙක්ගෙයි 😍 ආදර කතාව 🙈❤️ 🚫Don't copy my work 🚫This is only fanfiction 😌❤️
12K 288 20
Elizabeth was a 18 year girl and Once She moved to Santa Carla with her Family, the Emberson's, her life totally changed. She meet four guys, David...
308K 6.8K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc