The Kitchen[completed]

By palette_chimchu

53.9K 6.3K 231

က်ေနာ္ ဒီေလာကႀကီးထဲမွာ အႏွစ္သက္ဆံုးေနရာ ဆိုရင္ေတာ့ မီးဖိုေခ်ာင္ပါပဲ။ - Sakurai Jimin Jikook/Kookmin ကျနော်... More

မီးဖိုေခ်ာင္ကေလး(The Kitchen)
part (1)
part (2)
part (3)
part (4)
part (5)
part (6)
part (7)
part (8)
part (9)
part (10)
Part (11)
Part (12)
Part (13)
Part (14)
Part (15)
Part (16)
Part(18)
Part (19)
The End

Part (17)

1.1K 194 13
By palette_chimchu

Jimin's point of view

ကျနော်ဟာ ညပိုင်းမှာတော့ စီစဥ်ထားတဲ့အတိုင်း အီဇူဘက်ကို ခရီးထွက်လာခဲ့တော့တယ်။ဆရာမက ၀န်ထမ်းအနည်းငယ်ရယ် ကင်မရာမန်းတစ်ယောက်ရယ်ပဲ ခေါ်လာခဲ့တယ်။ဒီတစ်ခေါက်ခရီးထွက်ရတာ ပေါ့ပါးပြီး လွပ်လပ်နေသလိုပဲ။ပြီးတော့ဘယ်နေ့ဘာလုပ်ရမယ်ဆိုတာလဲ အစီအစဥ်ကြိုဆွဲမထားဘူး။

လွန်ခဲ့တဲ့ ၆လလုံးမှာ အဘွားဆုံးသွားတာကနေပြီး အဲရီးကိုးဆုံးသွားတဲ့အထိ ကျနော်တို့နှစ်ယောက်လုံး အပြုံးမပျက်နေနိုင်ကြပေမဟ့် ရင်ထဲမှာ ဘယ်လောက်တောင်ခံစားနေရလဲဆိုတာ မပြောလည်း သိကြပါတယ်။အတတ်အကျတွေနဲ့ ပျော်လိုက်ကြ ၀မ်းနည်းလိုက်ကြနဲ့ ဒီခံစားမှု နှစ်မျိုးကို ညှိယူလို့ မရတဲ့ အဆုံးမှာတော့ ကျနော်တို့တွေ စိတ်အေးချမ်းသာမယ့်နေရာတွေကို ရှာဖွေလာကြတော့တာပေါ့။ဒါပေမယ့် တစ်ယောက်ဆီကနေ တစ်ယောက် ထွက်ပြေးနေတာမျိုးတော့မဟုတ်ပါဘူး။ဝေဝါးနေတုန်းမှာ ခဏ တည်ငြိမ်အောင် စောင့်နေလိုက်ရသလိုမျိုးပဲ။

ကျနော်အပြောင်းအလဲတွေကြုံပြီးနောက်ပိုင်း တော်တော်ကြီးပြောင်းလဲသွားတယ်။ရုပ််ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရောပေါ့။ မှန်ထဲကို ပြန်ကြည့်ရင်တောင် အရင်က အဲရီးကိုးစံ တဖွဖွပြောနေတဲ့ မင်းသားလေး လိုမဟုတ်တော့ဘူး။ကျနော် ဂျောင်ကုနဲ့ အဝေးဆုံး တစ်နေရာမှာ စိတ်လွတ်ကိုယ် လွတ်ပျော်ချင်ပေမယ့် တကယ်တမ်းကျ ဖြစ်မလာခဲ့ပါဘူး။

နောက်တစ်နေ့မနက်ပိုင်းလောက်မှာရောက်ပြီး ညနေပိုင်းကျ ဟိုတယ်ကကြွေးတဲ့ အထူးစပယ်ရှယ်ဟင်းတွေကြောင့်သေချင်စိတ်ပေါက်မိတယ်။ဟင်းသီးဟင်းရွက်တွေများပြီး ကျနော်အရမ်းကိုမုန်းတဲ့ စိမ်းရွှေရွှေအနံ့တွေက ထောင်းခနဲ ထနေတော့ တတို့တောင် မတို့ခဲ့ရပါဘူး။

အဲ့လိုနဲ့ ညဦးပိုင်းရောက်တော့....

ရေမိုးချိုး အ၀တ်အစားလဲပြီး ဆရာမတို့ အခန်းကိုသွားပြောရတော့တယ်။

" ဆရာမ ကျနော်ဗိုက်ဆာလွန်းလို့ သေရတော့မယ်><
အပြင်ထွက်ပြီး တစ်ခုခု၀ယ်စားလို့ရမလားဟင် "

အဲ့ဒါနဲ့ ဆရာမနဲ့ အတူတစ်ခန်းတည်းနေတဲ့ အစ်မကြီးက...

" ဟယ် ဆာကုရာအီကျန်(မျိုးရိုးနာမည်) ညနေစာကျွေးတုန်းက ဘာမှမစားခဲ့ရဘူးနဲ့တူတယ် သနားပါတယ် "
လို့ပြောပြီးဆရာမနဲ့ အတူရယ်လိုက်ကြတယ်။

အခုလာတဲ့ အဖွဲ့ထဲမှာ ကျနော်က အငယ်ဆုံးဆိုတော့ အားလုံးက ကျနော့်ကို ကလေးလိုပဲ မြင်နေကြပြီး စောင့်ရှောက်နေကြတာ။ကျနော်က ယောကျာ်းလေး ဖြစ်နေတာတောင်မှပေါ့။အဲ့ဒီအစ်မနဲ့ ဆရာမက ညအိပ်ယာ၀င်တော့မလို့ ထင်တယ် အကုန်လုံး သပ်သပ်ရပ်ရပ် ခင်းကျင်းပြီး နေပြီ။ဆရာမက ကျနော် ဘာမှ စားမထားတာသိတော့ ပြုံးပြုံးနဲ့ပဲ ခွင့်ပြုခဲ့တယ်။

နာရီကိုကြည့်လိုက်တော့ ည၁၀နာရီထိုးနေပြီ။ကျနော် ဗိုက်ထဲမှာ အတော်ကြီးဟာနေခဲ့တာ။ရှည်လျားတဲ့ ၀ရန်တာလမ်းကိုလျှောက်ပြီး အရှေ့ပေါက်ထွက်ရင် အပြန်ကျ ဘယ်သူမှ ဖွင့်ပေးမှာမဟုတ်တဲ့ အတွက် အရောက်ပေါက်နေပဲ တံခါးဂျက်ဖြုတ်ပြီး အသာလေးထွက်ခဲ့ရတော့တယ်။

ဒီနေ့ညက အော့နှလုံးနာစရာဟင်းနဲ့ကြုံခဲ့ပေမယ့် မနက်ဖြန် ဟော်တယ်ပြောင်းရမှာမလို့ တစ်ညတစ်လေပဲဆိုပြီးသည်းခံခဲ့ပါတယ်။လရောင်အောက်မှာ လျှောက်နေရင်း ကျနော့်ရင်ထဲမှာ လွမ်းဆွတ်ခြင်းကို ခံစားလာရသလိုပဲ။အစက ဗိုက်ထဲမှာ ဟာနေလို့ပဲလို့ တွေးမိပေမယ့် ရင်ထဲမှာ ဟာနေတာက မတူဘူး။ကြားဖူးတာတော့ လွမ်းတယ်ဆိုတာ ရင်ထဲမှာငိုတာတဲ့ ဒါပေမယ့် ရင်ထဲမှာပဲ ပြန်တိတ်တယ်။ ကျနော်တော့ ဂျောင်ကု ကို လွမ်းနေမိတယ်။သူကတော့ ဘယ်လိုလဲ မသိပေမယ့်။

ဒါပေမယ့် ခရီးတွေ ထွက်နေရတာလည်း ကောင်းတယ်လို့တွေးမိပြန်ရော။ခရီးထွက်ပြီး အဝေးဆုံး ကိုပြေးသွားချင်ပေမယ့် ရင်ထဲမှာ ဂျောင်ကုအတွက် နှလုံးခုန်သံကိုကြားနေရတယ်လေ။ခရီးအဝေးကြီးတွေ သွား တယ်ဆိုတာ ပြန်စရာ အိမ်ရှိနေလို့လေ။အဲ့ဒီအိမ်က ဂျောင်ကုစံ ဖြစ်နေမလား မပြောနိုင်ပါဘူး။

ကျနော်ဟာ တည်းခိုခန်းနဲ့ စားသောက်ဆိုင်တန်းတွေ တန်းစီးနေတဲ့ လမ်းအတိုင်းလျှောက်လာမိတယ်။တောင်တန်းတွေ ပတ်လည်ဝိုင်းနေတဲ့အတွက် မြို့က ပိုပြီး အေးချမ်းနေတော့တယ်။ည၀တ်အင်္ကျီပေါ်မှာ အပေါ်၀တ်ကုတ်တွေ ၀တ်ထားတဲ့ အရက်မူးသမားတွေလည်း လမ်းပေါ်မှာ အော်ဟစ်ရယ်မောသွားကြတယ်။ဒါပေမယ့် ကျနော့်စိတ်ထဲမှာ ပေါ့ပါးနေတုန်းပဲ။

ဆူညံနေတဲ့ အရက်ဆိုင်တွေရှောင်ရင်းလျှောက်လာလိုက်တာ ဘူတာရုံအနီးကို ရောက်လာတော့တယ်။မီးမှိတ်သွားပြီဖြစ်တဲ့ လက်ဆောင်ပစ္စည်းဆိုင်းလေးတွေကို ကျော်ပြီးနောက်မှာတော့ မီးလင်းနေတဲ့ စားသောက်ဆိုင်လေးတစ်ဆိုင်ကို တွေ့ရတော့တယ်။

နှင်းမှုန်လေးတွေ သန်းနေတဲ့ မှန်ပြတင်းကနေ အထဲကိုကြည့်လိုက်တော့ ဧည့်သည်တစ်ယောက်တည်းပဲ ကောင်တာနားမှာထိုင်နေတာကို တွေ့လိုက်ရတယ်။ကျနော်လည်း ဆိုင်ထဲကို ၀င်သွားလိုက်တယ်။ ဗိုက်ပြည့်တာ စားမှပဲလို့တွေးပြီး ကတ်စုဒွန်း(Kat sudon) တစ်ပွဲမှာထားလိုက်တယ်။

" ကတ်စုဒွန်း တစ်ပွဲလောက် ပေးပါခင်ဗျ "

" ကတ်စုဒွန်းဆို ၀က်သားကကြော်ရမှာ ကွယ့် စောင့်နိုင့်ပါ့မလား "

ကျနော်လည်း ဆိုင်ရှင်ရဲ့အမေးကို ခေါင်းငြိမ့်ပြပြီး ခုံတစ်ခုံမှာ၀င်ထိုင်လိုက်တယ်။ဆိုင်ခန်းလေးထဲမှာ ခင်းကျင်းထားတဲ့ သစ်သားခုံဖြူဖြူလေးတွေဆီက သစ်လွင်လွင်သင်းပျံ့နံ့ရနံ့တွေကြောင့် ဆိုင်ဖွင့်တာ မကြာသေးဘူးပဲလို့ ခန့်မှန်းမိတယ်။ဆိုင်က အတော့်ကို သပ်ရပ်ပြီး လှပတယ်။ဒီလိုဆိုင်မျိုးလေးတွေက အစားအသောက်က ကောင်းတတ်တယ်။ကျနော်လည်း ဒီအတိုင်းထိုင်စောင့်နေရာကမလှမ်းမကမ်းမှာ တယ်လီဖုန်းကို တွေ့တာနဲ့ စိတ်ထက်အရင် လူကရောက်ပြီးသား ဖြစ်သွားရတော့တယ်။

ဘာမှ ချိတုံချတုံဖြစ်မနေတော့ဘဲ ကျိကကျန်ပေးသွားတဲ့ ဂျောင်ကုစံနေနေတဲ့ တည်းခိုဆောင်ရဲ့ ဖုန်းနံပါတ်ပါတဲ့ မှတ်စုစာရွက်လေးကို ထုတ်ပြီး ဖုန်းကိုလှည့်ကာ ခေါ်လိုက်တယ်။တည်းခိုဆောင်ရဲ့ဧည့်ကြိုက ဂျောင်ကုအခန်းကို ဖုန်းပြောင်းပေးနေချိန်မှ ကျနော် ရင်တုန်ရမှန်းသတိရတယ်။

" ဟဲလို "

ဂျောင်ကုရဲ့ အသံကြားတာနဲ့ ကျနော် ရင်ထဲ ထိပ်ခနဲတစ်ချက်ဖြစ်သွားရင် ပြန်ဖြေလိုက်တယ်။

" ဂျောင်ကုလားဟင် "

" ဂျီမင်စံလား မင်းဘယ်လိုလုပ်ပြ္း ကိုယ်ဒီမှာရှိနေတာကို သိလဲဟင် အာ အာ သိပြီ ကျိကကိုးစံ ပြောခဲ့တာထင်တယ် "

ဟိုးအဝေး အရပ်ကနေပြောနေတဲ့ အဲ့ဒီတည်ငြိမ်လှတဲ့ စကားသံဟာ တယ်လီဖုန်းကြိုးကို မိုင်ပေါင်းများစွာ ဖြတ်သန်းပြီး ကျနော့် ဆီကို ရောက်လို့လာတော့တယ်။ကျနော်မျက်လုံးကို အသာမှိတ်ရင်း မကြားရတာကြာပြီဖြစ်တဲ့ ဂျောင်ကုရဲ့ စကားပြောသံကို နားထောင်နေမိတယ်။သူ့စကားသံတွေက အလွမ်းအဆွေးတွေကို သယ်ဆောင်လာတဲ့ လှိုင်းသံကလေးတွေလိုပဲ ကြားယောင်နေမိတယ်။

" အဲ့ဒီမှာ ဘာတွေရှိလို့ လဲဟင် "

" Disney Land လေ အဟား နောက်တာ နောက်တာ တော်ပေါ်မှာ ဘုရားကျောင်းတစ်ကျောင်းတော့ရှိတယ် တန်ခိုးကြီးမယ့်ပုံပဲတောင်အောက်မှာတော့ ဘုန်းကြီးစာ သတ်သတ်လွတ်ပဲပြားဟင်းတွေချည်း ချက်ကျွေးတဲ့ တည်းခိုဆောင်တွေ တန်းစီနေတာပဲ ကိုယ်တော့ ညနေစာကို ပဲပြားဟင်းနဲ့ပဲ ပြီးလိုက်ရတယ် "

" ဘယ်လိုဟင်းမျိုးတွေပါလိမ့် စားတောင်စားချင်လာပြီ "

" အင်း ဂျီမင်းဆိုရင်တော့ အချက်အပြုတ်ဝါသနာပါလို့ စိတ်၀င်စားမလား မပြောတတ်ဘူး ဒီမှာချက်တဲ့ဟင်းတွေက ပဲပြားကို ထည်လဲပြောင်းပြီး ချက်ထားကြချည်းပဲ စားလို့ကောင်းပါတယ် ဒါမယ့် ဘာပဲစားစား ပဲပြားမပါတာကို မရှိဘူး ပဲပြားကြော် ပဲပြားကင် ပဲပြားပေါင်း ပဲပြားနဲ့ကြက်ဥမွှေကြော် အဲတာတွေပဲ စားနေရလို့ ဒီတစ်ခါတော့ ထမင်းမာမာလေးစားရမယ် ကြံကာရှိသေး ဆန်ပြုတ်လာချကျွေးတယ်လေ လူကို သွားမပါတဲ့ အဖိုးကြီးများ အောက်မေ့နေလား မသိဘူး >< "

ဂျောင်ကုရဲ့အပြောလေးကြောင့် ကျနော် အသံထွက်အောင်ပင်ရယ်မောမိသည်။

" ကျနော်နဲ့ အဖြစ်တူနေပြီ အခုကျနော်လည်း ဗိုက်အရမ်းဆာနေတာ "

" အယ် ဟော်တယ်က ဘာမှ မကျွေးဘူးလား "

" ကျနော်မကြိုက်တဲ့ ဟင်းတွေချည်းပဲ ကြွေးတယ်လေ "

" တကူးတကသွားပြီးမှ အဲ့လိုဖြစ်ရတာ ကံဆိုးလိုက်တာနော် "

" ကိစ္စတော့မရှိပါဘူး မနက်ဖြန်ဆို ဟင်းကောင်းကောင်းစားရတော့မယ်လေ "

" မင်းကတော့ ကံကောင်းပါတယ်ကွာ ကိုယ်ကမနက်ဖြန် မနက်စာဘာစားရဦးမလဲ မသိဘူး မဟုတ်မှလွဲရော ပဲပြားရေနွေး​ဖျောပဲနေမှာပဲ "

" ဟား ဟား ဟုတ်မှာနော် မြေအိုးသေးသေးထဲမှာ ပဲပြားကို ထည့်ပြီး မီးသွေးမီးဖိုနဲ့ ပြုတ်ထားတဲ့ ဟင်းနေမှာ "

" အွန်း ကျိကကိုးကျန်ကတော့ ပဲပြားကြိုက်တဲ့ သူဆိုတော့ ဒီလိုတည်းခိုခန်းမျိုးကို ကောင်းတယ်ထင်မှာပေါ့
နေရာကတော့ မဆိုးပါဘူး ပြတင်းပေါက်ကလည်း ကျယ်တယ် တဝေါဝေါကျနေတဲ့ ရေတံခွန်ကိုလည်း လှမ်းမြင်ရတယ် ခက်တာက ကိုယ်က အသားငါးတို့ ထောပတ် ဒိန်ခဲတို့လိုမျိုး ကယ်လိုရီများတဲ့ ဟာတွေမှကြိုက်တာဆိုတော့ သူတို့ချက်ကျွေးတာတွေ ဘယ်လိုစားရတော့မလဲ ဆန်းတော့ဆန်းသားနော် ဒီလိုညမျိုးမှာ မင်းနဲ့ကိုယ် မိုင်ချီဝေးနေတာတောင် နှစ်ယောက်လုံး အတူတူ ဗိုက်ဆာနေကြတယ်နော် ဟား ဟား " ဂျောင်ကုက ပြောရင်းရယ်လိုက်ပြန်တယ်။

ကျနော်လေ အခုအချိန်မှာ ကျနော်တော့ခဏနေ ကတ်စုဒွန်းစား ရတော့မှာလို့ ကြွားချင်ပေမယ့် မကြွးရက်ဘူး။ကျနော်တို့ အတူတူ လိုမျိုးပဲဆိုတာဟသူ့ကို သိစေချင်နေတယ်။အဲ့ဒီအချိန် ကျနော့်ရင်ထဲ အတွေးတစ်ခု၀င်လာတယ်။လက်တွေ ဖမ်းဆုတ်ကြည့်ရင်ကောင်းမလား။

" ဘယ်တော့ ပြန်လာမှာလဲ ဟင် "

ဂျောင်ကုက ခဏလောက်ငြိမ်နေပြီးမှ...

" မကြာခင်ပြန်လာပါ့မယ် "

" အင်း နောက်တွေ့ကြမယ်နော် "

ကျနော်ကအရင်စပြီးပဲ နှုတ်ဆက်လိုက်တယ်။

" အာ ဂျီမင်းစံ "

ဖုန်းချမလို့လုပ်မှ သူက ထပ်ခေါ်လိုက်တာကြောင့် လန့်သွားမိတာတော့အမှန်။

" ဟုတ် "

" အော် ဘာမှမဟုတ်ဘူး Good night နော် "

သူ့ဘက်ကချသွားပြီဖြစ်လည်း ကျနော်ခဏတော့ တယ်လီဖုန်း ကို ယောင်ယမ်းကိုင်ထားမိဆဲ။

ကျနော်ခုံမှပြန်ထိုင်ပြီးခဏနေတော့ မှာထားတာရောက်လာတယ်။ကျနော်လည်း ဆာနေပြီဖြစ်တာကြောင့် ဝါးတူလေးကို နှစ်ခြမ်းခွဲလိုက်တယ်။အပြင်ပန်းပုံတင် အတော်လေးအရသာရှိဟန်ပေါက်နေပြီ ဖြစ်တဲ့ ကတ်စုဒွန်း ဟာ တကယ်စားကြည့်တော့လည်း အတော်ကြီးကို အရသာရှိနေတော့တာ။အားရပါးရစားလိုက်တာ တကယ့်ကိုအရသာတွေစုံနေတော့တာပဲ။

" ဦးကြီး ဒီ ကတ်စုဒွန်းအရမ်းစားလို့ကောင်းတာပဲ "

ကျနော်ပါးစပ်ကနေပါထွက်သွားမိတယ်။

" ဟုတ်လားကွယ့် " ဆိုင်ရှင်ဦးလေးကြီးက ကျေနပ်တဲ့ အပြုံးနဲ့ ပြန်မေးလိုက်တယ်။

ကျနော် ဗိုက်ဆာနေလွန်းလို့ အခုလို ကောင်းတာပါလို့ ထင်စရာရှိပေမယ့် ကျနော်က အချက်အပြုတ်သင်တန်း တတ်ထားတဲ့သူလေ။ဒီလောက်ကောင်းတဲ့ ကတ်စုဒွန်းမျိုးက သိပ်စားရခဲ့တယ်။တော်ရုံကျွမ်းကျင်မှုမျိုးနဲ့ ဒီလောက်ကောင်းတဲ့ ကတ်စုဒွန်းမျိုး မချက်တတ်ဘူး။အသားကလည်း လတ်ဆတ်တယ်။ဟင်းရည်ကလည်းချိုတယ်။ကြက်ဥကြော်နဲ့ ကြက်သွန်မြိတ်ကလေးတွေကိုလည်း လှလှပပဖြူးထားသေးတယ်။ဆန်ကလည်းကောင်းတော့ ထမင်းလုံးလေးတွေက ကော့ပျံနေရော။နေ့လည်ကတင်ဆရာမက ဒီဆိုင် ကတ်စုဒွန်းက ကောင်းလို့ လိုက်ကျွေးချင်တာ အချိန်မရလို့လို့ ပြောနေသေးတယ်။အခုတော့ ကျနော်လာစားနေရပြီ။ကံကောင်းလိုက်တာ။

အစားကောင်စားနေရရင် ချစ်တဲ့သူတွေကို သတရတတ်တယ်တဲ့။ဟုတ်မဟုတ်မသိပေမယ့် အခုအချိန်သာ ဂျောင်ကုနဲ့ အတူထိုင်စားနေရရင်ကောင်းမှာပဲလို့ တွေးမိသွားတာနဲ့ တဆက်တည်း ကျနော့်စကားက ထွက်လာတော့တယ်။

" ဦးကြီး ဒီကတ်စုဒွန်းကို ပါဆယ်ထုတ်သွားလို့ရမလား ဟင် ပြီးတော့ နောက်ထပ်တစ်ပွဲပါ ပါဆယ်ထည့်ပေးပါ "

_Thank for reading💜

Kat Sudon(ကတ်စုဒွန်း)

🎀ᴘᴀʟᴇᴛᴛᴇ_ᴄʜɪᴍᴄʜᴜ🎀

[Zawgyi]

Jimin's point of view

က်ေနာ္ဟာ ညပိုင္းမွာေတာ့ စီစဥ္ထားတဲ့အတိုင္း အီဇူဘက္ကို ခရီးထြက္လာခဲ့ေတာ့တယ္။ဆရာမက ၀န္ထမ္းအနည္းငယ္ရယ္ ကင္မရာမန္းတစ္ေယာက္ရယ္ပဲ ေခၚလာခဲ့တယ္။ဒီတစ္ေခါက္ခရီးထြက္ရတာ ေပါ့ပါးၿပီး လြပ္လပ္ေနသလိုပဲ။ၿပီးေတာ့ဘယ္ေန႕ဘာလုပ္ရမယ္ဆိုတာလဲ အစီအစဥ္ႀကိဳဆြဲမထားဘူး။

လြန္ခဲ့တဲ့ ၆လလုံးမွာ အဘြားဆုံးသြားတာကေနၿပီး အဲရီးကိုးဆုံးသြားတဲ့အထိ က်ေနာ္တို႔ႏွစ္ေယာက္လုံး အၿပဳံးမပ်က္ေနနိုင္ၾကေပမဟ့္ ရင္ထဲမွာ ဘယ္ေလာက္ေတာင္ခံစားေနရလဲဆိုတာ မေျပာလည္း သိၾကပါတယ္။အတတ္အက်ေတြနဲ႕ ေပ်ာ္လိုက္ၾက ၀မ္းနည္းလိုက္ၾကနဲ႕ ဒီခံစားမႈ ႏွစ္မ်ိဳးကို ညွိယူလို႔ မရတဲ့ အဆုံးမွာေတာ့ က်ေနာ္တို႔ေတြ စိတ္ေအးခ်မ္းသာမယ့္ေနရာေတြကို ရွာေဖြလာၾကေတာ့တာေပါ့။ဒါေပမယ့္ တစ္ေယာက္ဆီကေန တစ္ေယာက္ ထြက္ေျပးေနတာမ်ိဳးေတာ့မဟုတ္ပါဘူး။ေဝဝါးေနတုန္းမွာ ခဏ တည္ၿငိမ္ေအာင္ ေစာင့္ေနလိုက္ရသလိုမ်ိဳးပဲ။

က်ေနာ္အေျပာင္းအလဲေတြႀကဳံၿပီးေနာက္ပိုင္း ေတာ္ေတာ္ႀကီးေျပာင္းလဲသြားတယ္။႐ုပ္္ပိုင္းဆိုင္ရာေရာ စိတ္ပိုင္းဆိုင္ရာေရာေပါ့။ မွန္ထဲကို ျပန္ၾကည့္ရင္ေတာင္ အရင္က အဲရီးကိုးစံ တဖြဖြေျပာေနတဲ့ မင္းသားေလး လိုမဟုတ္ေတာ့ဘူး။က်ေနာ္ ေဂ်ာင္ကုနဲ႕ အေဝးဆုံး တစ္ေနရာမွာ စိတ္လြတ္ကိုယ္ လြတ္ေပ်ာ္ခ်င္ေပမယ့္ တကယ္တမ္းက် ျဖစ္မလာခဲ့ပါဘူး။

ေနာက္တစ္ေန႕မနက္ပိုင္းေလာက္မွာေရာက္ၿပီး ညေနပိုင္းက် ဟိုတယ္ကေႂကြးတဲ့ အထူးစပယ္ရွယ္ဟင္းေတြေၾကာင့္ေသခ်င္စိတ္ေပါက္မိတယ္။ဟင္းသီးဟင္း႐ြက္ေတြမ်ားၿပီး က်ေနာ္အရမ္းကိုမုန္းတဲ့ စိမ္းေ႐ႊေ႐ႊအနံ႕ေတြက ေထာင္းခနဲ ထေနေတာ့ တတို႔ေတာင္ မတို႔ခဲ့ရပါဘူး။

အဲ့လိုနဲ႕ ညဦးပိုင္းေရာက္ေတာ့....

ေရမိုးခ်ိဳး အ၀တ္အစားလဲၿပီး ဆရာမတို႔ အခန္းကိုသြားေျပာရေတာ့တယ္။

" ဆရာမ က်ေနာ္ဗိုက္ဆာလြန္းလို႔ ေသရေတာ့မယ္><
အျပင္ထြက္ၿပီး တစ္ခုခု၀ယ္စားလို႔ရမလားဟင္ "

အဲ့ဒါနဲ႕ ဆရာမနဲ႕ အတူတစ္ခန္းတည္းေနတဲ့ အစ္မႀကီးက...

" ဟယ္ ဆာကုရာအီက်န္(မ်ိဳးရိုးနာမည္) ညေနစာေကြၽးတုန္းက ဘာမွမစားခဲ့ရဘူးနဲ႕တူတယ္ သနားပါတယ္ "
လို႔ေျပာၿပီးဆရာမနဲ႕ အတူရယ္လိုက္ၾကတယ္။

အခုလာတဲ့ အဖြဲ႕ထဲမွာ က်ေနာ္က အငယ္ဆုံးဆိုေတာ့ အားလုံးက က်ေနာ့္ကို ကေလးလိုပဲ ျမင္ေနၾကၿပီး ေစာင့္ေရွာက္ေနၾကတာ။က်ေနာ္က ေယာက်ာ္းေလး ျဖစ္ေနတာေတာင္မွေပါ့။အဲ့ဒီအစ္မနဲ႕ ဆရာမက ညအိပ္ယာ၀င္ေတာ့မလို႔ ထင္တယ္ အကုန္လုံး သပ္သပ္ရပ္ရပ္ ခင္းက်င္းၿပီး ေနၿပီ။ဆရာမက က်ေနာ္ ဘာမွ စားမထားတာသိေတာ့ ၿပဳံးၿပဳံးနဲ႕ပဲ ခြင့္ျပဳခဲ့တယ္။

နာရီကိုၾကည့္လိုက္ေတာ့ ည၁၀နာရီထိုးေနၿပီ။က်ေနာ္ ဗိုက္ထဲမွာ အေတာ္ႀကီးဟာေနခဲ့တာ။ရွည္လ်ားတဲ့ ၀ရန္တာလမ္းကိုေလွ်ာက္ၿပီး အေရွ႕ေပါက္ထြက္ရင္ အျပန္က် ဘယ္သူမွ ဖြင့္ေပးမွာမဟုတ္တဲ့ အတြက္ အေရာက္ေပါက္ေနပဲ တံခါးဂ်က္ျဖဳတ္ၿပီး အသာေလးထြက္ခဲ့ရေတာ့တယ္။

ဒီေန႕ညက ေအာ့ႏွလုံးနာစရာဟင္းနဲ႕ႀကဳံခဲ့ေပမယ့္ မနက္ျဖန္ ေဟာ္တယ္ေျပာင္းရမွာမလို႔ တစ္ညတစ္ေလပဲဆိုၿပီးသည္းခံခဲ့ပါတယ္။လေရာင္ေအာက္မွာ ေလွ်ာက္ေနရင္း က်ေနာ့္ရင္ထဲမွာ လြမ္းဆြတ္ျခင္းကို ခံစားလာရသလိုပဲ။အစက ဗိုက္ထဲမွာ ဟာေနလို႔ပဲလို႔ ေတြးမိေပမယ့္ ရင္ထဲမွာ ဟာေနတာက မတူဘူး။ၾကားဖူးတာေတာ့ လြမ္းတယ္ဆိုတာ ရင္ထဲမွာငိုတာတဲ့ ဒါေပမယ့္ ရင္ထဲမွာပဲ ျပန္တိတ္တယ္။ က်ေနာ္ေတာ့ ေဂ်ာင္ကု ကို လြမ္းေနမိတယ္။သူကေတာ့ ဘယ္လိုလဲ မသိေပမယ့္။

ဒါေပမယ့္ ခရီးေတြ ထြက္ေနရတာလည္း ေကာင္းတယ္လို႔ေတြးမိျပန္ေရာ။ခရီးထြက္ၿပီး အေဝးဆုံး ကိုေျပးသြားခ်င္ေပမယ့္ ရင္ထဲမွာ ေဂ်ာင္ကုအတြက္ ႏွလုံးခုန္သံကိုၾကားေနရတယ္ေလ။ခရီးအေဝးႀကီးေတြ သြား တယ္ဆိုတာ ျပန္စရာ အိမ္ရွိေနလို႔ေလ။အဲ့ဒီအိမ္က ေဂ်ာင္ကုစံ ျဖစ္ေနမလား မေျပာနိုင္ပါဘူး။

က်ေနာ္ဟာ တည္းခိုခန္းနဲ႕ စားေသာက္ဆိုင္တန္းေတြ တန္းစီးေနတဲ့ လမ္းအတိုင္းေလွ်ာက္လာမိတယ္။ေတာင္တန္းေတြ ပတ္လည္ဝိုင္းေနတဲ့အတြက္ ၿမိဳ႕က ပိုၿပီး ေအးခ်မ္းေနေတာ့တယ္။ည၀တ္အကၤ်ီေပၚမွာ အေပၚ၀တ္ကုတ္ေတြ ၀တ္ထားတဲ့ အရက္မူးသမားေတြလည္း လမ္းေပၚမွာ ေအာ္ဟစ္ရယ္ေမာသြားၾကတယ္။ဒါေပမယ့္ က်ေနာ့္စိတ္ထဲမွာ ေပါ့ပါးေနတုန္းပဲ။

ဆူညံေနတဲ့ အရက္ဆိုင္ေတြေရွာင္ရင္းေလွ်ာက္လာလိုက္တာ ဘူတာ႐ုံအနီးကို ေရာက္လာေတာ့တယ္။မီးမွိတ္သြားၿပီျဖစ္တဲ့ လက္ေဆာင္ပစၥည္းဆိုင္းေလးေတြကို ေက်ာ္ၿပီးေနာက္မွာေတာ့ မီးလင္းေနတဲ့ စားေသာက္ဆိုင္ေလးတစ္ဆိုင္ကို ေတြ႕ရေတာ့တယ္။

ႏွင္းမႈန္ေလးေတြ သန္းေနတဲ့ မွန္ျပတင္းကေန အထဲကိုၾကည့္လိုက္ေတာ့ ဧည့္သည္တစ္ေယာက္တည္းပဲ ေကာင္တာနားမွာထိုင္ေနတာကို ေတြ႕လိုက္ရတယ္။က်ေနာ္လည္း ဆိုင္ထဲကို ၀င္သြားလိုက္တယ္။ ဗိုက္ျပည့္တာ စားမွပဲလို႔ေတြးၿပီး ကတ္စုဒြန္း(Kat sudon) တစ္ပြဲမွာထားလိုက္တယ္။

" ကတ္စုဒြန္း တစ္ပြဲေလာက္ ေပးပါခင္ဗ် "

" ကတ္စုဒြန္းဆို ၀က္သားကေၾကာ္ရမွာ ကြယ့္ ေစာင့္နိုင့္ပါ့မလား "

က်ေနာ္လည္း ဆိုင္ရွင္ရဲ႕အေမးကို ေခါင္းၿငိမ့္ျပၿပီး ခုံတစ္ခုံမွာ၀င္ထိုင္လိုက္တယ္။ဆိုင္ခန္းေလးထဲမွာ ခင္းက်င္းထားတဲ့ သစ္သားခုံျဖဴျဖဴေလးေတြဆီက သစ္လြင္လြင္သင္းပ်ံ့နံ႕ရနံ႕ေတြေၾကာင့္ ဆိုင္ဖြင့္တာ မၾကာေသးဘူးပဲလို႔ ခန့္မွန္းမိတယ္။ဆိုင္က အေတာ့္ကို သပ္ရပ္ၿပီး လွပတယ္။ဒီလိုဆိုင္မ်ိဳးေလးေတြက အစားအေသာက္က ေကာင္းတတ္တယ္။က်ေနာ္လည္း ဒီအတိုင္းထိုင္ေစာင့္ေနရာကမလွမ္းမကမ္းမွာ တယ္လီဖုန္းကို ေတြ႕တာနဲ႕ စိတ္ထက္အရင္ လူကေရာက္ၿပီးသား ျဖစ္သြားရေတာ့တယ္။

ဘာမွ ခ်ိတုံခ်တဳံျဖစ္မေနေတာ့ဘဲ က်ိကက်န္ေပးသြားတဲ့ ေဂ်ာင္ကုစံေနေနတဲ့ တည္းခိုေဆာင္ရဲ႕ ဖုန္းနံပါတ္ပါတဲ့ မွတ္စုစာ႐ြက္ေလးကို ထုတ္ၿပီး ဖုန္းကိုလွည့္ကာ ေခၚလိုက္တယ္။တည္းခိုေဆာင္ရဲ႕ဧည့္ႀကိဳက ေဂ်ာင္ကုအခန္းကို ဖုန္းေျပာင္းေပးေနခ်ိန္မွ က်ေနာ္ ရင္တုန္ရမွန္းသတိရတယ္။

" ဟဲလို "

ေဂ်ာင္ကုရဲ႕ အသံၾကားတာနဲ႕ က်ေနာ္ ရင္ထဲ ထိပ္ခနဲတစ္ခ်က္ျဖစ္သြားရင္ ျပန္ေျဖလိုက္တယ္။

" ေဂ်ာင္ကုလားဟင္ "

" ဂ်ီမင္စံလား မင္းဘယ္လိုလုပ္ျပ္း ကိုယ္ဒီမွာရွိေနတာကို သိလဲဟင္ အာ အာ သိၿပီ က်ိကကိုးစံ ေျပာခဲ့တာထင္တယ္ "

ဟိုးအေဝး အရပ္ကေနေျပာေနတဲ့ အဲ့ဒီတည္ၿငိမ္လွတဲ့ စကားသံဟာ တယ္လီဖုန္းႀကိဳးကို မိုင္ေပါင္းမ်ားစြာ ျဖတ္သန္းၿပီး က်ေနာ့္ ဆီကို ေရာက္လို႔လာေတာ့တယ္။က်ေနာ္မ်က္လုံးကို အသာမွိတ္ရင္း မၾကားရတာၾကာၿပီျဖစ္တဲ့ ေဂ်ာင္ကုရဲ႕ စကားေျပာသံကို နားေထာင္ေနမိတယ္။သူ႕စကားသံေတြက အလြမ္းအေဆြးေတြကို သယ္ေဆာင္လာတဲ့ လွိုင္းသံကေလးေတြလိုပဲ ၾကားေယာင္ေနမိတယ္။

" အဲ့ဒီမွာ ဘာေတြရွိလို႔ လဲဟင္ "

" Disney Land ေလ အဟား ေနာက္တာ ေနာက္တာ ေတာ္ေပၚမွာ ဘုရားေက်ာင္းတစ္ေက်ာင္းေတာ့ရွိတယ္ တန္ခိုးႀကီးမယ့္ပုံပဲေတာင္ေအာက္မွာေတာ့ ဘုန္းႀကီးစာ သတ္သတ္လြတ္ပဲျပားဟင္းေတြခ်ည္း ခ်က္ေကြၽးတဲ့ တည္းခိုေဆာင္ေတြ တန္းစီေနတာပဲ ကိုယ္ေတာ့ ညေနစာကို ပဲျပားဟင္းနဲ႕ပဲ ၿပီးလိုက္ရတယ္ "

" ဘယ္လိုဟင္းမ်ိဳးေတြပါလိမ့္ စားေတာင္စားခ်င္လာၿပီ "

" အင္း ဂ်ီမင္းဆိုရင္ေတာ့ အခ်က္အျပဳတ္ဝါသနာပါလို႔ စိတ္၀င္စားမလား မေျပာတတ္ဘူး ဒီမွာခ်က္တဲ့ဟင္းေတြက ပဲျပားကို ထည္လဲေျပာင္းၿပီး ခ်က္ထားၾကခ်ည္းပဲ စားလို႔ေကာင္းပါတယ္ ဒါမယ့္ ဘာပဲစားစား ပဲျပားမပါတာကို မရွိဘူး ပဲျပားေၾကာ္ ပဲျပားကင္ ပဲျပားေပါင္း ပဲျပားနဲ႕ၾကက္ဥေမႊေၾကာ္ အဲတာေတြပဲ စားေနရလို႔ ဒီတစ္ခါေတာ့ ထမင္းမာမာေလးစားရမယ္ ႀကံကာရွိေသး ဆန္ျပဳတ္လာခ်ေကြၽးတယ္ေလ လူကို သြားမပါတဲ့ အဖိုးႀကီးမ်ား ေအာက္ေမ့ေနလား မသိဘူး >< "

ေဂ်ာင္ကုရဲ႕အေျပာေလးေၾကာင့္ က်ေနာ္ အသံထြက္ေအာင္ပင္ရယ္ေမာမိသည္။

" က်ေနာ္နဲ႕ အျဖစ္တူေနၿပီ အခုက်ေနာ္လည္း ဗိုက္အရမ္းဆာေနတာ "

" အယ္ ေဟာ္တယ္က ဘာမွ မေကြၽးဘူးလား "

" က်ေနာ္မႀကိဳက္တဲ့ ဟင္းေတြခ်ည္းပဲ ေႂကြးတယ္ေလ "

" တကူးတကသြားၿပီးမွ အဲ့လိုျဖစ္ရတာ ကံဆိုးလိုက္တာေနာ္ "

" ကိစၥေတာ့မရွိပါဘူး မနက္ျဖန္ဆို ဟင္းေကာင္းေကာင္းစားရေတာ့မယ္ေလ "

" မင္းကေတာ့ ကံေကာင္းပါတယ္ကြာ ကိုယ္ကမနက္ျဖန္ မနက္စာဘာစားရဦးမလဲ မသိဘူး မဟုတ္မွလြဲေရာ ပဲျပားေရေႏြး​ေဖ်ာပဲေနမွာပဲ "

" ဟား ဟား ဟုတ္မွာေနာ္ ေျမအိုးေသးေသးထဲမွာ ပဲျပားကို ထည့္ၿပီး မီးေသြးမီးဖိုနဲ႕ ျပဳတ္ထားတဲ့ ဟင္းေနမွာ "

" အြန္း က်ိကကိုးက်န္ကေတာ့ ပဲျပားႀကိဳက္တဲ့ သူဆိုေတာ့ ဒီလိုတည္းခိုခန္းမ်ိဳးကို ေကာင္းတယ္ထင္မွာေပါ့
ေနရာကေတာ့ မဆိုးပါဘူး ျပတင္းေပါက္ကလည္း က်ယ္တယ္ တေဝါေဝါက်ေနတဲ့ ေရတံခြန္ကိုလည္း လွမ္းျမင္ရတယ္ ခက္တာက ကိုယ္က အသားငါးတို႔ ေထာပတ္ ဒိန္ခဲတို႔လိုမ်ိဳး ကယ္လိုရီမ်ားတဲ့ ဟာေတြမွႀကိဳက္တာဆိုေတာ့ သူတို႔ခ်က္ေကြၽးတာေတြ ဘယ္လိုစားရေတာ့မလဲ ဆန္းေတာ့ဆန္းသားေနာ္ ဒီလိုညမ်ိဳးမွာ မင္းနဲ႕ကိုယ္ မိုင္ခ်ီေဝးေနတာေတာင္ ႏွစ္ေယာက္လုံး အတူတူ ဗိုက္ဆာေနၾကတယ္ေနာ္ ဟား ဟား " ေဂ်ာင္ကုက ေျပာရင္းရယ္လိုက္ျပန္တယ္။

က်ေနာ္ေလ အခုအခ်ိန္မွာ က်ေနာ္ေတာ့ခဏေန ကတ္စုဒြန္းစား ရေတာ့မွာလို႔ ႂကြားခ်င္ေပမယ့္ မႂကြးရက္ဘူး။က်ေနာ္တို႔ အတူတူ လိုမ်ိဳးပဲဆိုတာဟသူ႕ကို သိေစခ်င္ေနတယ္။အဲ့ဒီအခ်ိန္ က်ေနာ့္ရင္ထဲ အေတြးတစ္ခု၀င္လာတယ္။လက္ေတြ ဖမ္းဆုတ္ၾကည့္ရင္ေကာင္းမလား။

" ဘယ္ေတာ့ ျပန္လာမွာလဲ ဟင္ "

ေဂ်ာင္ကုက ခဏေလာက္ၿငိမ္ေနၿပီးမွ...

" မၾကာခင္ျပန္လာပါ့မယ္ "

" အင္း ေနာက္ေတြ႕ၾကမယ္ေနာ္ "

က်ေနာ္ကအရင္စၿပီးပဲ ႏႈတ္ဆက္လိုက္တယ္။

" အာ ဂ်ီမင္းစံ "

ဖုန္းခ်မလို႔လုပ္မွ သူက ထပ္ေခၚလိုက္တာေၾကာင့္ လန့္သြားမိတာေတာ့အမွန္။

" ဟုတ္ "

" ေအာ္ ဘာမွမဟုတ္ဘူး Good night ေနာ္ "

သူ႕ဘက္ကခ်သြားၿပီျဖစ္လည္း က်ေနာ္ခဏေတာ့ တယ္လီဖုန္း ကို ေယာင္ယမ္းကိုင္ထားမိဆဲ။

က်ေနာ္ခုံမွျပန္ထိုင္ၿပီးခဏေနေတာ့ မွာထားတာေရာက္လာတယ္။က်ေနာ္လည္း ဆာေနၿပီျဖစ္တာေၾကာင့္ ဝါးတူေလးကို ႏွစ္ျခမ္းခြဲလိုက္တယ္။အျပင္ပန္းပုံတင္ အေတာ္ေလးအရသာရွိဟန္ေပါက္ေနၿပီ ျဖစ္တဲ့ ကတ္စုဒြန္း ဟာ တကယ္စားၾကည့္ေတာ့လည္း အေတာ္ႀကီးကို အရသာရွိေနေတာ့တာ။အားရပါးရစားလိုက္တာ တကယ့္ကိုအရသာေတြစုံေနေတာ့တာပဲ။

" ဦးႀကီး ဒီ ကတ္စုဒြန္းအရမ္းစားလို႔ေကာင္းတာပဲ "

က်ေနာ္ပါးစပ္ကေနပါထြက္သြားမိတယ္။

" ဟုတ္လားကြယ့္ " ဆိုင္ရွင္ဦးေလးႀကီးက ေက်နပ္တဲ့ အၿပဳံးနဲ႕ ျပန္ေမးလိုက္တယ္။

က်ေနာ္ ဗိုက္ဆာေနလြန္းလို႔ အခုလို ေကာင္းတာပါလို႔ ထင္စရာရွိေပမယ့္ က်ေနာ္က အခ်က္အျပဳတ္သင္တန္း တတ္ထားတဲ့သူေလ။ဒီေလာက္ေကာင္းတဲ့ ကတ္စုဒြန္းမ်ိဳးက သိပ္စားရခဲ့တယ္။ေတာ္႐ုံကြၽမ္းက်င္မႈမ်ိဳးနဲ႕ ဒီေလာက္ေကာင္းတဲ့ ကတ္စုဒြန္းမ်ိဳး မခ်က္တတ္ဘူး။အသားကလည္း လတ္ဆတ္တယ္။ဟင္းရည္ကလည္းခ်ိဳတယ္။ၾကက္ဥေၾကာ္နဲ႕ ၾကက္သြန္ၿမိတ္ကေလးေတြကိုလည္း လွလွပပျဖဴးထားေသးတယ္။ဆန္ကလည္းေကာင္းေတာ့ ထမင္းလုံးေလးေတြက ေကာ့ပ်ံေနေရာ။ေန႕လည္ကတင္ဆရာမက ဒီဆိုင္ ကတ္စုဒြန္းက ေကာင္းလို႔ လိုက္ေကြၽးခ်င္တာ အခ်ိန္မရလို႔လို႔ ေျပာေနေသးတယ္။အခုေတာ့ က်ေနာ္လာစားေနရၿပီ။ကံေကာင္းလိုက္တာ။

အစားေကာင္စားေနရရင္ ခ်စ္တဲ့သူေတြကို သတရတတ္တယ္တဲ့။ဟုတ္မဟုတ္မသိေပမယ့္ အခုအခ်ိန္သာ ေဂ်ာင္ကုနဲ႕ အတူထိုင္စားေနရရင္ေကာင္းမွာပဲလို႔ ေတြးမိသြားတာနဲ႕ တဆက္တည္း က်ေနာ့္စကားက ထြက္လာေတာ့တယ္။

" ဦးႀကီး ဒီကတ္စုဒြန္းကို ပါဆယ္ထုတ္သြားလို႔ရမလား ဟင္ ၿပီးေတာ့ ေနာက္ထပ္တစ္ပြဲပါ ပါဆယ္ထည့္ေပးပါ "

_Thank for reading💜

Kat Sudon(ကတ်စုဒွန်း)

🎀ᴘᴀʟᴇᴛᴛᴇ_ᴄʜɪᴍᴄʜᴜ🎀

Continue Reading

You'll Also Like

HE By Kris_Lyunn

Fanfiction

89.6K 10.5K 44
မချစ်သင့်သော (သူ ) အား မှားယွင်းစွာ ချစ်မိခဲ့တဲ့နောက် ... Jeon jungkook ~ Kim seok jin ~ Park Jimin ~ Kim Tae Hyung ~ Min Yoongi Start Date - 13.11...
25.5K 3K 27
Wolf & Hunter Male Pregnant
16.5K 1.6K 15
"ငါမင်းကို ရအောင်ဖမ်းပြမှာ Jeon Jungkook" "ကိုယ့်ကိုကိုယ် $ထင်ကြီးလွန်းနေတာပဲ Park Jimin"
504K 30K 23
မင်းကိုငါပိုင်တယ်ဆိုတာ အားလုံး သိအောင်ပြပေးရမလား?????? မင္းကိုငါပိုင္တယ္ဆိုတာ အားလုံး သိေအာင္ျပေပးရမလား??????