Zawgyi
ညကေသာက္ထားတဲ့အရိွန္ေၾကာင့္ Jiminတစ္ေယာက္ေခါင္းဟာမူးေနာက္ေနဆဲ...။ ေနာက္ဆံုးေတာ့ အံုခဲေနတဲ့ေခါင္းကိုအံတုကာ သူအိပ္ရာမွထလိုက္သည္။
သူ႔အိပ္ရာမဟုတ္တဲ့ ဆိုဖာေပၚကိုေရာက္ေနတာသိေတာ့မွ...
" အာ.. namjoon hyungျပန္ပို႔ေပးထားတာထင္တယ္"
Namjoon hyungကိုဖုန္းဆက္ၾကၫ့္ဖို႔လုပ္ေတာ့မွ သူ႔ဖုန္းသူရွာမရျဖစ္ေနတယ္။ သူ႔ေဘာင္းဘီအိတ္ထဲထိရွာေပမဲ့မေတြ့...။
" ဒါကို ရွာေနတာလား...။"
" Omo!!!"
သူ႔အေရ႔ွမွာမိန႔္မိန႔္ႀကီးရပ္ေနတဲ့ မိန္းကေလးတစ္ေယာက္ေၾကာင့္ jiminအလန႔္တၾကားေအာ္မိသည္။ သူ႔ခႏၶာကိုယ္မွ အဝတ္မ်ားအားသူေသခ်ာျပန္လည္စစ္ေဆးေနေသးသည္။
" အံမယ္...
ရွင္ကပဲ စစ္ရတယ္ရိွေသးတယ္။ ကြၽန္မရွင့္အသားကိုလက္ဖ်ားနဲ႔ေတာင္မထိဖူး။ "
" ေျပာလို႔မရဘူးေလ..။
ဒါနဲ႔ မင္းဘယ္သူလဲ။ ဘာလို႔ငါအိမ္ထဲေရာက္ေနတာလဲ။ ၿပီးေတာ့ ငါ့ဖုန္းကို ဘာကိစၥယူထားရတာလဲ။"
" ေမးခြန္းေတြကလည္းမ်ားလိုက္တာ။ ကြၽန္မလည္း သရဲျဖစ္မွပဲ လူသားေတြဒီေလာက္စကားမ်ားပါလားလို႔ေတြးမိတယ္။"
ထိုမိန္းကေလးေျပာတဲ့စကားေၾကာင့္ jiminခနဲ႔ကာရယ္မိသည္။
" ဒီမွာ မိန္းကေလး... ဒီလိုအကြက္ေတြနဲ႔လာမလိမ္နဲ႔။ Park Jiminတို႔ဘဝမွာ ဒါမ်ိဳးေတြကရိုးေနၿပီ။"
ေျပာမရဆိုမရေအာင္ကို သူထင္ရာေတဇြတ္ေျပာေနတဲ့jiminကို သူမသက္ေသျပဖို႔ဒီတစ္နည္းပဲရိွေတာ့သည္။
" Sorryပါ ေၾကာက္သြားေစဖို႔မရည္ရြယ္ပါဖူး။"
" ဘာကိုေၾကာက္..."
Jiminစကားမဆံုးေသးခင္မွာ သူမကိုယ္ကိုေဖ်ာက္လိုက္တယ္။ ဒါကိုမ်က္ျမင္ကိုယ္ေတြ့ ေတြ့လိုက္ရတဲ့ jiminအဖို႔ အံ့ဩသည္ထက္ပိုေနၿပီ။ ေၾကာက္ေနၿပီဆိုလည္း မွန္သည္။
" မင္း... မင္းဘယ္သူလဲ။ ဘယ္.. ဘယ္ေရာက္သြားၿပီလဲ။"
သူတုန္တုန္ရီရီေမးေသာ္လည္းျပန္မေျဖ။ ထိုအခ်ိန္သူ႔အေရ႔ွတၫ့္တၫ့္တြင္ ဘြားကနဲျပန္ေပၚလာတဲ့သူမေၾကာင့္ လိပ္ျပာလြင့္မတတ္လန႔္ရျပန္သည္။
" ရွင္ယံုၿပီလားအခု...။"
မ်က္ႏွာတည္ျဖင့္ေမးလာတဲ့သူမကို သူေစ့ေစ့မၾကၫ့္ရဲ...။
" မင္း.. မင္းကဘယ္လိုငါ့အိမ္ကို..."
" ေျပာရမယ္ဆို.. ရွင္ကိုယ္တိုင္ေခၚလာတာေပါ့...။"
ဆိုဖာေပၚတြင္ထိုင္ေနေသာjiminထံသို႔ေလ်ွာက္လာကာ မ်က္ႏွာနားကိုတျဖည္းျဖည္းတိုးကပ္လိုက္တယ္... Jiminမွာေတာ့ ေခါင္းကိုေနာက္သို့ဆုတ္သည္ထက္ဆုတ္ကာ ဆိုဖာထဲသို့နစ္ဝင္လုနီးပါး...။
" ရွင္ညကအရက္မူးလာၿပီး လမ္းေပ်ာက္ေနတဲ့သရဲမကို အိမ္လိုက္ပို႔ခိုင္းခဲ့တယ္ေလ...။ ပိုဆိုးတာက ရွင့္နားကဘယ္မွသြားမရေအာင္ကိုခ်ဳပ္လိုက္တာပဲ...။"
" ငါ.. ငါကဘယ္လိုခ်ဳပ္လိုက္တာလဲ...။"
ဒါ သူ႔ကိုေျပာလို႔မျဖစ္ဘူးပဲ။ ငါညကသူ႔ကိုနမ္းလိုက္မိတာကို သူသာသိသြားရင္ ငါ့ကိုတစ္မ်ိဳးထင္သြားမွာ..။ အို... သရဲလည္းသိကၡာထိန္းရမွာပဲ...။
" ဒါကေတာ့ထားပါ... ။
ဘယ္လိုမဆို အခုကြၽန္မကရွင့္နားမွာပဲေသာင္တင္ရေတာ့မွာမို႔..."
" ဘာလို႔ငါက မင္းကိုေခၚထားရမွာလဲ။ ၿပီးေတာ့ ေယာက္်ားေလးတစ္ေယာက္တည္းေနတဲ့အိမ္မွာ မင္းေနရဲတယ္ေပါ့"
Jiminတစ္ေယာက္ ညစ္က်ယ္က်ယ္ၿပံဳးကာေျပာလိုက္သည္။
" သရဲမတစ္ေကာင္ကို ရွင္မဟုတ္တာလုပ္ရဲတယ္ဆိုလည္းလုပ္ေပါ့။"
ထိုစကားေၾကာင့္ Jiminရယ္ေနရာမျွပန္တည္သြားကာ ေၾကာက္စိတ္တို႔ျပန္ဝင္လာျပန္သည္။ သူ႔နားမွသြားဖို႔လုပ္ေနတဲ့ သူမအားလက္ကိုဆြဲကာျပန္ထိုင္ေစသည္။
အားပါပါနဲ႔ဆြဲလိုက္တာမို႔ hoodieလက္ေလးဟာအေပၚသို႔အနည္းငယ္လိပ္တက္သြားသည္။ ထိုအခါေတြ့လိုက္ရတာက သူမလက္ေကာက္ဝတ္ေပၚတြင္ထိုးထားတဲ့ tattooေလးတစ္ခု။
Kang Haeun တဲ့ေလ..
" ဘာလို႔သူမ်ားလက္ကိုလာဆြဲတာလဲ!"
" မင္းကေရာဘာလို႔ ငါ့ဖုန္းကိုယူထားတာလဲ။"
Jiminေျပာလိုက္မွ သူမလက္ထဲၾကၫ့္မိေတာ့.. ဟုတ္သား.. သူ႔ဖုန္းျပန္ေပးရမွာပဲ...။
" ေရာ့... မနက္တည္းက messageေတြတစ္ေတာင္ေတာင္နဲ႔ဝင္ေနတာ နားၿငီးလာလို႔ဖုန္းစက္ပိတ္ဖို႔ယူထားတာ..။ နားၿငီးလို႔ထြက္ေျပးဖို့လုပ္ရင္ေတာင္ ရွင့္နားပဲျပန္ျပန္ေရာက္ေနတာ...။"
ထိုစကားေၾကာင့္ Jiminရယ္ခ်င္စိတ္ကိုထိန္းမရေတာ့တာမို့ ရယ္မိသည္။
ဒီဟာေလးက သရဲမတဲ့လား...။
" ရွင္ဘာရယ္တာလဲ။"
" ဘာမွမဟုတ္ေတာ့ပါဘူး။ ဒါနဲ႔ မင္းနာမည္က Kang Haeunတဲ့လား.. မင္းလက္ကtattooမွာ အဲ့လိုေရးထားတယ္။"
ကြၽန္မလက္ေကာက္ဝတ္အားအျမန္ၾကၫ့္လိုက္မိသည္။ ဟင္.. ကြၽန္မနာမည္ေတာင္ကြၽန္မေမ့ေနခဲ့တာပဲ။ ဒါတစ္ကယ္ပဲကြၽန္မနာမည္ထင္ပါရဲ့။
" အင္း... Haeunလို႔ပဲေခၚေပါ့...။
ဒါနဲ႔ ရွင့္ကိုmessageပို႔တဲ့ babyဆိုတာ ရွင့္ေကာင္မေလးလား။"
သူမ ေျပာမွ သူသတိရသည္။ Babyဆိုတဲ့ contactကပို႔တာဆိုရင္ ဒါကHeejinပဲေပါ့... မေန့က ရန္ျဖစ္ၿပီးသူမစိတ္ေကာက္ေနခဲ့တာ...။ အခုတစ္ခုခုဆိုးရြားတာမျဖစ္ေလာက္ပါဖူးေနာ္...။
Jiminစိတ္ပူပူနဲ႔ပဲ ဖုန္းအားအျမန္ဖြင့္ကာၾကၫ့္လိုက္မိသည္။ ထင္ထားတာနဲ႔မတူေအာင္ ေတာင္းပန္စာေတြတစ္ပံုႀကီးပို႔ထားတဲ့ခ်စ္သူေလးေၾကာင့္ Jiminစိတ္ေအးရၿပီ။ ခနေနက်ရင္ cafe shopမွာဆံုျကမယ္တဲ့ေလ...။
ေရမိုးခ်ိဳးဖို႔အျမန္ထသြားတဲ့ jiminေၾကာင့္ Haeunပါတေကာက္ေကာက္လိုက္ရျပန္ၿပီ။
" မင္းဘယ္အထိလိုက္ဖို႔လဲ။"
" ကြၽန္မကလိုက္ခ်င္လြန္းလို႔ လိုက္ေနတာမဟုတ္ဖူး။ မျဖစ္မေနမို႔...။ စိတ္ခ်.. ေယာင္လို႔ေတာင္ေရခ်ိဳးခန္းထဲဝင္မလာဖူ။"
Jiminစိတ္မခ်ေပမဲ့ Heejinနဲ႔ေတြ့ရမွာမို႔ သူမအားလ်စ္လ် ူကာ လုပ္စရာရိွတာအျမန္လုပ္ေနမိသည္။
အျပင္က သူမကလည္းအေတြးထဲေမ်ာလို႔...
" Babyတဲ့... ရုပ္ကေတာ့လွပါတယ္... ငါ့ေလာက္ေတာ့မလွေပမဲ့ေပါ့။"
❀❀❀
Cafe shopရဲ့ ဝင္ေပါက္တံခါးမွေခါင္းေလာင္းသံေလးၾကားၿပီးတာနဲ႔ သူမတံခါးဘက္ကိုလွၫ့္ၾကၫ့္မိတယ္။ မ်က္ရည္ၾကည္ေလးေတြဟာလည္းမ်က္ဝန္းထက္တြဲခိုလို႔...။ Jiminကိုေတြ့တာနဲ႔ သူမေျပးဖက္ကာငိုမိသည္။
" Babyေတာင္းပန္ပါတယ္ Oppaရယ္... ညကအရက္ေတြအမ်ားႀကီးေသာက္ၿပီး ေဒါသေတြလည္းထြက္ေနခဲ့တာဆို...။ namjoon oppaေျပာျပတယ္။ babyေနာက္တစ္ခါ oppaမႀကိဳက္တဲ့အရာေတြမလုပ္ေတာ့ပါဘူးေနာ္။ ေယာက်ာ္းေလးသူငယ္ခ်င္းေတြနဲ႔လည္း အေနအထိုင္ဆင္ျခင္ပါ့မယ္။
ေက်းဇူးျပဳျပီး babyကိုထားမသြားပါနဲ႔။ Oppaမရိွရင္ Babyေသမွာ...။"
ရိႈက္ႀကီးတငင္ငိုေနတဲ့ Heejinကို Jiminမွေက်ာေလးအားအသာပုတ္ေပးကာ ေျဖသိမ့္ေပးေနသည္။ တစ္ဖက္ကေကာင္တာတြင္ ၿပံဳးၿပံဳးႀကီးထိုင္ၾကၫ့္ေနတဲ့ namjoon hyungကိုလည္းေက်းဇူးတင္မိသည္။
" မငိုနဲ႔ baby... တိတ္ေတာ့...။ Oppaခြင့္လြတ္တယ္။"
ဆိုကာ နဖူးေလးအားအၫွင္သာဆံုးနမ္းလိုက္သည္။
တစ္ဖက္က Haeunမွာလည္း babyဆိုတဲ့စကားကိုပါးစပ္မွမခ်ကာငိုေနေသာ Heejinအားၾကၫ့္ရင္း တရားေပါက္လာသလိုလို....။
ဪ... ရည္းစားတစ္ေယာက္ကိုေတာင္ လက္လြတ္ရမွာစိုးတဲ့ေကာင္မေလးပါလား...။ တစ္ကယ္ပဲ Park Jiminဆိုတဲ့ အမူးသမားက ဘာေတြမ်ားခ်စ္ဖို႔ေကာင္းေနလို႔တုန္း။ သနားစရာမိန္းကေလးပဲ..။
ငါေကာလူ႔ဘဝက ရည္းစားထားဖူးခဲ့ရဲ့လား...။ ငါေသသြားတာေကာ သူဝမ္းနည္းေနရဲ့လား...။
မ်က္ေမွာင့္ႀကံဳ႔ကာေတြးေနတဲ့ Haeun...။
" Jimin shi... ဒါကရွင့္ဆိုင္လား... ဟိုေကာင္တာက ခပ္ေခ်ာေခ်ာနဲ႔အစ္ကိုႀကီးကဘယ္သူတုန္း။"
အနားကပ္ကာေမးလာတဲ့Haeunကို jiminလ်စ္လ်ူရႈလိုက္သည္။ ဒါကိုမေက်နပ္တဲ့ Haeun...
" ဟိတ္လူႀကီး...။ ေျဖေလ..။"
ဆက္တိုက္ေမးေနမွာသိလို႔ Jiminေျဖလိုက္မိသည္။
" အင္း... ဒါငါ့ဆိုင္..။ ဟိုအစ္ကိုကငါ့အစ္ကိုတစ္ဝမ္းကြဲ။ ဒ္ီဆိုင္manager...။"
" ဪ.. သိၿပီ သိၿပီ။
ဆက္လုပ္ၾကေတာ့...။"
သူမ ဆိုင္ထဲပတ္ၾကၫ့္ေနမိသည္။ ဆိုင္ေလးကေသေသသပ္သပ္ႏွင့္ခ်စ္စရာေကာင္းသည္။
" ဪ.. သူ့လိုလူကလည္းအလုပ္နဲ႔အကိုင္နဲ႔ကိုး..."
သူမေတြးကာ ၿပံဳးမိသည္။
" ႀကိဳဆိုပါတယ္။"
Namjoon hyungမွ ဆိုင္ထဲဝင္လာေသာဧၫ့္သည္အားႀကိဳဆိုလိုက္သည္။ ဧၫ့္သည္မွာတာေတြကိုလည္း ျပင္ဆင္ေပးေနခဲ့သည္။
"အား!!!!"
ေအာ္သံဆူးဆူးတစ္ခုေၾကာင့္ namjoon ၊ Jimin နဲ႔ Heejinတို႔သံုးေလာက္လံုး ဧၫ့္သည္ထံသို႔အေလာတႀကီးေျပးသြားခဲ့ၾကသည္။
ခႏၶာကိုယ္မွာတစ္ဆက္ဆက္တုန္ေနတဲ့ဧၫ့္သည္...
" ဧၫ့္သည္... ဘာမ်ားျဖစ္လို႔လဲ။"
Jiminရဲ့ေမးစကားကို ေၾကာက္လန႔္တုန္ရီစြာျပန္ေျဖလာတဲ့ ဧၫ့္သည္...
" ရွင္.. တို႔ဆိုင္မွာ သရဲေျခာက္တယ္..။"
~~<♡︎>~~
October 17,2020
Saturday
#with love
Unicode
ညကသောက်ထားတဲ့အရှိန်ကြောင့် Jiminတစ်ယောက်ခေါင်းဟာမူးနောက်နေဆဲ...။ နောက်ဆုံးတော့ အုံခဲနေတဲ့ခေါင်းကိုအံတုကာ သူအိပ်ရာမှထလိုက်သည်။
သူ့အိပ်ရာမဟုတ်တဲ့ ဆိုဖာပေါ်ကိုရောက်နေတာသိတော့မှ...
" အာ.. namjoon hyungပြန်ပို့ပေးထားတာထင်တယ်"
Namjoon hyungကိုဖုန်းဆက်ကြည့်ဖို့လုပ်တော့မှ သူ့ဖုန်းသူရှာမရဖြစ်နေတယ်။ သူ့ဘောင်းဘီအိတ်ထဲထိရှာပေမဲ့မတွေ့...။
" ဒါကို ရှာနေတာလား...။"
" Omo!!!"
သူ့အရှေ့မှာမိန့်မိန့်ကြီးရပ်နေတဲ့ မိန်းကလေးတစ်ယောက်ကြောင့် jiminအလန့်တကြားအော်မိသည်။ သူ့ခန္ဓာကိုယ်မှ အဝတ်များအားသူသေချာပြန်လည်စစ်ဆေးနေသေးသည်။
" အံမယ်...
ရှင်ကပဲ စစ်ရတယ်ရှိသေးတယ်။ ကျွန်မရှင့်အသားကိုလက်ဖျားနဲ့တောင်မထိဖူး။ "
" ပြောလို့မရဘူးလေ..။
ဒါနဲ့ မင်းဘယ်သူလဲ။ ဘာလို့ငါအိမ်ထဲရောက်နေတာလဲ။ ပြီးတော့ ငါ့ဖုန်းကို ဘာကိစ္စယူထားရတာလဲ။"
" မေးခွန်းတွေကလည်းများလိုက်တာ။ ကျွန်မလည်း သရဲဖြစ်မှပဲ လူသားတွေဒီလောက်စကားများပါလားလို့တွေးမိတယ်။"
ထိုမိန်းကလေးပြောတဲ့စကားကြောင့် jiminခနဲ့ကာရယ်မိသည်။
" ဒီမှာ မိန်းကလေး... ဒီလိုအကွက်တွေနဲ့လာမလိမ်နဲ့။ Park Jiminတို့ဘဝမှာ ဒါမျိုးတွေကရိုးနေပြီ။"
ပြောမရဆိုမရအောင်ကို သူထင်ရာတေဇွတ်ပြောနေတဲ့jiminကို သူမသက်သေပြဖို့ဒီတစ်နည်းပဲရှိတော့သည်။
" Sorryပါ ကြောက်သွားစေဖို့မရည်ရွယ်ပါဖူး။"
" ဘာကိုကြောက်..."
Jiminစကားမဆုံးသေးခင်မှာ သူမကိုယ်ကိုဖျောက်လိုက်တယ်။ ဒါကိုမျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရတဲ့ jiminအဖို့ အံ့ဩသည်ထက်ပိုနေပြီ။ ကြောက်နေပြီဆိုလည်း မှန်သည်။
" မင်း... မင်းဘယ်သူလဲ။ ဘယ်.. ဘယ်ရောက်သွားပြီလဲ။"
သူတုန်တုန်ရီရီမေးသော်လည်းပြန်မဖြေ။ ထိုအချိန်သူ့အရှေ့တည့်တည့်တွင် ဘွားကနဲပြန်ပေါ်လာတဲ့သူမကြောင့် လိပ်ပြာလွင့်မတတ်လန့်ရပြန်သည်။
" ရှင်ယုံပြီလားအခု...။"
မျက်နှာတည်ဖြင့်မေးလာတဲ့သူမကို သူစေ့စေ့မကြည့်ရဲ...။
" မင်း.. မင်းကဘယ်လိုငါ့အိမ်ကို..."
" ပြောရမယ်ဆို.. ရှင်ကိုယ်တိုင်ခေါ်လာတာပေါ့...။"
ဆိုဖာပေါ်တွင်ထိုင်နေသောjiminထံသို့လျှောက်လာကာ မျက်နှာနားကိုတဖြည်းဖြည်းတိုးကပ်လိုက်တယ်... Jiminမှာတော့ ခေါင်းကိုနောက်သို့ဆုတ်သည်ထက်ဆုတ်ကာ ဆိုဖာထဲသို့နစ်ဝင်လုနီးပါး...။
" ရှင်ညကအရက်မူးလာပြီး လမ်းပျောက်နေတဲ့သရဲမကို အိမ်လိုက်ပို့ခိုင်းခဲ့တယ်လေ...။ ပိုဆိုးတာက ရှင့်နားကဘယ်မှသွားမရအောင်ကိုချုပ်လိုက်တာပဲ...။"
" ငါ.. ငါကဘယ်လိုချုပ်လိုက်တာလဲ...။"
ဒါ သူ့ကိုပြောလို့မဖြစ်ဘူးပဲ။ ငါညကသူ့ကိုနမ်းလိုက်မိတာကို သူသာသိသွားရင် ငါ့ကိုတစ်မျိုးထင်သွားမှာ..။ အို... သရဲလည်းသိက္ခာထိန်းရမှာပဲ...။
" ဒါကတော့ထားပါ... ။
ဘယ်လိုမဆို အခုကျွန်မကရှင့်နားမှာပဲသောင်တင်ရတော့မှာမို့..."
" ဘာလို့ငါက မင်းကိုခေါ်ထားရမှာလဲ။ ပြီးတော့ ယောက်ျားလေးတစ်ယောက်တည်းနေတဲ့အိမ်မှာ မင်းနေရဲတယ်ပေါ့"
Jiminတစ်ယောက် ညစ်ကျယ်ကျယ်ပြုံးကာပြောလိုက်သည်။
" သရဲမတစ်ကောင်ကို ရှင်မဟုတ်တာလုပ်ရဲတယ်ဆိုလည်းလုပ်ပေါ့။"
ထိုစကားကြောင့် Jiminရယ်နေရာမြှပန်တည်သွားကာ ကြောက်စိတ်တို့ပြန်ဝင်လာပြန်သည်။ သူ့နားမှသွားဖို့လုပ်နေတဲ့ သူမအားလက်ကိုဆွဲကာပြန်ထိုင်စေသည်။
အားပါပါနဲ့ဆွဲလိုက်တာမို့ hoodieလက်လေးဟာအပေါ်သို့အနည်းငယ်လိပ်တက်သွားသည်။ ထိုအခါတွေ့လိုက်ရတာက သူမလက်ကောက်ဝတ်ပေါ်တွင်ထိုးထားတဲ့ tattooလေးတစ်ခု။
Kang Haeun တဲ့လေ..
" ဘာလို့သူများလက်ကိုလာဆွဲတာလဲ!"
" မင်းကရောဘာလို့ ငါ့ဖုန်းကိုယူထားတာလဲ။"
Jiminပြောလိုက်မှ သူမလက်ထဲကြည့်မိတော့.. ဟုတ်သား.. သူ့ဖုန်းပြန်ပေးရမှာပဲ...။
" ရော့... မနက်တည်းက messageတွေတစ်တောင်တောင်နဲ့ဝင်နေတာ နားငြီးလာလို့ဖုန်းစက်ပိတ်ဖို့ယူထားတာ..။ နားငြီးလို့ထွက်ပြေးဖို့လုပ်ရင်တောင် ရှင့်နားပဲပြန်ပြန်ရောက်နေတာ...။"
ထိုစကားကြောင့် Jiminရယ်ချင်စိတ်ကိုထိန်းမရတော့တာမို့ ရယ်မိသည်။
ဒီဟာလေးက သရဲမတဲ့လား...။
" ရှင်ဘာရယ်တာလဲ။"
" ဘာမှမဟုတ်တော့ပါဘူး။ ဒါနဲ့ မင်းနာမည်က Kang Haeunတဲ့လား.. မင်းလက်ကtattooမှာ အဲ့လိုရေးထားတယ်။"
ကျွန်မလက်ကောက်ဝတ်အားအမြန်ကြည့်လိုက်မိသည်။ ဟင်.. ကျွန်မနာမည်တောင်ကျွန်မမေ့နေခဲ့တာပဲ။ ဒါတစ်ကယ်ပဲကျွန်မနာမည်ထင်ပါရဲ့။
" အင်း... Haeunလို့ပဲခေါ်ပေါ့...။
ဒါနဲ့ ရှင့်ကိုmessageပို့တဲ့ babyဆိုတာ ရှင့်ကောင်မလေးလား။"
သူမ ပြောမှ သူသတိရသည်။ Babyဆိုတဲ့ contactကပို့တာဆိုရင် ဒါကHeejinပဲပေါ့... မနေ့က ရန်ဖြစ်ပြီးသူမစိတ်ကောက်နေခဲ့တာ...။ အခုတစ်ခုခုဆိုးရွားတာမဖြစ်လောက်ပါဖူးနော်...။
Jiminစိတ်ပူပူနဲ့ပဲ ဖုန်းအားအမြန်ဖွင့်ကာကြည့်လိုက်မိသည်။ ထင်ထားတာနဲ့မတူအောင် တောင်းပန်စာတွေတစ်ပုံကြီးပို့ထားတဲ့ချစ်သူလေးကြောင့် Jiminစိတ်အေးရပြီ။ ခနနေကျရင် cafe shopမှာဆုံကြမယ်တဲ့လေ...။
ရေမိုးချိုးဖို့အမြန်ထသွားတဲ့ jiminကြောင့် Haeunပါတကောက်ကောက်လိုက်ရပြန်ပြီ။
" မင်းဘယ်အထိလိုက်ဖို့လဲ။"
" ကျွန်မကလိုက်ချင်လွန်းလို့ လိုက်နေတာမဟုတ်ဖူး။ မဖြစ်မနေမို့...။ စိတ်ချ.. ယောင်လို့တောင်ရေချိုးခန်းထဲဝင်မလာဖူ။"
Jiminစိတ်မချပေမဲ့ Heejinနဲ့တွေ့ရမှာမို့ သူမအားလျစ်လျ ူကာ လုပ်စရာရှိတာအမြန်လုပ်နေမိသည်။
အပြင်က သူမကလည်းအတွေးထဲမျောလို့...
" Babyတဲ့... ရုပ်ကတော့လှပါတယ်... ငါ့လောက်တော့မလှပေမဲ့ပေါ့။"
❀❀❀
Cafe shopရဲ့ ဝင်ပေါက်တံခါးမှခေါင်းလောင်းသံလေးကြားပြီးတာနဲ့ သူမတံခါးဘက်ကိုလှည့်ကြည့်မိတယ်။ မျက်ရည်ကြည်လေးတွေဟာလည်းမျက်ဝန်းထက်တွဲခိုလို့...။ Jiminကိုတွေ့တာနဲ့ သူမပြေးဖက်ကာငိုမိသည်။
" Babyတောင်းပန်ပါတယ် Oppaရယ်... ညကအရက်တွေအများကြီးသောက်ပြီး ဒေါသတွေလည်းထွက်နေခဲ့တာဆို...။ namjoon oppaပြောပြတယ်။ babyနောက်တစ်ခါ oppaမကြိုက်တဲ့အရာတွေမလုပ်တော့ပါဘူးနော်။ ယောကျာ်းလေးသူငယ်ချင်းတွေနဲ့လည်း အနေအထိုင်ဆင်ခြင်ပါ့မယ်။
ကျေးဇူးပြုပြီး babyကိုထားမသွားပါနဲ့။ Oppaမရှိရင် Babyသေမှာ...။"
ရှိုက်ကြီးတငင်ငိုနေတဲ့ Heejinကို Jiminမှကျောလေးအားအသာပုတ်ပေးကာ ဖြေသိမ့်ပေးနေသည်။ တစ်ဖက်ကကောင်တာတွင် ပြုံးပြုံးကြီးထိုင်ကြည့်နေတဲ့ namjoon hyungကိုလည်းကျေးဇူးတင်မိသည်။
" မငိုနဲ့ baby... တိတ်တော့...။ Oppaခွင့်လွတ်တယ်။"
ဆိုကာ နဖူးလေးအားအညှင်သာဆုံးနမ်းလိုက်သည်။
တစ်ဖက်က Haeunမှာလည်း babyဆိုတဲ့စကားကိုပါးစပ်မှမချကာငိုနေသော Heejinအားကြည့်ရင်း တရားပေါက်လာသလိုလို....။
ဪ... ရည်းစားတစ်ယောက်ကိုတောင် လက်လွတ်ရမှာစိုးတဲ့ကောင်မလေးပါလား...။ တစ်ကယ်ပဲ Park Jiminဆိုတဲ့ အမူးသမားက ဘာတွေများချစ်ဖို့ကောင်းနေလို့တုန်း။ သနားစရာမိန်းကလေးပဲ..။
ငါကောလူ့ဘဝက ရည်းစားထားဖူးခဲ့ရဲ့လား...။ ငါသေသွားတာကော သူဝမ်းနည်းနေရဲ့လား...။
မျက်မှောင့်ကြုံ့ကာတွေးနေတဲ့ Haeun...။
" Jimin shi... ဒါကရှင့်ဆိုင်လား... ဟိုကောင်တာက ခပ်ချောချောနဲ့အစ်ကိုကြီးကဘယ်သူတုန်း။"
အနားကပ်ကာမေးလာတဲ့Haeunကို jiminလျစ်လျူရှုလိုက်သည်။ ဒါကိုမကျေနပ်တဲ့ Haeun...
" ဟိတ်လူကြီး...။ ဖြေလေ..။"
ဆက်တိုက်မေးနေမှာသိလို့ Jiminဖြေလိုက်မိသည်။
" အင်း... ဒါငါ့ဆိုင်..။ ဟိုအစ်ကိုကငါ့အစ်ကိုတစ်ဝမ်းကွဲ။ ဒ်ီဆိုင်manager...။"
" ဪ.. သိပြီ သိပြီ။
ဆက်လုပ်ကြတော့...။"
သူမ ဆိုင်ထဲပတ်ကြည့်နေမိသည်။ ဆိုင်လေးကသေသေသပ်သပ်နှင့်ချစ်စရာကောင်းသည်။
" ဪ.. သူ့လိုလူကလည်းအလုပ်နဲ့အကိုင်နဲ့ကိုး..."
သူမတွေးကာ ပြုံးမိသည်။
" ကြိုဆိုပါတယ်။"
Namjoon hyungမှ ဆိုင်ထဲဝင်လာသောဧည့်သည်အားကြိုဆိုလိုက်သည်။ ဧည့်သည်မှာတာတွေကိုလည်း ပြင်ဆင်ပေးနေခဲ့သည်။
"အား!!!!"
အော်သံဆူးဆူးတစ်ခုကြောင့် namjoon ၊ Jimin နဲ့ Heejinတို့သုံးလောက်လုံး ဧည့်သည်ထံသို့အလောတကြီးပြေးသွားခဲ့ကြသည်။
ခန္ဓာကိုယ်မှာတစ်ဆက်ဆက်တုန်နေတဲ့ဧည့်သည်...
" ဧည့်သည်... ဘာများဖြစ်လို့လဲ။"
Jiminရဲ့မေးစကားကို ကြောက်လန့်တုန်ရီစွာပြန်ဖြေလာတဲ့ ဧည့်သည်...
" ရှင်.. တို့ဆိုင်မှာ သရဲခြောက်တယ်..။"
~~<♡︎>~~
October 17,2020
Saturday
#with love