စိုင်းနောင်လည်းအိမ်ပြန်သွားတာမို့ မိုးသောက်လည်းအိမ်သို့သာပြန်ခဲ့လေသည်။
အိမ်ရှေ့ရောက်တော့ပိတ်ထားသောဝါးတံခါးလေးကိုဖွင့်ဝင်လာတော့ခါတိုင်းနဲ့မတူပျောက်ဆုံးနေသောဖိနပ်တစ်ရံ......
"အကိုရေ...ကျွန်တော်ပြန်လာပြီ..."
"အကို"
ဖြေသံမကြားသောအိမ်လေးထဲသို့တံခါးဖွင့်ကာဝင်သွားခဲ့သည်။ယခင်ကအထုပ်တွေနဲ့နေရာယူခဲ့သောဘုရားစင်နားကကွက်လပ်လေးကပြောင်သလင်းလို့....
"အကို...အကို....ကိုစိုင်း"
နှာခေါင်းပေါက်လောက်သာရှိသောအိမ်လေးထဲတွင်အကို့နာမည်ကိုအော်ခေါ်နေခဲ့သည်။
"အကိုစျေးသွားတာဖြစ်မယ်"
ဟုတ်တယ်..အကိုစျေးသွားတာပဲနေမှာပါ...အကိုကငါ့ကိုဘယ်လောက်တောင်ဂရုစိုက်လိုက်လဲ...ဘာမှမပြောဘဲနဲ့တော့ထွက်မသွားလောက်ပါဘူး....နော်....
စကားတွေကိုတစ်ယောက်ထဲစိတ်ထဲမှရေရွတ်နေမိသည်......ကျောင်းကပြန်လာတဲ့ဝတ်စုံလေးတောင်မလဲနိုင်ဘဲအိမ်ပေါက်ဝလေးတွင်ကျုံ့ကျုံ့လေးထိုင်ကာစျေးခြင်းတောင်းလေးဆွဲလို့ပြန်လာမည့်စိုင်းကိုမျှော်နေရှာပါသောကလေးငယ်....
ခြေထောက်တွေထုံကျဥ်လာသည့်တိုင်..နေ့အလင်းရောင်လေးကတဖြည်းဖြည်းပျောက်ကွယ်သွားသည့်တိုင်....မှောင်မဲသွားသောအိမ်လေးကိုမီးထမဖွင့်မိ...ပါးစပ်ကတရစပ်ရွတ်နေတာ"အကို"တဲ့........
"ခေါ်လာခဲ့"
ညလုံးပေါက်ထိုင်နေရင်းအပေါက်ဝလေးမှာတင်မှေးနေရာမှဆက်ခနဲဆွဲစောင့်ခံလိုက်ရတာကြောင့်မိုးသောက်လန့်နိုးလာရလေသည်။သူ့အားလက်မောင်းရင်းမှဆွဲမနေသောလူနှစ်ယောက်.....
"ဘာလုပ်တာလဲ"
"ပါးစပ်ပိတ်လိုက်.. အသံမထွက်စေနဲ့"
"ကယ်ကြပါ...ကယ်ကြပါ...အု...အု.."
သူ့ပါးစပ်ထဲသို့လက်ကိုင်ပဝါစတွေလုံးထွေး၍ထိုးထည့်ပြန်သည်....
ထိုအချိန်စိတ်ထဲမှတောင့်တမိသူကတော့"အကို"တဲ့လေ.........
"အင်း...အင်း..."
"ကျစ်...ရိုက်လိုက်ကွာ..."
ရုတ်တရက်ဇက်ပိုးကိုရိုက်ချခံလိုက်ရခြင်းနှင့်အတူသူ့ကမ္ဘာဟာအမှောင်ကျသွားလေသည်။
"ဒီကောင်လေးပဲ...မင်းတို့........သတ်တာ...ဦးအောင်ရဲ..........သွေးကျွေးဆပ်မယ်...."
ပြတ်တောင်းပြတ်တောင်းဝိုးဝဝါးကြားရသောအသံတွေနှင့်အတူမျက်လုံးတွေပွင့်လာခဲ့သည်.......
မိမိမျက်စိရှေ့မှာတွေ့ရတာကမြင်ဖူးခဲ့တဲ့အိမ်ကြီး....ခြေထောက်တွေ....ရုန်းကန်နေတဲ့ခြေထောက်...ရပ်နေကြတဲ့ခြေထောက်တွေ.....
"Rainကိုလွှတ်ပေး...လွှတ်ပေးလို့...!"
ဒါစိုင်းရဲ့အသံ.....မျက်လုံးကိုအားပြုပြီးဖွင့်လိုက်သည်....သူ့ရှေ့မှာရပ်ရင်းသူ့ကိုကြည့်နေသောလူသုံးယောက်နဲ့ရုန်းကန်နေသောစိုင်း.......
"စိုင်း"
"Rainသတိရပြီလား...ပြေး..ထွက်ပြေး"
"ဟင်..."စိုင်းရဲ့စကားတွေကဘာတွေလဲ...သူ့အားရပ်ကြည့်နေသောလူသုံးယောက်ကိုကြည့်လိုက်သည်....စိုင်းရဲ့အဖေ၊အကို...ပြီးတော့...
"အကို!...အကို...အင့်..."အကို့ကိုမြင်သည်နှင့်အားရဝမ်းသာပြေးဖက်လိုက်သည်......
"အကို....ဟင့်...ကျွန်တော့်ကိုထားခဲ့ပြီထင်တာ"
ငြိမ်သက်နေသောအကိုသည်သူ့အားစကားပြန်မပြော..."ဖယ်စမ်း!....အ့"
ရုတ်တရက်ဆောင့်တွန်းခံလိုက်ရခြင်းနှင့်အတူမိုးသောက်၏ခန္ဓာကိုယ်လေးသည်ကြမ်းပြင်သို့ပုံလျက်ကျသွားလေသည်...
"အကို...ဘာ...ဘာလို့လဲ"
"ဘယ်ကအကိုလဲ...လူသတ်သမားသားရဲ့"
"ဟင်...!မဟုတ်ဘူး...အကို...ကျွန်တော်လေ...Starလေ"
"တော်စမ်း!လူသတ်သမားသား...ငါ့ကိုအကိုလို့မခေါ်စမ်းနဲ့....ငါ့နာမည်ဒီဒီထွဋ်ခေါင်"
"အကို"
"ကျစ်.. ပြောနေတာကိုနားမလည်ဘူးလား"
"ကိုကိုကြီးမလုပ်ပါနဲ့!"ဒီဒီထွဋ်ခေါင်သည်ပြောလည်းပြောခြေထောက်နဲ့လည်းကန်ရန်ပြင်တာကြောင့်စိုင်းနောင်ကဆွဲတားလေသည်.......
"တူကြီး...ဒီကောင်လေးကိုဘယ်လိုလုပ်ချင်လဲ"
"သူ့ကိုကောင်းကောင်းရှင်သန်ခိုင်းလို့ဘယ်ဖြစ်မလဲဦးအောင်...သေတွင်းပို့ပေးရမှာပေါ့...ဒီနေ့ကစပြီးသူကကျွန်တော့်ရဲ့ကျွန်ပဲ...ဒီလူသတ်သမားသားကိုဘယ်သူမှထိခွင့်မရှိဘူး.....လိုက်ခဲ့စမ်း!"
ထွဋ်ခေါင်သည်ပြောလည်းပြောရင်းမိုးသောက်၏အကျီကော်လံမှဆွဲကာခေါ်သွားလေသည်. .......
အောက်မှာကျန်ခဲ့ရင်းငိုယိုနေသူကတော့စိုင်းနောင်...စိုင်းနောင်၏မျက်ရည်တွေကိုပြုံးရင်းကြည့်နေတာကတော့ထွဋ်ဝင်း.....
လှပတဲ့ကောင်လေးကိုကြင်နာမိချင်ပေမဲ့ထိုကောင်လေးရဲ့နာကျင်ခြင်းကဒီဒီစိုင်းနောင်အတွက်မျက်ရည်တွေဖြစ်စေတဲ့အခါသူကတော့ထိုကောင်လေးကိုကူညီမယ့်အစားဒီဒီစိုင်းနောင်ရဲ့မျက်ရည်တွေကိုသာပျော်ပျော်ကြီးထိုင်ကြည့်ချင်ပါရဲ့.......
ထွက်သွားသောဦးစိုင်းအောင်မှာတော့ကျိတ်မနိုင်ခဲမရစွာ.....
"ကျစ်!...ကျော်စွာ..သူ့အားနည်းချက်ကိုထပ်ရှာလာခဲ့.....အယ့်ကောင်လေးမဟုတ်သေးဘူး"
"ဟုတ်ကဲ့ပါဆရာ..."
စိတ်ပျက်စွာရေရွတ်ရင်းCompanyသို့ထွက်သွားလေသည်.......
"အကို...လွတ်ပါဦး...ကျွန်တော်နာတယ်"
အခန်းထဲရောက်သည်နှင့်ထိုကောင်လေးကိုကုတင်ပေါ်သို့စောင့်တွန်းချလိုက်သည်.....
"လူသတ်သမားသား...သိပ်ကိုသတ္တိရှိနေတယ်ပေါ့...ငါ့မျက်စိရှေ့ရောက်လာရဲတယ်ဆိုတော့...."
"အကို...ကျွန်တော်Starလေ"
"ဖြောင်း!.."
"ငါ့ကိုအကိုလို့မခေါ်နဲ့လို့ပြောထားတယ်မလား"
"အကိုကျွန်တော့်ကိုမမှတ်မိဘူးလားဟင်...ကျွန်တော်ကြောက်လို့ပါ...အယ့်လိုမလုပ်ပါနဲ့"မျက်ရည်များကြားကပြောနေသောကောင်လေးကိုအားနဲ့တစ်ချက်ထပ်ချလိုက်သည်.....ကုတင်ပေါ်သို့ပစ်ကျသွားသောခန္ဓာကိုယ်လေးသည်သိမ့်သိမ့်တုန်ငိုရှိုက်လို့..........
"မင်းကငါ့ရဲ့ကျွန်လို့ပြောထားတယ်မလား...ငါ့နာမည်ဒီဒီထွဋ်ခေါင်...မင်းရဲ့အကိုမဟုတ်ဘူး...ငါ့ကိုအယ့်လိုထပ်ခေါ်ရင်မင်းလျှာကိုဖြတ်ပစ်မယ်..."
"ဒါဆိုကျွန်တော်ဘယ်လိုခေါ်ရမလဲ"
"သခင်လို့ခေါ်ပေါ့...မင်းကငါ့ကျွန်ပဲဟာ...မင်းမိဘတွေကိုထောင်ချရုံနဲ့ငါကမကျေနပ်နိုင်သေးဘူး...အသက်ပေးလိုက်ရတာငါ့အဖေနဲ့အမေ...ဒါကိုထောင်ဒဏ်၁၅နှစ်လောက်နဲ့ကျေနပ်ပေးစရာလား...သူတို့အပြင်မင်းကိုပါကောင်းကောင်းရှင်သန်ခွင့်မပေးနိုင်ဘူး...လူသတ်သမားသားရဲ့"
"ဟင့်အင်း...မဟုတ်ဘူး...ဖေဖေနဲ့မေမေတို့မလုပ်ဘူး...အကိုသိပါ...ဖြောင်း!..အား..."
"အကိုလို့ခေါ်ပြန်ပြီလား...ပြန်ခေါ်စမ်း"
"သ...သခင်..သခင်ကကျွန်တော့်ရဲ့အကိုမဟုတ်ဘူးဆိုရင်လည်းမခေါ်တော့ပါဘူး..ဒါမဲ့သခင့်ရဲ့အဖေနဲ့အမေကိုဖေဖေတို့သတ်တာတကယ်မဟုတ်ရပါဘူး...."
"မင်းကခံရတဲ့လူမဟုတ်တော့လွယ်လွယ်ပြောထွက်တာပေါ့။ဆုံးရှုံးလိုက်ရတာကငါကွ။အသက်ပေးလိုက်ရတာကငါ့မိဘတွေ!မင်းကိုခွင့်မလွှတ်ဘူး...ဒီနေ့ကစပြီးမင်းကငါ့ရဲ့ကျွန်နော်...မှတ်ထား...ဘာလဲ"
"ကျွန်...ကျွန်ပါ..အ...သခင်"
"အင်း...ငါထားတဲ့နေရာမှာ၊ငါခိုင်းတာလုပ်၊ငါခွင့်ပြုချက်မရှိဘဲနဲ့ဘယ်မှမသွားနဲ့၊ဘယ်သူနဲ့မှစကားမပြောနဲ့..ကြားလား!"
"ကျောင်းကရော"
"ထွက်လိုက်"
"ဟင့်အင်း"...မထွက်နိုင်ဘူး...ကျောင်းကတော့အကိုထားပေးထားတာလေ...ဒီလူဟာသည်လောက်ရက်စက်တာတကယ်ပဲအကိုမဟုတ်ဘူးလား...
"ဟင့်အင်းဟုတ်လား...ငါ့ကိုလွန်ဆန်တယ်ပေါ့လေ"
ထွဋ်ခေါင်သည်ပြောလဲပြောရင်းခါးပတ်ကိုချွတ်ကာမိုးသောက်အားရိုက်လေသည်......
"ရွှမ်း...ဟင့်အင်းဟုတ်လား...ဖြောင်း...ပြန်ပြောစမ်း"
"ထွက်မှာလား...ဖြောင်း....အား...ပြောလေ..."
"ထွက်ပါ့မယ်...ကျွန်တော်ထွက်ပါ့မယ်.. မရိုက်ပါနဲ့တော့....မရိုက်ပါနဲ့တော့...."မိုးသောက်သည်ငိုရင်းထွဋ်ခေါင်၏ခြေသလုံးကိုဖက်ကာတောင်းပန်လေသည်...အခန်းထဲမှကြားရသောအသံများကြောင့်စိုင်းနောင်မှာတံခါးကိုတွန်းဖွင့်သော်လည်းအချည်းနှီးသာ....
"တော်တယ်...ရိုက်မခံချင်ရင်ငါပြောရင်ဘယ်တော့မှမငြင်းနဲ့ကြားလား"
"အု...အင့်...ဟင့်..."ပြန်ပင်မဖြေနိုင်တော့သောကောင်လေးမှာထွဋ်ခေါင်၏ခြေထောက်ကိုဖက်ကာရှိုက်သံလေးသာပြုလျက်...........
"ကိုကိုကြီးတံခါးဖွင့်ပါကိုကိုကြီး"
တံခါးဖွင့်ပေးလိုက်သည်နှင့်အခန်းထဲပြေးဝင်လာသောစိုင်းနောင်သည်မိုးသောက်ကိုပြေးဖက်ကာငိုလေသည်.....
"Rain...Rain...တောင်းပန်ပါတယ်...ငါတောင်းပန်ပါတယ်"
"နောင်လေး..အယ့်နိမ့်ကျတဲ့ကောင်ကိုတောင်းပန်စရာမလိုဘူး"
"ကိုကိုကြီး...အယ့်လိုမလုပ်ပါနဲ့...Rainမှာအပြစ်မရှိဘူးလေ...လွှတ်ပေးလိုက်ပါ...နော်....သူကနောင့်သူငယ်ချင်းလေ....လွှတ်ပေးပါကိုကိုကြီးရယ်နော်"
"ကလေးတောင်းဆိုတာကိုကိုကိုကြီးမလိုက်လျောနိုင်ဘူးနောင်လေး...သူကခုချိန်ကစပြီးကိုကိုကြီးရဲ့ကျွန်...သူကကိုကိုကြီးမိဘတွေကိုသတ်ခဲ့တဲ့သူရဲ့သား...."
"အာ့ဆိုသူ့ကိုကျောင်းတက်ခွင့်လေးတော့ပေးပါ...နောင်စောင့်ကြည့်မယ်လေ...သူထွက်မပြေးစေရဘူး....နော်...သူ့ကိုကိုကိုကြီးပိုင်တယ်...နောင့်ကိုပဲသူနဲ့သူငယ်ချင်းဆက်ဖြစ်ခွင့်ပေးပါ..နော်...နော်ကိုကိုကြီးနော်"
"ဟူး...ကျောင်းဆက်တင်ခွင့်တော့မပေးနိုင်ဘူး....နောင်လေးနဲ့တော့စကားပြောခွင့်ပေးမယ်....ဒီ့ထပ်ပိုမတောင်းဆိုနဲ့ကလေး.. ကိုကိုကြီးမိဘတွေနဲ့ပတ်သတ်တဲ့ကိုကိုကြီးရဲ့စိတ်ကိုနောင်လေးတို့အသိဆုံးပါ....."
"အင်း...နောင်လေးနားလည်ပါတယ် ....ဒါဆိုနောင်လေးနဲ့စကားပြောခွင့်ပေးနော်...သူငယ်ချင်းဆက်ဖြစ်ခွင့်ပေး...ပြီးတော့Rainကိုအရမ်းမရိုက်ပါနဲ့ကိုကိုကြီးရယ်...နော်..."
"အင်း...သူသာကိုကိုကြီးစကားနားထောင်ရင်ပေါ့...."ဟုပြောလျက်ထွက်သွားသောထွဋ်ခေါင်.........
ထွဋ်ခေါင်ထွက်သွားတာနဲ့စိုင်းနောင်သည်မိုးသောက်အနားထိုင်ချလိုက်ကာသွေးစို့လို့ရဲတွတ်နေတဲ့ပါးလေးကိုကြည့်ကာငိုမိသည်။စိုင်းနောင်သည်လည်းနှလုံးသားနုတဲ့ကလေးစိတ်နဲ့ကောင်လေးတစ်ယောက်ပေမို့.......
"ငါတောင်းပန်ပါတယ်စိုင်း...ငါတကယ်မထင်ခဲ့ဘူး...အင့်...မင်းတို့...ဟင့်...မင်းတို့မိသားစုလို့ငါတကယ်မသိခဲ့တာပါ..."
"ငါကသာတောင်းပန်ပါတယ်...မင်းမှာအပြစ်မှမရှိဘဲ...ငါ့မိသားစုကမင်းကိုရက်စက်ကြတာ...ငါတောင်းပန်ပါတယ်...."
"မင်းအကိုတွေနဲ့အတိုက်အခံလုပ်ပြီးငါ့ကိုမကာကွယ်ပေးပါနဲ့....ကြာရင်မကောင်းဘူး....ငါကငါ့အပြစ်နဲ့ငါမို့..."
"ဟင့်အင်း..မင်းနဲ့ငါကထာဝရသူငယ်ချင်းပါRain..."
"ကျေးဇူးပါစိုင်း"
အခန်းထဲကကောင်သေးသေးလေးနှစ်ယောက်မှာအချိန်တိုလေးအတွင်းဖြစ်တည်လာတဲ့ဖြူစင်သောသူငယ်ချင်းသံယောဇဥ်တွေကြောင့်တစ်ယောက်နှင့်တစ်ယောက်ဖက်ကာငိုလို့နေလေရဲ့......
"ကိုကြီး..."
"ညီလေး...အလုပ်မသွားသေးဘူးလား"
"ကိုကြီးတကယ်ပဲအဆင်ပြေရဲ့လား..ဒီလိုလုပ်မှဖြစ်မှာလား......"
"ပြေတယ်...ကိုကြီးမှာဒီနည်းလမ်းပဲရှိတာမို့ညီ့ကိုကိုကြီးလုပ်ရပ်တွေအတွက်နားလည်ပေးစေချင်တယ်။....."
"ကျွန်တော်နားလည်ပါတယ်...ကိုကြီးကိုယုံတယ်"
"အင်းကျေးဇူးပါထွဋ်ခေါင်...မင်းလည်းနောင်လေးကိုအပြစ်မမြင်ပါနဲ့တော့ကွာ..."
"ကျွန်တော်ကြိုးစားပါ့မယ်"
"အင်း...ကိုကြီးcompanyသွားတော့မယ်"
"ဟုတ်...ကျွန်တော်နေ့လည်မှလာခဲ့မယ်"
"အင်း..သွားပြီ..."
ထွက်သွားသောအကိုဖြစ်သူ၏ကျောပြင်ကိုကြည့်ကာသက်ပြင်းသာချမိသည်။သူတို့ဘဝတွေကလည်းခန့်မှန်းရခက်နေလိုက်တာ........"ဟူး...."
သက်ပြင်းမောကိုရှိုက်ထုတ်ရင်းဒီဒီစိုင်းနောင်ဆိုတဲ့ကောင်လေးကိုနာကျင်အောင်လုပ်ရန်အကြံထုတ်ရပေဦးမည်.......
ဒီအထိဖတ်ရတာနားလည်ကြရဲ့လားဟယ်🥺❣အရှုပ်တွေကိုဖြည်းဖြည်းချင်းရှင်းပေးနေပါတယ်နော်🤟
///////_//////////////////////////////
"အကို"
"အကို...အကို....ကိုစိုင်း"
"အကိုဈေးသွားတာဖြစ်မယ်"
ဟုတ်တယ်..အကိုဈေးသွားတာပဲနေမှာပါ...အကိုကငါ့ကိုဘယ်လောက်တောင်ဂရုစိုက်လိုက်လဲ...ဘာမှမပြောဘဲနဲ့တော့ထွက်မသွားလောက်ပါဘူး....နော်....
စကားတွေကိုတစ်ယောက်ထဲစိတ်ထဲမှရေရွတ်နေမိသည်......ကျောင်းကပြန်လာတဲ့ဝတ်စုံလေးတောင်မလဲနိုင်ဘဲအိမ်ပေါက်ဝလေးတွင်ကျုံ့ကျုံ့လေးထိုင်ကာဈေးခြင်းတောင်းလေးဆွဲလို့ပြန်လာမည့်စိုင်းကိုမျှော်နေရှာပါသောကလေးငယ်....
"ခေါ်လာခဲ့"
"ဘာလုပ်တာလဲ"
"ကယ်ကြပါ...ကယ်ကြပါ...အု...အု.."
"အင်း...အင်း..."
"ကျစ်...ရိုက်လိုက်ကွာ..."
"စိုင်း"
"အကို...ဘာ...ဘာလို့လဲ"
"အကို"
"ဟုတ်ကဲ့ပါဆရာ..."
"အကို...ကျွန်တော်Starလေ"
"ဖြောင်း!.."
"ကျွန်...ကျွန်ပါ..အ...သခင်"
"ကျောင်းကရော"
"ထွက်လိုက်"
"ဟူး...ကျောင်းဆက်တင်ခွင့်တော့မပေးနိုင်ဘူး....နောင်လေးနဲ့တော့စကားပြောခွင့်ပေးမယ်....ဒီ့ထပ်ပိုမတောင်းဆိုနဲ့ကလေး.. ကိုကိုကြီးမိဘတွေနဲ့ပတ်သတ်နဲ့ကိုကိုကြီးရဲ့စိတ်ကိုနောင်လေးတို့အသိဆုံးပါ....."
"ကျေးဇူးပါစိုင်း"
"ကိုကြီး..."
"အင်း..သွားပြီ..."