ချစ်မိသူ အရှုံး ( Completed)

By thin_zar_moe_oo

217K 16.5K 675

📣( Season 1 + 2 ) Completed. Boy's Love Story . Own Creation . Thin Zar Moe Oo. More

part - 1
part-2
part - 3
part-4
part - 5
part-6
part-7
part-8
part-9
part-10
part-11
part-12
part-13
part-14
part-15
part-16
part-17
part-18
part-18 ( Zawgyi)
part-19
part-20
part-21
part-22
part-23
part - 24
part-25
part-26
part-27 (Final)
(Season 2) part - 1
S2 ( part - 2)
s2 ( part - 3)
s2 ( part - 4)
S2 ( part - 5)
S2 ( part - 6 )
S2 ( part - 7)
S2 ( part - 8 )

s2 ( Final )

8.8K 545 41
By thin_zar_moe_oo

Unicode

Season -  2

ချစ်မိသူ အရှုံး

ဇာတ်သိမ်းပိုင်း ။

ပြတင်းပေါက်မှ တိုးဝင်လာသော နေရောင်ခြည်စူးစူးကြောင့် မိုးသောက်ယံ နိုးလာခဲ့ရသည် ။ သူ မျက်လုံးဖွင့်လိုက်သည်နှင့် ရှိုင်း၏ မျက်နှာချောချောကို ဦးစွာ တွေ့လိုက်ရသည် ။ မနေ့ညက အဖြစ်အပျက်တွေက မိုးသောက်ယံ၏ အာရုံထဲ အနှေးပြကွက်လို တဖြည်းဖြည်း ပုံပေါ်လာသည် ။ သူ မျက်နှာပူထူပြီး စောင်ဖြင့် ဖုံးလိုက်မိသည် ။

"နိုးပြီလား ယံယံ "

ရှိုင်း၏ အသံကြားတော့ သူ မျက်နှာကို အုပ်ထားရာမှ စောင်ကို ဖယ်ပြီး ကြည့်လိုက်သည် ။ ရှိုင်း၏ နူးညံ့သော အကြည့်နွေးနွေးက သူ့ရင်ကို လှိုက်ခနဲ ခုန်သွားစေသည် ။

"အင်း "

မိုးသောက်ယံ ထထိုင်လိုက်တော့ မျက်နှာရှုံ့မဲ့သွားသည် ။ သူ့ မျက်နှာကို ကြည့်နေသော ရှိုင်းက ရိပ်မိသွားသည် ။

"အဆင်ပြေရဲ့လား ယံယံ ။ နာနေတာလား "

ရှိုင်းက ပျာပျာသလဲ ဟန်ဖြင့် မေးပြီး ငေါက်ခနဲ ထထိုင်သည် ။ မိုးသောက်ယံ အရှက်သည်းစွာဖြင့် ခေါင်းခါလိုက်သည် ။

"ငါ....အဆင်ပြေတယ် "

မိုးသောက်ယံ အိပ်ရာက ထဖို့ပြင်သော် ခန္ဓာကိုယ်၌ အဝတ်အစားကင်းမဲ့နေကြောင်း သတိရသွားသည် ။ ရှိုင်း၏ အရှေ့က ဘယ်လိုထသွားရမလဲ သူ စဉ်းစားရကြပ်လာသည် ။ ထိုစဉ်...

"ဘာတွေတွေးနေတာလဲ "

ရှိုင်းက ပြောပြီး သူ့ကို အနောက်မှ ပွေ့ဖက်လာသည် ။ မိုးသောက်ယံ ခေါင်းခါလိုက်သည် ။

"ကိုယ် မင်းကို အရမ်းချစ်တယ် ယံယံ "

ရှိုင်းက တုန်ရီလှိုက်မောသည့် လေသံဖြင့် ဆို၍ သူ့ မေးစေ့ကို ဆွဲယူကာ နှုတ်ခမ်းပါးသို့ နမ်းရှိုက်လာသည် ။ မိုးသောက်ယံ ရှက်ရွံ့နေတာကို မေ့လျော့ပြီး ရှိုင်း၏ အနမ်းတွေကို တုံ့ပြန်နေမိတော့သည် ။

ဤသို့နှင့်......။

**************

"မိုးသောက်တို့ကို ကျွန်တော် မနက်ထဲက မျှော်နေတာ "

ကိုခန့်မင်းနောင်ပြောတော့ မိုးသောက်ယံ မျက်နှာနီသွားသည် ။ ရှိုင်းက ဘာမှမဖြစ်ဟန်နှင့် ပြုံး၍ ဖြေသည် ။

"ကျွန်တော်တို့ ကိစ္စနည်းနည်းရှိလို့ ပါ "

ကိုခန့်မင်းနောင်က ခေါင်းညိတ်၍ မိုးသောက်ယံကို စိုက်ကြည့်သည် ။

"မိုးသောက် နေကောင်းရဲ့လား ။ မျက်နှာက နီနေတယ် "

"ကျွန်တော် နေကောင်းပါတယ်ဗျ ။ ဒါနဲ့လေ မဒီ့ဝိညာဉ် ဘယ်ရောက်သွားပြီလဲ  "

မိုးသောက်ယံ စကားလမ်းကြောင်းလွှဲလိုက်သော်လည်း တကယ် သိချင်နေခဲ့တာဖြစ်၏ ။

"မဒီ ဒဏ်ရာရသွားပြီး တစ်နေရာကို ထွက်ပြေးသွားတာ ။  ဒါပေမဲ့ မဒီက အငြိုးကြီးလွန်းတယ် ။ သူ့ မိုးသောက်ယံဆီကို ပြန်ရောက်လာလိမ့်မယ် "

ရှိုင်း နှင့် မိုးသောက်ယံ တို့ မျက်နှာပျက်သွားကြသည် ။

"ဒါဆို ကျွန်တော် ဘယ်လိုလုပ်သင့်လဲ ကိုခန့် "

"စိတ်မပူပါနဲ့ မိုးသောက် ။ ကျွန်တော် ပြင်ဆင်ထားပါတယ် "

ကိုခန့်မင်းနောင်က တည်ငြိမ်သည့် လေသံဖြင့် ​ပြောလာတော့ မိုးသောက်ယံ စိတ်အေးသွားရသည် ။

"ကိုခန့်ကို ကျွန်တော် ကျေးဇူးတင်ပါတယ် ။ ကိုခန့်သာ မကူညီရင် ကျွန်တော် ခုလို ပြန်နေနိုင်မှာမဟုတ်ဘူး "

"ရပါတယ်ဗျာ ။ မိုးသောက်ကို ကျွန်တော် ကူညီလိုက်နိုင်တာကိုပဲ ကျေနပ်လှပါပြီ "

ကိုခန့်မင်းနောင် နှင့် မိုးသောက်ယံတို့ အကြည့်ချင်းဆုံ၍ ပြုံးနေမိကြသည် ။ ရှိုင်းကတော့ သူတို့နှစ်ယောက်ကို ကြည့်ပြီး မျက်နှာတည်တင်းနေ၏ ။ သူ မကျေနပ်သော်လည်း ဆိတ်ဆိတ်နေလိုက်သည် ။

ကိုခန့်မင်းနောင်၏ ကျေးဇူးကြွေးရှိနေသည် မဟုတ်ပါလား ။

***************

ရှိုင်း နှင့် မိုးသောက်ယံတို့ ကန်တင်းသို့ ရောက်သော် ဆိုင်အတွင်း၌ လက်ပြ၍ လှမ်းခေါ်နေသော ဝေယံ့ကို တွေ့လိုက်ရသည် ။ သူတို့ ထိုဝိုင်းသို့ သွား၍ ဝင်ထိုင်လိုက်သည် ။

ယခု မိုးသောက်ယံနှင့် ရှိုင်းတို့ တက္ကသိုလ် ပြန်စတက်နေရပြီဖြစ်သည် ။ ဝေယံကတော့ တတိယနှစ်ဖြစ်ပြီး သူနှင့် ရှိုင်းကတော့ တစ်နှစ်နားခဲ့တာကြောင့် ဒုတိယနှစ် ပြန်တက်ရတော့သည် ။

"မင်းတို့ရဲ့ ဟန်းနီးမွန်းခရီးလေးမှာ ပျော်ခဲ့ရဲ့လား "

ဝေယံက စပ်ဖြဲဖြဲ မျက်နှာနှင့် မိုးသောက်ယံကို မေးသည် ။ ဝေယံ့ကို သူ ဖြစ်ပျက်ခဲ့တာတွေ မပြောရသေးပေ ။ ထိုအရာတွေက ကိုယ်တိုင် မကြုံဖူးလျှင် ယုံရခက်ပေမည် ။ သူ ကိုယ်တိုင်တောင် ပြန်တွေးမိတိုင်း ဝေဝေဝါးဝါးနှင့် အိပ်မက် ဆိုးတစ်ခုလိုပင် ။

"ပျော်တာပေါ့ ။ တစ်သက်လုံးတောင် အမှတ်ရနေဦးမှာ "

မိုးသောက်ယံ ပြုံး၍ ဖြေလိုက်သည် ။ သူတို့ စားသောက်ရင်းနှင့် စကားစမြည်ပြောကြသည် ။

ခဏအကြာ၌ အတန်းတက်ရန် ဆိုင်ထဲမှ ထွက်လာခဲ့ကြသည် ။

"ကိုယ် Toilet ခဏ ဝင်လိုက်ဦးမယ် ။ မင်းရော လိုက်ဦးမလား "

"ဟင့်အင်း ၊ ငါ မလိုက်တော့ဘူး  "

ရှိုင်းက ခေါင်းညိတ်၍ သန့်စင်ခန်းကို သွားတော့ မိုးသောက်ယံ အတန်းရှိရာသို့ လျှောက်လာခဲ့သည် ။ ထိုစဉ် အနောက်မှ ပြေးလာသော ခြေသံကြောင့် သူ အလိုလို ဘေးသို့ ကပ်၍ လျှောက်မိသည် ။ သို့သော်...

ဘုန်း!

"အား "

နောက်ကနေ အရှိန်ဖြင့် တိုက်ခံလိုက်တာကြောင့် မိုးသောက်ယံ ကြမ်းပြင်ပေါ်သို့ ကျသွားရသည် ။ သူ နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့ပြီး မော့ကြည့်မိသည် ။ ဂျစ်ကန်ကန် အမူအရာ နှင့် စူးရှရှ မျက်ဝန်းတစ်စုံနှင့် တိုးသည် ။

"ဆောရီး "

အေးစက်စက်မျက်နှာနှင့် ဂရုမစိုက်သည့် လေသံဖြင့် ခပ်ပြတ်ပြတ် ပြောကာ လမ်းဆက်လျှောက်သွားသည့် ထိုကောင်လေးကြောင့် မိုးသောက်ယံ၏ ရင်ထဲ ဒေါသက ထောင်းခနဲ။  သို့သော် သူ စိတ်လျော့လိုက်သည် ။ ထို့နောက် သူ့ဘာသာ ကုန်းထကာ အတန်းသို့ လျှောက်လာခဲ့တော့သည် ။

အခန်းထဲသို့ရောက်သော် နေရာမှာ ဝင်ထိုင်ရင်း သူ့ကို တစ်ယောက်ယောက်က စူးစိုက်ကြည့်နေသလို ခံစားလိုက်ရသည် ။ ထို့ကြောင့် မျက်လုံးဝေ့ကြည့်လိုက်သော် အနောက်တန်းက ခုံမှာ ထိုင်နေသော ခုန ကောင်လေး ။ သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေသည် ။ မိုးသောက်ယံ၏ စိတ်ထဲ တစ်မျိုးတမည် ဖြစ်သွားရသည် ။

ယခုမှ စဆုံရသည့် ထိုကောင်လေးက သူ့ကို ဘာလို့ ရန်သူတစ်ယောက်လို စိုက်ကြည့်နေရတာလဲ ။

သူ့ စိတ်ထဲ အတွေးများစွာနှင့် ။

*************

"ဟဲ့ ဟိုတစ်ယောက်က ငါတို့ကို စိုက်ကြည့်နေသလိုပဲ "

သည်နေ့ ကျောင်းပိတ်ရက်မှာ ရှိုင်းက သူ့အမေအိမ်သို့ အလည်သွားသည် ။ မိုးသောက်ယံက လမင်းကို ခေါ်၍ ထွက်လာခဲ့တာဖြစ်သည် ။ လမင်း ရှော့ပင်ထွက်တာကို သူ အဖော်လိုက်ပေးပြီး ဗိုက်ဆာတော့ ဆိုင်တစ်ခုထဲဝင်၍ စားသောက်ကြသည် ။ ထိုစဉ် လမင်းက ဘေးတစ်ခုံကျော်သို့ လှမ်းကြည့်၍ ပြောသည် ။

မိုးသောက်ယံ အနောက်ကို လှည့်ကြည့်မိသည် ။

"ဟင်....ဟိုကောင်လေးပဲ "

"ဘယ်ကောင်လေးလဲ ။ နင့် အသိလား မိုးသောက် "

မိုးသောက်ယံ မျက်မှောင်ကြုတ်၍  ခေါင်းကို ခါယမ်းလိုက်သည် ။

"သူက ငါတို့ အတန်းထဲက ။ ဟိုတစ်ခါ ငါ့ကို ဝင်တိုက်သွားသေးတယ် ။ သူ့ ပုံစံကြည့်ရတာ ငါ့ကို အမြင်မကြည်တဲ့ပုံပဲ"

မိုးသောက်ယံက တွေးတွေးဆဆဟန်ဖြင့် ပြောတော့ လမင်းက ရယ်လေသည် ။

"နင်က ဘာအပြစ်လုပ်ထားလို့လဲ မိုးသောက်ရဲ့ ။ ဂရုစိုက်မနေပါနဲ့ဟာ "

မိုးသောက်ယံ ခေါင်းညိတ်၍ စားလက်စ မုန့်ကို ဆက်စားသည် ။ သူ့ အတွေးအာရုံထဲမှာတော့ တစ်စုံတစ်ခုကို နက်နက်နဲနဲ စဉ်းစားနေမိသည် ။

***********

ညနေစောင်းမှ လမင်းနှင့် သူ နှုတ်ဆက်၍ အိမ်ပြန်ခဲ့ကြသည် ။ မိုးသောက်ယံသည် အိမ်နှင့် သိပ်မဝေးလှတာကြောင့် လူရှင်းသည့် လမ်းလေးကပဲ အေးအေးသက်သာ လမ်းလျှောက်၍ ပြန်ခဲ့သည် ။

ရှပ်...ရှပ်...ရှပ်

ခြေသံတစ်စုံက မိုးသောက်ယံ၏ နောက်မှ ကပ်ပါလာခဲ့သည် ။ မိုးသောက်ယံ မဲ့ပြုံးပြုံး၍ လမ်းကို ခပ်သွက်သွက် လျှောက်ပြီး လမ်းကြားလေးထဲသို့ ချိုးဝင်လိုက်သည် ။ သစ်ပင်တစ်ခု၏ အကွယ်၌ သူ စောင့်နေလိုက်သည် ။

ခဏအကြာ အပြေးအလွှားရောက်လာသည့် လူတစ်ယောက် ။ ထင်သည့်တိုင်း ထိုကောင်လေးပင် ။

မိုးသောက်ယံ သစ်ပင်အကွယ်မှ ထွက်၍ မေးလိုက်သည် ။

"မင်း ဘာလို့ ငါ့နောက်ကို လိုက်နေရတာလဲ "

သူ မေးတော့ ထိုကောင်လေးက ခြောက်ကပ်ကပ် ရယ်သည် ။ ထို့နောက် စူးစူးရဲရဲ စိုက်ကြည့်၍ သြရှရှ လေသံဖြင့် ဆိုသည် ။

"ဘာကြောင့်လဲဆိုတာ မင်း သိမှာပါ မိုးသောက်ယံ "

ထို့နောက် သူ့ခါးကြားထဲမှ တစ်စုံတစ်ခုကို ဆွဲထုတ်လိုက်သည် ။ ထိုအရာကတော့ ခေါက်ဓားတစ်လက် ဖြစ်၏ ။ ထိုကောင်လေးက ဓားကို ထုတ်ပြီး သူ့ကို သွေးအေးစွာ စိုက်ကြည့်နေသည် ။

"သိတာပေါ့ မဒီ ။ ငါ မင်းကို စောင့်နေတာ "

"ကောင်းတာပေါ့ "

မဒီက ဓားကို မြှောက်ကာ သူ့ဆီ ပြေးလာသည် ။ မိုးသောက်ယံ လက်ထဲက ဆုပ်ကိုင်ထားသော ဆွဲကြိုးလေး နှင့် အနီရောင် လက်ကိုင်ပုဝါဖြင့် ပတ်ထားသော စာခြောက်လေးတစ်ခု ။

မဒီက ဓားဖြင့် ထိုးလိုက်တော့ မိုးသောက်ယံ ကိုယ်ကို စောင်း၍ ရှောင်ထွက်လိုက်ပြီး ဓားကိုင်သည့်လက်ကောက်ဝတ်ကို သူ့လက်ဖြင့် ရိုက်ချလိုက်သည် ။ ဓားက မြေကြီးပေါ်သို့ ကျသွားသည် ။ ထိုစဉ် သူ လျင်မြန်စွာ ဆွဲကြိုးကို လှမ်း စွပ်လိုက်သည် ။

"အား! "

အော်သံနက်ကြီးက တိတ်ဆိတ်နေသော လမ်းလေးထဲ ​ချောက်ချားစရာအတိ ။ စာခြောက်ရုပ်လေးကို ဆုပ်ကိုင်ရင်း ကိုခန့်မင်းနောင် သင်ပေးခဲ့သည့် အစီအရင်တွေကို အသံတုန်တုန်ယင်ယင်ဖြင့် ရွတ်ဆိုသည် ။

ထိုအခါ မဒီ့အော်သံက သွေးပျက်ဖွယ် ထွက်ပေါ်လာ၏ ။

"ငါ နင့်ကို သိပ်.မုန်း.တယ် မိုးသောက်ယံ "

မဒီက နာကြည်းစွာ ရေရွတ်ပြီးနောက် ထိုကောင်လေး၏ ကိုယ်ထဲမှ ဝိညာဉ်ထွက်သွားပြီး စာခြောက်ရုပ်ထဲသို့ ဝင်သွားသည် ။

သူ စာခြောက်ရုပ်ကို ​​မြေကြီးပေါ် ချပြီး လွယ်အိတ်ထဲမှ မီးခြစ်ကို ထုတ်လိုက်သည် ။ စိတ်လှုပ်ရှားစိတ်ကြောင့်လား မသိ ၊ ရှာမတွေ့ ။ မိုးသောက်ယံ ဇောချွေးပြန် လာသည် ။ လွယ်အိတ်ကို ပစ္စည်းတွေအကုန် မှောက်ချပြီး ရှာမှ မီးခြစ်ကို တွေ့၏ ။

မိုးသောက်ယံ အသက်ကို ပြင်းပြင်းရှူရှိုက်၍ မီးခြစ်ကို မီးညှိလိုက်သည် ။ ထို့နောက် စာခြောက်ရုပ်ပေါ်သို့ ပစ်ချလိုက်၏ ။

မီးတောက်တွေကြား တမြေ့မြေ့နှင့် လောင်ကျွမ်းသွားသော စာခြောက်ရုပ်လေးနှင့်အတူ အော်သံနက်ကြီးက ထွက်လာသည် ။ ခဏအကြာ အနက်ရောင်အရိပ်မည်းကြီးက အမှုန်တွေလို တစ်စစီဖြစ်သွားသည် ။

ခုနသူ မီးရှို့ခဲ့သော စာခြောက်ရုပ်လေးကတော့  ပြာအဖြစ်သာ ကျန်ရှိတော့သည် ။

မိုးသောက်ယံ ယခုမှ စိတ်ထဲ ပေါ့ပါးသွားသည် ။ ခုတော့ အနှောင့်အယှက် ကင်းသွားခဲ့ပြီ ။

ထိုအခါ မေ့မျောနေသော ကောင်လေး၏ ဘေးမှာ ထိုင်ကာ ကိုခန့်မင်း​နောင် သင်ပေးသည့် အစီအရင်တချို့ ရွတ်ဆိုသည် ။ ခဏအကြာ ထိုကောင်လေး၏ ကိုယ်ထဲသို့ အလင်းတန်းတစ်ခု ဝင်သွားကာ ခဏအကြာ လှုပ်လှုပ်ရှားရှား ဖြစ်လာသည် ။ ထို့​နောက် ထထိုင်ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်ပြီး ကြောင်အအဖြစ်နေပုံရသည် ။

ထို့​နောက် မိုးသောက်ယံကို အံ့သြဟန်ဖြင့် ကြည့်၍ မေးလာသည် ။

"ကျွန်တော် ဒီကို ဘယ်လိုရောက်နေတာလဲ "

"ငါ ဘယ်သိမလဲ ။ ငါ ဒီနားရောက်တော့ မင်း လမ်းပေါ်မှာ လဲနေတာ တွေ့တာ "

ထိုကောင်လေးက မျက်မှောင်ကြုတ်ပြီး စဉ်းစားနေဟန်နှင့် ။ သည်ကောင်လေးကတော့ သူ့ ဝိညာဉ်ထွက်သွားခဲ့တာကို မမှတ်မိဘူးထင်၏ ။

"မင်း အိမ်ပြန်တော့လေ "

ထိုအခါမှ ခေါင်းညိတ်၍ ထွက်သွားသည် ။

မိုးသောက်ယံသည်  ပေါ့ပါးသော ခြေလှမ်းတို့ဖြင့် လျှောက်လာရင်း အရင်ကအကြောင်းတွေ ပြန်တွေးနေမိ၏ ။

*************

"မိုးသောက်ဆီကို မဒီ ပြန်ရောက်လာလိမ့်မယ် ။ အဲ့ဒီအခါ မိုးသောက်ရဲ့ အသက်ကို ရန်ပြုဦးမှာပဲ ။ ကျွန်တော် လိုအပ်တာမှန်သမျှ ပြင်ဆင်ပေးလိုက်ပါ့မယ် ။ နောက်ပြီး အစီအရင်အတွက် မဒီ မသေခင် အသုံးပြုခဲ့တဲ့ အသုံးအဆောင်တစ်ခုခု လိုအပ်တယ် ။ ဒါမှ သူ့ကို အပြီးအပိုင် နှင်ထုတ်နိုင်မှာ ။ ဒါပေမဲ့ မိုးသောက် တစ်ခု  သတိထားရမယ် ။ အပြင်သွားလာတဲ့အခါ သတိထားပါ ။ သတိမေ့နေတဲ့သူတို့ ၊ လူသေအလောင်းတို့နဲ့ ဝေးဝေးနေပါ ။ မဒီ့ဝိညာဉ်က အချိန်မရွေး ဝင်ပူးပြီး အသက်အန္တရယ် ပေးနိုင်တယ် ။ အိမ်မှာတော့ အစောင့်အရှောက်ရှိတဲ့အတွက် ဒုက္ခမပေးနိုင်ပေမယ့် အပြင်ရောက်တဲ့အခါ ပိုသတိထားပါ "

မိုးသောက်ယံ ခေါင်းညိတ်လိုက်သည် ။

နောက် ရန်ကုန်ပြန်ရောက်ပြီး သူတို့ တက္ကသိုလ်ပြန်တက်ချိန်၌ ထိုကောင်လေးနှင့် ဆုံခဲ့တာဖြစ်သည် ။ သူနှင့် စတွေ့တည်းက ရန်သူလို စိုက်ကြည့်နေသော ထိုကောင်လေး၏ အကြည့်တွေကြောင့်  မိုးသောက်ယံ စိတ်ထဲ အတွေးပိုစေသည် ။

ထို့နောက် သူ စာသင်ခန်းထဲ ရောက်တော့လည်း ထိုကောင်လေးက မကြည်သလို စိုက်ကြည့်နေသေး၏ ။ ခဏအကြာ ထိုကောင်လေး၏ သူငယ်ချင်းက ရောက်လာပြီး မေးသံ ကြားလိုက်ရသည် ။

"မင်း ကျောင်းရှေ့မှာ ဆိုင်ကယ်တိုက်ခံရပြီး သတိလစ်သွားသေးတယ်ဆို ။ ငါ စိုးရိမ်လိုက်ရတာ ။ ခုကြည့်တော့လည်း မင်းက ဘာမှမဖြစ်ပါလား "

မိုးသောက်ယံ၏ အတွေးတို့က ပို၍ သေချာသွားသည် ။ သို့သော် မသိဟန်ဆောင်ခဲ့၏ ။ အဲ့သည်နောက်ပိုင်း သူ သတိထားကြည့်မိတိုင်း ထိုကောင်လေးက အနောက်မှ ကပ်ပါလာတတ်၏ ။ ထို့ကြောင့် မည်သူ့ကိုမျှအသိမပေးဘဲ သူ မဒီ့ဝိညာဉ်ကို ဖျက်ဆီးပစ်ရန် ကြိုတင်ပြင်ဆင်ခဲ့၏ ။

ထို့ကြောင့် လမင်းနှင့် သည်နေ့ ချိန်းသည့်အခါတွင် မဒီ အသုံးပြုခဲ့သော အသုံးအဆောင်ကို ယူလာခိုင်းခဲ့သည် ။ လမင်းက အနီရောင် လက်ကိုင်ပုဝါလေး ယူလာခဲ့၏ ။ ထိုလက်ကိုင်ပုဝါလေးကို စာခြောက်ရုပ်မှာ ပတ်ပြီး ဆွဲကြိုးကိုပါ လက်ထဲမှာ အသင့်ကိုင်ထားခဲ့၏ ။

လမင်းကို နှုတ်ဆက်ပြီး သူ  တမင် လူရှင်းသော လမ်းကို ရွေး၍ လျှောက်လာခဲ့ခြင်းဖြစ်သည် ။
ယခုတော့ အရာအားလုံး အဆုံးသတ်သွားခဲ့ပြီ ။

မဒီ ပြန်ပြီး မွေးဖွားလာခဲ့လျှင် အမုန်းတရား ၊ အငြိုးအတေး တွေ ကင်းသော ဘဝမျိုးပိုင်ဆိုင်နိုင်ပါစေဟု စိတ်ရင်းအမှန်နှင့် သူ ဆုတောင်းပြုမိသည် ။

**************

"မင်း ဘာလို့ နောက်ကျနေရတာလဲ "

မိုးသောက်ယံ အိမ်ထဲ ခြေချလိုက်သည်နှင့် ရှိုင်း၏ စိုးရိမ်တကြီးလေသံက ထွက်လာသည် ။

မိုးသောက်ယံ ပြန်မ​ဖြေဘဲ ရှိုင်းကို စိုက်ကြည့်နေမိသည် ။ ထို့နောက် တင်းတင်းကျပ်ကျပ် ဖက်လိုက်သည် ။

ယခုချိန်ကစပြီး သူတို့နှစ်ယောက်ကြား အနှောင့်အယှက်ကြီးကြီးမားမား ရှိမလာနိုင်တော့ပြီ ။

****************

" ပေငယ် "

မိုးသောက်ယံ ခြံဝန်းကျယ်ကြီးထဲ ဝင်လာတော့ သုံးနှစ်အရွယ် ကလေးမလေးက မပီကလာနှင့် အော်ပြီး ပြေးလာသည် ။ မိုးသောက်ယံ ထိုင်လိုက်ပြီး လက်ကမ်း၍ ဆီးကြိုလိုက်သည် ။

"ဟက်ဘီးဘက်ဒေးပါ မီးမီးလေးရေ ။ ဒီမှာ မီးမီးလေးအတွက် လက်ဆောင် "

မိုးသောက်ယံ လက်တစ်ဖက်က ကိုင်ထားသော ဘာဘီအရုပ်မလေးကို လက်ထဲ ထည့်ပေးလိုက်သည် ။ မီးမီးလေးက သဘောကျစွာ တခစ်ခစ်ရယ်ပြီး ဆွဲယူ၍  ဖက်ထားသည် ။

မိုးသောက်ယံ သဘောကျစွာ ရယ်ပြီး မီးမီးလေး၏ ပါးကို မွှေးကြူလိုက်သည် ။

ဤချစ်စရာကလေးမလေးက လမင်း၏ သမီးလေးဖြစ်သည် ။ ကျောင်းပြီးပြီးချင်း လမင်းက သူ့ချစ်သူ ကိုနန္ဒနှင့် လက်ထပ်လိုက်သည် ။ ယခုဆို မီးမီးချစ်ဆိုသည့် မီးမီးလေးပင် သုံးနှစ်ပြည့်ပြီဖြစ်သည် ။

"ဟဲ့ ရှိုင်းရော "

လမင်း နှင့် ကိုနန္ဒက အနားသို့ ရောက်လာသည် ။ လမင်းက  ပြုံး၍ မေးသည် ။

"ရှိုင်းက လိုက်ခဲ့မယ်တဲ့ ။ အဲ့ဒါကောင်းပါတယ် ။ ငါ အချိန်ရတာပေါ့ "

"နင်ကတော့လေ ။ ငါ့ သမီးလေး မွေးနေ့ပွဲတောင် အလွတ်မပေးဘူး "

မိုးသောက်ယံက လမင်း၏ စကားကြောင့် သဘောကျစွာ ရယ်သည် ။ သည်နေ့က မီးမီးလေး၏ မွေးနေ့ပွဲ ။ လမင်းက သူတို့ သူငယ်ချင်းတွေနှင့်ပဲ  အကျဥ်းချုံး၍ ကျင်းပသည် ။ သည်နေ့ မီးမီးလေး၏ မွေးနေ့ပွဲမှာ ရှိုင်းကို သူ​ လက်ထပ်ခွင့် တာင်းမည်ဖြစ်သည် ။

"ဝေယံ  နဲ့ ကိုအဂ္ဂရော ။ ခုထိ မလာသေးဘူးလား "

မိုးသောက်ယံက မျက်မှောင်ကြုတ်၍ မေးသည် ။

"နင် ကလည်း စိတ်လောလိုက်တာဟယ် ။ လာမှာပေါ့ "

"​ စိတ်မလောလို့ မရဘူးလေ ။ သူတို့က လက်စွပ်ယူလာရမှာ ။  ဘာလို့ ဒီလောက်တောင် နောက်ကျနေရတာလဲ ။ ရှိုင်း မရောက်ခင် ကြိုရောက်မှ ဖြစ်မှာကို "

"ကဲ ကဲ စိတ်လျော့ ။ နင် ၊ မီးမီးလေးနဲ့ အတူ စားပွဲမှာ ထိုင်နှင့် ။ ငါ ဝေယံ့ကို ဖုန်းဆက်မေးလိုက်မယ် "

မိုးသောက်ယံ ခေါင်းညိတ်ပြီး မီးမီးလေးကို ချီ၍ လမင်းတို့ ပြင်ဆင်ထားသည့် ခြံထဲက စားပွဲဝိုင်းလေးမှာ ဝင်ထိုင်လိုက်သည် ။ မီးမီးလေးကို မုန့်ခွံ့ကျွေးရင်း သူလည်း စားသည် ။

ထိုစဉ်.....။

ငြိမ့်ညောင်းသာယာသောတီးလုံးသံလေးက ပျံ့လွင့်လာ၏ ။ ထိုစဥ် စားပွဲဝိုင်း၏ အရှေ့မှာ ထောင်ထားသော အဖြူရောင် ပိတ်သားပေါ်၌ ဓာတ်ပုံလေးတွေက ပေါ်လာ၏ ။ သူ နှင့် ရှိုင်း၏ အမှတ်တရ ရိုက်ကူးထားသည့် ဓာတ်ပုံများ ။

မိုးသောက်ယံ အံ့သြဆွံ့အပြီး ပါးစပ်အဟောင်းသားနှင့် ။ ထို့ကြောင့် သူ မီးမီးလေးကို ချပေးပြီး ရှိုင်းကို လိုက်ရှာမိသည် ။ ထိုစဥ် သူရှိရာသို့ လျှောက်လာသော ရှိုင်း ။ အနောက်တိုင်း ဝတ်စုံပြည့်နှင့် ခံ့ညား၍ ကြည့်ကောင်းလွန်းသော ရှိုင်း ။  လက်ကို နောက်ပစ်၍ ရှိုင်း၏ အမူအရာက တည်ငြိမ်အေးဆေးစွာဖြင့် သူရှိရာသို့ တစ်လှမ်းချင်း လျှောက်လာသည် ။

မိုးသောက်ယံ ကြောင်အ၍ ရပ်ကြည့်နေမိသည် ။ ထိုစဉ် အနားသို့ လမင်း နှင့် ကိုနန္ဒက ရောက်လာသည် ။ မီးမီးလေးက သူ့အမေဆီ ပြေးသွားသည် ။ လမင်းက ကောက်ချီ၍ အပြုံးနှင့် သူ့ကို ကြည့်နေသည် ။

ရှိုင်း၏ ခြေလှမ်းတွေက သူ့ အရှေ့၌ ရပ်သွားပြီး ရုတ်တရက်  ဒူးထောက်ထိုင်ချလိုက်သည် ။ မိုးသောက်ယံ မျက်လုံးပြူးသွားရပြန်၏ ။

ရှိုင်း၏ အနောက်သို့ ပို့ထားသော လက်တစ်ဖက်က မြောက်လာပြီး နှင်းဆီပန်းစည်းကြီးကို ကမ်းပေးလာ၏ ။

"နှင်းဆီနီ ၁၀၈ ပွင့် ရှိတယ် ။ ဘာအဓိပ္ပါယ်လဲ သိလား ယံယံ "

မိုးသောက်ယံ ခေါင်းခါလိုက်သည် ။

"မကုန်ဆုံးနိုင်တဲ့ အချစ်နဲ့ လက်ထပ်ခွင့်ပြုပါ တဲ့ ။ ကိုယ့်ကို လက်ထပ်နိုင်မလား ယံယံ "

မိုးသောက်ယံ အံ့သြသွားရပေမယ့် စက္ကန့်အနည်းငယ်သာ ၊ ချက်ချင်းပင် သူ့ အပြုံးတွေက ဖုံးမရဖိမရ ပေါ်လာ၏ ။ ခေါင်းကို ဆက်တိုက် ညိတ်မိသည် ။

"လက်ထပ်မှာပေါ့ "

သူ ပြောပြီး ပန်းစည်းကို ဆွဲယူပြီး နမ်းရှိုက်လိုက်သည် ။ ပန်း မကြိုက်သော်ငြား ချစ်ရသူက ပေးသည်မို့ အမြတ်တနိုး တန်ဖိုးထားမိသည် ။  ထိုစဉ် ရှိုင်း၏ နောက်လက်တစ်ဖက်မှ အဖုံးဖွင့်ထားသော ဗူးလေးတစ်ခု ကမ်းပေးလာ၏ ။

S&Y ဟု စားလုံးထွင်းထားသည့် ဆင်တူ   လက်စွပ်နှစ်ကွင်း ။

မိုးသောက်ယံ မျက်လုံးပြူးသွားသည် ။ သူက ရှိုင်းကို ဆင်တူ လက်စွပ်နှင့် လက်ထပ်ခွင့်တောင်းဖို့ ပြင်ဆင်ထားခဲ့သည်လေ ။ မလှမ်းမကမ်းမှာ ရပ်နေသော ကိုအဂ္ဂ နှင့် ဝေယံ့ကို တွေ့လိုက်ရသည် ။ ဝေယံ့၏ မျက်နှာက စပ်ဖြဲဖြဲ နှင့် ။

"ဝေယံ မင်း ငါ့ကို အရူးလုပ်တယ်ပေါ့လေ ။ နောက်ပြီး လမင်း ၊ နင်ရော ပါတယ်မဟုတ်လား "

ရှိုင်းကို လက်ထပ်ခွင့်တောင်းမည်ဟု သူ တိုင်ပင်စဉ်က ဝေယံ့ မျက်နှာပျက်သွားတာ အမှတ်တမဲ့ဆို​ပေမယ့် သတိထားလိုက်မိသည် ။ သူ လက်စွပ်သွားအပ်မည်ဆိုတာကို ဒီဇိုင်းသာ တောင်းပြီး ဝေယံက သူနှင့် ကိုအဂ္ဂ သွားအပ်ပြီး ယူလာပေးမည်ဟု အတင်းတောင်းဆိုသည် ။

"သစ္စာဖောက် "

မိုးသောက်ယံက စိတ်ပေါက်ပေါက်နှင့် နှုတ်ခမ်းဆူ၍ ပြောလိုက်သည် ။ ဝေယံက ရယ်ကျဲကျဲ နှင့် ။

မဟုတ်ရပါဘူးကွာ ။ မင်း မပြောခင်ထဲက ကိုရှိုင်းက အစီအစဉ်ဆွဲထားပြီးသားလေ ။  အဲဒါကြောင့်ပါ....ဟဲ.. ဟဲ

ဟုတ်တယ် ယံယံ ။ လက်ထပ်ခွင့်တောင်းရမယ့် သူက ကိုယ်ပါ ။ ဘာလို့လဲဆိုတော့ ကိုယ်က မင်းယောကျာ်းလေ

ရှိုင်း၏ စကားကြောင့် မိုးသောက်ယံ မျက်နှာနီသွားသည် ။

ဟဲ့ မိုးသောက် မြန်မြန်လက်ခံလိုက်လေဟယ် ။ ရှိုင်း ဒူးထောက်နေတာ တော်တော်ကြာပြီ

လမင်းက မနေနိုင်စွာ ဝင်ပြောတော့ အားလုံးရယ်မိကြသည် ။

မိုးသောက်ယံ လက်တစ်ဖက်ကို ရှေ့သို့  ဆန့်ထုတ်၍ ပြုံးလိုက်သည် ။

"ငါ....  လက်ခံတယ် "

ရှိုင်းက ကျေနပ်စွာ ပြုံးပြီး လက်စွပ်လေးကို မိုးသောက်ယံ၏ လက်၌ ဝတ်ပေးသည် ။ မိုးသောက်ယံလည်း ရှိုင်း၏ လက်၌ နောက်တစ်ကွင်းကို ယူ၍ ပြန်ဝတ်ပေးလိုက်သည် ။ ရှိုင်းကို ဆွဲထူပေးပြီး သူ ဖက်ထားလိုက်မိသည် ။

"ချစ်တယ် ရှိုင်း "

"ကိုယ်လည်း မင်းကို သိပ်ချစ်တယ် ယံယံ "

သူတို့နှစ်ယောက်တစ်ယောက်ကို တစ်ယောက် တင်းတင်းကျပ်ကျပ် ဖက်ထားမိသည် ။ ယခုမှစ၍ သူတို့နှစ်ယောက်လုံး ကျန်ရှိနေသည့် ဘဝတစ်လျှောက် အေးအေးချမ်းချမ်း ဖြတ်သန်းသွားဖို့ တူညီသော စိတ်ကူး ရှိနေကြသည်ကို ဖွင့်မပြောလည်း အလိုလို နားလည်နေကြပြီ ။

ထိုစဉ်....။

ဘုတ်!

သူတို့ အနား၌ တစ်စုံတစ်ခုကျသော အသံကြားလိုက်ရသည်  ။ မိုးသောက်ယံ လန့်ဖျပ်သွားရ၏ ။ သူ နှင့် ရှိုင်း လူချင်းခွာပြီး တစ်ယောက်မျက်နှာ တစ်ယောက် စိုက်ကြည့်မိ၏ ။

မိုးသောက်ယံ စိုးရိမ်ထိတ်လန့်စိတ်နှင့် အသံကြားသည့် နေရာသို့ ကြည့်မိသည် ။ ထိုအရာကို မြင်သော် နှစ်ယောက်သား ရယ်မိကြသည် ။ ထိုအရာက အပင်ပေါ်မှ ကြွေကျလာသော အမှည့်လွန်နေသည့် သရက်သီးတစ်လုံးဖြစ်၏ ။

သူတို့ ပြုံးရယ်၍ စားပွဲဝိုင်းမှာ အားလုံး နေရာယူကြပြီး စကားစ​မြည်ပြောကာ စားသောက်နေကြ၏ ။

ဝေယံ နှင့် ကိုအဂ္ဂကလည်း လူရှေ့မရှောင် အကဲပိုနေကြ၏ ။ တစ်ယောက်ကို တစ်ယောက် မုန့်ခွံ့ကျွေးလိုက် ၊ ကျီစယ်လိုက်နှင့် ။ အရင်က ဝေယံ့ဘက်ကသာ အကဲပို၏ ။ ယခုတော့ နှစ်ယောက်လုံးပင် ။ သည်အချစ်ငှက်နှစ်ကောင်က ပိုကို ပိုလွန်းသည် ။

လမင်း နှင့် ကိုနန္ဒတို့ကတော့ မီးမီးလေး၏ ချစ်စဖွယ်အမူအရာလေးကို ကြည့်နေကြပြီး ချစ်မဝဖြစ်နေကြ၏ ။

မိုးသောက်ယံသည် ဘေးမှာ ထိုင်နေသည့် ရှိုင်းကို စိုက်ကြည့်မိ၏ ။ ရှိုင်းကလည်း  သူ့ကို နူးညံ့စွာ ပြုံးပြီး စိုက်ကြည့်နေ၏ ။ သူ့လက်ဖဝါးတစ်ဖက်ကို  ဆုပ်ကိုင်လာ၏ ။

ရှိုင်း၏ မျက်ဝန်းမှတဆင့် နက်ရှိုင်းသော အချစ်တွေကို သူ ခံစားသိသည်။ သူ နှင့် ရှိုင်း ဘဝအဆက်ဆက် ပေါင်းဖက်နိုင်ဖို့ ဆန္ဒကိုယ်စီရှိနေခဲ့ကြလေပြီ ။ ယခုကစပြီး သူတို့နှစ်​ယောက် ထာဝရ ပေါင်းဖက်နိုင်ဖို့ မိုးသောက်ယံတစ်ယောက် စိတ်ထဲမှ ဆန္ဒပြုလျက် ။

^^^^^^^^ ပြီးပါပြီ ^^^^^^^

အစအဆုံး ဖတ်ပေးတဲ့သူ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်ရှင့် ။ အပိုင်းတိုင်း vote & comment ပေးတဲ့သူလေးတွေလည်း အရမ်းချစ်ပါတယ်လို့ ။

Thanks All ❤

Thin Zar Moe Oo

17.10.2020

Zawgyi

Season -  2

ခ်စ္မိသူ အရႈံး

ဇာတ္သိမ္းပိုင္း ။

ျပတင္းေပါက္မွ တိုးဝင္လာေသာ ေနေရာင္ျခည္စူးစူးေၾကာင့္ မိုးေသာက္ယံ နိုးလာခဲ့ရသည္ ။ သူ မ်က္လုံးဖြင့္လိုက္သည္ႏွင့္ ရွိုင္း၏ မ်က္ႏွာေခ်ာေခ်ာကို ဦးစြာ ေတြ႕လိုက္ရသည္ ။ မေန႕ညက အျဖစ္အပ်က္ေတြက မိုးေသာက္ယံ၏ အာ႐ုံထဲ အေႏွးျပကြက္လို တျဖည္းျဖည္း ပုံေပၚလာသည္ ။ သူ မ်က္ႏွာပူထူၿပီး ေစာင္ျဖင့္ ဖုံးလိုက္မိသည္ ။

"နိုးၿပီလား ယံယံ "

ရွိုင္း၏ အသံၾကားေတာ့ သူ မ်က္ႏွာကို အုပ္ထားရာမွ ေစာင္ကို ဖယ္ၿပီး ၾကည့္လိုက္သည္ ။ ရွိုင္း၏ ႏူးညံ့ေသာ အၾကည့္ေႏြးေႏြးက သူ႕ရင္ကို လွိုက္ခနဲ ခုန္သြားေစသည္ ။

"အင္း "

မိုးေသာက္ယံ ထထိုင္လိုက္ေတာ့ မ်က္ႏွာရႈံ႕မဲ့သြားသည္ ။ သူ႕ မ်က္ႏွာကို ၾကည့္ေနေသာ ရွိုင္းက ရိပ္မိသြားသည္ ။

"အဆင္ေျပရဲ႕လား ယံယံ ။ နာေနတာလား "

ရွိုင္းက ပ်ာပ်ာသလဲ ဟန္ျဖင့္ ေမးၿပီး ေငါက္ခနဲ ထထိုင္သည္ ။ မိုးေသာက္ယံ အရွက္သည္းစြာျဖင့္ ေခါင္းခါလိုက္သည္ ။

"ငါ....အဆင္ေျပတယ္ "

မိုးေသာက္ယံ အိပ္ရာက ထဖို႔ျပင္ေသာ္ ခႏၶာကိုယ္၌ အဝတ္အစားကင္းမဲ့ေနေၾကာင္း သတိရသြားသည္ ။ ရွိုင္း၏ အေရွ႕က ဘယ္လိုထသြားရမလဲ သူ စဥ္းစားရၾကပ္လာသည္ ။ ထိုစဥ္...

"ဘာေတြေတြးေနတာလဲ "

ရွိုင္းက ေျပာၿပီး သူ႕ကို အေနာက္မွ ေပြ႕ဖက္လာသည္ ။ မိုးေသာက္ယံ ေခါင္းခါလိုက္သည္ ။

"ကိုယ္ မင္းကို အရမ္းခ်စ္တယ္ ယံယံ "

ရွိုင္းက တုန္ရီလွိုက္ေမာသည့္ ေလသံျဖင့္ ဆို၍ သူ႕ ေမးေစ့ကို ဆြဲယူကာ ႏႈတ္ခမ္းပါးသို႔ နမ္းရွိုက္လာသည္ ။ မိုးေသာက္ယံ ရွက္႐ြံ႕ေနတာကို ေမ့ေလ်ာ့ၿပီး ရွိုင္း၏ အနမ္းေတြကို တုံ႕ျပန္ေနမိေတာ့သည္ ။

ဤသို႔ႏွင့္......။

**************

"မိုးေသာက္တို႔ကို ကြၽန္ေတာ္ မနက္ထဲက ေမွ်ာ္ေနတာ "

ကိုခန့္မင္းေနာင္ေျပာေတာ့ မိုးေသာက္ယံ မ်က္ႏွာနီသြားသည္ ။ ရွိုင္းက ဘာမွမျဖစ္ဟန္ႏွင့္ ၿပဳံး၍ ေျဖသည္ ။

"ကြၽန္ေတာ္တို႔ ကိစၥနည္းနည္းရွိလို႔ ပါ "

ကိုခန့္မင္းေနာင္က ေခါင္းညိတ္၍ မိုးေသာက္ယံကို စိုက္ၾကည့္သည္ ။

"မိုးေသာက္ ေနေကာင္းရဲ႕လား ။ မ်က္ႏွာက နီေနတယ္ "

"ကြၽန္ေတာ္ ေနေကာင္းပါတယ္ဗ် ။ ဒါနဲ႕ေလ မဒီ့ဝိညာဥ္ ဘယ္ေရာက္သြားၿပီလဲ  "

မိုးေသာက္ယံ စကားလမ္းေၾကာင္းလႊဲလိုက္ေသာ္လည္း တကယ္ သိခ်င္ေနခဲ့တာျဖစ္၏ ။

"မဒီ ဒဏ္ရာရသြားၿပီး တစ္ေနရာကို ထြက္ေျပးသြားတာ ။  ဒါေပမဲ့ မဒီက အၿငိဳးႀကီးလြန္းတယ္ ။ သူ႕ မိုးေသာက္ယံဆီကို ျပန္ေရာက္လာလိမ့္မယ္ "

ရွိုင္း ႏွင့္ မိုးေသာက္ယံ တို႔ မ်က္ႏွာပ်က္သြားၾကသည္ ။

"ဒါဆို ကြၽန္ေတာ္ ဘယ္လိုလုပ္သင့္လဲ ကိုခန့္ "

"စိတ္မပူပါနဲ႕ မိုးေသာက္ ။ ကြၽန္ေတာ္ ျပင္ဆင္ထားပါတယ္ "

ကိုခန့္မင္းေနာင္က တည္ၿငိမ္သည့္ ေလသံျဖင့္ ​ေျပာလာေတာ့ မိုးေသာက္ယံ စိတ္ေအးသြားရသည္ ။

"ကိုခန့္ကို ကြၽန္ေတာ္ ေက်းဇူးတင္ပါတယ္ ။ ကိုခန့္သာ မကူညီရင္ ကြၽန္ေတာ္ ခုလို ျပန္ေနနိုင္မွာမဟုတ္ဘူး "

"ရပါတယ္ဗ်ာ ။ မိုးေသာက္ကို ကြၽန္ေတာ္ ကူညီလိုက္နိုင္တာကိုပဲ ေက်နပ္လွပါၿပီ "

ကိုခန့္မင္းေနာင္ ႏွင့္ မိုးေသာက္ယံတို႔ အၾကည့္ခ်င္းဆုံ၍ ၿပဳံးေနမိၾကသည္ ။ ရွိုင္းကေတာ့ သူတို႔ႏွစ္ေယာက္ကို ၾကည့္ၿပီး မ်က္ႏွာတည္တင္းေန၏ ။ သူ မေက်နပ္ေသာ္လည္း ဆိတ္ဆိတ္ေနလိုက္သည္ ။

ကိုခန့္မင္းေနာင္၏ ေက်းဇူးေႂကြးရွိေနသည္ မဟုတ္ပါလား ။

***************

ရွိုင္း ႏွင့္ မိုးေသာက္ယံတို႔ ကန္တင္းသို႔ ေရာက္ေသာ္ ဆိုင္အတြင္း၌ လက္ျပ၍ လွမ္းေခၚေနေသာ ေဝယံ့ကို ေတြ႕လိုက္ရသည္ ။ သူတို႔ ထိုဝိုင္းသို႔ သြား၍ ဝင္ထိုင္လိုက္သည္ ။

ယခု မိုးေသာက္ယံႏွင့္ ရွိုင္းတို႔ တကၠသိုလ္ ျပန္စတက္ေနရၿပီျဖစ္သည္ ။ ေဝယံကေတာ့ တတိယႏွစ္ျဖစ္ၿပီး သူႏွင့္ ရွိုင္းကေတာ့ တစ္ႏွစ္နားခဲ့တာေၾကာင့္ ဒုတိယႏွစ္ ျပန္တက္ရေတာ့သည္ ။

"မင္းတို႔ရဲ႕ ဟန္းနီးမြန္းခရီးေလးမွာ ေပ်ာ္ခဲ့ရဲ႕လား "

ေဝယံက စပ္ၿဖဲၿဖဲ မ်က္ႏွာႏွင့္ မိုးေသာက္ယံကို ေမးသည္ ။ ေဝယံ့ကို သူ ျဖစ္ပ်က္ခဲ့တာေတြ မေျပာရေသးေပ ။ ထိုအရာေတြက ကိုယ္တိုင္ မႀကဳံဖူးလွ်င္ ယုံရခက္ေပမည္ ။ သူ ကိုယ္တိုင္ေတာင္ ျပန္ေတြးမိတိုင္း ေဝေဝဝါးဝါးႏွင့္ အိပ္မက္ ဆိုးတစ္ခုလိုပင္ ။

"ေပ်ာ္တာေပါ့ ။ တစ္သက္လုံးေတာင္ အမွတ္ရေနဦးမွာ "

မိုးေသာက္ယံ ၿပဳံး၍ ေျဖလိုက္သည္ ။ သူတို႔ စားေသာက္ရင္းႏွင့္ စကားစျမည္ေျပာၾကသည္ ။

ခဏအၾကာ၌ အတန္းတက္ရန္ ဆိုင္ထဲမွ ထြက္လာခဲ့ၾကသည္ ။

"ကိုယ္ Toilet ခဏ ဝင္လိုက္ဦးမယ္ ။ မင္းေရာ လိုက္ဦးမလား "

"ဟင့္အင္း ၊ ငါ မလိုက္ေတာ့ဘူး  "

ရွိုင္းက ေခါင္းညိတ္၍ သန့္စင္ခန္းကို သြားေတာ့ မိုးေသာက္ယံ အတန္းရွိရာသို႔ ေလွ်ာက္လာခဲ့သည္ ။ ထိုစဥ္ အေနာက္မွ ေျပးလာေသာ ေျခသံေၾကာင့္ သူ အလိုလို ေဘးသို႔ ကပ္၍ ေလွ်ာက္မိသည္ ။ သို႔ေသာ္...

ဘုန္း!

"အား "

ေနာက္ကေန အရွိန္ျဖင့္ တိုက္ခံလိုက္တာေၾကာင့္ မိုးေသာက္ယံ ၾကမ္းျပင္ေပၚသို႔ က်သြားရသည္ ။ သူ နာက်င္မႈေၾကာင့္ မ်က္ႏွာရႈံ႕မဲ့ၿပီး ေမာ့ၾကည့္မိသည္ ။ ဂ်စ္ကန္ကန္ အမူအရာ ႏွင့္ စူးရွရွ မ်က္ဝန္းတစ္စုံႏွင့္ တိုးသည္ ။

"ေဆာရီး "

ေအးစက္စက္မ်က္ႏွာႏွင့္ ဂ႐ုမစိုက္သည့္ ေလသံျဖင့္ ခပ္ျပတ္ျပတ္ ေျပာကာ လမ္းဆက္ေလွ်ာက္သြားသည့္ ထိုေကာင္ေလးေၾကာင့္ မိုးေသာက္ယံ၏ ရင္ထဲ ေဒါသက ေထာင္းခနဲ။  သို႔ေသာ္ သူ စိတ္ေလ်ာ့လိုက္သည္ ။ ထို႔ေနာက္ သူ႕ဘာသာ ကုန္းထကာ အတန္းသို႔ ေလွ်ာက္လာခဲ့ေတာ့သည္ ။

အခန္းထဲသို႔ေရာက္ေသာ္ ေနရာမွာ ဝင္ထိုင္ရင္း သူ႕ကို တစ္ေယာက္ေယာက္က စူးစိုက္ၾကည့္ေနသလို ခံစားလိုက္ရသည္ ။ ထို႔ေၾကာင့္ မ်က္လုံးေဝ့ၾကည့္လိုက္ေသာ္ အေနာက္တန္းက ခုံမွာ ထိုင္ေနေသာ ခုန ေကာင္ေလး ။ သူ႕ကို စူးစူးရဲရဲ စိုက္ၾကည့္ေနသည္ ။ မိုးေသာက္ယံ၏ စိတ္ထဲ တစ္မ်ိဳးတမည္ ျဖစ္သြားရသည္ ။

ယခုမွ စဆုံရသည့္ ထိုေကာင္ေလးက သူ႕ကို ဘာလို႔ ရန္သူတစ္ေယာက္လို စိုက္ၾကည့္ေနရတာလဲ ။

သူ႕ စိတ္ထဲ အေတြးမ်ားစြာႏွင့္ ။

*************

"ဟဲ့ ဟိုတစ္ေယာက္က ငါတို႔ကို စိုက္ၾကည့္ေနသလိုပဲ "

သည္ေန႕ ေက်ာင္းပိတ္ရက္မွာ ရွိုင္းက သူ႕အေမအိမ္သို႔ အလည္သြားသည္ ။ မိုးေသာက္ယံက လမင္းကို ေခၚ၍ ထြက္လာခဲ့တာျဖစ္သည္ ။ လမင္း ေရွာ့ပင္ထြက္တာကို သူ အေဖာ္လိုက္ေပးၿပီး ဗိုက္ဆာေတာ့ ဆိုင္တစ္ခုထဲဝင္၍ စားေသာက္ၾကသည္ ။ ထိုစဥ္ လမင္းက ေဘးတစ္ခုံေက်ာ္သို႔ လွမ္းၾကည့္၍ ေျပာသည္ ။

မိုးေသာက္ယံ အေနာက္ကို လွည့္ၾကည့္မိသည္ ။

"ဟင္....ဟိုေကာင္ေလးပဲ "

"ဘယ္ေကာင္ေလးလဲ ။ နင့္ အသိလား မိုးေသာက္ "

မိုးေသာက္ယံ မ်က္ေမွာင္ၾကဳတ္၍  ေခါင္းကို ခါယမ္းလိုက္သည္ ။

"သူက ငါတို႔ အတန္းထဲက ။ ဟိုတစ္ခါ ငါ့ကို ဝင္တိုက္သြားေသးတယ္ ။ သူ႕ ပုံစံၾကည့္ရတာ ငါ့ကို အျမင္မၾကည္တဲ့ပုံပဲ"

မိုးေသာက္ယံက ေတြးေတြးဆဆဟန္ျဖင့္ ေျပာေတာ့ လမင္းက ရယ္ေလသည္ ။

"နင္က ဘာအျပစ္လုပ္ထားလို႔လဲ မိုးေသာက္ရဲ႕ ။ ဂ႐ုစိုက္မေနပါနဲ႕ဟာ "

မိုးေသာက္ယံ ေခါင္းညိတ္၍ စားလက္စ မုန့္ကို ဆက္စားသည္ ။ သူ႕ အေတြးအာ႐ုံထဲမွာေတာ့ တစ္စုံတစ္ခုကို နက္နက္နဲနဲ စဥ္းစားေနမိသည္ ။

***********

ညေနေစာင္းမွ လမင္းႏွင့္ သူ ႏႈတ္ဆက္၍ အိမ္ျပန္ခဲ့ၾကသည္ ။ မိုးေသာက္ယံသည္ အိမ္ႏွင့္ သိပ္မေဝးလွတာေၾကာင့္ လူရွင္းသည့္ လမ္းေလးကပဲ ေအးေအးသက္သာ လမ္းေလွ်ာက္၍ ျပန္ခဲ့သည္ ။

ရွပ္...ရွပ္...ရွပ္

ေျခသံတစ္စုံက မိုးေသာက္ယံ၏ ေနာက္မွ ကပ္ပါလာခဲ့သည္ ။ မိုးေသာက္ယံ မဲ့ၿပဳံးၿပဳံး၍ လမ္းကို ခပ္သြက္သြက္ ေလွ်ာက္ၿပီး လမ္းၾကားေလးထဲသို႔ ခ်ိဳးဝင္လိုက္သည္ ။ သစ္ပင္တစ္ခု၏ အကြယ္၌ သူ ေစာင့္ေနလိုက္သည္ ။

ခဏအၾကာ အေျပးအလႊားေရာက္လာသည့္ လူတစ္ေယာက္ ။ ထင္သည့္တိုင္း ထိုေကာင္ေလးပင္ ။

မိုးေသာက္ယံ သစ္ပင္အကြယ္မွ ထြက္၍ ေမးလိုက္သည္ ။

"မင္း ဘာလို႔ ငါ့ေနာက္ကို လိုက္ေနရတာလဲ "

သူ ေမးေတာ့ ထိုေကာင္ေလးက ေျခာက္ကပ္ကပ္ ရယ္သည္ ။ ထို႔ေနာက္ စူးစူးရဲရဲ စိုက္ၾကည့္၍ ၾသရွရွ ေလသံျဖင့္ ဆိုသည္ ။

"ဘာေၾကာင့္လဲဆိုတာ မင္း သိမွာပါ မိုးေသာက္ယံ "

ထို႔ေနာက္ သူ႕ခါးၾကားထဲမွ တစ္စုံတစ္ခုကို ဆြဲထုတ္လိုက္သည္ ။ ထိုအရာကေတာ့ ေခါက္ဓားတစ္လက္ ျဖစ္၏ ။ ထိုေကာင္ေလးက ဓားကို ထုတ္ၿပီး သူ႕ကို ေသြးေအးစြာ စိုက္ၾကည့္ေနသည္ ။

"သိတာေပါ့ မဒီ ။ ငါ မင္းကို ေစာင့္ေနတာ "

"ေကာင္းတာေပါ့ "

မဒီက ဓားကို ျမႇောက္ကာ သူ႕ဆီ ေျပးလာသည္ ။ မိုးေသာက္ယံ လက္ထဲက ဆုပ္ကိုင္ထားေသာ ဆြဲႀကိဳးေလး ႏွင့္ အနီေရာင္ လက္ကိုင္ပုဝါျဖင့္ ပတ္ထားေသာ စာေျခာက္ေလးတစ္ခု ။

မဒီက ဓားျဖင့္ ထိုးလိုက္ေတာ့ မိုးေသာက္ယံ ကိုယ္ကို ေစာင္း၍ ေရွာင္ထြက္လိုက္ၿပီး ဓားကိုင္သည့္လက္ေကာက္ဝတ္ကို သူ႕လက္ျဖင့္ ရိုက္ခ်လိဳက္သည္ ။ ဓားက ေျမႀကီးေပၚသို႔ က်သြားသည္ ။ ထိုစဥ္ သူ လ်င္ျမန္စြာ ဆြဲႀကိဳးကို လွမ္း စြပ္လိုက္သည္ ။

"အား! "

ေအာ္သံနက္ႀကီးက တိတ္ဆိတ္ေနေသာ လမ္းေလးထဲ ​ေခ်ာက္ခ်ားစရာအတိ ။ စာေျခာက္႐ုပ္ေလးကို ဆုပ္ကိုင္ရင္း ကိုခန့္မင္းေနာင္ သင္ေပးခဲ့သည့္ အစီအရင္ေတြကို အသံတုန္တုန္ယင္ယင္ျဖင့္ ႐ြတ္ဆိုသည္ ။

ထိုအခါ မဒီ့ေအာ္သံက ေသြးပ်က္ဖြယ္ ထြက္ေပၚလာ၏ ။

"ငါ နင့္ကို သိပ္.မုန္း.တယ္ မိုးေသာက္ယံ "

မဒီက နာၾကည္းစြာ ေရ႐ြတ္ၿပီးေနာက္ ထိုေကာင္ေလး၏ ကိုယ္ထဲမွ ဝိညာဥ္ထြက္သြားၿပီး စာေျခာက္႐ုပ္ထဲသို႔ ဝင္သြားသည္ ။

သူ စာေျခာက္႐ုပ္ကို ​​ေျမႀကီးေပၚ ခ်ၿပီး လြယ္အိတ္ထဲမွ မီးျခစ္ကို ထုတ္လိုက္သည္ ။ စိတ္လႈပ္ရွားစိတ္ေၾကာင့္လား မသိ ၊ ရွာမေတြ႕ ။ မိုးေသာက္ယံ ေဇာေခြၽးျပန္ လာသည္ ။ လြယ္အိတ္ကို ပစၥည္းေတြအကုန္ ေမွာက္ခ်ၿပီး ရွာမွ မီးျခစ္ကို ေတြ႕၏ ။

မိုးေသာက္ယံ အသက္ကို ျပင္းျပင္းရႉရွိုက္၍ မီးျခစ္ကို မီးညွိလိုက္သည္ ။ ထို႔ေနာက္ စာေျခာက္႐ုပ္ေပၚသို႔ ပစ္ခ်လိဳက္၏ ။

မီးေတာက္ေတြၾကား တေျမ့ေျမ့ႏွင့္ ေလာင္ကြၽမ္းသြားေသာ စာေျခာက္႐ုပ္ေလးႏွင့္အတူ ေအာ္သံနက္ႀကီးက ထြက္လာသည္ ။ ခဏအၾကာ အနက္ေရာင္အရိပ္မည္းႀကီးက အမႈန္ေတြလို တစ္စစီျဖစ္သြားသည္ ။

ခုနသူ မီးရွို႔ခဲ့ေသာ စာေျခာက္႐ုပ္ေလးကေတာ့  ျပာအျဖစ္သာ က်န္ရွိေတာ့သည္ ။

မိုးေသာက္ယံ ယခုမွ စိတ္ထဲ ေပါ့ပါးသြားသည္ ။ ခုေတာ့ အေႏွာင့္အယွက္ ကင္းသြားခဲ့ၿပီ ။

ထိုအခါ ေမ့ေမ်ာေနေသာ ေကာင္ေလး၏ ေဘးမွာ ထိုင္ကာ ကိုခန့္မင္း​ေနာင္ သင္ေပးသည့္ အစီအရင္တခ်ိဳ႕ ႐ြတ္ဆိုသည္ ။ ခဏအၾကာ ထိုေကာင္ေလး၏ ကိုယ္ထဲသို႔ အလင္းတန္းတစ္ခု ဝင္သြားကာ ခဏအၾကာ လႈပ္လႈပ္ရွားရွား ျဖစ္လာသည္ ။ ထို႔​ေနာက္ ထထိုင္ၿပီး ေဘးပတ္ဝန္းက်င္ကို ၾကည့္ၿပီး ေၾကာင္အအျဖစ္ေနပုံရသည္ ။

ထို႔​ေနာက္ မိုးေသာက္ယံကို အံ့ၾသဟန္ျဖင့္ ၾကည့္၍ ေမးလာသည္ ။

"ကြၽန္ေတာ္ ဒီကို ဘယ္လိုေရာက္ေနတာလဲ "

"ငါ ဘယ္သိမလဲ ။ ငါ ဒီနားေရာက္ေတာ့ မင္း လမ္းေပၚမွာ လဲေနတာ ေတြ႕တာ "

ထိုေကာင္ေလးက မ်က္ေမွာင္ၾကဳတ္ၿပီး စဥ္းစားေနဟန္ႏွင့္ ။ သည္ေကာင္ေလးကေတာ့ သူ႕ ဝိညာဥ္ထြက္သြားခဲ့တာကို မမွတ္မိဘူးထင္၏ ။

"မင္း အိမ္ျပန္ေတာ့ေလ "

ထိုအခါမွ ေခါင္းညိတ္၍ ထြက္သြားသည္ ။

မိုးေသာက္ယံသည္  ေပါ့ပါးေသာ ေျခလွမ္းတို႔ျဖင့္ ေလွ်ာက္လာရင္း အရင္ကအေၾကာင္းေတြ ျပန္ေတြးေနမိ၏ ။

*************

"မိုးေသာက္ဆီကို မဒီ ျပန္ေရာက္လာလိမ့္မယ္ ။ အဲ့ဒီအခါ မိုးေသာက္ရဲ႕ အသက္ကို ရန္ျပဳဦးမွာပဲ ။ ကြၽန္ေတာ္ လိုအပ္တာမွန္သမွ် ျပင္ဆင္ေပးလိုက္ပါ့မယ္ ။ ေနာက္ၿပီး အစီအရင္အတြက္ မဒီ မေသခင္ အသုံးျပဳခဲ့တဲ့ အသုံးအေဆာင္တစ္ခုခု လိုအပ္တယ္ ။ ဒါမွ သူ႕ကို အၿပီးအပိုင္ ႏွင္ထုတ္နိုင္မွာ ။ ဒါေပမဲ့ မိုးေသာက္ တစ္ခု  သတိထားရမယ္ ။ အျပင္သြားလာတဲ့အခါ သတိထားပါ ။ သတိေမ့ေနတဲ့သူတို႔ ၊ လူေသအေလာင္းတို႔နဲ႕ ေဝးေဝးေနပါ ။ မဒီ့ဝိညာဥ္က အခ်ိန္မေ႐ြး ဝင္ပူးၿပီး အသက္အႏၲရယ္ ေပးနိုင္တယ္ ။ အိမ္မွာေတာ့ အေစာင့္အေရွာက္ရွိတဲ့အတြက္ ဒုကၡမေပးနိုင္ေပမယ့္ အျပင္ေရာက္တဲ့အခါ ပိုသတိထားပါ "

မိုးေသာက္ယံ ေခါင္းညိတ္လိုက္သည္ ။

ေနာက္ ရန္ကုန္ျပန္ေရာက္ၿပီး သူတို႔ တကၠသိုလ္ျပန္တက္ခ်ိန္၌ ထိုေကာင္ေလးႏွင့္ ဆုံခဲ့တာျဖစ္သည္ ။ သူႏွင့္ စေတြ႕တည္းက ရန္သူလို စိုက္ၾကည့္ေနေသာ ထိုေကာင္ေလး၏ အၾကည့္ေတြေၾကာင့္  မိုးေသာက္ယံ စိတ္ထဲ အေတြးပိုေစသည္ ။

ထို႔ေနာက္ သူ စာသင္ခန္းထဲ ေရာက္ေတာ့လည္း ထိုေကာင္ေလးက မၾကည္သလို စိုက္ၾကည့္ေနေသး၏ ။ ခဏအၾကာ ထိုေကာင္ေလး၏ သူငယ္ခ်င္းက ေရာက္လာၿပီး ေမးသံ ၾကားလိုက္ရသည္ ။

"မင္း ေက်ာင္းေရွ႕မွာ ဆိုင္ကယ္တိုက္ခံရၿပီး သတိလစ္သြားေသးတယ္ဆို ။ ငါ စိုးရိမ္လိုက္ရတာ ။ ခုၾကည့္ေတာ့လည္း မင္းက ဘာမွမျဖစ္ပါလား "

မိုးေသာက္ယံ၏ အေတြးတို႔က ပို၍ ေသခ်ာသြားသည္ ။ သို႔ေသာ္ မသိဟန္ေဆာင္ခဲ့၏ ။ အဲ့သည္ေနာက္ပိုင္း သူ သတိထားၾကည့္မိတိုင္း ထိုေကာင္ေလးက အေနာက္မွ ကပ္ပါလာတတ္၏ ။ ထို႔ေၾကာင့္ မည္သူ႕ကိုမွ်အသိမေပးဘဲ သူ မဒီ့ဝိညာဥ္ကို ဖ်က္ဆီးပစ္ရန္ ႀကိဳတင္ျပင္ဆင္ခဲ့၏ ။

ထို႔ေၾကာင့္ လမင္းႏွင့္ သည္ေန႕ ခ်ိန္းသည့္အခါတြင္ မဒီ အသုံးျပဳခဲ့ေသာ အသုံးအေဆာင္ကို ယူလာခိုင္းခဲ့သည္ ။ လမင္းက အနီေရာင္ လက္ကိုင္ပုဝါေလး ယူလာခဲ့၏ ။ ထိုလက္ကိုင္ပုဝါေလးကို စာေျခာက္႐ုပ္မွာ ပတ္ၿပီး ဆြဲႀကိဳးကိုပါ လက္ထဲမွာ အသင့္ကိုင္ထားခဲ့၏ ။

လမင္းကို ႏႈတ္ဆက္ၿပီး သူ  တမင္ လူရွင္းေသာ လမ္းကို ေ႐ြး၍ ေလွ်ာက္လာခဲ့ျခင္းျဖစ္သည္ ။
ယခုေတာ့ အရာအားလုံး အဆုံးသတ္သြားခဲ့ၿပီ ။

မဒီ ျပန္ၿပီး ေမြးဖြားလာခဲ့လွ်င္ အမုန္းတရား ၊ အၿငိဳးအေတး ေတြ ကင္းေသာ ဘဝမ်ိဳးပိုင္ဆိုင္နိုင္ပါေစဟု စိတ္ရင္းအမွန္ႏွင့္ သူ ဆုေတာင္းျပဳမိသည္ ။

**************

"မင္း ဘာလို႔ ေနာက္က်ေနရတာလဲ "

မိုးေသာက္ယံ အိမ္ထဲ ေျခခ်လိဳက္သည္ႏွင့္ ရွိုင္း၏ စိုးရိမ္တႀကီးေလသံက ထြက္လာသည္ ။

မိုးေသာက္ယံ ျပန္မ​ေျဖဘဲ ရွိုင္းကို စိုက္ၾကည့္ေနမိသည္ ။ ထို႔ေနာက္ တင္းတင္းက်ပ္က်ပ္ ဖက္လိုက္သည္ ။

ယခုခ်ိန္ကစၿပီး သူတို႔ႏွစ္ေယာက္ၾကား အေႏွာင့္အယွက္ႀကီးႀကီးမားမား ရွိမလာနိုင္ေတာ့ၿပီ ။

****************

" ေပငယ္ "

မိုးေသာက္ယံ ၿခံဝန္းက်ယ္ႀကီးထဲ ဝင္လာေတာ့ သုံးႏွစ္အ႐ြယ္ ကေလးမေလးက မပီကလာႏွင့္ ေအာ္ၿပီး ေျပးလာသည္ ။ မိုးေသာက္ယံ ထိုင္လိုက္ၿပီး လက္ကမ္း၍ ဆီးႀကိဳလိုက္သည္ ။

"ဟက္ဘီးဘက္ေဒးပါ မီးမီးေလးေရ ။ ဒီမွာ မီးမီးေလးအတြက္ လက္ေဆာင္ "

မိုးေသာက္ယံ လက္တစ္ဖက္က ကိုင္ထားေသာ ဘာဘီအ႐ုပ္မေလးကို လက္ထဲ ထည့္ေပးလိုက္သည္ ။ မီးမီးေလးက သေဘာက်စြာ တခစ္ခစ္ရယ္ၿပီး ဆြဲယူ၍  ဖက္ထားသည္ ။

မိုးေသာက္ယံ သေဘာက်စြာ ရယ္ၿပီး မီးမီးေလး၏ ပါးကို ေမႊးၾကဴလိုက္သည္ ။

ဤခ်စ္စရာကေလးမေလးက လမင္း၏ သမီးေလးျဖစ္သည္ ။ ေက်ာင္းၿပီးၿပီးခ်င္း လမင္းက သူ႕ခ်စ္သူ ကိုနႏၵႏွင့္ လက္ထပ္လိုက္သည္ ။ ယခုဆို မီးမီးခ်စ္ဆိုသည့္ မီးမီးေလးပင္ သုံးႏွစ္ျပည့္ၿပီျဖစ္သည္ ။

"ဟဲ့ ရွိုင္းေရာ "

လမင္း ႏွင့္ ကိုနႏၵက အနားသို႔ ေရာက္လာသည္ ။ လမင္းက  ၿပဳံး၍ ေမးသည္ ။

"ရွိုင္းက လိုက္ခဲ့မယ္တဲ့ ။ အဲ့ဒါေကာင္းပါတယ္ ။ ငါ အခ်ိန္ရတာေပါ့ "

"နင္ကေတာ့ေလ ။ ငါ့ သမီးေလး ေမြးေန႕ပြဲေတာင္ အလြတ္မေပးဘူး "

မိုးေသာက္ယံက လမင္း၏ စကားေၾကာင့္ သေဘာက်စြာ ရယ္သည္ ။ သည္ေန႕က မီးမီးေလး၏ ေမြးေန႕ပြဲ ။ လမင္းက သူတို႔ သူငယ္ခ်င္းေတြႏွင့္ပဲ  အက်ဥ္းခ်ဳံး၍ က်င္းပသည္ ။ သည္ေန႕ မီးမီးေလး၏ ေမြးေန႕ပြဲမွာ ရွိုင္းကို သူ​ လက္ထပ္ခြင့္ တာင္းမည္ျဖစ္သည္ ။

"ေဝယံ  နဲ႕ ကိုအဂၢေရာ ။ ခုထိ မလာေသးဘူးလား "

မိုးေသာက္ယံက မ်က္ေမွာင္ၾကဳတ္၍ ေမးသည္ ။

"နင္ ကလည္း စိတ္ေလာလိုက္တာဟယ္ ။ လာမွာေပါ့ "

"​ စိတ္မေလာလို႔ မရဘူးေလ ။ သူတို႔က လက္စြပ္ယူလာရမွာ ။  ဘာလို႔ ဒီေလာက္ေတာင္ ေနာက္က်ေနရတာလဲ ။ ရွိုင္း မေရာက္ခင္ ႀကိဳေရာက္မွ ျဖစ္မွာကို "

"ကဲ ကဲ စိတ္ေလ်ာ့ ။ နင္ ၊ မီးမီးေလးနဲ႕ အတူ စားပြဲမွာ ထိုင္ႏွင့္ ။ ငါ ေဝယံ့ကို ဖုန္းဆက္ေမးလိုက္မယ္ "

မိုးေသာက္ယံ ေခါင္းညိတ္ၿပီး မီးမီးေလးကို ခ်ီ၍ လမင္းတို႔ ျပင္ဆင္ထားသည့္ ၿခံထဲက စားပြဲဝိုင္းေလးမွာ ဝင္ထိုင္လိုက္သည္ ။ မီးမီးေလးကို မုန့္ခြံ႕ေကြၽးရင္း သူလည္း စားသည္ ။

ထိုစဥ္.....။

ၿငိမ့္ေညာင္းသာယာေသာတီးလုံးသံေလးက ပ်ံ့လြင့္လာ၏ ။ ထိုစဥ္ စားပြဲဝိုင္း၏ အေရွ႕မွာ ေထာင္ထားေသာ အျဖဴေရာင္ ပိတ္သားေပၚ၌ ဓာတ္ပုံေလးေတြက ေပၚလာ၏ ။ သူ ႏွင့္ ရွိုင္း၏ အမွတ္တရ ရိုက္ကူးထားသည့္ ဓာတ္ပုံမ်ား ။

မိုးေသာက္ယံ အံ့ၾသဆြံ႕အၿပီး ပါးစပ္အေဟာင္းသားႏွင့္ ။ ထို႔ေၾကာင့္ သူ မီးမီးေလးကို ခ်ေပးၿပီး ရွိုင္းကို လိုက္ရွာမိသည္ ။ ထိုစဥ္ သူရွိရာသို႔ ေလွ်ာက္လာေသာ ရွိုင္း ။ အေနာက္တိုင္း ဝတ္စုံျပည့္ႏွင့္ ခံ့ညား၍ ၾကည့္ေကာင္းလြန္းေသာ ရွိုင္း ။  လက္ကို ေနာက္ပစ္၍ ရွိုင္း၏ အမူအရာက တည္ၿငိမ္ေအးေဆးစြာျဖင့္ သူရွိရာသို႔ တစ္လွမ္းခ်င္း ေလွ်ာက္လာသည္ ။

မိုးေသာက္ယံ ေၾကာင္အ၍ ရပ္ၾကည့္ေနမိသည္ ။ ထိုစဥ္ အနားသို႔ လမင္း ႏွင့္ ကိုနႏၵက ေရာက္လာသည္ ။ မီးမီးေလးက သူ႕အေမဆီ ေျပးသြားသည္ ။ လမင္းက ေကာက္ခ်ီ၍ အၿပဳံးႏွင့္ သူ႕ကို ၾကည့္ေနသည္ ။

ရွိုင္း၏ ေျခလွမ္းေတြက သူ႕ အေရွ႕၌ ရပ္သြားၿပီး ႐ုတ္တရက္  ဒူးေထာက္ထိုင္ခ်လိဳက္သည္ ။ မိုးေသာက္ယံ မ်က္လုံးျပဴးသြားရျပန္၏ ။

ရွိုင္း၏ အေနာက္သို႔ ပို႔ထားေသာ လက္တစ္ဖက္က ေျမာက္လာၿပီး ႏွင္းဆီပန္းစည္းႀကီးကို ကမ္းေပးလာ၏ ။

"ႏွင္းဆီနီ ၁၀၈ ပြင့္ ရွိတယ္ ။ ဘာအဓိပၸါယ္လဲ သိလား ယံယံ "

မိုးေသာက္ယံ ေခါင္းခါလိုက္သည္ ။

"မကုန္ဆုံးနိုင္တဲ့ အခ်စ္နဲ႕ လက္ထပ္ခြင့္ျပဳပါ တဲ့ ။ ကိုယ့္ကို လက္ထပ္နိုင္မလား ယံယံ "

မိုးေသာက္ယံ အံ့ၾသသြားရေပမယ့္ စကၠန့္အနည္းငယ္သာ ၊ ခ်က္ခ်င္းပင္ သူ႕ အၿပဳံးေတြက ဖုံးမရဖိမရ ေပၚလာ၏ ။ ေခါင္းကို ဆက္တိုက္ ညိတ္မိသည္ ။

"လက္ထပ္မွာေပါ့ "

သူ ေျပာၿပီး ပန္းစည္းကို ဆြဲယူၿပီး နမ္းရွိုက္လိုက္သည္ ။ ပန္း မႀကိဳက္ေသာ္ျငား ခ်စ္ရသူက ေပးသည္မို႔ အျမတ္တနိုး တန္ဖိုးထားမိသည္ ။  ထိုစဥ္ ရွိုင္း၏ ေနာက္လက္တစ္ဖက္မွ အဖုံးဖြင့္ထားေသာ ဗူးေလးတစ္ခု ကမ္းေပးလာ၏ ။

S&Y ဟု စားလုံးထြင္းထားသည့္ ဆင္တူ   လက္စြပ္ႏွစ္ကြင္း ။

မိုးေသာက္ယံ မ်က္လုံးျပဴးသြားသည္ ။ သူက ရွိုင္းကို ဆင္တူ လက္စြပ္ႏွင့္ လက္ထပ္ခြင့္ေတာင္းဖို႔ ျပင္ဆင္ထားခဲ့သည္ေလ ။ မလွမ္းမကမ္းမွာ ရပ္ေနေသာ ကိုအဂၢ ႏွင့္ ေဝယံ့ကို ေတြ႕လိုက္ရသည္ ။ ေဝယံ့၏ မ်က္ႏွာက စပ္ၿဖဲၿဖဲ ႏွင့္ ။

"ေဝယံ မင္း ငါ့ကို အ႐ူးလုပ္တယ္ေပါ့ေလ ။ ေနာက္ၿပီး လမင္း ၊ နင္ေရာ ပါတယ္မဟုတ္လား "

ရွိုင္းကို လက္ထပ္ခြင့္ေတာင္းမည္ဟု သူ တိုင္ပင္စဥ္က ေဝယံ့ မ်က္ႏွာပ်က္သြားတာ အမွတ္တမဲ့ဆို​ေပမယ့္ သတိထားလိုက္မိသည္ ။ သူ လက္စြပ္သြားအပ္မည္ဆိုတာကို ဒီဇိုင္းသာ ေတာင္းၿပီး ေဝယံက သူႏွင့္ ကိုအဂၢ သြားအပ္ၿပီး ယူလာေပးမည္ဟု အတင္းေတာင္းဆိုသည္ ။

"သစၥာေဖာက္ "

မိုးေသာက္ယံက စိတ္ေပါက္ေပါက္ႏွင့္ ႏႈတ္ခမ္းဆူ၍ ေျပာလိုက္သည္ ။ ေဝယံက ရယ္က်ဲက်ဲ ႏွင့္ ။

မဟုတ္ရပါဘူးကြာ ။ မင္း မေျပာခင္ထဲက ကိုရွိုင္းက အစီအစဥ္ဆြဲထားၿပီးသားေလ ။  အဲဒါေၾကာင့္ပါ....ဟဲ.. ဟဲ

ဟုတ္တယ္ ယံယံ ။ လက္ထပ္ခြင့္ေတာင္းရမယ့္ သူက ကိုယ္ပါ ။ ဘာလို႔လဲဆိုေတာ့ ကိုယ္က မင္းေယာက်ာ္းေလ

ရွိုင္း၏ စကားေၾကာင့္ မိုးေသာက္ယံ မ်က္ႏွာနီသြားသည္ ။

ဟဲ့ မိုးေသာက္ ျမန္ျမန္လက္ခံလိုက္ေလဟယ္ ။ ရွိုင္း ဒူးေထာက္ေနတာ ေတာ္ေတာ္ၾကာၿပီ

လမင္းက မေနနိုင္စြာ ဝင္ေျပာေတာ့ အားလုံးရယ္မိၾကသည္ ။

မိုးေသာက္ယံ လက္တစ္ဖက္ကို ေရွ႕သို႔  ဆန့္ထုတ္၍ ၿပဳံးလိုက္သည္ ။

"ငါ....  လက္ခံတယ္ "

ရွိုင္းက ေက်နပ္စြာ ၿပဳံးၿပီး လက္စြပ္ေလးကို မိုးေသာက္ယံ၏ လက္၌ ဝတ္ေပးသည္ ။ မိုးေသာက္ယံလည္း ရွိုင္း၏ လက္၌ ေနာက္တစ္ကြင္းကို ယူ၍ ျပန္ဝတ္ေပးလိုက္သည္ ။ ရွိုင္းကို ဆြဲထူေပးၿပီး သူ ဖက္ထားလိုက္မိသည္ ။

"ခ်စ္တယ္ ရွိုင္း "

"ကိုယ္လည္း မင္းကို သိပ္ခ်စ္တယ္ ယံယံ "

သူတို႔ႏွစ္ေယာက္တစ္ေယာက္ကို တစ္ေယာက္ တင္းတင္းက်ပ္က်ပ္ ဖက္ထားမိသည္ ။ ယခုမွစ၍ သူတို႔ႏွစ္ေယာက္လုံး က်န္ရွိေနသည့္ ဘဝတစ္ေလွ်ာက္ ေအးေအးခ်မ္းခ်မ္း ျဖတ္သန္းသြားဖို႔ တူညီေသာ စိတ္ကူး ရွိေနၾကသည္ကို ဖြင့္မေျပာလည္း အလိုလို နားလည္ေနၾကၿပီ ။

ထိုစဥ္....။

ဘုတ္!

သူတို႔ အနား၌ တစ္စုံတစ္ခုက်ေသာ အသံၾကားလိုက္ရသည္  ။ မိုးေသာက္ယံ လန့္ဖ်ပ္သြားရ၏ ။ သူ ႏွင့္ ရွိုင္း လူခ်င္းခြာၿပီး တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ စိုက္ၾကည့္မိ၏ ။

မိုးေသာက္ယံ စိုးရိမ္ထိတ္လန့္စိတ္ႏွင့္ အသံၾကားသည့္ ေနရာသို႔ ၾကည့္မိသည္ ။ ထိုအရာကို ျမင္ေသာ္ ႏွစ္ေယာက္သား ရယ္မိၾကသည္ ။ ထိုအရာက အပင္ေပၚမွ ေႂကြက်လာေသာ အမွည့္လြန္ေနသည့္ သရက္သီးတစ္လုံးျဖစ္၏ ။

သူတို႔ ၿပဳံးရယ္၍ စားပြဲဝိုင္းမွာ အားလုံး ေနရာယူၾကၿပီး စကားစ​ျမည္ေျပာကာ စားေသာက္ေနၾက၏ ။

ေဝယံ ႏွင့္ ကိုအဂၢကလည္း လူေရွ႕မေရွာင္ အကဲပိုေနၾက၏ ။ တစ္ေယာက္ကို တစ္ေယာက္ မုန့္ခြံ႕ေကြၽးလိုက္ ၊ က်ီစယ္လိုက္ႏွင့္ ။ အရင္က ေဝယံ့ဘက္ကသာ အကဲပို၏ ။ ယခုေတာ့ ႏွစ္ေယာက္လုံးပင္ ။ သည္အခ်စ္ငွက္ႏွစ္ေကာင္က ပိုကို ပိုလြန္းသည္ ။

လမင္း ႏွင့္ ကိုနႏၵတို႔ကေတာ့ မီးမီးေလး၏ ခ်စ္စဖြယ္အမူအရာေလးကို ၾကည့္ေနၾကၿပီး ခ်စ္မဝျဖစ္ေနၾက၏ ။

မိုးေသာက္ယံသည္ ေဘးမွာ ထိုင္ေနသည့္ ရွိုင္းကို စိုက္ၾကည့္မိ၏ ။ ရွိုင္းကလည္း  သူ႕ကို ႏူးညံ့စြာ ၿပဳံးၿပီး စိုက္ၾကည့္ေန၏ ။ သူ႕လက္ဖဝါးတစ္ဖက္ကို  ဆုပ္ကိုင္လာ၏ ။

ရွိုင္း၏ မ်က္ဝန္းမွတဆင့္ နက္ရွိုင္းေသာ အခ်စ္ေတြကို သူ ခံစားသိသည္။ သူ ႏွင့္ ရွိုင္း ဘဝအဆက္ဆက္ ေပါင္းဖက္နိုင္ဖို႔ ဆႏၵကိုယ္စီရွိေနခဲ့ၾကေလၿပီ ။ ယခုကစၿပီး သူတို႔ႏွစ္​ေယာက္ ထာဝရ ေပါင္းဖက္နိုင္ဖို႔ မိုးေသာက္ယံတစ္ေယာက္ စိတ္ထဲမွ ဆႏၵျပဳလ်က္ ။

^^^^^^^^ ၿပီးပါၿပီ ^^^^^^^

အစအဆုံး ဖတ္ေပးတဲ့သူ တစ္ေယာက္ခ်င္းစီကို ေက်းဇူးတင္ပါတယ္ရွင့္ ။ အပိုင္းတိုင္း vote & comment ေပးတဲ့သူေလးေတြလည္း အရမ္းခ်စ္ပါတယ္လို႔ ။

Thanks All ❤

Thin Zar Moe Oo

17.10.2020

Continue Reading

You'll Also Like

231K 22.7K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
1.4M 59.4K 70
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
89.3K 3.9K 40
ဟုတ်ကဲ့ဗျ။ seme(လွန်းမင်းအိမ်) ချွဲပိုကြီးပါနော်။uke (ခါးသွေးလင်္ကာ)နဲ့မတွေ့ခင်ထိလူရိုးအေးကြီးပါ။မြင်မြင်ခြင်းချစ်သွားတဲ့ ပုံစံလေးပါဗျ။ side couple အ...
93.4K 4.9K 64
ဒီဘဝတော့ မင်းရဲ့ထံပါး ထာဝရဒူးထောက်အခစားပါရစေလား ရှင်လွန်းငယ်ရေ !! ဒီဘဝေတာ့ မင္းရဲ႕ထံပါး ထာဝရဒူးေထာက္အခစားပါရေစလား ႐ွင္လြန္းငယ္ေရ !! Steat Date - 24.5...